အပိုင်း ၇၃၅
Viewers 62k

အခန်း ၇၃၅

ဒီအရှင်က သာမန်လူတွေကို အရှက်မခွဲပါဘူး...


ထ်ိုအခိုက်အတန့်၌ ရင်ပြင်ကျယ်တစ်ခုလုံး ငြိမ်သက်တိတ်ဆိတ်သွားလေသည်။လူများက သေချာမြင်ရစေရန်အတွက် သူတို့၏ လည်ပင်းများကို အစွန်းကို ဆန့်ထားသော်လည်း အသက်ရှူသံကျယ်ကျယ်ပင်မထွက်ကြပေ။


သူတို့အားလုံး၏ မျက်လုံးအစုံက ပုံရိပ်လွှဲပြောင်းအစီအရင်ထဲ၌သာ စွဲမြဲစွာ ကပ်တွယ်နေကြသည်။မာန်ဝင့်နေသော စားဖိုမှူးလေး ထိပ်တန်း စားဖိူမှူး၃ယောက်ကို လက်ညှ်ိုးညွှန်ပြ၍ သုံးယောက်တစ်ယောက်စိန်ခေါ်နေပေသည်။ထိုကဲ့သို့ ထောင်လွှားလှသော အမူအရာမျိုးကို မျက်မြင်တွေ့လိုက်ရသောခဏ၌ သူတို့ ပြောစရာစကားမဲ့စွာ ကြောင်အသွားကြသည်။သို့သော် ခဏအကြာ၌ ဆူညံသံများပေါက်ကွဲ ထွက်ပေါ်လာလေသည်။


"ဒီစားဖိုမှူးလေး ထိပ်တန်း စားဖိုမှူး၁၀ယောက်ကိုတောင် အထင်သေးရဲတယ်ပေါ့လေ..."


ထိုစားဖိုမှူး ၁၀ယောက်လုံးက အစားကြူးတောင်ကြား၏ ချီးမြောက်ခံများဖြစ်ကြသည်။သူတို့အားလုံးက ထိုသူ၁၀ယောက်ကို မျှော်ကြည့်နေကြခြင်းဖြစ်သည်။သို့သော်လည်း ယခုမူ ပုဖန်က သူတို့ မြတ်နိုးရသော အိုင်ဒေါလ်ကို အရှက်ခွဲနေပေသည်။


ထို့ကြောင့်သူတို့ပို၍ ဒေါသထွက်ပေါက်ကွဲရခြင်းမှာ အကြီးအကဲက ထ်ို ကိစ္စကို သဘောတူလိုက်ခြင်းကြောင့်သာဖြစ်သည်။


"ဒီလောက် အရှက်ခွဲခံနေတဲ့ အခြေအနေကို သူက ဘာလို့ သဘောတူလိုက်ရတာလဲ..."


၎င်းက အစားကြူးတောင်ကြားတစ်ခုလုံးကို အရှက်တကွဲခံစားရအောင် လုပ်လ်ိုက်ခြင်းဖြစ်သည်။ပြိုင်ကွင်းတွင်းတွင်ရှိနေကြသော စားဖိုမှူးများကလည်း ချူချန်းရှန်ကို အံ့အားတသင့်ဖြင့် နားမလည်နိုင်စွာ ကြည့်နေကြသည်။


ရန်ယု မျက်ဝန်းများကျဉ်းမြောင်းလိုက်သည်။သူ တင်းမာသော အကြည့်များဖြင့်ကြည့်၍ တွေးလိုက်သည်။


"ဒီတော့ မဟာအကြီးအကဲက ဒီစားဖိုမှူးလေးကို အကောင်းပဲ တွေးထားတယ်ပေါ့...သူက အသားစားနတ်ဆိုးဟယ်ရီကို ထောင်တျဲအသားကြောင့် အနိုင်ရသွားတာလေ တကယ်လ်ို့သူကိုသာ ထောင်တျဲအသား အသုံးပြုခွင့်မပြုတော့ဘူးဆိုရင် ဘယ်လိုလုပ် အနိုင်ရတော့မှာလဲ ဟုတ်တယ်မဟုတ်လား...အဲ့ဒါကို ဘာကြောင့် သူတို့က ဒီလ်ို အရှက်တကွဲ အခြေအနေမျိုးကို လက်ခံရမှာလဲ..."


အခြားသူများကလည်း သူနှင့် ထင်မြင်ချက်ခြင်းတူပေသည်။သူတို့က ပုဖန်၏ သုံးယောက် တစ်ယောက် စိန်ခေါ်မှုအခြေအနေကို လက်ခံစရာမလိုပေ။၎င်းက ထ်ိုစားဖိုမှူးလေး၏ ထောင်လွှားမှုကို ပို၍ ထောက်ပံ့ပေးလိုက်သလို ဖြစ်သွားလေသည်။


ချူချန်းရှန်က သူတို့ကို ရှင်းပြခြင်းမရှိပေ။သို့သော်လည်း သူ့၏ မျက်ဝန်းများကမူ ဆုံးဖြတ်ချက်ခိုင်မာပေသည်။ စားဖိုမှူး ၁၀ယောက် ထိုကဲ့သို့ လုပ်လိုက်ရသည်ကို မသိသလို သူ့ကို နားလည်ရမည်လည်းမဟုတ်ပေ။


သို့သော်လည်း ချူချန်းရှန်က မဟာအကြီးအကဲ တစ်ယောက်ဖြစ်သည်။ထို့ကြောင့် သူတို့ ချူချန်းရှန်၏ အမိန့်ကို ငြင်းဆန်၍ မရပေ။ကျောက်စိမ်းမျှစ် ဝမ်ထုံက သူ့ခေါင်းပေါ်မှ ဝါးဦးထုပ်နှင့် နောက်ကျောမှ ခြင်းထောင်းကို ချွတ်လိုက်ပြီး ပင့်သက်တစ်ချက်မှုတ်ထုတ်လ်ိုက်သည်။သူ ပုဖန်ကို တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။


"ကောင်းပြီ ငါသဘောတူတယ်...ဒါကို မင်းနောင်ထမရဖို့ မျှော်လင့်တယ် ပြီးတော့ မင်း ငါ့ကို စိတ်မပျက်စေဖို့လည်း ငါမျှော်လင့်တယ်..."


စိတ်ကူးလွင့်မျော လုထောင်က အေးစက်သည့် လှောင်ပြုံးတစ်ပွင့်ကို ချိတ်ဆွဲထားသည်။သူ ပုဖန်၏ အချက်အပြုတ်စွမ်းရည်က မဆ်ိုးလှဘူးဆိုသော်လည်း သူပုဖန်ကို မြင်နေရသည်အား ကြိုက်နှစ်သက်ခြင်းမရှိပေ။


"ရှက်စရာပဲ သုံးယောက်တစ်ယောက် ပြိုင်ရမယ်ပေါ့...ဟမ်း...မင်းဒါကို လုံးဝ နောင်တရလိမ့်မယ်..."


ချွီရန်ချန်းဖုန်၏ မျက်ဝန်းများလည်း မဲမှောင်နေသည်။သူပုဖန်ကို သေချာစွာ လေ့လာအကဲခတ်ပြီးနောက် ထပ်လောင်းပြောလိုက်သည်။


"နောက်ဆုံးတော့ မင်းက တိုက်ခိုက်ချင်လာပြီပေါ့ ဘယ်လ်ိုပဲဖြစ်ဖြစ်ကောင်းပါတယ်..ငါကလည်း ဒီနေ့ကို စောင့်မျှော်နေခဲ့တာ တော်တော်ကြာပြီ ဒီနေ့တော့ ငါ အကောင်းဆုံး ကြိုးစားမယ်..."


အစားကြူးဘုတ်ပြားပေါ် ရှိ နာမည်ကြီး စားဖိုမှူး ၃ယောက်က သူတို့၏ ကောင်းမွန်လှသော တိုက်ခိုက်ရေးစွမ်းရည်များကို ပြပေတော့မည်။ချူချန်းရှန်၏ မျက်နာက တည်ငြိမိနေသော်လည်း အလေးအနက်ဖြစ်နေသည်။သူ ပြိုင်ကွင်းအလယ်သို့ လျှောက်သွားလိုက်ပြီး ပုဖန်ကို ကြည့်လိုက်သည်။ထို့နောက် ချွီရန်ချန်းဖုန်နှင့် တခြားနှစ်ယောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။


"မင်းက သုံးယောက်တစ်ယောက်ပြိုင်ဖို့ ရွေးချယ်ခဲ့တယ်ဆ်ိုတော့ ဒီတစ်ကြိမ် ပြိုင်မယ့်ခေါင်းစဉ်ကိုလည်း မင်းပဲ ရွေးလိုက်ပါ..."


ချူချန်းရှန်က ပုဖန်ကို အန်ိုင်ယူချင်သည်ဆိုသော်လည်း သူမျက်နာပျက်ရမည့် အလုပ်မျိုးမလုပ်လိုပေ။မည်သို့ပင်ဆ်ိုစေ အစားကြူးတောင်ကြားဆီကိုသည်က ဂုဏ်သိက္ခာကြီးမြင်သည့် နေရာတစ်ခုဖြစ်သည်။ပုဖန်က ချူချန်းရှန်ကို ဂရုမစိုက်တော့သလို တစ်ချက်လှည်ကြည့်၍ ပြောလိုက်သည်။


"ငါဘာကိုမှ မကြောက်ဘူး..."


ပြီးနောက် သူ စားဖိုမှူး သုံးယောက်ကို လက်ညှိုးထိုး၍ ဆက်ပြောလိုက်သည်။


"တစ်ယောက်ကို ခေါင်းစဉ်တစ်ခု ခေါက်ဆွဲ အသီးအရွက် ပြီးတော့ အာ...ခင်ဗျားက ဘယ်မှာ အကောင်းဆုံးလဲ..."


ပုဖန်က အလွန်ပင် မိမိုက်သော ပုံစံဖြင့် ခေါင်းစဉ်သုံးခုကို ကြေငြာချင်ခဲ့သည်။သို့သော်လည်း သူ စိတ်ကူးလွင့်မျော ဓားလုထောင် မည်သည့်နေရာတွင် ကောင်းမွန်ကြောင်း မသ်ိခဲ့ပေ။ထို့ကြောင့် အနည်းငယ် ကြောက်ရွံ့မိသည်။စိတ်ကူးလွင့်မျောဓားလုထောင်က နှုတ်ခမ်းများရှုံ့မဲ့သွားသည်။


"ဒီကောင်လေးက သူ့ကို လာလှောင်ပြုံးနေတာလား..."


မည်သို့ပင်ဆ်ိုစေ သူက အစားကြူးဘုတ်ပြား၏ နံပါတ်ရှစ်နေရာ၏ စားဖိုမှူး တစ်ယောက်ဖြစ်သည်။


"မင်းက ငါ့ရဲ့ အကောင်းဆုံးလက်ရာနှင့် ယှဉ်ပြိုင်ချင်တယ်လား...ဟမ်း မင်းတော့ရူးသွားပြီပဲ..."


သူအေးစက်စွာ ပြောလိုက်သည်။ထိုကောင်လေးက သုံးယောက်တစ်ယောက်ပြိုင်သည့်အပြင် သူတို့အကောင်းဆုံးလက်ရာနှင့်ပါ ယှဉ်ပြိုင်ချင်နေသေးသည်။တကယ်ကို မောက်မာလွန်းတယ်


"ငါရဲ့ ထိပ်တန်းအရည်အချင်းကတော့ ဓားကျွမ်းကျင်မှုပဲ ဒီတော့ ငါတို့ ဓားကျွမ်းကျင်မှု ယှဉ်ပြိုင်ကြရအောင်..."


"ဓားကျွမ်းကျင်မှု ..."


ပုဖန် အံ့အားသင့်သွားသော်လည်း လုထောင်၏ ထူးဆန်းသော မျက်နာထားကိုကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။သူမည်သူကိုမှ မကြောက်ရွံ့ဖူးပေ။


"ကောင်းပြီလေ ဒါဆိုရင် ခေါင်းစဉ် သုံးခုပေါ့..."


ပုဖန် သူ့လက်ကို ပြန်ချလိုက်သည်။


"မနက်ဖြန်ကျရင် တွေ့ကြမယ်..."


သူ့၏ အချက်အပြုတ်ပစ္စည်းများကို သိမ်းဆည်းလိုက်ပြီးနောက် ဝှိုက်တီနှင့် ရှောင်ယတ်ို့ဆီ လျှောက်သွားလိုက်သည်။သူရှောင်ယ၏ ခေါင်းလေးကို ခပ်ဖွဖွ ပုတ်လိုက်ပြီး နှစ်ယောက်ကို ခေါ်ဆောင်ကာ ထွက်သွားလိုက်၏။ဝှ်ိုက်တီ၏ စက်ရုပ်မျက်ဝန်းများက တလှပ်လှပ်ဖြင့် သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြလေသည်။


မကြာခင်မှာပင် လူနှစ်ယောက်နှင့် စက်ရုပ်တစ်ရုပ်က လူများ၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားလေသည်။ထိုအခိုက်အတန့်မှာပင် အစားကြူးရင်ပြင်ကျယ်၌ ဆူညံသံများပေါက်ကွဲထွက်ပေါ်လာသည်။လူများက ကျပန်းစကားပြော ပြိုင်ပွဲပြုလုပ်နေသကဲ့သို့ပင်..


"သူရူးနေတာလား ဘုရားရေ...ဒီမေလူးလေးကတော့ အရမ်းကိုပဲ မောက်မာနေတယ်ပေါ့ ဟုတ်လား ထွီး...ဒီမေလူးကို တစ်ယောက်ယောက်ကတော့ ကောင်းကောင်းသင်ပြပေးရမယ်...စားဖိုမှူးရန်တောင်မှပဲ သုံးယောက်တစ်ယောက်ပြိုင်ရဲမှာမဟုတ်ဘူး ဒီကောင်စုတ်လေးကတော့ လုံးဝကို စိတ်လွတ်နေပြီ..."


တကယ်တမ်းတွင် ကြည့်ရှုနေသူများအားလုံးက အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။သူတို့က သူတ်ို့၏ အံ့အားသင့်မှုနှင့် စိတ်လှုပ်ရှားမှုများကို ဖြေလျှော့နေခြင်းဖြစ်၏။


ရန်ယုနှင့် အခြားသူများလည်းပုဖန်ထွက်သွားသည်ကို မြင်ပြီးနောက် အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်မိကြသည်။မုချန်၏ မျက်နာထားက တည်ငြိမ်နေသည်။သူမ၏ အနီရောင်နှုတ်ခမ်းပါးကို လက်ညှိုးဖြင့် တတို့တို့လုပ်နေသည်။


"ဒီကောင်လေးက အရမ်းကို စိတ်ဝင်စားစရာကောင်းတာပဲ ငါကြိုက်တယ်..."(မုချန်နဲ့ လျိုကျားလီရဲ့ နာမည်ကို etranက ပြန်ပြောင်းထားပြန်ပါတယ် မုချန်က အမျိုးသမီး လျိုကျားလီက အမျိုးသားပါတဲ့ သွေ့ပုချိ)


မုချန်က မျက်နာသေဖြင့် ရှိနေသော လျိုကျားလီဘက်သို့ လှည့်လိုက်သည်။ထိုသူက အလွန်ပင် စေ့စပ်သေချာတက်သောသူဖြစ်သည်။သူ့၏ အဝတ်အစားများကိုလည်း အစဉ်သဖြင့် သန့်ရှင်းကျော့မော့နေအောင် ထားထားလေသည်။


သူက ပုဖန်၏ မောက်မာဝင့်ကြွားလှသော စကားများကို ဂရုမစိုက်ပုံဖြင့် စာအုပ်သေးလေးတစ်ခုကို ဖတ်ရှုနေပေသည်။သူမ လျိုကျားလီ၏ အမူအရာကို မြင်ပြီးနောက် တစ်ချက်ပြုံးလိုက်သည်။လျိုကျားလီက သူမကို စောင်း၍ ကြည့်လာလေသည်။


ရန်ယု မုချန်နှင့် လျိုကျားလီတို့က ထ်ိပ်သီး သုံးယောက်ဖြစ်သည်။ထို့ကြောင့် သူတို့၏ အချက်အပြုတ်စွမ်းရည်ကလည်း ထူးကဲကောင်းမွန်လှ၏။ပုဖန်၏ မောက်မာလှသော စကားများကြောင့် သူတ်ို့ အံ့အားသင့်ခဲ့ရသော်လည်း စိတ်ထဲမထည့်ထားပေ။သို့သော်လည်း ရန်ယုက ဒေါသထွက်နေ၏။


ချွီရန်ချန်းဖုန်၏ မျက်နာထားက အလွန်တင်းမာနေသည်။သူ့လက်ထဲ၌ တစ်စုံတစ်ရာဖျက်ခနဲလက်သွားသည်။၎င်းက သူ့၏ ပုစဉ်းတောင်ပံဓားဖြစ်သည်။သူ့၏ ဓားကို အသာအယာပွတ်သပ်ရင်း ပင့်သက်တစ်ချက်ရှ်ိုက်လိုက်သည်။


"သူငယ်ချင်းကြီးရေ ငါတ်ို့တော့ ဒီတစ်ကြိမ် တူတူလက်တွဲပြီး တိုက်ခိုက်ရဦးမယ်...ဒီတစ်ကြိမ်တော့ ငါမင်းကို မဆုံးရှုံးရစေဖို့ မျှော်လင့်ပါတယ်..."


ကျောက်စိမ်းမျှစ်ဝမ့်ထုံက သူ့၏ ဝါးဦးထုပ်နှင့် ခြင်းတောင်းကို ပြန်လည်မယူလိုက်ပြီးနောက် လျှပ်တစ်ပြတ်အတွင်းမှာပင် ရင်ပြင်ကျယ်မှ ထွက်သွားလေသည်။စိတ်ကူးလွင့်မျောဓားလုထောင်က မျက်ဝန်းများမှေးကျင်းထားသည်။သူ့ဆီမှ သတ်ဖြတ်ခြင်းအော်ရာလှိုင်းများ ပြန့်လွင့်လာသည်။


စိတ်ကူးလွင့်မျောဓားကလည်း တောက်ပသော အလင်းတန်းများထုတ်လွင့်ကာ အဆက်မပြတ် လင်းလက်နေသည်။ရင်ပြင်ကျယ်ထဲရှ်ိ ပရိတ်သတ်များက သူတို့သုံးဦးကို ဆူညံစွာအော်ဟစ်အားပေးကြလေသည်။အသားစားနတ်ဆိုးဟယ်ရီထက် စာလျှင် သူတို့ သုံးယောက်၌ ပို၍ ပရိတ်သတ်များပေသည်။


မနက်ဖြန်ပြိုင်ပွဲက ပို၍ စိတ်လှုပ်ရှားစရာကောင်းပြီး ဒီနေ့ တစ်ခုထက်ပို၍ မျက်စိဖမ်းစားနိုင်ပေလိမ့်မည်။ပရိတ်သတ်များက သူတိုဆန္ဒမရှိဟု ပြောဆိုနေကြသော်လည်း တကယ်တမ်း မနက်ဖြန်ပြိုင်ပွဲကို စောင့်မျှော်နေကြခြင်းဖြစ်သည်။ထ်ို့အပြင် စားဖိုမှူးသုံးယောက်က ပုဖန်ကို အနိုင်ယူမည်ကိုလည်း မျှော်လင့်နေကြသည်။


..........


ဖုန်မှုန့်များ ပြန်လည်ငြိမ်သက်သွားသည်။သူတော်စင်သမီးတော် ဇီယွင်အံ့အားသင့်ကြောင်အစွာဖြင့် တ်ိတ်ဆိတ်နေသော ကောင်းကင်ယံကို ကြည့်နေမိသည်။သူမရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင်စွာဖြင့် မျက်ဝန်းများ ပွတ်သပ်လိုက်မိသည်။ထိုပုံရိပ်က လူများကို တုန်လှုပ်သွားအောင် ပြုလုပ်နိုင်ပေသည်။ထိုအရိပ်က ကိုယ်ပွားတစ်ခုမျှသာဖြစ်သည်ဆိုသော်လည်း သူမဖခင်၏ ကိုယ်ပွားဖြစ်သည်။


လိုက်ခိုင်း၏ တ်ိုက်ခိုက်မှုစွမ်းရည်က မသေမျိုးဝိညာဉ်အဆင့် လှေကားငါးဆင့်နှင့်ပင် ယှဉ်ပြိုင်နိုင်ပေသည်။သူမကို ပြန်လည်ဖမ်းယူချက်သည့် အချိန်တိုင်း သူက ထိုသို့သော တည်ရှိမှုမျိုးကို စေလွှတ်ပေလိမ့်မည်။အဘယ့်ကြောင့်ဆိုသော် သူမက စိတ်ဝိညာဉ်လှေကား လေးဆင့်ရောက်နေပြီဖြစ်သော သူတော်စင်သမီးတော်ဖြစ်သောကြောင့်ပင်။


ယခုမူ သူမချောမောခန့်ညားသည်ဟု တွေးထားမိသော ထိုလူက သူအဖခင်၏ ကိုယ်ပွားကို သတ်ပစ်လိုက်လေပြီ။ထိုလက်ဝါးတစ်ချက်က တောင်များမြစ်များ ပြိုကျလာသလိုမျိုးစွမ်းအားရှိလေသည်။


ဒီခန့်ချောအကိုကြီး၏ ဝမ်းနည်းကြေကွဲနေသောမျက်ဝန်းများနှင့် တူယှဉ်တွဲကြည့်လိုက်မည်ဆိုပါက သူအလွန်အံ့သြဖို့ ကောင်းလှပေသည်။သူတော်စင်သမီးတော်၏ နှလုံးသားက တလှုပ်လှုပ်ခုန်လှုပ်နေပေသည်။ငရဲဘုရင်က ပျင်းရိစွာ သန်းဝေလိုက်ပြီး သူ့၏လက်ကိုဝှေ့ယမ်းကာ ဆံပင်များကို သပ်လိုက်သည်။သူ ဇီယွင်ဘက်သို့ ခေါင်းစောင်း၍ ကြည့်လိုက်သည်။


"ကောင်းတယ် ဟိုလူတော့ လစ်သွားပြီ ဂျူနီယာငယ်လေး အခု မင်းဒီအရှင်သခင်နဲ့ လိုက်ခဲ့လို့ရပြီ...ငါမင်းကို အစပ်ချောင်းစားဖို့ ခေါ်သွားပေးမယ်..."


"အစပ်ချောင်း အဲ့ဒါဘာကြီးလဲ ..."


ဇီယွင်က ထိုခန့်ချောကြီး ဘာပြောနေသည်ကို နားမလည်ပေ။သူမကြားသည့် စကားလုံးမှာ သူနှင့်တူတူသွားမည်ဆိုသည့် စကားလုံးသာဖြစ်သည်။သူမ၏ မျက်နာလေးက နီဆွေးသွားသည်။


"ကောင်းပါပြီ ..."


ဇီယွင်၏ ခရမ်းဆံပင်များက လေအရှိန်ဖြင့် တဖျတ်ဖျတ်လွင့်ခါနေသည်။သူမရှက်ရွံ့စွာဖြင့် လက်ချောင်းများကို ကစားနေပြီး မြေပြင်ကိုသာ ငုံ့ကြည့်နေမိသည်။


သူမ၏ အသံကလည်း မကြားနိုင်လောက်အောင် တိုးညင်းလှလေသည်။ငရဲဘုရင်၏ မျက်ဝန်းများတောက်ပသွားသည်။သူလက်ခုပ်တီးလိုက်ပြီး စိတ်အားထက်သန်စွာ ပြောလိုက်၏။


"ကောင်းလိုက်တာ ဂျူနီယာငယ်လေး အခုငါတို့ တစ်ဖွဲ့တည်းဖြစ်သွားပြီ...အဲ့ဒီတော့ ဒီအရှင်သခင်ကို ပြောတော့ ငါတို့ မြူကောင်းကင်မြို့တော်ကို သွားဖို့ ဘယ်လမ်းကို သွားရမလဲ..."


"ဟမ်..."


ဇီယွင်လည်း အံ့အားသင့်သွားသည်။


"မြူကောင်းကင်မြို့တော် အဲ့ဒါ ဘယ်နေရာမှာလဲ..."


"မြူကောင်းကင်မြို့တော်ဆိုတာက တိမ်ခ်ိုးစားသောက်ဆိုင်ရှ်ိတဲ့ မြို့ပဲ...အဲ့ဒီကပိုင်ရှင်ပုဆီမှာ အရမ်းအရသာရှိတဲ့ အစပ်ချောင်းတွေရှိတယ်..."


ငရဲဘုရင်က သူ့၏ ပန်ဒါမျက်ဝန်းများကို ပွတ်သပ်ရင်းပြောလိုက်သည်။


"ကျွန်မ..."


ဇီယွင် ပြောစရာစကားလုံးပျောက်နေလေသည်။သူမက နွေဦးကောင်းကင်သန့်စင်နယ်မြေမှ ပထမဦးဆုံးအကြိမ်ထွက်လာဖူးခြင်းဖြစ်သည်။ထိုသို့ဖြစ်လေရာ မြူကောင်းကင်မြို့ကဲ့သို့ တစ်စုံတစ်ရာ မည်သည့်နေရာတွင် ရှ်ိမည်မှန်း မည်သို့ သိနိုင်မည်နည်း။


"ဂျူနီယာ မင်းလည်း လမ်းမသိဘူးလား...ဒီလ်ိုဆိုရင် ဒီအရှင်သခင်က မင်းကို ဘာအတွက်လို..."


ငရဲဘုရင် စိတ်ပျက်လက်ပျက်ဖြစ်သွားပြီး ဘေ ာများအောင့်လာသလိုပင်ခံစားလိုက်ရသည်။ထ်ို့နောက် သူ့၏ မျက်နာကို လက်ဝါးဖြင့်သာ အုပ်ထားလိုက်သည်။သူ့၏ ပုံစံက အလွန်တရာစိတ်ဓာတ်ကျနေပုံပေါ်လေသည်။ဇီယွင်၏ နှုတ်ခမ်းများရှုံ့မဲ့သွားလေသည်။


"ဒီသခင်လေးက သူမကို ကယ်လိုက်တာလမ်းမသိလို့က်ို..."


သို့သော်လည်း ငရဲဘုရင်၏ စိတ်ပျက်မှိုင်တွေနေပုံကို မြင်လိုက်ရလေရာ သူမ၏ နှလုံးသားလေး ကိုက်ခဲနာကျင်သွားလေသည်။ထို့ကြောင့် သူမ စိတ်အားထက်သန်စွာဖြင့်ပြောလိုက်သည်။


"မြူကောင်းကင်မြို့က ဘယ်နေရာမှာရှိတယ်ဆိုတာကျွန်မမသိပေမယ့် အစားအသောက်ကောင်းတွေ ဘယ်နေရာမှာရတယ်ဆိုတာတော့ သိတယ်..."


အစပ်ချောင်းဆိုသည်မှာ မည်သည့်အရာမှန်းသူမမသိသော်လည်း ၎င်းက မကောင်းလောက်ပေ။သူတို့က စားဖိုမှူးများ၏ သန့်စင်နယ်မြေဖြစ်သော နေရာသို့သာသွားလိုက်မယ်ဆိုလျှင် ထိုနေရာ၌ စားချင်သည့် အစားအစာများက်ို ရနိုင်ပေလိမ့်မည်။ဟုတ်တယ်မဟုတ်လား...


ငရဲဘုရင် အံ့အားသင့်သွားပြီး မေးလိုက်သည်။


"တကယ်ပဲလား...အဲ့ဒီမှာကောအစပ်ချောင်းရှိလား ..."


သေချာတာပေါ့..."


ဇီယွင်၏ အလွန်လှပသောမျက်နာလေးထက်တွင် ဆွဲဆောင်မှုရှိသည့် အပြုံးတစ်ခုကို ချိတ်ဆွဲထားသည်။


ဖြန်း...


ငရဲဘုရင် ဇီယွင်၏ ပခုံးကို ပုတ်လိုက်ပြီး စိတ်အားတက်ကြွစွာဖြင့် ပြောလိုက်သည်။


"ဂျူနီယာလေး ငါတော့ မင်းကို အားကိုးလိုက်ပြီ...အစပ်ချောင်းမရှိဘူးဆိုရင် ဒီအရှင်သခင်က အရမ်းကို ဝမ်းနည်းလွန်းလို့ အသက်ရှူတောင်ခက်တယ်...မြန်မြန်လေးငါ့ကို အဲ့ဒီနေရာကို ခေါ်သွားတော့..."


ဇီယွင်၏ နှလုံးသားထဲ၌ ပန်းများပွင့်သွားသလို ခံစားလိုက်ရသည်။


"ရတာပေါ့ ရှင်လုံးဝ စိတ်ကျေနပ်သွားလိမ့်မယ်ဆိုတာ သေချာတယ်..."


ထို့နောက် ဇီယွင် လက်တစ်ဖက်လှုပ်ရှားလိုက်သည်နှင့် လေဟာနယ်တွင်းပေါက်တစ်ခု ဖြစ်ပေါ်လာပြီး သူမ၏ ခေါင်းအထက်တွင် နတ်လှေငယ်တစ်စင်းရောက်ရှိလာသည်။


"လာဒီပေါ်တက် အခုပဲ သွားကြမယ်..."


ဇီယွင်ထပ်မံပြောလိုက်သည်။ငရဲဘုရင်က နတ်လှေငယ်နှင့် သူမ၏နီရဲနေသော မျက်နာလေးကို တစ်လှည့်စီကြည့်လိုက်သည်။


"မင်းရဲ့ နတ်လှေငယ်က သေးနေတဲ့အတွက်တော့ မရှက်ပါနဲ့ ဒီဘုရင်မှာ အကြီးကြီးတစ်ခုရှိတယ် အဲ့ဒါကိုပဲ ယူလိုက်ပါ...ဒီအရှင်သခင်က သာမန်လူတွေကို အရှက်မခွဲတက်ပါဘူး..."


ငရဲဘုရင် သူ့လက်တစ်ဖက်ကို လှုပ်ခါလိုက်သည်နှင့် အနက်ရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာခဲ့သည်။ထို့နောက် ကောင်းကင်ယံထက်တွင် ကြမ်းတမ်းရက်စက်သော အနက်ရောင်အရိုးခေါင်းပုံသဏ္ဍာန်တစ်ခုပေါ်လာပြီးအနက်ရောင်အခိုးအငွေ့မြူများထွက်ပေါ်လာလေသည်။


သူမခေါင်းမော့ကြည့်လိုက်သည်။သူမ၏ မျက်နာက လုံးဝ မှင်သက်နေလေသည်။