အခန်း ၇၃၇
ကောင်းကင်မြှုပ်နှံခြင်း နှင့် လရိပ်တမ်းချင်း...
ထုတ်လွင့်နေသော အနက်ရောင်အခိုးအငွေ့များက ဟိန်းဟောက်သံတစ်ခုအလား လေထုကို တုန်ခါနေစေသည်။၎င်းက မသေမျိုးဝိညာဉ်အဆင့် သားရဲကြီးတစ်ကောင် ကြမ်းတမ်းရက်စက်စွာ ဟိန်းဟောက်နေသကဲ့သို့ပင် ထိုအနက်ရောင်အခိုးအငွေ့ထဲမှ ပုံရိပ်တစ်ခုက ကောင်းကင်ယံထက်တွင် လျင်မြန်စွာ ရွေ့လျားနေသည်။
လူများသာ အနီးကပ်ကြည့်ရှုလိုက်မည်ဆ်ိုပါက တုန်ယင်သွားပေလ်ိမ့်မည်။အဘယ်ကြောင့်ဆ်ိုသော် ကြီးမားသည့် အနက်ရောင်အရာက အရိုးခေါင်းပုံရိပ်လေးတစ်ခု ဖြစ်နေခြင်းကြောင့်ဖြစ်သည်။
ထိုအရိုးခေါင်း၏ ပွင့်ဟနေသော ပါးစပ်မှာ အနက်ရောင်အခိုးအငွေ့များကို အဆက်မပြတ် ထုတ်လွင့်နေပြီး လေထုထဲ အရှိန်လျင်မြန်စွာဖြင့် ဖြတ်သန်းသွားနေသည်။
ကြီးမားလှသော အရိုးခေါင်းပုံရိပ်၏ အထဲတွင် ခေါင်းနှစ်လုံးကို မြင်နိုင်သည်။ငရဲဘုရင်၏ ဆံနွယ်များက ကြမ်းတမ်းစွာ တ်ိုက်ခိုက်နေသော လေအရှိန်ဖြင့် ရွေ့လျားနေသည်။သူပါးစပ်ကိုဖွင့်ဟ၍ ပျော်ရွှင်စွာဖြင့် အော်ဟစ်နေလေ၏။
သူတော်စင်သမီးတော်ဇီယွင်ကလည်း ထိုအရိုးခေါင်းအတွင်းမှ ခေါင်းထုတ်လိုက်သည်။သူမ၏ လှပသော မျက်ဝန်းလေးများက ကွေးကျနေပြီး ဖြူဖွေးနူးညံ့သောအရေပြားက အသီးဂျယ်လီတစ်ခုကဲ့သို့ တုန်ခါနေပေသည်။သူမနှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း တစ်ချက်မဲ့လိုက်သည်။
"အကိုကြီး ရှင့်ရဲ့ စီးတော်ယဉ်က အဆင့်မြင့်တာတော့ မှန်ပါတယ် ဒါပေမယ့် လေဒဏ်ကိုမကာကွယ်ပေးနိုင်ဘူး..."
ဇီယွင် လည်ချောင်းကွဲမတက်အော်ဟစ်လိုက်သည်။အဘယ်ကြောင့်ဆ်ိုသော် ပြင်းထန်လွန်းသော လေအရှိန်၏ ဟန့်တားမှုကြောင့် သူမအော်ပြောမှသာလျှင် ငရဲဘုရင် ကြားနိုင်ပေလိမ့်မည်။ငရဲဘုရင် မျက်ဝန်းများမှေးကျင်းလိုက်သည်။ထို့နောက် လေလာရာဘက်သို့လှည့်၍ ပါးစပ်ကျယ်ကျယ်ဖွင့်ဟကာ ဝူးဟူးဟူးဆိုသည့် အသံများကို ပြုလုပ်နေပေသည်။
"ဒီလိုမျိုး လေတဟူးဟူးသွားရတာက ပျော်စရာမကောင်းဘူးလို့ မင်းထင်နေတာလား..."
"အိုး ဟုတ်တာပေါ့ ဒါတော်တော်လေးပျော်စရာကောင်းပါတယ် ...ဒါပေမယ့် ကျွန်မထင်တာတော့ နည်းနည်း ကို့ယိုးကားယားနိုင်တယ်..."
"ဘာမှ ကို့ယိုးကားယားမနိုင်ဘူး ဒီအရိုးခေါင်းကို သတ်ဖြတ်ခြင်းအသူရာနတ်ဆိုးရဲ့ အရိုးနဲ့ ပြုလုပ်ထားတာ...ငါက ဒါကို သေသေချာချာလေးပြုလုပ်ထားခဲ့တာ ဒီအရိုးခေါင်းက မင်းရဲ့ နတ်လှေထက် လှတယ်ဆိုတာကို မမြင်ဘူးလား..."
ငရဲဘုရင် ဆက်လက်၍ အော်ပြောလိုက်သည်။
"တကယ်လှပါတယ် ဒါပေမယ့် ဘာလ်ို့ လေဒဏ်မကာတာလဲ ငါ့ရဲ့ စိတ်ဝ်ိညာဉ် လှေငယ်လေးက လေဒဏ်ကို ကာကွယ်ပေးတယ် ..."
ဇီယွင်ကလည်း တစ်ဖန်ပြန်အော်လိုက်၏။ငရဲဘုရင်၏ နှာခေါင်းများ ပွကားတက်လာသည်။သူ ဇီယွင်ကို မကျေမနပ်ဖြင့် စောင်းကြည့်လိုက်သည်။
"ငါဆက်မပြောချင်တော့ဘူး ငါအရမ်းပင်ပန်းနေပြီ ငါ့မှာ အစပ်ချောင်းမရှိသေးဘူးဆိုတော့ ဒီလိုလေတိုက်တဲ့ ဒဏ်ကိုခံရဦးမှာပဲ..."
ဇီယွင် ထပ်မံအော်ပြောလိုက်သည်။
"အကိုဟ ငါတို့ အစားကြူးတောင်ကြားနဲ့ နီးနေပါပြီ မကြာခင်မှာပဲ အစပ်ချောင်းရလိမ့်မယ်..."
ငရဲဘုရင်၏ မျက်ဝန်းများမှေးကျင်းသွားပြီး ပြန်ပြောလိုက်သည်။
"တကယ်ပဲလား မင်းက တကယ်ကို ရင်သက်ရှုမောဖွယ်ကောင်းတာပဲ..."
အရိုးခေါင်းထဲ၌ မျက်နာချင်းဆိုင်ကာ တစ်ယောက်က်ို တစ်ယောက်အော်ပြောနေကြလေသည်။အရိုးခေါင်း၏ လျင်မြန်လှသော ရွေ့လျားမှုက အနောက်တွင် အနက်ရောင်အခိုးအငွေ့တန်းကြီးကို ချန်ထားခဲ့လေသည်။
၎င်းက ကောင်းကင်ကိုပင် လှုပ်ခါနေသည်ဆ်ိုသော်လည်း အချိန်လျင်မြန်စွာဖြင့်ပင် ပျောက်ကွယ်သွားသည်။ဝေးကွာသော နေရာတွင် နောက်ဆုံးတော့ အစားကြူးတောင်ကြားက သူတို့ မြင်ကွင်းထဲ ရောက်လာပြီဖြစ်သည်။
အစားကြူးရင်ပြင်ကျယ်၌ စားဖိုမှူးများက သူတို့၏ ဓားများကို ထုတ်ဖော်လိုက်သည်။အေးစက်လှသော ဓားအလင်းရောင်များက အစားကြူးရင်ပြင်ကျယ်တစ်ခုလုံး၏ လေထုကိုပင် ပူပြင်းလာစေပြီး ကောင်းကင်ယံဆီသို့ အလင်းတန်းများ ပစ်လွှတ်နေစေသည်။
ကောင်းကင်ကြီးတစ်ခုလုံးကို တုန်လှုပ်လာနေသကဲ့သို့ပင် ဆူညံသံများကလည်း ထွက်ပေါ်နေသည်။ခေါက်ဆွဲဘုရင် ချွီရန်ချန်းဖုန်က အပြုံးအရယ်မရှိသော မျက်နာသေကို ဆင်မြန်းထားသည်။သူ့လက်ထဲမှ ပါးလျသော ပုစဉ်းတောင်ပံဓားက အနည်းငယ်လှုပ်ခါနေပြီး တောက်ပလှသော အလင်းရောင်ဖျော့ဖျော့ကို ထုတ်လွင့်နေသည်။
ချွီရန်ချန်းဖုန်သည် သူတုံ့ဆိုင်းသည့် အတွေးများက်ို အနည်းငယ်မျှပင် မတွေးရဲပေ။ထို့ကြောင့် သူဒီပြိုင်ပွဲတွင် အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ရပေမည်။
ပုဖန်၏ အချက်အပြုတ်ပညာရပ်ကို သူမျက်မြင်တွေ့ကြုံခဲ့ပြီးသားဖြစ်သည်။ပုဖန်က ဂျုံနှင့်လုပ်သော စားသောက်ပွဲများတွင်ပင် အားနည်းသည့်သူမဟုတ်ပေ။
"ပုဖန် ငါမင်းကို အနိုင်ကျင့်မှာ မဟုတ်ဘူး ငါတစ်ညလုံး စဉ်းစားတွက်ချက်ပြီးတဲ့နောက်မှာတော့ ငါ့ရဲ့ ကောင်းကင်မြှုပ်နှံခေါက်ဆွဲက တိုးတက်လာပြီဆိုတာ သိလိုက်တယ် မင်းငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်..."
ချွီရန်ချန်းဖုန်ပြောလိုက်ပြီးသည့်နောက် သူ့လက်ထဲမှ ပုစဉ်းတောင်ပံဓားက ပျံသန်းထွက်သွားသည်။ထို့နောက် ဓား၏တောက်ပသော စကေးများကို ခဏအကြာပြသလိုက်ပြီးနောက် သူ့ရှိရာသို့ ပြန်လည်ရောက်လာလေသည်။
အဓိကပါဝင်ပစ္စည်းက ဂျုံမှုန့်ဖြူဖြစ်သည်။သို့သော်လည်း ချွီရန်ချန်းဖုန်၏ ကောင်းကင်မြှုပ်နှံခေါက်ဆွဲက ဂျုံမှုန့်တစ်မျိုးထဲ ပါဝင်နေခြင်းမဟုတ်ပေ။အဆင့်မြင့်ထားသော ကောင်းကင်မြှုပ်နှံခေါက်ဆွဲသည် အစားကြူးဘုတ်ပြား၏ အဆင့် ၁၀ ဟင်းလျာစာရင်းထဲပင် ဝင်ပေသည်။
ချွီရန်ချန်းဖုန်သူ့၏ ဗီရိုထဲမှ ပါဝင်ပစ္စည်းများကို ထုတ်ယူလိုက်သည်။ခေါက်ဆွဲတစ်ပွဲအတွက် ရောနှောထားသည့် ပါဝင်ပစ္စည်းများက အဓိကသော့ချက်ပင်ဖြစ်သည်။
သို့သော်လည်း ပါဝင်ပစ္စည်းအများစုသည်က ခေါက်ဆွဲကို ဖုံးလွှမ်းသွားလို့လည်းမရချေ။ထိုသို့သာ ဖြစ်သွားပါက ခေါက်ဆွဲ၏ ပင်ကိုယ်အရသာက လျော့ကျသွားပေလိမ့်မည်။
ပရိတ်သတ်များက ချွီရန်ချန်းဖုန်ထုတ်ယူလိုက်သော ပါဝင်ပစ္စည်းများက်ိုကြည့်၍ အံ့အားတသင့်ရေရွတ်လိုက်ကြသည်။
"ဘုရားရေ အဲ့ဒါတွေက ဘာတွေလဲ..."
"အဲ့ဒါ စိတ်ဝ်ိညာဉ်ငှက်တွေပဲ ...ခေါက်ဆွဲဘုရင် ချွီရန်ချန်းဖုန်က ကောင်းကင်မြှုပ်နှံခေါက်ဆွဲကို ချက်တော့မှာလား...အဲ့ဒါက ပြိုင်ပွဲမှာ အောင်နိုင်ခဲ့ပြီး အဆင့် ၁၀ထဲကို ဝင်ခဲ့တဲ့ ဟင်းပွဲမဟုတ်လား..."
ပရိတ်သတ်များက ကြောင်အနေကြသည်။သူတို့ကိုကြည့်ရသည်မှာ ထိတ်လန့်နေပုံပင်ပေါက်သည်။သူတို့အားလုံးက ခေါက်ဆွဲဘုရင် ချွီရန်ချန်းဖုန်ကိုသိကြသလို သူ့၏ အကျော်ကြားဆုံးဟင်းပွဲကိုလည်း သိကြပေသည်။ထိုသူက ကောင်းကင်မြှုပ်နှံခေါက်ဆွဲကို မချက်ပြုတ်ခဲ့သည်မှာ အခ်ျိန်အတော်ကြာခဲ့ပေပြီ။
ချွီရန်ချန်းဖုန်က အဖြူရောင်အဝတ်စတစ်စကို ထုတ်ယူလိုက်ပြီး သူ့၏ နဖူးတွင် စည်းနှောင်လိုက်သည်။သူ့၏ မျက်ဝန်းများကလည်း စူးရှလာ၏။
"အနောက်မှာရှိတာတွေက ၉၉မျိုးသော ငှက်တွေပဲ ကောင်းကင်မြှုပ်နှံခေါက်ဆွဲအတွက် ဒီ၉၉မျိုးသော ငှက်တွေက ပါဝင်ပစ္စည်းတွေပဲ..."
ချွီရန်ချန်းဖုန်က အသံနိမ့်နိမ့်ဖြင့်ပြောလ်ိုက်သည်။အားလုံး လေအေးတစ်ချက်ရှိုက်လိုက်မိကြသည်။ရန်ယုနှင့်တခြားစားဖ်ိုမှူးများ၏။ မျက်နာအမူအရာကလည်း တောင့်တင်းသွားသည်။
ကောင်းကင်မြှုပ်နှံခေါက်ဆွဲ နာမည်ကိုကြားလိုက်သည်နှင့်ပင် အားလုံး၏ နားထဲ သီချင်းသံကျယ်ကျယ်တုန်ခါသွားသလိုမျိုးခံစားရသည်။
ဆွစ် ဆွစ် ဆွစ်...
ပုစဉ်းတောင်ပံဓား၏ အလင်းရောင်များလက်သွားပြီး သူ့နောက်တွင် ရှိနေသော ငှက်လှောင်အိမ်များ ကျိုးပဲ့သွားသည်။
ဖလပ် ဖလပ် ဖလပ် ...
လှောင်အိမ်ထဲမှ ငှက်များ ထွက်ပြေးလွတ်မြောက်ကုန်ပြီး အမွှေးအတောင်များ နေရာအနှံ့သို့ ပြန့်ကျဲသွားသည်။ငှက်များ၏ မျက်ဝန်းထဲမှ လွတ်မြောက်လ်ိုသည့်ဆန္ဒက အလင်းရောင်တစ်ခုအလားပင် ကောင်းကင်ယံထက်ဆီသို့ မြင့်တက်နေသည်။သို့သော်လည်း နောက်ထပ် လက်လာသော ဓားရောင်က သူတို့၏ မျှော်လင့်ချက်များကို ခ်ျိုးဖျက်လိုက်လေသည်။
ထပ် ထပ် ...
ခဏအတွင်းမှာပင် ငှက်အပေါင်းများစွာ အသတ်ခံလိုက်ရပြီး သွေးများက မိုးရေစက်များကဲ့သို့ စီးကျလာသည်။ချွီရန်ချန်းဖုန်၏ မျက်နာထားက အေးစက်နေသည်။သူက ဝမ်းနည်းဖွယ်ကောင်းလှသော နှုတ်ဆတ်သီချင်းတစ်ခုကို ဆိုညည်းနေသော်လည်း သူ့၏ မျက်ဝန်းများက ခံစားချက်မဲ့နေသည်။
လူတိုင်း အသက်ရှူဖို့ပင်မေ့လျော့နေကြ၏။သူတို့၏ မျက်နာပေါ်တွင်လည်း ထိတ်လန့်မှု အထင်းသားပေါ်လွင်နေသည်။နူးညံ့သော မျက်နာထားရှိသည့် ချွီရန်ချန်းဖုန်က ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းရောင်ဝါများရှိနေလိမ့်မည်ဟု မည်သူမှမထင်ထားခဲ့ပေ။
အသက်ပြင်းပြင်းတစ်ချက်ရှ်ိုက်လိုက်ရင်း ပုဖန်၏ မျက်ဝန်းများပင် မှေးကျင်းသွားသည်။သွေးမိုးများက ချွီရန်ချန်းဖုန်၏ အနားတစ်ဝိုက်တွင် ဝေ့ဝဲနေသည်။ငှက်ကလေးများ၏ ငြီးတွားသံက တုန်လှုပ်ခြောက်ခြားစေမည့် သေဆုံးခြင်းတစ်ပုဒ်ကို ဆိုညည်းနေသကဲ့သို့ပင်..
ချွီရန်ချန်းဖုန် လက်ထဲရှိ ပုစဉ်းတောင်ပံဓားကလည်း ထွင်းဖောက်မြင်နေရသော အရာတစ်ခုကဲ့သို့ပင် သူ့၏ လှုပ်ရှားမှုများကိုပင် မမြင်ရပေ။ငှက်တစ်ကောင်းပြုတ်ကျလာတိုင်း အမွှေးများနှင့် အတွင်းကလီစာများကို သန့်စင်လိုက်သည်။သူ့၏ ဘေးနား၌ မီးပြင်းပြင်းနှင့်တည်ထားသော ပွက်ပွက်ဆူနေသည့် အိုးတစ်လုံးရှိသည်။သူက ပြင်ဆင်ပြီးထားသည့် ငှက်များက်ို ထိုအိုးထဲသို့ ပစ်ထည့်နေသည်။
ပလုံ ပလုံ...
ထိုငှက်များသည် ကြီးကြီးမားမားမဟုတ်သော်လည်း အိုးတစ်လုံးလုံးအပြည့်ဖြစ်နေသည်။ချွီရန်ချန်းဖုန် အိုးအဖုံးကို ဖုံး၍ ချက်ပြုတ်လိုက်သည်။ထို့နောက် အချိန်ဖြုန်းမနေတော့ပဲ ဂျုံမှုန့်ကို ထုတ်လိုက်သည်။
ဂျုံမှုန့်သည် အစားကြူးတောင်ကြား၏ အသန့်စင်ဆုံး ဂျုံမှုန့်တစ်ခုဖြစ်သည်။၎င်း ဂျုံမှုန့်က ထူးခြားလှသော ရနံ့နှင့် တောက်ပမှုများက်ို ထုတ်လုပ်ပေးနိုင်သည်။
ရွှမ်း...
ချွီရန်ချန်းဖုန်က ပွက်ပွက်ဆူနေသောသွေးနှင့်ရေကို ထုတ်ယူလိုက်သည်။အေးစက်လှသော မျက်နာထားဖြင့် ဂျုံမှုန့်များက်ို ဇလုံထဲသို့ ထည့်လိုက်သည်။ချက်ချင်းဆိုသလိုပင် ဖြူဖွေးလှသော ဂျုံမှုန့်များက သွေးနီရောင်ပြောင်းလဲသွားသည်။ချွီရန်ချန်းဖုန်က သွေးရည်ဖြင့် ဂျုံမှုန့်များကို ရောနှောပြုလုပ်လိုက်ပုံအားကြည့်၍ လူအားလုံးတုန်လှုပ်သွားကြသည်။
"ဒီလိုခေါက်ဆွဲမျိုးက စားလ်ို့ကောရရဲ့လား..."
ကောင်းကင်မြှုပ်နှံခေါက်ဆွဲကို အမှန်တကယ်တမ်းတွင် ဘယ်လ်ိုဖန်တီးပြုလုပ်ထားသည်ကို သိရှိသွားသောကြောင့် လူများ၏ မျက်နာက ရှုံ့မဲ့သွားကြသည်။ပုဖန်၏ မျက်နာအမူအရာက တည်ငြိမ်နေသည်ဆိုသော်လည်း အံ့သြမှုအနည်းငယ်ရှိနေသည်။ယနေ့ ချွီရန်ချန်းဖုန် ပြုလုပ်လိုက်သော ဟင်းပွဲက အနည်းငယ်သာလွန်နေသည်ကို သူသိပေသည်။
"မင်းချွီရန်ချန်းဖုန်ကိုပဲ အာရုံစိုက်မနေသင့်ဘူး...ဝမ့်ထုံရဲ့ ကျိုးပဲ့ကျောက်စိမ်းဓားကလည်း မင်းရဲ့ကျွမ်းကျင်မှုကို မြင်ချင်သေးတယ်..."
ကျောက်စိမ်းမျှစ်ဝမ့်ထုံက သူ့၏ နောက်ကျောမှ ခြင်းထောင်းကို ချွတ်လိုက်ပြီး ပေါ့ပေါ့ပါးပါးဟန်ဖြင့်ပြောဆ်ိုလိုက်သည်။"ငါ့ရဲ့ ဟင်းပွဲကို လရိပ်တမ်းချင်းလို့ခေါ်တယ်...မင်းငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်..."
သူ့လက်ထဲ၌ နို့နှစ်ရောင်ဓားတစ်လက်ပေါ်လာသည်။ထို့နောက် ကျယ်လောင်လှသောမျှစ်ကို ထုတ်ယူလိုက်၏။သူက အပေါ်ယံအခွံစိမ်းက်ိုဖြတ်တောက်လိုက်ပြီး ရေကဲ့သို့ ကြည်လင်လှသည့် မျှစ်ကို ထုတ်ယူလိုက်သည်။
ဝမ့်ထုံက ပုဖန်ကိုကြည့်လိုက်ပြီးနောက် သူ့၏ တောင်းထဲမှ ပုလင်းတစ်ပုလင်းကိုထုတ်ယူကာ အဖုံးဖွင့်လိုက်သည်။သင်းပျံ့လှသော ရနံ့များက ပတ်ဝန်းကျင်ကို ပြန့်နှံ့သွား၏။
လူများ မထိန်းနိုင်ပဲ အသက်ပြင်းပြင်းရှုရှိုက်လိုက်ကြသည်။၎င်းက ဝိုင်အစစ်မဟုတ်သော်လည်း ဝိုင်၏ ရနံ့ကဲ့သို့ပင် ဆွဲဆောင်မှုရှိလှသည်။
"ဝမ့်ထုံက မနက်ခင်းနှင်းရည်တွေက်ို စုဆောင်းထားတာပဲ.."
ချူချန်းရှန် ဝမ့််ထုံ၏ လက်ထဲမှပုလင်းကို အံ့အားတသင့်ဖြင့် ကြည့်လိုက်သည်။ဝမ့်ထုံ၏ ဝိုင်ပုလင်းကို သူပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။စားဖိုမှူးစ်ိန်ခေါ်ပွဲအတွက်မဟုတ်လျှင် ထိပ်တန်း စားဖိုမှူး ၁၀ယောက်၏ အထူးဟင်းလျာများက်ို မြင်တွေ့ဖို့ခဲယဉ်းလွန်းလှသည်။
ထိုအကြောင်းကို တွေးမိလျှင် ပုဖန်က ထိပ်တန်း စားဖိုမှူး ၁၀ယောက်ကိုပင် ဖိအားများခံစားရစေနိုင်သည်ဟု ချူချန်းရှန်တွေးမိလေသည်။ဝမ့်ထုံက စကားတစ်ခွန်းမှပင်မဆ်ိုပဲ သူ့၏ ခြင်းထဲမှ ခရမ်းရောင်ဝါးဖြင့် ပြုလုပ်ထားသော ယောက်ချိုဇွန်းတစ်ဇွန်းကို ထုတ်ယူလိုက်သည်။ထို့နောက် တောက်ပလှသည့် အရောင်များဖြာနေသော အရည်ကို ခပ်ယူလိုက်၏။
သူခွာထားသော မျှစ်များအပေါ် အရည်က်ို လောင်းချလိုက်သည်။မျှစ်များက ထ်ိုနှင်းရည်က်ို ချက်ချင်းစုပ်ယူသွားလေသည်။ကြည်လင်လှသော မျှစ်အရောင်က ငါးရောင်ခြည် ဖြာထွက်လာသည်။
လရိပ်တမ်းချင်း ထိုးဟင်းပွဲက ကွယ်လွန်သူ ဇနီးသည်ကို ဝမ်းနည်းကြေကွဲမှုနှင့် ဂုဏ်ပြုမှုအတွက်ချက်ပြုတ်ပေးသည့် ဟင်းပွဲဖြစ်သည်။စားဖ်ိုမှူးများ၏ တင်ဆက်မှုက ပရိတ်သတ်များ၏ စိတ်လှုပ်ရှားမှုကို လှုံ့ဆော်ပေးလ်ိုက်လေသည်။
ထိုသူများကတကယ်ကိုပင် အစားကြူးဘုတ်ပြား၏ ထိပ်တန်းစားဖိုမှူးများ ပီသပေသည်။သူတို့သာ အားစိုက်လိုက်လျှင် မောက်မာထောင်လွှားသော စားဖ်ိုမှူးလေးကို အမှုန့်ချေပစ်ပေမည်။
စိတ်ကူးလွင့်မျောဓားလုထောင်က မလှုပ်ရှားပဲ ပုဖန်ကိုသာ ကြည့်၍ ပြုံးနေလိုက်သည်။သူက ဓားကျွမ်းကျင်မှု ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် အလျင်လိုခြင်းမရှိပေ။
ပုဖန်၏ မျက်ဝန်းများကလည်း အာရုံစူးစိုက်ကြည့်နေလေသည်။သူစိတ်လှုပ်ရှားမှုကြောင့် ခန္ဓာကိုယ်ပင် အနည်းငယ်တုန်ရီနေသည်။ထိုကဲ့သို့ ပျော်စရာကောင်းလှသော ခံစားချက်က ပုဖန်၏ ခံစားချက်မဲ့လှသော မျက်နာသေပေါ်တွင်ပင် နူးညံ့သော အပြုံးတစ်ခုက်ို ဖြစ်ပေါ်လာစေသည်။
သူ့၏ မျက်ဝန်းများကလည်း တောက်ပနေလေသည်။သူအသာနှုတ်ခမ်းဖွင့်၍ ဆ်ိုလိုက်သည်။
"လာ ငါကို အရှိန်ပြင်းပြင်းလေး ခံစားခွင့်ပေးလိုက်..."
ဝမ်...
အစစ်အမှန်စွမ်းအင်များဖြည့်သွင်းထားသော ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားမှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။နဂါးဟိန်းဟောက်သံတစ်ခုက ကောင်းကင်တစ်လျှောက် တုန်ခါမြည်ဟီးနေစေ၏။သူတို့အပေါ်တွင် တွန့်ခွေနေသော ရွှေရောင်နဂါးကြီးကိုကြည့်၍ ပရိတ်သတ်များ အံအားသင့်သွားကြပြန်သည်။
အစားကြူးတောင်ကြား၏ အပြင်ဘက်တွင် နားကွဲလောက်စရာအသံနှင့်အတူ စစ်သင်္ဘောတစ်စင်းပေါ်ထွက်လာသည်။၎င်းက ရပ်တန့်သွားခြင်းမရှိပဲ မြို့တော်ဆီသို့ ဆက်လက်ရွက်လွင့်လာသည်။မြို့တံတိုင်းပေါ်ရှိ အစောင့်များက စစ်သင်္ဘောကိုမြင်လိုက်သည်နှင့် အော်ဟစ်လိုက်ကြပြီး သူတို့၏ အစစ်အမှန်စွမ်းအင်များကို ထုတ်ဖော်လိုက်ကြသည်။
စစ်သင်္ဘော၏ ကုန်းပတ်ပေါ်တွင် နတ်ဘုရားသတ် ပုဆိန်တစ်လက်ကို ကိုင်ဆောင်ထားသော အဖိုးကြီးတစ်ယောက်ရပ်နေခဲ့သည်။
"သတ်ပစ်လိုက် ငါတ်ို့လမ်းမှာ လာပိတ်တဲ့သူအားလုံးကို သတ်ပစ်...ထန်း ထန်း..."
သူ့စကားဆုံးသည်နှင့် အနောက်မှလိုက်ပါလာသော ရွှေသံချပ်ကာဝတ်အစောင့်များက ချက်ချင်းလှုပ်ရှားလိုက်ကြသည်။အစားကြူးတောင်ကြား မြို့တံတိုင်းအထက်မှ ကောင်းကင်ယံသို့ အလင်းများပတ်ဖြန်းလိုက်သလို ဖြာထွက်လာသည်။လူသတ်ငွေ့များ ချက်ချင်းဖုံးလွှမ်းသွားလေသည်။