အပိုင်း ၇၂၅
Viewers 53k

အခန်း ၇၂၅

အရည်မရအဖတ်မရပြောမနေနဲ့...ငါအလျင်လိုနေတယ်...


"ငရဲကမ်ဘာ..."


ပြင်းထန်လှသော ဓားစွမ်းအင်များထွက်ပေါ်နေသည့် နက်ရှိုင်းလှသော ချောက်နက်ကြီးတစ်ခုထဲတွင် ခမ်းနားထည်ဝါလှသော အေးစက်တိတ်ဆိတ်သော မြင့်မားသည့် နန်းတော်တစ်ခုတည်ရှိနေလေသည်။


ထိုနန်းတော်တွင် ထူးဆန်းသော ထောင့်များ အစွန်းများရှိနေသည်။ကောင်းကင်ထိတိုင်အောင် ထိုးတက်နေသော အေးစက်လှသောသံတိုင်အမြောက်အများလည်းရှိ၏ ထိုသံတိုင်များကို လေးလံအေးစက်လှသော သံကြိုးများဖြင့် ဆက်သွယ်ထားသည်။


ဒါက ငရဲဘုရင်၏ နန်းတော်ဖြစ်သည်။ထိုနန်းတော်သည် အလွန်တိတ်ဆိတ်ဝေးကွာလှသော ငရဲကမ္ဘာ၏ ထောင့်တစ်နေရာတွင် အထီးကျန်စွာတည်ရှိနေသည်။


ကြီးမားလေးလံလှသော ဂိတ်တံခါးကြီးက တကျွီကျွီအသံဖြင့် ပွင့်သွားသည်နှင့် အေးစက်သော်လည်း ကြည်လင်တောက်ပလှသော နေရောငမခြည်က မြေပြင်ပေါ်သို့ ဖြာကျလာလေသည်။


အဖ်ိုးကြီးထျဲက ဆံပင်များ ဖြူဖွေးနေပြီဖြစ်သော်လည်း သူ့ကို ကြည့်ရသည်မှာ အနည်းငယ်ကလေးဆန်ပုံပေါ်လေသည်။ဆေးကြောထားသော အသီးအနှံများထည့်ထားသည့် ဗန်းကို ဂရုတစိုက်ကိုင်ကာ နန်းတော်ထဲသို့ ဝင်လာခဲ့သည်။ပုံရိပ်တစ်ခု ထိုင်နေသော မြင့်မားသည်ပလ္လင်နားသို့ တိုးကပ်သွားလိုက်သည်။


"အရှင် ကျွန်တော်မျိုး သစ်သီးတွေ ဆက်သပါတယ်..."


အဖိုးကြီးထျဲက ငရဲဘုရင်ကို အသီးဗန်းကို ရိုသေစွာကမ်းပေးလိုက်သည်။ငရဲဘုရင် ပြန်ရောက်လာကတည်းက အမြဲတမ်း စိတ်မကြည်မလင်ဖြစ်နေလေသည်။ထို့ကြောင့် အဖိုးကြီးထျဲက စိုးရိမ်ပူပန်နေမိသည်။သူကြိုးစား၍ ငရဲဘုရင် စိတ်ပျော်ရွှင်အောင် ပြူလုပ်ပေးနေမိသည်။


သူခေါ်လိုက်သော်လည်းငရဲဘုရင်ဆီမှ ပြန်လည်တုံ့ပြန်မှု ရမလာသောကြောင့် နှလုံးခုန်နှုန်းများပင် မြန်ဆန်လာခဲ့သည်။


"အရှင်..."


အဖိုးကြီးထျဲက ထပ်မံ၍ ခေါ်ဆိုလိုက်သည်။သို့သော်လည်း ငရဲဘုရင်က တိတ်ဆိတ်ငြိမ်သက်နေတုန်းပင်ဖြစ်၏။စိုးရိမ်ပူပန်စွာဖြင့် ခေါင်းမော့၍ ပလ္လင်ထက်ဆီသို့ ကြည့်လ်ိုက်သည်။


အဖိုးကြီးထျဲ၏ မျက်နာက ဖြူဖျော့သွားသည်။သူပါးစပ်အဟောင်းသားဖြစ်သွားပြီး လက်ထဲမှ သစ်သီးဗန်းလွတ်ကျသွားကာ သစ်သီးများကြမ်းပြင်ပေါ်သို့ ကျသွား၏။


"အရှင်မင်းကြီး ငါ့ရဲ့ အရှင်ဘယ်ရောက်သွားတာလဲ..."


ပလ္လင်ပေါ်၌ ငရဲဘုရင်အစား အနက်ရောင်ဝတ်ရုံခြုံလွှမ်းထားသည့် ရုပ်သေးတစ်ရုပ်သည ရှိနေလေသည်။၎င်း၏ ပြုံးဖြီးဖြီးမျက်နာက အဆက်မပြတ် လှုပ်ခါနေလေသည်။ထိုရုပ်သေး၏ မျက်နာကိုကြည့်ကာ အဖိုးကြီးထျဲ ဝမ်းချုပ်သွားသလိုပင်ခံစားလိုက်ရသည်။


ထိုအခိုက်အတန့်၌ သူ့၏။အရှင်သခင် ငရဲဘုရင် ထပ်မံ ထွက်ပြေးသည်ဖြစ်ကြောင်း သိလ်ိုက်လေပြီ။နဂါးမြို့ဟောင်းတိုက်ကြီး အဆုံးမဲ့ပင်လယ်...


နဂါးတစ်ကောင် ကောင်းကင်ပေါ်သို့ထိုးတက်သွားသကဲ့သို့ ကြီးမားလှသော ရေလှိူင်းလုံးကြီးများ ရိုက်ခတ်လာသည်။ထိုလှိုင်းလုံးများ၏ အလယ်၌ အစီအရင်တစ်ခု၏ စွမ်းအင်များ ဖြစ်တည်လာ၏။ရေနဂါးပုံရိပ်က ပျောက်ကွယ်သွားပြီး ရွှေ့ပြောင်းအစီအရင်ပေါ်လာသည်။


ထိုအစီအရင်ထဲ၌ ပုံရိပ်တစ်ခုပေါ်လာသည်။ထိုသူက ကောင်းကင်ကို ဖင်ပေးထားလေသည်။သူ့၏ မျက်နာပင် အနည်းငယ်မျှ အသက်ဆက်မရှင်ချင်တော့သည့် အရိပ်အယောင်မျိုးပေါ်လွင်နေသည်။ထိုသူက ငရဲနန်းတော်မှ ခိုးထွက်လာသေု ငရဲဘုရင် အာဟပင်ဖြစ်သည်။


ထိုအခိုက်အတန့်၌ အာဟက သူ့၏ တင်ပါးများကို မြင့်မြင့်မြောက်တင်ထားသည်။သူ့၏ မျက်နာပေါ်တွင် ပန်ဒါများကဲ့သို့ အည်ိုရောင်အကွင်း နှစ်ကွင်းနေရာယူထားပေသည်။မျက်နာက ချောင်ကျသွားသောကြောင့် အသားများများပင်မကျန်တော့ပေ။


ငရဲဘုရင်က ခန္ဓာကိုယ်ကို လှည့်လိုက်ပြီး ရွှေ့ပြောင်းအစီအ င်ထဲမှ ထထိုင်လိုက်သည်။သူခေါင်းကုတ်လိုက်ပြီး ဖြေးညှင်းစာသက်ပြင်းတစ်ချက်ချလိုက်သည်။သူ့တွင် စိတ်ဓာတ်တက်ကြွနေမှု လုံးဝမရှိပေ။


သူအစီအရင်ထဲမှ ထွက်လိုက်သည်နှင့် မီတာဒါဇင်ခန့်မြင့်သော ကောင်းကင်အမြင့်မှ ပြုတ်ကျလာလေသည်။


ဝူး ဝူး ဝူး...


ပြင်းထန်သည့် လေအရှိန်ကြောင့် သူ့၏ ဆံပင်များက လွင့်ခါနေသည်။


"အစပ်ချောင်းမရှိတော့ ငါလမ်းတောင်မလျှောက်နိုင်တော့ဘူး..."


ကောင်းကင်မှ ပြုတ်ကျနေရင်းဖြင့် သူသနားစရာ ကောင်းလှစွာ ငြီးတွားလိုက်သည်။


ဂါး...


ရုတ်တရက် ရက်စက်ကြမ်းတမ်းလှသော ဟိန်းဟောက်သံတစ်ခု ပဲ့တင်ထပ်ထွက်ပေါ်လာသည်။ပင်လယ်ရေမျက်နာပြင်က မြင့်တက်လာပြီး ငရဲဘုရင် ပြုတ်ကျသည့် နေရာ၌ အနက်ရောင်အရိပ်တစ်ခု ပေါ်လာသည်။ထို့နောက်ကြောက်မက်ဖွယ်ကောင်းလှသောရေသတ္တါစိတ်ဝိညာဉ်သားရဲကြီးတစ်ကောင်ပေါ်လာ၏။၎င်း၏ ကြီးမားလှသော ပါးစပ်ကို ဖွင့်ဟ၍ ထက်မြေ့လှသောသွားစွယ်များကို လှစ်ဟပြထားလေသည်။


၎င်းကငရဲဘုရင် သူ့ပါးစပ်ထဲသို့ ပြုတ်ကျလာမည်ကို မျှော်လင့်တကြီးစောင့်ဆိုင်းနေသည်။မျက်ကွင်းမဲမဲများနှင့် ငရဲဘုရင်က မျက်လုံးအသာဖွင့်ငြည့်လ်ိုက်သည်။ထို့နောက် လက်လေးတစ်ဖက် မြောက်တက်လာပြီးပုတ်လိုက်သည်။


ခဏကြာပြီးနောက် သန်းဝေနေသော ငရဲဘုရင်က သားရဲကြီး၏ကျောပေါ်တွင်ထိုင်နေလေသည်။အစောပိုင်းက ရိုက်ခံလိုက်ရသော ရလဒ်အနေဖြင့် သားရဲကြီး၏ မျက်နာက ရောင်ကိုင်းနေပေသည်။သားရဲက ဆားငံရေများထဲသို့ အလျင်အမြန်ပင် ကူးခတ်သွားလေတော့သည်။


"ငါ့ရဲ့ အချစ်ကလေး အရသာရှိလှတဲ့ အစပ်ချောင်းလေးတွေ မင်းတို့ရဲ့ ငရဲဘုရင် အရှင်သခင်က ဒီမှာရောက်နေပြီ ..."


ငရဲဘုရင် နှုတ်ခမ်းများသပ်လိုက်ပြီး ရေရွတ်လိုက်သည်။သူ အဆုံးမဲ့ ပင်လယ်ကို ဝေ့ဝဲကြည့်ရင်း စိတ်လှုပ်ရှားလာသည်။


"အစပ်ချောင်းလေးနဲ့ တွေ့ဖို့အတွက် ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ကို ဖြတ်မယ်..."


ငရဲဘုရင်မှလွဲ၍ မည်သူမှ ထ်ိုကဲ့သို့ လုပ်လိုက်မည်မဟုတ်ပေ။


အစားကြူးတောင်ကြား...


အစားကြူးနတ်ဘုရားအဆောက်အဦး၏ ကျယ်ဝန်းလှသော ရင်ပြင်ကျယ်တွင် မီးဖိုခုံနှစ်ခုကို ပြင်ဆင်ထားပြီးပေပြီ။ထိုမီးဖိုခုံများပေါ်၌ စားဖိုမှူးနှစ်ယောက်အတွက် ပါဝင်ပစ္စည်းများကိုလည်း ပြင်ဆင်ထားပြီပေ။ဝမ်ရမ်ချုံက ကျွဲရိုင်းနှင့်တူသော စိတ်ဝိညာဉ် သားရဲ ငါးတစ်ကောင်ကို ရရှိထားသည်။


သူ့၏ ကိုယ်ပိုင်အချက်အပြုတ်ကျွမ်းကျင်မှုနည်းလမ်းများကို စစ်ဆေးခြင်းဖြစ်သောကြောင့် သူတို့ရရှိထားသော ပါဝင်ပစ္စည်းများ၏ အဆင့်က တူညီကြလေသည်။ပုဖန်က သာမန်အရွယ်အစားရှိသော ငါးတစ်ကောင်ကို ရွေးချယ်ထားလေသည်။သို့သော်လည်း ထ်ိုငါးကို ကြည့်ရသည်မှာ သာမန်နှင့်မတူပေ။တကယ်တမ်းပြောရမည်ဆိုလျှင် ထိုငါးက ပင်လယ်ပြင်တစ်ခုလုံး၌ အရက်စက်ဆုံးငါးဟု ဆိုနိုင်ပေသည်။


၎င်းက ပင်လယ်ထဲတွင် လှည့်လည် ကျက်စားသော မိုးကြိုးလျှပ်စီးငါးဖြစ်သည်။၎င်းကူးခတ်သွားသည့် ပတ်ဝန်းကျင်တစ်လျှောက်တွင် လျှပ်စစ်ဓာတ်များကို ထုတ်လွင့်နေသည်။ထိုစွမ်းအင်များက သာမန်စိတ်ဝိညာဉ် သားရဲတစ်ကောင်ကို လျှပ်စီးဓာတ်ကူးသွားဖို့ လုံလောက်အောင်သန်အာနေပေသည်။


အစားကြူးတောင်ကြားက စားဖိုမှူးများ၏ မြင့်မြတ်သန့်စင်ဖြစ်ဖို့ တကယ်ကို ထိုက်တန်ပေသည်။၎င်းက လျှို့ဝှက်နဂါး တော်ဝင်ခုံရုံး၏ နယ်နိမိတ် အလယ်ဗဟိုတွင်ရှိနေသော်လည်း သူတို့၌ ကိုယ်ပိုင်ပါဝင်ပစ္စည်းများ ဖူလုံရုံသာမက ပင်လယ်ပြင်မှလည်း လိုအပ်သော ပစ္စည်းများကို ဝယ်ယူနိုင်ပေသည်။


ယခု အသုံးပြုသော လတ်ဆတ်သည့် ရေနေသားရဲများကိုလည်း ထိုကဲ့သို့ ဝယ်ယူထားခြင်းဖြစ်၏။ပါဝင်ပစ္စည်းများကို ကြည့်ရှုပြီးနောက် လူအားလုံးက သူတို့နှစ်ဦး၏ ပြိုင်ပွဲ စတင်မည်ကို အာရုံစိုက်လာကြသည်။တကယ်တမ်းပြောရမည်ဆိုလျှင် လူတော်တော်များများက ဝမ်ရမ်ချုံက သိထားကြပေသည်။သူသည် ချူချန်းရှန်၏ ကျောင်းသားတစ်ဦးဖြစ်ပြီး အပြင်ဘက်ကမ္ဘာတွင် စားဖိုမှူးတစ်ယောက်ကို ရှုံးနိမ့်ခဲ့သည်ဟု သိရစဉ်က စိတ်မကောင်းဖြစ်ခဲ့ကြရသည်။


သို့သော်လည်း မမျှော်လင့်ထားစွာပင် ပြိုင်ကွင်းထဲ၌ ထပ်မံ ပေါ်ထွက်လာခဲ့သည်။၎င်းက ပြိုင်ဘက်နှစ်ဦးကြားထဲ၌ ရန်ညှိုး နားကျည်းချက်များရှိနေသည်ဟု ပရိတ်သတ်အချို့က နားလည်ထားကြသည်။အရင်အချိန်က ပုဖန်က ဝမ်ရမ်ချုံကို အနိုင်ယူခဲ့ပြီး ဒီနေ့ပွဲ၌ ဝမ်ရမ်ချုံက သူ့၏ ငိက္ခာကျမှုများကို ပြန်လည်ဆေးကြောရန်အတွက် ပုဖန်ကို စိန်ခေါ်ခြင်းဖြစ်သည်။


ထိုကဲ့သို့ နောက်ခံဇာတ်ကြောင်းက လူများကို ပို၍ စိတ်ဝင်စားတက်ကြွစေသည်။ပါဝင်ပစ္စည်းများကို ကိုင်တွဟ်နေသည့် ဝမ်ရမ်ချုံကို ကြည့်ရင်း မည်သည့်ကြောင့် ရုတ်တရက် အလွန်စိတ်လှုပ်ရှားလာမည်မှန်း သူမသိတော့ပေ။


ပြိုင်ကွင်းဧရိယာ၏ ဘေး၌ ထိုင်ခုံ ငါးခု ရှိနေလေသည်။ချူချန်းရှန် ဆဋ္ဌမအကြီးအကဲနှင့် ထိပ်သီး ၃ယောက်က ထိုနေရာ၌ ထိုင်နေကြသည်။ထိပ်သီး ၃ယောက်က မြင့်မားသည့်ထိုင်ခုံတွင်ထိုင်ဖို့ အရည်အချင်းပြည့်မီပေသည်။သူတို့က ပုဖန်ကို လှောင်ပြောင်လိုသော မျက်ဝန်းများဖြင့် ကြည့်ရှုနေကြသည်။


သူတို့အနေဖြင့် ပြောရမည်ဆိုလျှင် ထ်ိပ်သီး စားဖိုမှူးများကို တစ်ပြိုင်တည်းစိန်ခေါ်ရဲသော မောက်မာထောင်လွှားသည့် ကောင်လေးတစ်ယောက်အတွက် ခံစားချက်ကောင်းများမရှိပေ။


မည်သို့ပင်ဆိုစေ ထိုကောင်လေးအတွက် အကဲဖြတ်ဒိုင်လုပ်ရသည်ကလည်းမဆိုးလှပေ။သူတို့မှလွဲ၍ ကျန်သူများက ပြိုင်ကွင်းပတ်လည်တွင်သာ ရပ်ကြည့်နေကြသည်။


ဝမ်ရမ်ချုံသည် အစားသရဲလမ်းမထက်မှ အန္တရာယ်များရက်စက်လှသေည အတွေ့အကြုံများကို ကျော်ဖြတ်လာပြီးနောက် သူ့၏ ပင်ကိုယ်အရည်အသွေးက အများကြီးပြောင်းလဲသွားလေသည်။သူ့၏ ဟင်းချက်စွမ်းရည်များက တိုးတက်လာမည်ကိုလည်း သံသယရှိစရာမလိုပေ။


ထန်...


သူကျွဲနှင့်တူသည့် ငါးကို လက်မောင်းကြွက်သညးများ ဖောင်းကြွလာသည်ထိအောင်ပင် ဆွဲယူလိုက်ရသည်။သူထ်ိုငါးကို စဉ်းနှီတုံးပေါ်သို့ တင်လိုက်သည်။ထ်ိုငါးက ယခုထိတိုင်အောင် အသက်ရှုနေဆဲဖြစ်သည်။ဝမ်ရမ်ချုံ မျက်ဝန်းများမှေးကျင်းလိုက်သည်။မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ့၏ အော်ရာများက အလွန်ပင် ကြောက်စရာကောင်းလှသည်။


ရွှစ် ရွှစ် ရွှစ်...


သူ့လက်ထဲမှ အလင်းတန်းများ ဖြာကျလာပြီးနောက် ပါးလျသော ငွေရောင်မြွေဓားက မြွေတစ်ကောင်ကဲ့သို့ပင် လှုပ်ရှားသွားလေသည်။ဝမ်ရမ်ချုံက ငါးဟင်းများချက်ရာတွင် အလွန်ကောင်းမွန်သည်ဆိုသည့် အချက်က မည်သို့မှ ပြောင်းလဲသွားလိမ့်မည်မဟုတ်ပေ။


 လက်တစ်ဖက်ဖြင့် စိတ်ဝိညာဉ်သားရဲ၏ အပေါ်ကို စမ်းလိုက်သည်။ထို့နောက် သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများတွန့်ကွေးသွား၏။သူ့လက်ထဲမှ ဓားက ပျံသန်းကခုန်နေသည့်အလား ငါး၏ ဆူဖြိုးလှသော အသားထဲသို့ စိုက်ဝင်သွားလေသည်။ငါး၏ အမြီးက အဆက်မပြတ် လှုပ်ရှားရိုက်ပုတ်နေပေသည်။


ထိုကဲ့သို့ ကြမ်းတမ်းရက်စက်လှသော ငါးကိုင်သည့်နည်းကြောင်း ကြည့်နေကြသူများ တုန်လှုပ်ကြောက်ရွံ့သွားကြ၏။


"အရမ်းအကြမ်းဖတ်လွန်းတယ် အရမ်းကြမ်းတမ်းရက်စက်လွန်းတယ်..."


သို့သော်လည်း သူက မည်သူ၏ အမြင်ကိုမှ ဂရုမစိုက်ပဲ ပါဝင်ပစ္စည်းများကိုသာ အလွန်ချောမွေ့စွာ ကိုင်တွယ်သွားလေသည်။


ထန်...


ကျယ်လောင်သောအသံနှင့်အတူ ငါးခေါင်းက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ဓားအလင်းများ အပြန်အလှန် ရွေ့လျားသွားပြီးနောက် ငါးကျောရိုးကို အောင်မြင်စွာ ဆွဲထုတ်လိုက်သည်။သွေးများတစ်စက်စက်ကျနေကာ နေရာအနှံ့သို့ စီးဆင်းနေပေသည်။သူက ငါးအရိုးကို လေးလံသော ကျောက်တုံးနှင့်ထု၍ အမှုန့်ချေလိုက်သည်။ထ်ိုအကြမ်းဖတ်လှသော မြင်ကွင်းက လူအားလုံးကို ပိုမို ကြောက်ရွံ့သွားစေသည်။ထိုအခိုက်အတန့်၌ ပုဖန်က သူ့၏ ပါဝင်ပစ္စည်းကို ညင်သာစွာ သိမ်မွေ့သပ်ရပ်စွာကိုင်တွယ်ပြင်ဆင်နေလေသည်။


သူ့၏ နီရောင်စားဖိုမှူးဝတ်စုံက တဖျတ်ဖျတ်လွင့်ခါနေသည်မှာ ကြည့်ရှုနေသူများကို သိမ်မွေ့ညင်သာသည့် သက်တောင့်သက်သာ ခံစားချက်မျိုး ပေးစွမ်းလေသည်။သူ့၏ ပျော့ပြောင်းညင်သာသော လှုပ်ရှားမှုများက ဝမ်ရမ်ချုံ၏ အကြမ်းဖတ်ရက်စက်သော အပြုအမူနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။


ဝမ်ရမ်ချုံ၏ လက်ထဲမှ မီးဖိုချောင်သုံးဓားက ထပ်မံ လှုပ်ရှားသွားပြန်သည်။သူလတ်ဆတ်လှသော ငါးကို အသားလွှာများအဖြစ် ပိုင်းဖြတ်လိုက်သည်။တစ်ချို့သောသူများက မျက်ဝန်းများကျဉ်းမြောင်းရင်း ဝမ်ရမ်ချုံ၏ လှုပ်ရှားမှုများကို မျက်တောင်မခတ်ကြည့်နေကြသည်။ဝမ်ရမ်ချုံပိုင်းဖြတ်လိုက်သောငါးအသားများက အကွာအဝေးအထူအပါး ထောင့်များကစ တူညီနေသည်ဟု ထင်ရသည်။


ထိုဓားစကေးကြောင့် ချွီရန်ချန်းဖုန်နှင့် အခြားသူများပင် လေအေးတစ်ချက်ရှိုက်လိုက်ကြသည်။


သနားစရာကောင်းလိုက်တာ..


အစားသရဲလမ်းမမှ ပြန်လည်ထွက်လာနိုင်သည့် ဝမ်ရမ်ချုံက ဒုတိယအဆင့် စားဖ်ိုမှူးတစ်ယောက်မဟုတ်တော့ပေ။သူ့၏ ဓားကျွမ်းကျင်မှု သို့မဟုတ် သူ့၏ အော်ရာများကို ကြည့်လိုက်လျှင်ပင် သာမန်စားဖိုမှူးတစ်ယောက်မဟုတ်မှန်းသိနိုင်ပေသည်။မီးဖိုချောင်သုံးဓားကို စဉ်းနှီတုံးပေါ်တွင် စိုက်ထားလ်ိုက်သည်။ပြီးနောက် ဝမ်ရမ်ချုံက သွေးများပေကျံနေသည့် ငါးအသားများကို ကောက်ယူလိုက်သည်။သူရေထဲသို့ ပစ်ထည့်လိုက်ပြီး သန့်စင်အောင်ဆေးကြောလိုက်၏။


တခြားတစ်ဖက်တွင် စီထည့်ထားသော ဒယ်အိုးကို မီးဖ်ိုပေါ်တွင် တင်ထားလိုက်သည်။ဝမ်ရမ်ချုံက သူ့၏ စားဖိုမှူးဝတ်စုံကိုချွတ်ပစ်လိုက်လေရာ အမာရွတ်များဖြင့်ပြည့်နေသည့် ခန္ဓာကိုယ်ပေါ်လာလေသည်။


ဒယ်အိုးထဲမှ ဆီများ ပွက်ပွက်ဆူလာသည်နှင့် အမှုန့်ချေထားသော ငါးရ်ိုးမှုန့်နှင့် လှီးဖြတ်ထားသော အသားများကို နယ်လ်ိုက်ပြီး ဒယ်အိုးထဲသို့ ပစ်ထည့်လိုက်သည်။


ပွက်ပွက်ဆူနေသော ဆီပူများက ဘေးဘက်သို့ လွင့်စင်ကုန်၏ ကြမ်းတမ်းလှသော ဝမ်ရမ်ချုံချက်ပြုတ်သည့် နည်းလမ်းက ကြည့်နေသူများကို အံ့အားသင့် ထိတ်လန့်သွားစေသည်။


ရွဲ ရွဲ...


ပွက်ပွက်ဆူနေသောဆီပူထဲတွင် အသားလွှာလေးများက အနည်းငယ်ကွေးသွားသည်။ထို့နောက် မကြာခင်မှာပင် တစ်နည်းတစ်ဖုံ မွှေးပျံ့နေသော ရနံ့တစ်ခုက ပြိုင်ကွင်းဧရိယာတစ်ခုလုံးကို လွှမ်းခြုံလာလေသည်။


"အဲ့ဒါက ငါးအရိုးအနံ့..."


လူများစွာ မျက်မှောင်ကြုတ်လိုက်မိသည်။ဝမ်ရမ်ချုံက ယောက်ချိုဇွန်းတစ်ဇွန်းကို အသုံးပြုပြီး ဒယ်အိုးထဲမှ ငါးအသားလွှာများကို ဆယ်လိုက်သည်။ပြီးသည်နှင့် တခြားဒယ်အိုးတစ်ခုကို ပြင်ဆင်လိုက်၏။


ရွဲ ရွဲ...


ဆီထည့်လိုက်ပြီးသည်နှင့် ငရုတ်သီးနှင့် တခြားစိတ်ဝိညာဉ် ဆေးပင်အပိုင်းအစများကို ရောထည့်လိုက်ပြီး မွှေကြော်လိုက်သည်။မွှေးပျံ့လှသော ရနံ့က လူများ၏ နှာခေါင်းပေါက်လေးများကို ပြန့်ကားလာစေသည်။တစ်ချို့က မထိန်းနိုင်တော့ပဲ အဆက်မပြတ် နှာချေကြလေသည်။


ဝမ်ရမ်ချုံ ပုဖန်ကို စူးစိုက်၍ ကြည့်လိုက်ပြီး နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်သည်။ပြီးသည်နှင့် သူဆယ်ထုတ်ထားသော ငါးအသားလွှာများကို အိုးထဲသို့ ပေါင်းထည့်လိုက်သည်။


ဘန်း ဘန်း...


သူဒယ်အိုးကို အကြမ်းပတမ်း လှုပ်ခါလိုက်သည်နှင့် မီးတောက်များက ခပ်မြင့်မြင့်ထိ ထိုးတက်သွားလေသည်။သူ့၏ စ်ိတ်စွမ်းအင်များ ပြန့်ကားလာသည်။မီးတောက်များက တဖျတ်ဖျတ်လှုပ်ခါလာပြီး ကြမ်းတမ်းစွာ ဟိန်းဟောက်နေသော သားရဲကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲလာသည်။


ထန်...


သူဒယ်အိုးအဖုံးကို ပိတ်လိုက်သည်နှင့် မီးတောက်များက ပျောက်ကွယ်သွားသည်။မွှေးရနံ့များက လူအားလုံး၏ အနံ့ခံအာရုံကို လာရောက်တိုက်ခတ်လေသည်။


ဝမ်ရမ်ချုံက ဇွန်းဖျားကို အသုံးပြု၍ ဒယ်အိုးအဖုံးကိုဖွင့်ကာ ထပ်မံ မွှေလိုက်သည်။ဒယ်အိုးကိုမြောက်လိုက်ပြီး ရွှေရောင်သန်းနေသော ငါးအသားလွှာများကို လေထဲသို့ ပစ်တင်လိုက်သည်။


သူအစောပိုင်းထဲက ပြင်ဆငွားသော ပန်းကန်ပြားကို တစ်ခြားလက်တစ်ဖက်ဖြင့် ဆွဲယူလိုက်ပြီး ပျံကျလာသောငါးအသားများကို ဖမ်းယူလိုက်သည်။ထိုအသားလွှာလေးများက ဆီပူထဲတွင် တရှဲရှဲဆူနေသည်အတိုင်း တုန်ခါနေပြီး ပန်းကန်ထဲသို့ စီစီရီရီပြုတ်ကျလာလေသည်။အပူငွေ့နှင့် မွှေးရနံ့များ လုံးခနဲ ပြုတ်ကျလာလေသည်။


ဝမ်ရမ်ချုံ သူ့၏ ဓားကို ဆွဲကိုင်လိုက်ပြီး ပန်းကန်ပြားပေါ်၌ ဝေ့ခနဲ ဖြတ်သန်းသွားလိုက်သည်။ပြီးနောက် ခြေတစ်လှမ်းနောက်ဆုတ်၍ ရပ်လိုက်ခါ သူ့၏ ဓားကို လှည့်၍ ပြန်လည်သိမ်းဆည်းလိုက်သည်။သူ့ချက်ပြုတ်သည့် ပုံစံက ကြမ်းတမ်းလှပမှုနှင့် ပြည့်နေလေသောကြောင့် လူများကို တွေဝေငေးမောနေစေသည်။ထို့အပြင် သူတို့ ၎င်းကို ကြိုက်နှစ်သက်ကြပေသည်။


ဝမ်ရမ်ချုံ ခေါင်းမော့၍ လှောင်ပြုံးပြုံးလိုက်ပြီး ပုဖန်ကို ကြည့်လိုက်သည်။ပုဖန်က သူ့အကြည့်များကို မဖြုံပေ။သူ အဖြူရောင်အဝတ်စတစ်စကို အသုံးပြုပြီး အငွေ့တထောင်းထောင်းထနေသောပန်းကန်းပြား၏ နှုတ်ခမ်းများကို သုတ်၍ သန့်စင်လ်ိုက်သည်။ပြီးနောက် ခေါင်းမော့လိုက်ပြီး ပင့်သက်အသာ ရှိုက်ထုတ်လိုက်သည်။ဝမ်ရမ်ချုံ ပုဖန်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့၏ အပြုံးက ပို၍ ပြန့်ကားကြီးမားလာသည်။နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်ပြီး အော်ပြောလိုက်သည်။


"ဒီတစ်ကြိမ်တော့ မင်းရှုံးပြီ ..."


အံ့အားသင့်သွားသည်။သူဆံပင်များကို မြောက်ချည်ထားသည့် သိုးမွှေးကြိုးစကို ဖြည်ချလိုက်ပြီး အသာခေါင်စခါယမ်းလိုက်သည်။ထို့နောက် တည်ငြိမ်စွာပင် တုံ့ပြန်လိုက်သည်။


"အရည်မရအဖတ်မရတွေ လျှောက်ပြောမနေနဲ့ ငါအလျင်လိုနေတယ်..."