အပိုင်း ၇၂၂
Viewers 53k

အခန်း ၇၂၂

အစားကြူးတောင်ကြား... ငါလာပြီ...


ဆဠမမြောက် အကြီးအကဲ အနည်းငယ်ထိတ်လန့် အံ့အားသင့်နေသည်။


"ဘယ်လို ရူးသွပ်တဲ့သူမျိုးမို့ ထိပ်သီး ၁၀ယောက်က်ို စားဖိုမှူးစိန်ခေါ်ပွဲ လုပ်ချင်ရတာလဲ...ဒီလူကသူ့ဦးနှောက်ကို စုပ်ထုတ်ခံရတာဖြစ်ရစ်ဖြစ် မဟုတ်လို့ကတော့ ခေါင်းနဲ့နံရံနဲ့ တိုက်မိထားတာပဲဖြစ်မယ်..."


သူ့၌ အရည်အချင်းရှိလျှင်တောင်မှ စားဖိုမှူးတစ်ယောက်ကို ရင်ဆိုင်ကောင်းရင်ဆိုင်နိုင်လိမ့်မည်။သို့သော် ၁၀ယောက်ဆိုသည်က တခြားတမျိုး ဖြစ်သွားပေပြီ။


အစားကြူးတောင်ကြားသည်။နဂါးမြို့ဟောင်းတိုက်ကြီးတွင် စားဖိုမှူးများ၏ မြင့်မြတ် သန့်စင်နယ်ပယ်ဖြစ်လေသည်။တိုက်ကြီးတစ်ခုလုံး၏ ထိပ်သီး စားဖိုမှုးများက တောင်ကြားထဲတွင် ရှိလေသည်။


ထိပ်သီး စားဖိုမှူး ၃ယောက်ဆိုလျှင် အထူးအဆင့်သို့ ရောက်နေမည်ဟု ဆိုရပေမည်။ထို့ကြောင့်သူတို့ကို စားဖိုမှူးစိန်ခေါ်ပွဲလုပ်မည်ဆိုသည်မှာ အလွန်တရာ ခက်ခဲပေလိမ့်မည်။


ထို့အပြင် စားဖိုမှူးစိန်ခေါ်ပွဲဆိုသည်က အလွန်တရာ ခတ်ထန်ကြမ်းတမ်းလှသည်။ရှုံးနိမ့်သွားသူက နောက်သို့ ပြန်လှည့်၍ ရတော့မည်မဟုတ်ပေ။ထိုသို့ အပြုအမူမျိူးကို ရူးသွပ်နေသူမှသာ လုပ်ပေလိမ့်မည်။


"ဒီကုန်းမြေတိုက်ကြီးမှာ ဘယ်လို အံ့အားသင့်စရာကောင်းတဲ့ စားဖိုမှူးများ ထွက်ပေါ်လာလို့လဲ..."


အစားကြားဘုတ်ပြားပေါ်၌ အမြဲတမ်းအဆင့် တစ် ချိတ်သော ရန်ယုပင်လျှင် ထိုကဲ့သို့ပြုလုပ်လိမ့်မည်မဟုတ်ပေ။စားဖိုမှူးစိန်ခေါ်ပွဲအတွက် အားထုတ်မှုနှင့် ပေးဆပ်ရသည့် တန်ဖိုးက ကြီးမားလှသည်။ထို့ကြောင့် နံပါတ်တစ် စားဖိုမှူး ရန်ယုပင်လျှင် မလုပ်နိုင်လေရာ မည်သူက လုပ်နိုင်ဦးမည်နည်း။


ရုတ်တရက် ဆဠမမြောက်အကြီးအကဲက အံ့အားသင့်စရာ တစ်စုံတစ်ခုကို တွေးလိုက်မိပုံဖြင့် မျက်လုံးများပြူးကျယ်သွားသည်။သူ့၏ အတွေးများကို အတည်ပြုခြင်ပုံဖြင့် ချူချန်းရှန်ကို ကြည့်လိုက်သည်။


"မဖြစ်နိုင်ပါဘူး ချူချန်းရှန် ပြောနေတာက စားဖိုမှူး ပုဖန်လား..."


ဆဠမမြောက်အကြီးအကဲက ပုဖန်ကို မှတ်မိနေပေသည်။တကယ်တမ်းဆိုလျှင် မှတ်မိသည်ဟု စကားလုံးမျိုးပင် သုံး၍ မရပေ။ပုဖန် ဖုန်မှုန့်အဖြစ် ပြာအဖြစ် ပြောင်းလဲသွားမည်ဆိုလျှင်တောင်မှ သူက သောက်ကျိုးနဲတောင် မှတ်မိနေဦးမည်ဖြစ်သည်။


ထိုပုဖန်သည် သူ့၏ ရတနာတစ်ပါးဖြစ်သော ကောင်းကင်ကမ္ဘာမြေမီးလျှံကို မျိုချလိုက်ခြင်းကြောင့်မှလွဲ၍ တခြားမဖြစ်နိုင်ပေ။သူသေသွားထိတိုင်အောင်ပင် သူထိုပုဖန်ကို သတိရနေဦးမည်ဖြစ်သည်။


ထိုကောင်စုတ်လေးမှလွဲ၍ စားဖိုမှူးစိန်ခေါ်ပွဲကို ပြုလုပ်ချင်သည့် တခြားတစ်ယောက်ကို မစဉ်းစားမိပေ။မည်သို့ပင်ဆိုစေ ထိုကောင်လေး၏ အချက်အပြုတ်စွမ်းရည်ကလည်းမဆိုးလှပေ။သို့သော်လည်း ထိပ်တန်း စားဖိုမှုး ၁၀ယောက်ကိုစိန်ခေါ်ရန်အတွက်တော့ လုံလောက်ဦးလိမ့်မည်မဟုတ်ပေ။ထိုကောင်လေးက အရိုက်ခံရန်တောင်းဆ်ိုနေခြင်းလား...


"မင်းအများကြီး စဉ်းစားနေစရာ မလိုပါဘူး ရန်ယုနဲ့ တခြားသူတွေကိုသာ ခေါ်လိုက် ပြိုင်ဘက်က အားနည်းပြီးတော့ ကြွားကြွားဝါဝါ မောက်မောက်မာမာ လုပ်နေတယ်ဆိုပေမယ့် ငါတို့က အမှားသေးသေးလေးမှ လုပ်လို့မရဘူး...ဒါက အစားကြူးတောင်ကြားရဲ့ အနာဂတ်နဲ့လည်း သက်ဆိုင်နေတယ်..."


ချူချန်းရှန် တည်ငြိမ်စွာပြောလိုက်သည်။ဆဠမမြောက်အကြီးအကဲ၏ မျက်နာက တုန်ယင်သွားလေသည်။ချူချန်းရှန် ၏ အသံက လေးနက်နေလေရာ မည်သူက လုပ်နိုင်ဦးမည်နည်း။ရုတ်တရက် ဆဠမမြောက်အကြီးအကဲက အံ့အားသင့်စရာ တစ်စုံတစ်ခုကို တွေးလိုက်မိရုံပင်ဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။


အစားပုပ်နတ်ဘုရားမြို့တော် ခေါက်ဆွဲဘုရင်ဆိုင် ချွီရန်ချန်းဖုန် ဆိုင်ထဲ၌ ထိုင်နေခဲ့သည်။ဝိုင်သောက်ရင်း ဓားခြစ်ခေါက်ဆွဲကို စားနေခဲ့သည်။ခေါက်ဆွဲမျှင်လေးများက သူ့၏ ပါးစပ်ထဲတွင် အလွန်ကောင်းမွန်စွာ ပျော်ဝင်သွားသောကြောင့် အလွန်ပင် ပျော်ရွှင်စွာ စားသုံးနေ၏။ 


ဒီဓားခြစ်ခေါက်ဆွဲက ပုဖန်ချက်သည့် ဟင်းပွဲဖြစ်သည်။သူတစ်ကြိမ်ကြည့်ကြည့်ပြီးသည်နှင့် ချက်ပြုတ်တက်သွားလေပြီ။အစားကြူးဘုတ်ပြား၌ ထိပ်ဆုံး ၁၀ယောက်ထဲဝင်သည့် ခေါက်ဆွဲဘုရင်ဖြစ်သည်။ဂျုံနှင့်လုပ်သည့် စားစရာများတွင် မည်သူမှ သူနှင့် ယှဉ်နိုင်လိမ့်မည်မဟုတ်ပေ။ချွီရန်ချန်းဖုန်က တစ်စုံတစ်ရာခံစားလိုက်မိပုံဖြင့် တအံ့တသြ ခေါင်းမော့ကြည့်လိုက်သည်။သူ ရင်းနီးနေသော ပုံရိပ်တစ်ခု ချဉ်းကပ်လာသည်ကို ခံစားလိုက်ရသည်။


ဆဠမမြောက် အကြီးအကဲ...


အကြီးအကဲက သူ့ကို မြင်သည်နှင့် နှုတ်ဆတ်စကားမဆိုတော့ပဲ ခေါင်းတစ်ချက်သာညိတ်ပြ၍ ပြောလာခဲ့သည်။


"အစားကြူးရင်ပြင်ကိုလာခဲ့ မဟာအကြီးအကဲက မင်းတို့ကို ပြောစရာရှိနေတယ် ..."


ချွီရန်ချန်းဖုန်၏ အမူအရာက လေးနက်သွားသည်။ဆဠမအကြီးအကဲကိုယ်တိုင် လာရောက်အသိပေးသည်ဆိုလျှင် အရေးကြီးသည့် ကိစ္စရပ်ဖြစ်ပေလိမ့်မည်။


"အခုပဲ လာခဲ့ပါမယ်..."


ချွီရန်ချန်းဖုန်က ဆဠမမြောက် အကြီးအကဲကို လက်နှစ်ဖက်ယှက်၍ နှုတ်ဆတ်လိုက်သည်။ပြီးသည်နှင့် သူ့၏ ခေါက်ဆွဲနဲ့ ဝိုင်ကို အပြတ်ဖြတ်လိုက်ပြီး စားဖိုမှူးဝတ်ရုံကို ဝတ်ကာ ဆိုင်ထဲ၌ ထွက်လာခဲ့လိုက်သည်။


အစားကြူးဘုတ်ပြားပေါ်ရှိ အဆင့် ၁၀ခေါက်ဆွဲဘုရင် ချွီရန်ချန်းဖုန်...


ယိုယွင်းပျက်စီးနေသော ဝါးအိမ်ငယ်လေး တစ်ခုက ဆဠမအကြီးအကဲက အထဲသို့ လျှောက်လာခဲ့သည်။သူတံခါးကို တွန်းဖွင့်လိုက်သည့်အချိန်၌ ဝါးရွက်ကလေးများ ကြွေကျလာသည်။


ဝါးရွက်ကလေးများက မြေပြင်အနှံ့သို့ ညင်သာစွာ လွင့်စင်ကျသွား၏။


"ဆဠမအကြီးအကဲကစိတ်အေးချမ်းသာနေတာပဲဖြစ်ရမယ် ဘယ်လိုအကြောင်းကြောင့်များ ကျုပ်ရဲ့ အနုတ်စုတ်ဂုတ်စုတ်ဝါးအိမ်ငယ်လေးကို လာရောက် လည်ပတ်ရပါလဲ..."


အိမ်ထဲ၌ ဝါးဦထုပ်ကို ဆောင်းထားသော လူငယ်တစ်ယောက်က မတ်တပ်ရပ်လိုက်သည်။သူက မိုးကာဝတ်ရုံကို ဝတ်ဆင်ထားပြီး နောက်ကျောဘက်၌ ဝါးခြင်းတောင်းတစ်တောင်းကို လွယ်ထားသည်။


ထိုသူက ဆဠမမြောက်အကြီးအကဲကို လှမ်းပြုံးပြနေသည်။သူ့၏ လက်တစ်ဖက်၌ မြေဆွေးတစ်ချို့ကို ဆုပ်ကိုင်ထားပြီး နောက်တစ်ဖက်က တောက်ပြောင်လင်းလက်နေသော မျှစ်စို့ကို ကိုင်ထားလေသည်။လတ်ဆတ်လှသော မျှစ်စို့များက သလင်းကျောက်ကဲ့သို့ ကြည်လင်နေပြီး မယှဉ်နိုင်လောက်အောင်လှပလှလေသည်။


"မဟာအကြီးအကဲက မင်းတို့ကို အရေးတကြီး ပြောစရာရှိနေတယ် အခုချက်ချင်း အစားကြူးရင်ပြင်ကျယ်ကိုလာခဲ့ပါ..."


ထိုလူငယ်က အံ့အားသင့်သွားသည်။ထို့နောက် သူ လက်နှစ်ဖက်ကိုယှက်၍ အရိုအသေပေးလိုက်သည်။


"အစားကြူးဘုတ်ပြား၏ အဆင့် ၉ ကျောက်စိမ်းမျှစ် ဝမ့်ထုံ..."


ဆည်းဆာရေကန်ဘေးတွင် တည်ရှိသော ငြိမ်သက်အေးချမ်းတိတ်ဆိတ်သည့် အိမ်ငယ်လေး..


ကျွီ...


တံခါးတွင်းဖွင့်ခံလိုက်ရပြီးနောက် အိမ်ငယ်လေးထဲမှ ပျော်ရွှင်စွာ ရယ်မောနေသော လူငယ်လေးသုံးယောက် ပြေးထွက်လာကြသည်။ဆဠမမြောက်အကြီးအကဲက သူတို့ကို ချစ်ခင်ကြင်နာစွာဖြင့် ပြုံး၍ ငေးကြည့်နေသည်။


ထိုလူများက ဆဠမမြောက် အကြီးအကဲကို မြင်ပြီးနောက် အသိအမှတ်ပြုသည့် အမူအရာမျိုးဖြစ်ပေါ်လာခဲ့သည်။ထို့နောက် တစ်ယောက်ကို တစ်ယောက်လိုက်ဖမ်းရင်း ပြေးလွှာနေခဲ့သည်။


ဆဠမအကြီးအကဲက အိမ်ငယ်လေးထဲသို့ လှမ်းဝင်သွားသည်နှင့် အငွေ့တထောင်းထောင်းထနေသော စားစရာကို ပြင်ဆင်နေသည့် လှပသော အမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရသည်။ထိုအမျိုးသမီးက အကြီးအကဲကို မြင်သည်နှင့် ပြုံး၍ နှုတ်ဆတ်စကားဆိုလိုက်သည်။


"မင်းကို အနှောက်အယှက်လာပေးတာ မဟုတ်ပါဘူး မဒမ်ကျိုး အခုကျိုးချန်ဘယ်မှာရှိတယ်ဆိုတာကို ပြောပြနိုင်မလား..."


ထိုအမျိုးသမီးက အနည်းငယ် အံ့အားသင့်သွားပြီးနောက် ပြန်လည်ဖြေလာခဲ့သည်။


"ကျွန်မရဲ့ ခင်ပွန်းက ဆည်းဆာကန်မှာ ငါးမျှားနေပါတယ်...သူအခု ဟင်းပွဲအသစ်တွေ လေ့လာနေတယ်..."


ဆဠမမြောက်အကြီးအကဲက ခေါင်းညိတ်၍ ဆက်ပြောလိုက်သည်။


"ဟုတ်ပြီလေ သူပြန်လာတဲ့ အခါကျရင် အစားကြူးရင်ပြင်ကို လာခဲ့ဖို့ပြောပေးပါ မဟာအကြီးအကဲက အရေးကြီးတဲ့ အကြောင်းအရာ ကြေငြာစရာရှိနေတယ်..."


ဆဠမအကြီးအကဲက စကားဆိုပြီးသည်နှင့် ပြန်လည်ထွက်ခွာသွားလိုက်သည်။စားဖိုမှူး၁၀ယောက်ကို အကြောင်းကြားရန်အတွက် အစားပုတ်နတ်ဘုရားမြို့တော်တစ်ခုလုံးကို ပတ်သွားခဲ့ရသည်။


သူတို့၌ အံ့အားသင့်စရာကောင်းသော ဟင်းချက်စွမ်းရည်နှင့်အတူ ခေါင်းမာသည့် စိတ်ထားမျိုးလည်းရှိနေသည်။တစ်ချို့က အသားများချက်ပြုတ်ပြီး တစ်ချို့က ရှားပါးသည့် သဘာဝဆေးဖက်ဝင် အပင်များကို စုဆောင်းကာ သိမ်မွေ့သည့် ဟင်းလျာများကိုသာ ချက်ပြုတ်တက်ကြသည်။


သူတို့အားလုံးတွင် ကွဲပြားခြားနားသည့် ပုံစံမျိုးရှိကြသည်။မှန်သည်။ဝမ်ရမ်ရှန်ကဲ့သို့ တန်ဖိုးကြီးလှသော စားဖိုမှူးများလည်းရှိသော်လည်း အများကြီးတော့မဟုတ်ပေ။ထိုစားဖိုမှူးများကို စုစည်းရခြင်းက ဆဠမအကြီးအကဲပင်လျှင် ပင်ပန်းသွားရသည်။ကံကောင်းထောက်မစွာဖြင့် ချူချန်းရှန်၏ ဂုဏ်အဆင့်အတန်းက ကြီးမားလှသည်။ထို့ကြောင့် ချူချန်းရှန် ဆင့်ခေါ်လိုက်သည်နှင့် တစ်ကြိမ်တည်းနှင့် ရောက်လာကြပေသည်။


ပြိုင်ပွဲကြီး ပြီးဆုံးသွားသည့်နောက်ခမ်းနားထည်ဝါလှသော အစားကြူးနတ်ဘုရားအဆောက်အဦးက ထီးထီးကြီးကျန်ရှိခဲ့လေသည်။အဆောက်အဦး၏ ကာကွယ်ရေး အစီအရင်ကို ပြန်လည်ပြင်ဆင်ပြီးပြီဖြစ်သောကြောင့် အသက်ဝင်လှုပ်ရှားနေလေပြီ။


ကျယ်ပြန့်လှသော ရင်ပြင်ကျယ်၌ ပုံရိပ်တစ်ခု မတ်တပ်ရပ်နေသည်။သူက ငြိမ်သက်စွာရပ်နေသော်လည်း ကမ္ဘာမြေကြီးနှင့် ဆက်သွယ်ထားသလိုမျိုး ထင်ရသည်။ချွီရန်ချန်းဖုန်နှင့် တခြားသူများ ရောက်လာသည့်အချိန်၌ အကြည့်တစ်ချက်တည်းဖြင့်ပင် ချူချန်းရှန်၏ ခြိမ်းခြောက်န်ိုင်စွမ်းသော အော်ရာများကို ခံစားမလိုက်ကြ၏။


ထိုအော်ရာများက သူတို့ကိုပင် နောက်တွန့်သွားစေ၏ သူကအစားကြူးတောင်ကြား၏ ထောက်တိုင်သဖွယ်တည်ရှိနေသောကြောင့် မဟာအကြီးအကဲဟု ခေါ်ဆိုဖို့ ထိုက်တန်ပေသည်။


ချွီရန်ချန်းဖုန် ရောက်လာပြီးနောက် ဝါးဦးထုပ်နှင့် ဝါးခြင်းကို လွယ်ထားသောသူ ရောက်လာခဲ့သည်။ထိုသူက ကောက်ရိုးဖိနပ်တစ်စုံကို စီးထားပြီး ခပ်ပြုံးပြုံးဖြင့် လျှောက်လာခဲ့သည်။ထိုသူ၏ နောက်၌ ဝါးဦးထုပ်ဆောင်းထားပြီး ဝါးခြင်းထောင်းကို ကိုင်ထားသည့် လူတစ်ယောက်လည်း ပါလာခဲ့သည်။သူတို့အချင်းချင်းအပြန်အလှန် နှုတ်ဆတ်စကားဆိုလိုက်ကြသည်။ဝမ်ရမ်ရှန်ကလည်း အရက်ဘူးတစ်ဘူးကို ဆွဲကိုင်၍ ရောက်လာခဲ့သည်။ထိုသူက လမ်းလျှောက်နေစဉ်အတောအတွင်းတွင်အဆက်မပြတ် သောက်နေလေသည်။


နောက်ထပ်ရောက်လာသည့်သူက အသားစိမ်းတစ်တုံးကို စားလာသည့် ဖတ်တီးတစ်ယောက်ဖြစ်သည်။သူ့၏ မျက်ဝန်းများက ကျေနပ်အားရမှုဖြင့် မှေးစင်းနေလေသည်။အချိန်ကုန်ဆုံးသွားပြီးနောက် အစားကြူးရင်ပြင်တွင် စားဖိုမှူး ၁၀ယောက်စုံသွားပေပြီ။


ဆဠမအကြီးအကဲကလည်း လူသုံးယောက်နှင့်အတူ ရောက်လာခဲ့သည်။ထိုသူသုံးယောက်၏ အော်ရာများကလည်း ပြင်းထန်လှ၏။သူတို့ထဲမှ တစ်ယောက်က အစားကြူးဘုတ်ပြားတွင် နံပါတ်၁ ချိတ်သည့် ရန်ယုပင်ဖြစ်သည်။


ရန်ယုနောက်မှတစ်ယောက်က အနက်ရောင်လွှမ်းခြုံထားပြီး သူ့၏ မျက်နာကလည်း မဲမှောင်နေပေပြီ။နောက်ထပ်တစ်ယောက်က ခရမ်းရောင်ဆံနွယ်များရှိသည့် သိမ်မွေ့ကြော့ရှင်းသော အမျိုးသမီးတစ်ယောက်ဖြစ်သည်။သူမက အလွန်အကြူးလှပခြင်းမရှိသော်လည်း သူမ၏ အော်ရာနှင့် ပုံစံက လူများ၏ အကြည့်ကို ဆွဲဆောင်ထားလေသည်။


ထိုသူများက အစားကြူးဘုတ်ပြား၏ ထိပ်သီး ၃ယောက်ဖြစ်သည်။ နံပါတ် ၁ ရန်ယု နံပါတ် လျိုကျားလီ နံပါတ်၃ မုချန် ...ထိပ်တန်းအဆင့်စားဖိုမှူးများဖြစ်သော ထိုသုံးယောက်ကို မဟာအကြီးအကဲနှင့်တကွ တခြားအကြီးအကဲများစွာပါ အသိအမှတ်ပြုထားကြလေသည်။


ထို့အပြင် အချက်အပြုတ်စွမ်းရည်ကလည်း တကယ်ကို အံ့အားသင့်စရာကောင်းလှသည်။ထိုစားဖိုမှူး ၁၀ယောက်က တောင်တစ်တောင်ကဲ့သို့ ရပ်တည်နေသော ချူချန်းရှန်ကို သိချင်နေသော မျက်ဝန်းများဖြင့် ရင်ဆိုင်လိုက်ကြသည်။မဟာအကြီးအကဲက သူတို့ကို အဘယ်ကြောင့် ဆင့်ခေါ်သည်အား မသိသေးကြပေ။ခဏမျှကြာပြီးနောက် ချူချန်းရှန်က တည်ကြည်လေးနက်စွာဖြင့် စကားစပြောလိုက်သည်။


"နောက်သုံးရက်ကြာရင် မင်းတို့အားလုံး ကြမ်းတမ်းရက်စက်တဲ့ စားဖိုမှူးစိန်ခေါ်ပွဲကို ရင်ဆိုင်ရမယ်..."


ပထမဆုံး သူတို့အားလုံး အံ့အားသင့်သွားကြသည်။ဒုတိယ ကျယ်လောင်စွာ ရယ်မောလိုက်ကြ၏။


"စားဖိုမှူးစိန်ခေါ်ပွဲ ဟုတ်လား အစားကြူးတောင်ကြားထဲက ဘယ်သူကများ သူတို့ကို စိန်ခေါ်ရဲသေးတာလဲ..."


သို့သော် ခဏမျှအကြာ၌ သူတို့၏ အပြုံးများ ပျောက်ကွယ်သွားသည်။ချူချန်းရှန်၏ အမူအရာက အလွန်တည်ငြိမ်လေးနက်နေပေသည်။သူတို့ကို နောက်ပြောင်နေသည့်ပုံမပေါ်ပေ။


"တစ်ယောက်ယောက်က တကယ်ကြီး သူတို့ကို စိန်ခေါ်ရဲတယ်လား သူတို့ ၁၀ယောက်လုံးကိုလေ ဒါ့အပြင် ထိပ်သီး မွန်းစတား ၃ယောက်ပါ ပါနေသေးတယ်..."


စဉ်းစားလိုက်မိရုံဖြင့် အံ့အားသင့်စွာ မျက်မှောင်ကြုတ်လိုက်မိကြသည်။ဝမ်ရမ်ရှန် ဝိုင်တစ်ချိုက်မော့သောက်လိုက်ပြီးနောက် နီရဲနေသော မျက်နာကို ပွတ်သုတ်လိုက်သည်။သူလက်မြောက်လိုက်သည်နှင့် ဝိုင်နံ့က ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားလေသည်။


"ကျွန်တော် ငြင်းလို့ရမလား အဓိပ္ပါယ်မရှိတဲ့ စားဖိုမှူး စိန်ခေါ်ပွဲကို မပါချင်ဘူး..."


ချူချန်းရှန် ဖျက်ခနဲ တစ်ချက်ကြည့်လိုက်သည်။


"မရဘူး စိန်ခေါ်သူက မင်းကို ရွေးရင် မင်းသဘောတူရမယ်...ပြိုင်ပွဲရဲ့ ရလဒ်က အသစားကြူးတောင်ကြားရဲ့အနာဂတ်နဲ့ ဆက်နွယ်နေတယ်..."


အားလုံး တုန်လှုပ်သွားကြပြီးနောက် မျက်နာအမူအရာများ တင်းမာသွားကြသည်။ချူချန်ူရှန်၏ စကားလုံးများက လေးနက်ပြီး လေးလံလှပေသည်။


ဝမ်ရမ်ရှန် နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီး မည်သည့်စကားမှ ထပ်မဆိုတော့ချေ။


"မင်းတို့ ဘာတွေတွေးနေကြမယ်ဆိုတာ ငါသိတယ် စိန်ခေါ်သူက ရူးသွပ်နေတယ်လို့ မင်းတို့ တွေးကောင်းတွေးလိမ့်မယ် မင်းတို့ရဲ့ အတွေးကို ငါဂရုမစိုက်ဘူး...အဲ့ဒီရူးသွပ်တဲ့ စိန်ခေါ်သူက မင်းကို စားဖိုမှူး စိန်ခေါ်ပွဲ အဖြစ် ရွေးလိုက်မယ်ဆိုရင်လည်း ငါဂရုမစိုက်ဘူး ငါလိုအပ်တာက မင်းတို့ကသူ့ကို တိုက်ခိုက်ဖို့ပဲ သူကို အနိုင်ယူနိုင်မှသာလျှင် အစားကြူးတောင်ကြားရဲ့ အနာဂတ်ကို အာမခံန်ိုင်လိမ့်မယ်..."


သူက ညင်သာစွာဖြင့် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။


"အကြီးအကဲ စိတ်မပူပါနဲ့ အဲ့ဒီ မောက်မာထောင်လွှားနေတဲ့ စိန်ခေါ်သူကို စိတ်ပျက်အားငယ်ခြင်းရဲ့ အဓိပ္ပါယ်ကို သိအောင် သင်ပြပေးလိမ့်မယ်..."


ချူချန်းရှန်၏ မျက်ဝန်းများက လျှပ်စီးအလင်းများကဲ့သို့ တောက်ပနေသည်။သူဆက်ပြောလိုက်သည်။ယ


"ငါလိုချင်နေတာက ၁၀၀%သေချာမှုပဲ ဘယ်လို အမှားမျိုးကိုမှ လုပ်လို့မရဘူး...ဒါ့ကြောင့် မင်းတို့ကို အထူးလေ့ကျင့်ရေးပေးမယ် စားဖိုမှူး စိန်ခေါ်ပွဲမှာ သေချာပေါက် အောင်န်ိုင်သူဖြစ်ရမယ်..."


"အထူးလေ့ကျင့်ရေး..."


အားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။


"သူတို့ရဲ့ အဆင့်နဲ့ သူတို့က အထူးလေ့ကျင့်ရေး သင်တန်းလိုသေးတာလား...ဘယ်လိုတောင်ရယ်စရာကောင်းလိုက်လဲ...မဟာအကြီးအကဲက သူတို့ကို အထင်သေးနေတာလား..."


"အစားသရဲလမ်းမ ဖွင့်လိုက်ပြီ ...အဲ့ဒီကို သွားကြ...နောက်သုံးရက်ကြာရင် မင်းတို့ရဲ့ အစစ်အမှန်နည်းလမ်းတွေကို ပြသရမယ့်အချိန်ပဲ ..."


ချူချန်းရှန်၏ ကြေငြာသံအဆုံး၌ အားလုံးထိတ်လန့်အံ့အားသင့်သွားကြသည်။


"အစားသရဲလမ်းမ အရမ်းအန္တရာယ်များတဲ့ အစားသရဲလမ်းမလား..."


သူတို့အားလုံး လေအေးတစ်ချက်ရှိုက်လိုက်မိကြသည်။


"ဒီတော့ ဒါကို အထူးလေ့ကျင့်ရေးလို့ခေါ်တာပေါ့လေ သုံးရက်ကြာပြီးရင် အဲ့ဒီမောက်မာထောင်လွှားနေတဲ့ ကောင်လေးကို ချေမှုန်းပစ်မယ်..."


မြူကောင်းကင်မြို့ တိမ်ခိုးစားသောက်ဆိုင်...


တဖြေးဖြေး အချိန်သုံးရက်ကုန်ဆုံးသွားလေပြီ ထိုရက်များအတွင်း၌ ပုဖန်က ပုံမှန်အတိုင်းဆိုင်ဖွင့်ခဲ့လေသည်။သူ့၏ ကျင့်ကြံမှု အခြေခံက သူ့၏ စီးပွားရေးအပေါ်တွင် မှီခိုနေလေရာ ကောင်းကင်ကြီး ပြိုကျလာလျှင်တောင် ဆိုင်ဖွင့်ရပေမည်။


သို့သော်လည်း ညအချိန်၌ ပုဖန်က အချက်အပြုတ်လေ့ကျင့်ရေးပစ္စည်းတွေကို သူကိုယ်တိုင်သယ်ထုတ်ကာ ယန်မိန်ကျီနှင့်အန်းရှန့်တို့နှစ်ဦးအား အထူးလေ့ကျင့်ရေးဆင်းပေးနေလေသည်။ထိုသုံးရက်အတောအတွင်း သူတို့နှစ်ဦး၏ အချက်အပြုတ်စွမ်းရည်က အံ့သြသင့်စရာအရှိန်နှုန်းဖြင့် တိုးတက်လာလေရာ သူတို့ကိုယ်သူတို့ပင် မယုံနိုင်ဖြစ်နေကြသည်။


ပုဖန်၏ ချက်ပြုတ်လေ့ကျင့်ရေးစွမ်းရည်ကို မြင်ပြီးနောက် လေးစားအားကျလွန်းသောကြောင့် လျှာကိုက်မိမတက်ပင်ဖြစ်ကြရသည်။နောက်ဆုံး၌ ပိုင်ရှင်ပု၏ စွမ်းရည်များက ဘာကြောင့် အလွန်တရာ လွှမ်းမိုးနိုင်စွမ်းရှိကြောင်းကို သိရှိသွားကြလေပြီ။


အဘယ့်ကြောင့်ဆိုသော် သူက မည်သည့် လေ့ကျင့်ခန်းကိုမှ မလွဲချော် မကျော်ပစ်ပဲ သူ့၏ စွမ်းရည်ကို နိမ့်ကျခွင့်မပြုခြင်းကြောင့်ဖြစ်သည်။သုံးရက်ကုန်ဆုံးသွားပြီးနောက် ဆိုင်တံခါးဖွင့်လိုက်သည့်အချိန်၌ ဆောင်းရာသီ၏ နွေးထွေးမှု နေရောင်ခြည်က ပုဖန်၏ ခန္ဓာကိုယ်ပေါ်သို့ ဖြာကျလာခဲ့သည်။


ဒီနေ့လည်း ဆိုင်ဖွင့်ပေသည်။သို့သော်လည်းပုဖန်က စားဖိုမှူးမဟုတ်ပဲ ယန်မိန်ကျီနှင့် အန်းရှန့်က ပင်တိုင်စားဖိုမှူးဖြစ်လေသည်။သုံးရက်အတွင်း၌ ပုဖန်ကစားသောက်ဆိုင်၏ မီနူးပေါ်တွင်ရှိသော ဟင်းလျာများကို သင်ကြားပေးခဲ့ပေသည်။ယခု သူတို့၏ စွမ်းရည်က ပုဖန်ထက် အားနည်းမနေတော့ပေ။


ဟင်းပွဲများကို သူတို့ကိုယ်တိုင် ချက်ပြုတ်နိုင်နေပေပြီ။ပုဖန်က သူ့၏ စကားအတိုင်း ရှောင်ယကိုခေါ်ဆောင်၍ အစားကြူးတောင်ကြားထဲသို့ သွားရန် ပြင်ဆင်ထားလိုက်သည်။စနစ်၏ မစ်ရှင်က အစားကြူးတောင်ကြား၏ ထိပ်သီး ၁၀ယောက်က်ို ရင်ဆိုင်ရန်ဖြစ်သည်။၎င်းက ယခုထိတိုင်အောင် သူရရှိဖူးခဲ့သည့် မစ်ရှင်များထဲတွင် အခက်ဆုံးဖြစ်သည်။


ယခုမစ်ရှင်က စိတ်အလှုပ်ရှားရဆုံး မစ်ရှင်တစ်ခုလည်းဖြစ်လေသည်။သူ့၏ ဆဲလ်တစ်ခုချင်းစီတိုင်း တုန်ရီနေသည်ကိုပင် ခံစားမိလေ၏။ရှောင်ယ၏ ခေါင်းလေးကို ပုတ်လိုက်သည်။သူ့၏ မျက်ဝန်းများက ခ်ိုင်မာသည့် ဆုံးဖြတ်ချက်နှင့်တူနေလေသည်။သူ့၏ ဘေးမှ ရပ်နေသော ဝှိုက်တီ၏ စက်ရုပ်မျက်ဝန်းများကလည်း တဖျတ်ဖျတ်တောက်ပနေ၏။


ခေါင်းအထက်မှ ပို့ဆောင်ရေးအစီအရင်က စတင်လှုပ်ရှားလာသည်။လေပြင်းများ တိုက်ခတ်လာပြီးနောက် ပို့ဆောင်ရေးအစီအရင် အသက်ဝင်လာပေပြီ။


အစားကြူးတောင်ကြားသို့ ဒုတိယအကြိမ်ဝင်ရောက်ခြင်း...