အခန်း ၇၂၀
ယာယီမစ်ရှင်: အစားကြူးဘုတ်ပြားပေါ်မှ ထိပ်သီးစားဖိုမှူးများကိုစိန်ခေါ်မယ်...
ချူချန်းရှန် သူ့၏ သိုလှောင်အိတ်ထဲမှ ဝတ်ရုံတစ်စုံကို ထုတ်ယူလိုက်၍ ဝတ်လိုက်သည်။ထို့နောက် ခေါင်းမော့ကြည့်ကာ ပြောလိုက်၏။သူ့၏ အသံက အေးဆေးလှသော်လည်း စကားလုံးများကမူ လေးပင်လှသည်။ကြီးမြတ်သော တန်ခိုးအဆင့်သို့ ရောက်ပြီးနောက် ချူချန်းရှန်၏ အပြုအမူများက ပို၍ တည်ငြိမ်လေးနက်လာသည်။
အကြည့်တစ်ချက်ဖြင့်ပင် လူများအား ခြိမ်းခြောက်နိုင်သည့် တန်ခိုးစွမ်းအင်ကို ခံစားမိစေသည်။သူ အဆင့်တက်ရောက်န်ိုင်ခဲ့ခြင်းအတွက် ပုဖန်ကို အလွန်ကျေးဇူးတင်မိသည်ဆိုသော်လည်း ရှောင်ယကို ပြန်ခေါ်သွားချင်နေဆဲဖြစ်သည်။သို့မှသာ ရှောင်ယခန္ဓာကိုယ်ထဲမှ အမွေအနှစ်ကို ဖွင့်နိုင်မနိုင်အား သိရှိနိုင်မည်ဖြစ်သည်။
ရှောင်ယကို အစားကြူးတောင်ကြားထဲသို့ ပြန်ခေါ်သွားခြင်းအားဖြင့် အမွေအနှစ်ကို ဖွင့်လှစ်နိုင်ပြီး ရှောင်ယကလည်း အမွေခံတစ်ယောက်ဖြစ်လာနိုင်ပေလ်ိမ့်မည်။မည်သည့်အကြောင်းကိစ္စပင်ရှိပစေ ထိုအခွင့်အရေးအား သူ လက်လွတ်န်ိုင်လိမ့်မည်မဟုတ်ပေ။
ချူချန်းရှန်၏ စကားကို နားထောင်ပြီးနောက် ပုဖန် မျက်မှောင်ကြုတ်လိုက်သည်။ဘေးတွင်ရှိနေသော ရှောင်ယ၏ ခေါင်းလေးကို အသာအယာပွတ်သပ်လိုက်ပြီး ချူချန်းရှန်ကို သံသယအပြည့်ဖြင့် ကြည့်လိုက်သည်။
"သမီးမသွားချင်ဘူး သမီးက အကိုကြီးနဲ့ပဲ နေချင်တယ်..."
ချူချန်းရှန်၏ စကားကို ကြားလိုက်သည်နှင့် ရှောင်ယစိုးရိမ်ပူပန်သွားသည်။သူမပုဖန်၏ ပေါင်ကို ခပ်တင်းတင်းဖတ်၍ အော်တော့သည်။ချူချန်းရှန် အံ့အားသင့် ကြောင်အသွားသော်လည်း ပုဖန်ကမူ ခံစားချက်ကင်းမဲ့စွာ မျက်နာသေဖြင့် ရပ်နေတုန်းဖြစ်သည်။ နန်ကုန်းဝူချယ် ရှောင်ယအား ကူရာမဲ့စွာဖြင့် ကြည့်လိုက်ပြီး သူဝင်ပြောလိုက်သည်။
"အကြီးအကဲ ရှောင်ယက ဒီမှာနေချင်တယ်ဆိုမှတော့ သူမကို နေခွင့်ပဲပေးလိုက်လေ ရတယ်မဟုတ်လား သူက ကလေးတစ်ယောက်ပဲလေ အားလုံးခက်ခဲအောင်မလုပ်ပါနဲ့..."
"ပါးစပ်ပိတ်ထား ..."
ချူချန်းရှန်က နန်ကုန်းဝူချယ်ကို တစ်ချက်လှမ်းကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။သူတို့နားမလည်ကြပေ။ကလေးမလေး ရှောင်ယက အစားကြူးတောင်ကြားအတွက် မည်မျှအရေးကြီးသည်ကို သူတို နားလည်နိုင်လိမ့်မည်မဟုတ်ပေ။
သူတို့က ခမ်းနားထည်ဝါပြီး စည်းကားသိုက်မြိုက်နေသော အစားကြူးတောင်ကြားကိုသာ မြင်ကြသည်။သို့သော်လည်း တောင်ကြား၏ မဟာအကြီးအကဲ တစ်ယောက်အနေဖြင့် ချူချန်းရှန်က အရာရာအားလုံးကို ထွင်းဖောက်မြင်နိုင်ပေသည်။
တောင်ကြား၏ နောက်ကွယ်၌ ကြောက်မက်ဖွယ်ကောင်းလှပြီး ကြီးမားသော သားရဲကြီးများက တောင်ကြားတစ်ခုလုံးကို ဝါးမျိုချနိုင်မည့်အခွင့်အရေးကို စောင့်မျှော်နေပေသည်။
ထိုသားရဲကြီးများဆိုသည်ကလည်း တော်ဝင်ခုံရုံး၏သန့်စင်နယ်မြေများမှလွဲ၍ တခြားမဟုတ်ပေ။နွေဦးကောင်းကင်ဘုံ သန့်စင်နယ်မြေတစ်ခုတည်းမဟုတ် တခြားသန့်စင်နယ်မြေများကလည်း အစားကြူးတောင်ကြားအား ပူပူနွေးနွေးစွပ်ပြုတ်တစ်ခွက်ကဲ့သို့ ဝေမျှစားသောက်ချင်နေပေသည်။
သူတို့၏ ရည်ရွယ်ချက်က အစားကြူးတောင်ကြား၏ ရတနာများနှင့် အမွေအနှစ်များပင်ဖြစ်သည်။အစားကြူးတောင်ကြား ကြီးကျယ်ခမ်းနားခဲ့ချိန်တုန်းက အခြားသန့်စင်နယ်မြေများထက်ပို၍ အင်အားကြီးမားသည်။ယခု ကျဆင်းချိန်ရောက်နေသည်တောင်မှ အမွေအနှစ်များက ဆွဲဆောင်နိုင်စွမ်းရှိတုန်းပင်ဖြစ်သည်။
ချူချန်းရှန် အနေဖြင့် တောင်ကြား၏ အမွေအနှစ်များအား တော်ဝင်ခုံရုံး၏ သန့်စင်နယ်မြေများလက်ထဲ မည်သည့်နည်းနှင့်မှ အကျရောက်ခံမည်မဟုတ်ပေ။ကလေးမလေးက သူနှင့်အတူ ပြန်လိုက်ရပေမည်။
"လူအိုကြီး ကလေးမလေးက ဒီနေရာမှာ အစားကောင်းတွေစားပြီးတော့ အရသာရှိတာတွေကို သောက်သုံးနိုင်တယ် အဲ့ဒီတော့ သူမက ဘာကြောင့်များ ခင်ဗျားနဲ့ ပြန်လိုက်ရမှာတုန်း..."
နန်ကုန်းဝူချယ်က သူ့၏ မျက်နာကို ဖြတ်ရိုက်ခံရသလို ခံစားမိပြီး မကျေမနပ်ဖြစ်စွာ ပြောလိုက်သည်။ချူချန်းရှန်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။သူ နန်ကုန်းဝူချယ်ကို အကဲခတ်ကြည့်ရှုလိုက်ပြီး ဖိနှိပ်နိုင်စွမ်းသော အော်ရာများကို ထုတ်လွင့်လိုက်သည်။
သူ့ခန္ဓာကိုယ်ပေါ်သို့ လေးလံလှသော တောင်တစ်လုံးပိကျလာသလိုမျိုး နန်ကုန်းဝူချယ် ခံစားလိုက်ရသည်။
ခင် ခင်ဗျား...
"ဒီကလေးမလေးက တောင်ကြားထဲကို ပြန်သွားမယ်ဆိုရင် အရသာရှိတဲ့ ဟင်းလျာတွေကို မစားနိုင်တော့ဘူးလို့ မင်းဆိုလိုတာလား...ကောင်းပြီ ငါမင်းကို ပြောပြမယ် ဒီစားဖိုမှူးရဲ့ စွမ်းရည်က တကယ်ကို မဆိုးဘူး ဒါပေမယ့်လည်း ငါတ်ို့ တောင်ကြားထဲမှာဆိုရင် သူက အဆင့် ၅ နေရာကိုတောင် မရောက်နိုင်ဘူး...ငါတို့ တောင်ကြားရဲ့ ရွှေခေတ်တုန်းကဆိုရင် အပြင်ကလူတစ်ယောက်က အစားကြူးဘုတ်ပြားရဲ့ အယောက် ၅၀ ထဲမှာ ပါဝင်ဖို့ကို သူတို့ရဲ့ အရူးသွပ်ဆုံး အိပ်မက်ထဲမှာတောင် စိတ်ကူးမယဉ်နိုင်ဘူး..."
ချူချန်းရှန်၏ အသံက သူ့၏ တောင်ကြားအတွက် ဂုဏ်ယူဝင့်ကြွားမှုများနှင့် ပြည့်နေသည်။ပုဖန်၏ ထောင်တျဲ ခြေထောက်ကင်က သူ့ကို များစွာအထောက်အကူပြုခဲ့သည်မှာ အမှန်တရားဖြစ်သည်။သို့သော်လည်း ပုဖန်၏ စွမ်းရည်က အစားကြူးဘုတ်ပြား၏ ထိပ်ဆုံး စာရင်းသို့ ဝင်နိုင်သည်ဟု မပြောခဲ့ပေ။
တကယ်တမ်းတွင် ပုဖန်၏ အချက်အပြုတ်စွမ်းရည်က ပထမတန်းစား စားဖိုမှူးအဆင့်ရှိလေသည်။ချူချန်းရှန်၏ ထက်မြက်လှသော မျက်ဝန်းများကလည်း ထိုအချက်ကို မြင်နိုင်ပေသည်။
ထို့အပြင် အစားကြူးတောင်ကြားထဲတွင် ပုဖန်ထက် သန်မာသော ထိပ်တန်းအဆင့် စားဖိုမှူးအနည်းငယ်သာ ရှိနိုင်ပေသည်။ဒီတစ်ကြိမ် ပုဖန်၏ ဟင်းပွဲက အရည်အသွေးမြင့်မားလှသော ပါဝင်ပစ္စည်းကို အသုံးပြုခဲ့ခြင်းကြောင့် ဖြစ်နိုင်ပေသည်။အကယ်၍သူသာ ထောင်တျဲ ခြေထောက်ကို မသုံးခဲ့လျှင် သူ့၏ အဝတ်အစားများ ပေါက်ကွဲထွက်သွားဖို့ မဖြစ်နိုင်လောက်ပေ။
နန်ကုန်းဝူချယ် မျက်ခုံးများပင် မြောက်တက်သွားပြီး ပါးစပ်အဟောင်းသားဖြစ်သွားသည်။ကြည့်ကောင်းပုံရသည့် လူအိုကြီးက ထိုမျှအရှက်မရှိလိမ့်မည်ဟု မထင်ထားမိပေ။
"ဘော်ဒါပုရဲ့ အချက်အပြုတ်စွမ်းရည်က မလုံလောက်သေးဘူးလို့ ပြောရဲသေးတယ်ပေါ့လေ ..."
ဘော်ဒါပု၏ အချက်အပြုတ်စွမ်းရည်ကသာ အကောင်းဆုံးဟု သူနန်ကုန်းဝူချယ်က စိန်ခေါ်ရဲပေသည်။လူအိုကြီးက ပိုင်ရှင်ပုကျွေးသော အစားကိုစားပြီး အဆင့်တက်ခဲ့ပြီးသည်တောင်မှ မောက်မာရဲနေသေးသည်။တကယ်ကို အရှက်မဲ့လှသည်။
"ဟမ်း...ဒီသခင်လေးက ခင်ဗျားနဲ့ ပြောဖို့ စိတ်မပါတော့ဘူး ..."
နန်ကုန်းဝူချယ် နှာခေါင်းရှုံ့၍ မျက်နာလွှဲလိုက်သည်။ချူချန်းရှန် ဆိုင်တစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် သူ့၏ အကြည့်များ ကလေးမလေးဆီသို့သာ ပြန်ရောက်သွားသည်။
"ဖြစ်နိုင်တာကတော့ ကလေးမလေး နင်ရဲ့ ဖြစ်တည်မှုက ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းမသိသေးဘူးထင်တယ်...နင်ရဲ့ ခန္ဓာကိုယ်ထဲမှာ အနက်ရောင်ထောင်တျဲကို စည်းခတ်ထားခြင်းမရှိတော့ဘူးဆိုရင်တော့ အစားကြူးနတ်ဘုရားမြို့တော်ဆီ ခေါ်ဆောင်သွားခံရဦးမှာပဲ...နင်က အစားကြူးနတ်ဘုရားမြို့တော်အတွက် မွေးဖွားလာတာပဲ..."
ရှောင်ယ၏ မျက်ဝန်းဝိုင်းကြီးများက ချူချန်းရှန်ဆီသို့ လှမ်းကြည့်လာခဲ့သည်။သူမ နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး မျက်နာပြန်လွှဲလိုက်သည်။ပုဖန်၏ ပေါင်ကို တင်းတင်းကျပ်ကျက်ဖတ်ထားကာ လူအိုကြီးအားလုံးဝ လျစ်လျူရှူထားလေသည်။
ချူချန်းရှန် အနည်းငယ်ရှက်ရွံ့စွာဖြင့် ချောင်းခြောက်ဆိုးလိုက်သည်။ကလေးမလေးက သူ့ကို နည်းနည်းမှ မျက်နာသာမပေးပေ။သူနဲ့အတူ အစားကြုးတောင်ကြားက ပြန်ရတာက တကယ်ပဲ အဲ့ဒီလောက် ခက်ခဲလို့လား..
"နင်က စားသောက်ရတာကိုကြိုက်တယ်မဟုတ်ဘူးလား အစားကြူးတောင်ကြားထဲမှာ စားဖိုမှူးတွေ အများကြီးပဲရှိတယ်...သူတို့က နင့်အတွက် နေ့တိုင်းစားကောင်းသောက်ဖွယ်တွေကို ချက်ပေးလိမ့်မယ်...ဟင်းပွဲတွေကလည်း အရမ်းအရသာရှ်ိမယ်ဆိုတာ သေချာတယ် ဒီစားဖိုမှူးလေးချက်တဲ့ ဟင်းပွဲထက်..."
ချူချန်းရှန် ပြောလက်စ စကားရပ်သွားပြီး သက်ပြင်စတစ်ချက်ချကာ ပုဖန်ကို ကြည့်လိုက်သည်။ရှောင်ယအတွက် နောက်ဆုံးဆုံးဖြတ်ချက်ကို ပုဖန်ချမှတ်ပေးန်ိုင်မည်ဟု ထင်မိသည်။
သို့သော်လည်း သူ ခေါင်းမော့ကြည့်လ်ိုက်သည့်အချိန်၌ ပုဖန်က တွေဝေငေးမောနေသည်ကို တွေ့လိုက်ရသည်။တကယ်တမ်း ပုဖန် တွေဝေငေးမောနေခြင်းမှာ သူ့၏ ခေါင်းထဲ၌ စနစ်၏ အသံကို ကြားလိုက်ရသောကြောင့် ဖြစ်၏။
"အစားကြူးတောင်ကြားရဲ့ အကြီးအကဲ ချူချန်းရှန်က သင့်ရဲ့ အချက်အပြုတ်စွမ်းရည်ကို သံသယဝင်နေပြီး သင့်ကို အထင်သေးနေပါတယ် သင်က ဆန်းကြယ်သော ကမ္ဘာထဲတွင် အစားအစာ ကွင်းဆက်၏ ထိပ်ဆုံးမှာရပိတည်ပြီး အချက်အပြုတ်နတ်ဘုရားတစ်ယောက်ဖြစ်လာချင်သည်ဆိုလျှင် အနာဂတ်နတ်ဘုရားတစ်ပါးကို အထင်အမြင်သေးသည့်အတွက် မည်မျှကြီးမားသည့် တန်ဖိုးပေးဆပ်ရသည်ဆိုသည်အား သူ့ကို သေသေချာချာပြသလိုက်ပါ...ယာယီမစ်ရှင် အစားကြူးတောင်ကြားထဲသို့ သွား၍ အစားကြူးဘုတ်ပြားပေါ်ရှိ ထ်ိပ်ဆုံး စားဖိုမှူး ၁၀ယောက်ကို စိန်ခေါ်အနိုင်ယူပါ...အချက်အပြုတ်နတ်ဘုရားတစ်ယောက်အနေဖြင့် အရှက်ခွဲခံလို့ မရပါဘူး မစ်ရှင်ဆု အမှတ်အသားလေးမျိုး မီးထိန်းချုပ်မှု နည်းလမ်း..."
စနစ် ရုတ်တရက်သိပေးမှုကြောင့် ပုဖန် အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။သသလတ်တလောမှ အစားကြူးတောင်ကြားထဲက ပြန်လာခြင်းဖြစ်သည်။ဘာကြောင့် နောက်တစ်ကြိမ် ပြန်သွားခိုင်းရသနည်း။ဒီတစ်ကြိမ်၌ ထိပ်ဆုံးစားဖိုမှူး၁၀ယောက်ကိုလည်း စိန်ခေါ်ရဦးမည်။
" ဒါက အရမ်းရူးသွပ်မနေဘူးလား...အစားကြူးဘုတ်ပြားပေါ်က ထိပ်သီး စားဖ်ိုမှူး ၁၀ ယောက်ဆိုတာဝမ်ရမ်ရှန်နဲ့ အဆင့်တူတွေ မဟုတ်လား..."
ထို့အပြင်စားဖ်ိုမှူးစ်ိန်ခေါ်ပွဲ သူတို့ကို အနိုင်ယူပြီး ဓားများကိုလည်း သိမ်းယူရပေဦးမည်။ပုဖန် မျက်ခုံးပင့်လိုက်သည်။ဒီညွှန်ကြားချက်က အနည်းငယ်ရက်စက်ပြီး က်ျိုးကြောင်း မညီညွှတ်ဟု ခံစားမိလေသည်။
"ဒီလ်ိုမျိုး လွန်လွန်ကဲကဲလုပ်မှကို ရမှာလား...ဟေး စနစ် ...စားဖ်ိုမှူး စိန်ခေါ်ပွဲ..."
ရှုံးနိမ့်သွားသော သူသည် သူ့၏ ချက်ပြုတ်ခွင့်များအပြင် ပိုင်ဆ်ိုင်ထားသော မီးဖိုချောင်သုံးဓားကိုပင် ဆုံးရှုံးပေလိမ့်မည်။ဒါက စားဖိုမှူးတစ်ဦးအတွက် ကြီးမားလှသော ထိုးနှက်ချက်ပင်ဖြစ်သည်။
"ပိုင်ရှင် စိတ်မပူပါနဲ့ စနစ်က စည်းမျဉ်းစည်းကမ်းတွေကို ပြောင်းလဲခဲ့ပါတယ် သူတို့ ရှုံးနိမ့်သွားတယ်ဆိုရင်တောင် သူတို့ရဲ့ ချက်ပြုတ်ရေးစွမ်းရည်တွေကို ပစ်ပယ်လိုက်ရမှာမဟုတ်ပါဘူး...ဒါ့အပြင် ပိုင်ရှင်ကို ပြန်လည် စိန်ခေါ်ပြီး သူတို့ရဲ့ ဓားတွေကို ပြန်လည် ရယူပိုင်ခွင့်လည်းရှ်ိပါသေးတယ်..."
စနစ်က တည်ကြည်လေးနက်စွာဖြင့် ပြန်တုံ့ပြန်လိုက်သည်။ပုဖန် စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်သည်။ထိုသို့ဆိုလျှင် သိပ်မဆိုးပေ။သို့သော်လည်း စနစ်နောက်ထပ် ထပ်ပြောလိုက်သောစကားက ပုဖန်ကို အေးခဲသွားစေလေသည်။
"တကယ်လို့ ပိုင်ရှင်က စားဖိုမှူးစိန်ခေါ်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ သင့်ရဲ့ အချက်အပြုတ်စွမ်းရည်တွေနဲ့ ပိုင်ဆိုင်ထားသမျှ နတ်ဘုရားအဆင့် မီးဖိုချောင်သုံး ပစ္စည်းတွေအားလုံးကို ပြန်လည်သိမ်းယူသွားမှာပါ သင်ဘယ်တော့မှ စားဖိုမှူး တစ်ယောက်ဖြစ်လာတော့မှာမဟုတ်ပါဘူး..."
ပုဖန် ရေခဲပင်လယ်ထဲ ကျသွားသလ်ို ခံစားလိုက်ရသည်။အေးစက်မှုက သူ့နှလုံးသားကိူ လွှမ်းခြုံသွားလေသည်။
"ငါရှုံးမယ်ဆိုရင် အချက်အပြုတ်စွမ်းရည်တွေအပြင် နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်းတွေကိုလည်းယူသွားမယ် ပြီးတော့လည်း စားဖ်ိုမှူးဘယ်တော့မှ ဖြစ်မလာနိုင်တော့ဘူးဟုတ်လား...ဒါက ငါရဲ့ အရှုံးအတွက် ပေးဆပ်ရတဲ့ တန်ဖိုးနဲ့ အပြစ်ဒဏ်လား..."
ပုဖန် မျက်ဝန်းများ မှေးစင်းလိုက်သည်။ခဏအကြာမှ သူ သက်ပြင်းတစ်ချက်ရှိုက်ထုတ်လိုက်၏။သူ့၏ တစ်ကိုယ်လုံး ချွေးများစိုနစ်နေပေသည်။ထိူအဓိပ္ပါယ်အရ စနစ်က ဆန်းငြယ်သော ကမ္ဘာထဲတွင် အစားအသောက် ကွင်းဆက်၏ ထိပ်ဆုံး၌ ရပ်ပြီး အချက်အပြုတ်နတ်ဘုရားတစ်ပါး ဖြစ်လာရန် အတွက် အပြင်းအထန် လေ့ကျင့်ပေးနေခြင်းဖြစ်သည်။သူ့၏ မည်သို့ ရှုံးနိမ့်မှုကိုမှ လက်ခံလိုက်မည်မဟုတ်ပေ။
အရင်အချိန်တွေတုန်းက စနစ်မှ သူ့ကို ထိုကဲ့သို့ အတင်းအကျပ်လုပ်ဆောင်ခြင်းမျိုးမရှိပေ။အစားကြူးတောင်ကြားမှ ပြန်လာပြီးနောက်ပုဖန်ရရှိခဲ့သော အောင်မြင်မှုများ သူ့၏ အရည်အချင်းများ သူကြုံတွေ့ခဲ့ရသော အခွင့်အလမ်းများအားလုံးက တောင်ကြားထဲမှ စားဖိုမှူးများကို အနိုင်ယူနိုင်ပေသည်။ထို့ကြောင့် စနစ်က ပုဖန်အတွက် တင်းကျပ်သော လိုအပ်ချက်များနှင့် ပြင်းထန်သည့် အပြစ်ဒဏ်တို့ကို သတ်မှတ်ပေးခဲ့သည်။သူက ပုဖန်နှင့် နောက်တွန့်ခြင်းဆိုသည့် အဓိပ္ပါယ်တို့အကြား ဆက်သွယ်မှုကို ဖြတ်တောက်ပစ်ချင်ခဲ့သည်။
အချက်အပြုတ်နတ်ဘုရားတစ်ပါးအနေဖြင့် ဆုံးဖြတ်ချက်များက ရဲရင့်ပြတ်သားရမည်။စနစ်၏ အချက်အပြုတ်နတ်ဘုရားစိတ်ဝိညာဉ်ထံမှ စနစ်တွင် နောက်ဆုံးအဆင့်ရောက်မှ ကျဆုံးသွားခဲ့သော စားဖိုမှူးတစ်ယောက်ရှိကြောင်း ပုဖန် ကြားသိခဲ့ရသည်။
တခြားစကားဖြင့် ပြောရမည်ဆိုလျှင် အချက်အပြုန်နတ်ဘုရားဖြစ်လာရန် လျှောက်လှမ်းရသောလမ်းက လုံးဝ လွယ်ကူနေသည်မျိုးမဟုတ်ပေ။ထိုအကြောင်းကို တွေးလိုက်မိသည်နှင့် ပုဖန်၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်လာသည်။သူ့၏ အရေပြားအောက်မှ ဆဲလ်တစ်ခုချင်းစီက စိတ်လှုပ်ရှားမှုဖြင့် တုန်ရီနေသည်။သူ တကယ်ကို စိတ်လှုပ်ရှားလာခြင်း ဖြစ်သည်။
"ကောင်းပြီလေ ဒီလိုဆိုမှတော့ ငါ အားလုံးကို ဖြတ်ကျော်အနိုင်ယူရမယ်...ဘယ်အရာကမှ ငါ့ကို ရပ်တန့်လို့မရဘူး..."
ခံစားချက်မဲ့လှသော မျက်နာသေဖြင့်ပင် သက်ပြင်းတစ်ချက်ချလိုက်သည်။သို့သော်လည်း သူ့၏ မျက်ဝန်းများကမူ စူးရှတောက်ပြောင်နေလေသည်။သူက နွေးထွေးသေးငယ်သော သူ့၏ စားသောက်ဆိုင်လေးကို တကယ်ကို ကြိုက်နှစ်သက်ပေသည်။သို့သော်လည်း ငယ်ငယ်ရွယ်ရွယ်နှင့် သေသွားပြီး အချက်အပြုတ်နတ်ဘုရားဖြစ်မည့် လမ်းကြောင်းကို အဆုံးသတ်ခွင့်ပေးမည်တော့မဟုတ်ပေ။
ထိုအချိန်၌ ချူချန်းရှန်က ပုဖန်၏ ရှေ့တွင်ရပ်နေလေသည်။ပုဖန် စိတ်လွတ်နေသည်ကို သူ တွေ့လ်ိုက်ရသည်။ပုဖန်၏ ခန္ဓာကိုယ်ထဲ၌ ပြဿနာတစ်စုံတစ်ရာရှိနေသည်ဟု ခံစားမိလိုက်ပြီး သူနှလုံးခုန်ပင်မြန်သွားသည်။
"ဘာတွေဖြစ်နေတာလဲ ဒီစားဖ်ိုမှူးလေးရဲ့ အော်ရာက ဘာလို့ ပြောင်းလဲသွားရပြန်တာလဲ ကြီးကြီးမားမားကို ပြောင်းလဲသွားတာပဲ ဒီထက်မြက်မှူက အရာရာအားလုံးကို ချိုးဖျက်တော့မယ်လို့ ထင်ရတယ်..."
ချူချန်းရှန် ကြောက်ရွံ့မှုဖြင့် တုန်ယင်သွားမိသည်။ပုဖန်ဆီမှ အစားကြူးတောင်ကြား၏ အရှင်သခင်ဆီမှရသော အငွေ့အသက်မျိုး ခံစားရလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။
"ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
ပုဖန် ထူးမခြားနားသောအကြည့်များဖြင့် ချူချန်းရှန်ကို စိုက်ကြည့်လိုက်၏။သူရှောင်ယ၏ ခေါင်းလေးကို အသာပုတ်လိုက်သောကြောင့် ကလေးမလေးက သူ့ကို မော့ကြည့်လာလေသည်။
"ခင်ဗျားက ရှောင်ယကို အစားကြူးတောင်ကြားဆီ ပြန်ခေါ်သွားချင်တယ်ဟုတ်လား ကိစ္စမရှိဘူး ဒါပေမယ့် ခင်ဗျားအရင်ပြန်သွားရမယ် သုံးရက်ကြာရင် ကျုပ်က်ိုယ်တိုင် ရှောင်ယကို အစားကြူးတောင်ကြားဆီ လိုက်ပို့လိုက်မယ်..."
ချူချန်းရှန် ပုဖန်၏ ပထမစကားကိုကြားပြီးနောက် ပျော်ရွှင်သွားသည်။သို့သော်လည်း ဒုတိယစကားကို ကြားပြီးနောက် ကြောင်အသွားလေသည်။
"မင်းကဘာကြောင့် အစားကြူးတောင်ကြားက်ို နောက်တစ်ကြိမ်ထပ်သွားချင်ရတာလဲ..."
ပုဖန်၏ မျက်ဝန်းများက ခန့်မှန်းမရနိုင်အောင် အေးစက်နေသည်။သူချူချန်းရှန်ကို သေချာစွာ စုံစမ်ကြည့်လ်ိုက်ပြီးနောက် နှုတ်ခမ်းများဖွင့်ဟလိုက်သည်။
"ခင်ဗျားက ရှောင်ယကို အဲ့ဒီမှာ ရှိစေချင်တယ်မဟုတ်လား ...ရ်ိုးရှင်းပါတယ် ကျုပ်က အစားကြူးတောင်ကြားဆီ သွားပြီးတော့ အစားကြူးဘုတ်ပြားပေါ်က ထိပ်တန်း စားဖိုမှူး ၁၀ယောက်ကို စားဖ်ိုမှူးစိန်ခေါ်ပွဲပြုလုပ်မယ်...တစ်ယောက်ယောက်က ကျုပ်ကို အနိုင်ယူခဲ့မယ်ဆိုရင်တော့ ဘာတစ်ခွန်းမှထပ်မပြောတော့ဘူး ဒါပေမယ့် ဘယ်သူမှ ကျုပ်ကို မနိုင်ဘူးဆိုရင်တော့ ..."
ပုဖန် စကားစဖြတ်လိုက်သည်။သူ မေးအနည်းငယ်မော့၍ မျက်လုံးများမှေးစင်းကာ ချူချန်းရှန်ကို ကြည့်လိုက်သည်။သူ့၏ လွှမ်းမိုးနိုင်စွမ်းရှိသော အော်ရာများ ပြန့်ကားလာပြီးနောက် သူဆက်ပြောလိုက်သည်။
"ကျူပ်ရဲ့ အချက်အပြုတ်စွမ်းရည်ကို သံသယဝင်ဖို့ ခင်ဗျားမှာ ဘာအရည်အချင်းရှိလဲ..."