အပိုင်း ၇၃၄
Viewers 53k

အခန်း ၇၃၄

အစပ်ချောင်းမရှိတဲ့နေ့...


သူတော်စင်သမီးတော် ဇီယွင်က ထ်ိုမျက်ဝန်းများနှင့် ဆုံတွေ့လိုက်ရသည့်ခဏ၌ လျှပ်စစ်နှင့်အတို့ခံလိုက်ရသလိုမျိုးခံစားလိုက်ရသည်။သူမ၏ ခြေလက်များပင် ထုံကျင်လာသည်။ထ်ိုချောမောခန့်ညားလှသော မျက်နာက ဆွဲဆောင်မှုရှိလွန်းလှသည်။


ပန်ဒါကဲ့သို့ မျက်ဝန်းတစ်စုံနှင့် ပျင်းရိလေးတွဲနေသော အမူအရာက တကယ်ကို ချစ်စရာကောင်းလွန်းလှ၏။အားလုံးခြုံပြောရမည်ဆိုလျှင် သူက ဆွဲဆောင်မှုရှိလွန်းအားကြီးသည်။


"ရှင်..."


သူတော်စင်သမီးတော်ဇီယွင်၏ နှုတ်ခမ်းပါးလေးများပွင့်ဟလာသည်။သူမ၏ မျက်နာလေးကလည်း နီမြန်းနေပြီး တစ်မျိုးတစ်ဖုံချစ်ဖို့ကောင်းနေလေသည်။ငရဲဘုရင်၏ မျက်ဝန်းများက ငိုက်မြည်းနေပြီး တစ်ဝက်သာ ပွင့်လေသည်။သူ့၏ မျက်ဝန်းအောက်မှ အနက်ရောင်အဝန်းအဝိုင်းကလည်း ပို၍ ကြီးမားကျယ်ပြန့်လာ၏။


ယခုလက်ရှိ ငရဲဘုရင်ကိုသည ပုဖန် တွေ့လိုက်ရလျှင် အလွန်အမင်းထိတ်လန့်အံ့သြသွားပေလိမ့်မည်။သူ့၏ ထက်မြက်လှသော ညီအကိုက ကမ္ဘာကြီးတစ်ခုလုံးကို ဖြတ်သန်းသွားလာသည်ဟုပင် ထင်သွားပေလိမ့်မည်။


"မင်းအဆင်ပြေရဲ့လား လေဟာနယ်ကို အဲ့ဒီလို အဆက်အခြင်မဲ့ ဖြတ်သန်းလို့မရဘူး...မင်းက အရမ်းဂရုမဲ့လွန်းတယ် လေဟာနယ်စွမ်းအားတွေက မင်းကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်နိုင်တယ်...အဲ့ဒီလိုသာဖြစ်သွားမယ်ဆိုရင်တော့ မင်းရဲ့ စိတ်ဝိညာဉ်တောင်မှ လေဟာနယ်စွမ်းအားတွေထဲမှာ ပိတ်မိသွားနိုင်တယ် ..."


ငရဲဘုရင်က ပျင်းရိလေးတွဲစွာပြောလိုက်သည်။သူအစပ်ချောင်းမစားရသောကြောင့် သူ့၏ စွမ်းအားအပြည့်အဝပင် ဆင့်ခေါ်နိုင်ခြင်းမရှိပေ။ဇီယွင်က နှုတ်ခမ်းပါးလေးများကို ကိုက်လိုက်သည်။သူမ၏ မျက်ဝန်းလေးများကလည်း ရီဝေနေ၏။


" အရမ်းဆွဲဆောင်မှုရှိတာပဲ သူက ငါ့ကို ဂရုစိုက်နေတာပဲ သူက ငါ လေဟာနယ်ဖြတ်သန်းလာတယ်ဆိုတာကိုလည်း သိနေတယ် အရမ်းအစွမ်းကြီးတာပဲ..."


သူတော်စင်သမီးတော် ဇီယွင်က တစ်စုံတစ်ရာပြောချင်သလို နှုတ်ခမ်းပါးလေးများပွင့်ဟသွားလိုက်သည်။


"ရှင် ရှင်..."


ငရဲဘုရင် သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်သည်။


"မင်းက အစပ်ချောင်းမဟုတ်ဘူးပဲ တကယ်လို့ မင်းသာ အစပ်ချောင်းဖြစ်နေမယ်ဆိုရင် အရမ်းကောင်းသွားမှာ ကောင်းကင်ပေါ်ကနေ အစပ်ချောင်းတွေကျလာတယ်လို့ စဉ်းစားကြည့်လိုက်စမ်း...အရမကို စိတ်လှုပ်ရှားစရာကောင်းလိုက်တာ..."


သူလက်မြောက်၍ မျက်နာကို ဖုံးကွယ်လိုက်သည်။ပိတုန်းရောင်ကဲ့သို့ နက်မှောင်လာသော ဆံနွယ်များက လက်ချောင်းများကြားထဲမှ ကျနေလေသည်။သူ့၏ လှုပ်ရှားမှု သူတော်စင်သမီးတော် ဇီယွင် ကြောင်အနေမိသည်။၎င်းက ရိုးရှင်းပြီး ဟန်ဆောင်မှုကင်းလှသည်။ထိုအမူအရာလေးကပင် ကောင်းကင်နွေဦးသူတော်စင်သားတော်ထက် အပုံကြီးသာပေသည်။


"မင်းတို့ ဒီနေ့ခေတ် လူငယ်တွေကတော့လေ...ကိုယ့်ကိုကိုယ် သတ်သေဖို့ မကြိုးစားနဲ့...ဘဝထဲမှာ ရတနာတွေအများကြီးရှိတယ်...အဲ့ဒီထဲမှာ အစပ်ချောင်းကတော့ တန်ဖ်ိုးအမြင့်ဆုံးရတနာပဲ...မင်းငါနဲ့ လိုက်ခဲ့ အစပ်ချောင်းကို တစ်ခါလောက် မြည်းစမ်းပြီးသွားပြီဆိုတာနဲ့ ဘဝရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်ကို သိသွားလိမ့်မယ်..."


ငရဲဘုရင် သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ပြီး ပြောလိုက်သည်။


"ကောင်းပြီ ကျွန်မရှင်နဲ့လိုက်ခဲ့မယ်..."


ဇီယွင်၏ မျက်ဝန်းလေးများလက်တောက်သွားပြီး သူ ချက်ချင်းပင် ငရဲဘုရင်ရှေ့၌ရပ်လိုက်သည်။ငရဲဘုရင် အံ့အားသင့်သွားမိသည်။


"ဒီကလေးမ သဘောတူလိုက်တာ မြန်လ်ိုက်တာ..."


ကောင်းကင်ယံဆီမှ ကျယ်လောင်သော ပေါက်ကွဲသံများ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။ကြောက်မက်ဖွယ်ရာ စွမ်းအင်များ ပေါ်လာပြီး အတော်ဝေးဝေးအထိ ရိုက်ခတ်သွားသည်။ငရဲဘုရင် အံ့အားသင့်သွားပြီး မျက်ဝန်းများကြိုးစားဖွင့်၍ ကောင်းကင်ကို ကြည့်လိုက်သည်။ထိုနေရာ၌ အလင်းအရိပ်တစ်ခုရှိနေသည်။ကြောက်မက်ဖွယ်စွမ်းအင်များက ၎င်းဆီမှ ထွက်ပေါ်နေခြင်းဖြစ်သည်။


သူတော်စင်သမီးတော် ဇီယွင်၏ မျက်နာပေါ်မှစိတ်လှုပ်ရှားမှုများ ပျောက်ကွယ်သွားပြီး စိုးရိမ်မှုများ အစားထိုးဝင်ရောက်လာသည်။


"ရှင် မြန်မြန်လေး သွားသင့်တယ်...သူ ရှင့်ကို သတ်လိုက်မယ်..."


သူမတုန်တုန်လှုပ်လှုပ်ဖြင့် ပြောလိုက်သည်။နောက်ဆုံး၌ သူမ၏ ဖခင်လက်ထဲမှ ထွက်ပြေးလွတ်မြောက်ခဲ့ပြီဟု ထင်ထားခဲ့သည်။သို့သော်လည်း အချိန်အတိုလေးအတွင်းမှာပင် ရှာတွေ့သွားမည်ဟု မတွေးခဲ့မိပေ။


သူမ၏ အကြိမ် ၁၀၀မြောက် ထွက်ပြေးခြင်းကလည်း ကျရှုံးခဲ့ပြန်ပြီ။စိတ်မကောင်းစွာပင် ယခုအချိန်၌ သူမ၏ ရှေ့တွင် အမ်ျိုးသားတစ်ယောက်ရှိနေသည်။ထိုသူကို သူမအဖေ သတ်ပစ်ခွင့်မ့ပြုနိုင်ပေ။ထို့ကြောင့် သူမက ငရဲဘုရင်ကို မြန်မြန်ထွက်သွားရန် တီးတိုးပြောလိုက်ခြင်းဖြစ်သည်။ထိုသို့မဟုတ်လျှင် သူမအဖေ၏ ကိုယ်ပွားက ချောမောခန့်ညားလှသည့် အမျိုးသားကို သေသည်အထိ ရိုက်နှက်ပေလိမ့်မည်။


သူမနှစ်သက်သဘောကျသည့် သူမျိုးကို ရှာတွေ့ရန် ခက်ခဲလွန်းလှသည်။ထို့ကြောင့် အကြောင်းမဲ့ ဒီတိုင်းသေသွားခြင်းမျိုးကို လက်မခံနိုင်ပေ။သူမထိုသူနှင့် မခွဲခွာလိုသော်လည်း သူ့ကို ထွက်ပြေးန်ိုင်အောင် သတိပေးလိုက်သည်။


"သူက မင်းစီကို လာတာလား ..."


ငရဲဘုရင်ပျင်းရိစွာ သန်းဝေလိုက်ပြီး သူ့၏ ရှုပ်ပွနေသော ခေါင်းကိုကုတ်၍ ပြောလိုက်သည်။


"ရှင်မြန်မြန်လေးသွားတော့ သူတို့ရှင့်ကို သတ်လိုက်မယ်..."


ဇီယွင်၏ မျက်နာက ဖြူဖျော့လာပြီး သူထပ်မံ၍ ပြောဆ်ိုလိုက်သည်။


"ဟမ်...ကြည့်ရတာတော့ မင်းသူနဲ့ လ်ိုက်သွားချင်ပုံမရဘူး...ဒီလ်ိုဆိုမှတော့ ဒီအရှင်သခင်နဲ့ လိုက်ခဲ့လိုက်တော့လေ..."


ငရဲဘုရင်က သူ့၏ ဆံပင်များကို သပ်လိုက်ပြီး ဆွဲဆောင်မှုရှိသည့် အပြုံးတစ်ခုကို ဖော်ထုတ်လိုက်သည်။သူတော်စင်သမီးတော် ဇီယွင် ဇဝေဇဝါဖြစ်သွားသည်။


"သူပြောချင်တာ ဘာအဓိပ္ပါယ်လဲ..."


သို့သော် နောက်ခဏ၌ ငရဲဘုရင်ပြုလုပ်လိုက်သည့် အမူအရာကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။ငရဲဘုရင်က ကောင်းကင်ပေါ်တွင်ရှိမေသည့် အလင်းအရိပ်ကို လက်ညှိုးထိုး၍ ပြောလိုက်သည်။


'ဟေး အဲ့ဒီမှာ ရှိနေတဲ့ သူငယ်ချင်းနားထောင် ဒီအရှင်သခင်က ဒီဂျုနီယာငယ်လေးကို ကာကွယ်ပေးထားတယ်..."


အလင်းပုံရိပ်က တဖြေးဖြေးချင်းနီးကပ်လာသည်။ကြောပ်မက်ဖွယ်စွမ်းအင်များကလည်း စုစည်းလာသည်မှာ ကောင်းကင်ကြီးတစ်ခုလုံးတောက်ပလင်းလက်ပူလောင်လာသလို ထင်ရသည်။


ထိုအလင်းပုံရိပ်၏ မမြင်ရသော မျက်ဝန်းများက ငရဲဘုရင်ကိုကြည့်၍ တွေးလိုက်သည်။


"ဒီလူက ရူးများနေတာလား..."


ထိုအခိုက်အတန်၌ အလင်းပုံရိပ်က ရှေ့သို့ ခြေတစ်လှမ်းတ်ိုးလိုက်သည်။ထောင်ချီသည့် စွမ်းအင်စီးကြောင်းလေးများစုစည်းသွားပြီးနောက် ကောင်းကင်ယံထက်တွင် ကြီးမားလှသည့်ခြေထောက်တစ်စုံ ပေါ်လာလေသည်။


ထိုဧရာမခြေထောက်ကြီး၏ အောက်ခြေမှ လွှမ်းမိုးနိုင်စွမ်းသော စွမ်းအင်များဖြာထွက်နေသည်။၎င်းက ငရဲဘုရင်ကို သေအောင်နင်းသတ်ချင်ပုံရလေသည်။ပုရွတ်ဆိတ်တစ်ကောင်ကိုသတ်သကဲ့သို့..


ဇီယွင်၏ မျက်နာက ဖြူဖျော့သွားသည်။ကြမ်းတမ်းစွာ တိုက်ခိုက်လာသော လေများက ဆံပင်များကို တဖျတ်ဖျတ်လွင့်ခါနေစေပေပြီ။မျက်ကွင်းမဲများနှင့် ငရဲဘုရင်က သက်ပြင်းအသာချ၍ စကားဆိုလိုက်သည်။


"ဟင်း အစပ်ချောင်းမရှိဘူးဆိုရင် ငါ့ရဲ့ စိတ်အခြေအနေက ကောင်းမနေဘူးနော်..."


ထိုအခိုက်အတန့်မှာပင် လက်ဝါးရိုက်ချက်တစ်ခုထွက်ပေါ်လာလေသည်။ငါးရောင်စုံ တောင်ထိပ်တွင်ရှိနေသော ကျောက်ခရမ်းအကြီးအကဲ၏ မျက်ဝန်းများရုတ်တရက်ပွင့်လာသည်။


မျက်ဝန်းထဲ၌ စိတ်ဝိညာဉ် ငှက်တစ်ချို့၏ အရိပ်အယောင်များပေါ်ထွက်လာသည်။


"ယွင်အာကို ခေါ်ဖို့ ငါပို့လိုက်တဲ့ အလင်းကိုယ်ပွားက ဖျက်စီးခံလိုက်ရတယ် ဘယ်သူလုပ်လိုက်တာလဲ...တခြားသန့်စင်နယ်မြေက ဦးနှောက်မရှိတဲ့ အရူးတွေလား...သေစမ်း သူတို့ စပြီး လှုပ်ရှားလာပြီ...ငါတ်ို့ အစားကြူးတောင်ကြားရဲ့ အမွေအနှစ်ကို မြန်မြန်ရမှဖြစ်မယ်..."


........


"ငါရှုံးတယ် .."


အသားစားနတ်ဆိုးဟယ်ရီ စိတ်ပျက်လက်ပျက်ဖြင့် သူ့၏ အရှုံးကို ဝန်ခံလိုက်သည်။ချူချန်းရှန် မည်သည်မှ မကြေငြာရသေးသလို တခြားစားဖိုမှူးများကလည်း မည်သည်မှ မဆုံးဖြတ်ရသေးပေ။သို့သော်လည်း အားလုံး တိတ်ဆိတ်နေသည့်အချိန်၌ ဟယ်ရီက သူ့၏ အရှုံးကို ကြေငြာလိုက်ခြင်းဖြစ်သည်။


သူက မသေမျိုး ဝိညာဉ် အဆင့်ရှိသော ပါဝင်ပစ္စည်းကို အသုံးပြုခဲ့သောကြောင့် သူနိူင်မည်ဟုသာ အားလုံးထင်ခဲ့ကြသည်။သို့သော်လည်း ပြိုင်ဘက်က ထောင်တျဲအသား ထုတ်သုံးလာလိမ့်မည်ဟု မည်သို့မှမတွေးထားပေ။


"ဘုရားသခင် ဒီထောင်တျဲအသားဆိုတာက ကြီးမြတ်သော တန်ခိုးအဆင့်ကို ရောက်နေတဲ့ သားရဲပဲ..."


လူတိုင်း ထိုဖိအားကို မခံစားနိုင်တော့ဟန်ဖြင့် သူတို့၏ မျက်နာများကို လက်ဖဝါးထဲတွင် နစ်မြှုပ်ထားလိုက်ကြသည်။ထိုအချိန်၌ ထိပ်တန်း စားဖိုမှူး ၁၀ယောက်သည်လည်း ပုဖန်က်ို အထင်အမြင်သေးသော အကြည့်များဖြင့် မကြည့်ဝံ့တော့ပေ။အသားစားနတ်ဆိုးဟယ်ရီက သူကျွမ်းကျင်ပိုင်နိုင်သော ဟင်းပွဲဖြင့် ရှုံးနိမ့်သွားရသည်ကို မြင်သောအခါ၌ သူတို့လည်း အန္တရာယ်ကို ခံစားမိလေသည်။


မည်သို့ပင်ဆိုစေ ဒီကောင်လေးအောင်နိုင်သွားသည့် နောက်ကွယ်က အကြောင်းအရင်းက သူ့၏ ထိပ်တန်းအလွန်အဆင့် ပါဝင်ပစ္စည်းကြောင့်ဖြစ်သည်။ကြည့်ရသည်မှာ နောက်ပြိုင်ပွဲ၌ သူတို့ ပုံမှန်ပါဝင်ပစ္စည်းများကို အသုံးပြုရမည့်ပုံပေါ်သည်။ထိုသို့မဟုတ်ပါက ထိုစားဖိုမှူးလေး ကောင်းကင်ကိုပင် ဆန့်ကျင်မည့် ပါဝင်ပစ္စည်းများကိုသာ ထုတ်သုံးခဲ့လျှင် သူတို့ မည်သည်ကို သွားပြိုင်ရမည်နည်း။


ပုဖန် အသားစားနတ်ဆိုးဟယ်ရီကို ခံစားချက်မဲ့စွာဖြင့် ကြည့်လိုက်သည်။သူ့၏ ခြေထောက်အောက်မှ အလင်းရောင်များစတင်ထွက်ပေါ်လာ၏။တိုက်ခတ်လာသော လေများက သူ့၏ ဆံပင်များကို လွင့်ပျံနေစေသည်။ထို့နောက် အစီအရင်တစ်ခု ပေါ်လာပြီး အလင်းများထုတ်လွင့်နေသည့် သလင်းရောင်ကဲ့သို့ တည်ငြိမ်သော ဓားဗီရိုပေါ်လာလေ၏


"ဒီပြိုင်ပွဲက ပြီးဆုံးသွားပြီ အနိုင်ရသူကတော့ ပုဖန်ပဲ..."


ချူချန်းရှန် ထိုအဆုံးအဖြတ်ကို ခက်ခက်ခဲခဲကြေငြာလိုက်ရသည်။ထ်ိုအချိန်၌ အန္တရာယ်တစ်စုံတစ်ရာ ချဉ်းကပ်လာနေသည်ဟု ခံစားမိပြီး သူ့၏ မျက်နာပေါ်ရှိ ကြွက်သားများပင် တွန့်လိမ်နေ၏။ပုဖန် ထ်ိပ်တန်း စားဖိုမှူး ၁၀ယောက်ကိုစိန်ခေါ်ပြီးနောက် ဖြစ်လာမည့် အရာများကို သူကြိုတင်သိနေပေပြီ။လုံးဝ မကောင်းပေ။ချူချန်းရှန်၏ မျက်ဝန်းများက လုံးဝ စူးရှသွားသည် ။သူပုဖန်ကို ဆက်လက်အနိုင်ယူ၍ မရပေ။ရှောင်ယက အစားကြူးတောင်ကြားထဲတွင် နေကိုနေရပေမည်။


အစားကြူးတောင်ကြား၏ အမွေခံအတွက် သူမက်ို လိုအပ်ပေသည်။ချူချန်းရှန်၏ နှလုံးသားထဲ၌ တုန်ယင်သွားမှုကို ခံစားရသည်။အဘယ်ကြောင့်ဆိုသော် သူကြောက်ရွံ့နေခြင်းကြောင့် ဖြစ်သည်။ကြီးမားလှသေည အန္တရာယ်က တဖြေးဖြေးနီးကပ်လာနေသည်ကို ခံစားမိနေ၏။ထ်ိုအန္တရာယ်က သူ့ကိုပင် တုန်လှုပ်သွားအောင် ပြုလုပ်နိုင်ပေသည်။


နောက်ပြိုင်ပွဲတစ်ခု၌ ပုဖန်ကို အောင်နိုင်မည့်အချက်ကို သူရှာဖွေရပေမည်။အသားစားနတ်ဆိုး ဟယ်ရီက အသိစိတ်လွတ်နေလေသည်။သူ အချက်အပြုတ်ပြိုင်ပွဲများ၌ ပထမဦးဆုံးအကြိမ် အရှုံးကို မြည်းစမ်းကြည့်ရခြင်းဖြစ်သည်။သူ့၏ ဝတုတ်တုတ် ခန္ဓာကိုယ်က တုန်ခါနေသည်။သူ့၏ မျက်ဝန်းများက စိုစွတ်နေသည်။သူ အလွန်အရှက်ကွဲမှုကို ခံစားနေရသည်။


ပထမဦးဆုံးအကြိမ်အရှုံးက အလွန်ပင် လက်ခံရခက်ခဲသည်ကို သူသိလိုက်ရသည်။ထိုမျှသာမကသေးပဲ သူ့၏ မီးဖိုချောင်သုံးဓားကလည်း ပျောက်ဆုံးသွားရလေပြီ ။အရင်အချိန်များတုန်းက သူကသာ တခြားသူများ၏ ဓားများကို သိမ်းယူခဲ့သည့်သူဖြစ်သည်။


သို့သော် ယခုအချိန်၌ သူ့၏ ဓားက ယူဆောင်သွားခံရလေပြီ။၎င်းက အလွန်ရက်စက်လွန်းလှသည်။


"ဒီအဖြစ်အပျက်ကြီးကို ငါလုံးဝ လက်မခံနိုင်ဘူး..."


ဟယ်ရီ၏ မျက်ရည်စက်ကြီးများ လှိမ့်ဆင်းကျလာသည်။သို့သော်လည်း ပုဖန်က သူ့ကို ဂရုစိုက်မနေပဲ လက်တစ်ဖက်အသာဝှေ့ယမ်းလိုက်သည်။ဟယ်ရီဆီမှ အသားခုတ်ဓားမကြီးက သူ့ဆီသို့ ပျံသန်းလာလေသည်။ထ်ိုမီးဖိုချောင်သုံးဓားက အလွန်ကြီးမားသလ်ို အလွန်လည်းလေးလံလှသည်။သို့သော်လည်း ပုဖန်က ၎င်းကို အားစိုက်ထုတ်ခြင်းတစ်စက်မှ မရှ်ိပါပဲ ကိုင်ဆောင်နိုင်လေသည်။


၎င်းက နာမည်ကျော်ကြားသော ဓားတစ်လက်မဟုတ်သော်လည်း စိတ်ဝိညာဉ်က အားမနည်းပေ။ထို့အပြင် အသားစားနတ်ဆိုးဟယ်ရီက ဓားကို သေချာစွာ ဂရုတစိုက် ကိုင်တွယ်ထားပေသည်။


ပုဖန်ဓားကို ခဏမျှ နှစ်လိုဖွယ်ကြည့်လိုက်ပြီး ဓားဗီရိုထဲသို့ ထည့်သိမ်းလိုက်သည်။ဟယ်ရီက သူ့၏ ဓားပျောက်ကွယ်သွားသည်ကို မြင်လိုက်သည်နှင့် သူ့၏ နှလုံးသား တစ်စစီ ကွဲကြေသွားသလို ခံစားလိုက်ရသည်။


ထိုအခိုက်အတန့်၌ တခြားသူများအားလုံးလည်း လုံးဝ တိတ်ဆိတ်ငြိမ်သက်နေကြလေသည်။သူတို့ မျက်လုံးများကိုပင် သူတို့ မယုံကြည်နိုင်ဖြစ်နေကြသည်။


"ဘယ်လ်ိုလုပ်ပြီး သူရှုံးသွားတာလဲ...ဒါ..."


ထိုစားဖိုမှူးလေး၏ ဟင်းပွဲက အလွန်ပင် ခမ်းနားအံ့သြဖွယ်ရာ ကောင်းသော်လည်း ၎င်းက အလွန်ပင်တောက်ပသည်ကို သူတို့ ဝန်ခံသော်လည်း မည်သို့ဖြစ်ဖြစ် အသားစားနတ်ဆိုးဟယ်ရီက အစားကြူးဘုတ်ပြားပေါ်ရှိ အဆင့် ၅ စားဖိုမှူးတစ်ယောက်ဖြစ်သည်။


"သူဘယ်လ်ိုလုပ်ပြီး ဒီလ်ိုမျိုးရှုံးနိမ့်သွားရတာလဲ..."


ထိုအခိုက်အတန့်၌ သူတို့ ဝမ်းနည်းမရလား ပျော်ရမလားပင်မသိတော့ပေ။တကယ်တမ်းတွင် ဝမ်းနည်းပေသည်။သူတို့အစားကြူးတောင်ကြား၏။ မျက်နာကို နောက်တစ်ကြိမ် ဖြတ်ရိုက်ခံလိုက်ရခြင်းဖြစ်သည်။အသားစားနတ်ဆိုးဟယ်ရီ အကြာကြီး စိတ်မကောင်းဖြစ်နေခဲ့သည်။ထို့နောက် သူ ကြမ်းပြင်မှ ထရပ်လိုက်ပြီး မျက်ရည်များသုတ်ကာ နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။ထို့နောက် ပုဖန်ကို စူးစိုက်၍ ကြည့်လိုက်သည်။


ဒီတစ်ကြိမ်၌ အချက်အပြုတ်ပြိုင်ပွဲ၌ သူ့၏ဓားကိုသာ ဆုံးရှုံးခဲ့ခြင်းဖြစ်ပြီး အချက်အပြုတ်ပညာရပ်များကို ဆုံးရှုံးသွားခြင်းမရှ်ိပေ။ထ်ို့ကြောင့် သူ့ဓားကို ပြန်လည်ရရှိနိုင်ဖို့ အခွင့်အရေးရှိပေသည်။


"ငါ လုံးဝ အရှုံးမပေးဘူး...."


အသားစားနတ်ဆိုးဟယ်ရီက အသားပိုင်းတစ်ပိုင်းကို ထုတ်ယူလိုက်ပြီး သွားဖြင့် ကြိတ်ကာ ဆွဲကိုက်လိုက်သည်။ထ်ို့နောက် သူ့၏ စိတ်ဝိညာဉ်သားရဲကို ပခုံးပေါ်ထမ်းတင်ရင်း ချာခနဲ ထွက်သွားလိုက်သည်။


တခြားစားဖ်ိုမှူးများလည်း စိတ်ရှုပ်ထွေးနေသော အကြည့်များဖြင့် ကြည့်နေမိကြသည်။မနေ့က ဝမ်ရမ်ချုံ ရှုံးနိမ့်သွားခဲ့သည်။သူတို့ အနည်းငယ်စိတ်တင်းကျပ်သွားသော်လည်း တကယ်တမ်းစိုးရိမ်ပူပန်မှုမဖြစ်ကြပေ။မည်သို့ပင်ဆ်ိုစေ ဝမ်ရမ်ချုံက အစားကြူးဘုတ်ပြားပေါ်မှ စားဖိုမှူးတစ်ယောက်လည်း မဟုတ်သေးပေ။


သို့သော် ယနေ့၌ အသားစားနတ်ဆိုး ဟယ်ရီ အနိုင်ယူခံလိုက်ရလေပြီ။ထိုအချက်က စားဖိုမှူးလေး၏ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို သတိပြုမိသွားစေသည်။ထိုအချိန်မှာပင် ပုဖန်က ဓားဗီရိုကို အသာပုတ်လိုက်ပြီး အစီအရင်ထဲ ပြန်လည် ထည့်သွင်းသိမ်းဆည်းလိုက်သည်။ထို့နောက် သူ့၏ လက်မောင်းပေါ်မှ လက်ပတ်ကို ပွတ်သပ်လိုက်ရင်း ကျန်နေသည့် စားဖ်ိုမှူး ၉ယောက်ကို ကြည့်လိုက်သည်။


မည်သူမှ စကားတစ်ခွန်းမဆိုကြပေ။သူတို့ မျက်ဝန်းမှ မီးပွားများ အချင်းချင်းတွေ့ဆုံသွားလေသည်။ရုတ်တရက် ပုဖန်က ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး သူတို့အားလုံးကို လက်ညှ်ိုးထိုး၍ ပြောလိုက်သည်။


"ဒီအတိုင်းက အရမ်းပဲ နှေးကွေးလွန်းတယ် ကျူပ်တို့ စိတ်လှုပ်ရှားစရာလေး တစ်ခုခုလုပ်သင့်တယ်..."


ကျန်သည့်သူများအားလုံး ဇဝေဇဝါဖြင့် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။ချူချန်းရှန်လည်း မျက်ခုံးပင့်၍ ပုဖန်ကို ကြည့်လိုက်သည်။ဒီစားဖ်ိုမှူးလေး ဘယ်လ်ိုလှည့်ကွက်မျိုးကို သုံးချင်နေသည်ကို သူသိချင်မိသွားသည်။


ပုဖန် ခေါင်းအသာငှဲ့စောင်းလိုက်သည်။သူ့၏ လက်ညှိုးက ချွီရန်ချန်းဖုန်ဆီသို့ ရွေ့သွားသည်။


"ခင်ဗျား..."


သူ့၏လက်ညှိုးက နောက်တစ်ဖန်ထပ်ရွေ့သွားပြန်ပြီး ခြင်းလွယ်ထားသော သက်လက်ပိုင်းလူတစ်ယောက်က်ို ညွှန်လိုက်သည်။


"ပြီးတော့ ခင်ဗျား..."


ပုဖန်၏ မျက်နာက ခံစားချက်မဲ့စွာ တည်ငြိမ်နေတုန်းပင်ဖြစ်သည်။သူ့၏ လက်ညှ်ိုးက နောက်တစ်ဖန်ထပ်ရွေ့သွားပြန်ပြီး သန့်ရှင်းသည့် စားဖ်ိုမှူးဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်ကို ညွှန်လိုက်သည်။


"ခင်ဗျားကော...တစ်ချိန်တည်းမှာပဲ ခင်ဗျားတို့ သုံးယောက်လုံးနဲ့ ယှဉ်ပြိုင်မယ်..."


ပုဖန်၏ စကားက သူတို့ကို ကြောင်အမှင်သက်သွားစေသည်။သူတို့က အစားကြူး ဘုတ်ပြားပေါ်တွင် အဆင့် ၁၀ ၊၉ နှင့် ၈တို့ ဖြစ်ကြသည်။


"သူက သူတ်ို့အားလုံးကို တစ်ချိန်တည်းမှာ ယှဉ်ပြိုင်ချင်တယ်တဲ့လား...ဒီကောင်လေးက မောက်မာဝင့်ကြွားလွန်းအားကြီးပြီး စိတ်လွတ်သွားတာလား..."


ချူချန်းရှန်၏ မျက်ဝန်းများ မှေးကျင်းသွားပြီးခဏ၌ သူ့၏ မျက်ဝန်းများက ပြန်လည်တောက်ပလာကာ အလင်းများနေရာအနှံ့ပစ်လွှတ်နေတော့သည်။


"ချွီရန်ချန်းဖုန် ဝမ်ထုံ လုထောင် မင်းတို့ ၃ယောက်လုံး သွား..."


ချူချန်းရှန် ပုဖန်ကို စိုက်ကြည့်၍ ပြောလိုက်သည်။သူက ရှောင်ယကို တောင်ကြားထဲတွင် နေခိုင်းခဲ့စေခြင်းဖြစ်သည်။ထို့ကြောင့် အန်ိုင်ရမည့် မည်သည့်နည်းလမ်းကိုမဆို သူလုပ်ဆောင်မည်ဖြစ်၏။


မည်သို့ပင်ဆိုစေ သူ့၏ ပြိုင်ဘက်စားဖိုမှူးများကိုလည်း ပုဖန်ကိုယ်တိုင်သာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ချူချန်းရှန်၏ စကားက အားလုံးကို နောက်တစ်ကြိမ်မှင်သက်သွားစေသည်။သူတို့အားလုံး ချူချန်းရှန်ကို မယုံကြည်န်ိုင်စွာဖြင့် လှည့်ကြည့်လိုက်ကြသည်။


"ထိပ်တန်း စားဖိုမှူး ၃ယေက်နဲ့ တစ်ချိန်တည်းမှာပဲ တိုက်ခိုက်ခိုင်းတယ် ဒါကြီးက အနိုင်ကျင့်တာနဲ့ မတူနေဘူးလား..."