အခန်း ၇၃၀
တိမ်ခိုးစားသောက်ဆိုင်ရေ ငါအရှင်သခင် ငရဲဘုရင်ပြန်လာပြီ...
ပင်လယ်ရေမျက်နာပြင်ထက်တွင် ရုတ်တရက် လှိုင်းလုံးကြီးများ မြင့်တက်လာခဲ့သည်။ဆားရနံ့ပါသော ပင်လယ်လေများ ပြင်းထန်စွာ တ်ိုက်ခိုက်လာ၏။အကန့်အသတ်မဲ့ ပင်လယ်သမုဒ္ဒရာနယ်ပယ်တွင် ကျက်စားကြသော ကြီးမားသည့် စိတ်ဝိညာဉ်ငါးများကလည်း လျင်မြန်စွာ ကူးခတ်နေကြသည်။
၎င်းတို့၏ ရေယက်နှင့် အမြီးတစ်ချက်ခတ်လိုက်တိုင်း ပင်လယ်ရေများဖွားခနဲ မြင့်တက်လာလေသည်။ကြောက်မက်ဖွယ်ကောင်းလှသော ပင်လယ်လှိုင်းလုံးများက အဆုံးအစ နှစ်ဘက်စီ ပြေးရိုက်သွားပြီး ရေလှိုင်းများက ကောင်းကင်ထိတိုင်အောက်ပင်မြင့်တက်လာသည်။
ကြီးမားသည့် သားရဲကြီးတစ်ကောင်က မျက်လုံးများဖွင့်လ်ိုက်ပြီး ပါးစပ်ကျယ်ကျယ်ဖွင့်ဟကာ အသက်ပြင်းပြင်းတစ်ချက်ရှိုက်ထုတ်လ်ိုက်သည်။၎င်းက လေးညွှန့်မှ ပစ်လွှတ်လိုက်သော မြှားသကဲ့သို့ ရေပြင်ကို ဖြတ်ကူးသွားသလို ထင်ရသည်။
တခါတရံတွင် စိတ်ဝိညာဉ် ငါးတစ်ချို့က ကောင်းကင်ထ်ိထိုးတက်ချင်ပုံဖြင့် ရေပြင်မှ ခုန်ထွက်လာသည်။သို့သော်လည်း သူတို့ ပင်လယ်ထဲ ပြန်ကျသည့်အချိန်၌ ကြောက်စရာကောင်းသော သားရဲတစ်ချို့က ပါးစပ်များဖွင့်ဟ၍ စောင့်ကြိုနေတက်ပေသည်။
အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ငရဲဘုရင်အာဟကကြီးမားသော သားရဲကြီးတစ်ကောင်ပေါ်တွင် ခြေထောက်များလှုပ်၍ ထိုင်နေလေသည်။သူ့၏ ဆံပင်များက လေအရှိန်ဖြင့် လွင့်ခါနေသည်။သူ့မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များထင်ဟပ်နေ၏။
"ဝေလငါးအိုကြီး မြန်မြန်လေးကူးစမ်းပါ ငါတော့ အခုကို အစပ်ချောင်းရနံ့လေးတွေ ရနေပြီလို့ခံစားမိနေပြီ..."
ငရဲဘုရင်အာဟက အော်ဟစ်ပြောလိုက်သည်။သူပြောနေစဉ်အတွင်းလည်း ပင်လယ်ရနံ့များကို နှာတရှုံ့ရှုံ့ဖြင့် ရှုရှိုက်နေသေးသည်။သူ့၏ အောက်မှ ဝေလငါးက မျက်လုံးများလှည့်လိုက်ပြီး တွေးလိုက်သည်။
"မင်းရဲ့ စွမ်းအင်သာ တကယ်ကြီး မသန်မာနေဘူးဆိုရင်တော့ ငါမင်းကို တစ်လုတ်တည်းနဲ့ မျိုချမချဆိုတာကို လောင်းချင်သေးလား ဘာကို သောက်က်ျိုးနဲ အစပ်ချောင်းလဲ ငါဘယ်လိုလုပ် သိမှာလဲ..."
"ဝေလအိုကြီး မြန်မြန်လေးကူးစမ်းပါ ငါအခု မင်းကို တော်တော်လေးစိတ်ပျက်လာပြီနော်...ဒါပေမယ့် ငါအစပ်ချောင်းရတဲ့အခါကျရင် မင်းကို တစ်ချောင်းပေးပါမယ်...ဘာလဲဆိုတာကို သိလား အစပ်ချောင်းဆိုတာက စူပါ့ စူပါကို အရသာရှိတယ် အဲ့ဒါက လူတွေကို ပျော်ရွှင်အောင်လုပ်ပေးနိုင်တယ်...မင်းရဲ့ အချစ်ဦးကို တွေ့ရသလိုမျိုးပေါ့ ဘာနဲ့တူလဲဆိုတော့ မြင်မြင်ချင်းမှာတင် ချစ်မိသွားသလ်ိုမျိုး ..."
ငရဲဘုရင်ကခြေထောက်များကို အဆက်မပြတ်လှုပ်ခါရင်း စကားအမျှင်မပြတ်ပြောဆိုနေလေသည်။ဝေလငါးကြီးက ကူကယ်ရာမဲ့စွာဖြင့်သာ မျက်တောင်တဖျတ်ဖျတ်ခတ်လိုက်သည်။သူတကယ်ကို နောင်တရမိပေသည်။
"ဘာကြောင့်များ ဒီတုံးအလှတဲ့ ပါးစပ်ကြီးက အဲ့ဒီလူပြုတ်ကျလာတာကို သွားဖမ်းမိပါလိမ့်..."
ဒီလူက မည်မျှသန်မာပြီး မည်မျှစကားများသည်ဆိုသည်ကို ဘုရားသခင်သာသိပေလိမ့်မည်။တကယ်လို့ သူသာ ကြိုသိခဲ့မည်ဆိုလျှင် သူသေရမည်ဆိုရင်တောင်မှ ပါးစပ်ဖွင့်ဟလိုက်မည်မဟုတ်ပေ။
ခပ်ဝေးဝေးရေမျက်နာပြင်ပေါ်၌ ညင်သာသော လှိုင်းကလေးများ လှုပ်ရှားနေသည်။ရုတ်တရက် သူတို့၏ မြင်ကွင်းထဲ၌ ကမ်းရိုးတန်းတစ်ခုပေါ်လာလေသည်။ထိုနေရာ၌ တလက်လက်တောက်ပနေသော ရေမြှုပ်များလည်းရှိနေသည်။
ဝေလငါးအိုကြီးက ပျော်လွန်း၍ ငိုချင်သွားမိသည်။သူ့၏ မျက်ဝန်းမှ မျက်ရည်များစီးကျလာသည်ကိုပင် ခံစားလိုက်မိသည်။နောက်ဆုံးတော့ ကမ်းခြေတစ်ခုကို တွေ့ရပေပြီ။အကယ်၍ သူ ကမ်းခြေရှိရာသာ မရောက်သေးလျှင် ပင်ပန်းလွန်း၍ မသေပဲ သူ့အပေါ်မှ လူကြောင့် နားညီး၍ သေရပေလိမ့်မည်။
"သူ့ရဲ့ ပါးစပ်က တကယ်ပဲ အမြောက်တပ်ကြီးများလား ..."
မူး...
ရှည်လျားသော အော်သံတစ်ခုထုတ်လွင့်ပြီးနောက် နောက်ဆုံး၌ ကမ်းခြေသို့ ရောက်ရှိလာပေပြီ ။ဝေလငါးကြီးက သူ့၏ အမြီးဖြင့် ကမ်းခြေက်ို ရိုက်လိုက်ရာ ကျောက်တုံးလေးများ ကွဲကြေသွား၏။
ငရဲဘုရင်၏ မျက်ဝန်းများတောက်ပသွားသည်။သူဝေလငါး၏ ခေါင်းထက်မှ မတ်တပ်ရပ်လိုက်ပြီး ကမ်းခြေဆီသို့ ဆင်းသက်လိုက်သည်။သူ နောက်ဆုံး၌ နေရောင်ခြည်ကို ပြန်မြင်ရသော လူကဲ့သို့ပင် ခံစားလိုက်ရသည်။ငရဲဘုရင်က ဝေလငါးကြီးဘက်သို့ လှည့်၍ တစ်ချက်ပုတ်လိုက်သည်။
"ဝေလအိုကြီး ငါနဲ့ အတူတူသွားချင်လား ငါမင်းကို အစပ်ချောင်းကျွေးပါမယ် ..."
"မင်းညီကိုပဲ သွားကျွေးလ်ိုက်တော့ ..."
ဝေလငါးကြီးက မျက်လုံးများလှန်လိုက်သည်။
"ငါက စွံ့အနားမကြားမဟုတ်ဘူး ဒီလ်ိုနဲ့ ငါဘယ်လိုနည်းနဲ့မှ မသွားနိုင်ဘူး..."
ဝေလငါးကြီးက သူ့၏ ခေါင်းအထက်ရှိ အပေါက်မှနေ၍ ကောင်းကင်ထ်ိရောက်အောင်ပင် ရေများမှုတ်ထုတ်လိုက်သည်။၎င်းက မိုးရွာလာသလိုမျိုးခံစားရစေသည်။ငရဲဘုရင်လက်များကို ဆန့်ထုတ်၍ ပူနွေးသော ရေစက်များကို ခံယူလိုက်သည်။သူ့၏ မျက်ဝန်းများက ပို၍ တောက်ပလာသည်။
"တကယ်ကိုပဲ ဝေလအိုကြီးက ငါ့ကို ချစ်တာပဲ ဒီအဓိပ္ပါယ်က မင်းငါနဲ့ အတူတူသွားဖို့ သဘောတူလိုက်တာပေါ့ဟုတ်လား..."
ဝေလငါးကြီးက အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားလေသည်။ထို့နောက် သူ့၏ ကြီးမားသော အမြီးကို ဝှေ့ယမ်း၍ ကမ်းခြေကို ရိုက်ခတ်လိုက်ပြီး အဝေးသို့ ကူးခတ်သွားလေသည်။သူ့ကိုကြည့်ရသည်မှာ သေမင်းလက်ထဲမှ ထွက်ပြေးနေသည်ဟုပင် ထင်ရသည်။
ဝေလငါးကြီး ကူးခတ်သွားသည်ကိုကြည့်ရင်း ငရဲဘုရင်၏ မျက်ဝန်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။သူညင်သာစွာ သက်ပြင်းတစ်ချက်ချလိုက်ပြီး ရေရွတ်လိုက်သည်။
"ကြည့်ပါဦး ဘယ်လောက်တောင်ချစ်ဖို့ကောင်းတဲ့ ဝေလငါးကြီးလဲ မင်းစိတ်ချပါ ငါမင်းအတွက် အစပ်ချောင်းယူလာပေးမယ်..."
သူကျယ်ပြန့်သော ကုန်းမြေရှိရာဆီသို့ လျှောက်လာလိုက်သည်။
"တိမ်ခိုးစားသောက်ဆိုင်ရေ ငါအရှင်သခင် ငရဲဘုရင် ပြန်လာပြီကွ..."
...................
ပုဖန်လက်ထဲမှ အသားပိုင်းကို မြင်လိုက်သည့်အခါ၌ လူများအနည်းငယ် သိချင်စိတ်ပြင်းပြလာသည်။အသားပိုင်းက ဘယ်အဆင့်ရှိမလဲဆိုတာကို ဘယ်သူများသိပါ့မလဲ ...မှန်ပေသည် တခြားသူများမသိပေမယ့် ချူချန်းရှန် မသိဟုမဆိုလိုပေ။သူက တောင်ကြားမှ စားဖိုမှူးများကို နိုင်စေချင်သည်။အဘယ်ကြောင့်ဆိုသော် အစားကြူးတောင်ကြားဆက်လက်တောက်ပနေစေရန်အတွက် အမွေအနှစ်များကို ဖွင့်ရန် ရှောင်ယကို လိုအပ်သောကြောင့် ဖြစ်သည်။
သို့သော်လည်း ပုဖန်လက်ထဲမှအသားကိုမြင်လိုက်သည့်ခဏ၌ သူ့၏ မျက်နာက မဲမှောင်သွားလေသည်။လုံးဝမရှုံးချင်ပေ။သို့သော်လည်း ထိုကောင်လေးက ထောင်တျဲအသားကိုပင် ထုတ်ယူလိုက်လေရာ
"သောက်က်ျိုးနဲ မင်းက ပြိုင်ဖို့ကောလိုသေးရဲ့လား..."
ဒါက အဆင့်ချင်းတူသည့် ပါဝင်ပစ္စည်းများပင်မဟုတ်ပေ။အသားစားနတ်ဆိုးဟယ်ရီက အသားဟင်းချက်ရာတွင် ထူးခြားထက်မြက်သော အရည်အချင်းရှိသူဖြစ်သည်။သူတို့၏ ပါဝင်ပစ္စည်းများအဆင့်ကွာခြားခြင်းက သူ့ကို စိတ်ပျက်သွားအောင်မလုပ်နိုင်ပေ။
သို့သော်လည်း ချူချန်းရှန်မနေဖြင့်မူ ပြိုင်ပွဲအစမှာပင်ရလဒ်ကို မှန်းဆနိုင်ပေပြီ။သူမည်မျှပင် စိတ်ဓာတ်ကျစေကာမူ အမှန်တရားကို ရင်ဆိုင်ရမည်သာဖြစ်သည်။ထ်ို့ကြောင့် မတ်တပ်ထရပ်လိုက်ပြီး ပုဖန်နှင့် အသားစားနတ်ဆိုး ဟယ်ရီတို့ကို နက်ရှိုင်းစွာ တစ်ချက်ကြည့်လိုက်သည်။
"အခုအချက်အပြုတ်ပြိုင်ပွဲ တရားဝင်စတင်ပြီ..."
သူကြေငြာပြီးသည်နှင့် ဟယ်ရီက စတင်လှုပ်ရှားလိုက်သည်။သူရယ်မောလိုက်ပြီး ကြီးမားလှသော မီးဖိုချောင်သုံးဓားကို ထုတ်ယူလိုက်လေရာ သူ့ခန္ဓာကိုယ်မှ အဆီများပင် လှုပ်ခါသွားလေသည်။သူ့၏ အသားခုတ်ဓားမက တခြားအသားခုတ်ဓားမများနှင့် ကွာခြားလှပေသည်။သူ့၏ ဓားမထိပ်၌ အလွန်ပင် ထက်မြက်လှသော ဓားချွန်ရှိနေသည်။
"အဲ့ဒါက အသားစားနတ်ဆိုးဟယ်ရီရဲ့ အသားခုတ်ဓားမကြီးပဲ အဲ့ဒီဓားက နာမည်ကျော်ကြားတဲ့ ဓားတစ်လက်မဟုတ်ပေမယ့် ဟယ်ရီက အဲ့ဒီဓားနဲ့ စားဖ်ိုမှူးပေါင်းများစွာကို အနိုင်ယူခဲ့တာကွ...နာမည်ကြီးကျော်ကြားတဲ့ ဓားတွေထက် ပိုပြီး သန်တဲ့ ဓားအကြောင်း ပြောမယ်ဆိုရင် အဲ့ဒါက ဟယ်ရီရဲ့ အသားခုတ်ဓားမကြီးပဲ ..."
ဟယ်ရီလက်ထဲမှ ဓားကို မြင်လိုက်သည်နှင့် ကြည့်ရှုနေသူများက ၎င်း၏ သမိုင်းကြောင်းကို ကျယ်လောင်စွာ စတင်ပြောဆိုနေကြလေသည်။ဟယ်ရီ၏ မျက်နာပေါ်တွင် ထူးဆန်းပြီး စိတ်လှုပ်ရှားနေသော အပြုံးတစ်ခုကို ဆင်မြန်းထားသည်။သူက ဗိုက်ဖောင်းဖောင်းကို ပုတ်လိုက်ပြီးနောက် ဓားမကို ဆွဲကိုင်ကာ သားရဲကြီးရှိရာဆီသို့ လျှောက်လိုက်သည်။
"ဟဲ ဟဲ ငါက အသားစားတဲ့နေရာမှာ အကောင်းဆုံးပဲ ဒီတော့ အသားရဲ့ ဘယ်အပိုင်းက အနူးညံ့ဆုံးအသားလဲ ဘယ်အပိုင်းက ဝါးလို့အကောင်းဆုံးအသားလဲဆိုတာကို ငါသိတယ်..."
ဟယ်ရီက ရယ်မောနေရင်းဖြင့် သူ့၏ ဓားမဖြင့် မြေပြင်ကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သည်။
ဘုန်း...
မြေပြင်က တုန်ခါသွားပြီး သူ့၏ ဖတ်တီးခန္ဓာကိုယ်ကြီးက ငှက်မွှေးလေးအလား မြောက်တက်သွားသည်။သူစိတ်ဝိညာဉ်သားရဲကောင်ပေါ်သို့ ပြန်ကျလာသည့်အချိန်၌ သူ့လက်ထဲမှ အသားခုတ်ဓားမကို ကြမ်းတမ်းစွာ လွှဲခုတ်လိုက်သည်။
အလင်းတစ်ချက်လက်သွားပြီး သားရဲ၏ အမွှေးများနှင့်အရေပြားကို ဖြတ်သန်းသွားကာ သွေးများဖြန်းခနဲ လွင့်စင်သွားစေသည် ။အသားစားနတ်ဆိုးဟယ်ရီက သားရဲ၏ သွေးလွှမ်းနေသော ခန္ဓာကိုယ်အပိုင်းမှနေ၍ သူ့၏ ဓားဖြင့် ဆက်လက်၍ ဆွဲခွဲလိုက်သည်။
သူ့လက်ထဲမှ အသားခုတ်ဓားမ လှုပ်ရှားသွားပြီး ခဏမှာပင် သားရဲကြီးဆီမှ သွေးတစ်စက်စက်ကျနေသော အသားတုံးတစ်ခု လွင့်ပျံထွက်လာလေသည်။ဟယ်ရီက သွေးတစ်စက်စက်ကျနေသော အသားတုံးကို ဖမ်းယူလိုက်ပြီးနောက် အလွန်ပင်အရူးအမူးဖြစ်နေသော မျက်နာထားမျိုးဖြင့် နှာခေါင်းနားသို့ ကပ်၍ အနံ့ခံလိုက်သည်။
"ဒီအသားရဲ့ရနံ့က အရမ်းကောင်းတယ် ဒီလ်ိုအသားမျိုးကို ချက်တာက လူတွေကို ပိုပြီးတော့ စိတ်လှုပ်ရှားစေတယ်..."
ဟယ်ရီက ပြောလိုက်ပြီးနောက် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်လေသည်။ထို့နောက် သူ့၏ အသားခုတ်ဓားမကြီးကိုကိုင်ဆောင်ကာ သားရဲပေါ်မှ နေ၍ သူ့မီးဖိုနားသို့ ခုန်လိုက်လေသည်။ပြီးသည်နှင့် သွေးများနှင့် အသားကို သူပြင်ဆင်ထားသော ရေထဲသို့ ပစ်ထည့်လိုက်သည်။တ်ိုက်ဆိုင်စွာပင် ဟယ်ရီကလည်း အသားတုံးကိုသာ ရွေးချယ်လိုက်သည်။
လူများအံ့သြသင့်သွားပြီးနောက် ဆူညံသံများ ပွက်လောရိုက်စွာ ထွက်ပေါ်လာလေသည်။သူတို့ အလွန်စိတ်လှုပ်ရှားနေကြသည်။
"အသားတုံးပဲလား သူကလည်း အသားတုံးကိုပဲ ရွေးချယ်လိုက်တယ် သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ရက်ရက်စက်စက်ဆုတ်ဖြဲကြတော့မှာလား..."
လေအေးတစ်ချက်ရှိုက်လိုက်ကြသည်။ပုဖန်လက်ထဲတွင်လည်းအသားတုံးကို မြင်ခဲ့သော်လည်း သူတို့ မည်သည့် အသားမှန်းတော့ မသိသေးပေ။သို့သော်လည်း မည်သည့်အမျိုးအစားက မသေမျိုးဝိညာဉ်အဆင့် သားရဲ၏ အသားနှင့် ယှဉ်နိုင်ပါဦးမည်နည်း။ထိုအချက်ကိုကြည့်လိုက်လျှင် အနိုင်ရသူက သေချာပေါက် အသားစားနတ်ဆိုး ဟယ်ရီပင် ဖြစ်ပေလိမ့်မည်။
"ဒါပေါ့..."
ကျိန်းသေပေါက် သေချာသည်ဟူ၍လည်း ပြော၍မရနိုင်သေးပေ။ထိုသို့ဖြစ်လေရာ ပြိုင်ပွဲအခြေအနေက အကျိတ်အနယ်ဖြစ်နေပေပြီ။ဟယ်ရီရွေးချယ်လိုက်သည့် အသားပိုင်းကို မြင်သည့်အချိန်၌ ချူချန်းရှန်၏ မျက်နာက ပြောင်းလဲသွားခြင်းမရှိသော်လည်း နှုတ်ခမ်းများက တွန့်လိမ်သွားလေသည်။
"အသားတုံး ဒီခွေးမသားလေးကတော့ ဒီလောက်ရွေးစရာတွေ အများကြီးရှ်ိတဲ့အထဲမှ ဘာလို့ အသားတုံးကိုပဲ ရွေးတာလဲ..."
သူတခြားအရာကို ရွေးမည်ဆ်ိုလျှင်တောင် ထူးခြားဆန်းကြယ်သည့် ဖြစ်ရပ်များဖြစ်လာနိုင်သေးသည်။သို့သော် ယခုလ်ို အသားတုံးကိုသာ ..
"ထူးခြားဆန်းကြယ်မယ် ငါ့ဘောပဲ..."
ဒါက အညှာအတာမဲ့ သတ်ဖြတ်သည့် ပြိုင်ပွဲပင်ဖြစ်ပေတော့မည်။ချူချန်းရှန် ဟယ်ရီအတွက် စိတ်မကောင်းဖြစ်သွားသည်။
"တကယ်ကို နက်နက်ရှ်ိုင်းရှိုင်းစိတ်မကောင်းဖြစ်တယ်..."
ရွှစ် ရွှစ် ...
ဟယ်ရီက အသားတုံးကို သန့်စင်ပြီး ရေစစ်လိုက်သည်။သူရွေးချယ်ထားသည့်ကောင်းကင်တုန်လှုပ် သမင်အသားပိုင်းက အနီအဖြူရောနေသည့် အသားပိုင်းလေးဖြစ်သည်။
အသားသီးသန့်ကို ချက်ပြုတ်သည့်နည်းလမ်းများသူ့မှာ ရှိသည်။အကယ်၍ ပုဖန်က အသားပိုင်းမရွေးလျှင်တော့ သူက ရွေးချယ်မည်ဖြစ်သည်။ခန္ဓာကိုယ်တစ်ခုတည်းမှာပင် အသားကောင်းအသားညံ့ရှိနေသေးသည်။ဟယ်ရီက အရသာအရှိဆုံး အကောင်းဆုံးအသားပိုင်းကို ရွေးချယ်ထားခြင်းဖြစ်သည်။
ဟယ်ရီက သူ့၏ ဓားမကို ဆုပ်ကိုင်လိုက်ပြီး စဉ်းနှီတုံးပေါ်ကို ပိုင်းဖြတ်လိုက်သည်။အသားက နှစ်ခြမ်းခြမ်းသွားပြီး လေထဲသို့ မြောက်တက်သွားသည်။သူက စပ်ဖြဲဖြဲပြုံးလိုက်ပြီးအသားကို အဝိုင်းပုံသဏ္ဍာန်ဖြတ်တောက်လ်ိုက်သည်။ပြီးနောက် သူ့၏ ဓားကိုစဉ်းနှီတုံးပေါ်တွင် စိုက်ထားလိုက်သည်။
၎င်းက ဟယ်ရီ၏ အကြိုက်ဆုံးဟင်းပွဲဖြစ်သည်။သို့သော်လည်း သူက အဆင့်မြင့်လှသောပါဝင်ပစ္စည်းများနှင့် ချက်ပြုတ်ခဲလှသည်။သူ့ပြိုင်ဘက်၏ စိတ်ဝိညာဉ်ကို အနိုင်ယူဖို့မှလွဲ၍ ပုဖန်ပြခဲ့သော အရည်အချင်းများက သူ့အပေါ် ဖ်ိအားတစ်ချို့ပေးလေသည်။
ဟုန်း..
မီးများထတောက်လောင်လာပြီး ဆီများဆူပွက်လာသည်။ပြင်းထန်လှသော မီး၏ အရှိန်အောက်တွင် ဒယ်အိုးက နီရဲလာ၏။စိတ်ဝိညာဉ် ဆေးပင်တစ်ချို့ကို နုတ်နုတ်စင်းလိုက်ပြီးနောက် သူပြင်ဆင်ထားသော အသားနှင့်အတူ အိုးထဲသို့ ရောထည့်လိုက်လေရာ အပူငွေ့များ လုံးခနဲ ထတက်လာသည်။
ရွဲ ရွဲ ရွဲ...
ခဏအကြာမှာပင် ဒယ်အိုးထဲမှ အငွေ့များနှင့်အတူအသား၏ မွှေးရနံ့များပါ လိုက်ပါလာလေသည်။အပူငွေ့က ဧရိယာတစ်ခွင်လုံးကို လွှမ်းခြုံလာသလ်ို အသားရနံ့ကလည်းလူများကို သရေကျလာစေလေသည်။ထိုအငွေ့များအလယ်မှ အသားစားနတ်ဆိုးဟယ်ရီ၏ စိတ်လှုပ်ရှားစွာ ရယ်သံကလည်းထွက်ပေါ်နေသည်။
ပုဖန် အပူငွေ့များအလယ်မှ အရူးဟယ်ရီကို စောင်းကြည့်လိုက်ပြီးတွေးနေမိသည်။
"သူက နေမကောင်းဘူးလား ဟင်းချက်နေရင်းနဲ့ ဘာကြောင့် အဲ့ဒီလောက် ရယ်မောနေတာလဲ..."
ပုဖန်လက်ထဲ၌ ရွှေနဂါးအရိုးမီးချောင်သုံးဓားပေါ်လာပြီး သူ့၏ အသားကို စတင်ပြင်ဆင်လိုက်သည်။မူလက သူ နံရိုးချိုချဉ်ကြော်ချက်ဖို့ ပြင်ဆင်ထားခြင်းဖြစ်သည်။သို့သော်လည်း ထ်ိုကဲ့သို့ အသားမျိုးကို ချက်ပြုတ်ရာ၌ အလွန်အရသာလေးနက်ဖို့လိုပေသည်။
ပုဖန်၏ အသားဟင်းချက်ပြုတ်သည့် အရည်အချင်းကလည်း မဆ်ိုးလှပေ။သို့သော်လည်း ကောင်းကောင်းချက်ပြုတ်နိုင်ဖို့က ခဲယဉ်းလှသည်။တစ်ချို့ စားဖိုမှူးများဆိုလျှင် ဟင်းပွဲတစ်ပွဲချက်ပြုတ်ရန်အတွက် ရက်အနည်းငယ် သို့မဟုတ် ၁၀ရက်တောင်မှ အလုပ်များနေပေလိမ့်မည်။
ဆွစ် ဆွစ် ဆွစ်...
သူ့လက်ထဲမှ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားက လှည့်ပတ်သွားသည်။ဓားအလင်းလေးများ ထွက်ပေါ်လာပြီးနောက် အသားပေါ်၌ လိုင်းကလေးများပေါ်လာသည်။
ဟား ဟား ဟား...
ဟယ်ရီဆီမှ ရယ်သံကျယ်ကြီး ထွက်ပေါ်လာပြန်သည်။သူ့လက်ထဲမှ အစားအစာကို ပန်းကန်ပေါ်တွင် ပြင်ဆင်ရန် အသင့်ဖြစ်နေလေပြီ။