အပိုင်း ၇၃၂
Viewers 54k


အခန်း ၇၃၂

ဟင်းပွဲကိုလာကြည့်... မျက်တောင်တချက်တောင်မခတ်နဲ့...


ရွှေနဂါး တော်ဝင်ခုံရုံးပိုင်နက်...ငါးယောင်ဆောင်တောင်တန်း နွေဦးကောင်းကင်ဘုံ သန့်စင်နယ်မြေ...


တောင်၏ အတွင်းဘက် တောင်ကြားဆီမှ နားကွဲမတက် ဆူညံလှသောတုန်ခါသံများအဆက်မပြတ် ထွက်ပေါ်လာသည်။ခဏအကြာ၌ ကျောက်တုံးကျောက်စများ ပဲ့တင်ကျလာသံများ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။


ကြီးမားလှသော မွန်းစတားကြီးတစ်ကောင် တဖြေးဖြေးချင်းပြန်တက်လာသကဲ့သို့ တောင်တစ်ခုလုံးလှုပ်ခါလာသည်။၎င်းက နွေဦးကောင်းကင်ဘုံ သန့်စင်နယ်မြေ၏ အလံကို လွင့်ထူထားသော စစ်သင်္ဘောတစ်စင်းပင်ဖြစ်သည်။


ကြီးမားလှသောစစ်သင်္ဘောကြီး၏ ဦးပိုင်းတွင် ရွှေသံချပ်ကာဝတ်အစောင့်များရှိနေသည်။ထိုသင်္ဘော၏ ဦးပိုင်းတွင် ဆံပင်ဖြူနှင့် လူကြီးတစ်ယောက်ရပ်နေ၏ သူ့၏ မျက်ဝန်းများက အသက်မရှိတော့သလို အေးစက်လွန်းလှသည်။ထိုသူ၏ အဝတ်အစားများက ဆုတ်ပြဲနေပြီး သူ့၏ လက်မောင်းတစ်ဖက်ပင်ပေါ်လွင်နေသည်။


သူ့၏ နောက်ကျောတွင် ကြမ်းတမ်းပုံပေါ်သော ပုဆိန်တစ်လက်နှင့် အနီရောင်ဓားတစ်ချောင်းကို လွယ်ထားသည်။ထိုပုဆိန်ပေါ်၌ ထူးခြားလှသော အက္ခရာအမြောက်အများကို ရေးဆွဲထားသည်။၎င်းတို့က ကြည့်လိုက်သည့်သူကိုပင် မူးဝေသွားစေနိုင်၏။


၎င်းက နွေဦးကောင်းကင်ဘုံ သန့်စင်နယ်မြေ၏ နတ်ဘုရားသတ်လက်နက်တစ်ခုဖြစ်သော နတ်ဘုရားသတ်ပုဆိန်ဖြစ်သည်။သန့်စင်နယ်မြေတိုင်းတွင် သူတို့၏ ကိုယ်ပိုင် နတ်ဘုရားသတ်လက်နက်များကို ပိုင်ဆိုင်ထားလေသည်။


သူတို့၏ အလေ့အကျင့် ကွာခြားမှုများကြောင့် လက်နက်များပေါ်တွင် ရေးထွင်းသည့် ပုံစံများကလည်း ကွဲပြားခြားနားလေသည်။တူညီသည့် အဓိကအချက်တစ်ချက်မှာ သူတို့ လက်နက်ပြုလုပ်နေစဥ်၌ နတ်ဘုရားတစ်ပိုင်းအဆင့်ရှိ ပစ္စည်းများကိုသာ အသုံးပြုခြင်းဖြစ်သည်။


"အစားကြူးတောင်ကြားကို ဦးတည်သွားကြမယ်..."


ထိုဆံပင်ဖြူနှင့် လူကြီးက ပြောလိုက်သည်။သူ့၏ အော်ရာများလည်း ချက်ချင်းပြောင်းလဲသွားပြီး စူးရှထက်မြက်လာသည်။သူအစားကြူးတောင်ကြားဟုပြောလိုက်သည့်ခဏ၌ ပါဝင်နေသော သတ်ဖြတ်ခြင်းအငွေ့အသက်များက လူများ၏ အကြောအချဥ်များကိုပင် ထုံကျင်သွားစေသည်။


သူ့၏ နက်ရှိုင်းလှသော မကျေနပ်မှုများ ပါဝင်နေသလို ထင်ရသည်။ဒီတစ်ကြိမ်၌ ကျောက်ခရမ်းအကြီးအကဲက သူ့ကို နောက်ထပ်အခွင့်အရေးတစ်ခုပေးခဲ့သည်။သူ အမွေအနှစ်ကို ရအောင်ယူရပေမည်။ဒီတစ်ကြိမ်ထပ်မံ ကျရှုံးခဲ့လျှင် ကျောက်ခရမ်းအကြီးအကဲက ရက်စက်ကြမ်ူတမ်းသည့် အပြစ်ဒဏ်မျိုးပေးအပ်လိမ့်မည်။


ကျောက်ခရမ်းအကြီးအကဲက မည်သို့သော အပြစ်ဒဏ်မျိုးကို ပေးအပ်သည်ကို သူမသိသောကြောင့် သဘာဝကျစွာပင် သူလုံးဝ အပြစ်ခံလိုခြင်းမရှိပေ။စစ်သင်္ဘောကြီးအောက်မှ အစီအရင်က အသက်ဝင်လာပြီးနောက် အဖြူရောင်အ င်းတန်းတစ်ခုသဖွယ် လေထဲသို့ ထိုးတက်သွားလေသည်။


ထ်ိုအချိန်၌ တောင်ထိပ်ဆီမှ သွယ်လျသော ပုံရိပ်လေးတစ်ခု ထွက်ပေါ်လာလေသည်။ထိုအရိပ်က လေထဲသို့ ပျံဝဲလာပြီး သင်္ဘောကုန်းပတ်ပေါ်သို့ ညင်သာစွာ ခြေချလာသည်။လူအိုကြီးက အနည်းငယ်ကြောင်အသွားပြီးနောက် ထိုပုံရိပ်ရှိရာဆီသို့ လှည့်ကြည့်လိုက်သည်။


"သူတော်စင် သမီးတော်..."


လူအိုကြီး မျက်မှောင်ကြုတ်လ်ိုက်ပြီး သူ့၏ အကြည့်များက ပို၍ လေးနက်လာသည်။ထိုအမျိုးသမီး၌ ခရမ်းရောင်ဆံပင်များရှိပြီး မျက်လုံးပြာများနှင့် ဖြစ်သည်။သူမ၏ အသားအရည်က လေတိုးလျှင် ကျိုးပျက်သွားတော့မလိုမျိူး ကြည်လင်နေလေသည်။


သူမ၏ ခန္ဓာကိုယ်က ဆွဲဆောင်မှုရှိလှပြီး မျက်နာလေးကလည်း ချစ်စရာကောင်းလှသည်။ထိုအမျိုးသမီးက ကောင်းကင်နွေဦး သန့်စင်နယ်မြေ၏ သူတော်စင်သမီးတော် ဇီယွင်ပင်ဖြစ်သည်။


သူတော်စင်သမီးတော်ဆိုသည်က အခေါ်အဝေါ်သက်သက်တစ်ခုမျှသာဖြစ်သည်။တကယ်တမ်းတွင် သူမက ကျောက်ခရမ်းအကြီးအကဲ၏ တစ်ဦးတည်းသော သမီးဖြစ်ပြီး သူ့၏ ရတနာတစ်ပါးပင်ဖြစ်လေသည်။လူအိုကြီးက သူတော်စင်သမီးတော် ဘာကြောင့် ရောက်လာသည်ကို မသိဖြစ်နေသည်။


"ကျွန်မတို့ အခုသွားသင့်ပြီ ကျွန်မကို စိတ်ထဲမထားပါနဲ့ ကျွန်မက ဒီတိုင်း သင်္ဘောလိုက်စီးရုံသက်သက်ပါပဲ..."


တင်းကျပ်သော အနက်ရောင် တိုက်ခိုက်ရေးဝတ်စုံကို ဝတ်ဆင်ထားသောကြောင့် ကြောက်မက်ဖွယ်ကောင်းပြီး သူရဲကောင်းဆန်သော အငွေ့အသက်ကို ပေးစွမ်းလေသည်။


"သင်္ဘောလိုက်စီးတာ ..."


အဘိုးကြီး၏ နှုတ်ခမ်းများ ရှုံ့မဲ့သွားသည်။သူတို့က အစားကြူးတောင်ကြားဆီသွား၍ အမွေသွားလုဖ်ို့ဖြစ်သည်။


"ဒီသူတော်စင်သမီးတော်က အပျော်ရှာချင်နေတာလား..."


သူတော်စင်သမီးတော်က ပုန်ကန်တက်သူတစ်ယောက်ဖြစ်ကြောင်း ကောလဟလများလည်းကြားဖူးပေသည်။သူမက ၉၉ကြိမ်မြောက် ထွက်ပြေးခဲ့ပြီး ကျောက်ခရမ်း အကြီးအကဲက တစ်ချိန်လုံးလိုက်ဖမ်းရသည်။ယခုလည်း သူမ၏ ၁၀၀ကြိမ်မြောက် ထွက်ပြေးမည့် ဆန္ဒက်ို အသုံးပြုရန်အတွက် သူတို့ သေင်္ဘာက်ိုလိုက်စီးချင်နေသေးလား...


"တကယ်လို့ ရှင် ကျောက်ခရမ်းအကြီးအကဲကို သွားပြီး သတင်းပို့ရဲမယ်ဆိုရင်တော့ ကျွန်မက ရှင်တောင်ကြားထဲကနေ အသက်ရှင်ရက် ပြန်မထွက်နိုင်အောင် လုပ်ပစ်လ်ိုက်မယ်..."


သူတော်စင်သမီးတော်က မျက်လုံးများလှန်လိုက်ပြီး ပြောလိုက်သည်။လူအုပ်ကြီး၏ မျက်နာအမူအရာက ပြောင်းလဲသွားသည်။ဒါက သူ့၏ နောက်ဆုံးအခွင့်အရေးဖြစ်သောကြောင့် သူလုံးဝလက်မလျှော့နိုင်ပေ။ထို့ကြောင့်ပင် သူတွန့်ဆုတ်နေရခြင်းဖြစ်၏။


"ကျွန်မတို့ သန့်စင်နယ်မြေရဲ့ သူတော်စင်သားတော်က အသတ်ခံလိုက်ရတယ်လေ ဟုတ်တယ်မဟုတ်လား...အဲ့ဒီတွက် ကျွန်မက မကျေမနပ်ဖြစ်နေတဲ့ ဝိညာဥ်ကို လွတ်မြောက်သွားအောင် ကယ်တင်ပေးဖ်ို့လိုတယ်..."


သူတော်စင်သမီးတော်က တည်ကြည်လေးနက်စွာဖြင့်ပြောလိုက်သည်။


ဖူး...


သူမ၏ အကြောင်းပြချက်ကြောင့် အားလုံး သွေးအန်မိမတက်ပင်ဖြစ်သွားသည်။သူတော်စင်သားတော်နှင့် သမီးတော်တ်ို့ကြားက မပြေလည်သော ဆက်ဆံရေးကို သန့်စင်နယ်မြေတစ်ခုလုံးသိကြပေသည်။


"ဒါ ဘာအဓိပ္ပါယ်ကို ဆ်ိုလိုတာလဲ ..အိုး ကောင်းပြီလေ ဒါကလည်း အခွင့်အရေးတစ်ခုပဲ..."


အဖိုးကြီး၏ မျက်ဝန်းများ တောက်ပသွားသည်။နောက်ဆုံး၌ သူ့၏ စစ်သင်္ဘောထွက်ခွာရန် အခွင့်အရေးရပေပြီ။


"သူတော်စင်သမီးတော် ဒီလ်ိုဆိုရင်လည်း သင်္ဘောခန်းထဲမှာ သွားပြီး အနားယူပါ...ကျွန်တော်တို့ အခုပဲ ထွက်ခွာကြပါမယ်..."


ဇီယွင်၏ မျက်ခုံးများပင့်သွားပြီး သူမ၏ ချစ်စဖွယ်မျက်နာလေးကိုမူ ပင့်မော့လိုက်သည်။


"ရှင်က တကယ်ကို မဆိုးဘူးပဲ ...ကောင်းပြီ အခုထွက်ခွာကြတာပေါ့.."


ဇီယွင်က အဖိုးကြီး၏ ပခုံးကိုပုတ်၍ ပြောလိုက်ပြီးနောက် သင်္ဘောခန်းဆီသို့ လှည့်ထွက်သွားလိုက်သည်။အဖိုးကြီး၏ နှုတ်ခမ်းများ ရှုံ့မဲ့သွားပြန်သည်။


မည်သို့ပင်ဆ််ိုစေ သူတော်စင်သမီးတော် ဇီယွင်က မကြာခင်မှာပင် ပြန်လည် ဖမ်းဆီးခံရပေလိမ့်မည်။ထို့ကြောင့် သူမကို ခဏမျှသင်္ဘောလိုက်စီးခိုင်းလိုက်ခြင်းက အရေးမကြီးပေ။


"ဒီတစ်ကြိမ်မှာ အစားကြူးတောင်ကြားက ငါတို့ရဲ့ ပစ်မှတ်ပဲ...ဘာအမှားကိုမှ မပြုလုပ်နဲ့..."


အဖိုးကြီး၏ မျက်ဝန်းများက စူးရှထက်မြက်လာပြီးသူ့၏ အသံက ပို၍ ကျယ်လောင်လာသည်။ထို့နောက် အေးစက်စွာဖြင့် ထပ်မံပြောလိုက်သည်။


"ရွက်လွှင့်တော့..."


ယခုအချိန်၌ လျှို့ဝှက်နဂါးတော်ဝင်ခုံရုံး၏ အလယ် သန့်စင်နယ်မြေမှ ပညာရှင်များစွာလည်း ထွက်ခွာလာကြသည်။သူတို့အားလုံး၏ ရည်ရွယ်ချက်က အစားကြူးတောင်ကြားဆီ ဦးတည်နေခြင်းဖြစိလေသည်။


အစားကြူးရင်ပြင်ကျယ်...


ထိုအခိုက်အတန့်၌ ရင်ပြင်ကျယ်တစ်ခုလုံးက်ို ဖုံးလွှမ်းနေသော သင်းပျံ့ကြိုင်လှိုင်လှသော အသားရနံ့များက လူများအားလုံးက်ို စိတ်ကျေနပ်မှု ပေးစွမ်းလေသည်။


"အနံ့လေးက ကောင်းလိုက်တာ အသားစားနတ်ဆိုးဟယ်ရီရဲ့ အကျင့်စရိုက်က တကယ်ကို မကောင်းဘူး ဒါပေမယ့် သူ့ရဲ့ အချက်အပြုတ်စွမ်းရည်ကတော့ လုံးဝ ထိပ်တန်းပဲလို့ ငါပြောရလိမ့်မယ်...


"ငါစားချင်တယ်လို့ အဲ့ဒီရနံ့က အရမ်းကိုပဲ ဆွဲဆောင်န်ိုင်လွန်းတယ်..."


ရွှေ့ပြောင်းအစီအရင်မှပြနေသော ပုံရိပ်ကိုကြည့်၍ ပရိတ်သတ်များကြားထဲတွင် အော်ဟစ်ဆွေးနွေးသံများ ညံနေလေသည်။တစ်ချို့က သားရေများပင်စီးကျနေလေသည်။


ပြိုင်ကွင်းထဲတွင် ဒိုင်လူကြီးများက အသားတစ်ဖက်စီ ပျစ်နှစ်သော ဆော့စ်ထဲမှ အသားတစ်ဖက်စီကို လှီး၍ မြည်းကြည့်လိုက်ကြသည်။


ချွမ် ချွမ်...


အသားဖတ်သူတို့ပါးစပ်ထဲ ရောက်သွားသည်နှင့် လျှပ်စီးကြောင်းစီးဝင်သွားသလိုမျိုး လက်ခနဲ လင်းလက်သွားကြသည်။


"ဒီခံစားချက်က ..."


လျင်လျင်မြန်မြန်ပင် ဝါးနေကြသောကြောင့် သူတို့ဆီမှ အသားဝါးသည့် ဆူညံသံများအဆက်မပြတ် ထွက်ပေါ်နေသည်။ခဏအကြာ၌ မျိုချလိုက်ကြသည်။မီးတောင်တစ်ခု ပေါက်ကွဲသလိုမျိုး ခံစားလိုက်ရပြီး သူတို့၏ ဆံပင်များပင် ထောင်ထသွားသည်။သူတို့၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်မှုများပေါ်လာသည်။


အစပ် မွှေးရနံ့ စစ်မှန်သည့် အသားအရသာ ထိုသုံးမျိုးက သမမျှတစွာ ရောနှောသွားသည်။ပါးစပ်ထဲတွင် ပေါက်ကွဲသွားသော အရသာသုံးမျိုးက ရေခဲကြိုးဖြင့် တုတ်နှောင်ထားခဲ့သော သူတို့၏ အရသာခံဖုလေးများကို နှိုးဆွလိုက်သကဲ့သို့ပင် သူတို့ စက္ကန့်ပိုင်းလေးအတွင်းမှာပင် ပေါက်ကွဲနေသော မီးတောင်တစ်ခုအရှေ့တွင် ရပ်နေသကဲ့သို့ ခံစားလိုက်ရသည်။


အပူလှိုင်းများက သူတို့ကို တဖြေးဖြေးဖုံးလွှမ်းလာပြီး ဝါးမျိုသွားလိုက်သလို ခံစားရသည်။မီးတောင်ပေါက်ကွဲမှုက အထွဋ်အထိပ်အဆင့်သို့ ရောက်ရှိလာပြီးနောက် နေရာအနှံ့သို့ မီးပွားလေးများကို ဖြန့်ကျက်လိုက်လေသည်။


သူလက်ထဲ၌ စိတ်ကျေနပ်စရာခံစားချက်က လှိုက်တက်လာလေသည်။ထိုအရာမှာ အသားစားနတ်ဆိုးဟယ်ရီ၏ ကောင်းကင်တုန်လှုပ်တောင်ကျော်ဖြတ် အသားဟင်းပင်ဖြစ်လေသည်။


၎င်းက ဟယ်ရီ၏ စစ်မှန်သည့်လက်ရာတစ်ခုပင်ဖြစ်သည်။ဟင်းပွဲ၏ အရသာက သူ့၏ ဂုဏ်သတင်းနှင့် တကယ်ကို ထ်ိုက်တန်လှသည်။သို့သော်လည်း ကံမကောင်းစွာပင် ဟယ်ရီက အသားဟင်းများ၌သာ ထူးချွန်ခြင်းဖြစ်သည်။


တခြားဟင်းပွဲတစ်ခုခုကိုသာ ချက်ပြုတ်ရမည်ဆိုလျှင် သူ့၏ အရည်အချင်းက သာမန်ပထမတန်းစား စားဖိုမှူးအဆင့်မျှသာရှိသည်။အကယ်၍ သူသာ တခြားဟင်းပွဲများတွင်လည်း လကမရာသိပ်မကွာပါက အစားကြူးဘုတ်ပြားပေါ်ရှ်ိ သူအဆင့်က နောက်တစ်ဆင့် မြင့်နိုင်ပေလိမ့်မည်။


ချူချန်းရှန် ဓားကို ချလိုက်ပြီး အသက်တစ်ချက်ရှုထုတ်လိုက်သည်။စိတ်ခံစားချက်များရှုပ်ထွေးနေသော အကြည့်ဖြင့် ကြည့်လိုက်ပြီး သူ့ပါးစပ်မှ ဆီများကို သုတ်လိုက်ကာ ပြောလိုက်သည်။


"ဒီဟင်းက တကယ်ကို ကောင်းတယ်..."


သို့သော်လည်း ပုဖန်၏ ထောင်တျဲ ခြေထောက်ကင်ကို စားပြီးသည့်နောက် သူ့၏ အရသာခံစားမှုက အဆင့်တစ်ဆင့် တိုးမြင့်သွားခဲ့သည်။ဒီအသား၏ အရသာက မဆိုးသော်လည်း ပုဖန်၏ ထောင်တျဲကင်ကို မမှီပေ။ထ်ိုသို့မဟုတ်လျှင် သူ့၏ အဝတ်အစားများပေါက်ကွဲထွက်သွားနိုင်ပေ၏။


တခြားဒိုင်လူကြီးများလည်း ငြိမ်သက်နေကြသည်။သူတို့ တခုခုပြောချင်သော်လည်း ချူချန်းရှန်၏ တည်ငြိမ်နေသော မျက်နာကိုကြည့်ကာ ဇဝေဇဝါဖြစ်သွားကြသည်။


"ဘာဖြစ်နေတာလဲ မဟာအကြီးအကဲရဲ့ အဝတ်အစားတွေက ဘာလို့ မပေါက်ကွဲသေးတာလဲ...အရသာရှိတဲ့ ဟင်းတစ်ခွက်ဖြစ်ပေမယ့် အကြီးအကဲက ဘာမှမတုံ့ပြန်ဘူး...အနည်းဆုံးတော့ သူ့အဝတ်အစားတွေက လွင့်ခါနေသင့်တယ်လေ..."


ဟယ်ရီနှင့် တခြားသူများကလည်း ထိုအချက်ကို သတိပြုမိလိုက်ကြသည်။အော်ဟစ်အားပေးသံများက ငြိမ်ကျသွားသည်။ချူချန်းရှန်၏ အမူအရာကြောင့် ပရိတ်သတ်များ တီးတိုးဆွေးနွေးနေကြလေသည်။


"ဒီလိုဆိုတော့ ဟင်းရဲ့အရသာက မကောင်းဘူးလား...မဟာအကြီးအကဲရဲ့ အဝတ်အစားတွေက လိမ်မှာမဟုတ်ဘူးလေ..."


အသားစားနတ်ဆိုးဟယ်ရီ၏ မျက်နာပေါ်က အပြုံးက ပျောက်ကွယ်သွားသည်။သူ ချူချန်းရှန်ကို သံသယများပြည့်နှက်နေသည့် မျက်ဝန်းဖြင့်ကြည့်လိုက်သည်။


သို့သော်လည်း သိရန်မေးရန် မသင့်သော အကြောင်းအရာတစ်ချို့ကြောင့် သူမည်သည့်စကားတစ်ခွန်းမှမဆိုလိုက်ပေ။


ဖျတ် ဖျတ် ဖျတ်...


အားလုံး အသက်ရှူရပ်မတက် တိတ်ဆိတ်သွားသည့်အချိန်တွင် ငြိမ်သက်မှုကို ဖြိုခွင်းလာသည့် ခြေသံများကို ကြားလိုက်ရသည်။သူ့၏ နေရာမှ လျှောက်လာခဲ့သည်။သူကိုင်ထားသော ဟင်းပွဲကို အဖုံးတစ်ခုဖြင့် ဖုံးအုပ်ထားသောကြောင့် လူတွေ၏ မြင်ကွင်းမှ ကာကွယ်ထားသလို ဖြစ်နေသည်။


ပုဖန်၏ အမူအရာက သူ့၏ စိတ်ခံစားချက်ကို တစ်စုံတစ်ခုကမှ မနှောက်ယှက်နိုင်သလို ပုံစံမျိုးနှင့် တည်ငြိမ်နေလေသည်။သူ့၏ မျက်နာတွင် မည်သည့်အမူအရာမှ မရှိပေ။ထ်ို့ကြောင့် အခြေခံအားဖြင့် သူတွင် စိုးရိမ်ပူပန်မှုမရှိဟု ဆိုနိုင်ပေသည်။တကယ်တမ်းတွင်လည်း သူကသူ့၏ ဟင်းပွဲအပေါ်တွင် ယုံကြည်မှု အပြည့်အဝရှိနေပေသည်။


သူ့၏ တည်ငြိမ်လှသော အကြည့်များက အားလုံးကို ဝေ့ဝဲကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်စွန်းလေးများ ကော့တက်သွားသည်။ထို့နောက် သူက ခံစားချက်မဲ့လှသော အသံဖြင့် စကားဆိုလိုက်သည်။


"ခင်ဗျားတို့ သူ့ဟင်းပွဲကို မြည်းပြီးသွားပြီပေါ့ ဒါဆို ကျုပ်အလှည့်ပဲ..."


သူ့ဟင်းပွဲကို စားပွဲပေါ်တင်လိုက်ပြီးနောက် ထပ်လောင်းပြောလ်ိုက်သည်။


"ဟင်းပွဲက ဒီမှာပါ ကျေးဇူးပြုပြီး မျက်တောင်တစ်ချက်တောင်မခတ်ပါနဲ့..."


ထိုအခိုက်အတန့်၌ ဟင်းပွဲကို ကြည့်နေသောချူချန်းရှန် အသက်ရှုရန်ပင် ရပ်လိုက်မိသည်။


"ထောင်တျဲအသားပဲ အဲ့ဒါက ထောင်တျဲအသားပဲ..."


တခြားသူများကမူ ပုဖန် မည်သည့်အသားကို ချက်ပြုတ်ခဲ့မည်မသိသောကြောင့် ဖုံးအုပ်ထားမှုက သူတို့ကိုပို၍ စူးစမ်းမှုများမြင့်တက်လာစေသည်။သူတို့အားလုံးက ၎င်းကို မြည်းစမ်းနိုင်ဖို့ စောင့်ဆိုင်းနေကြလေသည်။


ပရိတ်သတ်များဘက်၌ ထိုနည်းတူစွာပင် သူတို့အားလုံးက မြင်ကွင်းကောင်းကောင်းမြင်နိုင်စေရန်အတွက် လည်ပင်းဆန့်၍ ကြည့်ရှုနေကြသည်။


ထ်ိုအဖုံးအောက်၌ မည်ကဲ့သို့ အံ့အားသင့်စရာဟင်းပွဲမျ်ိုးရှိနေမည်ကို သိချင်နေကြပေပြီ။ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားပြီးပန်းကန်အဖုံးကို အသာအယာ လှစ်ဟလိုက်သည်။


ထိုအခိုက်အတန့်၌ အဖြူရောင်အခိုးအငွေ့များနှင့်အတူ တိုင်းတာ၍ မရနိုင်အောင် မွှေးပျံ့လှသော အသားရနံ့များ လှိုက်တက်လာလေသည်။ထိုအသား၏ မွှေးရနံ့က ထုထည်ရှိနေသလိုမျ်ိုး ထင်ရသည်။ချက်ချင်းဆိုသလိုပင် အစားကြူးရင်ပြင်ကျယ်တစ်ခုလုံးကို လှုပ်ခတ်သွားစေသည်။


အဖြူရောင်အခိုးအငွေ့ကြားထဲ၌ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ထ်ို့နောက် အလင်းတန်းတစ်ခု အလင်းတန်းသုံးခု ပြီးနောက် အလင်းတန်း လေးခု ကြား၌ မီတာများစွာ အကွာအဝေး၌ အလင်းတန်းထောင်ချီ ဖူးပွင့်လာသကဲ့သို့ပင် ဖြစ်ပေါ်လာသည်။


၎င်းက ခမ်းနားကြီးကျယ်တောက်ပလင်းလက်လွန်းလှသည်။လူအားလုံး တုန်လှုပ်အံ့အားသင့်သွားကြသည်။သူတို့ လက်ရှိ မြင်လိုက်ရသောမြင်ကွင်းကြောင့် မယုံနိုင်လောက်အောင်ပင် အံ့အားတသင့်ဖြစ်ရလေသည်။