အပိုင်း ၇၁၉
Viewers 53k

အခန်း ၇၁၉

ကြီးမြတ်သောတန်ခိုးအဆင့်...


မြူကောင်းကင်မြို့တစ်မြို့လုံးကို လှိုင်းလုံးကြီးများ ဖုံးလွှမ်းထားသလို ထင်ရသည်။ကောင်းကင်ယံထက်တွင်ရှိနေသောကြီးမားလှသည့် စွမ်းအင်ရေဝဲကြီးက မြို့ကိုဖုံးကွယ်ထားလေသည်။များပြားလှသော စွမ်းအင်များက ရွှေ့လျားလာပြီးမြို့တစ်ခုလုံး အမှောင်ကျသွားသလိုမျိုးထင်ရသည်။


တိမ်များပင် ၎င်းတို့၏ မူလအရောင်ပျောက်ဆုံးသွားလေပြီ။လူများက မည်သည့်အကြောင်းအရာများဖြစ်ပျက်နေသည်ကို မသိဖြစ်နေကြသည်။ကြောက်စရာကောင်းလှသော စစ်ပွဲကြီးစတင်လာသလိုမ်ျိုးပင် အရာရာတိုင်းက ထူးဆန်းနေသည်။မြူကောင်းကင်မြို့တွင် နေထိုင်သူများက ကမ္ဘာအဆုံးသတ်နေ့ကို ရောက်လာပြီဟုပင်ထင်မိကြသည်။


သို့သော်လည်း တစ်ချို့သူများက ထိုသို့မထင်ပေ။၎င်းက ကျင့်ကြံသူအချို့ အဆင့်ချိုးဖောက်တက်ရောက်ခြင်းဖြစ်ပေလိမ့်မည်။တစ်ချို့လူများကလည်း စိတ်လှုပ်ရှားပျော်ရွှင်နေကြသည်။သူတို့၏ လက်နှစ်ဖက်ကိုဆန့်ကား၍ အရည်ပုံသဏ္ဍာန်ဖွဲ့တည်လု နီးပါးဖြစ်နေသော စိတ်ဝိညာဉ် စွမ်းအင်များကြားထဲတွင်သူတို့ကိုသူတို့ နစ်မြှုပ်ထားကြသည်။သူတို့က စိတ်ဝိညာဉ် စွမ်းအင်များကိုအရူးအမူးစုပ်ယူကြသည်။ပြည့်လျှံလာသော စွမ်းအင်များကို သန့်စင်လ်ိုက်သည်နှင့် လန်းဆန်းပြီး သက်တောင့်သက်သာဖြစ်မှုကို ခံစားရသည်။


တခြားသူများ၏ အဆင့်ချိုးဖောက်တက်ရောက်ခြင်းမှ သူတို့လည်း အကျိုးအမြတ်ရရှိပေသည်။၎င်းကို သူတစ်ပါး၏ အောင်မြင်မှု အသီးအပွင့်အားစုပ်ယူစားသုံးခြင်းဟုခေါ်ပေသည်။


ထိပ်တန်းပညာရှင် တစ်ယောက်အဆင့်ချိုးဖျက်တက်ရောက်သောအခါတွင် ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ် စွမ်းအင်များက သာမန်ထက် ပို၍ သိပ်သည်းလာလိမ့်မည်။ထိုသို့ဖြင့် တခြားသူများကိုလည်း ကောင်းမွန်သော အကျိုးသက်ရောက်မှုရရှိစေနိုင်သည်။


ထ်ိုကဲ့သို့ ကျင့်ကြံဆင့်ရှိသူအတွက် စုဝေးလာသော စွမ်းအင်များက သူတို့ဘာသာသူတို့ ကျင့်ကြံ၍ ရလာသော စွမ်းအင်များထက် ပိုမိုပေသည်။စားသောက်ဆိုင်ထဲတွင် ချူချန်းရှန်၏ ခန္ဓာကိုယ်တွင်း အလင်းတန်းများပြည့်နေသည်။သူ့၏ ခေါင်းအထက်၌လည်း အဖြူရောင်စိတ်ဝိညာဉ် လှေကားပေါ်နေ၏။


သူ့၏ စိတ်ဝိညာဉ် လှေကား ၇ဆင့်၌တစ်မ်ျိုးတစ်ဖုံထူးခြားသော လိုင်းကလေးများ ရွေ့လျားနေသည်။စိတ်ဝိညာဉ်လှေကားများက တစ်ဆင့်မြင့်တက်လာလေလေပ်ို၍ ထူးခြားဆန်းကြယ်လာလေလေဖြစ်သည်။


ထိုအဆင့်များက လှပလှသောအဖြူရောင်ကျောက်စိမ်းကဲ့သို့ တောက်ပလင်းလက်နေသည်။စွမ်းအင်များကလည်း ပြည့်လျှံထွက်နေ၏။ချူချန်းရှန် ပို၍ တည်ငြိမ်လေးနက်လာသည်။သူ့၏ ပါးစပ်မှ စွမ်းအင်တစ်ချို့ကို မှုတ်ထုတ်လိုက်သည်။သူ့၏ ခန္ဓာကိုယ်က ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စွမ်းအင်များကို လက်ခံရယူပြီး တဖြေးဖြေးကြီးထွားလာသည်။


သူ့၏ ခန္ဓာကိုယ်ကလည်း တောက်ပလင်းလက်လာသည်။၎င်းက သူ့၏ အရိုးအတွင်းမှာပင် အလင်းများထွက်ပေါ်လာသလိုမျိုး ဆန်းကြယ်လှသည်။ချူချန်းရှန်ကို ဝိုင်းရံ၍ နန်ကုန်းဝူချယ်နှင့် တခြားသူများက မျက်ဝန်းများမှိတ်ထိုင်နေကြသည်။သူတို့ကလည်းအဆင့်ချိုးဖျက်ကာနီးနေပေပြီ။


သူတို့၏ ပတ်ပတ်လည်တွင် စိတ်ဝိညာဉ်စွမ်းအင်များ တွန့်လိမ်နေပြီး စိတ်ဝိညာဉ် သံကြိုးများကလည်း လေထဲတွင် မျောလွင့်နေသည်။ထောင်တျဲ ခြေထောက်ကင်တစ်ခု စားလိုက်ခြင်းက သူတို့အားလုံးကိုတစ်ပြိုင်တည်း အဆင့်တက်ရောက်သွားစေနိုင်ခဲ့သည်။


ရှောင်ယက သူတို့အားလုံးကို အံ့အားသင့်စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေကြသည်။ပုဖန်ကလေးမလေးကို လှမ်းဆွဲလိုက်ပြီး ခေါင်းကို အသာအယာ ဖွဖွပွတ်ပေးလိုက်သည်။


"ပုဖန် ကောင်လေး မင်းငါ့ကို ထောင်တျဲ နံရိုးချိုချဉ်ကြော်ပေးရဦးမယ်နော် မင်းရဲ့ ကတ်ိကို မင်းမမေ့ပစ်လိုက်နဲ့....ငါ အခု တရေးအိပ်လိုက်ဦးမယ် မင်းချက်ပြီးပြီးဆိုရင် ဒီခွေးဘုရင်က်ို လာနှိုးလှည့်..."


ခွေးဘုရင်က အားပါးတရသန်းဝေလိုက်ပြီးနောက် သိမြင်မှု သစ်သီးပင်အောက်သို့ လျှောက်သွားကာ လှဲချလိုက်သည်။ခွေးဘုရင်အတွက်မူ ထောင်တျဲအသားထဲမှ စွမ်းအင်များက ဘာမှမရှိသည်ထက်စာရင် ကောင်းသည်ဟု ဆိုနိုင်ပေသည်။သို့သော်လည်း သူအဆင့်တက်ချင်သည်ဆ်ိုလျှင်မူ ၎င်းက လုံးဝ မဖြစ်နိုင်ပေ။

ပုဖန်နှုတ်ခမ်းများတွန့်ရှုံ့သွားသည်။


"ဒီခွေးငပျင်းကတော့ အရမ်းလွန်သွားပြီ အခုလေးတင်ပဲ ခြေထောက်ကင် စားပြီးတာကို နံရိုးချိုချဉ်ကြော်မေးနေသေးတယ်..."


ပုဖန် သက်ပြင်းတစ်ချက်ချလိုက်ပြီး စိတ်ညစ်ညူးစွာ ရေရွတ်လိုက်သည်။


"အရမ်းကို စွမ်းအားကြီးပြီး ချောမောခန့်ညားတဲ့ ခွေးဘုရင်ဆိုတာ ဘယ်မှာလဲ...ဒီကလေးတွေ အဆင့်ချိုးဖျက်တာက ဆူညံလွန်းတယ် အရမ်းကို ဆူညံလွန်းတယ်..."


ခွေးဘုရင်ဆီမှ ဆွဲဆောင်မှုရှိလှသောအသံ ထွက်ပေါ်လာသည်။ပြီးသည်နှင့် သူ့၏ အသိစိတ်များကို အိပ်စက်ခြင်းက အဝေးသ်ို့ ယူဆောင်သွားပေသည်။ပုဖန်၏ အဆင့်ချိုးဖျက်တက်ရောက်ခြင်းကလည်း တခြားသူများနှင့် မတူညီပေ။ထောင်တျဲခြေထောက်ကင်ကို စားပြီးနောက် သူ့၌ ဘာမှဖြစ်မလာပေ။ကလေးမလေးရှောင်ယသည်လည်း မည်သည့် သက်ရောက်မှုမှ မရှိပေ။


လော့တန်ချင်း၏ စွမ်းအင်များကလည်း တဖြေးဖြေးချင်းသိပ်သည်းလာပြီး သူ့၏ စွမ်းအားတိုးတက်မှုက မြန်ဆန်လာသည်။


ဘုန်း ဘုန်း...


ကောင်းကင်ထက်တွင် မြောက်များလှသောစိတ်ဝိညာဉ် စွမ်းအင်များ စုစည်းလာပြီးနောက် စိတ်စွမ်းအားများပါ မြင့်တက်လာသည်။ချူချန်းရှန်မျက်မှောင်ကြုတ်လိုက်သည်။သူ့၏ စ်ိတ်စွမ်းအင်က အနည်းငယ် တုန်ခါသွားပြီးနောက် လက်နှစ်ဖက်ဖြင့် လက်ဟန်စည်းတံဆိပ်တစ်ခုကို ပြုလုပ်လိုက်သည်။


ပုဖန်၏ မျက်ဝန်းများတောက်ပသွားသည်။ပထမဦးဆုံးအကြိမ်ဖြစ် မသေမျိုးဝိညာဉ်အဆင့် အဆင့်ချိုးဖောက်တက်ရောက်ခြင်းကို တွေ့ဖူးခြင်းဖြစ်သည်။စနစ်ကြောင့် ပုဖန်၏ အဆင့်ချိုးဖျက်တက်ရောက်မှုက အမြဲတမ်းတိတ်တဆိတ်ပင် ပြီးဆုံးသွားခြင်းဖြစ်သည်။


ယခုတော့ ခမ်းနားကြီးကျယ်လှသော အဆင့်ချိုးဖောက်တက်ရောက်ခြင်းကို တွေ့ကြုံရသောကြောင့် သူတကယ်ကို စိတ်ဝင်စားနေမိသည်။


ဝီ...


လေတိုးသံနှင့်အတူချူချန်းရှန်၏ ခန္ဓာကိုယ်က တုန်ခါလာသည်။ထို့နောက် သူ့၏ ခေါငါးထက်တွင်စုစည်းနေသော စွမ်းအင်များက လူသေးသေးလေးပုံစံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။၎င်းကလည်း ချူချန်းရှန်ပင်ဖြစ်သည်။သူ့၏ ဆံပင်ဖြူများနှင့် မုတ်ဆိတ်မွှေးများက ပြန့်ဝဲနေသည်။


ချူချန်းရှန်၏ မျက်ဝန်းများက စိတ်အားထက်သန်မှုများနှင့် အာရုံစူးစိုက်မှုများအပြည့်နှင့်ဖြစ်နေသည်။မသေမျိုးဝိညာဥိအဆင့် ခ်ျိုးဖောက်တက်ရောက်မှုက စိန်ခေါ်မှုကြီးတစ်ရပ်ပင်ဖြစ်သည်။


မသေမျိုးစိတ်ဝိညာဉ်အဆင့်တွင် စိတ်ဝိညာဉ် လှေကား ၉ဆင့်ရှိသည်။အဆင့်တစ်ဆင့် တက်လိုက်တိုင်း စိတ်ဝိညာဉ် စွမ်းအင်များက ပို၍ သန်မာလာမည်ဖြစ်သည်။ထို့နောက် ထိပ်ဆုံးအဆင့်သို့ ရောက်လျှင်၎င်း၏ ခြိမ်းခြောက်နိုင်စွမ်းက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးမားလာပေလိမ့်မည်။


လက်ရှိတွင် နဂါးမြို့ဟောင်းတိုက်ကြီး၌ စိတ်ဝိညာဉ်လှေကား ၇ဆင့်ကိုပင် ထိပ်ဆုံးအဆင့်ဟု တွေးနိုင်ပေသည်။၎င်းကို ကြီးမြတ်သော တန်ခိုးအတင့်ဟုလည်းသတ်မှတ်နိုင်ပေသည်။ထိုအဆင့်သို့ ရောက်လျှင် လေဟာနယ်ကို ဖွင့်၍ ဖြတ်သန်းသွားလာနိုင်ပေပြီ။


ထိုကဲ့သို့ တည်ရှိမှုမ်ျိုးက အလွန်ပင်စွမ်းအားကြီးလှသည်။မသေမျိုးခန္ဓာကိုယ်အဆင့်ကို အခြေခံအုတ်မြစ်ဟုဆိုလျှင် မသေမျိုးဝိညာဉ်အဆင့်က ထ်ိုအုတ်မြစ်အပေါ်တွင် တည်ဆောက်ထားသောအထပ်မြင့် အဆောက်အဦးတစ်ခုပင်ဖြစ်သည်။


လှေကား ၉ဆင့်အဆင့်ကရှည်လျားမြင့်မားသော အဆောက်အဦးကြီးဖြစ်သွားပေလိမ့်မည်။အဆောက်အဦးတစ်ခုလုံး ပြီးဆုံးသွားလျှင် ၎င်း၏အောက်တွင်ရှိနေသော သက်ရှိများကို ငုံ့မိုး၍ ကြည့်နိုင်ပေမည်။ထ်ို့ကြောင့်ပင် မသေမျိုးစိတ်ဝ်ိညာဉ်အဆင့်လှေကား ၈ဆင့် ၉ဆင့် ပညာရှင်များကို ကြီးမြတ်သောတန်ခိုးအဆင့်ဟု ခေါ်ဆ်ိုခြင်းလည်းဖြစ်သည်။


သန့်စင်နယ်မြေထဲတွင်ရှိသောကြီးမြတ်သောတန်ခ်ိုးအာဏာရှင်ဆိုသည်မှာသူတို့၏ နယ်ပယ်တစ်ခုလုံးကို ကာကွယ်နိုင်သောတည်ရှိမှုမျိုးဖြစ်သည်။ထို့ကြောင့်ပင် ဂိုဏ်းများထဲတွင် ၎င်းတို့ကို အဖွဲ့အစည်း၏မဏ္ဍိုင်အဖြစ် သတ်မှတ်သည်။


မသေမျိုးစိတ်ဝိညာဉ်နယ်ပယ်အထက်တွင်ရှိသည်က စိတ်ဝိညာဉ်သခင်နယ်ပယ်ဖြစ်သည်။ထိုအဆင့်ကို ရောက်ရန်အတွက် လှေကား ၉ဆင့်ကို တက်လှမ်းပြီး သူတို့၏ စိတ်ဝိညာဉ်ထဲတွင် နတ်ဘုရားမီးတောက် ဖွဲ့တည်နိုင်ရမည်။


ထို့နောက် အစစ်အမှန် စိတ်ဝိညာဉ် သခင်နယ်ပယ်သို့ ခြေချနိုင်ပေလိမ့်မည်။စိတ်ဝိညာဉ် သခင်နယ်ပယ်သို့ ဝင်ရောက်လိုက်သည်နှင့် သူတို့သည် ဂိုဏ်းခေါင်းဆောင်များနှင့် အဆင့်တူ ဖြစ်လာပေလိမ့်မည်။


သူတို့သည် ကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် အထွဋ်အထိပ်တည်ရှိမှုမျိုးဖြစ်လာပေလိမ့်မည်။အဖြူရောင်ထောင်တျဲကလည်း ကြီးမြတ်သော တန်ခ်ိုးအဆင့်သို့ ရောက်နေပြီဖြစ်သည်။မှန်ပေသည်။အချက်ကျကျပြောရလျှင် ထ်ိုအဆင့်နှင့်သူက မထိုက်တန်သေးပေ။အဘယ်ကြောင့်ဆိုသော် သူက စည်းခတ်ထားရာမှ လတ်တလော လွတ်မြောက်လာခြင်းဖြစ်လေရာ သူ့၏ စွမ်းအင်များ အပြည့်မဝမရသေးသောကြောင့် ဖြစ်သည်။


ထို့ကြောင့်ပင်လျှင် ခွေးဘုရင်၏ လက်ဖဝါးဖြင့် သေသည်အထိ ရိုက်ခံလိုက်ရခြင်းဖြစ်သည်။စားသောက်ဆ်ိုင်ထဲတွင်ရှိနေသော ခွေးနက်ကြီးက အစစ်အမှန် ကြီးမြတ်သောတန်ခိုးအဆင့်ဖြစ်မှန်းသံသယရှိစရာပင်မလိုတော့ပေ။


ချူချန်းရှန်၏ခေါင်းထက်မှ လူသေးသေးလေးက ခတ်ထန်သောမျက်နာထားကို ဆင်မြန်းထားသည်။သူက ကောင်းကင်ဖိအားကို ရင်ဆိုင်၍ ကျောက်စိမ်းလှေးဆီသို့ ဦးတည်လျှောက်လှမ်းသွားသည်။ဖိအားများက အဘက်ဘက်သို့ စတင်ပြန့်နှံ့လာသည်။


ဘုန်း...


သူပထမအဆင့်ကို ခြေလှမ်းလိုက်သည်။သူက ရပ်တန့်သွားခြင်းမရှိပဲနောက်ထပ်ဒုတိယအဆင့်ကို ခြေထပ်လှမ်းလိုက်သည်။တတိယအဆင့် စတုတ္ထအဆင့် ...လှေကားအဆင့်မြင့်လာပြီးသူ့စိတ်ဝိညာဉ်ပေါ်သို့ သက်ရောက်နေသောဖိအားများကလည်းပို၍ ကြီးထွားလာလေပင် ။


ထို့အတူသူ့၏ နတ်ဘုရားစိတ်ဝိညာဉ်ကလည်း ကြီးထွားလာသည်။ကြောက်မက်ဖွယ်ကောင်းလှသော ဖိအားများအောက်တွင် သူ့၏ ခြေလှမ်းများက နှေးကွေးလာ၏ ။


ပြင်းထန်လှသော အခြေအနေအောက်မှာပင် ခုနစ်ဆင့်မျှအထ်ိ တက်လှမ်းပြီးသွားလေပြီ ။အရှေ့တွင် စိတ်ဝိညာဉ် စွမ်းအင်များကမုန်တိုင်းတစ်ခုအလား ရူးမူးစွာ လှည့်ပတ်နေသည်။၎င်းက ကြမ်းကြုတ်ရက်စက်လှသောသားရဲကြီးတစ်ကောင် ပါးစပ်ကိုဖွင့်ဟ၍ အရာရာတိုင်းကိုဝါးမျိုတော့မည့်ပုံနှင့်ပင်တူနေသည်။


ချူချန်းရှန်က မရပ်တန့်လိုက်ပဲအရှေ့သို့ ဆက်လှမ်း၍ လေဟာနယ်ထဲ ခြေချလိုက်သည်။စွမ်းအင်များရွေ့လျားသွားသည်။မြောက်များလှစွာသောစိတ်ဝိညာဉ် စွမ်းအင်လှိုင်းများက အတူတကွ စုစည်းလာပြီး သူ့၏ ခြေဖဝါးအောက်တွက် အစိုင်အခဲအဖြစ်ဖြစ်တည်လာသည်။


သိပ်သည်းလှသော စိတ်ဝိညာဉ် စွမ်းအင်များလည်း ထွက်ပေါ်လာသည်။သူ့ခန္ဓာကိုယ်ထဲရှိ အစစ်အမှန်စွမ်းအင်များ ဆူပွက်နေသည်ကို ခံစားလိုက်မိ၏။သူ့ခန္ဓာကိုယ်မှ ထုတ်လွင့်နေသောအလင်းရောင်များကလည်းပို၍ပင် စူးရှတောက်ပြောင်လာသည်။


ဘုန်း ဘုန်း...ဘန်း ဘန်း...


မြူကောင်းကင်ထက်မှ ရေဝဲက လျှပ်စီးမိုးကြိုးတန်းများပစ်သလိုမျိုး ဆူညံ ပွက်လောရိုက်နေသည်။ချူချန်းရှန်၏ ခြေထောက်အောက်မှ အဖြူရောင်စွမ်းအင်များကအကောင်အထည်ဖော်လာပြီးနောက် အဆင့်၈ လှေကားထစ်ဖြစ်ပေါ်လာလေပြီ။


သန့်စင်လှသောအဖြူရောင်စွမ်းအင်များကလည်း မည်သည့်အရာနှင့်မှ နှိုင်းယှဉ်၍ မရနိုင်အောင်ပင် လင်းလက်တောက်ပနေသည်။နောက်ဆုံး၌သူ အဆင့် ၈ကို အောင်မြင်စွာ အဆင့်ချိုးဖျက်တက်ရောက်နိုင်သွားလေပြီ။


၈ဆင့်၏ အထက်တွင်တော့ ပိတ်ဆို့ထားသော အတားအဆီးတစ်ခုရှိနေလေသည်။ချူချန်းရှန်အသေးစားလေးက လှေကားထစ်တွင် ခဏမျှရပ်ကြည့်နေပြီးနောက် အလင်းစက်များအဖြစ်သို့ ပြောင်းလဲသွားကာပြန်လည် ပျောက်ကွယ်သွားလေသည်။သူ လှေကား၉ဆင့်မြောက်ကိုမတက်ရောက်နိုင်သေးပေ။သူ့၏ စွမ်းအင်အခြေခံက မလုံလောက်သေးပေ။


ရှေးဦးစိတ်ဝိညာဉ်သားရဲများက မြင့်မားသောနယ်ပယ်များသို့ တက်လှမ်းနိုင်ရန်အတွက် သူတို့၏ သွေးမျိုးစက်ပေါ်တွင် အခြေတည်လေသည်။သို့သော် လူသားများအတွက်မူ ကွာခြားလှသည်။သူတို့၏ ကြံ့ခိုင်လှသော အမွေအနှစ်ပါရမီများ အံ့အားသင့်စရာစိတ်စွမ်းအားများကိုအသုံးပြု၍ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စွမ်းအားများကို ဖောက်ထွက်ရခြင်းဖြစ်သည်။


ထို့အပြင် အခွင့်အရေးကောင်းများလည်းလိုအပ်ပေသည်။ချူချန်းရှန်ကလည်း သာမန်ထက်ထူးကဲသော ပါရမီရှင်တစ်ယောက်ဟုဆိုနိုင်ပေသည်။သို့သော်လည်း သူအဆင့် ၇ သို့ ရောက်သောအခါ၌ တဝဲလည်လည်ဖြင့် ကြန့်ကြာနေခဲ့သည်။အကယ်၍သူသာထောင်တျဲအသားကိုမစားမိခဲ့ပါက အဆင့် ၈ လှေကားထစ်ကိုမည်သို့ ပြုလုပ်ရမည်မှန်း သိဦးမည်မဟုတ်ပေ။


ယခုအခါ၌ အဆင့် ၈လှေကားမှနွေးထွေးပြီး သက်တောင့်သက်သာဖြစ်လှသော အလင်းများကို ထုတ်လွင့်နေသည်။လှေကား၈ဆင့်လုံးမှ အလင်းများဖြာတောက်နေပုံကလည်း ကြည့်မိလိုက်သူများအားလုံးကို သက်တောင့်သက်သာခံစားရစေသည်။ထို့နောက် ထိုအဆင့်၈ဆင့်မြောက်လှေကားမှအားကောင်းလှသော စိတ်စွမ်းအင်များက လေဟာနယ်ကို ဖြတ်၍ စီးဆင်းလာပြီးချူချန်းရှန်၏ မျက်ခုံးနှစ်ခုကြားထဲသို့ ဝင်ရောက်သွားသည်။


ခဏအတွင်းမှာပင် စွမ်းအင်များအားလုံးက စုပ်ယူခံလိုက်ရပြီး ပျောက်ကွယ်သွားလေသည်။ချူချန်းရှန်၏ မျက်ခွံများလှုပ်ခတ်သွားပြီးနောက်မျက်ဝန်းများ ဖွင့်လိုက်သည်။သူ့၏ စိတ်ဝိညာဉ်ထဲတွင် စွမ်းအင်များက အလွန်ပင် ကွဲပြားခြားနားနေသည်ကို ခံစားမိလ်ိုက်သည်။


သူစိတ်သက်သာရာရစွာဖြင့် လေငွေ့တစ်ချက်မှုတ်ထုတ်လိုက်သည်။ယခုအချိန်၌ ချူချန်းရှန်က ပို၍ ငယ်ရွယ်သွားသည်ဟု ထင်ရသည်။


သူ့၌ ဆံပင်ဖြူများနှင့် မုတ်ဆိတ်မွှေးဖြူများရှိနေသော်လည်း မျက်ဝန်းများ၏ တောက်ပမှုက လူငယ်များထက် အားနည်းလိမ့်မည်မဟုတ်ပေ။ချူချန်းရှန်က တကယ်ကို အစွမ်းထက်လှသည်။သူ စိတ်ဝိညာဉ်လှေကား၇ဆင့်၌ ရှိစဉ်ကပင် လှေကား၈ဆင့် ရှိသူများနှင့် ရင်ဆိုင်နိုင်သည်။


ဘုန်း ဘုန်း...


အားလုံး၏ အော်ရာများ ပြန့်နှံ့လာသည်။နန်ကုန်းဝူချယ်မျက်ဝန်းများဖွင့်လိုက်သည်။သူ စိတ်လှုပ်ရှားမှု အပြည့်ဖြစ်နေလေသည်။အဆင့်ချိုးဖျက်တက်ရောက်နိုင်သွားပေပြီ။ဒီနေ့တွင် မသေမျိုးခန္ဓာအဆင့် ၄သို့ တက်ရောက်ခဲ့ပြီး နောက်ထပ်တစ်ဆင့်တက်ရောက်ပြီးလျှင် မသေမျိုးခန္ဓာအထွဋ်အထိပ်အဆင့်သို့ရောက်ပေပြီ။ထိုဖြစ်စဉ်ကြောင့် သူအနည်းငယ်ရူးသွပ်သွားတော့မလိုပင်ခံစားမိသည်။


ယနေ့တွင် သူသည် မြူကောင်းကင်မြို့အတွင်းရှိ မိသားစုကြီးတစ်ခု၏ ဦးဆောင်သူအဖြစ် ခိုင်ခိုင်မာမာရပ်တည်နိုင်ခဲ့လေပြီ။သူ့၏ အရည်အချင်းနှင့်ဆိုလျှင်နန်ကုန်းမိသားစုက အလျင်အမြန်တိုးတက်လာပေလ်ိမ့်မည်။


"ကံမကောင်းစွာပဲ ဝမ်အာက ဒီမှာမရှိတဲ့အတွက် ဒီအခွင့်အရေးကို ဆုံးရှုံးသွားရပြီ ..."


နန်ကုန်းဝူချယ်စိတ်မကောင်းဖြစ်သွားသည်။သူ ဒီနေ့ နန်ကုန်းဝမ်ကိုလည်း ခေါ်လာသင့်ပေသည်။သူ့၏ ခြေထောက်ကိုသုံးပြီး စဉ်းစားလျှင်ပင် ပုဖန်က ထိုထောင်တျဲအသားက်ို ရောင်းမှာ မဟုတ်မှန်းသိပေသည်။ထို့ကြောင့် နန်ကုန်းဝမ်က ကောင်းမွန်လှသော အစားအသောက်ကိုစား၍ အဆင့် ချိုးဖောက်တက်ရောက်နိုင်ခြင်းမှ လွဲဖယ်သွားရလေပြီ။


"ဒါပေါ့ ..."


သူက အရည်ထူထူဖြင့် အရှက်မရှိ တောင်းဆိုနိုင်ပေသေးသည်။သို့သော်လည်း ပုဖန်၏ အကျင့်စရိုက်အရ သူ သဘောတူမတူကို နတ်ဆိုးများသာသိပေလိမ့်မည်။


"ဒါမှမဟုတ်ရင် ဝမ်အာကို ပိုင်ရှင်ပုနား ကပ်ခိုင်းလိုက်ရင်ကော ..."


နန်ကုန်းဝူချယ် ပုဖန်အား ယောက်ဖတော်မည့်အရေးကို ဆက်လက်တွေးတောနေလိုက်သည်။သို့သော်လည်း သူ့၏ အကြည့်များက ကျောက်ချရပ်နားထားသော ငရဲကမ္ဘာသင်္ဘောဆီသို့ အရောက်တွင် အတွေးများအားလုံး လွင့်ပျောက်သွားရသည်။


လော့တန်ချင်းလည်း အဆင့်ချိုးဖျက်တက်ရောက်နိုင်သွားခဲ့သည်။သူ့၏ ဒဏ်ရာများသက်သာပျောက်ကင်းသွားသည့်အပြင် မသေမျိုးခန္ဓာအဆင့် ၄ သို့လည်း တက်ရောက်ခဲ့နိုင်သောကြောင့် အလွန်ပင်အံ့အားသင့်နေခဲ့သည်။


ယန်မိန်ကျီနှင့် အန်းရှန့်တို့ကလည်း နန်ကုန်းဝူချယ်နည်းတူပင် အဆင့်ချိုးဖျက်နိုင်သွားလေပြီ။သူတို့နှစ်ယောက်၏ မျက်ဝန်းထဲတွင် ပျော်ရွှင်မှူများ ပြည့်နှက်နေလသည်။


ချူချန်းရှန်၏ ပါးစပ်ထဲတွင် စွမ်းအင်အနှစ်သာရများ ပြည့်နေသလိုပင် ခံစားရသည်။သူ မျက်လုံးဖွင့်လိုက်သည်နှင့် ပုဖန်ကို တွေ့လိုက်ရ၏။ရုတ်တရက်အဆင့်ချိုးဖျက်နိုင်သွားခြင်းကြောင့် ပုဖန်ကို အလွန်တရာကျေးဇူးတင်မိလေသည်။သို့သော်လည်း ယခုအားလုံးပြီးဆုံးသွားသည့်အချိန်၌ သူ့၏ မူရင်း ကိစ္စကို ပြန်လည်အာရုံစိုက်ရပေတော့မည်။


ချူချန်းရှန် မတ်တပ်ထရပ်လိုက်ပြီးနောက် ပုဖန်၏ ဘေးတွင်ရပ်နေသော ကလေးမလေးကို ကြည့်လိုက်သည်။ကလေးမလေးရှောင်ယကလည်း ခြေထောက်ကင်တစ်ခုလုံးကို ကုန်အောင် စားခဲ့သည်။သို့သော်လည်း သူမတွင် မည်သည့် ပြောင်းလဲမှုမှမရှိပေ။ထို့ကြောင့် ချူချန်းရှန် နှုတ်ခမ်းများပင် ရှုံ့မဲ့သွားမိသည်။


ဆရာသခင်က သူမ၏ သေးငယ်လှသော ခန္ဓာကိုယ်ထဲတွင် အနက်ရောင်ထောင်တျဲ၏ ဝိညာဉ်ကို ပိတ်ဆို့ထားခဲ့ခြင်းအား မအံ့သြတော့ပေ။ကလေးမလေးကလည်း ထိုဝိညာဉ်မှ အကျိုးကျေးဇူးများကို ရရှိခဲ့သည်။သူက ထောင်တျဲ၏ တိုက်ခိုက်မှုကိုပင် ခံနိုင်ရည်ရှိခဲ့ပြီး သူမ၏ ဝိညာဉ်က သန်မာစွာ ကြီးပြင်းလာခဲ့လေပြီ။


လူတိုင်းက မွန်းစတားပုဖန်လိုမျိုး ထောင်တျဲ၏ဝိညာဉ်ကို အလွယ်တကူ အနိုင်ရရန် မဖြစ်နိုင်ပေ။လူသားခန္ဓာကိုယ်နှင့် သားရဲတို့၏ ခန္ဓာကိုယ်ကြားခြားနားချက်က ကြီးမားလှသည်။


"မင်းရဲ့ ရက်ရောတဲ့ ဧည့်ခံမှုအတွက် ကျေးဇူးတင်ပါတယ် ပိုင်ရှင်ပု ဒါပေမယ့် ဒီတစ်ကြိမ်မှာ ငါလာရတဲ့ကိစ္စက ကလေးမလေးရှောင်ယကို အစားကြူးတောင်ကြားဆီ ပြန်ခေါ်သွားဖို့ပဲ ငါတို့ရဲ့ အစားကြူးတောင်ကြားက သူ့ကို လိုအပ်နေတယ်..."