အပိုင်း ၇၃၈
Viewers 62k

အခန်း ၇၃၈

ငါတို့က တစ်ဖက်တည်းပဲ...


ကောင်းကင်နွေဦးသန့်စင်နယ်မြေ၏ အလံတော်လွင့်တင်ထားသော ရေခဲတမျှ အေးစက်သည့် စစ်သင်္ဘောတစ်စင်းရွက်လွင့်လာသည်။ကြီးမားလှသော နတ်ဘုရားသတ်ပုဆိန်တစ်လက်ကို ထမ်းပိုးထားသည့် အဖိုးကြီးတစ်ယောက်မတ်တပ်ရပ်နေသည်။ထိုပုဆိန်ပေါ်တွင် ရေးထွင်းထားသော ဆန်းကြယ်သည့် ပုံစံများကလည်း မျက်စိမလွှဲနိုင်အောင် ဆွဲဆောင်နိုင်လွန်းသည်။


ထိုအဖိုးကြီး၏ စူးရှလှသော မျက်ဝန်းများကလည်း အစားကြူးနတ်ဘုရားမြို့တံတိုင်းထက်ကို ကြည့်နေသည်။မြို့တံတိုင်းပေါ်တွင် သတ်ဖြတ်မှုများ ဆက်လက်ဖြစ်ပွားနေတုန်းဖြစ်သည်။


အစောင့်တပ်များက ရဲရင့်စွာ ခုခံနေကြသည်။သူတို့၏ ခန္ဓာကိုယ်မှ စွမ်းအင်များက တောက်ပနေပြီး လက်နက်များကို ကိုင်ဆောင်၍ မာနါဟစ်ကျုံးဝါးကာ ယို့ယို့ခြုံခြုံ ခုခံကာကွယ်နေကြသည်။


သူတို့၏ ပူနွေးသော သွေးစက်များကို အသုံးပြုကာ ရန်သူများအားလုံးကို ချေမှုန်းပစ်နေလေသည်။သို့ဆသ်ာလည်း မည်သို့ပင်ဆိုစေ ရွှေသံချပ်ကာအစောင့်တပ်က သွေးဖြင့် ကြီးပြင်းလာသည်ဟုဆိုရပေမည်။


သူတို့တစ်ယောက်ချင်းစီက ထိပ်တန်း သတ်ဖြတ်သူများပင်ဖြစ်သည်။ထို့ကြောင့် ခဏအကြာမှာပင် မြို့တံတိုင်းအထက်တွင် သွေးများဖုံးလွှမ်းသွားပြီး ခန္ဓာကိုယ်များ လဲလျောင်းနေပေသည်။


ဘုန်း...


စစ်သင်္ဘောကြီးက ကြမ်းတမ်းစွာဖြင့် မြို့တံတိုင်းကို ဝင်တိုက်လိုက်သည်။မြို့၏ ကာကွယ်အစီအရင်က အသက်ဝင်လာပြီး စစ်သင်္ဘော၏ ကျူးကျော်တိုက်ခိုက်မှုကို ဟန့်တားထားလေသည်။၎င်းက အကောင်းဆုံးဖြစ်သော်လည်း ကောင်းကင်နွေဦး သန့်စင်နယ်မြေ၏ စစ်သင်္ဘောက အဆုံးမရှိသော စွမ်းအားများဖြင့် မြို့တံတိုင်းကို ဆက်လက်တိုက်ခိုက်နေသည်။


သူတို့၏ လက်နက်ကို ကြမ်းတမ်းစွာ လွှဲလ်ိုက်တိုင်းပစ်မှတ်က တစ်စစီ ဖြစ်သွားလေသည်။သွေးများ နေရာအနှံ့ ပြန့်ကျဲနေသည်။လမ်းမတစ်လျှောက်တွင် စိုးရိမ်ပူပန်စွာ အော်ဟစ်သံများနှင့် ထိတ်လန့်တကြား ငိုကြွေးသံများ ပဲါတင်ထပ်နေလေသည်။


အစားကြူးတောင်ကြားရှိ ပညာရှင်များကလည်း အချက်ပေးမှုကို ရရှိသွားသည်။သူတို့က ကျူးကျော်လာသော ရန်သူများကိုခုခံကာကွယ်ရန်အတွက် မြို့စောင့်တပ်နှင့် အလျင်အမြန်ပူးပေါင်းလိုက်ကြသည်။


တောင်ကြားတွင်ရှ်ိနေသော အကြီးအကဲများက မျက်လုံးဖွင့်လိုက်ပြီး လေအေးတစ်ချက်ရှိုက်ကာ တွေးတောလိုက်ကြသည်။


"ကောင်းကင်နွေဦး သန့်စင်နယ်မြေက နည်းနည်းမှ မစောင့်နိုင်တော့ဘူးပဲ...သူတို့က အခုပဲ ပရမ်းပတာ သတ်ဖြတ်မှုတွေကို စတင်နေပြီလား..."


အမှန်စစ်ဆင်တွင် ၎င်းက သတ်ကွင်းတစ်ခုပင်ဖြစ်နေလေသည်။စစ်သင်္ဘောရွေ့လျားလာသည့် လမ်းတစ်လျှောက် အိမ်များကို ဖျက်စီး ချေမွခဲ့ပြီး သွေးစီးကြောင်းမျာလည်း စီးဆင်းနေပေသည်။ဦးပိုင်းတွင်ရပ်နေသော အဖိုးအို၏ မျက်နာက အေးစက်ဆဲဖြစ်ပြီး စူးရှသည့် အကြည့်များင အစားကြူးနတ်ဘုရားအဆောက်အဦးကိုသာမလွှဲတမ်းကြည့်နေသည်။သူက အလျင်အမြန် ရှေ့သို့ ချီတက်ရန် အမိန့်ပေးလိုက်၏။


အစားကြူးရင်ပြင်ကျယ်...


ချူချန်းရှန် သူ့၏ အင်္ကျီလက်ကို ယမ်းခါလိုက်ပြီး ပြိုင်ပွဲအလယ်ရှိ တိုက်ပွဲကို ကြည့်နေလိုက်သည်။ရုတ်တရက် သူ့၏ နှလုံးသားက တုန်ခါသွားပြီး မျက်မှောင်ကြုတ်လ်ိုက်သည်။တစ်စုံတစ်ရာကို ခံစားလိုက်မိပုံဖြင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။


ဟမ်...


ချူချန်းရှန်၏ မျက်ဝန်းများက စူးရှသွားသည်။သူ့၏ မျက်နာက ရေခဲတမျှ အေးစက်သွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် သတ်ဖြတ်ခြင်းအငွေ့အသက်များထွက်ပေါ်လာလေသည်။


"မင်းလုပ်ရဲတယ်လား...."


ချူချန်းရှန် မတ်တပ်ထရပ်လိုက်သည်။သူ့၏ ကြောက်မက်ဖွယ်ကောင်းလှသော အော်ရာများကလည်း လျင်မြန်စွာပင် ပြန့်ကားလာသည်။သို့သော်လည်း သူက အချက်အပြုတ်ပြိုင်ပွဲကို ကြားဖြတ်နှောက်ယှက်ခြင်းမရှ်ိပေ။ခြေတစ်လှမ်းလှမ်းလိုက်ပြီးနောက် သူ့၏ နေရာမှ ပျောက်ကွယ်သွားလေသည်။


မဟာအကြီးအကဲ နေရာမှပျောက်သွားသည်ကို မြင်လိုက်သည်နှင့် ဆဋ္ဌမအကြီးအကဲ၏ နှုတ်ခမ်းမွှေးများကော့တက်သွားသည်။


"မဖြစ်နိုင်ဘူး မဟာအကြီးအကဲက ငါ့ကို နောက်တစ်ကြိမ် ဦးဆောင်စေချင်ပြန်တာလား...ဒါပေမယ့် သူက ဒီပြိုင်ပွဲကို အကဲဖြတ်ပေးဖို့အတွက် အဆင့်မမီဘူးလေ..."


အကွာအဝေးတစ်ခုတွင် ရှောင်ယက ဝှိုက်တီ၏ ခြေထောက်ကို ဖတ်၍ ရပ်နေခဲ့သည်။သူမက ပြိုင်ကွင်းထဲရှိ တိုက်ပွဲကို ကြည့်ရှုနေ၏။မူလထဲကလှပလှသော သူမ၏ မျက်ဝန်းများက စူးစမ်းမှုများပြည့်နေသည့် အချိန်တွင် အလွန်ပင် ချစ်စရာကောင်းလှသည်။


တခြားသူများချက်ပြုတ်နေသည်ကို ကြည့်ရခြင်းက တကယ်ကို ပျော်ရွှင်မှု ခံစားရလေသည်။သူမ ချက်ပြုတ်ခြင်းများကို သတိရနေခဲ့ခြင်းဖြစ်သည်။ရုတ်တရက် ဝှိုက်တီ၏ ခန္ဓာကိုယ်က လှုပ်ခါသွားသည်။သူ့၏ လက်က ရှောင်ယ၏ ခေါင်းကို ခပ်ဖွဖွပုတ်လိုက်သောကြောင့် သူမအံ့အားသင့်သွားသည်။


သူမခေါင်းမော့ကြည့်လိုက်သည်။သူဝှိုက်တီ၏ ပေါင်ကို ဖတ်ထားရာမှ လွှတ်လိုက်ပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်၏။ထိုအခိုက်အတန့်မှာပင် ဝှိုက်တီ၏ အနီရောင်မျက်ဝန်းများက မီးခိုးရောင်အဖြစ်သို့ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။


"နတ်ဘုရားသတ်လက်နက်အော်ရာ စတင်ရှာဖွေနေပါပြီ..."


ဝှိုက်တီ၏ စက်ရုပ်သံထွက်ပေါ်လာသည်။သူ့၏ မျက်ဝန်းများကလည်း တဖျတ်ဖျတ်တောက်ပနေသည်။သူ့နောက်မှ တောင်ပံနှစ်ခုက ပြန့်ကားလာပြီးနောက် တောက်ပသော အလင်းများထုတ်လွင့်လာလေသည်။ရှောင်ယအံ့အားသင့်စွာဖြင့် တွေးလိုက်မိသည်။


"ဘာဖြစ်သွားတာလဲ ဝှိုက်တီက ရုတ်တရက်ကြီး တိုက်ခိုက်ခြင်း မု ဝင်သွားတာလဲ..."


ထို့နောက် ဝှိုက်တီက အစားကြူးအဆောက်အဦး၏ အပြင်ဘက်သို့ ပျံသန်းသွားပြီ လေထဲ ထိုးတက်ပျောက်ကွယ်သွားလေသည်။ထိုအခ်ျိန်တွင် ပုဖန်က ဝှိုက်တီ၏ ပြောင်းလဲသွားမှုကို မသိသေးပေ။သူ့၏ ဟင်းချက်သည့် နေရာ၌သာ စိတ်ဝိညာဉ်ကော ခန္ဓာကိုယ်ကိုပါ အားစိုက်ထားပုံရလေသည်။


ချွီရန်ချန်းဖုန်၏ ပြောင်းလဲသွားသော အော်ရာများနှင့်အတူ ဝမ့်ထုံ၏ အတိတ်ကို လွမ်းဆွေးခြင်း ဝမ်းနည်းခြင်းအငွေ့အသက်များက ပုဖန်ကို တကယ်ကိုကြီးမားသည့် ခံစားချက်ခံစားရစေသည်။


ပရိတ်သတ်များအားလုံးကလည်း ပြိုင်ပွဲကို အာရုံစိုက်နေကြသောကြောင့် မြို့၏ အပြင်ဘက်တွင် မည်သည့်အရာမျဖြစ်ပျက်နေသည်ကို လုံးဝမသိရှိကြပေ။


ဝုန်း...


စစ်သင်္ဘောကြီးရွက်လွှင့်လာသည့် လမ်းတစ်လျှောက်အရှေ့တွင် ရွှေသံချပ်ကာဝတ်အစောင့်တပ်များက လမ်းရှင်းနေလေရာ နေရာအနှံ့လွင့်စင်နေလေသည်။


"မင်းက သေချင်နေတာပဲ ..."


ထိုအခိုက်အတန့်၌ မိုးခြုန်းသံကဲ့သို့ အသံထွက်ပေါ်လာသည်။ပုံရိပ်တစ်ခု ကောင်းကင်ယံထက်တွင် ထွက်ပေါ်လာသည်။၎င်းဆီမှ ထုတ်လွင့်နေသော အော်ရာများက တကယ်ကို ပြင်းထန်စွမ်းအားကြီးလှသည်။ချူချန်းရှန်၏ မျက်ဝန်းများက လျှပ်စီးတန်းများကဲ့သို့ပင် သူ့၏ အော်ရာများက အဆက်မပြတ်တိုးပွားနေသည်။သူ့၏ မျက်နာက မဲမှောင်နေပြီး သွေးများစွန်းပေနေသည့် လမ်းတစ်လျှောက်ကို အေးစက်စွာ စိုက်ကြည့်နေလေသည်။


ပို၍ ကြည့်လေလေ သူ့၏ နှလုံးသားထဲမှ ဒေါသများ ပို၍တိုးပွားလာလေလေပင်။


"နွေဦးကောင်းကင်ဘုံ သန့်စင်နယ်မြေ မင်းတို့ အရမ်းလွန်သွားပြီ ..."


ချူချန်းရှန်က အရည်ညှစ်ထုတ်သကဲ့သို့ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။သင်္ဘောထိပ်တွင် ရပ်နေသော အဖိုးကြီးက ရူးသွပ်လုနီးပါးအခြေအနေမျိုးဖြင့် ကောင်းကင်ယံတွင် လွင့်မျောနေသည့် ချူချန်းရှန်ကို ကြည့်လိုက်သည်။


သူ့၏ နှုတ်ခမ်းများတွန့်ကွေးသွားပြီး သတ်ဖြတ်ခြင်း အငွေ့အသက်များ အဘက်ဘက်သို့ ပြန့်လွင့်လာသည်။


"ချူချန်းရှန် နောက်ဆုံးတော့ မင်းရောက်လာပြီပဲ..."


"နွေဦးကောင်းကင်ဘုံ သန့်စင်နယ်မြေက အဖိုးကြီး ဒီအတွက် မင်းသေရမယ်..."


ချူချန်းရှန်၏ ဆံပင်ဖြူများနှင့် မုတ်ဆိတ်မွှေးများ လေဖြင့် ပြန့်လွင့်သွားသည်။ထ်ို့နောက် သူ့၏ အဝတ်အစားများ ပေါက်ကွဲသွား၏။သူ့ခန္ဓာကိုယ်မှ သွေးချည်များက ကမ်းခြေကို ရိုက်ခတ်လာသော လှိုင်းလုံးများကဲ့သို့ တလိမ့်လိမ့်ထိုးတက်လာလေသည်။သန့်စင်နယ်မြေမှ အဖိုးကြီးကလည်း သူ့၏ နတ်ဘုရားသတ်ပုဆိန်ကို ဆုပ်ကိုင်လိုက်သည်။သူ့၏ အော်ရာများကလည်း တမဟုတ်ချင်းမြင့်တက်လာသည်။


နေရောင်ခြည်၏ အောက်တွင် နတ်ဘုရားသတ်ပုဆိန်က တောက်ပစွာ အလင်းပြန်နေလေသည်။အဖိုးကြီးက ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီး ကျယ်လောင်စွာပင် ဟစ်ကြွေးလိုက်သည်။


"သတ်..."


သူ့အောက်တွင်ရှိနေသော ရွှေသံချပ်ကာဝတ်အစောင့်များကလည်း ပြေးတက်လာကြကာ ကောင်းကင်ယံထက်တွင်သူတို့၏ အော်ရာများကို ပေါက်ကွဲစေလိုက်သည်။ချူချန်းရှန်၏ မျက်ဝန်းများက ရေခဲတမျှအေးစက်နေပြီး သူ့ကြွက်သားများပင် သွေးကြောများပင် ထောင်ထနေသည်။


ခေါင်းထက်တွင် အဖြူရောင်ဝိညာဉ်လှေကား ပုံရိပ်ကအလျင်အမြန်ဖွဲ့စည်းနေသည်။သူ့၏ အကြည့်များက စူးစိုက်တင်းမာလာသည်။လေထဲတွင် လျင်မြန်စွာပျဲဝဲနေသောအဖိုးကြီး၏ ပုံရိပ်က လှုပ်ခါသွားသည်။အဘယ်ကြောင့်ဆိုသော် အရိပ်တစ်ခုကပေါ်လာပြီး ဝင်ရောက်ဟန့်တားလိုက်သောကြောင့်ဖြစ်သည်။


ဘန်း...


ကြီးမားလှသော သစ်ရွက်ပုံ လက်ဖဝါးက အဖိုးကြီး၏ခေါင်းကို ရိုက်ပုတ်လိုက်သည်။လေဟာနယ်ပင် ထ်ိုဖိအားဒဏ်ကို မခံနိုင်ပုံပေါ်လေသည်။


"ဘယ်သူလဲ..."


အဖိုးကြီး အလွန်ဒေါသထွက်သွားသည်။နတ်ဘုရားသတ်ပုဆိန်ကို သယ်ဆောင်၍ ထ်ိုအရိပ်ဆီသို့ လျင်မြန်စွာ ပြေးသွားလိုက်သည်။သတ္တုတောင်ပံများဖွင့်လျက် လေထဲတွင် ပျံဝဲနေသောပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။၎င်းတွင် ကိုယ်လုံးဝိုင်းဝိုင်းနှင့် မီးလုံးပြာရောင်မျက်လုံးတစ်စုံရှိနေသည်။အဖိုးကြီး အံ့သြမျက်လုံးပြူးသွားသည်။


"သူ့ကို တိုက်ခိုက်လိုက်တာက စက်ရုပ်တစ်ရုပ်လား..."


သူဒေါသကြောင့် သူ့မျက်နာက ခရမ်းရောင်ပင်ပြောင်းလာသည်။


"ရုပ်သေးတစ်ရုပ်ကများ ..."


နတ်ဘုရားသတ်လက်နက် ...


ဝှိုက်တီ၏ မျက်ဝန်းများက အဖိုးကြီးလက်ထဲမှ ပုဆိန်ကိုကြည့်ပြီး ကျဉ်းမြောင်းသွားလေသည်။


"သံတုံးကောင် မင်းက ငါ့ရဲ့ နတ်ဘုရားသတ်ပုဆိန်ကိုတောင်လိုချင်နေတာလား...မင်းက သေဖို့တောင်းဆိုနေတာပဲ..."


အဖိုးကြီးကပို၍ ဒေါသထွက်သွားသည်။မည်သည့်နေရာကမှ ထွက်လာသည်မသိသော ရုပ်သေးတစ်ရုပ်က ကျောက်ခရမ်းအကြီးအကဲပေးထားသောနတ်ဘုရားသတ်လက်နက်ကိုပင် လိုချင်တပ်မက်ရဲလေသည်။


"သေပေတော့..."


သူ့၏ အရှက်တရားများကို ပြန်လည်ဆေးကြောရန် ရောက်လာခဲ့သော အဖိုးကြီးက အလွန်အမင်းဒေါသထွက်သွားပြီး သူ့လမ်းတွင်လာပိတ်သည့် သံတုံးကောင်ကို အပိုင်ူပိုင်းအစစ ချေမွရန်ဆုံးဖြတ်လိုက်သည်။


သူ့၏ သတ်ဖြတ်ခြင်းအငွေ့အသက်များကပို၍ မြင့်မားလာသည်။ချူချန်းရှန်ကလည်း ဝှိုက်တီက်ို ဒီနေရာတွင်တွေ့လိုက်ရမည်ဟု မမျှော်လင့်ထားခဲ့ပေ။ထို့အပြင် ဝှိုက်တီ၏ ရည်ရွယ်ချက်က နတ်ဘုရားသတ်လက်နက်ဖြစ်နေသေးသည်။


"ပုဖန် ဘယ်လိုကောင်မျိုးတွေကိုများ မွေးမြူထားတာလဲကွာ..."


ဝှိုက်တီ မျက်ဝန်းများမှိတ်လိုက်သည်။ခဏအကြာ၌ သူ့၏ ခန္ဓာကိုယ်က ပြောင်းလဲသွားသည်။ဦးခေါင်းဝိုင်းဝိုင်းပေါ်တွင် ချွှန်ထက်သော ဦးချိုတစ်ခုထွက်ပေါ်လာသည်။သူ့၏ ခန္ဓာကိုယ်ကလည်း ကြီးကျယ်ခမ်းနားသော အော်ရာများထုတ်လွင့်လာကာ လေထုထဲတွင် သတ်ဖြတ်ခြင်းအငွေ့အသက်များ စိမ့်ဝင်လာသည်။


ရုပ်သေး၏ ဝမ်းဗိုက်ပူပူတွင် တောက်ပလှသော အရောင်များဖြာထွက်လာသည်။ခဏအကြာတွင် ထိုအလင်းရောင်များထဲမှ နီရဲနေသည့် သတ္တုချောင်းတစ်ချောင်းပေါ်လာသည်။၎င်းအပေါ်တွင် အက္ခရာများစွာကို ရေးဆွဲထားလေသည်။၎င်းက နတ်ဘုရားသတ်တုတ်ပင်ဖြစ်သည်။


ဝှိုက်တီ၏ အော်ရာများ ထုတ်လွင့်လာသောအခါတွင် အဖ်ိုးကြီးအံ့သြသင့်သွားသည်။သူ ဝှိုက်တီလက်ထဲမှ တုတ်ကို မြင်လိုက်သည့်အခါ၌ ဦးရေပြားများပင် ထုံကျင်သွားသလို ခံစားလိုက်ရသည်။


အဘယ်ကြောင့်ဆိုသော် သန့်စင်နယ်မြေများမှသာလျှင် နတ်ဘုရားသတ်လက်နက်ရှိကြောင်း သူသိထားသောကြောင့် ဖြစ်သည်။


"ဒီရုပ်သေးက နတ်ဘုရားသတ်လက်နက်ကို ဘယ်ကရလာတာလဲ...သူက ငါတို့နဲ့ တစ်ဖက်တည်းပဲလား..."


ထိုအတွေးကို တွေးမိပြီးနောက် အဖ်ိုးကြီး မျက်မှောင်ကြုတ်လိုက်သည်။


"ငါတို့က တစ်ဖက်တည်းပဲ..."


သူ့စကားကြောင့် ချူချန်းရှန် အံ့အားသင့်သွားသည်။


"အို...မင်းတို့က တစ်ဖက်တည်းဆိုရင်တော့မင်းမေ-ိုးလိုက်တော့..."


နတ်ဘုရားသတ်လက်နက်တုတ်ကို ကိုင်ဆောင်ထားသော ဝှိုက်တီ၏ မျက်ဝန်းများက တဖျတ်ဖျတ်တောက်ပနေလေသည်။


..........


ပုဖန် အသက်ပြင်းပြင်းရှိုက်လိုက်ပြီး ပြင်ဆင်ထားသော ဂျုံမှုန့်ကို ထုတ်ယူလိုက်သည်။သူ မနေ့က တွက်ချက်စီစဉ်ပြီးနောက် ယနေ့ခေါက်ဆွဲလုပ်ဖို့ဆုံးဖြတ်လိုက်သည်။


ဒါပေါ့...


သာမန်ခေါက်ဆွဲများကတော့ ချွီရန်ချန်းဖုန်၏ ကောင်းကင်မြှုပ်နှံခြင်းနှင့် ယှဉ်၍ ရမည်မဟုတ်ပေ။သူ အောင်နိုင်ခြင်လျှင် သူ့၏ တကယ်အရည်အချင်းအစစ်အမှန်များကို ထုတ်သုံးရပေလိမ့်မည်။


"ဓားခြစ်ခေါက်ဆွဲ မဟုတ်သေးဘူး...ကွာခြားချက်က အလွန်များတယ်..."


ပုဖန်က စနစ်၏ သိုလှောင်နယ်မြေထဲမှ နှင်းခါးမီးတောက် သိမြင်မှု ဝိုင်ကို ထုတ်ယူလိုက်သည်။သူဂျုံမှုန့်ထဲသို့ အေးမြသော ဝိုင်ကို လောင်းထည့်လိုက်ပြီး စတင်၍ ဆုပ်နယ်လိုက်သည်။


ချွီရန်ချန်းဖုန်က ဂျုံနယ်ရန် စိတ် ဝိညာဉ်သားရဲသွေးကို အသုံးပြုခဲ့သည်။ထို့ကြောင့် သူက ဂျုံနယ်ရန် အကောင်းဆုံးဝိုင်ကို အသုံးပြုလိုက်သည်။ကောင်းကင်မြှုပ်နှံခြင်း ခေါက်ဆွဲတွင် ဝမ်းနည်းစရာ အငွေ့အသက်များပါရှိနေသည်။ထို့ကြောင့်ပင်ပုဖန်ကလည်း ဝမိးနည်းစရာ တစ်စုံတစ်ရာကို ဖန်တီးမည်ဟု ဆုံးဖြတ်လိုက်သည်။


အဆိပ်ကို တိုက်ထုတ်ရန် အဆိပ်ကို အသုံးပြုခြင်း ...ဝမ်းနည်းခြင်းတွေ မျက်ရည်လို စီးဆင်းပါစေ...


ပုဖန်၏ မျက်နာက အေးစက်လာသည်။အစားကြူးတောင်ကြားအပြင်ဘက်တွင် လေတိုးသံများပဲ့တင်ထပ်လာသည်။တစ်ချို့သော ပညာရှင်များက ကောင်းကင်ယံထက်တွင် ပျံသန်း၍ နေရာအနှံ့၌ ပြင်းထန်သောတိုက်ပွဲများဖြစ်ပေါ်နေသည်။


သူတို့၏ ဓားများက အရှိန်အဟုန်ဖြင့် ပျံသန်းနေပြီး ဓားအလင်းရောင်များ တောက်ပလျက်ရှ်ိသည်။ထိုအချိန်တွင် မတူညီသော သန့်စင်နယ်မြေများမှ ပညာရှင်များထွက်ပေါ်လာသည်။သူတို့၏ မျက်ဝန်းများက ကျိုးပဲ့နေသော မြို့ရိုးတံတိုင်းကို ကြည့်လိုက်ကြသည်။


သွေးစွန်းနေသော အပျက်အစီးများနှင့် ပြိုလဲကျနေသည့် အိမ်များကိုကြည့်၍ သူတို့ သိလိုက်ပေပြီ။အစားကြူးတောင်ကြား၏ ကပ်ဘေးဆိုးကြီး စတင်ပေတော့မည်။သူတို့က ထိုကပ်ဆိုးကို ဖန်တီးမည့်သူများဖြစ်ကြလေရာ ထ်ိုနေရာကို သွား၍ မီးမွှေးပေးကြရပေမည်။


"အင်း...အစားကြူးတောင်ကြားကို အသေအလဲ ကာကွယ်ထားဖို့ ဘယ်သူကများပြောလ်ို့လဲ သာမန်လူတွေက အပြစ်ကင်းတယ်ဆိုပေမယ့်လည်း ရတနာတွေရှိတာက ဘေးဒုက္ခကိုပဲ ဖြစ်ပေါ်စေတယ်..."


ရုတ်တရက် ထိုသူများအံ့အားသင့်သွားပြီး လှည့်ကြည့်လိုက်ကြသည်။ထိုနေရာတွင် အနက်ရောင်အခိုးအငွေ့များလေနှင့်အတူ လွင့်ပါလာနေသည့် ကြီးမားသော တိမ်တိုက်တစ်ခုကို တွေ့လိုက်ရသည်။ထိုနေရာတွင် ကြီးမားသော အရိုးခေါငါးခွံကြီးတစ်ခုက သူတို့ရှိရာဆီသို့ အပြေးအလွှားလာနေသည်။ထိုအရိုးခေါင်းခွံထဲတွင် လူနှစ်ယောက်က မျက်နာချင်းဆိုင်၍ တစ်ယောက်ကိုတစ်ယောက်အော်ဟစ်နေကြသည်။လူတိုင်း ထိတ်လန့်သွားကြသည်။


"အဲ့ဒါ ဘာဖြစ်နေတာလဲ ...သန့်စင်နယ်မြေက တခြားပညာရှင်တွေ ထပ်ရောက်လာတာလား..."