အပိုင်း ၇၂၉
Viewers 53k

အခန်း ၇၂၉


ပုဖန်က အသားစားနတ်ဆိုးဟယ်ရီကို လက်ညှိုးညွှန်၍ တည်ငြိမ်အေးချမ်းစွာပြောလိုက်သည်။လူအားလုံး ပင့်သက်ရှိုက်လိုက်မိကြသည်။ဒီစားဖိုမှူးလေးက အချက်အပြုတ်ပြိုင်ဆိုင်ရမှာ ရက်စက်ကြမ်းတမ်းလွန်းတဲ့ အသားစားနတ်ဆိုးဟယ်ရီနဲ့ ယှဉ်ပြိုင်ရဲတယ်လား...


ကြည့်ရှုနေသူများအားလုံးက ဒီပြိုင်ပွဲ မည်သို့ဖြစ်လာမည်ကို ပို၍ သိချင်စိတ်ပြင်းပြလာကြသည်။တည်ငြိမ်သော မျက်နာထားဖြင့် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။သူ့၏ ငြိမ်သက်သော မျက်နာထားနှင့် ကြီးမားပြန့်ကားလှသော ကြွက်သားကြီးများပေါင်းစပ်ထားပုံက ထူးဆန်းသည့် ခံစားချက်မျိုးပေးစွမ်းလေသည်။


ပုဖန်နှင့် ဟယ်ရီကို အကဲခတ်လိုက်သည်။ဟယ်ရီက နွေးထွေးသည့် အပြုံးတစ်ခုကို ဆင်မြန်းထားသော်လည်း ၎င်းကိုကြည့်ရသည်မှာ လူတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်းနှင့်တူနေသည်။သူက အသားတုံးတစ်ခုကို ဆွဲဖြဲ၍ စားသောက်နေ၏။


"နောက်ထပ် အချက်အပြုတ်ပြိုင်ပွဲကို မနက်ဖြန်ကျမှ ကျင်းပမယ် ...ခေါင်းစဉ်က အသား..."


"ပြိုင်ပွဲကို မနက်ဖြန်ရွှေ့လိုက်ပြီဆိုတော့ ပြင်ဆင်ခ်ျိန်က တစ်ညတောင်ရသွားပြီပေါ့ ..."


ပုဖန် ထိုသို့ တွေးလိုက်ပြီးနောက် ချူချန်းရှန်ကို မျက်ဝန်းများမှေးကျင်း၍ ကြည့်လိုက်သည်။ထိုလူအိုကြီးက တကယ်ကို ဂရုတစိုက် လုပ်ဆောင်နေပေသည်။


မည်သို့ပင်ဖြစ်စေ သူအနားယူဖို့ အချိန်ရရှိသွားပေပြီ။ဟယ်ရီကလည်း ငြင်းဆက်ခြင်းမပြုပေ။၎င်းက ပြိုင်ပွဲများ၏ စည်းမျဉ်းတစ်ခုလိုမျိုးဖြစ်လေသည်။တစ်ခါတစ်ရံတွင် ပြိုင်ပွဲပြိုင်ရန် သဘောတူညီလိုက်ကြသော်လည်းတကယ်တမ်း ပြိုင်ပွဲအချိန်က နောက်တစ်နေ့ကြာမှဆိုသည့် အဖြစ်မျိုးပင်ရှိလေသည်။


မည်သို့ပင်ဆိုစေ အချက်အပြုတ်ပြိုင်ပွဲဆိုသည်က ဘဝပြောင်းလဲမှုပင်ဖြစ်သည်။ရှုံးနိမ့်သည်နှင့် ဓားကို ယူဆောင်သွားမည့်အပြင် အခွင့်အလမ်းများကလည်း ပိတ်ဆို့သွားပေလိမ့်မည်။


စည်းမျဉ်းများက ပြောင်းလဲသွားပြီဆိုသော်လည်း အမှားများက ဝမ်းနည်းကြေကွဲစရာများကို ယူဆောင်လာနိုင်တုန်းပင်ဖြစ်သည်။မည်သည့်စားဖ်ိုမှူးမှ သူတို့၏ အနာဂတ်ကို ပေါ့ပေါ့တန်တန် လောင်ကြေးမထပ်ရဲပေ။ရိုးရှင်းဆုံးပြောရမည်ဆိုလျှင် တစ်ညလုံး ပြင်ဆင်ခွင့်ရခြင်းက မကောင်းသည့်အရာမဟုတ်ပေ။


ကြမ်းတမ်းရက်စက်သော အသားစားနတ်ဆိုးဟယ်ရီအတွက်လည်း တူတူပင်ဖြစ်သည်။သူက တိုက်ပွဲများကို ခုံမင်သည်ဆိုသော်လည်း သေချာပြင်ဆင်ရန်လိုအပ်ပေသည်။သူသာ ဂရုမဲ့ပြုမူလိုက်ပြီး အမှားဖြစ်သွားပါက သူ့အတွက် ပြီးဆုံးသွားပေလိမ့်မည်။


"ကောင်းပြီ ဒီလိုဆိုရင် ဆဋ္ဌမမြောက်အကြီးအကဲ ပုဖန်ကို သူနားရမယ့်နေရာကို လိုက်ပို့ပေးလိုက်ပါ...ပြိုင်ပွဲကို မနက်ဖြန်ကျရင် ဒီနေရာမှာ ပြန်စမယ်..."


ချူချန်းရှန်က တည်ငြိမ်အေးဆေးစွာဖြင့် ပြောလိုက်သည်။ဆဋ္ဌမမြောက်အကြီးအကဲက ပုဖန်ကို အဓိပ္ပါယ်အပြည့်ပါဝင်သည့် အကြည့်တစ်ချက်ဖြင့်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။ပုဖန်က စကားတစ်ခွန်းမှမဆိုပဲ ပြိုင်ကွင်းဧရိယာထဲမှ လှည့်ထွက်သွားလေသည်။


"ဒီတော့ ပထမဆုံးပြိုင်ပွဲက ဒီလ်ိုပြီးသွားတယ်ပေါ့..."


ပရိတ်သတ်များပါးစပ်အဟောင်းသားဖြစ်နေကြသည်။တကယ်တမ်းတွင် သူတို့က နောက်ထပ်ပြိုင်ပွဲတစ်ခုကို စောင့်မျှော်နေကြခြင်းဖြစ်သည်။မောက်မာထောင်လွှားသည့် စားဖိုမှူးလေးနှင့် ရက်စက်ကြမ်းတမ်းသော အသားစညးနတ်ဆိုးဟယ်ရီတို့ ယှဉ်ပြိုင်ကြမည့် ပွဲကို သူတို့ မျှော်လင့်စောင့်စား ရင်ခုန်နေကြခြင်းဖြစ်သည်။ဒီနေ့ အချက်အပြုတ် ပြိုင်ပွဲများက သူတို့၏ အမြင်အာရုံများကို တစ်နည်းနည်းဖြင့် ဖွင့်လှစ်ပေးလိုက်လေသည်။


ပထမအဆင့် စားဖိုမှူးနှစ်ယောက်ကြားက ပြိုင်ပွဲများကို နေ့တိုင်းကြည့်ရမည်မှာလည်း သူတို့ မကြိုက်သည့်အရာတော့ မဟုတ်ပေ။လူအားလုံးက အဆောက်အဦးထဲမှ ထွက်လာပြီးသည့်တိုင်အောင် စိတ်လှုပ်ရှားစွာဖြင့် တက်ကြွနေတုန်းဖြစ်သည်။


ညအချိန်က တိတ်ဆိတ်ငြိမ်သက်နေသည်။နဂါးမြို့ဟောင်းကုန်းမြေတိုက်ကြီး၏ တောင်ထိပ်တစ်ခုပေါ်တွင် ငါးရောင်ခြယ် အလင်းတန်းတစ်ခု တောက်ပလင်းလက်လာခဲ့သည်။ပုံရိပ်တစ်ခုက ထ်ိုအရောင်များထုတ်လွင့်နေသည့် ကျောက်တုံးတစ်ခုပေါ်တွင် ထိုင်နေခဲ့သည်။သူ့၏ ပတ်ဝန်းကျင်တွင်လည်း စွမ်းအင်လှိုင်းများ လွန့်လူးနေသည်။


သူအသက်ရှူရှ်ိုက်လိုက်တိုင်း အဖြူရောင်ကြိုးစတစ်စက လေအရှိန်ဖြင့် ဝေ့ဝဲနေသည်။တစ်ခါတစ်ရံတွင် ဆူညံသံတစ်ချို့ပင်ပဲ့တင်ထပ်နေ၏။ထိုခရမ်းရောင်ဝတ်စုံနှင့် အမျိုးသားထိုင်နေသည့် အနီးတွင် လှပတင့်တယ်လှသော အမျိုးသမီးတစ်ယောက်မတ်တပ်ရပ်နေသည်။


ထိုအမျိုးသားကို ကြည့်ရှုနေသည်။သူမ၏ ရှည်လျားကော့လှသော မျက်တောင်လေးများကလည်း တုန်ယင်နေကြ၏။ရုတ်တရက် ခရမ်းရောင်ဝတ်အမျိုးသားက မျက်လုံးများဖွင့်လိုက်သည်။


ချက်ချင်းဆိုသလိုပင် သူ့၏ ခေါင်းအထက်၌ အစီအရင်အခင်းအကျင်းတစ်ခု ပေါ်လာပြီး တွင်းပေါက်ကြီးတစ်ခုဖြစ်ပေါ်လာသည်။မှောင်မဲလှသည့် ညကောင်းကင်ယံထက်၌ မှိတ်တုတ်မှိတ်တုတ်လင်းလက်နေသော ကြယ်ပေါက်များစွာ ရှိနေသည်။ရုတ်တရက် ထ်ိုကြယ်များ၏ အလင်းရောင်က တစ်စုတစ်စည်းတည်းစုစည်းလာပြီး ခရမ်းရောင်ဝတ်အမျိုးသား၏ ခေါင်းထက်တွင် လည်ပတ်နေသော အစီအရင်ကို လာရောက်ထိမှန်လေသည်။တောင်ထိပ်တစ်ခုလုံး ကြယ်အလင်းရောင်ဖြင့် ဖုံးလွှမ်းခံလိုက်ရလေသည်။


အခင်းအကျင်းက ကြယ်အလင်းရောင်ဖြင့် သန့်စင်ခြင်းခံလိုက်ရပြီးနောက် အပြာရောင်မြွေကဲ့သို့ တောက်ပလှသော အလင်းရောင်တစ်တန်းက အစီအရင်ထဲမှ ထွက်ပေါ်လာပြီး ထိုခရမ်းဝတ်လူကြီး၏ မျက်ခုံးနှစ်ခုကြားထဲ တိုးဝင်သွားသည်။


ထိုလူက အစီအရင်ကို စူးစိုက်ကြည့်နေခဲ့၏။မကြာခင်မှာပင် အလင်းရောင်များတစ်စီ ပြန့်ကျဲသွားလေသည်။လှပသော အမျိုးသမီး၏ မျက်ဝန်းထဲမှရအလင်းရောင်များပျောက်ကွယ်သွားလေသည်။သူမ စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။


"သူက်ရွုံးသြားတာလား.."


တေးဆိုလိုက်သလို ချိုသာလှသော အမျိုးသမီး၏ အသံထွက်ပေါ်လာသည်။ကျောက်ခရမ်းအကြီးအကဲက သက်ပြင်းတစ်ချက်မှုတ်ထုတ်လ်ိုက်လေသည်။သူအဆင့်ချိုးဖောက်တက်ရောက်ခြင်း ထပ်မံ ကျရှုံးသွားပြန်သည်။


"အဆင့်တက်ရောက်ဖို့က ဘာလို့ အဲ့ဒီလောက်ခတ်နေရတာလဲ..."


တကယ်တမ်းတွင်လည်းမသေမျိုးဝိညာဉ်အဆင့်က မသေမျိုးနယ်ပယ်ထဲတွင် အခက်အခဲဆုံးဟုပင်ပြောရပေမည်။အဆင့်သေးတစ်ခုစီ ချိုးဖောက်ရခြင်းက အဓိက အဆင့်ကြီးတစ်ခုကို ကျော်ဖြတ်ရခြင်းထက် ပို၍ လွယ်ကူပေသည်။ထိုခရမ်းဝတ်လူကြီး၏ မျက်ဝန်းများက စူးရှလာသည်။


"ငါ့မှာ အချိန်အများကြီးမကျန်တော့ဘူး ငါအဆင့် မချိုးဖျက်နိုင်ဘူးဆိုရင် အဲ့ဒီအသိဉာဏ်မဲ့တဲ့ တိရစ္ဆာန်တွေကို အနိုင်ရမှာမဟုတ်ဘူး...အစားကြူးတောင်ကြားကို သွားတိုက်ခိုက်ပြီးတော့ ပထမဦးဆုံး တောင်ကြားသခင် မှတ်တမ်းပြုစုထားတဲ့ အမွေအနှစ်ကို သွားယူသင့်တယ် အဲ့ဒီအချက်အလက်တွေထဲမှာ အဆင့်ဘယ်လိုချိုးဖောက်ရတယ်ဆိုတာကို မှတ်တမ်းတင်ထားလောက်တယ်..."


သဘာဝလွန် ကျင့်ကြံခြင်းအခြေခံရှိသည့် တောင်ကြား၏ ပထမဦးဆုံး အရှင်သခင်ပျောက်ကွယ်သွားပြီးနောက် တခြားသူများက တောင်ကြား၏ အမွေအနှစ်များကို မျက်စိကျလာခဲ့သည်။ထိုအမွေအနှစ်ကြောင့်ပင် သန့်စင်နယ်မြေများက အစားကြူးတောင်ကြားကို အဆက်မပြတ် စောင့်ကြည့်နေကြခြင်းဖြစ်သည်။


ဝီ...


ကျောက်ခရမ်းအကြီးအကဲ၏ မျက်ဝန်းထဲ၌ အလင်းတစ်ချက်လက်သွားပြီး မတ်တပ်ထရပ်လိုက်သည်။အဝေးမှ ပြေးဝင်လာသော အရိပ်တစ်ခုက သူ့၏ရှေ့၌ ဒူးထောက်လိုက်၏။


"ကျောက်ခရမ်းအကြီးအကဲ အရှင် ရောက်လာပြီလား...ဘယ်လိုလဲ တောင်ကြားရဲ့ အမွေအနှစ်တွေကို ရခဲ့လား..."


အရိပ်က တုန်လှုပ်သွားပြီး ခါးသီးစွာဖြင့် ပြန်လည် တုံ့ပြန်ပြောဆိုလိုက်သည်။


"ကျွန်တော်တို့ တောင်ကြားကို တိုက်ခိုက်ခဲ့ပေမယ့် ချူချန်းရှန်က ခုခံကာကွယ်ခဲ့တယ် ဒါ့ကြောင့်မလို့ အခုထက်ထိ အမွေအနှစ်တွေကို မရသေးပါဘူး..."


"ရှုံးနိမ့်ခဲ့တာလား မင်းနဲ့အတူ ရွှေသံချပ်ကာအဖွဲ့ကိုလည်း ခေါ်ဆောင်သွားတယ် ရွှေဓားမြောင်လည်း အတူရှိနေတယ် မင်းတို့နှစိဦး ပေါင်းတိုက်မယ်ဆိုရင် ချူချန်းရှန် စိတ်ဝိညာဉ် သခင်အဆင့်မရောက်မချင်း အနိုင်ရလိမ့်မှာမဟုတ်ဘူး..."


"ရွှေဓားမြောင် ရွှေဓားမြောင်က အဲ့ဒီတိုက်ပွဲမှာ ကျွန်တော်တို့နဲ့ မပူးပေါင်းခဲ့ပါဘူး...သူက ငရဲကမ္ဘာကို သက်ရှိကို ရှာဖို့သွားတယ် ပြီးတော့ သူသေသွားပြီထင်တယ်..."


ထိုအရိပ်က အလွန်ပင်ကြောက်လန့်တုန်လှုပ်နေသည်။သူရှေ့တွင် ရပ်နေသော ကျောက်ခရမ်းအကြီးအကဲကို အလွန်အမင်း ကြောက်ရွံ့နေပုံပေါ်၏။ကောင်းကင်နွေဦး သန့်စင်နယ်မြေ၏ အရှင်သခင်မှလွဲ၍ ဒီကျောက်ခရမ်းအကြီးအကဲက စွမ်းအားအမြင့်ဆုံးသူဖြစ်သည်။ယခုအခိုက်အတန့်၌ အကြီးအကဲ၏ မျက်ဝန်းများက အေးစက်ကျဉ်းမြောင်းနေသည်။


"ရွှေဓားမြောင်က ကြီးမြတ်သော တန်ခိုးအဆင့်ကို ရောက်လုနီးပါးဖြစ်နေပြီ...သူက ဘယ်လ်ိုလုပ်ပြီး အသတ်ခံရနိုင်မှာလဲ နဂါးမြို့ဟောင်းတိုက်ကြီးမှာ မဟာနယ်ပယ် အထွဋ်အထိပ်အဆင့် ငရဲကမ္ဘာသက်ရှိပေါ်လာတာလား...မဖြစ်နိုင်ဘူး ကုန်းမြေတိုက်ကြီးမှာ အကာအကွယ်စည်းတွေရှိတယ်...အဲ့ဒီအဆင့် ငရဲကမ်သာသက်ရှိ ပေါ်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး...မဟုတ်မှ ..."


ကျောက်ခရမ်း အကြီးအကဲ၏ မျက်ဝန်းများစူရှသွားပြီးနောက် သူခေါင်းအသာခါယမ်းလိုက်သည်။မဖြစ်နိုင်ပေ။သူထိုအချက်ကို တွေးတောင်မတွေးသင့်ပေ။


"ရွှေဓားမြောင်ရဲ့ အကြောင်းကို နောက်မှပြောကြတာပေါ့ အခု အစားကြူးတောင်ကြားရဲ့ အမွေအနှစ်က ပိုပြီးအရေးကြီးတဲ့ ကိစ္စပဲ...တခြားအဖွဲ့အစည်းတွေ အားလုံးက လှုပ်ရှားဖို့ ပြင်နေကြပြီ ဒီတော့ ငါတို့က နောက်ကျန်နေခဲ့လို့မရဘူး...ငါမင်းကို နတ်ဘုရားအဆင့်လက်နက်ငှားပေးလိုက်မယ် အစားကြူးတောင်ကြားကို သွားပြီးတော့ အမွေအနှစ်ကို ငါဆီယူဆောင်လာခဲ့..."


ကျောက်ခရမ်းအကြီးအကဲက ခဏမျှရပ်လိုက်ပြီးနောက်ထပ်ပေါင်းပြောလိုက်သည်။


"မင်းရဲ့ အမှားကို ပြန်ပြင်ဆင်ဖို့အတွက် ..."


ထိုစကားကိုကြားလိုက်သည်နှင့် အရိပ်၏ ခန္ဓာကိုယ်က လှုပ်ခါသွားပြီး မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားသည်။တကယ်တမ်းပြောရမည်ဆိုလျှင် နောက်ထပ်ဆက်လာမည့် စကားများကိုပို၍ ကြောက်ပေသည်။


"အခု တခြားသန့်စင်နယ်မြေတွေကလည်း လှုပ်ရှားလာပြီ သူတို့က အခ်ျိန်အကြာကြီး ပုန်းကွယ်နေခဲ့တာ အခုတော့ လုံးဝ ထပ်မစောင့်နိုင်တော့ဘူးပဲ...မင်းနတ်ဘုရားသတ်လက်နက်ကို ယူသွားပြီး တခြားသန့်စင်နယ်မြေတွေရဲ့ လက်ထဲကနေ အမွေအနှစ်ကို ပါအောင်ယူလာခဲ့ မင်းမှတ်ထားရမှာက ငါတို့ လုံးဝ လက်လျှော့လို့မရဘူး..."


အရိပ်က ထပ်မံ၍ ခေါင်းညိတ်လိုက်ပြန်သည်။ကျောက်ခရမ်းအကြီးက မှိတ်တုတ်မှိတ်တုတ် ကြယ်ကလေးများလင်းလက်နေသော ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။လျင်မြန်လှသော အလင်းတန်းတစ်ခု ညအမှောင်ကောင်းကင်ကို ဖြတ်သွားသည်ဟု ထင်လိုက်မိလေည်။


နောက်တစ်နေ့မနက်တွင် ပုဖန် အိပ်ယာမှ နိုးလာသည်နှင့် ရှောင်ယနှင့် ဝှိုက်တီတို့ကို ခေါ်၍ သူ့အတွက် စီစဉ်ပေးထားသည့် တည်းခိုဆောင်မှ ထွက်လာခဲ့သည်။ဒီတည်းခိုဆောင်၌ ကိုယ်ပိုင်မီးဖိုခန်းတစ်ခုပါရှိသည်။ထို့ကြောင့်သူအချက်အပြုတ်လေ့ကျင့်န်ိုင်ပေသည်။


မနေ့ညက အရေထူလှသော ဆဋ္ဌမအကြီးအကဲက သူ့၏ ကောင်းကင်ကမ္ဘာမြေမီးလျှံကို ပြန်ပေးရန် ပုဖန်အားတောင်းဆိုနေခဲ့သည်။ပုဖန်ကလည်း မျက်နာတစ်ချက်မပျက်ငြင်းပယ်လိုက်သည်။ထို့နောက် အကြီးအကဲက သူသာမီးတောက်ပြန်ပေးလျှင် အစားကြူးတောင်ကြားထဲ၌ နေခွင့်ပြုမည်ဟုပင်ဆိုလာသေးသည်။


ပုဖန်တကယ်ကိုပင် ပြောစရာစကားမဲ့သွားခဲ့သည်။သူက ဝှိုက်တီကို ခိုင်း၍ အကြီးအကဲကို ထုရိုက်ရပ်တန့်ခိုင်းစေချင်စိတ်ပင် ပေါက်လာသည်။သို့သော်လည်း သူမည်သို့မှမဆိုရသေးခင်မှာပင် အကြီးအကဲက အဝေးသို့ ထွက်ပြေးသွားလေသည်။မည်သို့ပင်ဆိုစေ မနေ့ညက ကိစ္စများက ဒီနေ့ပုဖန်၏ စိတ်ခံစားချက်များအပေါ် သက်ရောက်မှုမရှိပေ။


မီးဖိုခန်းထဲ၌ လေ့ကျင့်မှုတစ်ချို့ ပြုလုပ်ပြီးသည်နှင့် အစားကြူးရင်ပြင်ကျယ်ရှိရာဆီသို့ ထွက်လာခဲ့လိုက်သည်။မကြာခင်မှာပင် အစားကြူးရင်ပြင်ကျယ်တစ်ခုလုံး ပြည့်ညှပ်နေပြီး စကားပြောဆို ဆူညံသံများထွက်ပေိါနေပေသည်။


မနေ့ကနှင့် ယှဉ်လိုက်ပါက ဒီနေ့ လေထုက ပို၍ပင် တက်ကြွနေပြီး ပြင်းထန်နေလေသည်။အားလုံးက အချက်အပြုတ်တိုက်ပွဲများကို ကြည့်ရှုရန် လာခြင်းဖြစ်သည်။ထပ်လောင်းပြောရမည်ဆိုလျှင် ကြည့်ရှုရန်စောင့်ပင်မစောင့်နိုင်တော့ပေ။


အစားကြူးအဆောက်အဦးအရှေ့သ်ို့ ရောက်လာခဲ့သည့် တံခါးကြားမှ ဖြာထွက်ကျနေသော အလင်းရောင်က သူ့ကို အနည်းငယ်ထူးခြား ဆန်းကြယ်သည့် ပုံစံမျိုးဖြစ်အောင် ပံ့ပိုးပေးနေလေသည်။


အသားစားနတ်ဆိုးဟယ်ရီနှင့် တခြားစားဖ်ိုမှူးများအားလုံးက ရင်ပြင်ကျယ်တွင် စုရုံးရုံးရှိနေကြပေသည်။သူတို့အားလုံးက ပုဖန်ကို လေးနက်တည်ငြိမ်မှုများဖြင့် ကြည့်လိုက်ကြသည်။မနေ့က တိုက်ပွဲက ပုဖန်သူတို့အပေါ် ခြိမ်းခြောက်နိုင်စွမ်းရှိမရှိ သေချာမပြောနိုင်သေးပေ။


သို့သော် ဒီကနေ့ တိုက်ပွဲ၌ ပုဖန်သာ အသားစားနတ်ဆ်ိုးဟယ်ရီကို အနိုင်ယူနိုင်ခဲ့မည်ဆိုလျှင် ထိုစားဖိုမှူးလေးက သူတို့အားလုံးကို ခြိမ်းခြောက်မှု ကြီးကြီးမားမားပေးနိုင်သူဖြစ်ကြောင်း သံသယရှိစရာမလိုတော့ပေ။


ယခုဆိုလျှင် သူနှင့်ယှဉ်ပြိုင်ရသည်က ဟာသတစ်ခုမဟုတ်တော့ပေ။အားလုံး စိတ်ထဲ၌ တင်းမာမှု အနည်းငယ်ကို ခံစားရလေသည်။ကျယ်ပြန့်သော ရင်ပြင်ကျယ်တွင်မီးဖ်ိုခုံ ပြိုင်ကွင်းနေရာနှစ်ခု ထွက်ပေါ်လာသည်။အလယ်၌ မနေ့ကအတိုင်း ဒိုင်လူကြီးများထိုင်စရာခုံများစီတန်းထားသည်။


ချူချန်းရှန်က သူ့၏ ခုံတွင် ငြိမ်သက်စွာ ထိုင်နေသည်။အသက်တစ်ချက်ရှူရှိုက်လိုက်တိုင်းလည်း စိတ်ဝိညာဉ် စွမ်းအင်များက ပိုမိုမြင့်တက်လာ၏။သူ့ဆီမှ ထုတ်လွင့်နေသော ဖိနှိပ်နိုင်မှုစွမ်းအားကလည်း တကယ်ကို သန်မာလှသည်။


ဒေါင် ဒေါင် ...


ပုဖန် သူ့၏ မီးဖိုခုံရှိရာဆီသို့ ခံစားချက်မဲ့လှသော မျက်နာသေဖြင့် လျှောက်လာခဲ့သည်။ထိုအခ်ျိန်၌ ဧရိယာတစ်ခွင်လုံးတုန်ခါနေသလိုခံစားရလိုက်ရသောကြောင့် ဘေးပတ်ဝန်းကျင်ကို ဝေ့ဝဲအကဲခတ်လိုက်သည်။


အပေါက်ဝ၌ ဖိအားများထွက်ပေါ်နေသော ကြီးမားသည့် အရိပ်ကြီးကို မြင်လိုက်ရသည်။ထိုအရိပ်က တောင်ငယ်လေးတစ်ခုမျှ ကြီးမားလေသည်။ထိုအရိပ်ကြီးက အစားကြူးနတ်ဘုရားအဆောက်အဦး၏ အပေါက်ဝက်ို ဖြတ်ကျော်လာသည့်အခ်ျိန်၌ အားလုံးလေအေးတစ်ချက်ရှ်ိုက်လိုက်မိကြသည်။ထိုအရိပ်ကြီး၏ အောက်၌ သေးငယ်သော ပုံရိပ်လေးမှာအသားစားနတ်ဆိုးဟယ်ရီပင်ဖြစ်သည်။


ဟယ်ရီက ထိုကြီးမားလှသော အရိပ်ကို ပခုံးပေါ်ထမ်းတင်၍ ရင်ပြင်ကျယ်ရှိရာဆီသို့ လျှောက်ဝင်လာခဲ့သည်။


"ဒါ ဘုရားရေ ဒါက မသေမျိုးစိတ်ဝိညာဉ်အဆင့် သားရဲ မဟုတ်လား ဒီစိတ်ဝိညာဉ် သားရဲက အရမ်းကိုကြီးမားတာပဲ ဘယ်လိုတောင် ဖိနှိပ်နိုင်စွမ်းရှိတဲ့ အော်ရာတွေလဲ...ဟယ်ရီက ဒီသားရဲကြီးကို ပါဝင်ပစ္စည်းအဖြစ် အသုံးပြုမလို့လား..."


ပရိတ်သတ်များကြားထဲ၌ အချင်းချင်းပြောဆိုနေကြသံများ ဆူညံသွားသည်။


"ငါတောင်းပန်ပါတယ် ငါနောက်ကျသွားတယ် ငါတ်ို့ရဲ့ အချက်အပြုတ်ပြိုင်ပွဲကို အခုပဲ စသင့်ပြီ..."


အသားစားနတ်ဆိုးဟယ်ရီက လမ်းလျှောက်လာရင်း ခပ်ပြုံးပြုံးဖြင့်ပြောလိုက်သည်။သူ့၏ လက်ထဲမှ ဓားက ဝှေ့ယမ်းသွားပြီးနောက် သားရဲကြီးဆီမှ သွေးတစ်စက်စက်ကျနေသော အသားတုံးကြီးတစ်တုံးကို ဖြတ်ယူလိုက်ပြီး ဆွဲကိုက်ဝါးစားလိုက်လေသည်။


ပုဖန် ထ်ိုသားရဲကြီးကို တစ်ချက်ကြည့်လိုက်သည်။၎င်းက မသေဆုံးသေးပေ။သူ့၏ အော်ရာများကလည်း ပျောက်ကွယ်သွားခြင်းမရှိသေးပဲ အသက်မျှင်းမျှင်း ရှူနေသေးသည်။


"ဒါ ကောင်းကင်တုန်လှုပ် သမင်ပဲ သူ့ရဲ့ စွမ်းအင်က မသေမျိုးဝိညာဉ် လှေကားသုံးဆင့်နဲ့ ညီမျှတယ်...အဲ့ဒါက အရမ်းကြီးမားတယ်ဆိုပေမယ့် လှုပ်ရှားမှုတော့ အရမ်းမြန်တယ် အသားစားနတ်ဆိုးဟယ်ရီက အဲ့ဒီသားရဲကို ဖမ်းမိဖို့အတွက် တကယ်ကိုပဲ ခက်ခက်ခဲခဲကြိုးစားခဲ့ရလိမ့်မယ်..."


နံရံကို မှီရပ်နေသောဝမ်ရမ်ရှန်က ပြောလိုက်သည်။ထို့နောက် ဘူးသီးခြောက်ဘူးထဲမှ ဝိုင်းများကို မော့သောက်လိုက်ပြီး ခပ်ဖျော့ဖျော့ပြုံးနေလိုက်၏။


"ငါချက်ပြုတ်ဖို့ ပါဝင်ပစ္စည်းတွေကအဆင်သင့်ဖြစ်နေပြီ မင်းရဲ့ဟာကကော ဒီတစ်ကြိမ် ပြိုင်ပွဲဝင်တွေကို သူတို့ ချက်ပြုတ်မယ့် ပါဝင်ပစ္စည်းတွေကို ကိုယ်တိုင်ပြင်ဆင်ဖို့ပြောထားတာ မင်းငါ့ကို စိတ်မပျက်စေဘူးလို့ မျှော်လင့်ပါတယ် ငါ့ရဲ့ မီးဖိုချောင်သုံးဓားက အရမ်းဆာလောင်နေပြီ..."


"ပါဝင်ပစ္စည်းတွေကို သူတို့ကိုယ်တိုင် ပြင်ဆင်ကြတာလား..."


ပုဖန်၏ မျက်နာသေတွင် နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်ကို တွေ့လိုက်ရသည်။သူက တောင်တစ်တောင်ကဲ့သို့ ကြီးမားလှသောသားရဲကြီးကို တစ်ချက်မျှလှမ်းကြည့်လိုက်သည်။သူ့၏ လက်တစ်ချက်လှုပ်ခါသွားပြီး ထူးကဲသောအသားတုံးတစ်တုံးပေါ်လာလေသည်။


ထိုအသားတုံး၌ မြောက်များလှစွာသော စိတ်ဝိညာဉ် စွမ်းအင်အနှစ်သာရများ ပြည့်နှက်ပါဝင်နေသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် အရည်အသွေးမြင့်ကြောင်း သိသာလှပေသည်။ကြည့်ရှုနေသူများအားလုံး အံ့အားသင့်သွားကြသည်။အဘယ်ကြောင့်ဆိုသော် ထိုအသားက မည်သည့် သားရဲအမျိုးအစားဖြစ်သည်ကို သူတို့ မခန့်မှန်းနိုင်ကြပေ။


ချူချန်းရှန်၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားသည်။ထိုအသားတုံးကို မြင်လိုက်သည့်အခိုက်၌ သူအသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်မိသည်။