အပိုင်း ၇၄၂
Viewers 53k

အခန်း ၇၄၂

ဘယ်လောက်တောင်ကြောက်စရာကောင်းတဲ့ခေါက်ဆွဲလဲ...


ချီး လို ဝမ်းနည်းမှု လွှမ်းခြုံ...


ဝမ်ရမ်ရှန် ခေါက်ဆွဲစားလိုက်သည့်အချ်ိန်မှာပင် သူ့မျက်နာက အံ့သြသင့်မှု ဖြစ်သွားသည်။ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီးမျက်ဝန်းထဲတွင် မယုံကြည်နိုင်မှုများပြည့်နှက်သွား၏။


လျှာဖျားမှ တစ်ဆင့်ဆင့်ပြန့်ကားလာသော အရသာက သူ့တစ်ကိုယ်လုံးကို တုန်လှုပ်သွားစေသည်။၎င်းက နှလုံးသားထိ ပြန့်နှံ့ဖုံးလွှမ်းသွားလေသည်။သူ့၏ ခန္ဓကိုယ်ထဲတွင် ပေါက်ကွဲနေသော မီးတောက်တစ်ခုအလား ချော်ရည်များပွက်ပွက်ဆူနေသလိုပင်ခံစားနေရသည်။သို့သော်


" ဒါက ဝမ်းနည်းမှု လွှမ်းခြုံဆိုတာနဲ့ ဘယ်လိုများဆက်စပ်နေလို့လဲ ..အင်း အရသာကတော့အရမ်းကောင်းတယ်...တစ်လုတ် နှစ်လုတ် သုံးလုတ် ရှလွတ် ရှလွတ် ရှလွတ်..."


ဝမ်ရမ်ရှန် အစားစားနေခြင်းကို မရပ်တန့်န်ိုင်ပေ။သူ့၏ လက်က ခေါက်ဆွဲမျှင်များကို အဆက်မပြတ် ပါးစပ်ဆီသို့ သွားလေသည်။အဖြူရောင်ခေါက်ဆွဲမျှင်လေးများက သန့်စင်လှသော တစ်စုံတစ်ရာကဲ့သို့ အသားကင်အရသာကို တိုးမြင့်ပေးနေသည်။အသားမှထွက်လာသောအဆီရေလေးများကလည်း ခေါက်ဆွဲမျှင်များနှင့် ရောနှောစီးဆင်းနေသည်။ထ်ိုအချိန်၌ ခေါက်ဆွဲ ပြောင်းလဲသော ထူးဆန်းမှုတစ်စုံတစ်ရာဖြစ်ပေါ်စေသည်။


သူ့၏ ဆံပင်များ အပေါ်သို့ ထောင်တက်လာသည်။သ်ို့ေသာ်လည်း ထိုမျှနှင့် မပြီးဆုံးသွားသေးပေ။ဝမ်ရမ်ရှန် အသားတစ်ကိုက်က်ိုက်လ်ိုက်သည်။သူ့၏ မျက်ဝန်းများပြူးကျယ်သွားသည်။ထို့နောက် အလင်းရောင်များတဖြေးဖြေးတောက်ပလာသည်။


နောက်ဆုံး၌ ထိုတောက်ပသော အလင်းရောင်က တဖြေးဖြေးစုစည်းလာပြီး အရည်တစ်စက်အဖြစ် လှိမ့်ဆင်းလာလေသည်။ပေါက်ကွဲထွက်မတက်စပ်သော အရသာတစ်ခု ထ်ိုမျှတွင်မကသေးပဲ သူ့၏ အမှတ်တရများ ခံစားချက်များကိုလည်း ပြန်ပြောင်းမှတ်မိသွားစေသည်။


ပထမဦးဆုံးအကြိမ် ဟင်းချက်ခြင်းကို မှတ်မိခဲ့သည်။ထိုအချိန်က သူသည် နူးညံ့သိမ်မွေ့ပြီး အပြစ်ကင်းစင်သည်။သူ့လက်ထဲ၌ မီးဖိုချောင်သုံးဓားက်ို ကိုင်ဆောင်ထားလျှင် ကောင်းကင်နှင့် စကြာဝဠာ တစ်ခုလုံးကိုပင် ချက်ပြုတ်ရဲသည့် သတ္တ်ိမျိုးလည်းရှိသည်။


ထိုအချိန်ကသူ့၏ မိုက်မဲရူးသွပ်မှုက သူ့၏ရှေ့တွင် အတားအဆီးများစွာကိုပင် ဖြစ်ပေါ်ခဲ့သည်။ယခုတွင်မူ ထ်ိုအခက်အခဲအတားအဆီးများက သူ့၏ မှတ်ဉာဏ်ထဲတွင် ပြန်လည် ပေါ်ပေါက်လာခဲ့သည်။


ဟာ...


ဝမ်ရမ်ရှန် အငွေ့တစ်ချက်မှုတ်ထုတ်လိုက်သည်။ခေါက်ဆွဲကို ဝါးနေရင်း သူ့၏ မျက်နာက နီရဲလာကာ မျက်ရည်များ တလိမ့်လိမ့်စီးကျနေ၏။သူ့နှာခေါင်းက တဖြေးဖြေးပွကားလာသည်။


"ဒီလ်ိုစိတ်လှုပ်ရှားစရာကောင်းတဲ့ လွှမ်းခြုံမှု ..."


ထို့နောက် ချစ်စရာကောင်းလှသော ကြက်ဥကြော်လေးကို တစ်ကိုက်ကိုက်လိုက်သည်။ကောင်းမွန်စွာ ကြော်ချက်ထားသော ကြက်ဥသည် အလွန်ပျော့ပြောင်းပြီး နူးညံ့လှ၏။တစ်ကိုက်တည်းမှာပင် ဝမ်ရမ်ရှန်၏ မျက်ဝန်းများကျဥ်းမြောင်းသွားသည်။သူ့၏ ခန္ဓာကိုယ်က ပျော့ပြောင်းလာပြီး ခန္ဓာကိုယ်ပေါ် ရှိ အရိုးအဆစ်များ ကျယ်လာကာအပူငွေ့များကို ထုတ်လွင့်နေလေသည်။


ထိုကြက်ဥကြော် အတွင်း၌ ကုန်လွန်သွားပြီဖြစ်သော နုပျိုမှုများနှင့် အလှတရားကို ခံစားရစေသည်။၎င်းက ချစ်သူများကြားမှ ခံစားချက်များကို နိုးထစေခြင်းပင်ဖြစ်သည်။


ချက်ချင်းပင် ဝမ်ရမ်ရှန်က ကြက်ဥတစ်ခုလုံးကို ပါးစပ်ထဲထည့်၍ ဝါးလိုက်သည်။ထိုအခိုက်အတန့်မှာပင် အစပ်အရသာက သူ့ကို တစ်ပြိုင်တည်း လွှမ်းမိုးလာလေသည်။အစပ်အရသာက ထိန်းချုပ်မရနိုင်အောင် ပေါက်ကွဲထွက်ပေါ်လာပြီး ဝမ်းနည်းမှုများလွှမ်းခြုံလာသလို ခံစားလိုက်ရကာ င်ိုမိလေသည်။သူမျက်ရည်များကို ပွတ်သုတ်လိုက်သည်။


"ငလူးလိုပဲ ဘယ်လိုဖြစ်လို့ မျက်ရည်က အဲ့ဒီလောက်ကျနေရတာလဲ..."


အားလုံး၏ အကြည့်များက ပြောင်းလဲသွားသည်။သူတို့ ဝမ်ရမ်ရှန်မျက်နာပေါ်မှ မျက်ရည်များကို မြင်လိုက်သည်နှင့် လေအေးတစ်ချက်ရှ်ိူက်လိုက်မိကြသည်။


"ငါမျက်လုံးတွေက ငါကို လှည့်စားနေတာလား...စားဖိုမှူး ဝမ်ရမ်ရှန်က သူငိုနေတာလား...ကလေးတစ်ယောက်လိုမျ်ိုးလေ...သူငိုနေတာက ဝမ်းနည်းမှုလွှမ်းခြုံ ခေါက်ဆွဲကို စားလိုက်တာကြောင့်လား ဘယ်လောက်တောင်ကြောက်စရာကောင်းတဲ့ ဟင်းပွဲလဲ..."


ပွဲကြည့်သူများကလည်း ဝမ်ရမ်ရှန်၏ မျက်ရည်များစီးကျနေသောမျက်နာနီနီက်ို ကြည့်နေကြသည်။ထို့နောက် သူတ်ို့၏ အံ့သြမှုကို ဆူညံပွက်လောရိုက်စွာဖြင့် ဖော်ထုတ်လိုက်ကြသည်။


"ခေါက်ဆွဲတစ်ပွဲက စားဖိုမှူးတစ်ယောက်ကိုတောင် ငိုအောင်လုပ်နိုင်တယ်ပေါ့...အဲ့ဒါက တကယ်ကိုပဲ ဝမ်းနည်းမှုတွေ လွှမ်းခြုံသွားလို့လား..."


တခြားဒိုင်လူကြီးများကလည်း သူ့၏ ကလေးငယ်ကို ခိုးယူခံလိုက်ရသလိုမျိုး ငိုယိုနေသော ဝမ်ရမ်ရှန်က်ို ကြည့်ကာ ပါးစပ်အဟောင်းသားဖြစ်နေကြသည်။


ထို့နောက် သူတို့ရှေ့မှ အငွေ့တထောင်းထောင်းထနေသော ခေါက်ဆွဲကို ေစာင်းငှဲ့ကြည့်လိုက်ပြီး တံတွေးတစ်လုတ်ခက်ခက်ခဲခဲ မျ်ိုချလိုက်ရသည်။


"ခေါက်ဆွဲတစ်လုတ်စားလိုက်ရုံနဲ့ ငိုအောင်လုပ်နိုင်တယ်ဆိုတော့ ဒါက မှော်ပညာပါနေတာလား..."


တခြားသူများကလည်း သူတို့၏ ခေါက်ဆွဲပွဲကို ကောက်ယူ၍ စားရန်ပြင်လိုက်ကြသည်။ပါးစပ်ထဲ ထည့်လိုက်သည်နှင့် သူတို့၏ အမူအရာများအားလုံးတောင့်တင်းသွားကြသည်။


သူတို့ တစ်ယောက်က်ို တစ်ယောက်လှည့်ကြည့်လိုက်ရာ လူတိုင်း၏ မျက်နာပေါ်၌ အံ့သြထိတ်လန့်မှုနှင့် မယုံကြည်နိုင်ဖြစ်နေမှုကို တွေ့လိုက်ကြရသည်။သူတို့၏ ပါးစပ်ထဲတွင် ကောင်းမွန်သောအရသာကဘက်ပေါင်းစုံမှ ဝင်ရောက်လာသလိုမျ်ိုး အရသာခံဖုလေးများကို ဖုံးလွှမ်းသွားသည်။


ခေါက်ဆွဲ၏ လေးပင်သော အရသာနှင့် အသား၏ စိုအိသော နူးညံ့မှုက ပေါင်းစပ်သွားပြီး သူတို့၏ အာရုံများကို ကျူးကျော်ဝင်ရောက်လာသည်။သူတို့ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။သို့သော်လည်း အစပ်ငွေ့များသာ ထွက်ပေါ်လာလေ၏။


တစ်လုတ်ဝါးလိုက်သည်နှင့် ခေါက်ဆွဲထဲပေါင်းစပ်နေသော ဝိုင်၏ အရသာထဲ နစ်မြှုပ်သွားသလို ခံစားလိုက်ရ၏။ကောင်းကင်မြှုပ်နှံခေါက်ဆွဲစားပြီး ရရှိခဲ့သော ဝမ်းနည်းမှုနှင့်လုံးဝကွာခြားနေပေပြီ။


"ဒီခေါက်ဆွဲပွဲက လူတွေကိုပျော်ရွှင်အောင်လုပ်ပေးတာမဟုတ်ဘူးလား...မှားသွားပြီ သူတို့အားလုံးမှားသွားပြီ..."


ဒိုင်လူကြီးများက အသားနှင့် ချစ်စရာကောင်းလှသောကြက်ဥကြော်လေးကို ယူ၍ စားလိုက်သည်။သူတို့၏ မျက်ဝန်းများက နက်ရှ်ိုင်းရီဝေသွားကာ ဖြတ်သန်းကုန်လွန်ခဲ့ဖူးသော အတိတ်မှတ်ဉာဏ်များထဲ နစ်မြှုပ်သွားလေသည်။


ဆဋ္ဌမအကြီးအကဲ၏ မုတ်ဆိတ်မွှေးအစွန်းများက ကော့တက်သွားကာ တလှုပ်လှုပ်ခါနေသည်။သူ့၏ မျက်ဝန်းများက ရီဝေနေပြီး အရေးအကြောင်းများဖြင့် ပြည့်နေသော မျက်နာပြင်က တုန်ယင်နေသည်။မျက်ဝန်းများထဲတွင် မျက်ရည်များ ပြည့်လျှံနေ၏။သူ ကြက်ဥကြော်ကို တစ်ကိုက်က်ိုက်လိုက်သည်နှင့် ထိုမျက်ရည်များက တာကျိုးသွားသကဲ့သို့ ပါးပြင်ပေါ်စီးဆင်းလာလေသည်။


ခေါက်ဆွဲပွဲကို စားလိုက်သည့်အချိန်၌ သူ့၏ ငယ်ချစ်ဦးကို သတိရမိသွားသည်။ပထမဦးဆုံး စားဖိုမှူးအုပ်စုထဲ၌ သူ့၏ ငယ်ချစ်ဦးကို တွေ့ကြုံခဲ့ရခြင်းဖြစ်သည်။သို့သော်လည်း အချိန်များကုန်ဆုံးသွားပြီးသည့်နောက် ဝမ်းနည်စရာအမှတ်တရများသာ ကျန်ရစ်ခဲ့တော့လေသည်။


ဟာ...


ဆဋ္ဌမအကြီးအကဲ သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်သည်။မုချန်၏ မျက်နာက ရှက်သွေးဖြာသလို နီမြန်းနေပြီး နူးညံ့လှသော အသားအရည်ကလည်း ပတ္တမြားအရောင် သန်းနေသည်။၎င်းက သူမကို ပို၍ ဆွဲဆောင်မှုရှိလှစေသည်။


ဟမ်း...


မုချန် အသံတိုးတိုးဖြင့် ငြီးငြူလိုက်သည်။သူမ၏ နှုတ်ခမ်းပါးလေးများက နီရဲနေပြီး မျက်ဝန်းများကလည်း ရီဝေနေလေသည်။သူမ၏ မျက်တောင်ရှည်လေးများက တစ်စက်စက်လှုပ်ခါနေသည်။သူမ၏ ခေါင်းထဲတွင် မှတ်ဉာဏ်ပေါင်းများစွာ တရိပ်ရိပ်ဖြတ်သန်းသွားသည်။အချိန်ခဏမျှကြာပြီးနောက် စားပွဲကိုရိုက်လိုက်ကာငိုချမိလေသည်။


"ဒီခေါက်ဆွဲရဲ့ အရသာက ဘာလ်ို့ အရမ်းကောင်းနေရတာလဲ..."


ဒိုင်လူကြီးများရဲ့ အမူအရာကိကြည့်၍ ပရိတ်သတ်များ ကြောင်အနေကြသည်။ကြက်ဥတစ်လုံးလောက် ပစ်သွင်း၍ ရလောက်အောင် ပါးစပ်အဟောင်းသားဖြစ်နေကြသည်။


မည်သို့ စကားဆိုရမည်မသိတော့ပေ။တရှိုက်ရှိုက် ငိုနေကြသော ဒိုင်လူကြီးများကိုကြည့်၍ ထိတ်လန့်စွာ တိတ်ဆိတ်နေကြသည်။ချွီရန်ချန်းဖုန်၏ မျက်နာက ပြာနှမ်းသွားသည်။ဒိုင်လူကြီးများ၏ အမူအရာကိုကြည့်၍ ရလဒ်ကို သူသိသွားပေပြီ။


စားသောက်ဆိုင်၏ စားဖိုမှူးတစ်ယောက်ဖြစ်လာပြီးသည့်နောက် စားသုံးသူများ၏ အမူအရာကိုကြည့်ကာ အစားအစာကောင်းမကောင်းကို ခွဲခြားသိနိုင်ပေသည်။


ကောင်းကင်မြှုပ်နှံခေါက်ဆွဲက ဒိုင်လူကြီးများကို ထိတ်လန့်ကြောက်ရွံ့မှုနှင့် ကျေနပ်နှစ်သိမ့်မှုရအောင် ပြုလုပ်စေနိုင်ခဲ့သည်။သို့သော်လည်း ထိုမျှအမူအရာမျိုးစုံ ပြောင်းသွားအောင် မလုပ်န်ိုင်ခဲ့ပေ။


"ကောင်းတယ် သူရှုံးသွားပြီ ..."


ခဏအကြာ၌ သူတ်ို့ ခေါက်ဆွဲတစ်ပွဲလုံးကုန်အောင် စားလိုက်ပြီး မျက်ရည်များကို သုတ်လိုက်ကြသည်။


"အခုငါတ်ို့ ရလဒ်ကို ကြေငြာတော့မယ်..."


ဆဋ္ဌမအကြီးအကဲ၏ တည်ငြိမ်လှသော အသံထွက်ပေါ်လာသည်။သူ့၏ နီမြန်းရောင်ရမ်းနေသော နှုတ်ခမ်းများကလည်း တုန်တုန်ရီရီဖြစ်နေသည်။ထ်ိုဟင်းပွဲက အရသာရှိလွန်း၏။သို့သော်လည်း အရမ်းစပ်လွန်းတယ်...


ထိုအစပ်အရသာကပဲ ထိန်းချုပ်မရနိုင်အောင် ဖြစ်နေပြီး သူတို့၏ အမှတ်တရများကို ထွက်ပေါ်လာစေခဲ့သည်။ထိုအစပ်အရသာကြောင့်သာမဟုတ်လျှင် သူတို့ ငိုမိပါ့မလားမသေချာပေ။


ဆဋ္ဌမအကြီးအကဲ စကားဆိုလိုက်သည့်အချိန်တွင် ပရိတ်သတ်များက ချွီရန်ချန်းဖုန်ကို ကြည့်လိုက်ကြသည်။သူတို့ စိုးရိမ်ပူပန်စွာဖြင့် အသက်ရှူပင်အောင့်ထားမိသည်။


"ဒီတော့ အနိုင်ရသူက ဘယ်သူများလဲ..."


.............


ဘုန်း ဘုန်း...


နတ်ဘုရားသတ်တုတ်က အရိပ်များဖြင့် ပြောင်းလဲသွားပြီးနောက် လေဟာနယ်ကို ဖြတ်သန်းလာသည်။ထိုအခိုက်အတန့်၌ နတ်ဘုရားသတ်တုတ်၏ တိုက်ခိုက်မှုကြောင့် ကောင်းကင်ပင် ကျိုးပဲ့ ပျက်စီးသွားသလိုမျိုးထင်ရသည်။


ဝှိုက်တီ၏ ခရမ်းရောင်မျက်ဝန်းများက တဖျတ်ဖျတ်တောက်ပနေသည်။သူ့လက်ထဲရှိ နတ်ဘုရားသတ်တုတ်ချောင်းမှ စွမ်းအင်များပေါက်ကွဲထွက်လာပြီး ဟူဟန်ဆီသို့ ချိန်ရွယ်လာသည်။


ဟူဟန်အလွန်ဒေါသထွက်သွားသည်။သူနတ်ဘုရားသတ်ပုဆိန်ကို ဆုပ်ကိုင်လိုက်ပြီး ဒေါသတကြီးဖြင့် ပြန်လည်တိုက်ခိုက်လိုက်သည်။သူ့၏ နတ်ဘုရားသတ်ပုဆိန်ကလည်း လေဟာနယ်ကို ဖြတ်သန်းလာလေပြီ ။နတ်ဘုရားလက်နက်နှစ်ခုလုံးမှာ အလင်းရောင်များပြန့်ကားလာ၏။


နတ်ဘုရားသတ်ပုဆိန်ဆီမှ စွမ်းအင်များကလည်း အဆက်မပြတ် ပြန့်ကားထွက်ပေါ်လာသည်။သို့သော်လည်း ဟူဟန်၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ မြင့်တက်လာသည်။အဘယ်ကြောင့်ဆိုသော် သူအနောက်သို့ ဆက်တိုက် ရွေ့လျားနေ၏။


မြေပြင်ပေါ်တွင် ခြေစွပ်ကြောင်းရာကြီးပင်ထင်ခဲ့ပြီး ကျောက်တုံးများ ကွဲကြေလွင့်စင်ကုန်သည်။ရုတ်တရက် နတ်ဘုရားသတ်တုတ်က အရှေ့သို့ ရောက်လာသည်။ဟူဟန် ဖိအားများကို ခံစားလိုက်ရသည်။


အဆုံးမဲ့ဖိအားများတိုးပွားလာပြီးနောက် မျက်တောင်တစ်ခတ်အတွင်းမှာပင် ယပ်တောင်ပုံလက်ဖဝါး၏ ရိုက်နှက်ခြင်းကို ခံလိုက်ရသည်။ဟူဟန် ကျုံးဝါးလိုက်သည်။သူက နတ်ဘုရားသတ်ပုဆိန်ကို ကြမ်းတမ်းစွာ ဝှေ့ယမ်းလိုက်ချင်သည်။သို့သော်လည်း နတ်ဘုရားသတ်တုတ်ကသူ့၏ ဓားသွားကို ဖိနှိပ်ထားခဲ့သည်။


သူမည်မျှပင် ကြိုးစားပါစေ၎င်းကို တွန်းထုတ်နိုင်စွမ်းမရှိပေ။ယခုအချိန်တွင် သူ့၏ ခေါင်းအထက်၌ စိတ်ဝိညာဥ် လှေကားပေါ်လာပြီး အလင်းရောင်များထုတ်လွင့်သည်။


သို့သော်လည်း ဟူဟန် ကြောင်အသွားသည်။သူအကောင်းဆုံးကြိုးစားခုခံ နေချိန်မှာပင် လက်ဖဝါးတစ်ဖက်က သူ့၏ မျက်နာကို မိတ်ဆတ်သွားလေသည်။ဟူဟန် အနောက်သို့ ဆုတ်လိုက်ရသည်။ဝှိုက်တီ၏ တိုက်ခိုက်မှုက အောင်မြင်သွားလေပြီ။


"အားနည်းချက်ကို အမိဖမ်းဆုပ်ပြီး မင်းရဲ့ အသက်ကို ယူမယ်..."


နောက်ထပ် လက်ဖဝါးတစ်ချက် ထပ်မံ ရောက်ရှိလာပြီး ဟူဟန်ကအဝေးသ်ို့ လွင့်ထွက်သွားသည်။သူ့၏ ခေါင်းထက်မှ စိတ်ဝိညာဥ် လှေကားလည်း ပျောက်ကွယ်သွားသည်။ဝှိုက်တီက လက်ကြီးသက်သက်တိုက်ခိုက်ရခြင်းကို ပို၍ နှစ်သက်သည်။သူက နတ်ဘုရားသတ်တုတ်ဖြင့် နတ်ဘုရားသတ်ပုဆိန်ကို ဖိနှိပ်ထားပြီးနောက် ဟူဟန်ကို လက်တစ်ဖက်ဖြင့် ဆွဲမလိုက်သည်။


ထို့နောက် သူ့၏ အဝတ်အစားများကို ချွတ်ပစ်လိုက်ပြီး လေထဲ လွင့်ပစ်လိုက်၏။ဟူဟန် သွေးတစ်လုတ်အန်လိုက်ရပြီး အဝေးသို့ လွင့်ထွက်သွားလေသည်။


ဟူဟန်၏ မျက်ဝန်းထဲ၌ ဒေါသမီးလျှံများတောက်လောင်လာသည်။


"ငါမင်းကို လုံးဝအလွတ်မပေးဘူး...ငါကျဆုံးရင် မင်းကိုပါ ဆွဲချမယ်..."


သူ့၏ အဝတ်အစားများပျက်စီးသွားပြီး အတွင်းခံဘေးတစ်ခုသာကျန်တော့သည်။၎င်းက တခြားအရာများစွာထက် ပို၍ ရှက်စရာကောင်းလှသည်။


သူ့၏ မျက်နာကလည်း ဝှိုက်တီ၏ ရိုက်ချက်ကြောင့် ရောင်ကိုင်းနေသည်။ဟူဟန်၏ ဒေါသများတလူလူ အငွေ့ထွက်လာသည်။သူလေထဲသို့ ပျံတက်လိုက်ပြီး ဝှိုက်တီနှင့် ရင်ဆိုင်လိုက်သည်။လူတစ်ယောက်နှင့် စက်ရုပ်တစ်ယောက်က သူသေကိုယ်သေ တိုက်ခိုက်နေကြလေပြီ။


ထန်း...


သူတို့၏ လက်သီးချက်ခြင်းထိပ်တိုက်တွေ့ဆုံသွားကြသည်။ဟူဟန်၏ လက်မောင်းက တုန်ခါသွားပြီး သူ့၏ ကိုယ်တွင်း အင်္ဂါများ နာကျင်သွားသလို ခံစားလိုက်ရသည်။


ဝှိုက်တီအနားမှနေ၍ အနောက်သို့ ပြန်ဆုတ်လိုက်သည်။သတ်၍ မရနိုင်သော ရုပ်သေးရုပ်က သူ့ကို ကြောက်ရွံ့တုန်လှုပ်မှုကို ခံစားရစေသည်။သို့သော်လည်း ဝှိုက်တီက အရူးမဟုတ်ပေ။ဟူဟန်ကို ဒီတိုင်း လွှတ်လိုက်မည်မဟုတ်ပေ။သူ့နောက်ကျောမှ သတ္တုတောင်ပံ တစ်ခုက တုန်ခါလာပြီး ဓားပျံများပစ်လွှတ်လိုက်လေသည်။


ဓားပျံများက မြေပြင်ပေါ်စိုက်သွားပြီး ဟူဟန်၏ ထွက်ပေါက်ကို ပိတ်ဆို့လိုက်သည်။ဟူဟန်၌ ပြန်လည်တိုက်ခိုက်ရန် အားအနည်းငယ်ပင်မရှိတော့ပေ။သူ ရိုက်ခံထားရသောကြောင့် နာကျင်မှုများ ပြည့်နှက်နေပေပြီ။


"ဘယ်လို တိုက်ခိုက်နိုင်တော့မလဲ ဘယ်လိုခုခံနိုင်မလဲ ထိုအခိုက်အတန့်က သူ့ဘဝတစ်လျှောက်လုံး၌ဝမ်းနည်းနာကျင်ရဆုံးအခိုက်အတန့်ပင်ဖြစ်သည်။


၎င်းက ချူချန်းရှန်၏ အနိုင်ယူခြင်းခံရသည်ထက်ပင် ဆိုးရွားလွန်းလှသည်။ဒီရုပ်သေးက သူ့၏ အိပ်မက်ဆိုးပင်ဖြစ်သည်။ကောင်းကင်ဘုံက သူ့၏ဂုဏ်သိက္ခာများကို ချေမွရန် စေလွှတ်လိုက်ခြင်းဖြစ်ပေမည်။


ဘန်း ဘန်း...


ဟူဟန်၏ နှာခေါင်းမှ သွေးများစီးကျလာသည်။သူ့၏ အရိုးများအားလုံး ကျ်ိုးပဲ့တော့မလို ခံစားလိုက်ရသည်။ထို့နောက် သူအနောက်သို့ လှန်ကျသွားပြီး နောက်တစ်ကြိမ်သွေးအန်လိုက်လေသည်။


ဝှိုက်တီ၏ ဒေါသများအပြည့်ဖြင့် မီးခိုးရောင်မျက်ဝန်းများက နက်ရှ်ိုင်းလှသော တွင်းနက်ကြီးအလားပင် သူက ဟူဟန်၏ အရှေ့တွင်ရပ်၍ နတ်ဘုရားသတ်လှံကို ဝှေံယမ်းလိုက်သည်။သူ့၏ တခြားလက်တစ်ဖက်တွင်လည်း ဟူဟန်၏ နတ်ဘုရားသတ်ပုဆိန်ကို ကိုင်ဆောင်ထားသည်။


ဘုန်း ဘုန်း ဘုန်း...


ထိုနေရာ၏ အပြင်ဘက်၌ ပြင်းထန်လှသော အော်ရာများအဆက်မပြတ် ပေါက်ကွဲသံများထွက်ပေါ်လာသည်။ကျင့်ကြံသူတစ်ယောက်က ပုံရိပ်တစ်ခုက အလျင်စလိုပင် ပျံသန်းလာနေသောကြောင့် လေဟာနယ်ပင် တုန်ခါနေသည်။


"ငမိုက်သား မင်းက ငါတို့ ကောင်းကင်နွေဦးသန့်စင်နယ်မြေကလူကို တိုက်ခိုက်ရဲတဲအပြင် ငါတို့ရဲ့ နတ်ဘုရားသတ်လက်နက်ကိုလည်း လုရဲတယ်ပေါ့...မင်းက အကြိမ်ထောင်ချီ သေဆုံးဖို့ တောင်းဆိုနေတာပဲ..."


ဘုန်း ဘုန်း ...


နားကွဲလောက်ဖွယ် အသံကျယ်ကြီး ဟိန်းထွက်လာသည်။ချူချန်းရှန်က နောက်ဆုံးသော ရွှေသံချပ်ကာဝတ် သူ၏ ဝတ်စုံကို ခွဲကြည့်လိုက်ပြီးနောက် အသံလားရာဆီ လှမ်းကြည့်လိုက်သည်။သူ့၏ မျက်နာက ပို၍ တင်းမာခတ်ထန်သွားသည်။


"နောက်ဆုံးတော့ကောင်းကင်နွေဦးသန့်စင်နယ်မြေရဲ့ ကြီးမြတ်သောတန်ခိုးအဆင့် ကျင့်ကြံသူ ရောက်လာပြီပဲ..."