အပိုင်း ၇၃၃
Viewers 62k

အခန်း ၇၃၃

မင်းကကမ်းစပ်... တို့က ရေလှိုင်းလေးပေါ့အချစ်ရယ် 🎶🎶


စစ်သင်္ဘောတစ်စင်း ဖြေးညင်းစွာ ရွက်လွှင့်လာ၏။စိတ်ဝိညာဉ် စွမ်းအင်အများအပြားကလည်း ပတ်ဝန်းကျင်ရှိ လေဟာနယ်တွင် လူးလွန့်ရိုက်ခတ်နေသည်။


ကောင်းကင်နွေဦးသန့်စင်နယ်မြေမှ တည်ဆောက်ထားသော သင်္ဘောက နဂါးမြို့ဟောင်းတိုက်ကြီးတွင် ထိပ်တန်းတစ်ခုပင်ဖြစ်လေသည်။အစီအရင်ဆရာသခင်များက မြောက်များလှစွာသောပဉ္စလက် ပစ္စည်းအများအပြားနှင့် စွမအင်အများအပြားကို သုံးစွဲ၍ တည်ဆောက်ထားခဲ့ခြင်းဖြစ်သည်။၎င်းက ကြီးမြတ်သော တန်ခိုးအဆင့်ကဲ့သို့ပင် လေဟာနယ်ကို ချိုးဖျက်သွားနိုင်စွမ်းရှိသည်။


သို့သော်လည်း ထ်ိုကဲ့သို့ လေဟာနယ်ကို ချိုးဖျက်နိုင်ရန်အတွက် မြောက်များလှစွာသောစွမ်းအင်အရင်းအမြစ်များကို လိုအပ်ပေသည်။ထို့ကြောင့် အရေးကြီးသည့် မခြေအနေမျိုးမှ မဟုတ်လျှင် ထိုစွမ်းရည်မ်ျိုးကို မသုံးစွဲပေ။


သို့သော်လည်း ယနေ့တွင်တော့ အဖိုးကြီးက အနည်းငယ်မျှပင် ထပ်မံ၍ မစောင့်စားနိုင်တော့ပေ။သူက သင်္ဘောထိန်းချုပ်သူကို လေဟာနယ်ချိုးဖျက်စွမ်းရည်သုံးဖို့တိုက်ရိုက်ပြောလိုက်သည်။


ကျောက်ခရမ်းအကြီးအကဲ ပေးအပ်လိုက်သော တာဝန်ကို ပြုလုပ်ရန်အတွက် အစားကြူးတောင်ကြားထဲသို့ ဖြစ်နိုင်သမျှအမြန်ဆုံးနည်းဖြင့် ရောက်ရန်လိုအပ်ပေသည်။သူတို့ အမွေအနှစ်များကို ရကိုရရပေမည်။ကျောက်ခရမ်းအကြီးအကဲ၏ အဆ်ိုအရထိုအမွေအနှစ်များကို မျက်စိကျနေသူမှာသူတို့ သန့်စင်နယ်မြေတစ်ခုတည်းမဟုတ်ပဲ တခြားသန့်စင်နယ်မြေများပါ ပါဝင်လေသည်။


ဟခုအခ်ျိန်၌ ရွှေဓားမြှောင်က တုံးအလှသော အဖိုးကြီး ချူချန်းရှန်ကို ဖမ်းရာတွင် ပူးပေါင်းမပါဝင်ခဲ့သည့်အတွက်သာ သူဒေါသထွက်နေမိတော့သည်။အကယ်၍ ထ်ိုအဖိုးကြီးကိုသာ ဖမ်းမိခဲ့ပါက သူတို့ထိုမျှလောက် ဒုက္ခများနေမည်မဟုတ်တော့ပေ။


နောင်တက သုံးစားမရပေ။ယခုလက်ရှိ လုပ်ဖို့လိုသည်က တခြားသန့်စင်နယ်မြေများအခွင့်မရေးမရခင် အမွေအနှစ်ကို ရအောင်ယူရန်သာဖြစ်သည်။လေဟာနယ်ဖောက်ထွင်းစွမ်းရည်ကို အသုံးပြုပြီး အစားကြူးတောင်ကြားကို တိုက်ရိုက်သွားမယ်...သူ့၏ ပြင်းထန်မာကြောလှသော အသံက စစ်သင်္ဘောတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။


ချက်ချင်းဆိုသလိုပင် စစ်သင်္ဘော၏ အစီအရင်က လူများကို မျက်ရည်ကျလောက်အောင်ပင် တောက်ပလင်းလက်လာလေသည်။


ဝီ...


ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအင်လှိုင်းများ လှုပ်ရှားလာပြီး လေဟာနယ်ကို ချိုးဖျက်၍ လမ်းကြောင်းဖွင့်ရန် ပြင်ဆင်နေလေပြီ။စစ်သင်္ဘောအထက်၌ မုန်တိုင်းလေပွေတစ်ခု တိုက်ခိုက်နေသလိုမျိုးလူများ၏ ဆံပင်များကိုလည်း ရှုပ်ပွေလိမ်နေစေ၏။


သူတော်စင်သမီးတော် ဇီယွင်၏ မျက်ဝန်းပြာများက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။သူ စစ်သင်္ဘောကြီး မည်ကဲ့သို့ ပြောင်းလဲသွားမည်ကို သိချင်နေမိသည်။


ထို့နောက် သူမ၏ အကြိမ် ၁၀၀မြောက် ထွက်ပြေးခြင်းပ အလုပ်ဖြစ်လေပြီ။


ဘုန်း ဘုန်း...


အစီအရင် အပြည့်အဝ အသက်ဝင်လာမည့် အခိုက်အတန့်၌ ငါးရောင်စုံ တောင်ထိပ်ထက်ဆီမှ အဖြူရောင်အရိပ်တစ်ခု ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။


ထိုအရိပ်က အလင်း၏ အလျင်နှုန်းအတိုင်း စစ်သင်္ဘောနှင့် တစ်စတစ်စ နီူကပ်လာသည်။ဇီယွင် ထိုအရိပ်ကို မြင်လိုက်သည့်အခိုက်၌ သူမထိတ်ထိတ်ပြာပြာဖြစ်သွားသည်။


"မြန်မြန်လေး အရှိန်ကို မြင့်တင်လိုက်..."


ဇီယွင်အော်ဟစ်လိုက်သည်။သူမ ထိုအလင်းတန်းကို ရင်းနီးနေပေသည်။သူမ အိမ်ကထွက်ပြေးသည့်အခ်ျိန်၌ ထ်ိုအရိပ်က လိုက်လံဖမ်းဆီး၍ အိမ်သို့ ခေါ်ဆောင်သွားလေသည်။


သူမ ထိုအရိပ်ကို မြင်လိုက်တိုင်း ကြောက်ရွံ့မှုကို ခံစားရလေသည်။တကယ်တမ်းတွင် သူမ ထိုအရိပ်ကို ချောင်ထိုးစွန့်ပစ်လိုက်ချင်သည်။သို့သော်လည်း ထိုအရိပ်က သူမကို ဖမ်းဆီးရန် အထူးတာဝန်ပေးအပ်ထားသော သူမအဖေ၏ ကိုယ်ပွားပင်ဖြစ်သည်။


"သူတော်စင်သမီးတော် လေဟာနယ်ကို အလျင်စလို ချိုးဖောက်ဖျက်စီးလို့မရပါဘူး..."


အဖိုးကြီး၏ မျက်နာပေါ်မှ အရေအကြောင်းများပင် တုန်ယင်နေသော်လည်း သူ့၏ အသံက တည်ငြိမ်နေဆဲပင်ဖြစ်သည်။ဇီယွင် နှာခေါင်းရှုံ့လိုက်သည်။ထိုအဖိုးကြီးက သူမကို ဆန့်ကျင်နေမှန်းသိပေသည်။သူမလှည့်ကြည့်လိုက်သည်နှင့် ကိုယ်ပွားက တန်ခိုးရှင်တစ်ယောက်အလား လေဟာနယ်ကို ဖြတ်သန်း၍ ချီးကပ်လာပေပြီ။ဇီယွင်၏ မျက်ဝန်းများက ဒေါသဖြင့် လက်လက်တောက်သွားသည်။


သူမလက်တစ်ဖက်ကို မြောက်၍ အဖိုးကြီး၏ မုတ်ဆိတ်မွှေးများကို စောင့်ဆွဲလိုက်သည်။အဖိုးကြီး ကြောင်အသွားလေသည်။


"အကျင့်မကောင်းတဲ့ အဖိုးကြီး...ဒီနေ့ ငါကို ဘာလုပ်ခဲ့လဲဆိုတာကို ငါမှတ်မိနေမယ်...ငါ ပြန်လာတဲ့ အခါကျရင် ရှင်ရဲ့ မုတ်ဆိတ်မွေးတွေကို တစ်ချောင်းမကျန် နှုတ်ပစ်မယ်..."


ဇီယွင်၏ ခြိမ်းခြောက်မှုကြောင့် အဖိုးကြီး တုန်လှုပ်အံ့အားသင့်သွားသည်။ထို့နောက် သူမ၏ သွယ်လျသော ခြေထောက်လေးက ကုန်းပတ်ပေါ်သို့ နင်းတက်လိုက်သည်ကို မြင်လိုက်ရသည်။


သူမ၏ ခြေထောက်များက စပရင်တစ်ခုကဲ့သို့ အားယူ၍ ထောက်ကန်လိုက်ပြီးနောက် တွန့်လိမ်ပွင့်ဟနေသော လေဟာနယ်အက်ကွဲကြောင်းထဲသို့ အတင်းတိုးဝင်လိုက်လေသည်။စစ်သင်္ဘောဖြတ်သန်းသွားမည့် အင်အားပင်ဖြစ်သည်။အဖိုးကြီး၏ မျက်နာထားက ချက်ချင်းပင်ပြောင်းလဲသွားလေသည်။


ထိုအရိပ်ကလည်း စစ်သင်္ဘောဆီသို့ ချဉ်းကပ်လာပြီး အော်ရာများကလည်း တမဟုတ်ချင်းမြင့်တက်လာလေ၏။အဖ်ိုးကြီး၏ မျက်နာက ဖြူဖျော့နေပြီး တုန်တုန်ရီရီဖြင့် ပြောလိုက်သည်။


"ဒီလေဟာနယ်အက်ကွဲကြောင်းက အပြည့်အဝ မဖွင့်ရသေးဘူး..သူတော်စင်သမီးတော်က ထွက်သွားလိုက်ပြီ ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအင်တွေရဲ့ ဆုတ်ဖြဲခြင်းကို ခံလိုက်ရလျှင် ဘယ်လိုလုပ်ကြမလဲ..."


အဖိုးကြီး ပင့်သက်တစ်ချက်ရှိုက်လိုက်မိသည်။


ဆွစ်...


လေဟာနယ်အက်ကွဲသွားပြီး ကောင်းကင်ပေါ်မှ ပုံရိပ်တစ်ခု ပြုတ်ကျလာသည်။သူမ၏ ခရမ်းရောင်ဆံပင်များကလည်း တလွင့်လွင့်ခါနေ၏။သူမပြုတ်ကျလာသည့် အောက်နေရာ၌ ပန်ဒါမျက်ဝန်းများဖြင့် စိတ်ပျက်လက်ပျက်လမ်းလျှောက်နေသော ငရဲဘုရင် အာဟရှိနေသည်။


သူ့၏ လက်နှစ်ဘက်က ဘေး၌ တွဲလွဲကျနေသည်။သူ့ကိုကြည့်ရသည်မှာ အလွန်တရာ အေးစက်ခြောက်သွေ့နေပုံရေလသည်။


"အစပ်ချောင်းလိုအပ်တယ်...သူအစပ်ချောင်းတွေ အများကြီး လိုချင်တယ်..."


ယခုအချိန်၌ သူအစပ်ချောင်းများကို ပွေ့ဖတ်ထားချင်သည်။၎င်းတို့ကို လျက်ချင်သည် စားချင်သည်။ရုတ်တရက် သူ့၏ စိတ်က လှုပ်ခါသွားသည်။ခေါင်းမော့ကြည့်လ်ိုက်သည်နှင့် ပြုတ်ကျလာသော ပုံရိပ်တစ်ခုက သူ့၏ မြင်ကွင်းထဲ ကြီးသထက်ကြီးမားလာသည်။


"တစ်ယောက်ယောက်ပြုတ်ကျလာတာလား..."


ငရဲဘုရင်အာဟ အံ့သြသင့်သွားပြီး လက်နှစ်ဖက်က်ို မြောက်၍ ထိုအရိပ်ကို ဖမ်းယူလိုက်သည်။


ချလွမ်...


၎င်းက အလွန်ကျယ်သည့် အသံတစ်သံဖြစ်သည်။ငရဲဘုရင် သူ့ရှေ့မှ တွင်းနက်ကြီးနှင့် ဗလာ ဖြစ်နေသော သူလက်ကိုကြည့်လိုက်၏။သူ ရှက်ရွံ့စွာဖြင့် ခေါင်းကုတ်လိုက်မိသည်။သူထိုကဲ့သို့ ရည်ရွယ်ခြင်းမဟုတ်ပေ။အစပ်ချောင်းမရှိသောကြောင့် သူမျက်ဝန်းများ အနည်းငယ်မှုန်ဝါးနေခြင်းကြောင့်ဖြစ်သည်။


ထိုတွင်းပေါက်ထဲမှပုံရိပ်တစ်ခု တွားသွားတက်လာသည်။သူမ၏ တစ်ကိုယ်လုံး ဖုန်လူးနေပြီး ခရမ်းရောင်ဆံပင်များကလည်း ရှုပ်ပွနေလေသည်။သူမ၏ အရိုးအဆစ်များ နေရာလွဲသွားသလိုပင် ခံစားနေရသည်။သူမတွင်းထဲမှ ထွက်လာပြီး မော့ကြည့်လိုက်သည်နှင့် ငရဲဘုရင်အာဟကို ဖြတ်ခနဲ မြင်လိုက်လေသည်။သူတော်စင်သမီးတော် ဇီယွင် မှင်သက်သွားမိသည်။ထိုအနက်ရောင်မျက်ဝန်းများက အလွန်ပင် နက်ရှိုင်းပြီး ကြည့်လိုက်မိသူကို နစ်မြှုပ်သွားအောင် ပြုလုပိနေပေသည်။


"ဒီကမ္ဘာကြီးပေါ်မှာ ဒီလို အံ့အားသင့်စရာကောင်းတဲ့သူမျိုး ဘယ်လိုလုပ် တည်ရှိနေရသေးတာလဲ..."


ထိုအခိုက်အတန့်၌ ဇီယွင်သူ့ကို ကြွေကျသွားလေသည်။(🎵🎵🎵မျက်ဝန်းလေးနဲ့ ညှို့ယူသွားတယ်...မင်းဘယ်သူလဲ...🎵🎵🎵)


အစားကြူးတောင်ကြား....


ကျယ်ပြန့်လှသော ရင်ပြင်ကျယ်တွင် ဆူညံသံများပွက်လောရိုက်နေသည်။အားလုံး၏ မျက်နာထက်၌ စိတ်လှုပ်တရှားမျှော်လင့်နေသော အမူအရာမျိုးကို ဆင်မြန်းထားကာ ရင်ပြင်ကျယ်အလယ်ရှိ အလင်းများပစ်လွှတ်နေသော ဟင်းပွဲကို စိုက်ကြည့်နေကြသည်။


၎င်းအခြေအနေ၌ ပုန်းကွယ်နေသော ရတနာတစ်ခု သူတို့၏ ရှေ့မှောက်၌ တဖြေးဖြေးပေါ်ထွက်လာသကဲ့သို့ပင် ..


"ဒါက တကယ့်အစားအစာလား..."


လူအားလုံး သ်ိချင်စိတ်ပြင်းပြင်းပြပြနှင့် အံ့သြတုန်လှုပ်နေကြသည်။တစ်ချို့က စိတ်ရွှင့်မြူးနေသလို တစ်ချို့က မယုံနိုင်ဖြစ်နေကြသည်။ကြီးကျယ်ခမ်းနားလှသော အလှတရားကို တွေ့မြင်ရသောကြောင့် အံ့အားသင့်မဆုံးဖြစ်နေလေသည်။


ဟင်းပွဲမှ ထွက်ပေါ်လာသော မွှေးရနံ့များကလည်း တဖြေးဖြေးပို၍ သိပ်သည်းသိပ်သည်းလာကာ လူများ၏ အရသာခံ အာရုံများကို လာရောက်တိုက်ခိုက်ပေသည်။


"ဒီအနံ့လေးက အရမ်းကောင်းတာပဲ ငါတော့ သရေယ်ိုနေပြီ...အနံ့ရယုံနဲ့တင် ငါ့ကိုယ်ငါ မထိန်းနိုင်တော့ဘူး...ဒီဟင်းပွဲက တကယ်ကို ဆွဲဆောင်နိုင်လွန်းတယ် ..."


ခဏမျှ တိတ်ကျသွားပြီးနောက် ကမ္ဘာမြေကြီး တုန်ခါသွားလောက်အောင်ပင် အော်ဟစ်ဆူပူသံများ ဆွေးနွေးသံများထွက်ပေါ်လာသည်။


ရွှီ...


အဖြူရောင်အခိုးအငွေ့များပျောက်ကွယ်သွားသည်။ချူချန်းရှန်နှင့် တခြားစားဖိုမှူးများက ပန်းကန်ပြားပေါ်ကိုသာ မလွှဲတမ်းစောင့်ကြည့်နေကြသည်။အလင်းများ ငြိမ်ကပ်သွားပြီးနောက် ဟင်းပွဲ၏ တကယ့်အသွင်အပြင်ကို လှစ်ဟပြလာလေပြီ။


၎င်းက ကြည်လင်တောက်ပနေသည့် အသားတုံးဖြစ်သည်။ဟင်းပွဲ၏ ပတ်လည်တွင် မွှေးရနံ့များ ရစ်ဝဲနေပြီး မြူငွေ့ငွေ့ဆိုင်းနေသည်။


အရောင်က အောချရလောက်အောင်လှပသည်။ပုဖန်က ၎င်းကိုချက်ပြုတ်ပြီးပြီဆိုသော်လည်း အသက်ရှိနေသေးသကဲ့သို့ပင်ထင်ရစေသည်။ထိုကဲ့သို့ တောက်ပလှသည့် အသားတုံးကို အရောင်စုံလင်လှသည့် ဟင်းသီးဟင်းရွက်များနှင့် အလှဆင်ထားပုံကလုအားလုံး၏ နှလုံးသားကို ဆွဲကိုင်လှုပ်ခါလိုက်သကဲ့သို့ပင် ။


၎င်းက ဂုဏ်သရေရှိ လူတစ်ယောက်က သူတို့၏ မျက်နာကို ဖြတ်ရိုက်လိုက်သကဲ့သို့ပင် တကယ်ကို သူတို့ အလွန်အမင်းအံ့အားသင့်ခဲါရသည်။


"ဟင်းပွဲတစ်ပွဲက ဘယ်လိုလုပ်ပြီးများ မဲ့ဒီလောက်ဝင့်ကြွားနိုင်ရတာလဲ..."


အသားစားနတ်ဆိုးရီ၏ မျက်နာက အေးခဲသွားသည်။သူ့၏ မျက်ဝန်းများမှုန်ဝါးငွားပြီး ပါးစပ်အဟောင်းသားပွင်ါနေ၏။သူ့လက်ထဲမှ အသားတုံးပင်လွတ်ကျလုနီးပါးဖြစ်သွားသည်။သူပြောစရာစကားစွံ့အစွာဖြင့် ကြောင်အမှင်သက်နေမိသည်။သူ့၏ ခံစားမှုကို ယှဉ်ပြနိုင်၍ပင်မရတော့ပဲ ခန္ဓာကိုယ်မှ ကြက်သီးမွှေးညှင်းများထလာသည်ကိုပင် ခံစားမိလေသည်။ကမ္ဘာကြီးပေါ်တွင် ထိုကဲ့သို့ ပြီးပြည့်စုံနိုင်လွန်းသော အသားတုံးတစ်တုံးက်ို တွေ့ရလိမ့်မည်ဟု သူလုံးဝမမျှော်လင့်ထားမိပေ။ထိုအသားတုံး၏ နူးညံ့မှု အရောင်အနံ့နှင့် စိတ်ဝိညာဉ် စွမ်းအင်တို့က လုံးဝကို လိုက်ဖက်ညီ ပြီးပြည့်စုံနေလေသည်။


သူ ရနံ့များကို ရှုရှိုက်လိုက်သည်။ထိုမျှ ထိပ်တန်းကျနလှသော အသားဟင်းပွဲကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သော်လည်း ထိုအခိုက်အတန့်မှာပင် သူ ရှုံးနိမ့်သွားပြီဖြစ်ကြောင်း သိလိုက်ပေပြီ။


သူက စိတ်ဝိညာဉ်လှေကားအဆင့် ပါဝင်ပစ္စည်းကို သုံးခဲ့သော်လည်း အရသာက ပြစ်ချက်မရှိအောင်ကောင်းမွန်ခဲ့ဆသ်ာလည်း တခြားတစ်ယောက်၏ ဟင်းပွဲနှင့် မယှဉ်နိုင်ဖြစ်ခဲ့ရလေပြီ။


တခြားစားဖိုမှူးများလည်း ပုဖန်၏ လျှို့ဝှက် ချက်ပြုတ်နည်း ၇၀ %ကျက်သည့် ထောင်တျဲအသားကိုကြည့်ပြီး ထိတ်လန့်ကြောက်ရွံ့မိသွားကြသည်။


"နေဦး...ထောင်တျဲအသား ဟစ်..."


သူတို့ တစ်စုံတစ်ရာကို သတိပြုမိသွားပုံဖြင့် မျက်နာများက ထိတ်လန့်ကြောက်ရွံ့မှုအဖြစ်သို့ ပြောင်းလဲသွားသည်။သူတို့၏ မျက်နာပေါ်၌ မယုံကြည်နိုင်မှုကလည်း အထင်းသားပေါ်လွင်နေသည်။


"ထောင်တျဲအသား ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ ပုဖန်က ဒီလိုအဆင့်အတန်းမြင့်တဲ့ ထောင်တျဲအသားကို ဘယ်ကနေရနိုင်မှာလဲ..."


ချူချန်းရှန် ပုဖန်ကို ကြည့်လိုက်သည့်ခဏ၌ သူ့၏ ဘေ.ာများပင် နာကျင်လာသလို ခံစားလိုက်ရသည်။ထိုကောင်လေးက ထောင်တျဲအသားကို အသုံးပြုချင်ခဲ့သည်ဆိုသည်အားဘုရားသာလျှင် သိပေလိမ့်ပေမည်။၎င်းက အနိုင်ကျင့်ခြင်းဟု ဆို၍ ရပေသည်။ဒီနေရာတွင် မည်သည့် စိတ်ဝိညာဉ် အရှင်သခင်အဆင့် သားရဲမှမရှိလေရာ ဘာကြောင့်များထိုအသားကို အသုံးပြုရသနည်း။


သို့သော်လည်း မည်သို့ပင်ဆိုစေ ချူချန်းရှန်က ထိုအသားကို မြည်းကြည့်နိုင်ရန် စောင့်စားနေပြီဖြစ်သည်။၎င်းက လှပပြီး အနုပညာလက်ရာမြောက်လှသည်။ချုချန်းရှန် မသားလှီးဓားကို ကောက်ကိုင်၍ ခပ်ဖြေးဖြေးလှီးဖြတ်လိုက်သည်။အသားကို ဓားဖြင့် ဖိလိုက်သည်နှင့် စိုအိလှသေု အဆီရည်များ ပန်းထွက်လာကာ မွှေးရနံ့များကြိုင်လှိုင်သွားသည်။


၎င်းက အသားကို အလွယ်တကူဖြတ်၍ မရစေသော်လည်း ကြိုင်လှိုင်သော မွှေးရနံ့ကြောင့် စားချင်စိတ်ကို ပိုတိုးလာစေသည်။အသားတုံးကိုထိုးစိုက်၍ ပါးစပ်နား ယူလိုက်သည့် တစ်လျှောက်၌ အဆီရည်လေးများက တစ်စက်စက်စီးကျနေကာ မွှေးရနံ့က နေရာအနံ့ကို ဖုံးလွှမ်းနေလေသည်။


သိပ်သည်းလှသော ရနံ့ကြောင့် ချူချန်းရှန်၏ အရိုးအဆစ်များပင် တုန်ယင်လာသလို ခံစားလိုက်ရသည်။သူ ပါးစပ်ထဲထည့်လိုက်သည်နှင့် နူးညံ့လှသောအသား၏ အရသာက ပါးစပ်ထဲတွင် ပေါက်ကွဲထွက်ပေါ်လာသည်။


၇၀% ချက်ထားသော အသားက အလွန်ပင် အရသာရှိလှသည်။၎င်းက်ို အနည်းငယ်ဝါးရသည်ဆိုသော်လည်း မွှေးပျံ့စိုအိလှသည့်ရနံ့က အလွန်ပင်ကောင်းမွန်လှလေသည်။အပြင်ပိုင်း အသားလေးက အနည်းငယ်ကျွပ်ရွနေသည်။သို့သော်လည်း အတွင်းမှအသားများကမူ မည်သည့်အရာနှင့်မှ မယှဉ်နိုင်လောကါအောင် နူးညံ့အိထွေးနေ၏။


အခြားသူများကလည်း အသားပိုင်း အနည်းငယ်စီ လှီးဖြတ်လိုက်သည်။ပါးစပ်ထဲ ရောက်သွားသည်နှင့် သူတို့တစ်ကိုယ်လုံးတုန်ယင်သွား၏ ရန်ယုက ကမ္ဘာမြေတစ်ခွင်လုံးကိုပင် တုန်ယင်သွားစေခဲ့သည့် ထောင်တျဲနှင့် မျက်နာချင်းဆိုင်တွေ့ကြုံနေရသလို ခံစားလိုက်ရသည်။


သူ့၏ မျက်နာပေါ်တွင် ကြောက်ရွံ့မှုက အထင်းသားပေါ်လွင်လာသည်။သူ့၏ ခေါင်းအထက်၌ ထောင်တျဲက ကြီးမြတ်သောနတ်ဘုရားတစ်ပါးကဲ့သို့ ဟိန်းဟောက်နေပြီး သူ့၏ အနက်ရောင်တွင်းပေါက်ကြီးကလည်း အရာရာခပ်သိမ်းကို ဆွဲယူ ဝါးမ်ျိုနေသလို ခံစားလိုက်ရ၏။


မုချန်အနည်းငယ်စားလိုက်ပြီးနောက် မွှေးရနံ့က သူမ၏ မျက်နာလေးကို နီရဲတက်လာစေပြီး ပို၍ ဆွဲဆောင်မှုရှိလှစေသည်။သူ့၏ ခြေထောက်များအနည်းငယ်ပျော့ခွေသွားပြီး အသက်ရှူသံများပင်ကျယ်လောင်လာ၏။


မျက်ဝန်းများမှိတ်၍ ပါးစပ်ထဲမှ အရသာကို ခံစားနေလိုက်သည်။ထို့နောက် သူမမျက်ဝန်းများပြန်ဖွင့်လိုက်ချိန်တွင် ပုဖန်ကို ပြင်းထန်စွာ စိုက်ကြည့်လိုက်သည်။ထိုသူက သူမအတွက် ကြီးမားလှသော ပြိုင်ဘက်ဖြစ်ကြောင်း သံသယဝင်စရာမလိုတော့ပေ။သူမအထင်သေးကြည့်မြင်ခဲ့သည့်သူက တကယ်ကို ကောင်းမွန်သည့် အရည်အချင်းနှင့် စားဖိုမှူးတစ်ယောက်ဖြစ်နေလေသည်။


တခြားသူများလည်း ထောင်တျဲအသားကင်ကို မြည်းကြည့်ပြီးနောက် သူတို့၏ မျက်နာအမူအရာများပြောင်းလဲသွားသည်။ချူချန်းရှန်၏ အမူအရာများက ဖောင်းပွပေါက်ကွဲလာပြီး သူ့၏ ကြွက်သားများလှစ်ဟလာလေသည်။


ထောင်တျဲအသားနှင့် ရင်ဆိုင်တွေ့ရသည့် အချိန်တွင် သူ့၏ အဝတ်အစားများကို ထိန်းချုပ်မရနိုင်တော့ပေ။


"ကဲကောင်းပြီ အားလုံးပဲ အရသာမြည်းပြီးကျပြီဆိုတော့ မဲပေးကြရအောင် ဒီပြိုင်ပွဲမှာ ဘယ်သူက အနိုင်ရရှိသူဖြစ်မလဲ..."


ချူချန်းရှန် လေးနက်တည်ငြိမ်သော မျက်နာထားဖြင့် ပြောလိုက်သည်။ထိုခဏ၌ လေထုအခြေအနေကလည်း ပြင်းထန်လေးလံလာသည်။ပုဖန်က တည်ငြိမ်အေးဆေးနေတုန်းပင်ဖြစ်သည်။သူလက်နှစ်ဖက်ကို နောက်ပစ်၍ ဘေးတစ်ဖက်၌ ရပ်နေသည်။သူ့၏ နီရောင်စားဖိုမှူးဝတ်ရုံကလည်း လေအရှ်ိန်ဖြင့် ညင်သာစွလှုပ်ခါနေသည်။


ရင်ပြင်ကျယ်တစ်ခုလုံး ထူးဆန်းစွာ တိတ်ဆိတ်ငြိမ်သက်နေလေသည်။အချိန်အတော်ကြာပြီးမှ ခြေစောင့်နင်းသံ တစ်သံထွက်ပေါ်လာပြီး အသားစားနတ်ဆိုးဟယ်ရီ၏ ကြမ်းရှသည့် အသံထွက်ပေါ်လာ၏။


သူ့၏ မျက်နာပြင်ပေါ်မှ အဆီပြင်များလှုပ်ခါသွားပြီး တွန့်ဆုတ်စွာ ပြောလိုက်သည်။


"ဒီပွဲမှာ ငါရှုံးတယ်..."