အခန်း ၇၄၁
ချီး...ဝမ်းနည်းမှုလွှမ်းခြုံ ...
"ဇီယွင် အလိုလေး ငါတို့ရဲ့ ဗြဟ္မာဦးခေါင်းလေးက ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ..."
နွေဦးကောင်းကင်ဘုံမှ ကြီးမြတ်သော တန်ခိုးအဆင့် ပညာရှင်သည် ငရဲဘုရင်နှင့် ငြင်းခုန်နေသော ဇီယွင်ကို မြင်သည့်ခဏ၌ သူ့၏ မုတ်ဆိတ်မွှေးများကိုပင် ဆွဲနှုတ်မိမလို ဖြစ်သွားသည်။
ကျောက်ခရမ်း အကြီးအကဲသာ ထိုမြင်ကွင်းကို မြင်လိုက်လျှင် မည်သို့ ဖြစ်သွားမည်နည်း။ထို့အပြင် ထိုမျှရဲရင့်နေသောကောင်လေးကကော ဘယ်သာနည်း။
ထိုကောင်ကလေးက သူတို့ကျောက်ခရမ်းအကြီးအကဲ၏ သမီးကိုပင် မြူဆွယ်ရဲနေသည်။ကျောက်ခရမ်းအကြီးအကဲသာသိသွားလျှင် ခေါင်းအဆံချောင်သွားသည်အထိ ရိုက်ခံရပေလိမ့်မည်။
ကြီးမြတ်သော တန်ခိုးအဆင့်ကျင့်ကြံသူ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။တခြားသူများ၏ လှောင်ပြောင်ဟန်အကြည့်များကို ဂရုမစိုက်တော့ပဲ လျှပ်စီးလျပ်သလို အလျင်နှုန်းဖြင့် ဇီယွင်၏အနားသို့ ပေါ်လာသည်။
"အဖိုးကြီးလင်း ရှင်ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ..."
ဇီယွင် ထိုသူကို မြင်လိုက်သည့်ခဏ၌ အံ့သြသွားပြီး အားတင်း၍ ပြုံးလိုက်ရသည်။တကယ်တမ်းတွင် သူမ၏ စိတ်ထဲ၌ အချ်ိန်မရွေး ထွက်ပြေးနိုင်ရန် ပြင်ဆင်ထားပြီးဖြစ်သည်။
သန့်စင်နယ်မြေမှ ကျင့်ကြံသူတစ်ယောက်ကို ဒီနေရာတွင် တွေ့ရလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။အကယ်၍ အဖိုးကြီးလင်းသာ သူမကို အိမ်သို့ ပြန်ခေါ်သွားမည်ဆိုပါက သူမ လွတ်မြောက်နိုင်လိိမ့်မည်မဟုတ်ပေ။
အဖ်ိုးကြီးလင်းကလည်း ကြီးမြတ်သော တန်ခိုးအဆင့် ဖြစ်ပြီး သူမဖခင်၏ ကိုယ်ပွားထက် သန်မာပေသည်။အဖိုးကြီးလင်းက ဇီယွင်ကို အလိုလိုက်ခံထားရသည့် ကလေးတစ်ယောက်လိုမျ်ိုးကြည့်လိုက်သည်။ထို့နောက် သူ့အကြည့်များက အေးစက်ခတ်ထန်သွားပြီး ငရဲဘုရင်ကို အကဲခတ်လိုက်၏။
"မင်းက ဘယ်ကလဲ ဘာကြောင့် ငါတို့ သန့်စင်နယ်မြေရဲ့ သူတော်စင်သမီးတော်နားကို ချဥ်းကပ်နေရတာလဲ..."
အဖိုးကြီးလင်း၏ စကားက ယဥ်ကျေးမှု တစ်စက်မှမရှိပေ။သူ့၏ အသံတွင်လည်း မောက်မာမှုများ ပါဝင်နေပြီး ဖိနှိပ်သည့် အော်ရာများကိုလည်း ထုတ်လွင့်ထားသည်။
"အဖ်ိုးကြီးလင်း အကိုဟက ဘာအမှားမှ မလုပ်ထားပါဘူး..."
အဖိုးကြီး၏ အသံကို ကြားလိုက်သည်နှင့် ဇီယွင်၏ မျက်နာထားက ပြောင်းလဲသွားသည်။သူအလျင်အမြန် ဝင်ပြောလိုက်သည်။သို့သော်လည်း အဖိုးကြီး၏ အမူအရာက ပြောင်းလဲသွားခြင်းမရှ်ိပေ။သူက ငရဲဘုရင်ကိုသာ စူးစိုက်ကြည့်နေသည်။တခြားသူများကလည်း သူတို့ရှေ့မှ မြင်ကွင်းကို လှောင်ပြုံးပြုံး၍ ကြည့်နေကြလေသည်။
"စိတ်ဝင်စားစရာပဲ နွေဦးကောင်းကင်ဘုံ သန့်စင်နယ်မြေရဲ့ သူတော်စင်သမီးတော်က အမည်မသိ ကောင်လေးတစ်ယောက်ရဲ့ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရတယ်...ဒါက သန့်စင်နယ်မြေတွက်အတွက်တော့ သတင်းထူးကြီးပဲ..."
ပတ်ဝန်းကျင်လေထုတွင် တခြားကျင့်ကြံသူများ၏ အော်ရာများက ရောယှက်နေသည်။တစ်ချို့သူများက သူတို့၏ ဓားများပေါ်တွင် ရပ်နေကြသည်။လေဟာနယ်ကို ဖြတ်သန်းလာသော ဓားအလင်းများကလည်း ပြန့်နှံ့နေ၏။
ဇီယွင်က အရူးတစ်ယောက်မဟုတ်ပေ။မကြာခင်အချိန်အတောအတွင်း အစားကြူးတောင်ကြားထဲ၌ ကြီးကြီးမားမားတစ်စုံတစ်ရာဖြစ်ပေါ်လာတော့မည်ဟု သူမသိလိုက်သည်။ရုတ်တရက် သူမ အကြီးအကျယ်နောင်တရသွားသည်။
"ဘာကြောင့်များ အကိုဟကို ဒီလို ပြဿနာတွေရှုပ်ထွေးနေတဲ့ နေရာကို ခေါ်လာမိပါလိမ့်...ပြီးတော့ သန့်စင်နယ်မြေက အကြီးအကဲတစ်ယောက်နဲ့တောင် ပက်ပင်းတိုးလိုက်သေးတယ်..."
ထိုအခိုက်အတန့်၌ ငရဲဘုရင်ကမူ အဖ်ိုးကြီးလင်း၏ စကားများကို နားထောင်မနေပေ။မျက်ကွင်းမဲမဲများနှင့် တစ်ဝက်မျှသာပွင့်သော မျက်ဝန်းများက အစားကြူးနတ်ဘုရားမြို့တော်သို့သာ ကြည့်နေသည်။
ထိုအရပ်မှ သူ ရင်းနီးကျွမ်းဝင်နေသောအော်ရာများကို ခံစားမိလေသည်။ထိုအော်ရာများက အကြောအချဥ်များကိုပင် ပွင့်ထွက်သွားပြီး စွမ်းအင်များ တိုးမြင့်လာသလိုပင် ခံစားလိုက်ရ၏။
"အရမ်းရင်းနီးကျွမ်းဝင်နေတဲ့ ခံစားမှု ဒါက..."
ငရဲဘုရင်၏ နှုတ်ခမ်းလေးများ တဆက်ဆက် တုန်ယင်လာသည်။သူ့၏ မျက်ဝန်းများထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်လာသည်။အရာအားလုံးက ပုံရိပ်ယောင်များဖြစ်မည်ကို ကြောက်ရွံ့စိတ်ဖြင့် နှလုံးခုန်မြန်လာ၏။
"ဒီအော်ရာက အရမ်းရင်းနီးနေတယ်...အဲ့ဒါ အစပ်ချောင်းရဲ့ ရနံ့မဟုတ်လား...အစပ်ချောင်းလား မဟုတ်ဘူး အဲ့ဒါက အဲ့ဒါမဟုတ်သေးဘူး...အဲ့ဒါက အစပ်ချောင်းကို ပြုလုပ်နိုင်တဲ့ ကောင်လေးပုဖန်ရဲ့ အော်ရာပဲ..."
သူ့၏ ဘေးမှ ဂျူနီယာငယ်လေးက သူ့ကို အရူးမလုပ်ခဲ့ပေ။တကယ်ကိုပင် ပုဖန်က အစားကြူးတောင်ကြားတွင်ရှိနေပေ၏။ထိုအဓိပ္ပါယ်က အစားကြူးတောင်ကြားထဲတွင် အစပ်ချောင်းရှိပေသည်။
အစပ်ချောင်းအကြောင်းကို တွေးလိုက်မိရုံဖြင့် ငရဲဘုရင်က ပြန်လည်ရှင်သန်ထမြောက်လာသလ်ိုမျိုး ထကြွလာပေသည်။အစပ်ချောင်းမရှိသည့် အချိန်တုန်းက သူ အထီးကျန်ဆန်မှုကို ခံစားခဲ့ရသည်။သို့သော်လည်း ယခုမူ ချက်ချင်းပင် စိတ်ဓာတ်တက်ကြွလာသည်။ထိုအချ်ိန်တွင် အဖိုးကြီးလင်း၏ မျက်နာက ပြာနှမ်းနေပေပြီ။
"ဒီကောင်လေးက သူကိုတောင်မကြည့်ပါလား သူက နွေဦးကောင်းကင်ဘုံ သန့်စင်နယ်မြေက ကြီးမြတ်သော တန်ခိုးရှင်အဆင့်တစ်ယောက်ပုံမှန်ဆိုရင် လူတွေက သူ့ကိုညမျက်စိမလွှဲတမ်း ကြည့်လိုက်ကြမယ်...ဒါပေမယ့် ဒီကောင်လေးကတော့ ..."
အဖိုးကြီးလင်းက ငရဲဘုရင်ကို သင်ခန်းစာကောင်းကောင်းပေးတော့မည့် ပုံစံဖြင့် မျက်နာထားပြောင်းလဲသွားသည်။သို့သော်လည်း ချက်ချင်းဆိုသလိုပင် ပေါက်ကွဲမှုကြီးကြီးမားမားဖြစ်ပေါ်လာသည်ကို ခံစားလိုက်မိသောကြောင့် အစားကြူးနတ်ဘုရားမြို့တော်ဆီသို့ သတိကြီးကြီးဖြင့် လှည့်ကြည့်လိုက်သည်။
"စတင်နေပြီ..."
အဖိုးကြီးလင်း၏ အော်ရာများက ပြောင်းလဲသွားပြီး ခြေတစ်လှမ်းလှမ်းကာကောင်းကင်ထက်ဆီသို့ လွင့်မျောတက်လိုက်သည်။ထို့နောက် လေးနက်လှသော အသံဖြင့် လှည့်ပြောလိုက်သည်။
"ဇီယွင် ဒီမှာပဲ ကောင်းကောင်းနေခဲ့ ဘယ်ကိုမှ လျှောက်မပြေးပဲ ငါ့ကိုစောင့်နေ..."
ပြီးသည်နှင့် သူ့ခြေဖဝါးအောက်မှ လေဟာနယ်က ပြိုကွဲသွားကာ သူ့၏ အရိပ်ပျောက်ကွယ်သွားလေသည်။တခြားကျင့်ကြံသူများ၏ မျက်ဝန်းများကလည်း တောက်ပသွားပြီး ချက်ချင်းပင် လှုပ်ရှားကာ အစားကြူးနတ်ဘုရားမြို့တော်ဆီ ဦးတည်လိုက်ကြသည်။
ခဏအကြာ၌ ဆူညံသံများလုံး ငြိမ်သက်တိတ်ဆိတ်သွားပြီး ငရဲဘုရင်နှင့် ဇီယွင်သာ ကျန်ရစ်ခဲ့တော့သည်။
"အကိုဟ ကြည့်ရတာတော့ ဒီမှာ တစ်စုံတစ်ရာ ကြီးကြီးမားမားတစ်ခု ဖြစ်တော့မယ့်ပုံပဲ ကျွန်မတို့ သွားရအောင် ..."
သူ ငရဲဘုရင်ဘက်သို့လှည့်၍ ပြောလိုက်သည်။
"စိတ်မပူပါနဲ့ ဒီအရှင်နောက်ကိုသာ လိုက်ခဲ့ပါ...ထူးကဲကောင်းမွန်တဲ့ စားကောင်းသောက်ဖွယ်က ဘယ်လိုမျိုးလဲဆိုတာ မင်းကိုပြမယ်..."
ငရဲဘုရင်က ပြောလိုက်ပြီးသည်နှင့် အစားကြူးနတ်ဘုရားမြို့တော်ဆီသို့ ဦးတည်၍ လျှောက်လှမ်းလိုက်သည်။ဇီယွင် အံ့သြသင့်သွားသည်။သူမ ငရဲဘုရင်ကို ကြည့်လိုက်ပြီးနောက် စိတ်ပြန်ပြောင်းကာ သူ့နောက်မှ လိုက်ခဲ့လေသည်။သူမက အဖိုးကြီးလင်း၏ အကြံပြုချက်များကိုမူ လုံးဝ လျစ်လျူရှုလိုက်လေသည်။
..........
ရွှပ်...
ဟင်းရည်အေးများလွင့်စင်သွားသည်။ခေါက်ဆွဲစားလိုက်ပြီးနောက် ဝမ်ရမ်ရှန်၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားသည်။နေရောင်အောက်တွင် သွေးနီရောင်ခေါက်ဆွဲများက လှပလှသောအလင်းတန်းများကို ဖန်တီးနေပေသည်။
ခေါက်ဆွဲကို ပါးစပ်ထဲထည့်လိုက်သည်နှင့် သူတွေးထင်ထားပြီးသော သွေးနံ့ကို ရလိုက်သည်။၎င်းက ခေါက်ဆွဲ၏ ခပ်ဖျော့ဖျော့ရနံ့မျှသာဖြစ်ပြီး လုံးဝ ပြင်းထန်ခြင်းမရှိပေ။သူနူးညံ့သိမ်မွေ့မှုတစ်ခုကို ခံစားလိုက်ရသည်။သို့သော်လည်း ထ်ိုနူးညံ့မှုအတွင်း၌ ကြေကွဲဝမ်းနည်းဖွယ်အော်ရာများ အနည်ထိုင်နေလေသည်။
ကောင်းကင်မြှုပ်နှံ ခေါက်ဆွဲ တစ်လုတ်စာက ဝမ်ရမ်ရှန်၏ ခေါင်းကို ပင့်မော့သွားစေသည်။သူ မျက်လုံးများမှိတ်၍ သက်ပြင်းတစ်ချက်ရှ်ိုက်လိုက်သည်။သူတစ်ယောက်တည်းသာလျှင် မဟုတ်ပေ။တခြားဒိုင်လူကြီးများ၏ အမူအရာကလည်းတူညီနေကြသည်။သူတို့၏ မျက်ဝန်းများမှိတ်ထားပြီး ရင်ဘတ်အတွင်းမှ နာကျင်ဝမ်းနည်းမှုများကြောင့် နှုတ်ခမ်းများ တစ်စက်စက်တုန်ခါနေသည်။
ထိုဝမ်းနည်းမှုက ပြင်းထန်လေးလံလှသည်။ထ်ိုခံစားချက်က ၉၉ မျိုးသော စိတ်ဝိညာဥ်ငှက်တ်ို့၏ ဝမ်းနည်းနာကျင်မှုပင်ဖြစ်သည်။၎င်းက ကြီးမားလေးလံလှသောကျောက်တုံးဖြင့် သူတို့၏ နှလုံးသားကို ဖိချေလိုက်သကဲ့သို့ပင် တစ်ချို့ဆိုလျှင် မျက်ဝန်းထောင့်မှ မျက်ရည်များပင် စီးကျလာသည်။
တောက်ပသော မျက်ရည်စက်ကလေးက သူတို့၏ မျက်နာပေါ်တွင် နေရာယူနေပေပြီ။ဝမ်ရမ်ရှန် ပန်းကန်လုံးကို ကောက်မလိုက်ပြီး နှုတ်ခမ်းနားတေ့၍ ဆုပ်သောက်လိုက်သည်။
ဟင်းရည်များပါးစပ်ထဲ စီးဝင်သွားသည်နှင့် အသား၏ မွှေးရနံ့ဖျော့ဖျော့ ပေါက်ကွဲထွက်လာသည်။၎င်းဟင်းရည်က အေးမြပြီး ရိုးရှင်းလှသော်လည်း အသား၏ ကြွယ်ဝလှသောမွှေးရနံ့ကို သယ်ဆောင်ထားပေသည်။
ဝမ်ရမ်ရှန်၏ ခန္ဓာကိုယ်အနှံ့ ကြက်သီးမွှေးညှင်းများထလာသည်ကို ခံစားလိုက်ရသည်။
"ကောင်းကင်မြှုပ်နှံခေါက်ဆွဲလို့ ခေါ်ဖို့တကယ်ပဲ ထိုက်တန်ပါတယ်...ချီရန်ချန်းဖုန် မင်းကလည်း ခေါက်ဆွဲဘုရင်လို့ ခေါ်ဆိုဖို့ ထိုက်တန်တယ်..."
တခြားသူများကလည်း ပန်းကန်ပြားကို ပြန်လည်ချလိုက်သည်။သူတို့၏မျက်နာသေများပေါ်တွင် ပြင်းထန်လေးလံလှသောခံစားချက်များကို ထည့်ပေါင်းထားပေသည်။
ဟင်းရည်တစ်ငုံ ခေါက်ဆွဲတစ်လုတ် စားသောက်ပြီးသည့်အချိန်၌ သူတ်ို့၏ စိတ်က သေဆုံးသွားသော ငှက်များ၏ ဝမ်းနည်းကြေကွဲမှုထဲ နစ်မြှုပ်သွားလေပြီ။၎င်းခေါက်ဆွဲပွဲက လူများကို ချစ်ခြင်းမုန်းခြင်း တစ်ပြိုင်တည်းခံစားရအောင် ပြုလုပ်ပေသည်။
ချစ်ခြင်း...အဘယ်ကြောင့်ဆိုသော် အလွန်အရသာရှိသောကြောင့်ဖြစ်၏။မုန်းခြင်း...အလွန်ရက်စက်ကြမ်းကြုတ်လှသောကြောင့်ဖြစ်သည်။
တကယ်တမ်းတွင်လည်း ကောင်းကင်မြှုပ်နှံခေါက်ဆွဲက အလွန်ပင်ရက်စက်ကြမ်းတမ်းလှသော ဟင်းပွဲတစ်ပွဲဖြစ်သည်။၎င်းကိုချက်ပြုတ်ရန်အတွက် ၉၉ကောင်သော ငှက်များကို သတ်ရန်လိုအပ်သည်။
ထိုဟင်းပွဲထဲတွင် မကောင်းသောစွမ်းအင်များ ပြင်းထန်လေးလံလှသော ခံစချက်များ စိတ်ပျက်ဝမ်းနည်းကြေကွဲမှုများ ပါဝင်နေပေသည်။သို့သော်လည်း ခေါက်ဆွဲ၏ အရသာကမူ အလွန်အရသာရှိလှသည်။
"ဒီခေါက်ဆွဲပွဲကို စားပြီးတော့ ငါတကယ်ကို ငိုချင်နေပြီ..."
မုချန်က သွယ်လျသောလက်ကလေးများဖြင့် မျက်ဝန်းထောင့်ကို တို့သုတ်ရင်းပြောလိုက်သည်။တခြားသူများကလည်း သဘောတူစွာဖြင့် လေးလေးနက်နက်ခေါင်းညိတ်လိုက်ကြသည်။၎င်းခေါက်ဆွဲ၏ ကောင်းမွန်သောအရသာက လူအများအပေါ် လုံလုံလောက်လောက်သက်ရောက်မှုရှိပေသည်။
"ကောင်းပြီ အခုငါတို့ ပုဖန်ရဲ့ ဟင်းပွဲက်ို မြည်းကြည့်ရအောင်..."
ဆဋ္ဌမအကြီးအကဲက ဝမ်းနည်းမှုများကို ထိန်းသိမ်းလိုက်ပြီး လေးနက်စွာဖြင့် ပြောလိုက်သည်။မဟာအကြီးအကဲ မရှိတော့သောကြောင့် သူက ဒီနေရာတွင် အဓိကဒိုင်လူကြီးဖြစ်လာပေပြီ။
အားလုံးသဘောတူ ခေါင်းညိတ်လိုက်ကြသည်။သူတို့မျက်လုံးထဲတွင် မျှော်လင့်စောင့်ဆိုင်းမှုများပြည့်နေပေပြီ။ဝမ်းနည်းမှု လွှမ်းခြုံခေါက်ဆွဲ လာရောက်တည်ခင်းလေပြီ။
သူတို့ရှေ့သို့ ခေါက်ဆွဲပွဲ ရောက်လာသည့်အချိန်၌ အားလုံး၏ မျက်နာထားက ကို့ယို့ကားယား ဖြစ်သွားပြီး တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်မိကြသည်။
"ဒီဟင်းပွဲကို ဝမ်းနည်းမှုလွှမ်းခြုံ ဟင်းပွဲလို့ ခေါ်တာလား ဒါပေမယ့် ဘယ်အပိုင်းက ကြည့်ရတာလွှမ်းခြုံပြီး ဘယ်အပိုင်းက ကြည့်ရတာဝမ်းနည်းလဲ ဒီဟင်းပွဲကိုလည်း ကြည့်လ်ိုက်ဦး ...ချီးကိုပဲ ဝမ်းနည်းမှုလွှမ်းခြုံလိုက်..."
ထိုပန်းကန်တွင် ချစ်စရာကောင်းလှသော ကြက်ဥကြော်လေးက ပန်းကန်တစ်ခုလုံးကို ဖုံးအုပ်နေလေသည်။ထိုမျှမကပင် ထိုကြက်ဥကြော်တွင် အပြုံးမျက်နာလေးပါ ပါရှိနေသေး၏။
"လခွမ်း...အရူးလို ရယ်မောခြင်း ခေါက်ဆွဲလို့ပဲ ခေါ်သင့်တယ်...ဘယ်လောက်တောင်ရယ်စရာကောင်းလိုက်လဲ..."
ရန်ယုက ခေါက်ဆွဲပွဲကို အေးစက်စွာစိုက်ကြည့်ရင်း နှာခေါင်းရှုံ့လိုက်သည်။တခြားဒိုင်လူကြီးများလည်း ခေါက်ဆွဲပွဲကို ကြည့်ရင်း မည်သည့် စကားပြောရမည်မသိစွာ စွံ့အနေကြသည်။
"တခြားတစ်ယောက်ရဲ့ ဟင်းပွဲက ဝမ်းနည်းမှုတွေပြည့်နှက်နေတဲ့ ကောင်းကင်မြှုပ်နှံခေါက်ဆွဲလေ ဒီလ်ိုဆိုရင် မင်းကလည်း သူနဲ့ ယှဥ်ပြိုင်ဖို့အတွက် ဝမ်းနည်းမှုလွှမ်းခြုံလို့ခေါ်တဲ့ ခေါက်ဆွဲကိုပဲ ပြုလုအ်သင့်တာမဟုတ်ဘူးလား..."
ကြည့်ရှုနေသူများကလည်း ဆူညံပွက်လောရိုက်နေကြလေသည်။တကယ်တမ်းတွင် သူတ်ို့ ပုဖန်၏ ခေါက်ဆွဲဟင်းပွဲအရသာကို မသိပေ။သို့သော်လည်း ပုဖန်ကမူ သူဖန်တီးပြင်ဆင်ထားသော ခေါက်ဆွဲပွဲက ဆူညံပွက်လောရိုက်သွားစေသည်ကို မသိပေ။သူ့၏ ဒုတိယမြောက်ဟင်းပွဲတွင်သာ အာရုံစူးစိုက်ထားသည်။
သူဒီဟင်းပွဲကို အသုံးပြု၍ ဝမ့်ထုံ၏ စွမ်းအားကို ဖြိုခွင်းရန်လိုအပ်ပေသည်။သူ့၏ စိတ်ဝိညာဥ် ပင်လယ်အတွင်း၌ ဆူပွက်လာသည်နှင့်အမျှ သူ့ပတ်ဝန်းကျင်တွင် စိတ်ဝ်ိညာဥ်စွမ်းအားများမြင့်တက်လာသည်။
ခေါက်ဆွဲဘုရင် ချွီရန်ချန်းဖုန်က ပုဖန်ကို တစ်ချက်ကြည့်လိုက်ပြီးမှ ဒိုင်လူကြီးများဘက်သို့ လှည့်ကြည့်လိုက်သည်။ပုဖန်၏ ဟင်းပွဲက ထိုမျှရိုးရှင်းလ်ိုက်မည်ဟု သူမထင်ပေ။ထို့ကြောင့် သူသာလျှင် အနိုင်ရသူဖြစ်လိမ့်မည်ဟု ယုံကြည်မှုမရှိပေ။
ဝမ်ရမ်ရှန်က ခေါက်ဆွဲပွဲကို မြင်သည့်အခါ၌ သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားပြီးမပီမပြင်ပြုံးလိုက်သည်။
"ကဲပါ အရသာရှိမရှိ မြည်းကြည့်ရအောင် အရသာတောင်မမြည်းစမ်းရသေးပဲ အကဲဖြတ်ဖို့က စောလွန်းပါတယ်..."
သူနှုတ်ခမ်းတစ်ချက်သပ်လိုက်ပြီး တူကို ကောက်ယူလိုက်သည်။ရင်ခုန်မျှော်လင့်နေသော မျက်ဝန်းတစ်စုံဖြင့် ပုဖန်၏ ခေါက်ဆွဲကို ညှပ်ယူလိုက်သည်။
ရှလွတ် ရှလွတ် ရှလွတ်...
ကြည်လင်လှသောအသံက အားလုံး၏ နားထဲ ထိုးဖောက်ဝင်ရောက်သွားသည်။တစ်ချက်မျှဝါးလိုက်ပြီးနောက် ဝမ်ရမ်ရှန်၏ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။
မျက်ဝန်းများပြူးကျယ်သွားပြီး သေးငယ်လှသော သွေးကြောမျှင်လေးများရဲတက်လာသည်။
"ဒါ...ဒါ...ဒါ...ချီ... ဝမ်းနည်းမှူ လွှမ်းခြုံ ..."