အပိုင်း ၇၂၆
Viewers 62k

အခန်း ၇၂၆

အေးချမ်းသောဟင်းပွဲ VS ဒေါသဟင်းပွဲ...


လှပကြမ်းတမ်းသော မြင်ကွင်းက လူအားလုံး၏ စိတ်အာရုံနှင့် အမြင်အာရုံများဆီသို့ ရိုက်ခတ်သွားလေသည်။ဝမ်ရမ်ချုံ၏ လှုပ်ရှညးမှုများက သူ့၏ ပြိုင်ဘက်ကို သတ်ဖြတ်ချင်နေသလိုမျိုးထင်ရသည်။တခြားစားဖိုမှူးများ၏ နှေးကွေးပျော့ပျောင်းသော လှုပ်ရှားမှုများနှင့် နှိုင်းယှဉ်လျှင် သူ့၏ လှုပ်ရှားမှုက ဆန်းသစ်ပြီး အံ့သြစရာကောင်းလှသည်။


ထိုနည်းလမ်းက ဝမ်ရမ်ချုံ အစားသရဲလမ်းမမှသင်ယူခဲ့သော နည်းလမ်းဖြစ်သည်။အခက်အခဲများစွာကို ကြုံတွေဖြတ်ကျော်ခဲ့ရပြီးနောက် ထ်ိုချက်ပြုတ်ခြင်းနည်းလမ်းကို တီထွင်၍ အစားသရဲလမ်းမမှ လွတ်မြောက်နိုင်လာခဲ့သည်။


အကယ်၍ သူ အရှက်ကွဲရသမျှကို ပြန်လည်ဆေးကြောရန်အတွက် ဒီနည်းလမ်းကို အသုံးပြုခဲ့သည်။ဒီဟင်းက သူ့၏ စိတ်နှင့်ခန္ဓာ ဝိညာဉ်အားလုံးကို မြှုပ်နှံ၍ ချက်ပြုတ်သည့်ဟင်း ဒေါသပေါက်ကွဲ ငါးကြော်ဖြစ်သည်။


ဝမ်ရမ်ချုံက သူ့ဟင်းပွဲအတွက် လုံးဝ ယုံကြည်မှုရှိပေသည်။အစားသရဲလမ်းမထက်မှ ရရှိခဲ့သော ငွေရောင်မြွေဓားကို အသုံးပြုပြီး သူ့၏ အတွေ့အကြုံများနှင့် ပေါင်းစပ်ထားသော ဟင်းပွဲက လူများမျှော်လင့်ထားသည်ထက် ကျော်လွန်သွားပေလိမ့်မည်။


သိပ်သည်းလတ်ဆတ်လှသော အဆီနံ့နှင့် မွှေးကြိုင်လှသော ငါးဟင်းရနံ့တို့က ပြိုင်ကွင်းဧရိယာတစ်ခွင်လုံးကို ပြန့်နှံ့သွားပြီး ကြည့်ရှုနေသူများကို သရေကျသွားစေသည်။


ရနံ့က အလွန်ပင်မွှေးကြိုင်လှသည်။သင်းပျံ့လတ်ဆတ်လှသော ငါးရနံ့က ကြီးမားကျယ်ပြန့်လှသော သမုဒ္ဒရာ၏ရှေ့တွင် ရပ်တန့်နေရသကဲ့သို့ ခံစားချက်မျိုးကို ပေးစွမ်းလေသည်။ဝမ်ရမ်ချုံ ပုဖန်ကို ကြည့်လိုက်ရင်း နှုတ်ခမ်းထောင့်စွန်းလေးများ မြင့်တက်သွားငည်။ဒီနေ့ ပုဖန်ကို အနိုင်နိုင်ရရမည်ဟု ယုံကြည်ချက်အပြည့်အဝရှိပေသည်။


ယခင်ပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့ရသော သူ၏ ကိုယ်ပိုင်အရည်အချင်းကို ပြန်လည်လုယူချင်သည်။၎င်းကသာ သူ့အရှက်ကွဲမှုများကို ဆေးကြောရန် ပြန်လည်ဖာထေးရန်နှင့် သူ့နှလုံးသားထဲမှ အရိပ်မည်းကို ဖယ်ရှားရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။


ဝမ်ရမ်ချုံက ပုဖန်ကို မည်ကဲ့သို့ လှုံ့ဆော်နေပါစေ ပုဖန်က ငြိမ်သက်နေတုန်းပင်ဖြစ်သည်။သူက ဝမ်ရမ်ချုံ၏ လှောင်ပြောင်ကဲ့ရဲ့ခြင်းကို လုံးဝ ဂရုမစိုက်ပေ။သူ့ရှေ့၌ လူပြတ်တစ်ကောင် လာရောက်ဖျော်ဖြေနေသကဲ့သို့သာ သဘောထားထားလေသည်။


အနည်းငယ်လှုပ်ယမ်းသွားသည်။ပုဖန် ဟင်းပွဲကို လက်တစ်ဖက်တည်းဖြင့် သေသပ်လှပစွာ ကိုင်ဆောင်ထားပြီး ဒိုင်လူကြီးများရှိရာဆီသို့ လျှောက်သွားလိုက်သည်။ဝမ်ရမ်ချုံ၏ နှုတ်ခမ်းများတွန့်ရှုံ့သွားပြီး မျက်ဝန်းများက လေးနက်လာသည်။သူသည်လည်း ကြီးမားပြန့်ကားသည့် ပန်းကန်များကို လက်တစ်ဖကိတည်းဖြင့် သယ်လိုက်ပြီး ဒိုင်လူကြီးများဆီသို့ လျှောက်သွားလိုက်သည်။နီးကပ်လာသည်နှင့်အမျှ မွှေးရနံ့က ပ်ိုမို၍ ပြန့်ကားလာလေသည်။


ရွှေစင်ရွှေသားအစစ်ဖြင့် ပြုလုပ်ထားသကဲ့သို့ တောက်ပလှသော ငါးအသားလွှာလေးများက တွန့်ကွေးနေပြီး မတူညီသော ရနံ့နှင့် ဆွဲဆောင်မှုတို့ကို ထုတ်လွင့်ပေးနေလေသည်။ငါးအသားလွှာများကို အလွန်လှပစွာ ပွင့်လန်းနေသော ပန်းတစ်ပွင့်ကဲ့သို့ စီရီထားလေသည်။


ပန်းကန်၏ အလယ်တွင် ငါးအရိုးများကိုသုံးကာ သလင်းကျောက်နှင့်တူသည့် သစ်ပင်တစ်ပင်ပုံစံ ဖန်ဆင်း၍ သွေးစွန်းနေသော အရိုင်းဆန်သည့် အလှတရားကို ဖော်ပြထားသည်။


အစားကြူးနတ်ဘုရားအဆောက်အဦး၏ ကောင်းကင်ယံထက်တွင် ဝမ်ရမ်ချုံ၏ ပန်းကန်ထဲမှ ပုံရိပ်ကို ပြသထားလေသည်။လူများက မျက်စိအာရုံကို ဆွဲဆောင်လှသော ထိုဟင်းပွဲကို မော့ကြည့်နေကြသည်။


အစားကြူးဘုတ်ပြားပေါ်ရှိ ထိပ်တန်းစားဖိုမှူး ၁၀ဦးကလည်း လေးနက်လှသော မျက်နာထားများဖြင့် ထိုသူဟင်းပွဲကို ကြည့်ရှုနေကြသည်။ဝမ်ရမ်ချုံ၏ ဟင်းပွဲအရ သူ့၏ အရည်အချင်းက ပထမတန်းစား စားဖိုမှူးအဆင့်သို့ ရောက်သွားပေပြီ။ဒါ့အပြင် ထိုပထမတန်းအဖွဲ့ထဲတွင် မနိမ့်ကျသွားပေ။


သူ့၏ ဟင်းပွဲအရ သူတို့ထဲမှ မည်သူကိုမဆို စိန်ခေါ်ရန် အရည်အချင်းပြည့်မီနေပြီး သူတို့နေရာမှ နိမ့်ကျသွားနိုင်သည့် အခြေအနေမျိုးရှိနေပေသည်။ဟင်းပွဲက ပြင်ဆင်ရာတွင်ဖြစ်စေ ချက်ပြုတ်ရာ၌ အပူထိန်းချုပ်မှု၌ ဖြစ်ပစေ လုံးဝ ပြီးပြည့်စုံနေလေသည်။


၎င်းက ပုဖန်ပြင်ဆင်ထားသော ဟင်းပွဲနှင့် ကွာခြားနေပေသည်။အစီအရင်မှ ပြသနေသော ပုံရိပ်ကို မြင်ပြီးနောက် လူအားလုံး ခဏတိတ်ဆိတ်ငြိမ်သက်သွားကြပြီး မြေကြီးတုန်ခါမတက် ရယ်မောကြလေသည်။


သူ့၏ ပန်းကန်ကို ကြည့်ပြီး ရယ်ကြခြင်းဖြစ်သည်။သူတို့၏ ရယ်မောမှုက လှောင်ပြောင်ခြင်း အဆိုးရွားဆုံး မထီမဲ့မြင်ပြုမူခြင်းနှင့် စော်ကားခြင်းမျိုးဖြစ်လေသည်။


တစ်ချို့က ပုဖန်ကို သိကြသော်လည်း အများစုက မသိပေ။လူတစ်ချို့က ပုဖန်၏ အရည်အချင်းများကို သိနေသော်လည်း လူများစွာက ပုဖန်သည် ခပ်မိုက်မိုက် သရုပ်ဆောင်ပြနေယုံဟုသာ ထင်ထားလေသည်။


ဝမ်ရမ်ချုံ၏ ဟင်းပွဲနှင့် ယှဉ်လိုက်လျှင် ပုဖန်၏ ဟင်းပွဲက လုံးဝ အမှိုက်သရိုက်မျှသာဖြစ်သည်။ပုဖန်၏ ဟင်းပွဲက ပန်းကန်ပြားပေါ်တွင်သေချာစွာ တင်ထားသည့် ငါးပေါင်းတစ်ခုမျှသာဖြစ်သည်။


ဒါ့အပြင် ငါး၏ မွှေးရနံ့လုံးဝမရှိသော အရသာရှိမည့်ပုံပေါ်သည့် ငါးစွပ်ပြုတ်တစ်ပွဲလည်းရှိပေသည်။၎င်းကို မွှေးရနံ့တစ်ချို့ ထုတ်လွင့်နေသော အရောင်စုံလှသည့် ဆေးဖက်ဝင်ပစ္စည်းများဖြင့် အလှဆင်ထားသည်။၎င်းက ရိုးရှင်းလှသောကြောင့် လူများအတွက် အံ့သြစရာမရှိပေ။


"ဒါက ထိပ်တန်း စားဖိုမှူး ၁၀ယောက်ကို စိန်ခေါ်မယ်လို့ ကြေငြာထားတဲ့ သူလား ဒီလိုသာမန်ငါးပေါင်းနဲ့ ငါးစွပ်ပြုတ်လား...သူက တံခါးနဲ့ ခေါင်းနဲ့ ရိုက်မိသွားလို့ ဖြစ်လိမ့်မယ် ဒီလိုဟင်းပွဲမျိုးကို ပြသဖ်ို့ သတ္တိရှိတယ်လား ဒါက သူ့မျက်နာသူ ဖြတ်ရိုက်လိုက်တာပဲ..."


တခြားသူများ လှောင်ပြောင်နေကြသည့်အချိန်၌ စားဖိုမှူး၁၀ယောက်ကလည်း ပုဖန်၏ ဟင်းပွဲကိုကြည့်ရှုအကဲခတ်နေကြသည်။အားလုံးမျက်ခုံးပင့်လိုက်ကြသည်။မှန်ပေသည်။သူတို့က အမြင်ဖြင့် တစ်ဖတ်သတ်ဆုံးဖြတ်လိုက်မည်မဟုတ်ပေ။မည်သို့ပင်ဆိုစေ ဒါက ပုဖန်ကိုယ်တိုင် ချက်ပြုတ်ထားသော အစားအစာဖြစ်သည်။


မည်သည့်နည်းနှင့်မှ ပုံမှန်မဖြစ်နိုင်ပေ။သူတို့အားလုံးကလည်း ပုဖန်၏ အဆင့်အတန်းကို သိပေသည်။ပုဖန်က သူတို့ကို စိန်ခေါ်ရန် သတ္တိရှိသည်ဆိုကတည်းက မည်သည့်မည်းနှင့်မှ အားမနည်းနိုင်ပေ။


"ဒါက ကျွန်တော်ရဲ့ဟင်းပွဲ ဒေါသပေါက်ကွဲ ငါးကြော်..."


ဝမ်ရမ်ချုံ ပြုံး၍ ပြောလိုက်ပြီးနောက် သူ့၏ ဟင်းပွဲကြီးကို ဒိုင်လူကြီးများရှေ့မှ စားပွဲကြီးပေါ်သို့ တင်ပေးလိုက်သည်။ဒိုင်လူကြီးများ မတ်တပ်ထရပ်လိုက်ကြ၏။ချူချန်းရှန် လေးနက်လှသော မျက်နာထားဖြင့် ဟင်းပွဲ၏ ရှေ့တွင် ရပ်လိုက်သည်။ပထမဦးစွာ အစားအစာကို ပြင်ဆင်ထားပုံအား စစ်ဆေးလိုက်သည်။


၎င်းက ပုဖန်၏ ဟင်းပွဲထက် ပို၍ ကြည့်ကောင်းလှသည်။သို့သော် အရသာကို သူမသိသေးပေ။ချူချန်းရှန် တူတစ်စုံကို ကောက်ယူလိုက်ပြီး ငါးအသားလွှာကို ညှပ်လ်ိုက်သည်။ငါးအသားက တို့ဟူးကဲ့သို့ ပျော့ပြောင်းလာသည်ကို ခံစားမိလိုက်သည်။အနည်းငယ်အားထည့်လ်ိုက်ရုံဖြင့် ကွဲကြေသွားနိုင်ပေသည်။၎င်းက တကယ်ပင် ထူးဆန်းလှသည်။ငါးအသားလွှာပါးစပ်ထဲသို့ ရောက်သွားသည်နှင့် အသားလေးများက အက်ကွဲသွားသည်။


ပါးစပ်ထဲသို့ ပူနွေးသောလျှပ်စီးကြောင်းများ စီးဝင်လာသလိုမျိုး ငါးအချိုရည်များ စိမ့်ထွက်လာကာ အရသာခံဖုလေးများကို တိုက်ခိုက်လိုက်လေသည်။ချူချန်းရှန် အံ့အားသင့်သွားသည်။သူ့၏ မျက်ဝန်းထဲ၌ လျှပ်စီးတန်းများလင်းလက်သွားသလိုပင် ထင်ရသည်။


"ငါးအသားလွှာက ဘယ်လ်ိုလုပ်ပြီး ဒီလောက် နူးညံ့လတ်ဆတ်နေရတာလဲ မယုံန်ိုင်စရာပဲ ..."


တခြားသူများကလည်း ချူချန်းရှန်အတိုင်း အသားလွှာများကို ကောက်ယူ၍ ပါးစပ်ထဲ ထည့်လိုက်ကြသည်။ချက်ချင်းဆိုသလိုပင် သူတို့နှလုံးသားများပင် တုန်ယင်သွားပြီး အလွန်ပင် ကျေနပ်နှစ်သိမ့်သွားမိသည်။


"အရသာရှိလိုက်တာ..."


ဆဋ္ဌမအကြီးအကဲပြောလိုက်သည်။ရန်ယုကလည်း မျက်ဝန်းများမှေးစင်း၍ ခေါင်းညိတ်ပြကာ သဘောတူကြောင်းပြလိုက်သည်။သူ့၏ ဆွဲဆောင်မှုရှိလှသော မျက်နာလေးက နီမြန်းသွားသည်။သူ့၏ လျှာဖျားနီနီလေးက နှုတ်ခမ်းပါးများကို လှပသေသပ်စွာ သပ်လိုက်သည်။သူမက အလွန်သဘောကျနေပုံရသည်။စကားပြောခြင်း သို့မဟုတ် ပြုံးရယ်ရခြင်းကို မကြိုက်သော မုချန်ကလည်း လေးနက်လှသော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။


ထိုဟင်းက အစားသရဲလမ်းမမှ နာမည်ကြီးကျော်ကြားသော ဓားတစ်ချောင်းနှင့်အတူ ပြန်ထွက်လာနိုင်ခဲ့သူနှင့် တကယ်က်ို ထ်ိုက်တန်ပေသည်။၎င်းက ပထမတန်းစားဟင်းပွဲ အဖြစ် အရည်အချင်းပြည့်မီနေပေသည်။ကြည့်ရှုနေသူ ပရိတ်သတ်များ၏ ဗိုက်ထဲ၌လည်းသံစုံ တီးဝိုင်းမြည်ဟီးနေပေသည်။


ငါးအသားလွှာမှ အပူငွေ့လေးများထွက်ပေါ်နေတုန်းပင်ဖြစ်သည်။ကြော်ပြီးသည့် အချိန်ကတည်းက တောက်ပလှသော အရောင်နှင့် မွှေးပျံ့လှသော ရနံ့များကို ထိန်းထားနိုင်ဆဲပင်ဖြစ်သည်။ထိုအချက်ကပင် ပရိတ်သတ်များကို ကျိတ်၍ သရေကျစေသည်။


ထိုဟင်းပွဲက လူများ၏ စားချင်စိတ်ကို နှိုးဆွပေးနိုင်သော ဟင်းပွဲတစ်ပွဲပင်ဖြစ်သည်။ချူချန်းရှန်က မည်သည့် မှတ်ချက်မှ မပြုသော်လည်း သူ့၏ အဝတ်အစားများက ဖောင်းကားလာသည်။


"ဘုရားရေအကြီးအကဲရဲ့ အဝတ်အစားတွေက ဖောင်းကားလာတယ် သူ ဒီဟင်းကို အသိအမှတ်ပြုတယ်လ်ို့ ဆိုလ်ိုတာလား...အကြီးအကဲရဲ့ အဝတ်အစားတွေ ဖောင်းလာတယ်ဆိုတည်းက ဒီဟင်းက ဘယ်လောက်တောင်အရသာရှိလဲဆ်ိုတာ ပြောပြဖို့ လုံလောက်နေပြီ ငါအဲ့ဒီဟင်းကို မြည်းကြည့်ချင်လိုက်တာ...ငါမြည်းကြည့်ချင်တယ် ငါ့က်ို ဘယ်သူမှမတားနဲ့..."


ကြည့်ရှုနေသူများအားလုံး ဆူညံ အော်ဟစ်နေကြသည်။ထိုဟင်းပွဲက သူတို့ကို စိတ်လှုပ်ရှားစေကာ မငြိမ်မသက်ဖြစ်စေသည်။ဝမ်ရမ်ချုံက လူအုပ်ကြီး၏ တုံ့ပြန်မှုကြောင့် ကျေနပ်သွားသည်။ဒီလ်ိုမျိုးသာဖြစ်သင့်ပေသည်။အစားသရဲလမ်းမမှထွက်လာကတည်းက သူ့၏ ဟင်းပွဲအရသာများက သာမန်တိုင်းမဖြစ်စေရဟု သူ့ကိုယ်သူ သတိပြုခဲ့သည်။


လူတွေက သူ့ကို လေးလေးစားစားဖြင့် ချီးမွှမ်းရပေမည်။ဝမ်ရမ်ချုံ ပုဖန်ဘက်သို့ လှည့်လိုက်သည်။ပုဖန်၏ အံ့အားတသင့်မျက်နာကို မြင်ရမည်ဟု မျှော်လင့်ထားသော်လည်း သူ့တွက်ကိန်းမှားသွားလေသည်။ပုဖန်၏ မျက်နာတွင် မည်သည့်ခံစားမှုမှ မရှိပေ။သူ့၏ ငြိမ်သက်နေမှုက ဝမ်ရမ်ချုံကို စိတ်ရှုပ်ထွေးသွားစေသည်။သူ့ရဲ့ ခမ်းနားကြီးကျယ်တဲ့ ဟင်းပွဲက အဲ့ဒီကောင်လေးကို စိတ်လှုပ်ရှားစေဖို့ မလုံလောက်သေးဘူးလား...


"ပိုင်ရှင်ပု မင်းငါ့ဟင်းပွဲကို မမြည်းကြည့်ချင်ဘူးလား..."


ဝမ်ရမ်ချုံက ဒေါသတရားအပြည့်ဖြင့် ပုဖန်ကို နှောက်ယှက်ရန်စချင်သလိုမျိုးကြည့်နေလေသည်။ပုဖန် ဝမ်ရမ်ချုံကို သံသယမကင်းစွာ လှည့်ကြည့်လိုက်သည်။ထိုသူ၏ မျက်ဝန်းထဲမှ စိတ်လှုပ်ရှားမှုများက်ို တွေ့ရသောကြောင့် အံ့အားသင့်သွား၏ သူမသိမသာမျက်မှောင်ကြုတ်လ်ိုက်မိပြီး ငါးအသားလွှာတစ်ခုက်ိုကောက်ယူကာ စားသုံးလိုက်သည်။


သူမျက်ခုံးတစ်ချက်ပင့်လိုက်သည်။ထို့နောက် တိတ်တဆိတ်ပင် တူကို ပြန်ချထားလိုက်သည်။သူ့၏ တည်ငြိမ်လှသောအမူအရာကြောင့် ဝမ်ရမ်ချုံ အံ့အားသင့်သွားသည်။


"ဒါ ဘာအဓိပ္ပာယ်လဲ သူက ငါ့ရဲ့ဟင်းပွဲကို အထင်အမြင်သေးနေပြန်တာလား..."


"အခုက ကျုပ်အလှည့် ကျေးဇူးပြုပြီး ကျုပ်ရဲ့ ဟင်းပွဲကို မြည်းကြည့်ကြပါဦး..."


ပုဖန်က စားပွဲပေါ်ရှိ သူ့ဟင်းပွဲကို လက်ညှိုးညွှန်ပြပြီး ပြောလိုက်သည်။သို့သော်လည်း ဒိုင်လူကြီးများနှင့် ထိပ်တန်းစားဖ်ိုမှူး ၁၀ဦးမှလွဲ၍ တခြားသူများအားလုံးက ဝမ်ရမ်ချုံ၏ ဟင်းပွဲအကြောင်းကို ပြောဆိုနေကြတုန်းပင်ဖြစ်သည်။သူတို့က မျှော်လင့်တကြီးဖြင့် ထ်ိုဟင်းပွဲကို မြည်းစမ်းကြည့်ချင်နေကြပြီး ပုဖန်၏ ဟင်းပွဲအကြောင်းကိုမူ မေ့သွားသလိုမျိုးပြုမူနေကြသည်။


ပုဖန်က ထ်ိုသူများ၏ အပြုအမူများကို လုံးဝ စိတ်မဝင်စားပေ။သူက ဒိုင်လူကြီးများ၏ အကြည့်များ သူ့ဟင်းပွဲဆီ ရောက်လာသည်ကိုသာ ကြည့်နေလိုက်သည်။ထ်ိုအခိုက်အတန့်မှာပင် ပုဖန်၏ လက်ကောက်ဝတ်မှ အစိမ်းရောင်အခိုးအငွေ့များပေါ်လာပြီး ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား ပေါ်လာသည်။


ရွှစ် ရွှစ် ရွှစ်...


ပုဖန်က တည်ငြိမ်စွာဖြင့် မီးဖိုချောင်သုံးဓားကို လှည့်ပတ်လိုက်သည်။သူငါးဝမ်းဗိုက်ကို ဖွင့်လိုက်၏။ဓားအလင်းရောင်က ညအမှောင်ကန့်လန့်ကာကို ဆွဲဖွင့်လိုက်သကဲ့သို့ပင် တစ်ချက်လင်းလက်သွားသည်။


ဝီ...


စမ်းချောင်းထဲမှရေများ တသွင်သွင်စီးဆင်းနေသလ်ိုမ်ျိုး ကြည်လင်လှသော အသံ ပဲ့တင်ထပ် လိုက်ပါလာသည်။ထိုအခိုက်အတန့်၌ ကြီးမားကျယ်ပြန့်လှသော အစားကြူးနတ်ဘုရားအဆောက်အဦး ရင်ပြယ်ကျယ်တစ်ခုလုံး ငြိမ်သက်တိတ်ဆိတ်သွားလေသည်။


ရန်ယုနှင့် အခြားသူများလည်း ပုဖန်၏ ငါးပေါင်းဟင်းပွဲကို ကြည့်လ်ိုက်ကြပြီး မျက်ဝန်းများ ပြူးကျယ်သွားသည်။ငါး၏ ဝမ်းဗိုက်မှ အလင်းတန်းများပြန့်ကားလာသည်။ထိုရွှေရောင်အလင်းတန်းများက ဝမ်ရမ်ချုံ၏ မျက်နာပေါ်သို့ ဖြာကျနေပြီး သူ့မျက်နာပေါ်မှ ကြောက်ရွံ့မှုကို ထင်ဟပ်နေစေသည်။


ငါးဝမ်းဗိုက် ပွင့်ဟသွားပြီးနောက် ၎င်းထဲမှ သိပ်သည်းမွှေးပျံ့သော စွပ်ပြုတ်ရည်များစီးကျလာသည်။ကျောက်မျက်ရတနာများနှင့်တူသော အတုံးကလေးများလည်း လှိမ့်ထွက်လာသည်။တစ်ခုချင်းစီက လျှပ်စီးတန်းများ လက်နေသကဲ့သို့ ထင်ရသည်။


လူတိုင်းကြက်သီးမွှေးညှင်းများထလာသလိုပင် ခံစားရ၏။ထ်ိုပုံရိပ်က အိပ်မက်ဆန်လှသော်လည်းအမှန်တကယ်ကိုပြင်းထန်သောမြင်ကွင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့လေသည်။


ဓားအလင်းရောင်တစ်ချက် တစ်ဖန်ပြန်လည်တောက်ပလာပြီးနောက် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားက အစိမ်းရောင်မီးခိုးငွေ့များအဖြစ်သို့ ပြန်လည်ပြောင်းသွားကာ ပျောက်ကွယ်သွားသည်။


ပုဖန်၏ နီရောင်စားဖိုမှူးဝတ်ရုံစက လေအရှိန်ဖြင့် လှုပ်ခါသွားသည်။ထို့နောက် သူတည်ငြိမ်စွာဖြင့် ပြောလိုက်၏။


"မိုးကြိုးမုန်တ်ိုင်းငါးပေါင်း ...ကျေးဇူးပြုပြီးကောင်းကောင်းသုံးဆောင်ပါ..."