အပိုင်း ၇၄၀
Viewers 53k

အခန်း ၇၄၀...


အဖိုးကြီး ဟူဟန်က သူ့ဆီသို့ ချိန်ရွယ်ထားသော နတ်ဘုရားသတ်တုတ်ကိုကြည့်၍ အံ့အားသင့်ကြောင်အနေသည်။


"ဒီနတ်ဘုရားသတ်တုတ်က သံလုံးကောင်ရဲ့ ဗိုက်ထဲကထွက်လာတာလား ...နတ်ဘုရားသတ်တုတ် လခွမ်း...အားလုံးက သန့်စင်နယ်မြေတွေက လာကြတာမဟုတ်ဘူးလား...ဒီလိုဆိုရင် ငါတ်ို့က ရည်ရွယ်ချက်လည်း တူတယ် ဒီတော့ ငါတ်ို့က တစ်ဖက်တည်းပဲ..."


ဟူဟန်အော်ဟစ်လိုက်သည်။သို့သော်လည်း ဝှိုက်တီ၏ မျက်ဝန်းများက တဖျတ်ဖျတ် တောက်ပနေပြီး နတ်ဘုရားသတ်တုတ်က လေဟာနယ်ကို ဖြတ်၍ ကျဆင်းလာသည်။လေဟာနယ်ပင် လောင်ကျွမ်းသွားလို ထင်ရသည်။နတ်ဘုရားသတ်ဖြတ်လာသည့် လမ်းတစ်လျှောက် ပြင်းထန်သည့် အပူချိန််ကို ထုတ်လွင့်နေလိုမျိုး ဖြစ်ပေါ်နေလေသည်။


ကြောက်မက်ဖွယ်ကောင်းသော အန္တရာယ်များလှသည့် စွမ်းအားတစ်ခုက လေဟာနယ်ကို ဆုတ်ဖြဲပစ်လိုက်သလိုမျိုးပင် ။ဟူဟန်က ထိုသလုံးကောင်ဆီမှ ထိုမျှအန္တရာယ်များသည့် ခံစားချက်မျိုး ခံစားရလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။


သူ့၏ နတ်ဘုရားသတ်ပုဆိန်က လည်ပတ်သွားပြီးနောက် စူးရှလှသော အနီရောင်အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်သည်။သူ့၏ နတ်ဘုရားသတ်ပုဆိန်က လည်ပတ်သွားပြီးနောက် စူးရှလှသော အနီရောင် အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်သည်။


ဖိနှိပ်ခြယ်လှယ်န်ိုင်စွမ်းသော စွမ်းအားများ ပါဝင်သည့် ထိုအလင်းတန်းက အလွန်ပင် မြန်ဆန်လှသည်။ကျယ်လောင်သောအသံတစ်ခုထွက်ပေါ်လာပြီးနောက် လေဟာနယ်က ပေါက်ကွဲသွားပြီး ပြင်းထန်စွာ တုန်ခါသွားသည်။


ဟူဟန်၏ လက်ပင် တုန်ရီနေသည်ကို ခံစားလိုက်ရ၏ သူ့၏လက်မ ဂွကြားနေရာက ဆုတ်ပြဲတော့မလ်ိုမျိုး နာကျင်မှုကို ခံစားနေရသည်။


သူ့၏ လက်မောင်းတစ်ဖက်လုံး ထုချေခံလိုက်ရသလိုမျိုးခံစားရသည်။


"ငါတို့က တစ်ဖက်တည်းကွ..."


ဟူဟန် ထပ်မံအော်ဟစ်လိုက်သည်။သူ ဒီနေရာကို ရောက်လာခြင်းက ချူချန်းရှန်ကို ရှာ၍ သူ့၏ ဂုဏ်သိက္ခာများကို ဆွဲချွတ်ပစ်ရန် ဖြစ်သည်။ထိုရုပ်သေးရုပ်နှင့် ပြဿနာရှင်းနေဖို့ မဟုတ်ပေ။


ထိုရုပ်သေးတွင် နတ်ဘုရားသတ်လက်နက်ရှိလေရာ သန့်စင်နယ်မြေမှ လူဖြစ်နိုင်သောကြောင့် ရဲဘော်ရဲဘက်ခြင်းမတိုက်ခိုက်သင့်ပေ။


"ငါတို့က သန့်စင်နယ်မြေကလူတွေလေ ငါတို့ အချင်းချင်းတသားတည်းရှိသင့်တယ်..."


ဝှိုက်တီက သူ့၏ စကားကို ပြန်မဖြေပဲ လွှဲချလာသော နတ်ဘုရားသတ်တုတ်ကသာ သူ့၏ အဖြေဖြစ်နေသည်။ဝှိုက်တီ၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးနှင့် နောက်ကျောဘက်တွင်ရှိနေသော ဓားရှည်ကဲ့သို့ အတောင်ပံများက ကြောက်မက်ဖွယ်ကောင်းလှသည်။ဟူဟန် ၎င်း၏ ပုံရိပ်ကို ပို၍ သတိထားမိလေလေ ပို၍ ထိတ်လန့်လာလေလေဖြစ်နေသည်။ဒီရုပ်သေးရုပ်က လုံးဝ သာမန်မဟုတ်ပေ။


ထိုကဲ့သို့သော ရုပ်သေးမျိုးကို မည်သည့် သန့်စင်နယ်မြေက တည်ဆောက်နိုင်မည်နည်း ၎င်း၏အဆင့်က ဝိညာဥ်လှေကားအဆင့် ၆ဆင့် သို့မဟုတ် ၎င်းနှင့်အထက်တွင် ရှိနေပေလိမ့်မည်။


ထ်ို့အပြင် နတ်ဘုရားသတ်လက်နက်လည်း ကိုင်ဆောင်ထားလေရာ ဝိညာဥ်လှေကား ၇ဆင့်ရှိသောပညာရှင်များကိုပင် ရင်ဆိုင်နိုင်ပေလိမ့်မည်။ဟူဟန်၏ စွမ်းအားကလည်း ထိုအဆင့်တွင်ရှိနေသည်။


"တစ်လက်မလောက် မျက်နာသာပေးလိုက်ရင် ခြေတစ်လှမ်းစာလောက် ပိုယူချင်မနေနဲ့ ...ငါက ချူချန်းရှန်နဲ့ ပြဿနာရှင်းဖို့ ရောက်လာတာ တကယ်လို့ မင်းငါ့ကို ဖိအားပေးနေမယ်ဆိုရင်တော့ မင်းကို ရှစ်ပိုင်းပိုင်းပြစ်လိုက်မယ်..."


ဟူဟန် ဟိန်းဟောက်လိုက်သည်။ခဏအတွင်းမှာပင် သူ့၏ အော်ရာများက ထိုးတက်လာပြီး သူ့လက်ထဲမှ နတ်ဘုရားသတ်ပုဆိန်ကလည်း တောက်ပလာသည်။ချူချန်းရှန် ဟူဟန်ကိုကြည့်လိုက်သည်။


"သူက ငါ့အတွက် ရောက်လာတာလား..."


သူတွေးလိုက်မိသော်လည်း မျက်နာထားက ပြောင်းလဲသွားခြင်းမရှိပေ။ထိုသူသည် သူက ကြီးမြတ်သောတန်ခိုးအဆင့်သို့ ရောက်သွားပြီမှန်းမသိသေးပေ။မည်သို့ပင်ဆိုစေ သန့်စင်နယ်မြေများအားလုံးက ထိုအချက်ကို သိကြဦးမည်မဟုတ်ပေ။


ထိုအချက်ကပင် သန့်စင်နယ်မြေများကို ကိုင်တွယ်ရန် အခွင့်ကောင်းဖြစ်ပေလိမ့်မည်။ထို့အပြင် သန့်စင်နယ်မြေများက ဟူဟန်တစ်ယောက်တည်းကိုသာ စေလွှတ်မည်မဟုတ်မှန်းကိုလည်း သူသိထားပေသည်။ထို့ကြောင့် ထိုနယ်မြေများအပေါ်တွင် အကောင်းမြင်စိတ်လုံးဝမရှိပေ။


ဟူဟန် ဒီနေရာသို့ ရဲဝံ့စွာရောက်လာခြင်းကို ကြည့်ခြင်းအားဖြင့် ထိုသူများက အစားကြူးတောင်ကြားကို သိမ်းပိုက်ရန် စီစဥ်ထားခြင်းဖြစ်ပေလိမ့်မည်။


ဟူဟန်၏ နောက်တွင်လည်း ကြီးမြတ်သောတန်ခိုးရှင်အဆင့်တစ်ယောက်ရှိနေသည်။ယခုအချိန်က အစားကြားတောင်ကြားအတွက် သေခြင်းရှင်ခြင်း အကျပ်တည်းသို့ ကျရောက်နေပြီဖြစ်သည်။


ကံမကောင်းစွာဖြင့် ထ်ိုကောင်လေးပုဖန်က ရှောင်ယကို မပေးချင်ပေ။ထိုသို့သာမဟုတ်လျှင် သူရှောင်ယကို အမွေအနှစ်များရှိရာဆီသို့ ခေါ်ဆောင်သွားပေလိမ့်မည်။


ထိုအချိန်ရောက်လျှင် သန့်စင်နယ်မြေများမှ ယုတ်မာသောတိရစ္ဆာန်များအတွက် မည်သည့် အခွင့်အရေးမှ ရနိုင်တော့မည်မဟုတ်ပေ။သူအနေဖြင့် အစားကြူးတောင်ကြား၏ အမွေအနှစ်ကို တခြားလူလက်ထဲသို့ ထည့်ပေးရန် လုံးဝမဖြစ်နိုင်ပေ။ထိုသူများက သူတို့၏ အမွေအနှစ်များကို ကြံစည်ရဲလေရာ ကြီးမားသော တန်ဖိုးက်ို ပေးဆပ်ရပေမည်။ချူချန်းရှန်၏ မျက်ဝန်းထဲတွင် လူသတ်ငွေ့များပို၍ သိပ်သည်းလာသည်။အစားကြူးမြို့တော်၏ လမ်းမတစ်လျှောက်တွင် လူများက်ို သတ်ဖြတ်နေသောရွှေသံချပ်ကာဝတ် အစောင့်တပ်ကို ကြည့်၍ သူ့ရင်ထဲ၌ ဒေါသမျပေါက်ဖွားလာ၏။


ပုဖန်၏ ရုပ်သေးက ဟူဟန်ကို ထိန်းချုပ်ထားသောကြောင့် သူထိုပုရွတ်ဆိတ်များကိုနှိမ်နင်းပေမည်။ကောင်းကင်နွေဦးသန့်စင်နယ်မြေ၏ ကြီးမြတ်သော တန်ခိုးအဆင့် ပညာရှင် လှုပ်ရှားမလာသေးခင် သူက အရင်ဆုံးသူတို့ဆီမှ သွေးတစ်ချို့ ယူထားပေသည်။


"ဒီပုရွတ်ဆိတ်ကောင်တွေကို ဖယ်ရှားပြီးတဲ့အချိန်ကျရင် အစားကြူးရင်ပြင်ကျယ်က ပြိုင်ပွဲက ပြီးဆုံးသွားလောက်မှာပါ..."


ပုဖန်က အစွမ်းထက်တယ်ဆိုပေမယ့် သူကောင်းကင်မြှုပ်နှံခေါက်ဆွဲနဲ့ လရိပ်တမ်းချင်းကိုတော့ ရင်ဆိုင်နိုင်မှာမဟုတ်ပါဘူး...


ချူချန်းရှန်မျက်ဝန်းများမှိတ်၍ တွေးတောနေသည်။ပုဖန် ရှုံးသွားတဲ့အခါကျရင်တော့ ငါရှောင်ယကို အမွေအနှစ်နယ်မြေကို ခေါ်ဆောင်သွားမယ် ထိုအတွေးကို တွေးလိုက်မိသည်နှင့် ချူချန်းရှန်၏ မျက်ဝန်းများက ပို၍ ပြတ်သားလာသည်။


ထို့နောက် အပြစ်မဲသော ပြည်သူများကို သတ်ဖြတ်နေသည့် ရွှေသံချပ်ကာဝတ်အဖွဲ့များဆီသို့ ဦးတည်လိုက်သည်။ချူချန်းရှန်၏ ပုံရိပ်က နေရာမှ ပျောက်ကွယ်သွားလေသည်။


ချူချန်းရှန်က ခြေတစ်လှမ်းလှမ်းလိုက်ရုံဖြင့် မသေမျိုးစိတ်ဝိညာဥ်အဆင့် ရွှေသံချပ်ကာဝတ်အစောင့်တစ်ယောက်၏ရှေ့သို့ ရောက်လာသည်။ထိုသူက ချူချန်းရှန်ကို တွေ့သည်နှင့် ပြင်းထန်စွာ တုန်လှုပ်သွားလေသည်။ချူချန်းရှန်၏ လူသတ်ငွေ့များက တစ်ရှိန်ထိုးတိုးတက်လာပြီးနောက် သူ့လက်ဖဝါးဖြင့် ထိုသူကို ပုတ်လိုက်သည်။သူ့၏ ရွှေသံချပ်ကာဝတ်အစောင့်၏ အဝတ်အစားများ ချပ်ဝတ်တန်ဆာများ ပေါက်ကွဲသွားပြီး သူ့၏ခေါင်းပေါက်ကွဲသွားလေသည်။


ခုခံနိုင်မှု အနည်းငယ်မျှပင် မရှိပဲ မျက်တောင်တစ်ခတ်အတွင်းပင် အသတ်ခံလိုက်သည်။ချူချန်းရှန်ကထိုသူကို ဂရုစိုက်မနေတော့ပဲ အရိပ်ကဲ့သို့ လျင်မြန်လှသော အရှိန်နှုန်းဖြင့်ရွှေသံချပ်ကာဝတ်အစောင့်များတစ်ယောက်ပြီးတစ်ယောက်သတ်ဖြတ်လိုက်လေသည်။


ချူချန်းရှန်အတွက် ထိုသံချပ်ကာဝတ်အစောင့်များကို သတ်ဖြတ်ရသည်က မခက်ခဲပေ။ထိုအချိန်တွင် ကောင်းကင်ယံထက်၌ ဟူဟန်၏ ရင်ဘတ်ထဲတွင် ဒေါသမီးတောင်များတောက်လောင်သလိုခံစားလိုက်ရပြီး အော်ဟစ်လိုက်သည်။


"သံတုံးကောင် မင်းကသေချင်နေတာပဲ...ချူချန်းရှန် မင်းအရမ်းတော်နေတက်နေတယ်ဆိုရင် ငါနဲ့လာတိုက်လှည့် ..."


သူကိုင်ဆောင်ထားသော နတ်ဘုရားသတ် ပုဆိန်မှ နတ်ဘုရားစွမ်းအင်များကလည်း လျှံထွက်လာသည်။သို့သော် ချူချန်းရှန်က သူ့၏ စကားကို ပြန်မတုံ့ပြန်ပဲ သူ့၏ စကားကို လှောင်ပြုံးတစ်ချက်ဖြင့်သာ ပြန်တုံ့ပြန်လိုက်သည်။ထို့အပြင် ဝှိုက်တီဆီမှ ကျရောက်လာသော နတ်ဘုရားသတ်တုတ်ကလည်း အရိပ်သခုအဖြစ် ပြောင်းလဲသွားသည်။


"တောက်...ဒီငလူး ရုပ်သေးရုပ် ..."


ဟူဟန်ပို၍ တ်ိုက်ခိုက်လေပို၍ ဒေါသထွက်လေဖြစ်လေသည်။သူ့၏ စွမ်းအင်က ပို၍ သန်လာသည်ဆ်ိုသော်လည်း ထိတ်လန့်မှုကလည်း ပိုမိုများပြားလာလေသည်။


"သောက်ကျိုးနဲ ဒီရုပ်သေးရဲ့ စွမ်းရည်ကလည်း တိုးလာတယ်ဟ..."


ဝှိုက်တီက နတ်ဘုရားသတ်တုတ်ကို တင်းကျပ်စွာဆုပ်ကိုင်ထားလိုက်သည်။သူ့၏ ချွန်မြေ့လှသောတောင်ပံများကို ဖြန့်ကားလိုက်သည်နှင့် မျက်စိစူးဖွယ်ရာ အလင်းတန်းများထုတ်လွင့်လာသည်။ထို့နောက် နတ်ဘုရားသတ်တုတ်ကလည်း ကောင်းကင်ယံထက်တွင် လည်နေပြီးနောက် တဖြေးဖြေးကြီးသထက်ကြီးမားလာသည်။


.......


လရိပ်တမ်းချင်း...


ဝမ့်ထုံ၏ မျက်နာက ကြေကွဲပူဆွေးမှုများနှင့် ပြည့်နှက်နေသလို သူ့လက်ထဲမှကျိုးပဲ့ကျောက်စိမ်းဓားကလည်း ဖြေးညင်းစွာ လှုပ်ရှားနေသည်။သူ့၏ ကျွမ်းကျင်လှသော စွမ်းရည်အောက်တွင် ပါဝင်ပစ္စည်းများမှ အမွှေးရနံ့များထုတ်လွင့်လာလေပြီ။


အပြာရောင်ဟင်းရည်ထဲတွင် ကြည်လင်လှသော မျှစ်မျှော်စင်၏ ခပ်ဝါးဝါးပုံရိပ်တစ်ခု ထင်ဟပ်နေလေသည်။အပြာရောင်ဟင်းရည်က ညချမ်းအချိန်တွင် အေးစက်အုံ့ဆိုင်းနေသောရေကန်လို လေအေးများကို ထုတ်လွင့်နေသည်။


ရောင်ပြန်ဟပ်နေသော လရိပ်ကို ပြိုကွဲသွားသော်လည်းချိုးဖဲ့လိုက်သောရွှေကံ့သို့ ခမ်းနားထည်ဝါလှသည်။ထိုမျှ မကပဲ အပြာရောင်ဟင်းရည်ထဲတွင် ရွှေရောင်အလင်းစက်လေးများလည်း ရွေ့လျားနေလေသည်။


ထိုအချက်က ဝမ့်ထုံ၏။ ကျွမ်းကျင်လှသော စွမ်းရည်ပင်ဖြစ်သည်။ကျောက်စိမ်းမျှစ် ဝမ့်ထုံက အစားကြူးဘုတ်ပြားပေါ် ရှ်ိ တကယ်ကို ထက်မြက်ထူးချွန်လှသော စားဖိုမှူးတစ်ယောက်ဖြစ်သည်။သူ ပွဲဦးထွက်သော ထ်ိုနှစ်က မုန်တိုင်းများမြင့်တက်လာသကဲ့သို့ပင် ထင်ခဲ့ရသည်ှ။သူ့တွင် ထိပ်တန်း စားဖိုမှူးတစ်ယောက်ဖြစ်လာရန်ပင် အရည်အချင်းရှိလေသည်။


သို့သော်လည်း ကောင်းကင်ဘုံက သူ့၏ အရည်အချင်းများကို မနာလ်ို၍ ဖြစ်ကောင်းဖြစ်နိုင်သည်။ထိုနှစ်က ဝမ့်ထုံနှင့် စိတ်ဓာတ်တက်ကြွမှုများ အပြည့်ရှိနေသည်။သူအောင်ပွဲနှင့်အတူ ဇာတိမြေသို့ ပြန်ရောက်သောအခါတွင် သူမိသားစုက ပျက်စီးနေလေပြီ သူ့ဇနီးနှင့် သားသမီးများြ အသတ်ခံလိုက်ရသည်။


ထိုအချိန်မှစ၍ ဝမ့်ထုံက သိသိသာသာ ပြောင်းလဲသွားသည်။သူ့မိသားစုကို သတ်ခဲသောသူများနောက်သို့လိုက်ခဲ့သည်။တစ်ညတည်းဖြင့်ပင် သူ့၏ ဆံပင်များက တစ်ဝက်ခန့် ဖြူဖွေးသွားခဲ့သည်။


ထို့နောက် သူအစားကြူတောင်ကြားထဲသို့ ရောက်လာကာလူများနှင့် သီးခြားနေထိုင်ခဲ့သည်။အထီးကျန်စွာ နေခဲ့သည့်အချိန်မှစ၍ အသားကြူးဘုတ်ပြားပေါ်ရှိ သူ့၏ အဆင့်ကလည်း ကျဆင်းသွားခဲ့သည်။သူက ဟင်းချက်ပြုတ်ခြင်းကို သေချာပေါက် ကြိုက်နှစ်သက်နေဆဲဖြစ်သော်လည်း သူ့၏ ဟင်းပွဲများ၌ ကြေကွဲဝမ်းနည်းမှုများသာဖုံးလွှမ်းနေခဲ့သည်။


ပုဖန်က ဝမ်းနည်းမှု လွှမ်းခြုံ ခေါက်ဆွဲကို ပြင်ဆင်ပြီးသောအခါ၌ နောက်ထပ်ဟင်းလျာကို ချက်ပြုတ်ရန် ပြင်ဆင်လိုက်သည်။တစ်ချိန်တည်းမှာပင် ချွီရန်ချန်းဖုန်၏။ခေါက်ဆွဲပွဲနှင့် သူ့၏ ခေါက်ဆွဲများကို ယှဥ်ပြိုင်ရန်သယ်ဆောင်သွားခဲ့သည်။


ပရိတ်သတ်များက သိချင်စိတ်များဖြင့် မျှော်လင့်ချက်များပြည့်နှက်နေသည်။ပုဖန်၏ဝမ်းနည်းဖွယ်ရာ ခေါက်ဆွဲက အမြင်အားဖြင့် မည်သည့် ထူးခြားချက်မှမရှိဟု သူတို့ထင်နေကြသည်။


သူချက်လိုက်သော ခေါက်ဆွဲ၏ခက်ခဲမှုက နိမ့်ကျလွန်းလှသည်။ချွီရန်ချန်းဖုန်၏ ကောင်းကင်မြှုပ်နှံခေါက်ဆွဲကမူ ခက်ခဲလွန်းလှ၏။သို့သော်လည်း ပုဖန်၏ ခေါက်ဆွဲထဲတွင် တခြားကမ္ဘာတစ်ခု ဖုံးကွယ်ထားဦးမည်လားကို မသ်ိသေးသောကြောင့် အလျင်စလို မဆုံးဖြတ်ရဲကြပေ။


တကယ်တမ်းတွင် ပြောရမည်ဆိုလျှင် ပုဖန်က ဒုတိယဟင်းပွဲအတွက် ပြင်ဆင်ထားပြီးပြီဖြစ်သည်။သူဝမ့်ထုံ၏ ဝမ်းနည်းကြေကွဲနေသော မျက်နာကို ကြည့်၍ အသက်ပြင်းပြင်းတစ်ချက်ရှူရှိူက်လိုက်သည်။


ချွီရန်ချန်းဖုန်နှင့် ယှဥ်ပြိုင်သည့်အခါတွင် အဆိပ်ကို အဆိပ်နှင့် တ်ိုက်ထုတ်ရန်အတွက် သူသည်လည်းဝမ်းနည်းမှုများကို အသုံးပြုခဲ့သည်။သို့သော်လည်း ဝမ့်ထုံနှင့် ယှဥ်ပြိုင်ရာတွင် ထ််ိုနည်းကိုသာအသုံးပြုခဲ့ပါက သူ့ကိုယ်သူ နှိပ်စက်ခြင်းသာဖြစ်ပေလိမ့်မည်။


မည်သို့ပင်ဆိုစေ ဝမ့်ထုံ၏ ဝမ်းနည်းမှုများ အလွန်ပင်နက်ရှိူင်းပြီးသူ့၏ အစစ်အမှန်စွမ်းအင်ကဲ့သို့ပင် ဖြစ်နေလေပြီ။ဒီလို စားဖိုမှူးတစ်ယောက်၏ စွမ်းပကားမျိုးက အောင်နိုင်ဖို့ ခက်ခဲလွန်းလှသည်။


ယခု သူလုပ်ရမည်က ဝမ့်ထုံ၏ လွှမ်းမိုးမှုကို ချိုးဖျက်ရန်သာဖြစ်သည်။ထိုသို့မဟုတ်လျှင် သူ့တွင် အနိုင်ရရန် အခွင့်အရေးမရှိတော့ပေ။ဥပမာပြောရလျှင် ဝမ့်ထုံ၏ ဒိုင်းကာကို ချိုးဖျက်ရန်အတွက် သူ့တွင် လှံတစ်ချောင်းလိုအပ်ပေသည်။လှံနှင့်ဒိုင်းတို့ ထိပ်တိုက်တွေ့ဆုံသောအခါတွင် အပေါက်တစ်ပေါက်ဖောက်နိုင်ပြီး သူအနိုင်ရရန် အခွင့်အရေးရသွားပေလိမ့်မည်။


ဝမ့်ထုံ၏ ဟင်းပွဲက ဝမ်းနည်းစရာတစ်ခုဖြစ်သောကြောင့် သူက တခြားနည်းလမ်းကို အသုံးပြုရပေမည်။သူက တက်ကြွရွှင်လန်းသည့်တစ်ခုခုကို ပြုလုပ်ရန်လိုအပ်သည်။နွေဦးမျှစ်များက အလွန်ပင် လျင်မြန်စွာ ကြီးထွားလာပြီးဝမ်းနည်းမှုများကို ဖယ်ရှားပစ်နိုင်သောတက်ကြွသည့် အစွမ်းများရှိသည်။


သူ့၏ မျက်ဝန်းများ တောက်ပသွားသည်။သူ့မျက်ဝန်းများ၏ ခမ်းနားမှုက လင်းလက်လှသောကြောင့် ဝမ်းနည်းမှုထဲ နစ်မြှုပ်နေသော ဝမ့်ထုံပင် ခေါင်းမော့ကြည့်လ်ိုက်မိသည်။


သို့သော်လည်း သူ့၏။ ပတ်ဝန်းကျင်လေထုက ဝမ်းနည်းမှူများ လွှမ်းခြုံစိုစွတ်နေတုန်းပင်ဖြစ်သည်။


"ငါရဲ့ ဝမ်းနည်းမှုတွေက ပြင်းထန်လွန်းတာကြောင့် တစ်ညတည်းနဲ့ပဲ ငါ့ရဲ့ဆံပင်တစ်ဝက်က်ို ဖြူစေခဲ့တယ်...ဒါပေမယ့် အဲ့ဒါကပဲ ငါ့ရဲ့ စွမ်းအားတစ်ခုဖြစ်လာခဲ့တယ်...မင်းက ငါ့ရဲ့ စွမ်းအားတွေက်ို ချိုးဖျက်ဖို့အတွက် ဘာတွေလုပ်ပေးမှာလဲ ...."


ဝမ့်ထုံက ခပ်တိုးတိုးရေရွတ်လိုက်ပြီးသက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်သည်။ထို့နောက် သူပုဖန်ကို စိတ်ထဲထည့်မနေတော့ပေ။ပန်းကန်လုံးလေးတစ်လုံးကို ထုတ်ယူလိုက်ပြီးနောက်စွပ်ပြုတ်လုပ်ရန်အတွက် မနက်ခင်းနှင်းရည်ကို ငှဲ့ထည့်လိုက်သည်။


ရွှပ် ရွှပ်...


စွပ်ပြုတ်မှ ပိုးမျှင်ကဲ့သို့ အမျှင်လေးများ ထွက်ပေါ်လာပြီးနောက် မျှစ်မျှော်စင်ပေါ်သို့ ကျရောက်သွားသည်။ချက်ချင်းဆိုသလိုပင် စွပ်ပြုတ်ရည်ထဲ၌ လှိုင်းတွန့်ကလေးများဖြစ်ပေါ်လာပြီး လှပလှသောအလင်းစက်လေးများပြန့်ကားလာသည်။


"လရိပ်တမ်းချင်း ဟင်းပွဲ ပြီးပြီ..."


ဒိုင်လူကြီးများ စားပွဲတွင် ဒိုင်လူကြီးလေးဦးသာရှိနေလေသည်။သို့သော်လည်း ချူချန်းရှန် ထွက်သွားသည်ကို မြင်လိုက်သည်နှင့် ဝမ်ရမ်ရှန်က ဝိုင်တစ်ငုံကို အမြန်မော့သောက်လိုက်ပြီး အရှေ့သ်ို့ အလျင်အမြန် တိုးလိုက်သည်။ထို့နောက် ချူချန်းရှန်၏။ နေရာကိုယူလိုက်ကာငါးယောက်မြောက် ဒိုင်လူကြီးဖြစ်လာလေသည်။


တစ်ယောက်ချင်းစီ၏ ရှေ့တွင် ခေါက်ဆွဲပန်းကန်တစ်ပွဲစီရှိနေသည်။အအေးခဲထားသော စွပ်ပြုတ်ရည်ထဲမှ သွေးနီရောင်ခေါက်ဆွဲများက ထိတ်လန့်စရာ ခံစားချက်မျိုးကို ပေးစွမ်းလေသည်။သို့သော်လည်းခေါက်ဆွဲ၏ ရနံ့ကမူ သူတို့ကို ဆွဲဆောင်သွား၏။


ယခုချွီရန်ချန်းဖုန်ချက်သည့် ခေါက်ဆွဲက အဆင့်မြင့်ထားသော ကောင်းကင်မြှုပ်နှံခေါက်ဆွဲဖြစ်၏။သူအရင်က ချက်သည့် ကောင်းကင်မြှုပ်နှံခေါက်ဆွဲများတွင် စိတ်ဝိညာဥ်ငှက် ၃၆ကောင်သာ သုံးကြောင်း သိထားပေသည်။


ဤစားဖိုမှူးစိန်ခေါ်ပွဲတွင် သူအကောင်းဆုံး လုပ်ဆောင်ခဲ့ကြောင်းသိသာလှပေသည်။အနိုင်ရရန်အတွက် အစွမ်းကုန်ကြိုးစားခဲ့သော ထိုခေါက်ဆွဲများက မည်သို့ အရသာရှိမည်ကို သိချင်လာမိသည်။


ဝမ်ရမ်ရှန်က တူတစ်စုံကိုကောက်၍ ညှိလိုက်ပြီး ခေါက်ဆွဲများကို ယူလိုက်သည်။သွေးနီရောင်ခေါက်ဆွဲမှ အပူငွေ့လေးများထွက်ပေါ်လာသည်။


အစားကြူးရင်ပြင်ရှိ ပရိတ်သတ်များကလည်း အစီအရင်မှ ပြသနေသော သွေးနီရောင်ခေါက်ဆွဲပုံရိပ်က်ိုကြည့်၍ အသက်ရှူများပင် တင်းကျပ်သွားကြသည်။


ရှလွတ် ရှလွတ်...


ဝမ်ရမ်ရှန်ပါးစပ်ကို အသာဖွင့်၍ စားလိုက်သည်နှင့် သွေးနီရောင်ခေါက်ဆွဲများက လျှောခနဲဝင်သွားလေသည်။