အပိုင်း ၇၂၈
Viewers 62k

အခန်း ၇၂၈

အသားစားနတ်ဆိုးဟယ်ရီ...


ထောင်တျဲ၏ စကားများကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။စည်းမျဉ်းစည်းကမ်းများက မူလပုံစံနှင့်လည်း မတူပေ။မူလစည်းကမ်းတွင် ကျရှုံးသွားသည်နှင့် တစ်ပြိုင်နက် ထိုစားဖိုမှူး၏ ကိုယ်ပိုင်ဓားကို သိမ်းယူသွားမည် ဖြစ်သည့်အပြင် သူ့၏ ဟင်းချက်ပိုင်ခွင့်စွမ်းရည်များလည်း ပျောက်ဆုံးသွားပေလိမ့်မည်။


ယခုမူ ထိုစည်းမျဉ်းစည်းကမ်းများက ပို၍ လျော့နည်းသွားကာ ပြောင်းလဲသွားလေပြီ ။ကျရှုံးသွားသူက သူ့၏ ဓားကို ဆုံးရှုံးဆဲဖြစ်သော်လည်း ချက်ပြုတ်ပိုင်ခွင့်ရှိနေသေးသည်။ထို့အပြင် သူ့၏ ဓားကို ပြန်ယူနိုင်ခွင့် အခွင့်အရေးကောင်းများလည်းရှိနေသေးသည်။ချက်ပြုတ်နိုင်ခွင့်ဆုံးရှုံးသွားခြင်းသည် စားဖိုမှူးတစ်ယောက်အတွက် ရက်စက်အပြင်းထန်ဆုံးသော အပြစ်ဒဏ်ပင်ဖြစ်သည်။


ချူချန်းရှန် မျက်မှောင်ကြုတ်လိုက်သည်။စည်းမျဉ်းစည်းကမ်းများက ပြောင်းလဲသွားသည်။


"စည်းမျဉ်းစည်းကမ်းတွေက ပြောင်းလဲသွားတယ် ဘယ်လိုဖြစ်တာလဲ..."


စားသောက်ဆိုင်တွင်ရှိစဉ်က ပုဖန်ပြောလိုက်သောစကားကို သူကြားယောင်မိသေးသည် ။သို့သော်လည်း ထိုအချိန်က အရေးကြီးသည်ဟု မထင်ခဲ့၍ သူ ဂရုမထားခဲ့ပေ။အမှန်တိုင်းပြောရလျှင် ထိုစည်းမျဉ်းစည်းကမ်းများက ပြောင်းလဲသွားလိမ့်မည်ဟုလည်း မမျှော်လင့်ထားခဲ့ပေ။


"ဒီကောင်လေးက ထောင်တျဲရဲ့ တရားမဝင်သားများလား..."


ချူချန်းရှန် ထ်ိုကဲ့သို့ မတွေးပဲ မနေနိုင်ပေ။သူက ထိုကောင်လေးက အဖြူရောင်ထောင်တျဲနှင့် အနက်ရောင်ထောင်တျဲတို့၏ ဝ်ိညာဉ်များကို ယူဆောင်သွားနိုင်ခဲ့သည့်အပြင် စည်းမျဉ်းစည်းကမ်းများကိုပါ ပြောင်းလိုက်နိုက်သည်က..


ဝီ...


ပုဖန်၏ ရှေ့၌ မြူခိုးများထွက်ပေါ်လာသည်။စကားသံများပျောက်ကွယ်သွားသည်နှင့် မြူခိုးထဲမှ အခင်းအကျင်းတစ်ခု ဖြစ်ပေါ်လာ၏ ထိုအစီအရင်မှထွက်ပေါ်လာသောအလင်းရောင်က ပုဖန်၏ မျက်နာကို ပို၍ ပင်တောက်ပစေသည်။ထို့ပြင် အစီအရင်ထဲမှ ကြည်လင်လှသော ဓားဗီရိုတစ်ခု ပေါ်လာသည်။ပုဖန် ထိုဓားဗီရိုပေါ် လက်တင်လ်ိုက်သည်နှင့် အေးစက်သွားသလို ခံစားလိုက်ရသည်။


ယခင်ပြိုင်ပွဲများမှ အနိုင်ရခဲ့သော မီးဖိုချောင်သုံးဓားများကို သိမ်းဆည်းထားသည့် ဗီရိုကို ဖွင့်လိုက်သည်။ထိုဓားဗီရိုကို မြင်လိုက်သည်နှင့် လူအားလုံး အံ့သြသွားကြသည်။


"ဒီကောင်လေးက ဓားဗီရိုကိုတောင် ပြင်ဆင်ထားတယ်လား ...သူက ငါတို့အစားကြူးတောင်ကြားနဲ့ ခြေရာချင်းတိုင်းချင်နေတာလား..."


ပုဖန်ကို စိုက်ကြည့်နေသော သူတို့၏ မျက်ဝန်းများက ပို၍ စူးရှလာကြပြီးအသက်ရှူသံများပင် ပြင်းလာကြသည်။မည်သို့ပင်ဆိုစေ သူတို့က အစားကြူးတောင်ကြားထဲတွင်နေထိုင်သူများဖြစ်ကြသည်။ပုဖန်၏ လုပ်ရပ်က သူတို့၏ စိတ်များကို နှ်ိုးဆွလိုက်သကဲ့သို့ပင် ပုဖန်က အပြင်ဘက် ကမ္ဘာမှ စားဖိုမှူးတစ်ယောက်ဖြစ်ပြီး အစားကြူးတောင်ကြားကို ရန်လာစရဲသူဖြစ်သည်။ထိုကောင်လေးကို မည်ကဲ့သို့ ပြုမူရမည်အားသင်ကြားပေးရပေမည်။


ဝမ်ရမ်ချုံကလည်း ထိုဓားဗီရိုကို မြင်လိုက်သည့်အချိန်၌ အံ့အားသင့်သွားသည်။သူ့၏ မျက်ဝန်းများက ဓားဗီရိုထဲတွင် ငြိမ်သက်စွာ လဲလျောင်းနေသည့် ရေခဲသလင်းဓားဆီသို့ ကျရောက်သွားသည်။


၎င်းက ယခင်က သူ့ဓားဖြစ်ခဲ့ပြီး ယခုအခါတွင် ပုဖန်၏ တိုက်ပွဲအမှတ်တရတစ်ခုဖြစ်လာလေသည်။ယခုမှရရှိလာသော ဓားသည်လည်း ပုဖန်၏ တိုက်ပွဲအမှတ်တရအဖြစ် ဗီရိုထဲတွင် လဲလျောင်းရပေမည်။သူအရမ်းဝမ်းနည်းသွားမိသည်။၎င်းက သူ့အတွက် ကြီးမားသည့် ထိုးနှက်ချက်တစ်ခုဖြစ်သည်။


သို့သော်လည်း စည်းမျဉ်းစည်းကမ်းများပြောင်းလဲသွားသည်ဆိုသောကြောင့် သူဝမ်းသာရပေသည်။ထောင်တျဲ၏ စကားများအရ နောက်ထပ်အချိန်တစ်လကြာပြီးတွင် သူ့၏ ဓားကို ပြန်လည်ရရှိနိုင်ရန်အတွက် ပုဖန်ကို ထပ်မံစိန်ခေါ်ရန် အရည်အချင်းပြည့်မီပေလိမ့်မည်။


ဝမ်ရမ်ချုံ အသက်ပြင်းပြင်းရှုရှိုက်လိုက်သည်။သူ့၏ စိတ်ထဲတွင် ပြင်းထန်သည့် တိုက်ပွဲ ဆာလောင်စိတ်ကိုခံစားရပေသည်။


ဝီ...


ငွေရောင်မြွေဓားက လေထဲသ်ို့ လွင့်ပျံတက်လာပြီး အဖြူရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းသွားကာ ပုဖန်ဆီသို့ ပျံဝဲသွားသည်။ပုဖန်ဓားကို ဖမ်းယူလိုက်ပြီးနောက် အသာအယာ ထိတွေ့ကြည့်လိုက်သည်။၎င်းက နာမည်ကျော်ကြားသော ဓားတစ်လက်ဟု ခေါ်ဆိုရန် ထိုက်တန်ပေသည်။


ဂုဏ်သိက္ခာအကျမခံနိုင်သော ဓားဝိညာဉ် ရှိပုံပေါ်လေသည်။မှန်ပေသည်။ထိုအချက်ကြောင့်ပင် နာမည်ကျော်ကြားသည့် ဓားများကို စုဆောင်းဖို့ ရွေးချယ်ကျခြင်းဖြစ်သည်။


ဓားဗီရိုကို ဖွင့်လိုက်သည်နှင့်လေအေးများ ထွက်ပေါ်လာသည်။ဗီရိုအတွင်းမှ တောက်ပနေသော အလင်းရောင်က ငွေရောင်မြွေဓားပေါ်သို့ ကျရောက်နေရာ မျက်စိမလွှဲန်ိုင်စရာ လှပသော မြင်ကွင်းတစ်ခုကို ဖြစ်ပေါ်စေသည်။ဝမ်ရမ်ချုံ၏ နှလုံးသားထဲ၌ တုန်လှုပ်နေမိသည်။သူ အသက်ရှူမဝပင်ဖြစ်လောက်အောင် နာကျင်ခံစားမိလာ၏။သူ့၏ မီးဖိုချောင်သုံးဓားနှစ်လက်ကိုကြည့်၍ သတ္တိများပင် ပျောက်ရှလုနီးပါးဖြစ်သွားသည်။သို့သော်လည်း သူ့၏ ဓားများကို ပြန်ယူနိုင်ရန်အတွက် ပုဖန်ကို ကြည့်ရင်း ပြောလိုက်သည်။


"တစ်လကြာပြီးရင် ငါမင်းကို လာရှာမယ်...အဲ့ဒီအခါကျရင် ငါ့ရဲ့ဓားတွေကို ငါပြန်ယူမယ်..."


ပုဖန်က သူ့၏ ဓားဗီရိုကို နှစ်သက်စွာ နမ်းလိုက်ပြီး တစ်ချက်ပုတ်လိုက်သည်နှင့် ပြန်လည်ပျောက်ကွယ်သွားလေသည်။ထို့နောက် သူ လက်ပိုက်လိုက်ပြီး ပြောလိုက်သည်။


"ငါ ရှုံးမှာမဟုတ်ဘူး ရှုံးလို့လည်းမရဘူး...မင်းစိတ်ပျက်မသွားဖို့ မျှော်လင့်ပါတယ်..."


"သောက်ကြွားကောင် ..."


ပုဖန်၏စကားကြောင့် လူများအားလုံး စိတ်တို ဒေါသထွက်သွားကြသည်။ပုဖန်က အစားကြူးတောင်ကြားမှ စားဖိုမှူးများအပေါ်တွင် လုံးဝ လေးစားမှုမရှိပေ။သူက ထိပ်တန်းစားဖိုမှူး၁၀ယောက်ကို မောက်မာဝင့်ကြွားစွာ စိန်ခေါ်ခဲ့သည့်အပြင် သူရှုံးမည်မဟုတ်ကြောင်းကိုလည်း ပြောနေသေးသည်။


"ဒီတော့ သူက ပွဲတိုင်း အနိုင်ရမယ့်လူလို့ ဆိုလိုချင်တာလား..."


ထိုစကားကြောင့် ရန်ယု၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။သူက ထိုကဲ့သို့ မာနကြီး ထောင်လွှားသော လူမျိုးကိုမနှစ်သက်ပေ။ထိုသူများကို အကောင်းဆုံးတုံ့ပြန်ခြင်းက အဆုံးစွန်ထိ ထိုးနှက်တိုက်ခိုက်ခြင်းပင်ဖြစ်သည်။


"ကောင်းပြီ အခုတော့ ပထမဦးဆုံး ပြိုင်ပွဲ ပြီးသွားပြီ နောက်ပြိုင်ပွဲအတွက် ဘယ်သူမဆိုလာလို့ရတယ်...စိုးရိမ်နေစရာမလိုဘူး...ဘယ်လိုပဲဖြစ်ဖြစ် အနှေးနဲ့ အမြန်တော့ ကြုံတွေ့ရမှာပဲ ..."


ပုဖန်၏ နီရောင်စာဖိုမှူး ဝတ်ရုံက လေပြေလေညှင်းလေးများကြောင့် လှုပ်ခါနေသည်။သူ ကွင်းပတ်လည်တွင် ရှိနေသော စားဖိုမှူးများကို အကဲခတ်ကြည့်ရင်း ပြောလိုက်သည်။ကြည့်ရှူနေသူများ လေအေးတစ်ချက်ရှိုက်လိုက်မိကြသည်။


"သူဘယ်လိုတောင် ပြောရဲနေတာလဲ...စားဖိုမှူး ရန်ယု ဒီထောင်လွှားနေတဲ့ ကောင်စုတ်လေးကို သင်ခန်းစာပေးလိုက်...မင်းရဲ့ ချက်ပြုတ်မှုစွမ်းရည်က ကမ္ဘာမှာ ထိပ်တန်းအဆင့်လို့ ထင်နေတာလား...ငါတို့ တောင်ကြားရဲ့ စားဖိုမှူးတွေကို အထင်သေးဝံ့တာလား...ခေါက်ဆွဲဘုရင် စားဖိုမှူး ချွီက သူ့ရဲ့ဓားကို အသုံးပြုပြီး မင်းကို ကောင်းကောင်းသင်ခန်းစာသင်ပေးလိမ့်မယ်..."


"သောက်ကလေးလေး ငါတို့ ကာကွယ်နေတဲ့ တောင်ကြားရဲ့ ဂုဏ်သိက္ခာအတွက် လှပတဲ့ နတ်ဘုရားမလေး လျိုကျားလီ က မင်းကို သင်ခန်းစာပေးလိမ့်မယ် မင်းသူရဲ့ဝတ်ရုံအောက်မှာ ဒူးထောက်ရလိမ့်မယ်..."


ပရိတ်သတ်များက ပုဖန်၏ စကားကြောင့် မျက်ဝန်းများနီရဲလာသည်အထ်ိ စိတ်ဆိုးဒေါသထွက်သွားကြသည်။သူတို့အဆောက်အဦး တစ်ခုလုံးကို ဆူညံ ပွက်လောရိုက်သွားသည်အထ်ိ အော်ဟစ်ပြောဆ်ိုနေကြလေသည်။


ပြိုင်ကွင်း ဧရိယာတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်လာသည်။ထိုသို့ ပြင်းထန်လှသော အခြေအနေအောက်တွင် သာမန်လူများသာဆိုလျှင် ခြေထောက်များ ဂျယ်လီကဲ့သို့ပျော့ခွေသွားပေလ်ိမ့်မည်။


သို့သော်လည်း ပုဖန်က ငြိမ်သက်နေတုန်းပင်ဖြစ်သည်။သူ ခေါင်းမော့၍ အစားကြူးနတ်ဘုရားအဆောက်အဦးရှိ လူများကို ဝေ့ဝဲကြည့်လိုက်သည်။ထို့နောက် သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများက ထူးထူးခြားခြား တွန့်ကွေးသွားသည်။


ထ်ိုအပြုံးကပင် လူများ၏ အာရုံကို ဖမ်းစားသွားလေသည်။လူများက ပို၍ ဒေါသထွက်လာကာ ဧရိယာတစ်ခွင်လုံး ပေါက်ကွဲမတက် ပို၍ ဆူညံလာကြသည်။သူတို့၏ မကျေနပ်ချက်များက အဆုံးမရှိနိုင်တော့ဟုပင် ထင်ရသည်။ရန်ယုနှင့် တခြားသူများကလည်း ရယ်ရမလို ငိုရမလို ဖြစ်နေကြလေပြီ။


ထိုသူများ၏ ဒေါသကို သူတို့နားလည်ပေသည်။ထိုကောင်လေး၏။ မျက်နာမြင်ရိုက်ချင်ပါစေဆိုသောမျက်နာထားကို ထည့်မတွက်လျှင်ပင် သူက ဒေါသထွက်လောက်အောင် မောက်မာလွန်းပေသည်။


လူတွေသူ့က်ို မုန်းတီးအောင် လုံလုံလောက်လောက် ပြူမူပြီးသွားလေပြီ ထိုသူများက အခွင့်အရေးရသည်နှင့် ထိုကောင်လေးကို ဖျက်စီးချေမှုန်းပစ်ပေလိမ့်မည်။


စားဖိုမှူများ ပုဖန်ကိုကြည့်၍ သက်ပြင်းတစ်ချက် ချလိုက်ကြသည်။သူတို့၏ မျက်နာထားများက ပို၍ လေးနက်တည်ငြိမ်လာသည်။လူများ၏ ဆူညံပွက်လောရိုက်မှုကြောင့် သူတို့၏ စိတ်ဓာတ်များပင် မြင့်တက်လာသလို ခံစားလိုက်ရသည်။


ဝန်ခံရမည်မှာ ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများပြောင်းလဲသွားခြင်းကြောင့်လည်း သူတို့၏ ယှဉ်ပြိုင်မှုအပေါ် အလေးအနက်ဖြစ်မှုများ လျော့နည်းသွားခဲ့ရသည်။


မအောင်မြင်သော တိုက်ပွဲတစ်ခုက ပြင်းထန်သော အကျိုးဆက်များရှိနေဆဲဖြစ်သော်လည်း ချက်ပြုတ်ပိုင်ခွင့် ဆုံးရှုံးသွားခြင်းထက် များစွာသာလွန်ကောင်းမွန်နေပေပြီ။ထို့အပြင် စည်းမျဉ်းအသစ်များက ကိုယ်ပိုင်မီးဖိုချောင်သုံးဓားကို ပြန်လည်ရယူနိုင်မည့် အခွင့်အရေးကိုလည်း ပေးထားပေသည်။


ရန်ယုက သူအရင် တိုက်သင့်မတိုက်သင့်တွေးတောနေမိသည်။သို့သော်လည်း သူကပထမနေရာတွင် ရပ်တည်နေသူဖြစ်လေရာ သူအရင်စလှုပ်ရှားခြင်းက မျက်နာပျက်ခြင်းဖြစ်လိမ့်မည်လားဟုတွေးတောနေမိသည်။


သူ ဆုံးဖြတ်ချက်မချနိုင်ခင်မှာပင် လူတစ်ယောက်က ရှေ့သို့ လှမ်းထွက်လာခဲ့သည်။ထိုသူက ကြီးမားလှသောအသားတုံးကြီးတစ်တုံးကို ကိုင်ထားပြီး ပြုံးပြနေလေသည်။သို့သော်လည်း တောက်ပနေသောအလင်းရောင်အောက်တွင် ရောင်ပြန်ဟပ်နေသော သူ့၏ သွားဖြူဖြူများကြားထဲ၌ အသားစများ ကပ်နေသည်ကို လူတိုင်း တွေ့မြင်နေရလေသည်။


ထိုသူက ဆူဖြိုးလတ်ဆတ်လှသော အသားတုံးကို ကိုက်ဖြတ်လိုက်သည်။ထို့နောက် အဆက်မပြတ် ဝါးစားသမျှကို ကြားနေရပြန်သည်။


"အံကြိတ်ပြီး ဝူးဝူးဝါးဝါးလုပ်နေရတာ အရမ်းပျင်းစရာကောင်းလွန်းတယ် ကောင်လေး ငါနဲ့ လာတိုက်ခိုက်လှည့် မင်းရဲ့ လုပ်ဆောင်မှုတွေကြည့်ပြီး ငါအရမ်းစိတ်ဝင်စားမိတယ်..."


ထိုလူဝတုတ်က အသားများကို ဝါးစားနေရင်း ပြောလိုက်သည်။ပုဖန် အနည်းငယ်အံ့အားသင့်သွားသည်။ထိုလူဆီမှ သူ့ကို ဖိနှ်ိပ်လာသော အင်အားတစ်စုံတစ်ရာကိုလည်း ခံစားမိလေသည်။


စက္ကန့်ပိုင်းမျှအကြာ၌ သူ ညင်သာစွာ ပင့်သက်ရှိူက်လ်ိုက်သည်။ထို့နောက် ရှေ့မှ လူဝကြီးကို အကဲခတ်ကြည့်ရှုရင်း မေးလိုက်သည်။


"ခင်ဗျားက ဘယ်သူလဲ အစားကြူးဘုတ်ပြားပေါ်မှာ ခင်ဗျားအဆင့် ဘယ်လောက်လဲ..."


"ငါလား ငါနာမည်က ဟယ်ရီ ငါက အသားစားရတာကို အရမ်းကြိုက်တဲ့အတွက် လုတွေက ငါ့ကို အသားစားနတ်ဆိုးလို့ခေါ်တယ်...ငါ့ရဲ့အဆင့်က နည်းနည်းတော့ အဆင့်မမှီဘူး အစားကြူးဘုတ်ပြားပေါ်မှာ နံပါတ်ငါး..."


အသားစားနတ်ဆိုးဟယ်ရီက နောက်ထပ်အသားတစ်ပိုင်းကို ကိုက်ဆွဲလိုက်သည်။သူဝါးနေသော အသံက လူများကိုပင် တုန်လှုပ်သွားစေသည်။


"အစားကြူးဘုတ်ပြားပေါ်မှာ နံပါတ်ငါးလား..."


ပုဖန်၏ မျက်ခုံးများ ပင့်တက်သွားသည်။ထိုသူဆီမှ ဖိအားအနည်းငယ်ခံစားရသည်က အံ့သြစရာမရှိတော့ပေ။ချွီရန်ချန်းဖုန်နှင့် တခြားသူများကလည်း ဟယ်ရီ ရှေ့သို့ တက်သွားသည်ကို မြင်လိုက်ရသည်နှင့် အားတင်း၍ ပြောလိုက်သည်။


အသားစားနတ်ဆိုးဟယ်ရီ၏ အပြစ်ကင်းပြီး ရိုးသားသောအကြည့်များကြောင့်နှင့် အရူးလုပ်ခံလ်ို့ မဖြစ်ပေ။ထိုသူက တကယ်ကို အချက်အပြုတ်တိုက်ပွဲများကို ဆာလောင်သူဖြစ်သည်။


သူနာမည်ကျော်တစ်ယောက်ဖြစ်မခင်က လူများစွာနှင့် စားဖိုမှူးစိန်ခေါ်ပွဲများစွာကို ပြုလုပ်ခဲ့လေသည်။ထို့အပြင် သူက ဓားများကို စုဆောင်းရခြင်းကိုလည်း အလွန်ပင် နှစ်သက်မြတ်နိုးလေသည်။သူ့တွင် ပုဖန်၏ ဓားဗီိရိုထက်ကြီးသော ဓားဗီရိုတစ်လုံး ရှိနေသည်။ထိုထဲတွင် ရာပေါင်းများစွာသော ဓားများကို သိမ်းဆည်းထားလေသည်။


ဓားရာပေါင်းများစွာ...ထ်ိုအဓိပ္ပါယ်များက ဘာများပါလိမ့်...၎င်းက ဟယ်ရီ၏ လက်ထဲတွင် စားဖိုမှူးရာပေါင်းများစွာ၏ အိပ်မက်များ ကြွေလွင့်ခဲ့ရသည့် သဘောပင်ဖြစ်သည်။


သူက အစားကြူးဘုတ်ပြားပေါ်ရှိ ထိပ်တန်း၁၀ယောက်ထဲတွင် အမြဲတမ်းအဖွဲ့ဝင်တစ်ယောက်ဖြစ်လာခဲ့လေသည်။သူက တကယ်ကို ရက်စက်ကြမ်းတမ်းလှ၏။အသားစားနတ်ဆိုးဟယ်ရီ အရှေ့သို့ လှမ်းလာသည်နှင့် ဆူညံအော်ဟစ်နေသံများ ပျောက်ကွယ်သွားသည်။အားလုံးကဟယ်ရီကို တစ်စုံတစ်ရာကြောက်လန့်နေသည့်ပုံစံများဖြင့် ကြည့်နေကြသည်။


အသားစားနတ်ဆိုးဟယ်ရီ၏ ကျော်ကြားမှုက ထ်ိပ်တန်းစားဖိုမှူးများထဲတွင် အဆိုးဆုံးဟု ဆိုနိုင်ပေသည်။မည်သို့ပင်ဖြစ်စေ ဟယ်ရီက သူတို့အစားကြူးတောင်ကြား၏ စားဖိုမှူးတစ်ယောက်ပင်ဖြစ်သည်။ထို့ကြောင့် သူတို့က အသံတိုးတိုးဖြင့် အော်ဟစ်အားပေးနေကြလေသည်။


ခဏအကြာ၌ အားပေးသံများက တစ်စတစ်စ ကျယ်လောင်လာပြီး ကောင်းကင်ထိတိုင်အောင် မြင့်တက်သွားသည်။သူတို့အားလုံး ဟယ်ရီကို ထောက်ခံအားပေးနေကြလေသည်။ဟယ်ရီ အံ့အားသင့်သွားသည် သူအသားတစ်စကို ကိုက်ဝါးလိုက်ရင်းဖြင့် ပလုတ်ပလောင်းပြောလိုက်သည်။


"ငါ ယုံတောင်မယုံနိုင်ဘူး ငါအသားစားနတ်ဆိုး ဟယ်ရီကလည်း ဒီလို အားပေးခံရတဲ့ တစ်နေ့ရှိလာလိမ့််မယ်လို့ မထင်ထားဘူး...မင်းက ငါ့ကို ဒီလိုကံကောင်းမှုမျိုးယူဆောင်လာပေးတဲ့သူဆိုတော့ ငါမင်းကို လွယ်လွယ်လေးနဲ့ လွှတ်ပေးတော့မှာမဟုတ်ဘူး..."


အသားများကို ဝါး၍ မျိုချပြီးနောက် ထပ်၍ ပြောလိုက်သည်။


"ဒါပေမယ့် မစိုးရိမ်ပါနဲ့ ငါမြန်မြန်လေးလုပ်ပါမယ် ငါမင်းကို အချိန်အကြာကြီး ဒုက္ခရောက်အောင်လုပ်မှာမဟုတ်ပါဘူး...အော်ပြီးတော့ ပြောရဦးမယ် ငါ့ရဲ့ ဝါသနာက မောက်မာထောင်လွှားတဲ့ စားဖိုမှူးတွေ သူတို့ရဲ့ ဓားကို ယူဆောင်ခံရတဲ့အချိန်မှာ နာကျင်နေတဲ့ အမူအရာကို ကြည့်ရတာက်ို ကြိုက်တာပဲ..."


ဟယ်ရီက ပြုံးဖြဲဖြဲဖြင့်ပြောလိုက်ပြီး နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်သည်။သူပုဖန်ကိုကြည့်သည့်အကြည့်များက သားကောင်ကိုကြည့်နေသော အသားစားငှက်ဆိုးတစ်ကောင်၏ အကြည့်ကဲ့သို့ပင်။


ပုဖန် အနည်းငယ် အံ့အားသင့်သွားသော်လည်း သူ့၏ မျက်နာအမူအရာက မျက်နာသေဖြင့် ဖြစ်နေတုန်းဖြစ်သည်။ခဏမျှအကြာ၌ သူလက်မြောက်၍ ပြောလိုက်သည်။


"ကောင်းပြီလေ ဒီလ်ိုဆိုရင်တော့ ခင်ဗျားနဲ့ ပြိုင်ကြတာပေါ့..."


အသားစားနတ်ဆိုးလား ဘယ်သူပဲဖြစ်ဖြစ် သူပုဖန်က ကြောက်ရွံ့လိမ့်မည်မဟုတ်ပေ။