အပိုင်း ၇၃၁
Viewers 53k

အခန်း ၇၃၁

ပုဖန်၏လျို့ဝှက်ချက်ပြုတ်နည်း...


သောင်းချီသော စွမ်းအင်လှိုင်းလေးများလွင့်လူနေသည်။အပူငွေ့များက တဖြေးဖြေးစုပ်ယူခံလိုက်ရသည်။စုစည်းလာသော စွမ်းအင်များက အသားထဲသို့ စိမ့်ဝင်သွား၏။


အသားကို ပန်းကန်ပြားပေါ်၌ ပြင်ဆင်ပြီးနောက် ဟယ်ရီက အပေါ်မှနေ၍ နုတ်နုတ်စင်းထားသော စိတ်ဝိညာဉ်ဆေးပင်တစ်ချို့ကို ဖြူးလိုက်သည်။ထို့နောက် အပူငွေ့တထောင်းထောင်းထနေသော ဟင်းရည်ပျစ်ပျစ်ကို ခပ်ယူလိုက်ပြီး အပေါ်မှစမ်းလိုက်၏


ရွဲ ရွဲ ရွဲ...


ဟင်းရည်စမ်းလိုက်သည်နှင့် အသားတုံးလေးက သက်ရှိထင်ရှားရှိနေသလိုများထင်ရလေသည်။


"ကောင်းကင်တုန်ခါတောင်ဖြတ်အသား...ပြီးသွားပြီ.."


ဟယ်ရီက သူ့၏ အဆီပြင်များ တုန်ခါအောင်ပင်ရယ်မောလိုက်သည်။သူ့၏ မျက်ဝန်းကျဉ်းကျဉ်းများကလည်း အလင်းများဖြာထွက်နေလေသည်။နီညိုရောင်သန်းသည့် စွပ်ပြုတ်ရည်ထဲ နစ်မြှုပ်နေသော နီမြန်းမြန်းအသားပါသည့် ပန်းကန်ကို ကိုင်ထားသည်။


စက်ဝိုင်းခြမ်းကဲ့သို့ တောက်ပနေသလို ထင်ရသည့် အသားပိုင်းကို ကြည့်ရသည်မှာပင် တမျိုးထူးဆန်းနေလေသည်။အပူတငွေ့ငွေ့ထွက်နေသည့် ဟင်းရည်ပျစ်ပျစ်က ပန်းကန်၏ ဘေးဘက်စီသို့ တဖြေးဖြေးစီးဆင်းနေသည်။၎င်းက မီးတောင်ဆီမှ ပေါက်ကွဲထွက်ပေါ်လာသော ချော်ရည်များကဲ့သို့ပင် ခံစားရစေသည်။


အသားစားနတ်ဆိုး ဟယ်ရီက သူ့၏ဟင်းပွဲကို ပထမဦးဆုံး ပြင်ဆင်ပြီးသွားသူဖြစ်သောကြောင့် လူတွေအားလုံး အံ့သြတကြီးဖြင့် အားပေးကြလေသည်။အဆင့် ၅ စားဖိုမှူးအဖြစ် တကယ်ကို ထိုက်တန်ပေသည်။သူပြုလုပ်သော ဟင်းပွဲက အကြည့်တစ်ချက်ဖြင့်ပင် စွဲမက်သွားစေသည်။


အခြားတစ်ဘက်တွင်မူ ပုဖန်က သူ့၏ အလုပ်ကိုသာအာရုံစိုက်ထားသည်။သူ နှုတ်ခမ်းများတင်းတင်းစေ့ထား၏ မီးတောက်ကို မှုတ်ထုတ်လိုက်ပြီးနောက် မဟူရာ လိပ်ခုံးဒယ်အိုးကို အပူပေးလိုက်သည်။ဒယ်အိုးအတွင်းပိုင်းက ချက်ချင်းပင် ပူနွေးလာလေသည်။


ပြီးသည်နှင့် သူပြင်ဆင်ထားသော အမွှေးအကြိုင်များအားလုံး အသာအယာလောင်းထည့်လိုက်သည်။တစ်ခ်ျိန်တည်းမှာပင် သူက ထောင်တျဲအသားကို ပြင်ဆင်လိုက်သည်။သူ့လက်ထဲမှ ဓားဖြင့် အသားပေါ်နာနာလေး ရိုက်လိုက်သည်။


၎င်းကအသားကို သားရေပြားကဲ့သို့ပင် ကျုံ့နိုင်ဆွဲနိုင်သွားပြီး ပို၍ နူးညံ့သွားအောင် ပြုလုပ်ပေးနိုင်ပေသည်။ပြုလုပ်လ်ိုက်သည်နှင့် အသားထဲမှ စွမ်းအင်များကလည်း ပို၍ ချောမွေ့သွားသည်။


ထို့နောက် ထောင်တျဲဝိညာဉ်လက်ပတ်ရှိသောလက်က်ို မြောက်လိုက်ပြီး လက်ဖျောက်တစ်ချက်တီးလိုက်သည်။သူ့၏ တခြားလက်ပေါ်တွင် မီးတောက်တစ်ခု ပေါ်လာပြီး ဧရိယာတစ်ခုလုံးကို လွှမ်းခြုံလာသည်။


ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ဝှေ့ယမ်းလိုက်သည်နှင့် သူကောင်းစွာ ထုထားသော အသားက လေထဲသို့ မြောက်တက်သွားသည်။လေထဲ၌ တစ်ပတ်လည်ပြီးနောက် ပုဖန်၏ မီးတောက်လက်ဖဝါးပေါ်သို့ ပြန်လည်ကျရောက်လာသည်။


"သူဘာတွေလုပ်နေတာလဲ..."


အားလုံး သူ့၏ လှုပ်ရှားမှုများကိုကြည့်၍ စိတ်ရှုပ်ထွေးနေကြသည်။


"ပုဖန်က ဘာဟင်းချက်ဖ်ို့ပြင်ဆင်နေတာလဲ..."


ချူချန်းရှန်က အံ့အားသင့်မ်ိသလို တစ်ချိန်တည်းမှာပင် မျှော်လင့်စောင့်စားနေမိသည်။သူ့၏ မြောက်များလှစွာသော ဗဟုသုတများနှင့်ပင် ပုဖန်မည်သည့်ဟင်းချက်မည်ကို မခန့်မှန်းနိုင်ပေ။


"သူ့မှာ ဒယ်အိုးရှိနေတယ်မဟုတ်ဘူးလား ဘာလို့ သူ့လက်နဲ့ ချက်ချင်ရတာလဲ..."


သူ့၏ လက်ဖဝါးပေါ်၌ ထူးခြားလှသော မီးတောက်က ပြိုကွဲသွားပြီး မီးလေပွေတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ အသားကို မြောက်တင်ထားသည်။


မီးလေပွေ၏ အပေါ်၌ အသားက လိမ့်နေပြီး မီးအရှိန်ဖြင့် ချက်နေပေသည်။၎င်းကိုကြည့်ရသည်မှာ အလွန်စိတ်ဝင်စားစရာကောင်းလှသည်။ကြည့်ရှုနေသူများကလည်း ထိုကဲ့သို့ ချက်ပြုတ်သည့်နည်းလမ်းမျိုးကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။


အသားကိုသုံး၍ ချက်ပြုတ်ခြင်း...


သူတို့လည်း ထိုနည်းလမ်းမျိုး လုပ်နိုင်ပေသည်။သို့သော်လည်း ထိုသို့ပြုလုပ်ခြင်းက စိတ်ဝ်ိညာဉ်စွမ်းအင်များ များစွာ သုံးစွဲရပေသည်။သူတို့သာ တစ်ချက်သတ်မဲ့လိုက်မိသည်နှင့် သူတို့ကိုသူတို့ လုံးဝပင်ပန်းနွမ်းနယ်သွားအောင် ပြုလုပ်လိုက်မိပေလိမ့်မည်။ထိုနည်းတူစွာပင် စိတ်စွမ်းအင်လုံလုံလောက်လောက်မထောက်ပံ့နိုင်သည်နှင့်အမျှ ချက်ပြုတ်သည့် ဟင်းလျာကလည်း ပျက်စီးသွားပေလိမ့်မည်။


သူတို့ လက်ဖဝါးပေါ်တင်၍ ချက်ချင်လျှင် သူတို့၏ စွမ်းအင်ထိန်းချုပ်မှုအပေါ် အလွန့်အလွန် အလွန်ယုံကြည်မှုရှိမှသာဖြစ်ပေလိမ့်မည်။သို့သော်လည်း ယခုက အချက်အပြုတ်ပြိုင်ပွဲဖြစ်သည်။မည်သည့်စားဖိုမှူးမှ စွန့်စားရမည့် ချက်ပြုတ်ခြင်းနည်းလမ်းများကို ရွေးချယ်လိမ့်မည်မဟုတ်ပေ။


ထို့ကြောင့်ပင် လူများအားလုံးက ပုဖန်၏ နည်းလမ်းက သစ်လွင်ပြီး စ်ိတ်ဝင်စားစရာကောင်းသည်ဟု ထင်မိကြသော်လည်း သူ့ကိုယ်သူ ထောင်ခြောက်ဆင်မိပြီး ရှုံးနိမ့်သွားအောင်ပြုလုပ်နေသည်ဟုသာ တွေးမိကြလေသည်။


ရွဲ ရွဲ ရွဲ...


ပုဖန်၏လက်ထဲမှ မီးတောက်က လေထဲမျောလွင့်နေသော ထောင်တျဲအသားက်ို လျင်မြန်စွာဖြင့် လောင်ကျွမ်းလာစေသည်။


ပုဖန် မျက်ဝန်းများကို မှိတ်လိုက်သည်။ခဏအကြာ၌ သူ့ခန္ဓာကိုယ်မှ စွမ်းအင်များမြင့်တက်လာလေသည်။သူ့ဘေးနား ပတ်ဝန်းကျင်ရှိ လေထုက မစီးဆင်းပဲရပ်တန့်သွားသည်ဟုပင်ထင်ရသည်။


ပုဖန်၏ စ်ိတ်စွမ်းအင်များ မြင့်တက်လာသည်နှင့်အမျှ သူ့၏ အပူချိန်ထိန်းချုပ်မှုကလည်း ပို၍ ကျွမ်းကျင်ပိုင်နိုင်လာသည်။ဒီဟင်းပွဲက အသေးစိတ်ကျနသော ဟင်းပွဲဖြစ်သောကြောင့် ပို၍ အရေးကြီးလှပေသည်။


အသားကင်က တဖြေးဖြေးဖြင့် နီမြန်းစိုအိသော အရောင်သို့ပြောင်းလဲသွားသည်ရွှေရောင်တောက်ပနေသော အဆီရည်လေးများက စိမ့်ထွက်လာပြီး မီးတောက်ထဲ ကျရောက်သွားကာ မီးအရှ်ိန်ကို ပိုမြင့်လာစေသည်။အသားကင်နေစဉ်အတွင်း တခြားလက်တစ်ဖက်ဖြင့် ဟင်းခတ်အမွှေးအကြိုင်များကို အသားပေါ်သို့ အဆက်မပြတ် ပတ်ဖြန်းပေးနေသည်။


ထိုစိတ်ဝိညာဉ်ဆေးပင်အမှုန့်များက အံ့သြဖွယ်ရာ ကောင်းလှသော မွှေးရနံ့မျိုးရှိသည်။အသားကင်ကို ထိလိုက်သည်နှင့် ၎င်းအမှုန့်များက စုပ်ယူခြင်းခံလ်ိုက်ရသည်။၎င်းက အသားကင်၏ ရနံ့ကို ပို၍ မွှေးကြိုင်လာစေပြီး သရေယိုလာစေသည်။


အမွှေးရနံ့များက တလှိမ့်လှိမ့်တိုးဝင်လာပြီး ကြည့်ရှုနေသူများ၏ စားချင်စိတ်ကို ဆွဲဆောင်နေပေပြီ။သူ့၏လက်င နောက်တစ်ကြိမ်လှုပ်ခါသွားသည်။အသားကင်က လေထဲသို့ မြောက်မြောက်တက်သွားပြီး လှိမ့်၍ ပြန်လည်ကျလာကာ နောက်တစ်ကြိမ်ထပ်ကင်ပြန်သည်။


တစက်စက်စီးကျနေသော ဆီငွေ့များကြောင့် အသားကင်၏ ပတ်ဝန်းကျင်တွင် အပူငွေ့များလှိုင်လှိုင်ထနေသည်။အပူရှိန်ကြောင့် အသားတုံးလေးက အနည်းငယ်လည်းလှုပ်ခါနေ၏။ထိုမြင်ကွင်းက မယုံနိုင်စရာကောင်းလောက်အောင်ပင်ဆွဲဆောင်မှုရှိနေလေသည်။


ပုံရိပ်လွှဲပြောင်း အစီအရင်မှ ထိုချက်ပြုတ်နေသည့်မြင်ကွင်းကို ဖမ်းယူထားပြီး ပြန်လည်ထုတ်လွင့်ပြသနေလေသည်။ကြည့်ရှုနေသူများက သိပ်သည်းကြွယ်ဝလှသော အသား၏ ရနံ့က သူတို့မှာခေါင်းဆီသို့ လာရောက်တိုက်ခိုက်နေသလိုမျိုးခံစားနေရသည်။


စားချင်စိတ်များဖြစ်ပေါ်လာပြီး နှုတ်ခမ်းပါးများကိုပင် လျှာဖြင့်သပ်လိုက်ကြသည်။မျက်လုံးများကို ဖြေးညင်းစွာ ပြန်ဖွင့်လိုက်သည်။သူ့၏ အမူအရာကခံစားချက်မဲ့စွာ ရှိနေတုန်းပင်ဖြစ်သည်။


အပူချိန်ထိန်းချုပ်မှုဆိုသည်က သူ့အတွက် ခက်ခဲသော ကိစ္စတစ်ရပ်တော့မဟုတ်ပေ။အစောပိုင်းက သူ နံရိုးချိုချဉ်ကြော် သို့မဟုတ် အနီရောင်အသားနှပ်ဟင်းပွဲကို ချက်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။သို့သော်လည်း တစ်ညမျှစဉ်းစားပြီးသည့်နောက် သူနှင့်အလွန် အမင်းရင်းနီးကျွမ်းဝင်နေခြင်းမရှိသည့် ချက်ပြုတ်နည်းလမ်းကိုသုံးရန်ဆုံးဖြတိလိုက်သည်။အဘယ်ကြောင့်ဆိုသော် သူ့၏ အရင်ကမ္ဘာမှ အသားဟင်းပွဲတစ်ခုကို သတိရသွားသောကြောင့်ဖြစ်သည်။


၎င်းက အသားစိမ်း၏ အရောင်ပျောက်သွားပြီးတစ်ခုလုံး ပတ္တမြားရောင်စိုအိနေပေလိမ့်မည်။ပုဖန်က အသားကို သေချာစွာကြည့်လ်ိုက်ပြီးနောက် ၆၀%ခန့်ချက်ပြုတ်ပြီးပြီဟု ဆုံးဖြတ်လိုက်သည်။သူ့၏ လက်တစ်ဖက်ကို လှုပ်ခါလိုက်ပြီး ပြင်ဆင်ထားသည့် ဝိုင်အိုးတစ်ခုကို လှမ်းယူလိုက်သည်။အဖုံးက်ို ဖွင့်လိုက်သည်နှင့် မွှေးပျံ့လှသော ဝိုင်ရနံ့များ ထွက်ပေါ်လာလေသည်။


အေးမြလှသော ဝိုင်က ကြည်လင်သန့်စင်သောရေထဲသို့ လောင်းချလိုက်သည့်အခိုက်အတန့်တွင် သူက အသက်ရှိနေသည့် ပိုးပြိုးမျှင်လေးလို လေဟာနယ်ကို ဖြတ်သန်းသွားပြီး သူ့လက်ထဲမှ အသားကို ရစ်ပတ်နှောင်တွယ်လိုက်သည်ဟု ထင်ရလေသည်။


ရွဲ ရွဲ...


ဝိုင်များက အသားကို ဖုံးအုပ်သွားသည်နှင့် မွှေးရနံ့များ နောက်တစ်ကြိမ်ပြန့်လွင့်လာလေသည်။ထူထပ်လှသော အခိုးအငွေ့များက ပုဖန်ကို ဖုံးလွှမ်းသွားပြီး လူတွေ၏ မြင်ကွင်းမှ ဖုံးကွယ်လိုက်လေသည်။


ရွှစ်...


ထို့နောက် အဖြူရောင်အငွေ့များက စုပ်ယူခံလိုက်ရပြီး ခဏအကြာမှာပင် လွင့်ပါးသွားသည်။ဖြူပြာပြောင်ကြေံပန်းကန်ပြားပေါ်၌တင်ထားသည့် အသားမှာ ထွက်ပေါ်နေသော အပူငွေ့ပျပျလေးသာ ရှိတော့သည်။အနီရောင်စိတ်ဝိညာဉ် သစ်သီးကိုယူလိုက်သည်။သူ့၏ ဓားကို လှုပ်ရှားလိုက်သည်နှင့် အသီးစိတ်လေးများအဖြစ်သို့ ပြောင်းလဲသွားလေသည်။


မဟူရာလိပ်ခုံးဒယ်အိုးကို ဖွင့်လိုက်သည်နှင့် သိပ်သည်းလှသော မွှေးရနံ့များ ကောင်းကင်ယံထက်ဆီသို့ လွင့်တက်သွားသည်။သူ ဒယ်အိုးထဲမှ သူချက်ထားသောစိတ်ဝိညာဉ်ဆေးပင်များကို ယူ၍ ပန်းကန်ပေါ်အလှဆင်လိုက်သည်။


အဖြူအရောင် အခိုးအငွေ့များက အသားပိုင်း၏ အောက်ခြေမှ ထိုးထွက်လာသလိုမျိုး မြင်ကွင်းက မသေမျိုးစွမ်းအင်များ ထွက်ပေါ်နေသကဲ့သို့ ခံစားရစေသည်။


ပုဖန်က သူ့လက်ထဲမှ ဓားဖြင့် အသားကို အသာအယာထိကြည့်လ်ိုက်သည်။


"အင်း တော်တော်လေး ကောင်းနေပြီ..."


ထို့နောက် သူခြေတစ်လှမ်းဆုတ်လိုက်ပြီးပင့်သက်တစ်ချက်ရှိုက်လိုက်သည်။ပြီးသည်နှင့် သူ့ဆံပင်များကိုချုပ်နှောင်ထားသည့် သိုးမွှေးစကို ဖြည်ချလ်ိုက်သည်။


"လျှို့ဝှက်ချက်ပြုတ်နည်း...၇၀%ကျက်တဲ့ ထောင်တျဲ သား ပြီးပြီ..."


ပုဖန်ချက်ပြုတ်ရာတွင် အချိန်အကြာကြီး မသုံးထားပေ။အသားစားနတ်ဆိုးဟယ်ရီ ပြီးဆုံးသွားပြီး မကြာခင်မှာပင် သူ့၏ ဟင်းပွဲကလည်း ပြီးသွားခဲ့ခြင်းဖြစ်သည်။


ထိုအခိုက်အတန့်၌ အသားစားနတ်ဆိုးဟယ်ရီက သူ့၏ ဟင်းပွဲကို ဒိုင်လူကြီးမင်းများဆီသ်ို့ ယူဆောင်သွားလိုက်သည်။ချူချန်းရှန်နှင့် တခြားသောသူများက စားပွဲရှေ့သို့ လျှောက်သွားလိုက်သည်။ဟယ်ရီ၏ အသားပိုင်းမှ ကြယ်အလင်းရောင်များကဲါသို့ အလင်းဖျော့ဖျော့လေးမြင့်တက်နေပေပြီ။


၎င်းက ကြည့်ရှုနေသူများကို အံ့အားသင့်မှု ပေးစွမ်းနေလေ၏။ဟယ်ရီ၏ မျက်နာက ပြုံးဖြဲဖြဲ စပ်ဖြီးဖြီးဖြစ်နေလေပြီ။


"ကောင်းကင်တုန်လှုပ်တောင်ကျော်ဖြတ် ဟင်းပွဲလို့ခေါ်တယ်...ကျွန်တော်က ဒီအသားကို မသေမျိုးစိတ်ဝိညာဉ်အဆင့် လှေကားသုံးဆင့်ရှိတဲ့လစိတ်ဝိညာဉ်သားရဲ ကောင်းကင်တုန်လှုပ် သမင်ဆီကနေ ဖြတ်တောက်ထားတာ...ပြီးတော့ ကျွန်တော်ရဲ့ အထူးအချက်အပြုတ်နည်းလမ်းနဲ့ အမွှေးအကြိုင်တွေကို အသုံးပြုထားတာခင်ဗျားတို့ ကြိုက်နှစ်သက်လိမ့်မယ်လ်ို့ မျှော်လင့်ပါတယ်..."


သူထိုသို့ပြောပြီးသည်နှင့် ဟယ်ရီ၏ လက်ထဲမှ အသားခုတ်ဓားမကြီးက အလင်းကဲ့သို့ လျင်မြန်လှသော အရှိန်နှုန်းဖြင့် မြောက်တက်သွားပြီး အသားပိုင်းပေါ်ကျရောက်သွားလေသည်။ထ်ိုမြင်ကွင်းက ပရိတ်သတ်များကို ပါးစပ်အဟောင်းသားဖြစ်သွားစေသည်။


"ဟယ်ရီက ဘာလုပ်တာလဲ သူအခုမှ ချက်ပြုတ်ရတဲ့ ဟင်းပွဲကို ဖျက်ဆီးချင်နေတာလား..."


ဒိုင်လူကြီးများလည်း မျက်ဝန်းများမှေးစင်းသွားလေသည်။ဟယ်ရီ၏ အသားခုတ်ဓားမကြီးက အလွန်ပင်ထက်မြေ့လှသည်။တစ်ချက်မျှထိလိုက်သည်နှင့် တရုတ်ကြွေပန်းကန်က ကွဲကြေသွားပေလိမ့်မည်။


ထိုအချိန်၌ ဟယ်ရီကပြုံးလိုက်သည်။


ဆွစ်...


သူ့၏ အသားခုတ်ဓားမက ပန်းကန်ပြားနှင့် တစ်လက်မခန့်အလိုတွင်ရပ်တန့်သွားသည်။ထိုလှုပ်ရှားမှုက အားလုံး၏ နှလုံးသားကို ဆွဲညှစ်လိုက်သလိုပင်ခံစားရစေသည်။ထ်ို့နောက် ဟယ်ရီ၏ အသားခုတ်ဓားမမှ ဓားစွမ်းအင်များပြန့်လွင့်လာကာ အသားပိုင်းကို ဖြတ်တောက်သွားလေသည်။


အသားပိုင်းအတွင်းမှ အခိုးအငွေ့များက ကောင်းကင်ယံဆီသို့ လွင့်မျောတက်လာသည်။အသားက အလယ်မှ နှစ်ပိုင်းပိုင်းသွားသည်နှင့် ဆော့စ်အနှစ်များက အိတုံနေသော အသားပိုင်းလေးကို ဖြတ်၍ စီးဆင်းလာလေသည်။


၎င်းမြင်ကွင်း နှိုင်းယှဉ်စရာမရှိအောင်လှပလှသည်။အသား၏ မွှေးရနံ့ကလည်း ဧရိယာတစ်ခွင်လုံးကို မွှေးပျံ့လာ၏။ကြည့်ရှုနေသူများအားလုံးက စိတ်လှုပ်ရှားမှုနှင့် နှစ်သက်သဘောကျမှုအားလုံးတို့ကြောင့် ပါးစပ်အဟောင်းသားဖြစ်နေကြသည်။


ချူချန်းရှန် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်နှင့် သူ့ပါးစပ်ထဲတွင် အသား၏ မွှေးရနံ့များ ပြည့်နှက်သွားသလိုမ်ျိုးခံစားလိုက်ရသည်။တကယ်တမ်းပြောရမည်ဆိုလျှင် အသားချက်ပြုတ်သည့်နေရာ၌ ဟယ်ရီက အကောင်းဆုံးသူဖြစ်သည်။သူနှင့်ယှဉ်ပြိုင်နိုင်သည့် များများစးစားမရှိပေ။


ချူချန်းရှန် စားပွဲပေါ်မှ အသားလှီးဓားတချောင်းကိုယူ၍ အသားပိုင်းပိုင်းသေးသေးလေးလှီးဖြတ်လိုက်သည်။ထို့နောက် ခရင်းဖြင့် ထ်ိုးစိုက်လိုက်သည်။


အသားပိုင်းပါးစပ်ထဲ ရောက်သွားသည်နှင့် သူ့၏ မျက်ခုံးများတွန့်ချိုးသွားသည်။သူ့၏ လေးနက်တည်ငြိမ်နေသော မျက်ဝန်းများက ချက်ချင်းပင်တောက်ပလာလေသည်။