အပိုင်း ၇၃၉
Viewers 53k

အခန်း ၇၃၉

ပိုင်ရှငိပု၏ ဝမ်းနည်းမှုလွှမ်းခြုံခေါက်ဆွဲ...


သွေးနီရောင်ဂျုံများက ချွီရန်ချန်းဖုန်၏ လက်ထဲတွင် လှည့်ကာလှည့်ကာ နယ်ခံလိုက်ရပြီးနောက် နူးညံ့လှသော ဂျုံတုံးအဖြစ်ပြောင်းလဲသွားလေပြီ။အဆက်မပြတ်ပြန့်ကျဲနေသော ဝိညာဉ်စွမ်းအင်များက ဂျုံတုံးကို တောက်ပလင်းလက်စေသည်။


ဂွမ်း ဂွမ်း...


တစ်ချိန်တည်းမှာပင် အိုးအဖုံးက ပွက်ပွက်ဆူနေသော ရေနွေးငွေ့များကြောင့် သံစုံ မြည်လာ၏ချွီရန်ချန်းဖုန်၏ မျက်နာက သူ့၏ နူးညံ့သော မျက်နာလေးကွဲပြားခြားနားကာအေးစက်တင်းမာနေသည်။ထိုမျက်နာမျိုးကို လူများ မမြင်ဖူးကြပေ။


ချွီရန်ချန်းဖုန် သူ့လက်ထဲမှ ဂျုံတုံးက်ို မြောက်ပစ်လိုက်သည်။ထို့နောက် ဂျုံတုံးက်ို လက်ညှိုးဖြင့် ညွှန်ကာလှည့်လိုက်၏။ဂျုံတုံးသည် လေထဲတွင် လှည့်ပတ်သွားပြီး နဂါးအမွှေးကဲ့သို့ ပျော့ပျောင်းလှသော ခေါက်ဆွဲမျှင်များကို ပတ်ကာ ဆွဲထုတ်လိုက်သည်။


မကြာမီတွင် ခေါက်ဆွဲမျှင်များက ချွီရန်ချန်းဖုန်၏ ဘေးနားတွင် ပွင့်လန်းလာသော ပန်းတစ်ပွင့်ကဲ့သ်ို့ လှုပ်ရှားကခုန်နေလေသည်။၎င်းက ထူးဆန်းသော်လည်း လှပ၏ ။ပရိတ်သတ်များက သူတို့ မြင်နေကြသည့် အရာကို သဘောကျကျေနပ်စွာဖြင့် တိတ်တဆိတ်ရယ်နေကြသည်။ဂျုံမှုန့်ကို သွေးအစစ်ဖြင့် အရောင်ဆိုးလိုက်သည်ကို သိသောအခါ၌ တုန်လှုပ်အံ့အားသင့်ခဲ့ကြသော်လည်း ယခုမူ ချီးမွှမ်းမှုသာ ကျန်ရစ်ခဲ့တော့သည်။


ရုတ်တရက် ခေါက်ဆွဲမျှင်များအားလုံးက စုစည်းလာပြီး ချွီရန်ချန်းဖုန်၏ လက်ထဲသို့ ကျရောက်လာကာ ထူးဆန်းသည့် အလင်းရောင်များ လွင့်ပျံလာသည်။ချွီရန်ချန်းဖုန်က ခေါက်ဆွဲများကို စားပွဲပေါ်တင်ထားလိုက်သည်။ထ်ို့နောက် ပွက်ပွက်ဆူနေသော အိုးအဖုံးကို ဖွင့်လ်ိုက်သည်နှင့် မွှေးရနံ့များက လှိုက်ခနဲ တက်လာလေသည်။


ချွီရန်ချန်းဖုန်က အိုးထဲမှ စိတ်ဝိညာဉ် ငှက်ပြုတ်များက်ို ဆယ်ထုတ်လိုက်သည်။တစ်ဝက်တစ်ပြတ်ပြုတ်ထားပြီးသော ငှက်အသားများက အပူငွေ့များထွက်ပေါ်နေလေသည်။


သို့သော်လည်း သူ့၏ လုပ်ငန်းစဉ်က ဒီနေရာတွင် မပြီးမြောက်သေးပေ။ပထမဦးဆုံး ပြုတ်ထားသော ရေများက်ို စွန့်ပစ်လ်ိုက်ပြီး စိတ်ဝိညာဉ် ငှက်များကို အိုးထဲပြန်ထည့်ကာ နောက်တစ်ကြိမ်ချက်ပြုတ်လိုက်သည်။


နောက်တစ်ဖန် ပွက်ပွက်ဆူလာသောအခါ၌ ပါးပါးလှီးထားသော ဟင်းသီးဟင်းရွက်များ စိတ်ဝ်ိညာဉ်ဆေးပင်များကို အဆက်မပြတ် ဖြူးထည့်လိုက်သည်။ထိုဆေးပင်များနှင့် ငှက်အသားတို့ ထိလိုက်သည်နှင့် စွဲမက်ဖွယ်ရာ အရာများထုတ်လွင့်နေသည်။


"ဒီစွပ်ပြုတ်ရည်က သူ့ခေါက်ဆွဲရဲ့ အဓိက အခြေခံပဲလား .."


ခေါက်ဆွဲတစ်ပွဲတွင် ဟင်းရည်နှင့် ခေါက်ဆွဲ အပ်ိုင်းနှစ်ပ်ိုင်းပါဝင်သည်။ခေါက်ဆွဲက်ို စိမ်ရန်ဖြစ်စေ ခေါက်ဆွဲစွပ်ပြုတ်လုပ်ရန်ဖြစ်စေ ဟင်းရည်ကလည်း အရေးပါလှပေသည်။


ချွီရန်ချန်းဖုန်၏ ချက်ပြုတ်နည်းကိုကြည့်လျှင် ဟင်းရည်က်ို ပြုလုပ်ရန်အတွက်ပင် စိတ်ဝ်ိညာဉ် ငှက် ၉၉ကောင်က်ို အသုံးပြုခဲ့သည်။၎င်းက ခက်ခဲသော စိန်ခေါ်မှု အပိုင်းတစ်ရပ်ပင်ဖြစ်၏။


သို့သော်လည်း ချွီရန်ချန်းဖုန်က ဟင်းရည်အ်ိုးကိုပွက်ပွက်ဆူလာအောင်မွှေပြီးနောက် ဒုတ်ိယအကြိမ် ဟင်းရည်များကို စွန့်ပစ်လိုက်ပြန်သည်။ထို့နောက် တတ်ိယအကြိမ် ထပ်မံပြုတ်လိုက်ပြီး စိတ်ဝ်ိညာဉ် သစ်သီးသစ်ဖုများကို ထည့်လိုက်သည်။ပွက်ပွက်ဆူလာသည်နှင့် ထိုဆေးဖက်ဝင်အပင်များမှ ထူးခြားဆန်းကြယ်လှသော မွှေးရနံ့များကို ထုတ်လွင့်လာလေသည်။


သူက စိတ်ဝိညာဉ် ငှက် ၉၉ကောင်လုံးကို ထုတ်ယူပြီးနောက် သူ့၏လက်ထဲမှ ပုစဉ်းတောင်ပံဓားကို လှည့်လိုက်သည်။ဓားပါး၏ အလင်းရောင်တစ်ချက်လက်သွားတိုင်း ငှက်ဗိုက်သားမှ ပျော့ပျောင်းသော အသားတုံးကို ခုတ်ထစ်လိုက်ပြီးသားဖြစ်သည်။


အသားတစ်တုံးဆီကိုသာ ယူခဲ့သည်။ထို့နောက် ထိုအသားတုံး ၉၉ခုလုံးကို တစ်နေရာတည်းစုထားလိုက်သည်။ပြီးသည်နှင့် ပုစဉ်းတောင်ပံဓားနှင့် ရိုက်လိုက်သည်။ထို့နောက် အမှုန့်သဏ္ဍာန်နီးပါး ပါးပါးလှီးထားပြီးသော အသားများကို စုဆောင်းထားပြီးသွားလေပြီ။


သွေးရောင်ရဲနေသော ခေါက်ဆွဲများကို ကောက်ယူလိုက်သည်။ထိုခေါက်ဆွဲများမှ ထူးခြားသော သွေးနံ့ကို ရရှိနေလေပြီ။ချွီရန်ချန်းဖုန်က အေးစက်လှသော မျက်နာထားဖြင့်ပင် ခေါက်ဆွဲများကို ပွက်ပွက်ဆူနေသော အိုးထဲသို့ ထည့်လိုက်သည်။


အိုးထဲမှ ထွက်ပေါ်လာသော ရနံ့င အလွန်ကောင်းလှသည်။ဆေးဖက်ဝင်အပင်များနှင့် မဆုံးစွန်ဆုံးသော အသား၏ ပေါင်းစပ်သောရနံ့က ထူးခြားသောရနံ့သစ်တစ်ခုကို ပေးစွမ်းလေသည်။ခေါက်ဆွဲများကို ထည့်ပြီးသည်နှင့် ချွီရန်ချန်းဖုန်က အိုးကို လှုပ်ခါ၍ ခေါက်ဆွဲများကပ်မသွားအောင်လုပ်လိုက်သည်။ပွက်ပွက်ဆူနေသော ဟင်းရည်၏ ပုံရိပ်က သူ့၏ မျက်ဆံများထဲတွင် အရ်ိပ်ထင်နေလေသည်။


ရုတ်တရက် ချွီရန်ချန်းဖုန် လက်ကို လှုပ်ခါလိုက်သည်နှင့် ခေါက်ဆွဲမျှင်လေးများက လေထဲဝဲတက်သွားပြီး ဟင်းရည်များလွင့်စင်သွားသည်။ပန်းကန်လုံးအသေးငါးလုံးကို ပြင်ဆင်ထားခဲ့သည်။သွေးနီခေါက်ဆွဲတွင် လှပသော အလှတရားရှိနေသည်။ဟင်းရည်စိမ်ပြီးသောအခါ၌ ထိုအလှတရားက ပို၍ တောက်ပလာသည်။


ခေါက်ဆွဲများကို ပန်းကန်ငါးလုံးထဲ ထည့်လိုက်ပြီးနောက် အပေါ်မှနေ၍ ဟင်းရည်ကို လောင်းထည့်လိုက်သည်။အအေးခံလိုက်သော ဟင်းရည်က ပန်းကန်လုံးထဲ ထည့်ထားသောရေသန့်နှင့်တူနေလေသည်။


သူ့၏ ဟင်းပွဲက မပြီးဆုံးသေးပေ။ထို့နောက် သူနုတ်နုတ်စင်းထားသော အသားများကိုယူပြီးအပေါ်မှနေ၍ အမှုန့်ဖြူးသလို ဖြူးလိုက်သည်။ထို့နောက် ခေါက်ဆွဲနှင့် သမမျှတအောင်မွှေလိုက်သည်။ထို့နောက် သူ စိတ်ဝိညာဉ်ဆေးဖက်ဝင်အပင်တစ်ခုကို ယူလိုက်ပြီးနောက် ပါးပါးလှီးဖြတ်လိုက်သည်။ပန်းကန်တစ်ခုစီတွင် နှစ်ပြားသုံးပြားမျှထည့်လိုက်၏။


ကောင်းကင်မြှုပ်နှံခေါက်ဆွဲပြီးသွားလေပြီ။ထ်ိုနာမည်က လူတိုင်း၏ နားထဲတွင် မိုးကြိုးပစ်ချလိုက်သလိုမျိုး ခံစားရသော်လည်း တကယ်တမ်းရိုးရိုးရှင်းရှင်းခေါက်ဆွဲတစ်ပွဲမျှသာဖြစ်သည်။


သို့သော်လည်း ချွီရန်ချန်းဖုန် ထိုဟင်းပွဲကို မည်ကဲ့သို့ ချက်ပြုတ်သည်အား သူတို့ အားလုံးမြင်ခဲ့ရသည်။၎င်းက သူအားထုတ်ကြိုးပမ်းထားရသောအရာဖြစ်သည်။ချွီရန်ချန်းဖုန် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။သူ့၏ ခေါင်းတွင်စည်းထားသော အဝတ်စကို ပြန်ဖြုတ်လ်ိုက်ပြီး မျက်နာကို ပွတ်သပ်လိုက်သည်။


သူ့၏ အေးစက်သောမျက်ဝန်းများက နဂိုနူးညံ့သော အနေအထားသို့ ပြန်လည်ရောက်ရှိသွားသည်။သူပုဖန်ကို အမှုမဲ့အမဲ့မဲ့ ကြည့်လိုက်ပြီးနောက် ပြုံးလိုက်သည်။ပုဖန်က ချွီရန်ချန်းဖုန် ချက်ပြုတ်ပြီးသွားပြီကို သတိမထားမိခဲ့ပေ။သူ့၏ ခေါက်ဆွဲပွဲကလည်း နောက်ဆုံးအဆင့်သို့ ရောက်လုနီးပါးဖြစ်နေပေပြီ။ကောင်းကင်မြှုပ်နှံခေါက်ဆွဲက အဓိကအားဖြင့် ဝမ်းနည်းပူဆွေးသည့် အငွေ့အသက်မျိုးဖြစ်သည်။ထို့ကြောင့် စားသုံးသူများက စားသောက်ရင်း ငိုကြပေလိမ့်မည်။၎င်းက အသုဘအခမ်းအနားတစ်ခုကဲ့သို့ ဝမ်းနည်းစရာလေထုကို သယ်ဆောင်လာပေလိမ့်မည်။၎င်းတွင် စိတ်ဝိညာဉ် ငှက် ၉၉ကောင်၏ မသေခင်က ခံစားချက်မျိုးပါဝင်နေပေလိမ့်မည်။


ပုဖန်ကလည်း အဆိပ်ကို အဆိပ်နှင့်တိုက်ရန်သာရည်ရွယ်ထားသောကြောင့် လူတွေပျော်ရွှင်စေမည့် ဟင်းပွဲကို မချက်ချင်ပေ။လူများကို ဝမ်းနည်းမှု တစ်ခုခုပေးစွမ်းသည့် ဟင်းပွဲကိုသာချက်ပြုတ်နေလေသည်။ဒိုင်လူကြီးများ သူ့ဟင်းပွဲကို စားသည့်အချိန်၌ ဝမ်းနည်းမှုထဲ မျောပါသွားမည့် မြင်ကွင်းကို လိုချင်လှသည်။


ဝမ်းနည်းဖွယ်ရာ ခေါက်ဆွဲ...


သို့သော်လည်း ယခု ပုဖန်ချက်သည်က ပေါ့ပေါ့ပါးပါးနှင့် သာမန်ပစ္စည်းများကိုသာ သုံးထားသည့် ရိုးရိုးရှင်းရှင်း ဟင်းတစ်ပွဲသာဖြစ်သည်။သို့သော်လည်း ချက်ပြုတ်နည်းက ကွဲပြားခြားနားလှပေသည်။


ချက်ပြုတ်နေသည့် စားဖ်ိုမှူးများကကြေကွဲဝမ်းနည်းစေရန်လိုအပ်ပြီး ထ်ိုဝမ်းနည်းမှုများကို ဟင်းပွဲဆီသို့ တွန်းပို့လိုက်မည်ဖြစ်သည်။မဟူရာလ်ိပ်ခုံးဒယ်အိုးက လေထဲ လွင့်ပျံလာသည်။ပုဖန်၏ မျက်နာက ထူးခြားမှုမရှိသော်လည်း သူ့၏ မျက်ဝန်းထဲတွင် ဝမ်းနည်းမှုများပြည့်သိပ်နေသည်။


အိုးကို အပူပေးလိုက်ပြီးနောက် စိတ်ဝိညာဉ် သားရဲဥ ငါးလုံးကို ထုတ်ယူလိုက်သည်။ဥကို ညင်သာစွာခွဲလိုက်ပြီး အနှစ်များကို အိုးထဲသို့ ကျဆင်းစေလိုက်သည်။


ရွဲ ရွဲ...


ချက်ချင်းပင် ပေါ်လာသော ဥရနံ့များက လူများ၏ နှာခေါင်းကို လာရောက်တိုက်ခိုက်လေသည်။ပုဖန်က ဝမ်းနည်းကြေကွဲသည့် မျက်နာကိုဆင်မြန်းထားသည်။သူ့၏ စိတ်ခံစားချက်များက သူ့၏ စိတ်စွမ်းအင်နှင့် ရောနှောကာ အစားအစာထဲသို့ စိမ့်ဝင်နေသည်။ရိုးရိုးသားရဲဥ ကြော်မျှသာဖြစ်သော်လည်း ထူးခြားသည့် ခံစားချက်ကို ပေးစွမ်းလေသည်။


ထို့နောက် အသားငါးပိုင်းကို ဆီထဲထည့်၍ ကြောလိုက်သည်။အသားတုံးလေးများက တုန်ခါနေပြီးနောက် ဆန့်ကာ ပြေလျော့သွားသည်။ထိုအသားက ထောင်တျဲအသားမဟုတ်ပေ။


ချက်ပြုတ်နည်းစည်းမျဉ်းများတွင် အလှဆင်ရန် သုံးသည့် ပါဝင်ပစ္စည်းများက အဆင့်မမြင့်စေရဟု ဆိုထားသည်။စားဖ်ိုမှူးများကလည်း ထ်ိုအချက်ကို ရှင်းရှင်းလင်းလင်းနားလည်သဘောပေါက်ကြသည်။အလှဆင်သည့် ပစ္စည်းများက အရည်အသွေးအရမ်းကောင်းမွန်နေပါက ခေါက်ဆွဲ၏ အရသာကို ဖုံးလွှမ်းသွားပေလိမ့်မည် ။ထိုသို့ ဆိုလျှင် ခေါက်ဆွဲဟင်းပွဲက လုံးဝ ပျက်စီးသွားပေလိမ့်မည်။ထ်ို့ကြောင့် ခေါက်ဆွဲနှင့် တွဲဖက်စားသုံးသော အရံပစ္စည်းများက သဘာဝအားဖြင့်အရည်အသွေးမြင့်မားလိမ့်မည်မဟုတ်ပေ။


သူ ဖြူဖွေးတောက်ပြောင်နေသော ခေါက်ဆွဲများကို အိုးထဲသို့ ထည့်လိုက်သည်။ပုဖန်၏ ချက်ပြုတ်နည်းက ချွီရန်ချန်းဖုန်နှင့်မတူပေ။အိုးထဲတွင် ဆေးဖက်ဝင်ပါဝင်ပစ္စည်းများအပြင် ရေသက်သက်သာရှိလေသည်။သို့သော်လည်း ပုဖန်က သူ့၏ ဟင်းရည်ကို ထ်ိုမျှရိုးရှင်းအောင်ထားလိမ့်မည်မဟုတ်ပေ။သူဖန်ပုလင်းတစ်လုံးကို ထုတ်ယူလ်ိုက်ပြီး အဖုံးကို ဖွင့်ယူလိုက်သည်။


သူဖန်ပုလင်းကို မြှောက်၍ အနံ့ခံလိုက်သည်။လူများသောကရောက်စေရန် စဉ်းစားရသည်က သူ့မျက်ခုံးများပင် တုန်ယင်နေစေသည်။သက်ပြင်းအသာချလိုက်ပြီးပူစပ်စပ် ငရုတ်နှစ်ကို တစ်စက်ထည့်လိုက်သည်။ချက်ချင်းဆိုသလိုပင် စပ်သောအရသာနှင့်အတူ ဟင်းရည်က နီရဲသွားလေသည်။ထ်ိုမျှသာမကသေးပဲ ငရုတ်အနှစ်ကို သားရဲဥကြော်အပေါ်နှင့် အသားအပေါ်လည်း အစက်ချလိုက်သေးသည်။ငရုတ်နှစ်က အရသာကောင်းပြီး ဟင်းပွဲကို ထူးခြားသည့် ရနံ့မျိုးထုတ်လွင့်ပေးလေသည်။သူအိုးထဲမှ ခေါက်ဆွဲများကို မွှေလိုက်သည်။အနီရောင်ပြောင်းသွားပြီးနောက် အားလုံးကို ဆယ်ထုတ်လိုက်၏။


သူကခေါက်ဆွဲများကို ရေစစ်လိုက်ပြီး ဖြူပြာရောင်ပန်းကန်လုံးထဲသ်ို့ ထည့်လိုက်သည်။ပြီးနောက် အသားကြော်များကို အပေါ်မှ တင်လိုက်၏။နောက်ဆုံး၌ ပူပူနွေးနွေးနှင့် ချစ်စရာကောင်းလှသောကြက်ဥချက်လေးများကိုထည့်လိုက်သည်။


ထိုကြက်ဥကြော်ပေါ်တွင် ငရုတ်အနှစ်များတစ်စက်ချလ်ိုက်ပြီးနောက် ကြက်သွန်စိမ်းကွင်းအနည်းငယ်ထပ်တင်လိုက်သည်။ရိုးရှင်းလှသောဝမ်းနည်းမှုလွှမ်းခြုံ ခေါက်ဆွဲ ပြီးသွားလေပြီ။


ပုဖန်သူ့၏ လက်ကို ဆေးကြောပြီးနောက်ခေါက်ဆွဲက်ို ရှုပ်ထွေးသောအမူအရာဖြင့် ကြည့်နေလေသည်။အစားအစာချက်ပြုတ်တိုင်း လူတွေကို ပျော်ရွှင်စေမည့် အစားအစာများကိုသာ ချက်ပြုတ်ချင်ခဲ့သည်။


သို့သော် စားဖ်ိုမှူးတစ်ယောက်၏ စိတ်ခံစားချက်က အစားအစာများပင် အမြဲတမ်း သက်ရောက်မှုရှိပေသည်။သူထိုခေါက်ဆွဲပွဲကို ချက်ရန်အတွက် သူ့ကိုယ်သူ ဝမ်းနည်းကြေကွဲမှုထဲ နစ်မြှုပ်ခဲ့ရသည်။


သို့သော်လည်း ပုဖန်က ထ်ိုကဲ့သို့ ဝမ်းနည်းဖွယ်ကောင်းသော ခံစားချက်မျိုးကို မကြိုက်နှစ်သက်ပေ။စားဖိုမှူးတစ်ယောက်က ချက်ပြုတ်ရာတွင် သူ့၏ စားသုံးသူများကို နှစ်သက်ပျော်ရွှင်စေချင်သည်ဟုသာ သူထင်လေသည်။


ထို့ကြောင့် ထိုကဲ့သို့ ခေါက်ဆွဲအမျိုးအစားကို ထပ်မံမချက်ပြုတ်တော့ရန် ဆုံးဖြတ်လိုက်သည်။သူသက်ပြင်းအသာချလိုက်သည်။သူ့၏ ပထမဆုံးဟင်းပွဲတော့ ပြီးဆုံးသွားလေပြီ။


ပုဖန် ခေါင်းမော့လိုက်ပြီး သူ့၏ ပြိုင်ဘက် ကျောက်စိမ်းမျှစ်ဝမ့်ထုံကို ကြည့်လိုက်သည်။ထိုသူက ရွှင်မြူးခြင်း ဝမ်းနည်းခြင်း မရှိသော ဖိအားပေးသည့်အကြည့်များဖြင့် ကြည့်နေသည်။


သူ့၏ အဖြူတစ်ဝက် အနက်တစ်ဝက်ရောနှောနေသော ဆံနွယ်များက ဖြတ်ကျော်ခဲ့ရသော ခေတ်ကာလ၏ ဆိုးရွားမှုများ ထင်ဟပ်နေစေသည်။သူ့၏ မျက်နာတွင်လည်း မည်သည့် အမူအရာ ခံစားမှုမှ ပေါ်လွင်မနေပေ။


........


ကြီးမားသော အရိုးခေါင်းခွံတစ်ခုက အရှိန်အဟုန်ဖြင့် ပျံသန်းလာနေသည်။ပညာရှင်များက ထိုအရိုးခေါင်းကြီးကို စိုက်ကြည့်နေကြ၏။ကျယ်လောင်သော မြည်ဟီးသံနှင့်အတူ အရ်ိုးခေါင်းခွံက မြေပြင်နှင့်ထိတွေ့သွားက ကျွင်းကြီးတစ်ခု ဖြစ်ပေါ်သွားစေသည်။ဖုန်မှုန့်များက ကောင်းကင်ပေါ်သ်ို့ ပလူပျံတက်သွားသည်။သို့သော်လည်း ထိုအရိုးခေါင်းခွံက မပျက်မစီးရှိနေတုန်းပင်ဖြစ်သည်။အရိုးခေါင်းထဲမှ ပုံရိပ်နှစ်ခု ထွက်ပေါ်လာသည်။


"ဂျုနီယာငယ်လေး ထွက်လာခဲ့တော့ ငါတို့ ကောင်းကောင်းမွန်မွန်ဆင်းသက်နိုင်လ်ိုက်ပြီ ..."


ငရဲဘုရင်က ချောင်းအနည်းငယ်မျှဆိုးပြီးနောက် အရိုးခေါင်းခွံပေါ်တွင် မတ်တပ်ရပ်လိုက်သည်။သူတော်စင်သမီးတော် ဇီယွင်လည်း တွားသွားထွက်လာပြီး လေကောင်းလေသန့်ရှူရှိုက်လိုက်သည်။သူမ၏ လှပသော မျက်နာလေး၌ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေလေသည်။


"နောက်ဆုံးတော့ ကျွန်မတို့ ရောက်လာခဲ့ပြီ..."


"ဂျူနီယာငယ်လေး မင်းက ဒီမှာ အစပ်ချောင်းတွေရှိတယ်လို့ ပြောခဲ့တယ်နော် ဒီ ရ်ိုးသားဖြူစင်တဲ့ အရှင်သခင်ကို မလှည့်စားပါနဲ့..."


ငရဲဘုရင်က်ို ဇီယွင်ကို စောင်းကြည့်ပြီး ပြောလိုက်သည်။ဇီယွင်၏ မျက်တောင်ရှည်လေးများ လှုပ်ခါသွားသည်။


"အကိုကြီး ကျွန်မရှင့်ကို ဘယ်လိုပြောရမလဲ ကျွန်မရှင့်ကို လိမ်မှာမဟုတတ်ဘူး တကယ်လို့ ဒီမှာ အစပ်ချောင်းမရှိဘူးဆိုရင် ကျွန်မဇီယွင်က အနာဂတ်မှာ ရှင့်အတွက်ပဲ ဖြစ်လာပေးမယ်..."


ဇီယွင်က စစ်မှန်လေးနက်စွာဖြင့် ပြောလိုက်သည်။ငရဲဘုရင် သူမကိုကြည့်၍ ခေါင်းတစ်ချက်ညိတ်လိုက်သည်။


"ကောင်းပြီလေ ဂျူနီယာလေးရဲ့ အကြံက အကြံကောင်းပါပဲ..."


သူတို့ နှစ်ယောက်က ပတ်ဝန်းကျင်မှ အံ့အားသင့်နေသော ပညာရှင်များကို ဂရုမစိုက်ပဲ စကားပြောနေကြလေသည်။ထိုအခိုက်အတန့်တွင် ထိုအနီးအနားတွင်ရှိနေကြသောပညာရှင်များ ကျင့်ကြံသူများအားလုံးက သန့်စင်နယ်မြေများမှ လူများဖြစ်ကြသည်။


သူတို့က ဦးခေါင်းခွံထဲမှ တွားသွားထွက်လာကာ ငြင်းခုန်နေကြသော လူနှစ်ယောက်ကို ကြည့်နေရင်းတစ်စုံ တစ်ယောက်က မျက်လုံးများပြူးသွားသည်။


"အိုး အဲ့ဒါ သူတော်စင်သမီးတော် ဇီယွင်မဟုတ်လား ဒီနတ်ဆိုးမလေးက ဒီကို ဘယ်လိုလုပ်ရောက်နေတာလဲ..."


ထိုသူက ကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေမှ သူပင်ဖြစ်သည်။သူတို့က အဖ်ိုးကြီး အမွေအနှစ်များကို ရယူရာတွင် ကူညီရန် ဒီနေရာသို့ ရောက်လာခြင်းဖြစ်သည်။


"ကောင်းကင်နွေဦး သန့်စင်နယ်မြေမှ ကျောက်ခရမ်းအကြီးအကဲရဲ့ သူတော်စင်သမီးတော် ဇီယွင်လား..."


ကျောက်ခရမ်းအကြီးအကဲက သူ့သမီးကို အလွန်ချစ်မြတ်နိုးကြောင်း လူတိုင်း သိကြပေသည်။ယခုအခိုက်အတန့်၌ သူမသည် လူအများရှေ့မှောက်၌ပင် သူစိမ်းအမျိုးသားတစ်ယောက်ကို တွန်းလားဆွဲလား လုပ်နေပေသည်။ထိုအကြောင်းကိုသာ ကျောက်ခရမ်းအကြီးအကဲသိသွားလျှင် ဒေါသထွက်လွန်း၍ သွေးအန်သွားပေနိုင်လောက်သည်။