အခန်း ၇၂၃
စားဖိုမှူးစိန်ခေါ်ပွဲအစ...
ပုဖန်၏ ပေါင်ကို ခပ်တင်းတက်းဆုပ်ကိုင်ထားခဲ့သည်။ရွှေပျားအစီအရင်အလယ်တွင် လူနှစ်ယောက်နှင့် စက်ရုပ်တစ်ရုပ်ရပ်နေခဲ့သည်။သုံးရက်ကြာပြီးနောက် အစားကြူးတောင်ကြားထဲသို့ ရှောင်ယကို ခေါ်ဆောင်လာမည်ဟု ပြောခဲ့သည့် ကတိအတိုင်း သူ ရောက်လာခဲ့ပေပြီ။ပြင်းထန်လှသော လေအရှိန်ကြောင့် မြေပြင်ပေါ်ရှိ သစ်ရွက်ခြောက်များတွင် တဖွားဖွားလွင့်ပျယ်နေသည်။
ဆည်းဆာရေကန် ...
လေပြင်းများတိုက်ခတ်လာပြီး ခဏအကြာ၌ လေဟာနယ်ထဲတွင် ရွှေ့ပြောင်းအစီအရင်တစ်ခုပေါ်လာသည်။အခိုးအငွေ့များကြားထဲတွင် ရွှေ့ပြောင်းရောက်ရှိလာသော ပုံရိပ်တစ်ခုကို မြင်နိုင်ပေသည်။ရှောင်ယက သေးကွေးပြီး ချစ်စရာကောင်းလှသည်။
သွယ်လျသော ပုဖန်၏ ပုံရိပ်နှင့်အတူ ဝတုတ်ကြံ့ခိုင်သော ဝှိုက်တီလည်း ရှိနေလေသည်။ဝှိုက်တီ၏ ခေါင်းပေါ်၌ အမြှုပ်တစီစီမှုတ်ထုတ်နေသော ပုစွန်ပိစိလည်း ရှိနေသေး၏။
ရွှေ့ပြောင်းအစီအရင်ပျောက်ကွယ်သွားပြီး လေငြိမ်သွားသည့်အချိန်၌ ကန်ဘေး၌ ပုံရိပ်သုံးရိပ်သာ ကပ်ကျန်ခဲ့လေသည်။ကောင်းကင်ပေါ်မှ ဖြာကျနေသော တောက်ပသည့် နေရောင်ခြည်က ကန်၏ မျက်နာပြင်ကို လှပလင်းလက်နေစေသည်။ကန်၏ မျက်နာပြင်ရှိ နေရောင်က ထိုနေရာတွင် ရေများ ကွဲပြားနေပြီး ရွှေများထွက်ပေါ်နေစသလို ထင်ရစေသည်။
ကန်ရေပြင်ကို ရှပ်တိုက်လာသော လေပြေညှင်းက အေးမြလှသော ရေငွေ့များကို သယ်ဆောင်လာလေသည်။
ဗွမ်း ဗွမ်း...
ကန်ရေများမြင့်တက်လာပြီးခဏ၌ ရေမျက်နာပြင်ပေါ်တွင် ကြီးမားလှသော ခေါင်းတစ်ခုပေါ်လာသည်။
ဝေါ ဝေါ...
ကမ်းခြေစပ်ဆီသို့ ရေလှိုင်းများ မြင့်တက်လာသည်။ကြီးမားသော ဦးခေါင်းပေါ်တွင် စူးရှသည့် မျက်လုံးတစ်စုံရှိနေသည်။၎င်းက ကန်ထဲတွင် ပုန်းခိုနေသည့် ဘိုးဘေးမိကျောင်းခေါင်းတိုကြီးဖြစ်သည်။
အဖြူရောင်ထောင်တျဲ ထွက်သွားပြီးသည့်နောက် သူကဘဒီနေရာ၏ ခေါင်းဆောင်ဖြစ်သွားပေသည်။အစာကွင်းဆက်၏ ထိပ်ဆုံးတွင် ရပ်တည်နေသူဖြစ်လာသောကြောင့် သူ စိတ်ရှ်ိသလို လုပ်ဆောင်နိုင်နေပေပြီ။ထို့နောက် သူ အလွန်ပင် ရင်းနီးကျွမ်းဝင်နေသည့် ပုဖန်ကို တွေ့လိုက်ရ၏။
ဝုန်း...
မိကျောင်းခေါင်းတိုက သူ့ပါးစပ်ကို ကျယ်လောင်စွာ ဖွင့်ဟ၍ ဟိန်းဟောက်လိုက်သည်။သူ့၏ ဒေါသတရားကို ပြလိုက်သည်။ပုဖန်၏ ရေကန်ကို တစ်ချက်လှမ်းကြည့်လိုက်ရာ မိကျောင်းခေါင်းတိုကို မြင်လိုက်ရသည်။သူ အတွေးတစ်ချက်ရလိုက်ပြီး နှုတ်ခမ်းထောင့်စွန်းလေးများ အထိန်းမဲ့စွာ ကော့တက်သွားလေသည်။
"အဖြူရောင်ထောင်တျဲအသားက အရမ်းအရသာရှိတယ်ဆိုတော့ ဒီမိကျောင်းရဲ့ အသားကလည်း လုံးဝ ဆိုးရွားမှာမဟုတ်ဘူး...တွေးမိတာကတော့..."
ထိုအခိုက်အတန့်မှာပင် သူ့လက်မောင်းမှ အဖြူအနက် လက်ပတ်ဆီမှ ပြင်းထန်လှသော အော်ရာများစိမ့်ထွက်လာသည်။မိကျောင်းခေါင်းတို တုန်ယင်သွားသည်။သူ ပါးစပ်မှ ရေများ မှုတ်ထုတ်လိုက်ကာ ရေကန်ထဲသို့ လျင်မြန်စွာ နစ်မြှုပ်သွားသည်။
"မင်းငါ့ကို မမြင်လိုက်ဘူး ..."
၎င်းက မိကျောင်းခေါင်းတိုကြီး၏ တစ်ကိုယ်တော် ပြဇာတ်ပင်ဖြစ်သည်။ပုဖန်၏ လက်ပတ်ဆီမှ သူ့ကို နှစ်ပေါင်းများစွာ အနိုင်ယူခဲ့သော ထောင်တျဲ၏ အော်ရာများကို ရရှိလေသည်။
ထို့ကြောင့် မိကျောင်းခေါင်းတိုကြီးက အဆင်အခြင်မဲ့ မပြုလုပ်ရဲတော့ပေ။သူ လုံးဝ သွားမရှုပ်ရဲပေ။အဖြူရောင်ထောင်တျဲက အလွန်ကြောက်စရာကောင်းနေသည်။၎င်းက သူ့ကို စားလိုက်ရင် မည်သို့ လုပ်မည်နည်း ထို့ကြောင့် မိကျောင်းခေါင်းတိုက အီးပင်ကျယ်ကျယ်မပေါက်ရဲတော့ပဲ ရေထဲသို့ အသာအယာ ငုပ်လျိုးသွားခြင်းဖြစ်သည်။
ပုဖန်ကလည်း ယခုလက်ရှိ၌ ထိုကစားစရာလေးကို စိတ်မဝင်စားပေ။သူရှောင်ယ၏ ခေါင်းလေးကို ပုတ်လိုက်ပြီး အစားအကြူးနတ်ဘုရားမြို့တော်သို့ သွားလိုက်သည်။ယနေ့တွင် သူက ပြိုင်ပွဲပြိုင်ရန် လာခြင်းဖြစ်ပြီး တခြားမည်သည့်အရာမှ လုပ်ချင်စိတ်မရှိပေ။
ဝှိုက်တီက သူတို့နောက်မှ ထပ်ကြပ်မခွာလိုက်ပါလာသည်။မကြာခင်မှာပင် အစားပုတ်နတ်ဘုရားမြို့တော်သို့ ရောက်ရှိလာလေ၏။အစားပုတ်နတ်ဘုရားမြို့တော်သည် ကြီးမားပြင်းထန်သော ကြုံတွေ့ခဲ့သည်နှင့်အမျှ ၎င်း၏ ခံစစ်က ပိုမို ခိုင်မာလာသည်။
မြို့ရိုးတံတိုင်းအထက်တွင် ပိုမိုများပြားသော အစောင့်များ ကင်းလှည့်နေကြသည်။ထိုအစောင့်များက ပုဖန်ကို မြင်လိုက်သောအခါ၌ ထို့နောက် သူတို့ ပုဖန်ကို တားဆီးရန် လျှောက်လာခဲ့ကြသည်။စစ်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော ကင်းခေါင်းဆောင်က ပုဖန်ကို မျက်ဝန်းများမှေးစင်း၍ ကြည့်လိုက်သည်။
ပုဖန်၏ မျက်နာက ပြောင်းလဲခြင်းမရှိပေ။သူက ရှောင်ယ၏ လက်ကလေးကိုဆွဲ၍ ရှေ့သို့ ဆက်လျှောက်လာခဲ့သည်။ထိုသူများ စိတ်ဆိုးဒေါသထွက်စွာဖြင့် ပုဖန်ကို ဖမ်းဆီးရန် ပြင်လိုက်ကြသည်။သူတို့က သူတို့ မအော်န်ိုင်ခင်မှာပင် နားထဲ၌ စကားသံ တစ်ခုကို ကြားလိုက်ရသည်။
"မဟာအကြီးအကဲ..."
ထိုအသံကြောင့် ကင်းခေါင်းဆောင် အံ့အားသင့်သွားသည်။
"သူ့ကို မတားနဲ့ ဖြတ်သန်းခွင့်ပေးလိုက်..."
ချူချန်းရှန်၏ စကားသံက ညင်သာလှသော်လည်း အစောင့်များ၏ နားထဲတွင်မိုးကြိုးပစ်သံကဲ့သို့ သူတို့၏ နှလုံးသားများပင် တုန်ရီသွားသည်။သူတို့၏ အနည်းငယ်မျှပင် မဆန့်ကျင်ရဲတော့ပဲ ပုဖန်ကို ဖြတ်သန်းခွင့်ပေးလိုက်လေသည်။
အစားပုတ်နတ်ဘုရားမြို့တော်က ပုံမှန်အတိုင်း စည်းကားသိုက်မြိုက်နေဆဲပင်ဖြစ်သည်။ရှောင်ယက မြို့တော်ကိုအရင်ကကြောက်ခဲ့ဖူးသော်လည်း အရောင်အသွေးစုံလင်လှသော ကုန်ပစ္စည်းများနှင့် စွဲမက်ဖွယ်ရာ စားစရာများက သူမကို ဆွဲဆောင်ထားနိုင်တုန်းပင်ဖြစ်သည်။အခြားတစ်ဘက်တွင်မူ ပုဖန်က အနည်းငယ်မျှပင် ရပ်တန့်ခြင်းမရှိပဲ အစားကြူးနတ်ဘုရား အဆောက်အအုံရှိရာဆီသို့သာ ဦးတည်၍ လာခဲ့သည်။ဒီတစ်ကြိမ်၌ စားဖိုမှူး စိန်ခေါ်ပွဲက အစားကြူးနတ်ဘုရားရင်ပြင်ကျယ်တွင် ကျင်းပပေမည်။
အစားသရဲလမ်းမ...
လေဟာနယ် အက်ကွဲကြောင်း ဖြစ်ပေါ်လာပြီနောက် ပုံရိပ်များ ထွက်ပေါ်လာလေသည်။ရန်ယု ပထမဦးဆုံး ထွက်လာလေသည်။သူ့ကို ကြည့်ရသည်မှာ အစားသရဲ လမ်းမဆီ မဝင်ခင်ကနှင့် ခြားနားသွားခြင်းမရှိပေ။လူများစွာက ထိုလမ်းမထက် လျှောက်လှမ်းသွားသောအခါတွင် သေခြင်းတရားကို စိန်ခေါ်၍ လျှောက်လှမ်းကြခြင်းဖြစ်သည်။သို့သော်လည်း ရန်ယုအတွက်မူ အပန်းဖြေ လမ်းလျှောက်သကဲ့သို့ပင် သူ့နောက်၌ မုချန် လျိုကျားလီနှင့် အခြားသူများ လိုက်ပါလာကြသည်။
သုံးရက်ကြာပြီးနောက် သူတို့၏ အော်ရာများက ပြောင်းလဲသွားခဲ့လေပြီ သူတို့၏ ပျင်းရိလေးတွဲသော အမူအရာများက ကမ္ဘာမြေကိုပင် ထိုးဖောက်မတက်သကဲ့သို့ စူးရှထက်မြက်လှသည်။
လေဟာနယ်အက်ကွဲကြောင်းထဲမှ နောက်ဆုံး တစ်ယောက်လျှောက်ထွက်လာသည့်အချိန်၌ ချူချန်းရှန်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။ထိုလူ၏ ဆံပင်ရှည်များက မဖီးမသင်ထားသောကြောင့် ရှုပ်ပွနေသည်။သူ့၏ မျက်ဝန်းများကလည်း ခံစားချက်မဲ့စွာ တည်ငြိမ်လှသည်။ထိုသူ၏ အော်ရာများက အဆုံးအစမဲ့ ပြန့်ကားနေသည်။
ထိုသူ ချူချန်းရှန်ကို တွေ့လိုက်သည့်အခါ၌ တစ်စုံတစ်ရာ ပြောချင်သလိုမျိုး သူ့၏ နှုတ်ခမ်းထောင့်စွန်းများ လှုပ်ခါသွားသည်။သို့သော်လည်း မည်သည့်အသံမှ ထွက်မလာပေ။
"ဝမ်ရန်ချုံ..."
ချူချန်းရှန် တီးတိုးရေရွတ်လိုက်သည်။ဝမ်ရန်ချုံက အစားသရဲလမ်းမထက်တွင် သေဆုံးသွားခဲ့ပြီဟု သူထင်ထားခဲ့မ်ိခြင်းဖြစ်သည်။သူ ပြန်ထွက်လာလိမ့်မည်ဟု မမျှော်လင့််ထားခဲ့ပေ။ထို့အပြင် ဝမ်ရန်ချုံ၏။ အော်ရာများကလည်း ပြောင်းလဲသွားသည်။တစ်စုံတစ်ရာ တိုးတက်မှု ရရှိခဲ့ပုံပေါ်သည်။
"ဆရာ ကျွန်တော်ပြန်လာပြီ..."
နောက်ဆုံး၌ ဝမ်ရန်ချုံ သူ့၏ ခြောက်သွေ့နေသော ပါးစပ်ကို ဖွင့်ဟလိုက်သည်။သူ့၏ အက်ရှကြမ်းတမ်းလှသော အသံက အားလုံး၏ စိတ်အာရုံကိုပင် တုန်ယင်သွားစေသည်။
ချူချန်းရှန် ခံစားချက်အပြည့်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။ထို့နောက်သူ့၏။မျက်ဝန်းထဲတွင် အလင်းရောင်များလက်ဖြာလာလေသည်။
"မင်းပြန်ထွက်လာနိုင်လိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး...ကောင်းတယ် မင်းကို စားဖိုမှူးစိန်ခေါ်ပွဲနဲ့ အနိုင်ယူနိုင်ခဲ့တဲ့သူကို ပြန်ပြီးတော့ အန်ိုင်ယူချင်တယ်လို့ မပြောခဲ့ဘူးလား...အခုတော့ မင်းအတွက် အခွင့်အရေး ရောက်လာပြီ ..."
ချူချန်းရှန် တည်ငြိမ်စွာ ပြောလိုက်သည်။
"အခုတော့ မင်းအတွက် အခွင့်အရေးရောက်လာခဲ့ပြီ..."
ချူချန်းရှန် တည်ငြိမ်စွာပြောလိုက်သည်။ဝမ်ရန်ချုံ၏ စိတ်ဝိညာဉ် ကင်းမဲ့နေသော မျက်ဝန်းများ လှုပ်ရှားသွားသည်။နောက်ခဏ၌ ရူးသွပ်သွားသည်သကဲ့သို့ တောက်ပလာလေသည်။
"ကျွန်တော် သေချာပေါက် သူ့ကို အနိုင်ယူပြစ်မယ်..."
ဝမ်ရန်ချုံ သူ့၏ ခေါင်းကို တင်းတင်းဆုပ်ကိုင်၍ ကျုံးဝါးလိုက်သည်။
"အခုမင်းမှာ အခွင့်အရေးရှိပြီ ...တခြားသူတွေနောက်က လိုက်ခဲ့ ..."
ချူချန်းရှန် ပြောပြီးသည်နှင့် အစားကြူးနတ်ဘုရားအဆောက်အအုံဆီသို့ ပြန်လည်လျှောက်သွားလိုက်သည်။သူတို့ အဆောက်အဦးဆီရောက်သည့်အချိန်၌ ပုဖန် မရောက်လာသေးပေ။
မည်သူမှ စကားမဆိုကြပေ။အစားသရဲလမ်းမကို ဖြတ်ကျော်ပြီးသည့်အချိန်၌ ခက်ခဲမှုဟု ခေါ်ဆိုသော အရာကို သူတို့သိရှိသွားခဲ့ပေပြီ။သုံးရက်အထူးလေ့ကျင့်သည်ဆိုသည်ကသူတို့အတွက် တကယ့်စိတ်အခက်အခဲတစ်ခုပင်ဖြစ်သည်။
"ဟေး...အဲ့ဒီ ထောင်လွှားနေတဲ့ စားဖိုမှူးမလာသေးဘူးလား...."
ဝမ်ရမ်ရှန် အနည်းငယ် စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။သူသည်လည်း အနည်းငယ် ပြောင်းလဲလာခဲ့သည်။သို့သော်လည်း အရင်ကကဲ့သို့ အရက်ကို ကြိုက်နှစ်သက်ဆဲ တောင်းတဆဲ အထိန်းအကွပ်မဲ့ စိတ်ရှိသလို လုပ်တက်ဆဲပင်ဖြစ်သည်။
ချူချန်းရှန် မည်သည့်စကားမှ မဆိုပဲ အကြည့်တစ်ချက်သာ ပေးလိုက်သည်။ထို့နောက် သူတို့အားလုံး၏ မျက်ဝန်းများက အစားကြူးနတ်ဘုရား ရင်ပြင်ကျယ်၏ လမ်းဆုံရှိရာဆီသို့ ရောက်သွားသည်။
ကျယ်လောင်သောအသံနှင့်အတူ ကြီးမားလေးလံလှသော တံခါးက ဖြေးညှင်းစွာ ပွင့်ဟသွားပြီး နေရောင်ခြည် ဖြာကျလာလေသည်။ထို့နောက် သူတို့၏ မြင်ကွင်းထဲသို့ နေရောင်ကြောင့် ရှည်ထွက်နေသော အနက်ရောင်အရိပ်သုံးခု ဝင်လာလေသည်။
ခဏမျှတိတ်ဆိတ်သွားပြီးနောက် သူတို့၏ နားထဲသို့ ခြေသံဖျော့ဖျော့များ တိုးဝင်လာလေသည်။အားလုံးက သတိအနေအထားဖြစ်သွားပြီး စူးရှသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။စားဖိုမှူး ၁၀ယောက်ကို စိန်ခေါ်ချင်တဲ့မောက်မာထောင်လွှားသော ကောင်လေး ပေါ်လာပေပြီ။
သူတို့၏ မျက်ဝန်းများက နေရောင်ဖြင့် အသားကျသွားပြီးမှ ပုံရိပ်သုံးခုကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ကလေးမလေးတစ်ယောက် ပိန်ပါးသော လူငယ်တစ်ယောက် ပြီးတော့ ဝဝတုတ်တုတ်သံရုပ်သေးတစ်ရုပ်..ထိုထူးဆန်းလှသော ပေါင်းစပ်မှုက သူတို့အားလုံးကို အံ့အားသင့်သွားစေသည်။စိန်ခေါ်သူသည် လုံးဝ ကြောက်စရာကောင်းလှသော လူတစ်ယောက်ဖြစ်သည်ဟု မျှော်လင့်ထားမိကြသည်။
သို့သော်လည်း သူတို့ရှေ့က ရင်းနီးကျွမ်းဝင်နေတဲ့ပုံရိပ်ဖြစ်လိမ့်မည်ကို မည်သူကထင်ထားမည်နည်း။ဒါကအစားကြူးနတ်ဘုရားစားသောက်ပွဲမှာ ဝမ်ရမ်ရှန်နှင့် ယှဉ်ပြိုင်ခဲ့ပြီးသော မထင်မှတ်ထားတဲ့ ရလဒ်ထွက်စေခဲ့တဲ့ဖျက်မြင်းစားဖိုမှူး မဟုတ်ဘူးလား...
ဝမ်ရမ်ရှန်နှင့် ပုဖန်တို့ယှဉ်ပြိုင်ထားသောအခါ၌ သူ့၏ အချက်အပြုတ်ကျွမ်းကျင်မှုကြောင့် အားလုံးပင် အံ့အားသင့်တုန်လှုပ်သွားခဲ့ရသည်။
"ဘယ်လိုဖြစ်လို့ သူဖြစ်နေရတာလဲ ..."
ချွီရန်ချန်းဖုန် အံ့အားသင့်သွားသည်။သူလုံးဝမထင်ထားခဲ့မိပေ။အဘယ့်ကြောင့်ဆိုသော် ပုဖန်က စားဖိုမှူး၁၀ယောက်လုံးကို စိန်ခေါ်ချင်နေသော ထောင်လွှားမောက်မာသည့် သူနှင့် မတူပေ။
"အာ...ပုဖန်ရဲ့ အရည်အချင်းက မလုံလောက်ဘူးမဟုတ်ဘူးလား..."
ပုဖန်၏ အချက်အပြုတ်စွမ်းရည်က မဆိုးလှသော်လည်း ပထမအဆင့်မျှလောက်သာရှိသေးသည်။သူက ထိပ်ဆုံးတစ်ယောက်ပင်မဖြစ်နိုင်သေးပေ။ပထမအဆင့် စားဖိုမှူး ကျိုးချန်ပင်လျှင် ပုဖန်နှင့် ယှဉ်ပြိုင်ဖို့အတွက် သာလွန်နေပေပြီ။
"ဒီကောင်လေးက စားဖိုမှူးစိန်ခေါ်ပွဲကို ယှဉ်ပြိုင်ချင်တယ်သူက သေဖို့ဆုတောင်းနေတာများလား..."
အရက်မော့သောက်ခါနီး ဝမ်ရမ်ရှန်၏ လက်များကလည်း တောင့်တင်းနေသည်။သူ့၏ မျက်ခုံးများ ပင့်တက်သွား၏။
"ဒီကောင်လေးပဲ ထပ်ဖြစ်ပြန်ပြီလား...စိတ်ဝင်စားစရာပဲ..."
ဝမ်ရမ်ရှန် နှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။ထို့နောက် သူ ရယ်မောလိုက်ကာ ဝိုင်အနည်းငယ် မော့သောက်လိုက်သည်။ရန်ယု၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားသည်။အေးစက်သော အပြုံးတစ်ခုကို ထုတ်ဖော်ထားလေသည်။
"ဒီကောင်လေးက သူကိုယ်တောင် မျက်နာသာမပေးဘူးပဲ ဒီတော့ စားဖိုမှူးစိန်ခေါ်ပွဲမှာ ဘယ်လိုမျိုး ပြုမူ သင့်တယ်ဆိုတာကို ကောင်းကောင်းသင်ပေးရမယ် ...မည်သို့ပင်ဆိုစေ ဒီကောင်လေး သူနှင့် ယှဉ်ပြိုင်သည်အထိ မကျော်နိုင်ဆိုသော ပြဿနာတစ်ရပ်တော့ရှိနေပေသည်။ယ
ပုဖန်ကို မြင်လိုက်သည့်အခါ၌ သက်ပြင်းတစ်ချက်ချလိုက်သည်။သူပုဖန်ကို မှတ်မိသွားသည်နှင့်သူ့၏ မျက်ဝန်းထဲ၌ မီးတောက်များတောက်လောင်လာလေသည်။
"ဒီကောင်လေး ငါရဲ့ ကောင်းကင်ကမ္ဘာမြေမီးလျှံကို မျိုချသွားတဲ့ ကောင်စုတ်လေး..."
ဝမ်ရန်ချုံ၏ မျက်ဝန်းများက ပုဖန်ပေါ် ကျရောက်သွားသော်လည်း မည်သည့်စကားမှ မဆိုလာခဲ့ပေ။သို့သော်လည်း သူ့၏ အသက်ရှူသံများက ပြင်းထန်လာပြီး မျက်ဝန်းများက သွေးနီရောင်ရဲရဲတောက်လာသည်။
ချူချန်းရှန် ပုဖန်ကို တည်ငြိမ်စွာကြည့်နေလိုက်သည်။အားလုံး၏ အကြည့်များက မျက်နာချင်းဆိုင်မှ လျှောက်လာသော ပုဖန်တို့အပေါ်တွင်သာ စူးစိုက်ကျရောက်နေသည်။တကယ်တမ်းပြောရမည်ဆိုလျှင် သူ့၏ အမူအရာများက လုံလောက်အောင်သန်မာမှု မရှိပေ။
လမင်းကြီးကဲ့သို့ တောက်ပနေသော ထိပ်တန်းစားဖိုမှူး ၁၀ယောက်၏ အော်ရာများနှင့် ယှဉ်လျှင် ပုဖန်၏ အော်ရာများက ပိုးစုန်းကြူးအလင်းရောင်မျှသာရှိလေသည်။ပိုးစုန်းကြူးက လမင်းကြီးကို မည်ကဲ့သို့ ရိုက်ချနိုင်ပါမည်နည်း။
"မင်းရောက်လာပြီပဲ..."
ချူချန်းရှန် သဘာဝကျစွာပင် နှုတ်ဆတ်စကားဆိုလိုက်သည်။
"ကျုပ်လာမယ်လို့ ပြောထားပြီးသားပဲ...ထိပ်တန်း စားဖိုမှူး ၁၀ယောက်က ကျုပ်ကို စိတ်မပျက်စေဘူးလို့ မျှော်လင့်ပါတယ်..."
ပြင်းထန်လှသော ဖိအားများအောက်တွင် ပုဖန်ဝတ်ဆင်ထားသော နီရောင်စားဖိုမှူးဝတ်ရုံစက တဖျတ်ဖျတ်လှပ်ခါနေသည်။ချက်ချင်းပင် ပုဖန်၏ အော်ရာများ ထွက်ပေါ်လာသည်။ထိုအော်ရာများက တောက်လောင်နေသာ မီးတောက်များကဲ့သို့ ကောင်းကင်အမြင့်ထ်ိ တိုးတက်သွားသည်။
ဘုန်း...
ပုဖန်၏ လက်မှ အစိမ်းရောင်မီးခိုးငွေ့များထွက်ပေါ်လာပြီး ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားထွက်လာလေသည်။သူဓားကို ပခုံးပေါ်တင်လိုက်ပြီးနောက် ထိုသူများအားလုံးကို တစ်ချက်ကြည့်ကာ တုန်းသေနေသော အသံဖြင့် ပြောလိုက်သည်။
"လာ လာ...အရင်ဆုံး ကျုပ်နဲ့ စားဖိုမှူး စိန်ခေါ်ပွဲ ယှဉ်ပြိုင်မယ့်သူက ဘယ်သူလဲ..."