အပိုင်း ၇၂၇
Viewers 62k

အခန်း ၇၂၇

လူများကိုစိတ်လွတ်စေသောဟင်းတခွက်...


ထိုခမ်းနားလှသော မြင်ကွင်းက ရင်ပြင်တစ်ခုလုံးကို တိတ်ဆိတ်သွားစေခဲ့သည်။ကောင်းကင်သို့ ထိုးတက်သွားသော အလင်းတန်းများက လူတိုင်း၏ မျက်လုံးထဲတွင် ရောင်ပြန်ဟပ်နေလေသည်။


"ဒါက တော်တော်လေးကို အရမ်းမိုက်တယ် ကြည့်ရတာ အရမ်းလှတယ် စားသောက်ဖွယ်ရာတစ်ခုက အဲ့ဒီလောက်ထိတောက်ပနိုင်တာလား..."


လူတိုင်း အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်မိကြသည်။ကျောက်မျက်ရတနာကဲ့သို့ တောက်ပသော ပါဝင်ပစ္စည်းများနှင့် ငါး၏ ဝမ်းဗိုက်အတွင်းမှ စိမ့်ထွက်နေသည့် ပြောင်လက်သော ဟင်းရည်တို့က လူတိုင်းကို မေးရိုးပြုတ်ကျမတက်အံ့သြသွားစေခဲ့သည်။


မိုးကြိုး မုန်တိုင်း ငါးပေါင်းက အားလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။တကယ်တမ်းပြောရမည်ဆိုလျှင် ၎င်းက သူတို့၏ အာရုံကို ပစ်ခွင်းလိုက်သောမိုးကြိုးကဲ့သို့ပင် ။လူတိုင်းက ကောင်းကင်ပေါ်ရှိ ပြသနေသော ရင်သက်ရှုမော မြင်ကွင်းကိုကြည့်ရန်အတွက် ခေါင်းများအစွမ်းကုန်မော့ထားကြသည်။


အစပိုင်း၌ ပေါင်းထားသော ငါးဟင်းပွဲက အမြင်မှာ ရိုးရှင်းလှသော်လည်း သူ့၏ ဝမ်းဗိုက်က်ို ဖွင့်လိုက်သည့်အချိန်၌ စကြာဝဠာတစ်ခုလုံး ဗိုက်ထဲမှ ထွက်ကျလာသလိုမျိုး အံ့သြမှုကို ပေးစွမ်းလေသည်။ထိုခံစားချက်က သူတို့အားလုံးကို အသက်ပြင်းပြင်း ရှိုက်လိုက်မိစေသည်။သိပ်သည်းမွှေးကြိုင်သော မွှေးရနံ့များနှင့်အတူ ငါးစွပ်ပြုတ်ရည်က ပွက်ပွက်ဆူလာသလိုမျိုးထင်မိသည်။ချူချန်းရှန်နှင့် အခြားသူများကလည်း ၎င်းကို မယုံကြည်နိုင်စွာဖြင့် စူးစိုက်ကြည့်နေကြသည်။


"ဒါ ဘာလဲ..."


ချူချန်းရှန် မျက်ခုံးအနည်းငယ်တွန့်ကွေးလိုက်ရင်း မေးလိုက်သည်။သူဇွန်းတစ်ဇွန်းကိုယူ၍ လျှပ်စီးများလက်နေသလို ထင်ရသည့် အတုံးတစ်တုံးနှင့် ပျစ်ခဲလှသော ဟင်းရည်ကို ခပ်ယူလိုက်သည်။


ရွှီ ရွှီ ရွှီ...


ကျောက်မျက်ရတနာနှင့် ဆင်တူလှသော အတုံးလေးတွေ၌ လှုပ်ရှားအသက်ဝင်နေသည့် လျှပ်စီးကြောင်းများပါဝင်နေပုံရသည်။ချူချန်းရှန် ထိုအတုံးသေးသေးလေးများကို အနီးကပ်ကြည့်ရှုလိုက်သည်။ကျောက်မျက်ရတနာကဲ့သို့ တောက်ပြောင်နေသော အတုံးလေးများက သူ့၏ စူးစမ်းချင်စိတ်ကို အောင်မြင်စွာ နှိုးဆွနိုင်သွားသည်။၎င်းကို မည်သည့် ပါဝင်ပစ္စည်းဖြင့် ပြုလုပ်ထားခြင်းလည်း သူမသိသောကြောင့်ဖြစ်သည်။သူ အတုံးကို ပါးစပ်ထဲသို့ ထည့်လိုက်၏။


ပါးစပ်ထဲသို့ ရောက်သည်နှင့် ပူနွေးသောအငွေ့အသက်များက အလုံးလိုက် လှိမ့်ဝင်လာပြီး မွှေးရနံ့များ ခံတွင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။သူ့၏ မျက်နာထား ပြောင်းလဲသွားပြီး မျက်ဝန်းများမှေးစင်းသွားသည်။ဆံပင်ဖြူနှင့် မုတ်ဆိတ်မွှေးများကလည်း အထက်သို့ ပျံတက်လာတော့မယောင် ကော့တက်လာ၏။


သူ တုန်လှုပ်အံ့သြသွား၏ 


ဂလု ဂလု...


အစားအစာမျိုချလိုက်သံကိုပင် ကြားလိုက်ရသလို ထင်ယောင်မိသည်။တုနှိုင်းမဲ့လှသော အရသာက လည်ချောင်းမှတစ်ဆင့် ဝမ်းဗိုက်အတွင်းသို့ စီးဝင်သွားပြီး ခန္ဓာကိုယ်အတွင်း၌ အပူချိန်က မြင့်တက်လာခဲ့သည်။


"ဒါ အရမ်းကောင်းလိုက်တာ..."


 ချူချန်းရှန် ထိန်းချုပ်မထားနိုင်ပဲ လွှတ်ခနဲ ချီးမွှမ်းပြောဆိုလိုက်သည်။သူပုဖန်ကို မယုံနိုင်မှုတွေ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။သူ့၏ မျက်နာပေါ်တွင် ရှုပ်ထွေးမှုအပြင် ပျော်ရွှင်နေသည့် အရိပ်အယောင်လည်းရှိနေသည်။


ရွှပ်...


အသိပေးချက် တစ်စုံတစ်ရာမရှ်ိပါပဲ ချူချန်းရှန်၏ အဝတ်အစားများက ကွဲထွက်သွားပြီး သူ့၏ နဂါးလို ခ်ိုင်မာလှသော ကြွက်သားများပေါ်လာ၏။


"အဲ့ဒီအတုံးသေးသေးလေးတွေက ငါးအသားဖြစ်လိမ့်မယ်လို့ မထင်ထားမိဘူး ငါ အဲ့ဒါကို ချက်ချင်းသတိမပြုမိနိုင်ခဲ့ဘူး..."


သူ တူကိုအသုံးပြုပြီး ငါးအသားတုံးလေးကို ကောက်ယူလိုက်သည်။၎င်းက ပျော့အိအိတုန်ခါနေပြီး ထ်ိလိုက်မိသည်နှင့် စက္ကူနှင့်တူသော ပါးလျသည့် အရေပြားက ပေါက်ကွဲသွားသည်။


တကယ်တမ်းတွင် ပုဖန်က ငါးအရေခွံကို ဖယ်ထုတ်လိုက်ပြီးနောက် အပေါ်ယံအလွှာပါးလေးမျှသာ ချန်ထားခဲ့ကာ အထဲမှအသားကို ပိုင်းဖြတ်ထားခြင်းဖြစ်သည်။ထ်ိုကဲ့သို့သော ဓားကျွမ်းကျင်မှုက သြချလောက်စရာကောင်းလှသည်။


အရေခွံကို မထိခိုက်စေပဲ ငါးအသားကို လွှာချခဲ့သည်။ထ်ို့နောက် ငါး၏ အရေခွံပုံစံ အသုံးပြုနိုင်စေရန်အတွက် ပျစ်နှစ်လှသော ဟင်းချိုရည်ကို အစားထိုးခဲ့သည်။ထို့ကြောင့် ငါးအရေခွံဟု ထင်ရသည်က အပေါ်ယံလွှမ်းခြုံထားသည့် အတုအယောင်အရေခွံနစ်ခုမျှသာ ဖြစ်နေသည်။


ထို့အပြင် ဟင်းရည်ကလည်း သာမန်မဟုတ်ပေ။ငါးအသားတုံးလေးများနှင့် ပေါင်းစပ်ချက်ထားပြီး မြောက်များလှစွာသော စိတ်ဝိညာဉ် ဆေးပင်များကိုပါ အချိုးကျစွာ ရောစပ်ထား၏။


ဖောက်ထွင်းမြင်ရသလို ကြည်လင်နေသော ငါးအသားတုံးလေးများ၏ အနံ့အရသာနှင့် ပါဝင်သော လျှပ်စီးကြောင်းလေးများက ပါးစပ်ထဲတွင် အတူတကွ ပေါင်းစည်းသွားသလ်ိုမျိုး ခံစားချက်မျိုးကို ရစေသည်။


ထိုဟင်းပွဲက တကယ်ကို ကျွမ်းကျင်လှသော စားဖိုမှူးတစ်ဦးပြင်ဆင်သည့် ဟင်းပွဲမျိုးပင်ဖြစ်သည်။သာမန် အကြည့်တစ်ချက်မှ အံ့သြသော အကြည့်များအဖြစ်သို့ ပြောင်းလဲသွားစေရန် ပုဖန်က တစ်စက္ကန့်လောက်သာ အသုံးပြုခဲ့လေသည်။ချူချန်းရှန်၏ တုံ့ပြန်မှုက လူများကို အံ့သြတုန်လှုပ်သွားစေပြီး လေအေးတစ်ချက်ရှိုက်လိုက်မိစေသည်။


"သူ့ရဲ့ ဓားကျွမ်းကျင်မှု အရည်အချင်းတစ်ခုလား...သူက ငါးအရေခွံတစ်ခုလုံးကို ပုံမပျက်စေပဲ အသားတွေကို ထုတ်ပစ်လိုက်တယ် ဒါတင်မကသေးဘူး ငါးအသားတွေကို အတုံးလေးတွေ လုပ်ပြီးတော့ အားလုံး ပြန်ထည့်ပြီး အကောင်မပျက်ပေါင်းထားတယ်..."


ထိုကဲ့သို့သော ကျွမ်းကျင်မှုမျိုးက လူအားလုံးကို မျက်ဝန်းများမှေးစင်းသွားသည်။လုပ်ဆောင်သည့် လုပ်ငန်းစဉ်တစ်ခုလုံးကို မမြင်တွေ့လိုက်ရသော်လည်း ရလဒ်က တွေးကြည့်ရန်ပင် ခက်ခဲလွန်းလှပြီး ပျော်ရွှင်စိတ်ကျေနပ်မှုတို့နှင့် စွံ့အမှုတို့ကို ခံစားရစေသည်။


ရန်ယုနှင့် တခြားသူများလည်း အံ့သြထိတ်လန့်သွားပုံရည်။


"ငါးတစ်ကောင်လုံးကို ပုံမပျက်စေပဲ အသားတွေကို သူဘယ်လိုထုတ်လ်ိုက်တာလဲ ...သူ့ရဲ့ ဓားကျွမ်းကျင်မှုက ဘယ်လောက်များ လျင်မြန်လိုက်သလဲ ..."


ရန်ယု သူ့ကိုယ်သူပြန်၍ မေးခွန်းထုတ်လိုက်မိသည်။သူ့၏ ဓားစွမ်းရည်နှင့် ထ်ိုသို့လုပ်ဖို့ဆိုလျှင် သူ့အထင်အရ အေးစက်လှသော လျိုကျားလီသာလျှင် ထိုသို့လုပ်န်ိုင်လိမ့်မည်ဟု ထင်မိသည်။


ပုဖန်လှုပ်ရှားလိုက်သည်နှင့် အားလုံးကို တင်းကျပ်သွားသလိုမ်ျိုးခံစားရအောင်လုပ်နိုင်မည်ဟု မထင်ထားမိခဲ့ပေ။ဖိအားတစ်ခုက သူတို့ မျက်နာများကို ဖြတ်ရိုက်လိုက်သကဲ့သို့ပင် လေအေးတစ်ချက်ရှ်ိုက်လိုက်မိကြသည်။


ထိုသူက ထိပ်တန်းစားဖ်ိုမှူးများကို စိန်ခေါ်ရန် ကြေငြာရဲခြင်းက အံ့သြစရာမဟုတ်တော့ပေ။သူ့၏ ဓားကျွမ်းကျင်မှုတစ်ခုတည်းနှင့်ပင် လေးစားစရာကောင်းနေပေသည်။


ဝမ်ရမ်ချုံ၏ ဓားကျွမ်းကျင်မှုက ကြမ်းတမ်းလှပလှသည်ဆိုလျှင်ပုဖန်၏ ဓားကျွမ်းကျင်မှုက ဘုရားသခင်ချီးမြောက်ထားသော အနုစိတ်လှသည့် အနုပညာလက်ရာတစ်ခုသာဖြစ်သည်။


သူတို့နှစ်ဦးကို နှိုင်းယှဉ်လ်ိုက်လျှင် ဝမ်ရမ်ချုံ၏ ကျွမ်းကျင်မှုက မှိန်ဖျော့သွားခဲ့သည်။ဇွန်းဖြင့် ဟင်းရည်ပူပူထဲမှ ကြည်လင်လှသော ငါးအသားတုံးလေးကို ခပ်ယူလိုက်သည်နှင့် ချည်မျှင်ရှည်တစ်ချောင်းကို ဆွဲထုတ်လိုက်သလိုမျိုးဟင်းရည်က အမျှင်တန်းပြီးပါလာသည်။ရန်ယု၏ မျက်နာထားက ပို၍ လေးနက်လာသည်။သူ ပါးစပ်ထဲသို့ ထည့်လိုက်သည်နှင့် ငါးအသားလေးများက ပျော်ဝင်သွားသည်ကို ခံစားလိုက်ရသည်။


သူ့မျက်နာတစ်ပြင်လုံး စိမ်းဖန့်သွားသလိုမျိုးထင်ရသည်။သူ့ခန္ဓာကိုယ်ရှ်ိ အမွှေးအမျှင်များထောင်ထလာကာ ချွေးပေါက်များပင် ကျယ်လာသည်။ပူနွေးမွှေးပျံ့သော ဟင်းရည်က လည်ချောင်းမှတစ်ဆင့် ဝမ်းဗိုက်ထဲသို့ စီးဆင်းသွားသည်။သူ့ကိုယ်သူပင် မထိန်းချုပ်နိုင်တော့ပဲ ရှည်လျားပိုပြင်းသော ပင့်သက်တစ်ချို့ ရှိူက်ထုတ်လိုက်မိသည်။


သူ့၏ စိတ်ရှုပ်ထွေးမှုအားလုံးကို ထိုပင့်သက်နှင့်အတူ ရှိုက်ထုတ်လိုက်သလ်ိုမျိုးပေါ့ပါးသွားသည်ကို ခံစားရသည်။ဒီယင်းက အရမ်းအရသာရှိတယ်...


ရန်ယု၏ စိတ်ထဲ၌ ကြွေးကြော်အော်ဟစ်နေမိသည်။သူကြွေဇွန်းကို လျှာဖြင့်လျက်လ်ိုက်သည်။သူ့၏ မျက်ဝန်းထဲ၌လည်း ဝေခွဲမရမှုများရှိနေ၏။ပုဖန်ကို ကြည့်လိုက်ပြီး သူ့၏ ခေါင်းထဲ၌ အတွေးပေါင်းများစွာ ရစ်ဝဲသွားသည်။သူ ထိုစားဖိုမှူးငယ်လေးအား အထင်အမြင်သေးခဲ့မိကြောင်း ဝန်ခံရပေမည်။


အခြားသူများကလည်း ဟင်းကို မြည်စမ်းရန် ပြင်လိုက်ကြသည်။မုချန်သည်လည်း ငါးကို ပုံမပျက် ဘယ်လ်ိုထုတ်ထားသည်ကို စဉ်းစားမရသောကြောင့် ခေါင်းကုတ်နေမိသည်။


လျိုကျားလီကလည်း အလွန်စေ့စပ်သေချာလှပြီး သူမ၏ ဓားကျွမ်းကျင်မှုက စူးရှထက်မြက်လှသည်။သို့သော် ပုဖန်က ငါးအသားကို ပြန်ထည့်၍ ပေါင်းထားသည့် နည်းလမ်းကို သူမ တစ်ခါမှပင် မတွေးမိသောကြောင့် သိချင်စိတ်အပြည့်ဖြင့် နှုတ်ခမ်းပြည့်ပြည့်များကို ဖွင့်ဟ၍ မြည်းစမ်းလိုက်သည်။


"ဟမ်...အာ..."


ထုံကျင်သည့် ခံစားချက်တစ်ခုက ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်နှံ့သွားပြီး သူမ၏ ကိုယ်လုံးလေး လှုပ်ခါသွားသည်။ပူပူနွေးနွေးစွပ်ပြုတ်ရည်နှင့် ငါးအသား၏ အရသာက ပါးစပ်ထဲတွင် ပေါက်ကွဲသွားပြီး သူမခန္ဓာကိုယ်တစ်ခုလုံး နီရဲသွားလေသည်။


ခြေထောက်များက ခဲဆွဲထားသလိုမျိုး နေရာမှာပင် ချောက်ကျရပ်တန့်မိသွားသည်။ဆံပင်များက တဖျတ်ဖျတ်လွင့်ခါလာပြီး မြင်ကွင်းများ ဝေဝါးသွားသည်။


ပင်လယ်လှိုင်းလုံးများနှင့်အတူ လွင့်မျောသွားသလို မျိုး ခံစားရသည်။လျှပ်စီးဓာတ်များထုတ်လွင့်နေသောငါးအသားတုံးလေးများက သူမ၏ ဘေးပတ်လည်တွင် ကူးခတ်နေပြီး အာရုံကြောများကို ထုံကျင်စေသည်။


ယခုအခ်ျိန်၌ သူမ၏ ခံစားချက်ကို ဖော်ပြစရာ စကားလုံးတစ်လုံးသာရှိလေသည်။


"အရမ်း အရမ်းစိတ်ကျေနပ်စရာကောင်းတယ်..."


သူမက မတော်တဆ ငြီးတွားမိသွားခဲ့သည်။လူများ၏ အကြည့်အောက်၌ နီမြန်းနေသော သူမ၏ မျက်နာလေးနှင့် ငွေ့ရည်ဖွဲ့နေသော မျက်ဝန်းများက ဆောင်းဦးရေကန်လေးလိုပင် လှပလှသည်။သူမ မမျှော်လင့်ပဲ အရှက်ကွဲရသလို ဖြစ်သွားသည်။ထ်ိုဟင်းပွဲက လူများ၏ စိတ်ခံစားမှုကို ထိန်းချုပ်မှု လွတ်စေသည့် ဟင်းပွဲပင်ဖြစ်သည်။


သူမ စိတ်ရှုပ်ထွေးနေသော မျက်ဝန်းမျာဖြင့် ပုဖန်ကို လှမ်းကြည့်လိုက်ပြီး ကူကယ်ရာမဲ့စွာ သက်ပြင်းတစ်ချက်ချလိုက်သည်။ပတ်ဝန်းကျင်ရှိ ကြည့်ရှုနေကြသူများအားလုံးကလည်းမြည်းစမ်းနေသော သူများကိုကြည့်၍ တံတွေူအနိုင်နိုင်မျိုချနေကြရသည်။


မြည်းစမ်းပြီးနောက် ပြောင်းလဲသွားသော ဒိုင်လူကြီးများ၏ မျက်နာအမူအရာကိုကြည့်၍ သူတို့ရင်ထဲ၌ နာကျင်လာသလိုပင် ခံစားရသည်။


"သူ့ရဲ့ဟင်းက အဲ့ဒီလောက်တောင်ပဲ မှော်ဆန်တာလား သူ့ရဲ့ ဓားစွမ်းအင်ကတော့ တကယ်ထိပ်တန်းပဲ ဒါပေမယ့် ဟင်းရဲ့အရသာကကော တကယ်ပဲ အရမ်းကောင်းနေတာလား ..."


လူများက သူတို့၏ စိတ်လှုပ်ရှားမှုများကို ထိန်းထားကြသေးသော်လည်း ထိုအခိုက်အတန့်၌ ရုတ်ရုတ်သဲငဲဆူဆူညံညံဖြစ်လာကြလေသည်။


"ဘုရားရေ ငါ့ရဲ့ နတ်ဘုရားမလေးကို ကြည့်လိုက်ကြပါဦး ...ပေါက်ကွဲသွားတယ် မဟာအကြီးအကဲရဲ့ အဝတ်အစားတွေ ပေါက်ကွဲသွားတာကို မင်းမြင်လား အဲ့ဒါက ဒဏ္ဍာရီလာ အဝတ်အစား ပေါက်ကွဲခြင်းပဲကွ...ရိုးရှင်းပြီး အံ့သြစရာကောင်းတယ် ရိုးရိုးရှင်းရှင်းနဲ့ကို လက်ရာမြောက်လွန်းတယ်...သူ့ရဲ့ ဓားစွမ်းရည်က အရမ်းအံ့သြစရာ ကောင်းလွန်းတယ်..."


ရင်ပြင်တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်နေသော်လည်း ပုဖန်က ငြိမ်သက်တိတ်ဆိတ်နေဆဲပင်ဖြစ်သည်။သူ့၏ အမြင်မှာတော့ ၎င်းက ရိုးရှင်းသည့် သာမန်တုံ့ပြန်မှုများသာဖြစ်သည်။အောင်မြင်ခြင်း သို့မဟုတ် ရှုံးနိမ့်ခြင်း ၎င်းကို ဆုံးဖြတ်ထားပြီးသားပင်ဖြစ်သည်။


အစားသရဲလမ်းမတစ်လျှောက် အခက်အခဲများစွာကို တွေ့ကြုံခံစားရပြီးနောက် ဝမ်ရမ်ချုံ၏ အချက်အပြုတ်စွမ်းရည်မှာလည်း သိသိသာသာ ပြောင်းလဲတိုးတက်လာခဲ့သည်။ပထမတန်းစား စားဖိုမှူးတစ်ဦး၏ အရေးကြီးဆုံးစွမ်းရည်ဖြစ်သော ကိုယ်ပိုင်အမူအရာတီထွင်ခြင်းကိုပင် သူလုပ်ဆောင်နိုင်ခဲ့သည်။


သို့သော် သူပင် ပြောင်းလဲတိုးတက်လာနိုင်လျှင် ပုဖန်ကလည်း ထိုအတိုင်းသာဖြစ်ပေလိမ့်မည်။ချူချန်းရှန် သက်ပြင်းတစ်ချက်ချလိုက်သည်။ဒီစားဖိုမှူး စိန်ခေါ်ပွဲ၌ ဝမ်ရမ်ချုံ ရှုံးသွားပြန်သောကြောင့် သူတကယ်ကို စိတ်မကောင်းဖြစ်မိသည်။


ထိုအချိန်တွင် ဝမ်ရမ်ချုံကလည်း အံ့သြတုန်လှုပ်နေလေသည်။ခဏမျှအကြာ၌ သူ့မျက်ဝန်းများက မယုံကြည်နိုင်မှုများ အပြည့်ဖြင့် လှုပ်ရှားသွားလေသည်။


"သူထပ်ရှုံးသွားပြန်ပြီလား ဘာကြောင့်လဲ ဘယ်လို ဖြစ်ရတာလဲ...သူပထမတန်းစား စားဖ်ိုမှူးတစ်ယောက်ဖြစ်လာသည့်တ်ိုင်အောင် ဘာကြောင့် မအောင်မြင်နိုင်ရသေးတာလဲ...ဘာကြောင့်ရှုံးနိမ့်နေရသေးတာလဲ..."


သူ့မျက်ဝန်းများက ကြမ်းတမ်းခတ်ထန်သွားသည်။သူပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ သနားသောအကြည့်များဖြင့် ကြည့်နေသည်ကို ခံစားလိုက်ရသည်။


"သွာစမ်း သောက်ကျိုးနဲ ငါမင်းတို့ရဲ့ သနားကြင်နာမှုကို မလိုအပ်ဘူး..."


ဝမ်ရမ်ချုံ စိတ်ထဲမှ အော်ဟစ်လိုက်သည်။အစားသရဲလမ်းမပေါ်၌ သူမည်သည့်အရာတွေ ကြုံတွေ့ခဲ့ရသည်ကို ထိုလူများက မသိပေ။


"ငါ ဒါကို မယုံဘူး..."


ဝမ်ရမ်ချုံ ချူချန်းရှန်နှင့် တခြားသူများကိုကြည့်၍ ရှုံ့မဲ့အော်ဟစ်လိုက်သည်။


"စိတ်လျှော့ပါ မင်းဒီလိုမျိုး အသားတခြားဖြစ်သွားဖို့အတွက် သင်ယူရမယ်လေ..."


ပုဖန်က အေးဆေးစွာ နှစ်သိမ့်လိုက်သည်။ထို့နောက် မိုးကြိုးမုန်တိုင်းငါးပေါင်းကို ညွှန်ပြလိုက်ပြီး ထပ်ပြောလိုက်၏။


"ဘာလို့ မင်းကိုယ်တိုင် မမြည်းစမ်းကြည့်ရတာလဲ..."


ဝမ်ရမ်ချုံ ဟင်းပွဲကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။ထို့နောက် စားပွဲဆီသို့ လျှောက်သွားလိုက်ကာ တစ်ဇွန်းခပ်၍ ပါးစပ်ထဲ ထည့်လိုက်သည်။ပျစ်နှစ်သောဟင်းရည်နှင့် လျှာဖျားထိလိုက်သည်နှင့် သူအေးခဲသွားပြီး မလှုပ်မယှက်ငြိမ်ကျသွားလေသည်။


သူ့၏ ပြင်းထန်နေသော စိတ်ခံစားချက်များကလည်း ငြိမ်သက်ရပ်တန့်သွားသည်။ပရိတ်သတ်များအသက်ပင်မရှုမိပဲ အောင့်ထားမိကြသည်။ဝမ်ရမ်ချုံမျက်နာပေါ်မှ ခံစားချက်များက သူတ်ို့မျှော်လင့်ထားသည်ထက် ကျော်လွန်နေပေပြီ။


အခြေအနေကို နားလည်သဘောပေါက်သွားသည့် သူများကလည်း ဝမ်ရမ်ချုံကို စာနာသနားနေကြသည်။သူ ရှုံးသွားလေပြီ။ဝမ်ရမ်ချုံ၏ ခန္ဓာကိုယ်က တောင့်တင်းနေသော်လည်း ဇွန်းကိုင်ထားသည့် လက်က တဆတ်ဆတ်တုန်ခါလာပြီး မထိန်းနိုင်တော့ပဲ မြေပေါ်သို့ ပြုတ်ကျသွားလေသည် 


သူခေါင်းမော့လိုက်သည်နှင့် မျက်ဝန်းများစိုစွတ်လာပြီး မျက်ရည်များ လှိမ့်ဆင်းလာလေသည်။သူ့ပါးစပ်ထဲ ဟင်း၏ အရသာကို ရလိုက်သည်နှင့် ရှုံးသွားပြီဖြစ်ကြောင်း သိလိုက်လေသည်။သူမည်သည့်စကားဆိုရမှန်းမသိအောင်ပင်စွံ့အနာကျင်နေမိသည်။


ဘုရားသခင်က သူ့ကို နှ်ိပ်စက်ဖို့အတွက် ဒီလူကို စေလွှတ်ခဲ့ခြင်းဖြစ်ပေလိမ့်မည်။သူ့၏ ဖြစ်တည်မှုကို သူမေးခွန်းထုတ်ရင်း နှလုံးသားထဲ ဝမ်းနည်းမှုများ ပြည့်နှက်လာသည်။အခက်အခဲများကို ဖြတ်ကျော်လာပြီးနောက် ရရှိလာသည့် မီးဖိုချောင်သုံးဓားကို လက်ပူအောင်ပင် မကိုင်ရသေးခင်မှာပင် တခြားသူတစ်ယောက် ယူဆောင်သွားခြင်းကို ခံရပေတော့မည်။


ချူချန်းရှန် ဝမ်ရမ်ချုံကို တစ်ချက်ကြည့်၍ စကားပြောလိုက်သည်။


"ကဲ ရလဒ်ကို ဆုံးဖြတ်ကြရအောင် လူတိုင်းမဲပေးခွင့် ရှိတယ်..."


လူတိုင်း တိတ်ဆိတ်ငြိမ်သက်စွာဖြင့် အဖြေကို စောင့်ဆိုင်းနေကြသည်။ထိပ်တန်းစားဖိုမှူး ၁၀ဦးလည်း ဖိအားများကို ခံစားနေရသည်။ပုဖန်က ရည်ရွယ်ချက်ကောင်းဖြင့် ရောက်လာခြင်းမဟုတ်ဟု သူတို့ ထင်မိကြလေသည်။


ဝီ...


ထိုအချိန်တွင် ကောင်းကင်ပေါ်၌ သားရဲတစ်ကောင်၏ ပုံရိပ်ပေါ်လာသည်။၎င်းက ထောင်တျဲပင်ဖြစ်သည်။အဖြူရောင်ထောင်တျဲနှင့် အနက်ရောင်ထောင်တျဲတို့နှင့် နှိုင်းယှဉ်ကြည့်ပါက ယခုထွက်ပေါ်လာသော ထောင်တျဲက ပို၍ ကြောက်မက်ဖွယ်ကောင်းလေသည်။၎င်းက ရှေးဦးကတည်းက တည်ရှိခဲ့သည့် သန့်စင်သွေးမျိုးစက် ထောင်တျဲ အသွင်အပြင်ဖြစ်သည်။


"ဝမ်ရမ်ချုံက စားဖိုမှူးစိန်ခေါ်ပွဲကို ဆုံးဖြတ်သွားပြီဖြစ်တယ် ပြစ်ဒဏ်အနေနဲ့ သူ့ရဲ့ ကိုယ်ပိုင်မီးဖိုချောင်သုံးဓားကို ယူဆောင်သွားမယ် ယခုစားဖိုမှူးစိန်ခေါ်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေက ပြောင်းလဲသွားပြီ သူ့ရဲ့ ဟင်းချက်စွမ်းရည်တွေက ဆုံးရှုံးသွားမှာမဟုတ်ဘူး သူ ဆက်လက်၍ ဟင်းချက်နိုင်တယ်...တစ်လကြာပြီးတဲ့နောက်မှာ သူ့ရဲ့ဓားအတွက် စားဖိုမှူးပုဖန်ကို ပြန်လည်စိန်ခေါ်နိုင်ခွင့်ရှိတယ် ..."


ကြီးမားလှသောထောင်တျဲ ပုံရိပ်ကြီးမှ ကျယ်လောင်လှသော အသံက မိုးကြိုးပစ်ချသလိုမျိုး ဝမ်ရမ်ချုံ၏ နားထဲသို့ စီးဝင်သွားသည်။သူ့၏ မျက်ဝန်းများလှုပ်ရှားသွားသည် လူတိုင်းလည်း အံ့သြသင့်သွားကြ၏။


"ဘာလဲ ဘာတွေ ဖြစ်သွားတာလဲ ဒီစားဖိုမှူးစိန်ခေါ်ပွဲစည်းမျဉ်းတွေက မမှန်ဘူးလေ..."