အပိုင်း ၇၂၁
Viewers 53k

အခန်း ၇၂၁

ကောင်စုတ်လေးကို အပြုအမူကောင်းတွေသင်ပေးရမယ်...


ပုဖန် မေးမော့၍ မောက်မာထောင်လွှားနေဟန်အပြည့်ဖြင့် ချူချန်းရှန်ကို ကြည့်လိုက်သည်။စွမ်းအားအပြည့်ဖြင့် အောင်မြင်ထည်ဝါလှသော အသံကျယ်ကျယ်က ချူချန်းရှန်ကို မျက်ဝန်းများမှေးကျင်းသွားစေဖို့ လုံလောက်နေပေပြီ။


ပုဖန်၏ စကားကို ကြားလိုက်သောလော့တန်ချင်းကလည်း တံတွေးသီး၍ ချောင်းဆိုးသွားပြီး ပါးစပ်အဟောင်းသားပွင့်သွားလေသည်။သူ ကြောက်ရွံ့သွားမိသည်။


"တကယ်ပဲ ပုဖန်က ဘာတွေ ပြောလိုက်တာလဲ သူက ထိပ်တန်း စားဖိုမှူးတစ်ယောက်ကို one by one စိန်ခေါ်ချင်တာလား ဒါက ရူးသွပ်တဲ့ စိတ်ကူးပဲ သူတို့ထဲက တစ်ယောက်ကို အနိုင်ယူနိုင်မယ်ဆိုရင်တောင် အရမ်းကံကောင်းလွန်းနေပြီ ထိပ်သီး ၁၀ယောက်ကို အနိုင်ယူရမယ်ဆိုတာ ဘယ်လိုအဓိပ္ပါယ်လဲဆိုတာကို ရှင်းရှင်းလင်းလင်းသိရဲ့လား..."


သူက တစ်ယောက်တည်းဖြင့် အစားကြူးတောင်ကြား၏ အမွေဆက်ခံသူ စားဖိုမှူးများကို စိန်ခေါ်လိုက်ခြင်းပင်ဖြစ်သည်။


ကြမ်းတမ်းလွန်းတယ် မောက်မာလွန်းတယ်...


လော့တန်ချင်းက ပုဖန်၏ ခြေထောက်ကင်က်ိုစား၍ အဆင့်ချိုးဖောက်တက်ရောက်ခဲ့သည်ဆ်ိုသော်လည်း ပုဖန်တွင် မျှော်လင့်ချက်မရှိဟု ထင်မိတုန်းပင်ဖြစ်သည်။


ထိပ်သီး ၁၀ယောက်ဆိုသည်က ကြောက်စရာအကောင်းဆုံး မွန်းစတားများပင် ဖြစ်သည်။ပုဖန်က သူတို့ထဲမှ တစ်ချို့ကို အနိုင်ရရှိနိုင်သည်ဆိုသော်လည်း ထိပ်သီး ၃ယောက်နှင့် တွေ့ဆုံသည်ဆိုလျှင် အလွန်လွန်ကို ခက်ခဲပေလိမ့်မည်။


အလွန်အံ့အားသင့်စရာကောင်းလွန်းသောစားဖိုမှူး ဝမ်ရမ်ရှန်က နံပါတ် ၅အဆင့်ချိတ်သူဖြစ်သည်။ထိပ်ဆုံး ၃ယောက်ဆိုလျှင် အထူးပါရမီအရည်အချင်းများနှင့် ပြည့်နေသည့် စားဖိုမှူးများဖြစ်သည်။သူတို့ထဲမှ တစ်ယောက်နှင့် ရင်ဆိုင်ခဲ့ရပါက ပုဖန်တွင် မည်သည့်အခွင့်အရေးမျိုးရှိနိုင်ဦးမည်နည်း။


ချူချန်းရှန်က အမူအရာက များများပြောင်းလဲသွားခြင်းမရှိပေ။ပုဖန်က သူလွတ်မြောက် ရာ လမ်းကြောင်းမရှိသည့် နည်းလမ်းမျိုးကို ရွေးချယ်လာမည်ဟု မမျှော်လင့်ထားမိရုံသာ ဖြစ်သည်။


စားဖိုမှူး စိန်ခေါ်ပွဲ ...ထိုအဓိပ္ပါယ်က ကျရှုံးသော သူသည် စားဖိုမှူးဘဝကို ရာသက်ပန် စွန့်လွှတ်ရသည့် ကြမ်းတမ်းရက်စက်သော အပြစ်ဒဏ်တစ်ခုပင်ဖြစ်သည်။သို့သော်လည်း ပုဖန်၏ စကားလုံးများက ချူချန်းရှန်ကို ဒေါသထွက်သွားစေခဲ့သည်။သူက အစားကြူးတောင်ကြားကို အထင်သေးနေတာလား..


"ဘာလို့ မင်းက စားဖိုမှူးစိန်ခေါ်ပွဲ လုပ်ချင်ရတာလဲ...မင်းရဲ့ အနာဂတ်အောင်မြင်မှုတွေနဲ့ အနာဂတ်လမ်းကြောင်းကို ရင်းပြီး စိန်ခေါ်စရာမလိုပါဘူး...ငါတို့ရဲ့ ဆက်ဆံရေးက အဲ့ဒီလောက် တင်းမာစရာမလ်ိုဘူးလေ ဟုတ်တယ်မဟုတ်လား..မင်းက စားဖိုမှူးတစ်ယောက်ပဲ တကယ်လို့ မင်းသာ အန်ိုင်ယူခံလိုက်ရပြီး အနာဂတ်မှာ ဆက်ပြီး မချက်ပြုတ်နိုင်တော့ဘူးဆိုရင် အဲ့ဒါက ကြီးမားလွန်းတဲ့ နောင်တတရား ဖြစ်လာလိမ့်မယ်..."


ရှောင်ယခေါင်းလေးကို အသာခပ်ဖွဖွ ပွတ်သပ်နေမိသည်။သူ ချူချန်းရှန်၏ စကားကြောင့် မျက်ဝန်းများထဲတွင် အလင်းတစ်ချက်လက်သွားသည်။


"ခင်ဗျားအဲ့ဒီအတွက် စိုးရိမ်စရာမလိုပါဘူး...ကျုပ်က စားဖိုမှူးစိန်ခေါ်ပွဲရဲ့ စည်းမျဉ်းတစ်ချို့ကို ပြောင်းလိုက်မယ် တကယ်လို့ သူတို့ ရှုံးနိမ့်သွားခဲ့တယ်ဆိုရင်တောင် သူတို့ရဲ့ ချက်ပြုတ်ခြင်းပညာတွေကို စွန့်လွှတ်လိုက်စရာမလိုဘူး...ဒါပေမယ့်ကျုပ်က သူတို့ရဲ့ကိုယ်ပိုင်ဓားတွေကို သိမ်းဆည်းမယ် တကယ်လို့ သူတို့ပြန်လိုချင်တယ်ဆိုရင် ကျုပ်ကို ထပ်ပြီး စိန်ခေါ်န်ိုင်တယ်..."


ချူချန်းရှန် ကြောင်အသွားသည်။ပုဖန်က ထိုစကားများကို မည်ကဲ့သို့ သက်တောင့်သက်သာ ပြောနေနိုင်မှန်း သိချင်မိသည်။


"စည်းမျဉ်းများကို ပြောင်းပစ်မယ် ဟုတ်လား..."


စည်းမျဉ်းများက အစားကြူးတောင်ကြား၏ ပုံသေစည်းမျဉ်းများဖြစ်သည်။သူတို့ မည်ကဲ့သို့ ပြောင်းလိုက်နိုင်ပါမည်နည်း။


"ကျုပ်က ပြောင်းလို့ရတယ်လို့ပြောရင် ပြောင်းလို့ရတယ်ပဲ ခင်ဗျား အများကြီး စိုးရိမ်နေစရာမလိုဘူး...ခင်ဗျားသဘောတူလား မတူဘူးလားပဲပြော..."


ခံစားချက်မဲ့လှသော မျက်နာသေဖြင့် ပြောလိုက်သည်။ပုဖန်၏ အလွန်သေချာနေသော အမူအရာကိုကြည့်၍ ချူချန်းရှန်လေအေးတစ်ချက်ရှိုက်လိုက်မိသည်။


"ဒါပေါ့...ငါတို့လုပ်နိုင်တယ် ...ကောင်းတယ် ...ကောင်းပြီ...ငါအရင်ပြန်သွားပြီး မင်းကို စောင့်နေမယ်...တကယ်လို့ မင်း ၃ရက်အတွင်း ရောက်မလာဘူးဆိုရင်တော့ ကလေးမလေးကို အင်အားသုံးပြီး ခေါ်သွားရတဲ့အတွက် ငါကို အပြစ်မတင်နဲ့ ..."


ချူချန်းရှန်က ပုဖန်ရှေ့သို့ လက်နှစ်ဘက်ကိုစုပ်ယှက်၍ စကားဆိုလိုက်သည်။ပုဖန်က ထူးမခြားနာစွာပင် ပြန်တုံ့ပြန်လိုက်သည်။


"ခင်ဗျားသဘောတိုင်းပဲလေ..."


ချူချန်းရှန် ပုဖန်ကို ထိုးဖောက်သွားတော့မတက် စိုက်ကြည့်လိုက်သည်။ထို့နောက် ကလေးမလေးနှင့် ယောက်သံတစ်ခေါခေါထွက်နေသော ခွေးဘုရင်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။သူ့၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်လိမ်သွားပြီး မုတ်ဆိတ်မွှေးများပင် တုန်ခါသွားသည်။


သူ ချာခနဲလှည့်လိုက်ပြီး ထွက်ခွာရန်အတွက် လေဟာနယ်ကို ဆုတ်ဖြဲလိုက်သည်။သို့သော်လည်း သူ့၏ စိတ်စွမ်းအားကို ထုတ်လွင့်လိုက်သည့်အချိန်၌ လေဟာနယ်က အလွန်ပင်တောင့်တင်းမာကြောပြီး ဆုတ်ဖြဲမရနိုင်သည်ကို တွေ့လိုက်ရသည်။ချူချန်းရှန် ကြောင်အသွားသည်။သူ့၏ မျက်နာတွင်လည်း အံ့သြမှုများပြည့်နှက်နေသည်။


"ဒါဘယ်လ်ိုလုပ်ဖြစ်နိုင်မှာလဲ...သူက ကြီးမြတ်တဲ့တန်ခိုးအဆင့်ကို ရောက်နေပြီလေ ဘာလို့ လေဟာနယ်ကို ဆုတ်ဖြဲပြီး ဖြတ်လမ်းနည်းနဲ့ အိမ်မပြန်နိုင်ရတာလဲ..."


"အာ...ကျုပ်ခင်ဗျားကို ပြောဖို့ မေ့သွားတယ် ဒီဆိုင်မှာ အကာအကွယ်အစီအရင်ရှိတယ် လေဟာနယ်က အရမ်းကို ခိုင်ခံ့မာကြောတယ်...ခင်ဗျား ဒီလိုပုံနဲ့ သွားချင်တယ်ဆိုရင်တော့ ဆိုင်ရှေ့ကို လျှောက်သွားလိုက်ပါ ..."


ပုဖန်က ယခုမှ သတိရသွားပုံဖြင့်ပြောလိုက်သည်။ချူချန်းရှန် ရှုံ့မဲ့သွားသည်။သူ့၏ လက်စကို ဖျက်ခနဲ ရမ်းခါလိုက်ပြီးနောက် အလင်းကဲ့သို့ အရှိန်ဖြင့် လေဟုန်စီး၍ ဆိုင်ဝသို့ ထွက်သွားလိုင်သည်။


အပြင်ဘက်၌ ညကာလအခါပင်ရှိနေသေးသည်။ဆိုင်၏ ပတ်ဝန်းကျင်တွင်လည်းအေးစက်လှသော မြူခိုးများ လွှမ်းခြုံသွားလေ၏။တစ်ချက်တည်းမှာပင် လေဟာနယ်အက်ကွဲကြောင်းပွင့်သွားပြီ ဖြစ်သောကြောင့် သူစိတ်ကျေနပ်သွားမိသည်။ထို့နောက် တည်ငြိမ်စွာဖြင့်အက်ကွဲကြောင်းထဲ လှမ်းဝင်လိုက်လေသည်။


ထိုအတွင်းမှာပင် လေဟာနယ်အက်ကွဲကြောင်းက ပြန်လည်ပိတ်သွား၏ ချူချန်းရှန်၏ ပုံရိပ်ပျောက်ကွယ်သွားပြီး ညင်သာစွာ တိုက်ခတ်နေသော လေပြေလေညှင်းသာ ကျန်ခဲ့လေသည်။


တိမ်ခိုးစားသောက်ဆိုင်အတွင်းတွင် ပုဖန်က ကလေးမလေး၏ ခေါင်းကို ပွတ်သပ်ရင်း လေဟာနယ်အက်ကွဲကြောင်း ပိတ်သွားသည်က်ို ကြည့်နေခဲ့သည်။သူ့၏ မျက်နာက ခံစားချက်မဲ့နေတုန်းဖြစ်သော်လည်း မျက်ဝန်းများထဲ၌ အလင်းဖျော့ဖျော့တောက်လောင်နေလေသည်။


ဘယ်အရာကမှ ပိတ်ဆို့တားဆီးလို့ မရနိုင်ဘူး...


လော့တန်ချင်း ပုဖန်ကို အကဲခတ်ရင်းထရပ်လိုက်သည်။သူ့၏ ခန္ဓာကိုယ်ပေါ်၌ အမာရွတ်များစွာရှိနေသေးသည်။၎င်းက ထောင်တျဲခြေထောက်ကင်ကြောင့် ဒဏ်ရာများ သက်သာသွားသောကြောင့်ဖြစ်၏။


သူပုဖန်အား မည်သည့်အရာကိုမှ မဆန်းကြယ်သင့်ကြောင်း သတိပေးစကား ပြောကြားလိုကြောင်း ...


"ပိုင်ရှင်ပု မင်းက အစားကြူးတောင်ကြားရဲ့ ထိပ်သီး စားဖိုမှူး ၁၀ယောက်ကို တစ်ယောက်တည်း သွားစိန်ခေါ်ဖို့လား..."


ပုဖန်၏ မျက်နာအမူအရာပြောင်းလဲသွားခြင်းမရှိပေ။သူ လော့တန်ချင်းဘက်သို့ တစ်ချက်စွေကြည့်လိုက်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။


"ခင်ဗျားစားသောက်ပြီးသွားပြီဆိုရင် ဆိုင်ထဲက ထွက်သွားတော့ ..."


လော့တန်ချင်း အံ့အားသင့်သွားသည်။ပုဖန်က ဧည့်သည်ကို ထိုကဲ့သို့ နှင်ထုတ်လိုက်မည်ဟု မထင်ထားမိပေ။


"ငါ..."


"သတိပေးနေစရာမလိုဘူး ကျုပ်ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲမှာမဟုတ်ဘူး...နောက်သုံးရက်ကြာရင် အစားကြူးတောင်ကြားမှာ စားဖိုမှူးစိန်ခေါ်ပွဲ ရှိလ်ိမ့်မယ်...ခင်ဗျား စိတ်ဝင်စားတယ်ဆိုရင် အဲ့ဒီကိုလာပြီးတော့ ကျုပ်ကိုအားပေးနိုင်တယ် ..."


ပုဖန်က ပြောပြီးသည်နှင့် မီးဖိုခန်းဘက်ဆီသို့ လှည့်လျှောက်သွားလိုက်သည်။လော့တန်ချင်းမေးရိုးပြုတ်သွားသလို ပါးစပ်အဟောင်းသားဖြင့်ကြည့်နေမိသည်။ထိုကဲ့သို့ လွန်ကဲသည့်။ယုံကြည်မှုများ ဘယ်နေရာက ရောက်လာသည်ကို သူမပြောတက်တော့ပေ။


"ဒီလိုသတ္တိတွေ ဘယ်သူမျပေးလိုက်ပါလိမ့်..."


နန်ကုန်းဝူချယ်က ခေါင်းခါယမ်းရင်း ကျေနပ်အားရစွာဖြင့် လျှောက်လာခဲ့သည်။


"ငါတို့ရဲ့ ဘော်ဒါပုက ငါတို့ရဲ့ စိတ်မကျေနပ်စရာတွေကို ဖြေရှင်းပေးခဲ့ပြီးပြီလို့ ငါထင်တယ်...ဒါတောင်မှ အဲ့ဒီလူအိုကြီးက အရမ်းမောက်မာလွန်းတယ်...မောက်မာရုံတင်မကဘူး အခွင့်အကောင်းယူပြီး ငါတို့ရဲ့ ချစ်စဖွယ်ကောင်းတဲ့ ရှောင်ယလေးကို ခေါ်သွားချင်သေးတယ်...တကယ်လို့ ငါချက်ပြုတ်တက်တယ်ဆိုရင်လည်း အဲ့ဒီလူအိုကြီးကို အရှက်ရအောင်လို့ ဒီလိုပဲ လုပ်မှာပဲ..."


နန်ကုန်းဝူချယ်က ပြောပြီးသည်နှင့် သူမဟုတ်သလို နှုတ်ခမ်းတင်းတင်းစေ့ထားလိုက်သည်။လော့တန်ချင်း မည်သည့်စကားမှ ထပ်မဆိုတော့ပေ။သူခေါင်းအသာခါယမ်းရင်း နန်ကုန်းဝူချယ်နှင့်အတူ ဆိုင်ထဲမှ ထွက်သွားလိုက်သည်။


ယန်မိန်ကျီနှင့် အန်းရှန်တို့ နှစ်ဦးသားကလည်း ဆိုင်ထဲမှ ထွက်ခွာသွားလိုက်သည်။သူတို့ ခြေလှမ်းပြင်လိုက်စဉ်မှာပင် ပုဖန်က သူတို့နှစ်ယောက်ဆီသို့ လှည့်လာခဲ့သည်။


"နင်တို့နှစ်ယောက် ဒီကိုလာ...အခုက နင်တို့ရဲ့ အချက်အပြုတ်ကိုလေ့ကျင့်ရမယ့်အခ်ျိန်ပဲ ငါတို့ သုံးရက်တာ အထူးလေ့ကျင့်ရေးရှိတယ်..."


ယန်မိန်ကျီတို့ နှစ်ဦးသား အံ့အားသင့်စွာဖြင့် ပါးစပ်အဟောင်းသား ငေးမောကြည့်နေကြသည်။


"ငါတို့က အပြစ်ကင်းပါတယ် ငါတို့ ဒီတိုက်ပွဲကြီးက လွတ်မြောက်သင့်ပါပြီဟုသာ တွေးနေကြလေသည်။


"အစားကြူးတောင်ကြားကို စိန်ခေါ်ချင်တာ သူတစ်ယောက်တည်းမဟုတ်ဘူးလား ဘာလို့ ငါတို့ပါ ဒီထဲကို ပါဝင်ရတာလဲ ဘာလို့ ငါတို့က အထူးလေ့ကျင့်ရေးဆင်းဖို့ လိုတာလဲ..."


အမျိုးသမီးနှစ်ဦး တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။သူတို့၏ မျက်ဝန်းထဲ၌ တွန့်ဆုတ်မှုနှင့် မလိုလားမှုများကို ခံစားမိန်ိုင်လေသည်။ထိုည၌လည်း တိမ်ခိုးစားသောက်ဆိုင်က တစ်ညလုံး ထိန်လင်းနေလေသည်။


အစားကြူးတောင်ကြား၏ အစားအသောက်နတ်ဘုရားစားသောက်ပွဲအား ယခုတွင် ပြီးဆုံးသွားလေပြီ ။လူစုလူဝေးက ပြိုကွဲသွားခြင်း သို့မဟုတ် တစ်ချို့သောသူများက အစားကြူးတောင်ကြားပေါ်ရှိ အဆင့်သတ်မှတ်ချက် အချိန်ကို စောင့်နေခြင်းများ လုပ်နေကြသည်။


စားဖိုမှုးများစွာ၏ အဆင့်များလည်း ပြောင်းလဲသွားကြသည်။သို့သော် ထိပ်သီး စားဖိုမှူး၁၀ယောက်၏ အဆင့်က ပြောင်းလဲသွားခြင်းမရှိပေ။ပြိုင်ပွဲ၌ ဖျက်မြင်းများစွာရှိသည်ဆိုလျှင်တောင်မှ ထိုမွန်းစတားအိုများနှင့် ရင်ဆိုင်ရမည်မှာ အလွန်ပင်ခက်ခဲလွန်းလှ၏။ဒီတစ်ကြိမ် အကြီးမားဆုံးဖျက်မြင်းဖြစ်သော ကျွင်းချင်ရှောင်းပင်လျှင် ထိပ်တန်း စားဖိုမှူးတစ်ယောက်၏ အနိုင်ယူခြင်းကိုသာ ခံခဲ့ရသည်။သူတို့ကြားမှ ကွာခြားချက်က တကယ့်ကို ကြီးမားလွန်းလှသည်။


ဝီ...


လေဟာနယ် တွန့်လိမ်သွားပြီးနောက် ချူချန်းရှန် ထွက်ပေါ်လာသည်။ဆည်းဆာကန်၏ ငြိမ်သက်တိတ်ဆိတ်နေသော နေရာ၌ ပေါ်လာသည်။ထိုအခိုက်အတန့်၌ ဆည်းဆာကန်ဝန်းကျင်၏ မြင်ကွင်းက တကယ့်ကို ရှုပ်ထွေးနေသည်။ဆည်းဆာကန်၏ ရေမျက်နာပြင်ပေါ်၌လည်း ဘိုးဘေးမိကျောင်းခေါင်းတိုက ခေါင်းအသာခါယမ်းကာ မျောနေသည်။သူ့၏ ကြီးမားလှသော မျက်ဝန်းများက တစ်စုံတစ်ရာ ကျေနပ်နေပြီး တောက်ပနေသည်။ချူချန်းရှန် ပေါ်လာသည့်အခါ၌ ဆည်းဆာရေကန်ကို ကြည့်လိုက်သည်။


သူ စိတ်မကောင်းဖွယ်ရာမြင်ကွင်းကို ကြည့်၍ သက်ပြင်းတစ်ချက်ချလိုက်သည်။ထောင်တျဲက အချုပ်အနှောင်မှ လွတ်မြောက်နေသည်နှင့် တိမ်ခိုးစားသောက်ဆိုင်ဆီသို့ ပြေးလွှားလာခဲ့သည်။


သို့သော်လည်း အဆုံးသတ်၌ တစ်စုံတစ်ယောက်၏ ဟင်းပွဲဖြစ် ပြီးဆုံးသွားခဲ့ရသည်။တကယ်ကို သနားစရာကောင်းလှသည်။ရေကန်ကို ဝေ့ဝဲအကဲခတ်လိုက်သည်။ဘိုးဘေးမိကျောင်းခေါင်းတိုကလည်း ချူချန်းရှန်၏ အကြည့်များကို ခံစားမိလိုက်သည်။


ကန်ရေပြင်မှ ရေလှိုင်းများ ချက်ချင်း မြင့်တက်လာ၏။၎င်းက ပါးစပ်ကို ကျယ်လောင်စွာဟ၍ သူ့၏ ကြမ်းတမ်းရက်စက်မှုကို လှစ်ဟပြလိုက်သည်။သို့သော်လည်း ချူချန်းရှန်က မိကျောင်းခေါင်းတိုကို တစ်ချက်မျှသာ ကြည့်ပြီးနောက် သိပ်သည်းပြင်းထန်လှသော အော်ရာများကို ဖြန့်ကျက်လိုက်သည်။


ဒေါသတကြီးဖြစ်နေသာ မိကျောင်းခေါင်းတို၏ ဟိန်းဟောက်မှုများက ရပ်တန့်သွားသည်။သူရေအနက်ပိုင်းထဲသို့ တဖြေးဖြေးချင်း ပြန်လည် နစ်မြှုပ်သွား၏။လေပင်ကျယ်ကျယ်မလည်ရဲတော့ပေ။


"မိုက်မဲ တုံးအတဲ့ တိရစ္ဆာန် ..."


ချူချန်းရှန် တီးတိုးရေရွတ်လိုက်ပြီးနောက် အကွာအဝေးများကို ဆွဲချုံ့လိုက်ပြီးနောက် အစားပုပ်နတ်ဘုရားမြို့တော်ဆီသို့ ဦးတည်လိုက်သည်။ထိုအချိန်၌ ဆဠမမြောက်အကြီးအကဲက ထိုင်ခုံပေါ်တွင် သက်တောင့်သက်သာ ထိုင်နေသည်။သူ့၏ မုတ်ဆိတ်မွှေးကော့ကော့များက လေအလျင်တွင် ပျော်ရွှင်မြူးတူးနေသကဲ့သို့ လှုပ်ခါနေသည်။


သူကြီးကြပ်ခဲ့ရသော အစားကြူးနတ်ဘုရားစားသောက်ပွဲက နောက်ဆုံး၌ စိတ်ပင်ပန်းခဲ့ရလေပြီ။သူ့တွင် အနားယူရန်ပင် ခက်ခဲခဲ့ရသည်။ယခုအခါ အခွင့်အကောင်းယူ၍ သက်တောင့်သက်သာ နားနေပေသည်။


ထိုအခိုက်အတန့်၌ တစ်စုံတစ်ယောက်လေဟာနယ်ကို ဖြတ်ကျော်၍ လာနေသလိုမျိုး သူ မြင်လိုက်ရသည်။သူမျက်တောင်ခတ်လိုက်ပြီး ထိုပုံရိပ်ကို သေချာစွာ ကြည့်လိုက်သည်။


"ကြည့်ရတာ ရင်းနီးနေတယ် အား ...မဟာအကြီးအကဲ..."


ဆဠမမြောက်အကြီးအကဲ အလွန်အံ့အားသင့်သွားစွာဖြင့် ထိုင်ခုံမှ ခုန်ထမိလိုက်သည်။ချူချန်းရှန်က လေအရှိန်ကဲ့သို့ သူရှေ့သို့ ရောက်လာသည်။ထုတ်လွင့်နေသော အော်ရာများကလည်း ဘိုးဘေးမိကျောင်းခေါင်းတိုဆီမှ ရသော ဖိအားကဲ့သို့ပင် သူ့ရင်ဘတ်ကို လေးလံသွားစေသည်။


"မဟာအကြီးအကဲ ခင်ဗျား..."


ဆဠမမြောက် အကြီးအကဲ၏ မျက်နာက ဖြူဖျော့သွားသည်။ချူချန်းရှန်၏ ပတ်ဝန်းကျင်မှ လေထုပင် ပြိုပျက်ကွဲကြေသွားတော့မလို ထင်မြင်မိသည်။


"ခင်ဗျား အဆင့်ချိုးဖျက်နိုင်သွားပြီလား...ခင်ဗျားက အခု ကြီးမြတ်သော အဆင့်ကို ရောက်သွားပြီပေါ့..."


ဆဠမမြောက်အကြီးအကဲ မျက်လုံးပြူးများဖြင့် စိတ်လှုပ်ရှားစွာအော်ပြောလိုက်သည်။တောင်ကြားအရှင်သခင်ကို မျှော်လင့်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပေပြီ။နောက်ဆုံး၌ အစားကြူးတောင်ကြားတွင် ကြီးမြတ်သော အရှင်သခင်အဆင့် ပညာရှင်တစ်ယောက်ရှိလာခဲ့ပေပြီ။


ချူချန်းရှန် အစားကြူးတောင်ကြားမှ ထွက်ခွာသွားသော ခဏအတွင်း အဆင့် တက်ရောက်န်ိုင်ခဲ့လိမ့်မည်ဟု မထင်မှတ်ခဲ့မိပေ။၎င်းက မျှော်လင့်မထားသော ပျော်ရွှင်မှုပင်ဖြစ်လေသည်။ယခုအခါ၌ အစားကြူးတောင်ကြားက လုံခြုံသွားပေပြီ ။သန့်စင်နယ်မြေမှ သူများက သူတို့ရှိရာဆီသို့လာ၍ ဇောက်ကြွားကြွားပြုလုပ်ရဲတော့မည်မဟုတ်ပေ။


သို့သော်လည်း ဆဠမမြောက်အကြီးအကဲ၏ ပျော်ရွှင်မှုများက မကြာမြင့်လိုက်ပေ။နောက်ဆုံး၌ သူ ချူချန်းရှန် မပျော်မရွှင် ဖြစ်နေသည်ဟု ထင်မိသည်။ချူချန်းရှန်က ကြီးမြတ်သော တန်ခိုးအဆင့်သို့ ရောက်သွားခဲ့ပြီဆိုသော်လည်း အန္တရာယ်ကို ခံစားနေရတုန်းပင်ဖြစ်သည်။


သန့်စင်နယ်မြေများကို ဆန့်ကျင်ရန်အတွက် သူတို့က အားနည်းနေဆဲဖြစ်ကြောင်း ကောင်းကောင်းကြီး သဘောပေါက်ထားလေသည်။သန့်စင်နယ်မြေများမှ စိတ်ဝိညာဉ် သခင်တစ်ယောက်သာ သူတို့ကို လာတိုက်ပါက သူက သန့်စင်နယ်မြေ၏ အကြီးအကဲမဟုတ်လျှင်ပင် သူတို့ အစားကြူးတောင်ကြားကို ဖျက်စီးပစ်လိုက်ပေမည်။


"အစားကြူးနတ်ဘုရားစားသောက်ပွဲပြီးသွားပြီလား ပြီးတော့ ချန်ပီယံကိုကော သတ်မှတ်ပြီးသွားပြီလား..."


 ချူချန်းရှန် ဆဠမမြောက်အကြီးအကဲရှေ့သို့ ဆင်းသက်လိုက်ပြီးမေးလိုက်မိသည်။ယ


"ပြီးသွားပါပြီ အစားကြူးဘုတ်ပြားပေါ်မှာလည်း ချန်ပီယံကို ရေးထိုးပြီးသွားပြီ ထိပ်ဆုံး ၁၀ယောက်ကသာ ပြောင်းလဲမှုမရှိပါဘူး ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ကျုပ်တို့ မျိုးစေ့ကောင်းတွေ အများကြီးပဲရလိုက်တယ်..."


ဆဠမမြောက်အကြီးအကဲက စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။သူက သတင်းအချက်အလက်များ ပို၍ ပြောချင်သေးသော်လည်း ချူချန်းရှန်က လက်ပြ၍ ရပ်တန့်စေလိုက်သည်။ယ


"အသုံးမဝင်တဲ့ အချက်အလက်တွေကို ထပ်ပြောစရာမလိုတော့ဘူး ထိပ်သီး ၁၀ယောက်ကို တစ်ခါတည်းခေါ်လိုက် ငါသူတို့ကို အထူးလေ့ကျင့်ခန်း ပေးရမယ်..."


ဟမ်...


ဆဠမမြောက်အကြီးအကဲ စိတ်ရှုပ်ထွးစွာ ကြည့်လိုက်သည်။


"ဘာတွေဖြစ်နေတာလဲ..."


"နောက်သုံးရက်ကြာရင် သူတို့အတွက် စားဖိုမှူးစိန်ခေါ်ပွဲရှိတယ် ..."


"စားဖိုမှူးစိန်ခေါ်ပွဲ..."


ဆဠမမြောက်အကြီးအကဲ ထိတ်လန့်အံ့သြသွားရသည်။


"ဟုတ်တယ် စားဖိုမှူးစိန်ခေါ်ပွဲ...ဟိုရိုင်းစိုင်းကြမ်းတမ်းတဲ့ စားဖိုမှူးလေးက အစားကြူးဘုတ်ပြားပေါ်က ထိပ်သီး ၁၀ယောက်ကို စိန်ခေါ်ချင်တယ်တဲ့ ဒါကြောင့်ငါရဲ့ ကလေးတွေကို လေ့ကျင့်ပေးရမယ် သူတို့က အဲ့ဒီကောင်တွေကို ဘယ်လိုကောင်းကောင်းပြုမူသင့်တယ်ဆိုတာကို သင်ပေးနိုင်လိုက်မယ်