အပိုင်း ၇၃၆
Viewers 62k

အခန်း ၇၃၆

ကောင်းကင်ဘုံသန့်စင်နယ်မြေ...


နဂါးမြို့ဟောင်းကုန်းမြေတိုက်ကြီးက အဆုံးမရှိ ကျယ်ပြန့်လှသည်။ထိုကုန်းမြေတိုက်ကြီး၏ အလယ်၌ မြောက်များလှသော ထောင်ထွတ်များနှင့် ပြည့်နှက်နေသောနေရာတစ်ခုရှိလေသည်။တစ်ချို့ထောင်ထွတ်များက အချင်း ၁၀မီတာခန့်ရှိသော ကြယ်ပတ်လမ်းပါရှိသည့် သံလိုက်အိမ်မြှောင်တစ်ခုရှိလေသည်။


တစ်ချို့သော တောင်ထိပ်များက ကောင်းကင်ကို ထ်ိုးဖောက်တော့မည့် ဓားသွားသဏ္ဍာန်ချွှန်မြနေသည်။၎င်းတောင်ထိပ်အားလုံးက ကွဲပြားခြားနားသည့် ပုံသဏ္ဍာန်များရှိကြသော်လည်း အဆုံးအစမဲ့စွမ်းအင်များ ရှိပုံခြင်းတော့ တူညီကြလေသည်။


လျို့ဝှက်နဂါး တော်ဝန်ခုံရုံးကို သန့်စင်နယ်မြေကြီး ခုနှစ်ခုနဲ့ဂိုဏ်းငယ်လေးအများစုနဲ့ ဖွဲ့စည်းထားခြင်းဖြစ်သည်။ ထိုသန့်စင်နယ်မြေကြီး ခုနှစ်ခုက တော်ဝန်ခုံရုံး၏ အာဏာကိုလည်း ဆုပ်ကိုင်ထားပေသည်။ ကောင်းကင်ဘုံ သန့်စင်နယ်မြေက တော်ဝန်ခုံရုံးထဲတွင် အထူးခြားဆန်းကြယ်ဆုံး နယ်မြေတစ်ခုလည်းဖြစ်သည်။


တစ်ခြားနယ်မြေများထက် ထူးခြား ဆန်းကြယ် မှုများ သဘာဝလွန်စွမ်းအားများရှိနေပေသည်။ 

တိုက်ကြီး၏ အလယ်တွင် အေးချမ်းစွာ တည်ရှိနေသော တောင်ကြားတစ်ခုလည်းတည်ရှိနေသည်။ ထိုနေရာ၌ တစ်ခြားသန့်စင်နယ်မြေများကဲ့သို့ ထူးခြားဆန်းကြယ်သော အဆောက်အဦးများ လူများကိုဖိအားပေးနိုင်သည့် ထူးခြားသည့် မြို့ရိုးများ ရှိမနေပေ။


ချိုင့်ဝှမ်း၏ ထောင့်တိုင်းတွင် ရိုးရှင်းသော အိမ်များသာ တည်ရှိနေသည်။ အနက်ရောင် ကြွေပြားနှင့် အဖြူရောင် နံရံကပ်အိမ်များကို တည်ဆောက်ထားခဲ့ပြီး တောင်ကြားအတွင်းစီးဆင်းလည်ပတ်နေသည့် ဆန်းကြယ်သောစွမ်းအင်ကို ဖန်တီးထားခဲသည်။


အိမ်တစ်အိမ်၏ တံခါးက တွန်းပွင့်လာခဲ့သည်။ မျက်နှာတွင် အဖြူရောင် အဝတ်စပါးပါးအုပ်ထားသည့် အာကာသ နတ်သမီး ထွက်လာခဲ့၏။သူမ၏ သေးငယ်သော ကြယ်သံလိုက်အိမ်မြှောင်ကို ကိုင်ထားခဲ့သည်။ သူမ၏ မျက်တောင်ရှည်လေးများက လှုပ်ခတ်နေသည်။ တစ်ခြားအိမ်တစ်ခုဆီသို့ လျှောက်သွားလိုက်ပြီး အကြာကြီး စောင့်နေခဲ့သည်။ အိမ်ထဲမှ ခေါ်သံကြားလိုက်သည့် အခါမှသာ တံခါးကိုတွန်းဖွင့်လိုက်ပြီး အထဲသို့ အသာလေးလျှောက်ဝင်သွားသည်။ 


အိမ်အထဲ၌ နောက်ထပ်ကမ္ဘာတစ်ခုတည်ရှိနေလေသည်။ နေရာက အလွန်ကျယ်ဝန်းလှပြီး မြင်ရသည့်ထက် အဆပေါင်းများစွာ ပိုနေပေသည်။ အခန်းထဲ ၌ အချင်းဆယ်မီတာခန့်ရှိသော ကြယ်ပတ်လမ်းပါရှိသည့် သံလိုက်အိမ်မြှောင်တစ်ခုရှိနေသည်။ ကြယ်သံလိုက် အိမ်မြှောင် ပေါ်၌ မှိတ်တုပ် မှိတ်တုပ် လင်းလက်နေသော ကြယ်ကလေးများကလည်းလှပလာ၏။


ဆံပင်ဖြူများ နှင့်ကျက်သရေရှိသော မျက်နှာကို ပိုင်ဆိုင်ထားသည့် အမျိုးသမီးကြီးတစ်ယောက်က ကြယ်သံလိုက်အိမ်မြှောင်တစ်ခုကိုကိုင်၍ ရပ်နေသည်။ သူမက စားပွဲပေါ်ရှိတစ်စုံတစ်ရာကိုကြည့်နေသည်။ နတ်သမီးက အခန်းထဲသို့ ဝင်လာပြီး တိတ်ဆိတ်စွာရပ်နေလိုက်သည်။ ကလေး မင်းဘာလို့ ဒီကိုရောက်လာလဲဆိုတာကို ငါသိပါတယ်။


"မင်း အစားကြူးတောင်ကြားထဲကိုသွားပြီး မင်းတွေ့ချင်တဲ့သူကိုလည်း တွေ့ခဲ့ပြီးပြီ ဒါပေမဲ့ တစ်ချို့အရာတွေက လွှတ်ချဖို့လိုတယ် ..."


အမျိုးသမီးကြီးက ညင်သာစွာစကားဆိုလိုက်သည်။ကုန်းမြေတိုက်ကြီးက ငြိမ်သက်နေတယ်ဆိုပေမဲ့ အခုအရမ်းကိုရှုပ်ထွေးနေသည်။ လေအရှိန်ကလည်းမြင့်တတ်လာခဲ့သည်။ တိမ်တွေကလည်း နေရာအနှံကို ရွေ့လျားနေသည်။ 


"အခုနေရာတိုင်းက အန္တရာယ်တွေကြီးပဲ...ငါတို့ကသာ မဟာစည်းမျဉ်းတွေနဲ့ ဖိနှိပ်မထားဘူးဆိုရင် ကြမ်းတမ်းရက်စက်သည့် ငရဲကမ္ဘာ သက်ရှိတွေက မကြာခင်မှာဘဲ ကျူးကျော်ဝင်ရောက်လာလိုက်မယ် ကုန်းမြေတိုက်ကြီးတစ်ခုလုံးကလည်း ငရဲကမ္ဘာကြီး တစ်ခုလိုပြောင်းလဲသွားလိုက်မယ်..."


အာကာသနတ်သမီး၏ မျက်တောင်လေးများက လှုပ်ခတ်နေပြီး သူမကတစ်စုံတစ်ရာပြောချင်ဟန်ရှိသည်။ တစ်စုံတစ်ရာ ပြောချင်ဟန်ရှိသော်လည်း သူမပါးစပ်မဖွင့်ဟနိုင်ပေ။


"မင်း အစားကြူးတောင်ကြားကို နောက်တစ်ကြိမ်ထပ်သွားချင်လို့ လာခွင့်တောင်းတယ်ဆိုတာကိုငါသိပါတယ် ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ငါခွင့်မပြုနိုင်ဘူး ..."


အမျိုးသမီးကြီးက နောက်ဆုံး၌ ခေါင်းမော့လာပြီး အာကာသနတ်သမီးကိုတည်ငြိမ်စွာ စိုက်ကြည့်လိုက်၏။


"ခဏမျှကြာပြီးနောက်မှာ နင်ကသာ ပထမဆုံးကြယ်စက်ဝန်းကို ဖမ်းဆုပ်နိုင်သူပဲ..ငါနင်ကို စွန့်စားခွင့်မပြုနိုင်ဘူး..."


"ဒါပေမဲ့ အဖွားမူ အဖွားလည်းသိပါတယ် အစားကြူးတောင်ကြားရဲ့ အမွှေအနှစ်ဆိုတာက ထောင်ချောက်တစ်ခုပါပဲ ..."


နောက်ဆုံး၌ အာကာသနတ်သမီးက စကားပြောလိုက်သည်။ 


"ဘာမှဆက်မပြောနဲ့တော့ သေခြင်းရှင်ခြင်းဆိုတာက ကံတရားပဲ တရားကသာ အရာအားလုံးကို ထိန်းချုပ်ထားတယ် နင်လည်းဝင်စွတ်ဖက်လို့မရဘူး...ကောင်းကင်ဘုံ သန့်စင်နယ်မြေက နင်ကို လျှို့ဝှက်ပညာတွေ သင်ပေးခဲတယ်... မကြာခင်မှာပဲ ကောင်းကင်ဘုံ ကြယ်ဖမ်းစက်ဝန်းကို ထိန်းချုပ်နိုင်တော့မယ်..ကောင်းကင်ဘုံ ကြယ်ဖမ်းစက်ဝန်းကနေ အနာဂတ်ကို ကြည့်ရှူနိုင်တော့မယ် ငါတို့ လွှတ်မြှောက်ဖို့ အခွင့်အရေးရှိဖို့မျှော်လင့်တယ်...သန့်စင်နယ်မြေများအားလုံးကလည်း စစ်ရေးပြင်ဆင်ပြီးကြပြီ တစ်စုံတစ်ယောက်အတွက်နဲ့ ဘယ်လိုလုပ် နှောက်ယှက်ဖျက်စီးရမှာလဲ..."


အာကာသနတ်သမီး၏ မျက်ဝန်းထဲတွင် အလင်းတစ်ချက်လှုပ်ရှားသွားပြီးနောက် သူမစိတ်ပျက်လက်ပျက်သက်ပြင်းတစ်ချက်ချလိုက်သည်။ 


"အစားကြူးတောင်ကြားရဲ့ ကိစ္စတွေကို စိတ်ထဲ ထည့်မနေပါနဲ့တော့ မဟာလမ်းကြောင်းတွေက ပြောင်းလဲသွားပြီ ကောင်းကင်ဘုံ ကြယ်ဖမ်းစက်ဝန်းမှာ ကြယ်တွေ ပိုပြီးလင်းလက်လာတာကို မတွေ့ဘူးလား...ကုန်းမြေတိုက်ကြီးပေါ်မှာ မဟာလေဟာနယ်အဆင့် တည်ရှိမှုတွေ ပိုပြီးပိုပြီး ပေါ်ထွက်လာတော့မယ် အဲဒါ ဘာအဓိပ္ပါယ်ဆိုတာ မသိဘူးလား ..."


ခဏမျှရပ်လိုက်ပြီးနောက် အမျိုးသမီးကြီးက ဆက်၍ပြောလိုက်သည်။ 


"အခုပြန်သွားတော့..

အဲဒီအရာတွေကို စိတ်မဝင်စားနဲ့တော့..

ကောင်းကင်ဘုံ ကြယ်ဖမ်းစက်ဝန်းအကြောင်းကို ပိုနားလည်လာမယ် နားလည်ပြီးဆိုတာနဲ့ စွမ်းအားကို ထိန်းချုပ်နိုင်မယ်..."


အာကာသနတ်သမီးက အကြာကြီး တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် အခန်းထဲမှ ပြန်လည်ထွက်သွားလိုက်သည်။ထိုအမျိုးသမီးအိုကြီး၏ မျက်ဝန်းများကလေးနက်နေသည်။သူမက ထူးခြားဆန်းကြယ်သော လက်စည်းတံဆိပ်တစ်ချို့ကို ပြုလုပ်လိုက်သည်။စားပွဲပေါ်မှ အလင်းတန်းများဖြာထွက်လာသည်။


ထို့နောက်ကြယ်လင်းကြောင်းများက ထူးဆန်းစွာဖြင့် ရွေ့လျားလာသည်။အစားကြူးတောင်ကြားမှ နောက်ထပ် ပရိပက္ခကြယ်လင်းလက်နေပြန်သည်။ 


"ဒီတစ်ကြိမ်တော့ အမွေခံနဲ့ပတ်သက်သည့် တစ်စုံတစ်ခုဖြစ်သွားတော့မယ်..."


အမျိုးသမီးအိုကြီး မျက်မှောင်ကျုံ့လိုက်သည်။သူ သက်ပြင်းတစ်ချက်မှူတ်ထုတ်လိုက်ပြီးနောက် ပုံမှန်ထက်ပို၍ ထွန်းလင်းတောက်ပနေသော ကြယ်ကို စိုက်ကြည့်နေလိုက်၏။


အစားကြူးတောင်ကြား....


လူများက သူတို့၏ နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုများကိုလွှတ်ချနိုင်ခြင်းမရှိပေ။သူတို့ ထ်ိုကဲ့သို့ ဆန်းကြယ်လှသော အချက်အပြုတ်ပြိုင်ပွဲကြီးကို မမြင်ရသောကြောင့်ပင် ကျိတ်၍ ကျေးဇူးတင်မိကြသည်။


မောက်မာလှသော စားဖိုမှူးလေးက သူ့၏စွမ်းအားတစ်ခုတည်းဖြင့် ထိပ်တန်းစားဖိုမှူး သုံးယောက်ကို ရင်ဆိုင်ကေတော့မည်။သူ့၏ မောက်မာမှုက တွေးကြည့်၍ပင် ခက်ခဲလှသောကြောင့်လူများပင် သတိလက်လွတ်ဖြစ်သွားကြသည်။


စားဖိုမှူးစိန်ခေါ်ပွဲတွင် ချက်ပြုတ်ရခြင်းက မြောက်များလှစွာသော စွမ်းအင်များနှင့် အားထုတ်မှု အမြောက်အများလိုအပ်ပေသည်။တစ်ချို့သူများက ဟင်းပွဲတစ်ပွဲအတွက် ပင်ပန်းနွမ်းနယ်သွားသည်အထိ သူတို့၏ စွမ်းအားများကို သုံးစွဲရလေသည်။


၎င်းက သူတို့ စွမ်းအင်များသာမက စိတ်ဝိညာဉ်၏ စွမ်းအင်များကိုပါ ကုန်ဆုံးစေလေသည်။မည်သို့ပင်ဆိုစေလူအများက နက်ဖြန်လာမည့် ပြိုင်ပွဲကို ကြိုတင်ရင်ခုန်နေကြပေသည်။တစ်ချို့သူများက ပုဖန်ရှုံးနိမ့်မည်ကို စောင့်ကြည့်ချင်ကြ၏။သို့သော်လည်း လူတစ်ချို့ကမူ ပုဖန်ထူးခြားဆန်းကြယ်မှုများကို ထပ်မံဖန်တီးနိုင်ခြင်းရှိမရှိ ကြည့်ချင်နေကြ၏။


ခေါက်ဆွဲဘုရင် စားသောက်ဆိုင်...ဒီနေ့ ခေါက်ဆွဲဘုရင်ဆိုက်ပိတ်ထားလေသည်။မီးဖိုခန်း၏ အပြင်ဘက်၌ စားဖိုမှူးများက ပိတ်ထားသည့် တံခါးနားတွင် ဝိုင်းနေကြသည်။သူတို့၏ မျက်နာများကလည်း လေးလံနေ၏။မီးဖိုခန်းထဲတွင် ခေါက်ဆွဲဘုရင် ချွီရန်ချန်းဖုန်တစ်ယောက်မည်သည့်အရာများလုပ်ဆောင်နေသည်ကို မသိသောကြောင့် သူတို့ စောင့်နေကြခြင်းဖြစ်သည်။ချွီရန်ချန်းဖုန် တစ်ယောက်တည်းသာမဟုတ် ကျောက်စိမ်းမျှစ်ဝမ့်ထုံလည်း သူ့၏ အိမ်ထဲတွင် တံခါးပိတ်၍ နေလေသည်။သူတို့က မနက်ဖြန်ပြိုင်ပွဲအတွက် အားစိုက်ထုတ်နေကြခြင်းဖြစ်ပေလိမ့်မည်။


စိတ်ကူးလွင့်မျောဓားလုထောင်ကမူ သူ့၏ ဓားစွမ်းရည်ကို အလွန်ယုံကြည်မှုရှိနေပေပြီ။ထူးခြားလှသော ဓားကျွမ်းကျင်မှုကို အသုံးပြု၍ ထိုဖျက်မြင်းစားဖိုမှူးကို ရိုက်ပစ်ပေမည်။


အစားကြူးနတ်ဘုရားမြို့တော်ရှိ တည်းခိုဆောင်တစ်ခုအတွင်း ပုဖန်မီးဖိုခန်းမှ မီးများပိတ်လိုက်ပြီး ထွက်လာခဲ့သည်။သူ ခက်ခဲရှုပ်ထွေးသည့် မည်သည့်လေ့ကျင့်ခန်းမှမလုပ်ပေ။သူ့၏ အခန်းသို့ရောက်သည်နှင့် အိပ်ယာပေါ်လှဲလိုက်သည်။မကြာခင်မှာပင်အသက်ရှူသံမှန်မှန်နှင့် အိပ်ပျော်သွားလေသည်။


ညနက်နက်အချိန်၌ တိုက်ခတ်လာသော ဆောင်းဦးလေပြင်းနှင့်အတူ ရွက်ကြွေလေများက လေထဲတွင် ဝေ့ဝဲနေကြလေသည်။နောက်တစ်နေ့မနက်၌ တိတ်ဆိတ်နေခဲ့သော မြို့က စည်းကားအသက်ဝင်နေလေပြီ။အစားကြူးအဆောက်အဦး၌များစွာသော ပရိတ်သတ်များရောက်ရှိနေကြ၏။


အဆောက်အဦး၏ ပတ်ပတ်လည်တွင်လည်း လူများဒီရေအလား တိုးပွားလာနေသည်။ယနေ့ပြိုင်ပွဲက အလွန်ပင်စိတ်လှုပ်ရှားစရာကောင်းလှသည်။အစားကြူးတောင်ကြား၏ စားဖိုမှူးစိန်ခေါ်ပွဲ သမိုင်းတစ်လျှောက် ယခုကဲ့သို့ ဖြစ်ပေါ်ခဲ့ခြင်းမျိုးမရှိပေ။


ခေါက်ဆွဲ အသီးအရွက်နှင့် ဓားကျွမ်းကျင်မှု ၎င်းခေါင်းစဉ်သုံးခုက စားဖိုမှူးသုံးယောက်နှင့်ပြိုင်ရန် ပုဖန်ကိုယ်တိုင် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ယခုပြိုင်ပွဲက အလွန်ပင်ခက်ခဲသည့် ပြိုင်ပွဲတစ်ခုဖြစ်ပေလိမ့်မည်။ပုံမှန်အဆင့်ထက် ကျော်လွန်နေပြီဟု ပြော၍ရပေသည်။


ပထမတန်းစားစားဖ်ိုမှူးများပင်လျှင် ထ်ိုကဲ့သို့လုပ်ရဲလိမ့်မည်မဟုတ်ပေ။တကယ်တမ်းပြောရမည်ဆိုလျှင် အစားကြူးဘုတ်ပြားပေါ်ရှိ ထိပ်သီး စားဖိုမှူး၁၀ယောက်ကြားထဲ၌ အရည်အချင်းများက ထူးထူးခြားခြားကွာဟနေခြင်းမျိုးမရှိပေ။


ပုဖန်အိပ်ယာမှထပြီးနောက် ပုံမှန်အတိုင်းလေ့ကျင့်ခန်းများပြုလုပ်လိုက်သည်။ထို့နောက် ရှောင်ယနှင့် ဝှိုက်တီကိုခေါ်၍ ဆောင်းလေအေးများတိုက်ခတ်နေသည့် လမ်းတစ်လျှောက် လျှောက်လာခဲ့ကြသည်။ရာသီဥတုက ပို၍ အေးစက်လာသည်ဟု ခံစားမိလေသည်။သူတို့အစားကြူးရင်ပြင်ကျယ်ကို ရောက်သည့်အချိန်၌ လူများပြည့်ကျပ်နေပေပြီ။


လူနှစ်ယောက်နှင့် စက်ရုပ်တစ်ရုပ်တို့က လူစီးကြောင်းကိုဖြတ်၍ ရင်ပြင်ထဲသို့ ဖြေးညှင်းစွာလျှောက်ဝင်လာခဲ့သည်။အော်ဟစ်အားပေးသံ နှုတ်ဆတ်သံများလည်း ဆူညံစွာထွက်ပေါ်နေလေ၏။တခြားသူများလည်း သူတို့၏ နေရာ၌ ရောက်ရှိနေကြပေပြီ။ထိပ်သီးသုံးယောက်နှင်လ မဟာအကြီးအကဲ ဆဋ္ဌမအကြီးအကဲတို့က အကဲဖြတ်ဒိုင်လူကြီးခုံတွင်ထိုင်နေကြလေသည်။


ပြိုင်ပွဲဧရိယာရှိ မီးဖိုခုံများက ပြောင်းလဲသွားခဲ့သည်။၎င်းကို ပြင်ဆင်ထားသည်က လွှမ်းမိုးလိုသည့် အငွေ့အသက်များဖြင့် ပြည့်နှက်နေလေ၏။ချွီရန်ချန်းဖုန် ဝမ့်ထုံနှင့် လုထောင်တို့၏ မီးဖိုခုံများကို ပုဖန်၏ ပတ်လည်တွင် တြိဂံ ပုံစံ အစီအရင်ဖြင့် စီစဉ်ထားခဲ့သည်။


ထိုစားဖိုမှူး သုံးယောက်၏ အော်ရာများကလည်း မည်သည့်အရာဖြင့် ချိုးဖျက်၍မှ မရနိုင်သော ခိုင်မာလှသည့် တံတိုင်းကဲ့သို့ပင်။ပုဖန်က ခံစားချက်မရှိသော မျက်နာသေဖြင့် ထိုသုံးယောက်ကိုကြည့်လိုက်သည်။


စားဖိုမှူးသုံးယောက်နှင့် စားဖိုမှူးစိန်ခေါ်ပွဲယှဉ်ပြိုင်ရခြင်းမှာ ပုဖန်အတွက်လည်း ကြီးစွာသောခွန်အားသက်ရောက်နေပေသည်။သို့သော်လည်း ထိုဖိအားကပင် သူ့၏ လုပ်ငန်းစဉ်များအောင်မြင်နိုင်ဖို့ ခွန်အားတစ်ရပ်ဖြစ်သည်။ပုဖန်က ဆန်းကြယ်သော ကမ္ဘာထဲတွင် အစားအသောက်ကွင်းဆက်၏ ထိပ်ဆုံးမှ အချက်အပြုတ်နတ်ဘုရားဖြစ်လာခြင်းဖြစ်၏။ထို့ကြောင့် မြန်မြန်ဆန်ဆန်ကြီးထွားလာနိုင်ရန်အတွက် သူ့ကိုယ်သူဖိအားပေးဖို့လိုအပ်ပေသည်။


ချူချန်းရှန်က ခပ်ပွပွဝတ်စုံတစ်ရုံကို ဝတ်ဆင်ထားပြီး သူ့မျက်နာကလည်း တည်ငြိမ်နေ၏။ ချူချန်းရှန် ပြိုင်ကွင်းအလယ်သို့ လျှောက်လာလိုက်ပြီး စားဖိုမှူးလေးယောက်ကို ကြည့်လ်ိုက်သည်။ယခုအချိန်၌ သူတို့၏ တိုက်ခိုက်ခြင်းအော်ရာများက်ို ထုတ်လွင့်ထားကြသည်။


ထို့ကြောင့် သူစကားများများမဆိုတော့ပဲ ပြိုင်ပွဲစတင်မည်ဖြစ်ကြောင်းသာ ကြေငြာလိုက်သည်။မည်သို့ပင်ဆိုစေ သူအကဲဖြတ်ဒိုင်လူကြီးလုပ်ခဲ့သော ပြိုင်ပွဲအားလုံးတွင် ယခုပြိုင်ပွဲက အတင်းဆုံးဟုဆိုရပေမည်။


သုံးယောက်တစ်ယောက်ပြိုင်ပွဲ ပုဖန်က တကယ်ကို ရူးသွပ်တဲ့လူပဲ...


"ကောင်းပြီ အားလုံး အဆင်သင့်ဖြစ်နေပြီ ဒီတစ်ကြိမ်မှာတော့ စားဖိုမှူးတွေအကုန်လုံးက တူညီတဲ့ ပါဝင်ပစ္စည်းကိုပဲ သုံးမယ် ပြိုင်ပွဲက အချက်အပြုတ်စွမ်းရည်ပေါ်မှာပဲမူတည်နေတယ် မင်းတို့နှလုံးသားရဲ့ အတိုင်း ချက်ပြုတ်ပြိုင်ပွဲကို ယှဉ်ပြိုင်နိုင်ကြဖို့ မျှော်လင့်ပါတယ်..."


ချူချန်းရှန် သဘာဝကျစွာပင် ပြောလိုက်သည်။ပါဝင်ပစ္စည်းများကို ပြိုင်ကွင်းဧရိယာတစ်ခုဆီသို့ ထုတ်လိုက်သည်နှင့် သိပ်သည်းလှသော စိတ်ဝိညာဉ်စွမ်းအင်များအဘက်ဘက်သို့ ရိုက်နှက်သွားသည်။


ဂျုံမှုန့် အလင်းရောင်များတောက်ပနေသည့် မျှစ်တစ်ချို့နှင့် စိတ်ဝိညာဉ်သစ်သီးအပုံ ထိုပါဝင်ပစ္စည်းများက ယခုပြိုင်ပွဲအတွက်သုံးရန်ဖြစ်သည်။ယခင်ပြိုင်ပွဲတွင် ပုဖန်က ထောင်တျဲအသားကို အသုံးပြုခဲ့သောကြောင့် အလွယ်တကူအနိုင်ရရှိခဲ့သည်။


ထို့ကြောင့်ပင်ယခုအခါ၌ ပါဝင်ပစ္စည်းများကို ထောက်ပံ့ပေးခြင်းဖြစ်သည်။ထောင်တျဲအသားကိုအသုံးပြုလိုက်ခြင်းက ပြိုင်ပွဲအပေါ် လှည့်စားခဲ့သည်ဟု ဆိုနိုင်ပေသည်။


လူများက ပုဖန်တွင် ဘာကြောင့် ထောင်တျဲအသားရှိနေမှန်းမသိကြပေ။သို့သော်လည်း သူသာ ထိုကဲ့သို့ပါဝင်ပစ္စည်းကို နောက်တစ်ကြိမ်သုံးပါက ရန်ယုပင်လျှင် သူ့ကို အနိုင်ယူဖို့ခက်ပေလိမ့်မည်။


ခေါက်ဆွဲဘုရင်က ချွီရန်ချန်းဖုန်က တည်ငြိမ်သောမျက်နာထားကို ဆင်မြန်းထားသည်။သို့သော်လည်း သူအနည်းငယ်စိတ်လှုပ်ရှားနေသောကြောင့် သူ့မျက်နာက တုန်ယင်နေသည်။


ပုဖန်နှင့် ပြိုင်ကွင်းတစ်ခုထဒတွင် ယှဉ်ပြိုင်တိုက်ခိုက်ရလိမ့်မည်ဟု သူလုံးဝမတွေးထားခဲ့မိဖူးပေ။ပုဖန်၏ ဓားခြစ်ခေါက်ဆွဲက သူ့ကို ဖိစီးမှုများပေးလေသည်။သို့သော်လည်း သူ လုံးဝလက်လျှော့အရှုံးပေးလိမ့်မည်မဟုတ်ပေ။


ပြောရမည်ဆိုလျှင် ခေါက်ဆွဲဘုရင်ဖြစ်သော သူ့တွင်လည်း ဂုဏ်သိက္ခာရှိပေသည်။တောက်ပသောအလင်းစက်လေးများနှင့်အတူ ပါးလွှာသော ပုစဉ်းတောင်ပံဓား ပေါ်လာသည်။ကျောက်စိမ်းမျှစ်ဝမ့်ထုံကလည်း ကျောက်မျက်ရတနာနှင့် တူညီလှသော မီးဖိုချောင်သုံးဓားတစ်လက်ကို ဆွဲကိုင်ထားသည်။


၎င်းက ကျိုးပဲ့ကျောက်စိမ်းဓားဖြစ်သည်။ထိုဓားက နာမည်ကြီးဓားတစ်လက်ဖြစ်ဖို့ အလွန်နီးစပ်နေပေပြီ။စိတ်ကူးလွင့်မျောဓားလုထောင်ကလည်း ပုဖန်ကို စိုက်ကြည့်နေသည်။သူ့၏ တိုက်ခိုက်လိုသည့်ဆန္ဒများက ကောင်းကင်ယံကိုပင် ထိုးတက်နေလေ၏။ဒီတစ်ကြိမ် အစားကြူးတောင်ကြား၏ ဂုဏ်သိက္ခာကို ကာကွယ်ရပေမည်။


သူတို့ကအစားကြူးတောင်ကြားကို ကိုယ်စားပြုသောကြောင့် လုံးဝရှုံးနိမ့်၍ မရပေ။အကယ်၍ သူတို့သာ ထ်ိုမောက်မာဝင့်ကြွားသည့် စားဖ်ိုမှူး၏ လက်အောက်တွင်ရှုံးနိမ့်ခဲ့ပါက အစားကြူးတောင်ကြားက မျက်နာပြစရာကျန်တော့မည်မဟုတ်ပေ။


ပုဖန်၏ လက်ကောက်ဝတ်မှ အစိမ်းရောင်မီးခိုးငွေ့များထွက်ပေါ်လာပြီး ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားပေါ်လာသည်။သူဓားကို ဆုပ်ကိုင်လ်ိုက်ပြီးနောက် တည်ငြိမ်လှသောမျက်ဝန်းများဖြင့်ကြည့်ကာ ပြောလိုက်သည်။


"ခင်ဗျားတို့ အားလုံး အဆင်သင့်ဖြစ်ပြီဆိုရင် စကြရအောင်..."


အစားကြူးတောင်ကြား၏ အပြင်ဘက် လေဟာနယ်လှုပ်ခါသွားပြီးနောက် ကြမ်းတမ်းသော လေဟာနယ်အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။ထိုအက်ကွဲကြောင်းထဲမှ အေးစက်သော စစ်သင်္ဘောကြီးတစ်စင်း ထွက်ပေါ်လာသည်။ထိုသင်္ဘော၏ ထိပ်ပိုင်းတွင် လွင့်ထူထားသော နွေဦးကောင်းကင်ဘုံသန့်စင်နယ်မြေ၏ အလံတော်က လေအရှိန်ဖြင့် လွင့်ခါနေသည်။


အဖိုးအိုတစ်ဦးက ကြီးမားလှသော နတ်ဘုရားသတ်ပုဆိန်ကို ပခုံးပေါ်ထမ်းတင်ထားရင်းသင်္ဘောဦးပိုင်းတွင်ရပ်နေသည်။သူက နက်ရှိုင်းလှသောအကြည့်များဖြင့် အစားကြူးနတ်ဘုရားမြို့တော်ကို ကြည့်နေလေသည်။