အပိုင်း ၇၁၈
Viewers 54k

အခန်း ၇၁၈

အားလုံး အဆင့်ချိုးဖျက်တက်ရောက်ခြင်း...


ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား၏ ထက်မြေ့လှသော ဓားချက်အောက်တွင် ထောင်တျဲခြေထောက်ကင်က တိခနဲ နှစ်ပိုင်းပြတ်သွားသည်။သူ့၏ ပါးစပ်တွင် ဆီများပေပွနေသည်ကို ဂရုမစိုက်တော့ပဲ သူ့လက်ထဲမှ ခြေထောက်ကင်က်ို ဆက်လက်၍ စားသောက်နေလိုက်သည်။


ချူချန်းရှန် ပြန်လည်၍ စိတ်တည်ငြိမ်သွားသည်။သူခြေထောက်ကင်တစ်ဝက်ကိုကြည့်၍ ပျော်ရမလား စိတ်ဆိုးရမလားမသိတော့ပေ။တကယ်တမ်းတွင် ဆိုးဆိုးဝါးဝါး ခံစားနေစရာမလိုပေ။သို့သော်လည်း တခြားသူများ၏ ခြေထောက်ကင်အပိုင်းကြီးကြီးနှင့် ယှဉ်လိုက်လျှင် သူ မမျှမတဆက်ဆံခံရသလို ခံစားမိလေသည်။


နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီးနောက် သူ့၏ စိတ်အခြေအနေ တည်ငြိမ်မှုကို ကောင်းစွာထိန်းသိမ်းနိုင်ပြီဆိုသော်လည်း သူ ဝမ်းနည်းပူဆွေးမှုခံစားရစွာဖြင့်ပင် ခြေထောက်ကင်တစ်ဝက်ကို ကောက်ယူလိုက်သည်။အပူငွေ့လေးများနှင့်အတူ ပို၍ သိပ်သည်းလှသော မွှေးရနံ့များက သူ့၏ မျက်နာကို ရိုက်ခတ်လာသည်။ခြေထောက်ကင်က်ို တစ်ဝက်ဝက်လိုက်ခြင်းက သူ့၏ အစစ်အမှန်အရသာကို ထိခိုက်သွားခြင်းမရှိပေ။


ထောင်တျဲအသားက တကယ်ကို အဖိုးထိုက်တန်သည့်ရတနာဟုပင် ဆိုနိုင်ပေသည်။နဂါးမြို့ဟောင်းကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင်ပင် ထောင်တျဲများများမရှိပေ။သန့်စင်သော သွေးမျိုးဆက်ရှိသည့် ထောင်တျဲ ဆိုသည်မှာ ရှေးကျလှသော အခ်ျိန်တည်းကပင် တည်ရှိနေခဲ့သည့် မကောင်းဆိုးဝါးသားရဲမျိုးဖြစ်သည်။


၎င်းတို့၏ အင်အားကို မှန်းဆကြည့်ရန်ပင် ခက်ခဲလွန်းလှသည်။သွေးမျိုးဆက်အနည်းငယ်သာပါသော အဖြူနှင့်အနက်ထောင်တျဲပင်လျှင် ကြောက်မက်ဖွယ်ကောင်းအောင် သန်မာနေလေသည်။ထိုသို့ဆိုလေရာ အစစ်အမှန်သွေးမျိုးဆက်သာ ထွက်ပေါ်လာပါက မည်သို့ ဖြစ်သွားမည်နည်း။ပြိုင်ပွဲတွင်အနိုင်ရသူက မည်သူဖြစ်လာမည်နည်း။


အစားကြူးတောင်ကြားတွင် သန့်စင်သွေးမျိုးဆက် ထောင်တျဲ၏ မှတ်တမ်းရေရေရာရာ မရှိပေ။၎င်း၏ တည်ရှိမှုက ဒဏ္ဍာရီတစ်ခုသဖွယ်သာ ရှိနေခြင်းဖြစ်သည်။


ချူချန်းရှန်သက်ပြင်းတစ်ချက်ချလိုက်သည်။အဖြူရောင်ထောင်တျဲကလည်း ကုန်းမြေတိုက်ကြီးတွင်ရှိနေသော တစ်ဦးတည်းသော ထောင်တျဲဖြစ်ပေသည်။သို့သော်လည်း ထိုကဲ့သို့ ရှားပါးလှသည့် ထောင်တျဲက ယခုသူရှေ့မှောက်မှ ခြေထောက်ကင်အဖြစ်သို့ ပြောင်းလဲသွားပေပြီ။


သူပျော်ရမည်လား စိတ်မကောင်းဖြစ်ရမည်လားပင် ဝေခွဲမရနိုင်တော့ပေ။သူအသားကို တစ်ကိုက်ကိုက်လိုက်သည်။သွားများနစ်ဝင်သွားသည်နှင့် အသား၏ ချိုမြသော အဆီရစ်လေးများ ထွက်ပေါ်လာပြီး ရွှေညိုရောင်သန်းနေသည့် အရေခွံ၏။ကျွတ်ရွမှုကို ခံစားလိုက်ရသည်။


သိပ်သည်းလှသည့် မွှေးရနံ့က အလုံးအရင်းတိုးဝင်လာပြီး သူ့၏ အာရုံကြောများကို လှုပ်ခါသွားစေသည်။ပါးစပ်အပြည့်ဝါးလိုက်သည်နှင့် ကျွပ်ရွလှသော ခံစားချက်က သူ့ခန္ဓာကိုယ်ရှိ အကြောပေါင်းတစ်ထောင်ဆိမ့်သွားသလို ခံစားလိုက်ရသည်။


"ဒီခံစားချက် ဒီအရသာ အံ့သြလောက်စရာမွှေးရနံ့ အရမ်းအရမ်းအရသာရှိတယ်...."


ချူချန်းရှန် ခပ်မြန်မြန်ဝါးလိုက်သည်။အသားကို ခပ်မြန်မြန်ဝါးလိုက်သည်ဆိုသော်လည်း စိတ်ပျက်ငြီးငွေ့ဖွယ်ရာမျိုးမဟုတ်ပေ။တစ်ကြိမ်တည်းမှာပင် အသား၏ မွှေးရနံ့များက ပို၍ ပြန့်ကားလာသည်။အရသာနှင့် မွှေးရနံ့များပေါင်းစည်းသွားမှုက စိတ်ကျေနပ်ဖွယ်ရာကောင်းလှသည်။


ပထမဦးဆုံးတစ်ချက်အနေဖြင့် အလွန်အမင်းအရသာရှိလွန်းလှသည်။ဒုတိယတစ်ချက်အနေဖြင့် နှိုင်းယှဉ်စရာမရှိအောင် မွှေးပျံ့လွန်းလှသည်။ထိုကဲ့သို့ ကောင်းမွန်လှသည့် သားရဲမျိုး နောက်ထပ်ပုံစံတူ မရှိန်ိုင်တော့ပေ။


စားကောင်းသောက်ဖွယ်များကို စားနေကြဖြစ်သော ချူချန်းရှန်ပင်လျှင် မထိန်းန်ိုင်ပဲ တုန်ယင်သွားမိသည်။အစားကြူးတောင်ကြား၏ အကြီးအကဲတစ်ယောက်အနေဖြင့် သူ့၏ ချက်ပြုတ်မှုအရည်အချင်းကလည်း သာမန်မဟုတ်ပေ။သူက အထူးအဆင့်တန်းရှိ စားဖိုမှုးတစ်ယောက်ပင်ဖြစ်သည်။


ထိုကဲ့သို့သော သူမျိုးပင်လျှင်ထောင်တျဲခြေထောက်ကင်နှင့် ရင်ဆိုင်လိုက်ရသည့်အခါ၌ နက်နက်ရှိုင်းရှိုင်းဆွဲဆောင်ခြင်းခံလိုက်ရသည်။ချူချန်းရှန်၏ မျက်ဝန်းများက ပို၍တောက်ပလာသည်။သူမရပ်မနားဝါး၍ အဆက်မပြတ်မျိုချနေမိသည်။


ရုတ်တရက် မမြင်န်ိုင်သော ဖ်ိအားတစ်ချို့၏ တိုက်ခိုက်မှုကြောင့်သူ့၏ အဝတ်အစများပင် ပြန့်လွင့်တက်လာသည်။


"ဟာ အရမ်းအရသာရှိတယ် ဒါက ငါစားဖူးသမျှထဲမှာ အကောင်းဆုံးပဲ ဟား ဟား ဟား..."


ချူချန်းရှန်၏ ပါးစပ်နှင့် မျက်လုံးများထဲမှ အလင်းများ ဖြာထွက်နေပြီး သူ့ကိုကြည့်ရသည်မှာ အရူးတစ်ယောက်နှင့်ပင်တူသည်။သူရယ်မောလိုက်သည့်အချိန်၌ ပါးစပ်မှ အဆီရည်များက အဘက်ဘက်သို့ လွင့်စင်နေသည်။


ဘန်း...


ချူချန်းရှန်၏ အပေါ်ပိုင်းအဝတ်အစားက ဖောင်းကားတက်လာကာ ပေါက်ကွဲသွားပြီး အပိုင်းပိုင်းအစစများအဖြစ် ကျဆင်းသွားလေသည်။ခဏအကြာ၌ ချူချန်းရှန် သူ့ကိုယ်သူ ပြန်ကြည့်မိလိုက်သည်။အဝတ်များက စုတ်ပြဲနေပြီး ကြွက်သားများကို အထင်းသားမြင်နေရသောကြောင့် သူအံ့အားသင့်သွား၏။


သူအဝတ်အစားတွေ ပေါက်ကွဲစုတ်ပျက်သွားတာ ဘယ်အခ်ျိန်ထဲကလဲ...


ချူချန်းရှန် ခံစားချက်အပြည့်ဖြင့် ခေါင်းခါယမ်းလိုက်မိသည်။ဒီစားဖိုမှူးက အရည်အချင်းရှိလွန်းလှသည်။အထူးအဆင့်တန်းရှိသည့် စားဖိုမှူးများသာလျှင် သူ့၏ အဝတ်အစားများပေါက်ကွဲထွက်သွားစေနိုင်သော ဟင်းလျာများကို ချက်ပြုတ်နိုင်သည်။ထိုအခ်ျိန်အတောအတွင်း၌ မည်သူတစ်ဦးတစ်ယောက်မှ စကားမဆိုကြပဲ ခြေထောက်ကင်က်ို အားရပါးရ စားခြင်း၌သာ နစ်မြောနေကြသည်။


သူတို့ပါးစပ်၌ ဆီများပေပွနေသည်အထိ စားသောက်နေကြသည်။လော့တန်ချင်းကမူ ဖြေးညင်းစွာ စားနေ၏။သူ့၏ ပုံစံက အလွန်တရာ ငြင်းသိုးစုတ်ပျက်နေသော်လည်း သူစားသောက်နေသည့်ပုံက သိမ်မွေ့လှသည်။မည်သို့ပင်ဆိုစ သူက ကျောက်စိမ်းမျက်နာ လော့တန်ချင်းပင်ဖြစ်သည်။ထို့ကြောင့် သိမ်မွေ့နူးညံ့ညင်သာမှုက သူ့၏ အရိုးထဲ ထွင်းထိုးထားသလို စွဲမြဲနေပေပြီ။


လော့တန်ချင်း ထောင်တျဲခြေထောက်ကင်ကို တစ်ကိုက်ကိုက်လိုက်ပြီးသည်နှင့် သူ့၏ မျက်ဝန်းများက တောက်ပလင်းလက်လာခဲ့သည်။မှန်ပေသည်ထောင်တျဲခြေထောက်ကင်က အရသာရှိလှသည်ဆိုသော်လည်း တကယ်တမ်းသူအာရုံစိုက်မိသည်က အရသာမဟုတ်ပဲ စိတ်ဝိညာဉ်စွမ်းအင်များကိုပင်ဖြစ်သည်။


သူ့၏ အစာအိမ်ထဲသို့ ထောင်တျဲအသားရောက်သွားသည်နှင့် စိတ်ဝိညာဉ် စွမ်းအင်များနှင့် အနှစ်သာရများ ပြည့်ဝလှသည်ကို ခံစားလိုက်မိသည်။ထိုစွမ်းအင်မျိုးက သူ့၏ ဒဏ်ရာများကို လျင်မြန်စွာ ကုစားလာလေသည်။


လော့တန်ချင်းသူ့၏ ဒဏ်ရာများမှ ယားယံမှုကို ခံစားလိုက်ရသည်။စိတ်ဝ်ိညာဉ်စွမ်းအင်များ၏ ကုစားမှုအောက်တွင်သူ့၏ ဒဏ်ရာများက သာမန်မျက်စိဖြင့် မြင်ရသောနှုန်းဖြင့် ပြန်လည်ကောင်းမွန်လာသည်။


အတွင်းဒဏ်ရာများပင်လျှင် တဖြေးဖြေးချင်းသက်သာလာပြီး သူ့၏ စိတ်ဝ်ိညာဉ်စွမ်းအားက တိုးတက်လာသည်။ဒါက ထောင်တျဲအသားရဲ့ သက်ရောက်မှုပဲ...လော့တန်ချင်း၏ မျက်ဝန်းများက ပိုမို၍ တောက်ပသွားသည်။ထိုအခိုက်အတန့်၌ သူ့၏ သိမ်မွေ့နူးညံ့ညင်သာမှုများက်ို ဂရုမစိုက်တော့ပေ။


အသားကင်ကို အားပါးတရ ကိုက်ချလိုက်ပြီး ပလုတ်ပလောင်းဝါးတော့သည်။ထိုအခိုက်အတန့်၌ နယ်သာရီက သူမ၏ ဝေစုကို စားကုန်သွားပေပြီ။အရင်ဆုံးစားသည့်သူဖြစ်သည့်အတွက် အရင်ဆုံးကုန်သွားခြင်းက အံ့သြစရာမဟုတ်ပေ။သူမ၏ ပါးစပ်မှ ဆီများက်ို လက်စဖြင့် ပွတ်သပ်လိုက်သည်။


သူမ၏ မျက်ဝန်းလှလှလေးများက စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေသည်။ထောင်တျဲအသားတွင်ပါဝင်နေသောများပြားသည့် စိတ်ဝ်ိညာဉ်စွမ်းအင်များက သက်တောင့်သက်သာဖြစ်စေပြီး စိတ်ကျေနပ်မှုကို ခံစားရစေသည်။


ထိုသက်တောင့်သက်သာရှိသည့်ခံစားမှုမ်ျိုးကို ကြိုက်နှစ်သက်လွန်းလှသောကြောင့် နောက်ထပ်ခြေထောက်ကင်တစ်ခု ထပ်လိုချင်လာမိသည်။သို့သော်လည်း ဝမ်းနည်းစရာကောင်းလှစွာပင် နောက်ထပ်အပိုမရှိတော့ပေ။သူမက တခြားသူများစားနေသည်ကို မနာလို အားကျနေသော မျက်ဝန်းများဖြင့် ကြည့်နေလိုက်သည်။


ခွေးဘုရင်က သူ့၏ အသားကင်၌သာ အာရုံစိုက်ထားလိုက်သည်။ခြေထောက်ကင်က်ို တစ်ခါကိုက်ဆွဲ၍ ဝါးလိုက်တိုင်း သူ့ခန္ဓာကိုယ်ရှိ အဆီပြင်များက လှုပ်ခါသွားသည်။ထိုအချိန်၌ သူ စူးရဲသည့် အကြည့်တစ်စုံတစ်ရာကို ခံစားလိုက်မိသည်။သူလှမ်းကြည့်လိုက်သည်နှင့် ခြေထောက်ကင်ကို စူးစိုက်နေသော နယ်သာရီကို တွေ့လိုက်ရ၏။


"ဒီကောင်မလေးကတော့ ငါရဲ့ ခြေထောက်ကင်ကို လာလုချင်ပြန်ပြီလား..."


ခွေးဘုရင် အစွယ်ဖြဲ၍ မာန်ဖီပြလိုက်ပြီး ခြေထောက်ကင်နားသို့ ကပ်မလာရန် သတ်ိပေးလိုက်သည်။


သို့သော်လည်း သူ့၏ သွားစွယ်များကြားထဲ၌ အသားမျှင်များကပ်နေသောကြောင့် ကြည့်ရသည်မှာ ရယ်စရာကောင်းနေလေ၏။နယ်သာရီက မျက်နာသေဖြင့်ပင် မျက်လုံးလှန်ပြလိုက်ပြီး ပုဖန်ဘက်သ်ို့ အကြည့်လှည့်လိုက်ည်။ပုဖန်ကလည်း သူမ၏ အကြည့်များကြောင့် အံ့အားသင့်သွားသည်။သူတို့တစ်ယောက်ကိုတစ်ယောက် မျက်နာသေဖြင့်ပင် စိုက်ကြည့်နေကြသည်။ပုဖန်က သူ့၏ အသားကင်ကို မြန်န်ိုင်သမျှမြန်မြန်စားလေသည်။


နယ်သာရီ နှာခေါင်းထဲမှ အငွေ့ထွက်အောင်ပင် နှာမှုတ်ပြလိုက်သည်။ပုဖန်ကြောင့် စိတ်အနှောက်အယှက်ဖြစ်မခံတော့ပဲ ရှောင်ယဘက်သ်ို့ လှည့်လိုက်သည်။ထ်ိုအခိုက်အတန့်၌ ရှောင်ယက သူမ၏ လက်ကလေးများကို ခါယမ်းလိုက်သည်။သူမက ခြေထောကက်ကင်တစ်ခုလုံး စားသောက်၍ ပြီးသွားလေပြီ။


"ကောင်းလိုက်တာ ဒီကလေးမလေးရဲ့ ခန္ဓာကိုယ်က သေးပေမယ့် အစာစားနှုန်းကတော့ ဧရာမပဲ..."


နယ်သာရီ၏ ခံစားချက်မဲ့လှသော အကြည့်အေးအေးများက မလှမ်းမကမ်းတွင်ရှိနေသောနန်ကုန်းဝူချယ်ဆီသို့ ကျရောက်သွားသည်။နန်ကုန်းဝူချယ်က နယ်သာရီ၏ အကြည့်ကို ခံစားမိလိုက်သည်နှင့် သူ့၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားသည်။သူပါးစပ်ကို ကျယ်ကျယ်ဟ၍ ကျန်ရှိနေသော ခြေထောက်ကင်တစ်ခုလုံးကို လျှာဖြင့်လိုက်လျက်လိုက်သည်။ထို့နောက် နယ်သာရီကို စပ်ဖြဲဖြဲဖြင့် လှမ်းရယ်ပြလိုက်သည်။


နယ်သာရီ၏ နှုတ်ခမ်းထောင့်စွန်းလေးများမဲ့ကျသွားသည်။ထ်ိုငတုံးကောင်ကို သေသည်အထိ ရိုက်မသတ်နိုင်သည်ကိုသာ မုန်းတီးနေမိတော့သည်။မည်သူဆီကမှ လုစား၍ မရနိုင်တော့သောကြောင့် ဒေါသများအပြည့်ဖြင့် ငရဲကမ္ဘာသင်္ဘောဆီသို့သာ ပြန်သွားလိုက်ရသည်။ခဏအကြာမှာပင် သူမတရေးအိပ်ပျော်သွားသည်။


စားသောက်ဆိုင်ထဲ၌ မွှေးရနံ့များလွင့်ပျယ်နေပြီးအစားစားသံ တကျွတ်ကျွတ်သာထွက်ပေါ်နေသည်။အချိန်ခဏကြာပြီးနောက် သူတို့အားလုံး ပြည့်အင့်သွားပေသည်။ထောင်တျဲခြေထောက်ကင်က သူတို့၏ အစာအိမ်ကို အပြည့်ဖြည့်လိုက်သောကြောင့် လေတစ်ချက်တက်လိုက်ကြသည်။


သူတ်ို့၏ ထိုင်ခုံနောက်ကျောက်ို မှီချလိုက်ရင်း ကျေနပ်နေသော အပြုံးကြီးကြီးဖြင့် ဗိုက်ကိုအသာအယာပွတ်သပ်နေကြသည်။ထူးကဲလှသောစားကောင်းသောက်ဖွယ်ကို စားပြီးနောက် စိတ်လှုပ်ရှားနေသော ယန်မိန်ကျီနှင့် အန်းရှန့်တို့နှစ်ဦးသားကလည်း ထိုင်ခုံ နောက်ကျောကိုမှီ၍ ထိုင်နေကြသည်။


သူတို့က လက်ရှိတွင် ပုဖန်၏ အလုပ်သင်များဖြစ်နေသောကြောင့် နောင်အနာဂတ်တွင် ထ်ိုမျှကောင်းမွန်သော အစားအသောက်မျိုးကို ချက်ပြုတ်လာနိုင်မလား...


သူတို့ နှစ်ယောက်လုံး ရှေ့ဖြစ်လာမယ့် အနာဂတ်ကို မျှော်လင့်နေပေပြီ။ဒီလိုစားကောင်းသောက်ဖွယ်များကိုသာ နေ့တိုင်းစားနေရလျှင် နေ့ ရက်တိုင်းက ပျော်ရွှင်မှု အတ်ိဖြစ်နေပေလိမ့်မည်။


ပုဖန်လည်းစိတ်ကျေနပ်မှုအပြည့်အဝ ခံစားရသည်။ထိုကဲ့သို့ အရသာကောင်းမွန်လှသော စားကောင်းသောက်ဖွယ်မ်ျိုးကို ရရှိစေရန်က ရှားပါးလှသည်။အရည်အသွေးမြင့်မားလှသောပါဝင်ပစ္စည်းများက တကယ်ကို ကောင်းမွန်အရသာရှိသော ဟင်းပွဲများကို ထုတ်လုပ်ပေးနိုင်ပေသည်။


"ငါတော့ ပိုပြီးထူးကဲတဲ့ ပါဝင်ပစ္စည်းတွေကို ရှာဖွေရတော့မယ်ထင်တယ်..."


 ပုဖန်တွေးလိုက်မိသည်။ရုတ်တရက် ဆိုင်အတွင်းမှလေပြင်းတစ်ချက်တိုက်ခတ်လာသည်။ခုံပေါ်တွင်ထ်ိုင်နေသော ချူချန်းရှန် အံ့အားသင့်သွားပြီး ချက်ချင်းမတ်တပ်ထရပ်လိုက်သည်။သူကြောင်အမှင်သက်စွာဖြင့် ပါးစပ်အဟောင်းသားပွင့်နေသည်။


ဝီ...


သူ့၏ ခေါင်းထက်၌ လေဝဲ လေးတစ်ခုပေါ်လာပြီး တဖြေးဖြေးမြန်သထက်မြန်လာကာ ကြီးသထက်ကြီးမားလာသည်။ဆိုင်၏ အပြင်ဘက်တွင်တစ်စုံတစ်ယောက်ရှိနေမည်ဆိုပါက ဆိုင်ပေါ်၌ မိုင်ဒါဇင်ခန့်မျှရှိသော လေဝဲတစ်ခု လည်ပတ်နေသည်ကို တွေ့ရပေလိမ့်မည်။


စွမ်းအင်များတဖြေးဖြေးစုစည်းလာပြီးနောက် စွမ်းအင်လေဝဲက ကြီးထွားလာသကဲ့သို့ ချူချန်းရှန်၏ ခန္ဓာကိုယ်မှလည်း အလင်းရောင်များတောက်ပလာသည်။အားလုံး အံ့သြသွားကြသည်။


"သူကအဆင့် ချိုးဖောက်တက်ရောက်တော့မှာလား..."


ထိုအခိုက်အတန့်၌ အားလုံး၏ အမူအရာက တောင့်တင်းနေလေသည်။နန်ကုန်းဝူချယ်ကလည်း သူ့၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်များပေါက်ကွဲထွက်ချင်နေသည်ကို ခံစားလ်ိုက်မိသည်။သူချက်ချင်းတင်ပျဉ်ခွေ ထ်ိုင်ချလိုက်သည်။သူ့၏ အဝတ်အစားများက လေတိုက်ခိုက်မှုမရှ်ိပါပဲ ဖောင်းကားလာသည်။


ယန်မိန်ကျီနှင့် အန်းရှန့်တို့ နှစ်ယောက်လည်း ထိုနည်းတူစွာတွေ့ကြုံလ်ိုက်ရသည်။သူတို့အားလုံး အဆင့်ချိုးဖောက်တက်ရောက်ခါနီး ဖြစ်နေပေပြီ။မကြာခင်မှာပင် လော့တန်ချင်းကလည်း စွမ်းအင်ကျင့်ကြံခြင်းအခြေအနေထဲသို့ ဝင်ရောက်သွားသည်။သူ့၏ ဒဏ်ရာများ သက်သာသွားရုံမျှမကပဲသူ့၏ စွမ်းအင်အဆင့်ကလည်း အနည်းငယ်တိုးတက်လာသည်။တခြားတစ်ဘက်တွင်မူ ရှောင်ယက မည်သည့်ထူးခြားမှုမှ မရှိပေ။


"ဒီကလေးမလေး ရှောင်ယရဲ့ ခန္ဓာကိုယ်က စွမ်းအင်တွေကို စုပ်ယူနိုင်တယ် ဒါကြောင့်မလို့ သူက ဘာမှမဖြစ်တာ ..."


ထိုမြင်ကွင်းကိုကြည့်နေသော ခွေးဘုရင်က ပြောလိုက်သည်။ထိုလူများ အဆင့်ချိုးဖောက်တက်ရောက်ခြင်းက သူ့၏ ခန့်မှန်းချက်ကို မကျော်လွန်ပေ။မည်သို့ပင်ဆ်ိုစေ ထောင်တျဲက ကြီးမြတ်သော တန်ခိုးရှင်အဆင့် ရှိနေပေသည်။၎င်း၏ အသားတွင်ပါဝင်လှသော မြောက်များလှသည့် စိတ်ဝိညာဉ်စွမ်းအင်အနှစ်သာရများက သူတို့အဆင့်ချိုးဖောက်တက်ရောက်နိုင်ရန်လုံလောက်နေပေပြီ။


ထို့အပြင် ထ်ိုအသားကို သေချာစွာထိန်းညှိချက်ပြုတ်ထားသောကြောင့် သူတို့၏ စွမ်းအင်ရေဝဲများပေါက်ကွဲထွက်သည့် ပြဿနာမျိုးလည်း ရှိလာလိမ့်မည်မဟုတ်ပေ။သူတို့၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်လှိုင်းများက မသိမသာဖြင့် အဆက်မပြတ် ပြောင်းလဲနေသည်။ယခုအချိန်က သူတို့၏ စွမ်းအင်အဆင့်ကို ကျင့်ကြံတိုးမြင့်ရမည့်အချိန်ပင်ဖြစ်သည်။


အချိန်တိုအတွင်းမှာပင် ထိုကလေးများက ရူးရူးမူးမူးစတင်ကျင့်ကြံကြလေသည်။မှန်ပေသည်။လူအိုကြီး၌လည်း ထပ်တူညီစွာဖြစ်ပေါ်နေသည်။သို့သော်လည်း သူ့၏ စွမ်းအင်အဆင့်ချိုးဖောက်တက်ရောက်ခြင်းက သာမန်ထက် ကျော်လွန်နေပေသည်။


မည်သို့ပင်ဆိုစေ ထိုလူအိုကြီး၏ စွမ်းအင်အခြေခံအဆင့်က မသေမျိုးဝိညာဉ် လှေကား ၇ဆင့်ရှိပြီး၈ဆင့်သို့ ရောက်ခါနီးနေပြီဖြစ်နေလေပြီ။ယခုထောင်တျဲအသားတွင်ပါဝင်သော စွမ်းအင်အနှစ်သာရများက သူ ပြီးပြည့်စုံအောင် အဆင့်ချိုးဖောက်တက်ရောက်နိုင်ရန်ကူညီပေးလိုက်သည်။သူ့၏ ခေါင်းထက်တွင် ရစ်ဝဲနေသောစွမ်းအင်လေဝဲထဲ၌ စိတ်ဝိညာဉ်လှေကားထစ်များတစ်ဆင့်ပြီးတစ်ဆင့် ပေါ်လာသည်။


၎င်းက သူ ကောင်းကင်ဘုံသို့ ကြွလှမ်းဆင်မြန်းတော့မည့်ပုံနှင့်ပင် တူနေသည်။