အပိုင်း ၇၄၃
Viewers 53k

အခန်း ၇၄၃

စစ်ပွဲစတင်ပြီ...


ကြီးမြတ်သော တန်ခိုးအဆင့် ကျင့်ကြံသူတစ်ယောက်က တိမ်များကိုဆွဲဖြဲကာ လေဟာနယ်ကိုဖြတ်သန်း၍ ထွက်ပေါ်လာသည်။မသေမျိုးစိတ်ဝိဉာဥ် အထွဠ်အထိပ်အဆင့်ကျင့်ကြံသူများကို. ကြီးမြတ်သော တန်ခိုးအဆင့်ဟုခေါ်ဆိုကြသည်။မှန်ပေသည်။ မသေမျိုး စိတ်ဝိဉာဥ်လှေကားရှစ်ဆင့် ကျင့်ကြံသူ ကိုလည်းကြီးမြတ်သော တန်ခိုးအဆင့်ဟုတွေးနိုင်ပေသည်။ 


ထို့အပြင် မသေမျိုး ဝိဉာဥ် လှေကားကိုးဆင့် သို့မဟုတ် ကြီးမြတ်သော တန်ခိုးအဆင့် အလယ်ဆင့်ဆိုလျှင် စိတ်ဝိဉာဥ် သခင်နယ်ပယ်သို့ ခြေတစ်လှမ်းလှမ်းပြီးဟု ဆိုနိုင်ပေသည်။ထိုအဆင့်ဆိုလျှင် ဂိုဏ်းတည်ထောင်သူ အရှင်သခင်များနှင့် အဆင့်တူဟုလည်းဆိုနိုင်ပေသည်။ 


သို့သော်လည်း သန့်စင်နယ်မြေများတွင်တောင်မှ ထိုအဆင့်ကျင့်ကြံသူက ရှားပါးလာသည်။ ချူချန်းရှန် ၏မျက်ဝန်းများက တောက်ပသွားပြီးသူ၏ အော်ရာများတိုးမြင့်လာသည်။ သူလေဟာနယ်ကို ဖြတ်သန်းလာသော ကြီးမြတ်သော တန်ခိုးအဆင့် ကျင့်ကြံသူကိုကြည့်လိုက်သည်။ချူချန်းရှန်က စိတ်ဝိဉာဥ် လှေကားရှစ်ဆင့်သို့ ရောက်ပြီဆိုသော်လည်း ကြီးမြတ်သော တန်ခိုးအဆင့်နိမ့်ဟု ဆိုနိုင်ပေသည်။


ထို့ကြောင့် ကောင်းကင်နွေဦးသူတော်စင်နယ်မြေက ပြသာနာများကို ဖြေရှင်းရန် ကြီးမြတ်သော တန်ခိုးအဆင့်ပညာရှင်တစ်ယောက်ကို စေလွှတ်လိုက်ခြင်းဖြစ်ပေလိမ့်မည်။သူတို့က အစားကြူးတောင်ကြား၏ အမွေအနှစ်များကို အင်အားသုံး၍လုယူချင်နေသည်။ သို့သော်လည်းသူ ချူချန်းရှန် ခွင့်ပြုမလားဟုမေးရပေမည်။ 


"ကြီးမြတ်သော တန်ခိုးအဆင့်တစ်ယောက်ပို့လိုက်တာနဲ့ အစားကြူးတောင်ကြားကို ဖိနှိပ် နိုင်သွားပြီဟု ထင်နေတာလား..ဟမ်..သန့်စင်နယ်မြေ တွေက အစားကြူးတောင်ကြားရဲ့ စွမ်းအားအကုန်ကိုမသိဘူးပဲ..."


ဝီ..


အဖိုးကြီးလင်းက အေးစက်လှသော မျက်နှာထားဖြင့် လေဟာနယ်ကိုဖြတ်သန်းလာခဲ့သည်။ သူခြေချလိုက်သည့် ေနရာ၌ လေဟာနယ်လှိုင်းများက ပန်းတစ်ပွင့်ပွင့်လန်းသလိုပင် လှုပ်ခါလာသည်။ သူက လက်နှစ်ဖက်ကိုနောက်ပစ်၍ မျက်ဝန်းသေများဖြင့်ကြည့်လိုက်သည်။ သူ၏ အဆုံးမဲ့အော်ရာများကလည်း ပတ်ဝန်းကျင်တွင် လှုပ်ရှားလူးလွန့်နေသည်။ ၄င်းကကြီးမြတ်သော တန်ခိုးအဆင့်တစ်ယောက်၏ မောက်မာမှုပင်ဖြစ်သည်။


သူက မြေမြင်ပေါ်တွင် လဲကျ၍ သေခါနီးခွေးတစ်ကောင်ကဲ့သို့သွေးအန်နေသော ဟူဟန်ကိုကြည့်လိုက်သည်။ သူ၏ အော်ရာများက ပို၍ပင်ကြောက်စရာကောင်းလှသည်။ ကျောက်ခရမ်းအကြီးအကဲက တကယ်ကိုရှေ့ရေး ကြိုမြင်လာသည်။ 


ဒီတစ်ကြိမ်အစားကြူးတောင်ကြား၏ စစ်ဆင်ရေးက မရိုးရှင်းဘူးဟုသိနေခဲ့သည်။ အမှိုက်လိုဟူဟန်က အခွင့်ရေးကို ဖြုန်းတီးခဲ့လေသည်။ သို့သော်လည်း သူကံကောင်းထောက်မစွာ ဖြင့် သူဒီကိုရောက်နေလသည်။ အဖိုးကြီးလင်း၏ မျက်ဝန်းများက လက်လက်တောက်သွားလေသည်။ 


သူလက်တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် မြို့အပြင်ဘက်မှာ သတ်ဖြတ်ခြင်းအငွေ့သက်များဖြာထွက်လာပြီး ပုံရိပ်သုံးရိပ်အလျင်စလို ထွက်ပေါ်လာသည်။ ထိုသူများက အဖိုးကြီးလင်း၏ အဖွဲ့ဝင်များဖြစ်သော ရွှေ သံချပ်ကာဝတ် ကာကွယ်စောင့်ရှောက်သူများဖြစ်သည်။ 


သူတို့တစ်ယောက်ချင်းစီက ကြီးမြတ်သော တန်ခိုးအဆင့်သို့ရောက်လုနီးပါးဖြစ်နေကြသူများဖြစ်သည်။ သူတို့၏ တည်ရှိမှုက အစာကြူးတောင်ကြားကို သိမ်းပိုက်ရန် လုံလောက်နေပေသည်။ ဝှိုက်တီက နတ်ဘုရားသတ်ပုဆိန်ကိုလက်တစ်ဖက်ဖြင့်ကိုင်ထားပြီးလေဟာနယ်ကို ဖြတ်သန်းရောက်ရှိလာသော အဖိုးကြီးလင်းကိုကြည့်နေသည်။


ထိုခဏ၌ ဝှိုက်တီ၏ ဝမ်းဗိုက်က လှုပ်ခတ်သွားပြီးနောက် နက်ရှိုင်းလှသော အနက်ရောင် တွင်းပေါက်ကြီးပေါ်လာသည်။ ဝှိုက်တီ လက်တစ်ဖက်ကို ရမ်းခါလိုက်ပြီးနောက် နတ်ဘုရားသတ်ပုဆိန်ကို ထိုအပေါက်ထဲပစ်ထည့်လိုက်သည်။အဖိုးကြီးလင်း ချက်ချင်းပင် ဒေါသတကြီးအော်ဟစ်လိုက်သည်။ 


"ဘယ်လိုတောင် ရဲတင်းတဲ့ ရုပ်သေးရုပ်လဲ..."


သူ၏ အသံက မိုးခြိမ်းသံအလားကျယ်လောင်နေသည်။ လေဟာနယ်ထဲတွင် စွမ်းအင်စီးကြောင်းထောင်ပေါင်းများစွာစုစည်းလာပြီးကြီးမားလှသော စွမ်းအင်လက်တစ်ဖက်ဖြစ်ပေါ်လာသည်။ လေဟာနယ်ကိုဖြတ်သန်း၍ ဝှိုက်တီကိုပုတ်လိုက်သည်။ တိမ်များပင်အရောင်ပြောင်းသွားပြီး မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပင်

ဝှိုက်တီ၏ လှုပ်ရှားမှုများက မရပ်တန့်သွားပေ ။


နတ်ဘုရားသတ် ပုဆိန်ကို သူ၏ ဝမ်းဗိုက် အတွင်းသို့ ဆက်လက်သွပ်သွင်းနေခဲ့သည်။

တစ်ကြိမ်ထဲမှာပင် အနက်ရောင်တွင်းပေါက်ကြီးကလည်းစတင်၍ လည်ပတ်လာသည်။ 

၄င်းစတင်ရွေ့လျားလာသည်နှင့် ပုဆိန်သွားကအပ်ကြောင်း များ ထင်လာလေသည်။ နောက်မှ ရောက်ရှိလာသော ကျင့်ကြံသူအများပြားက ထိုမြင်ကွင်းကိုမြင်လိုက်ရပြီး လေအေးတစ်ချက်ရှိုက်လိုက်သည်။ 


"ဒီရုပ်သေးရုပ်ကဘာလုပ်ချင်နေတာလဲ...သူ အဲဒီ နတ်ဘုရားသတ်လက်နက်ကို ဝါးမြိုချင်နေတာလား..."


နှလုံး ခုန်သံများ မြန်ဆန်လာသလိုပင်ခံစားလိုက်ရသည်။ သူတို့ထဲမှ အများစုက ကြီးမြတ်သော တန်ခိုးအဆင့်များဖြစ်သောကြောင့် သန့်စင်နယ်မြေများမှ ပေးအပ်ထားသော နတ်ဘုရားသတ်လက်နက်များရှိကြပေသည်။ သူတို့၏ ရည်ရွယ်ချက်ကလည်း ကောင်းကင်နွေဦးသန့်စင် နယ်မြေကဲ့သို့တောင်ကြား၏ အမွေအနှစ်များ ရယူရန်ဖြစ်သည်။ ထိုအမွေအနှစ်များ ရခဲ့လျှင် သူတို့၏ သန့်စင်နယ်မြေက ပိုမိုအားကောင်းလာပေလိမ့်မည်။ 


သူတို့၏ သန့်စင်နယ်မြေများက နွေဦးကောင်းကင် သန့်စင်နယ်မြေလို ကျင့်ကြံသူအများကြီး စေလွှတ်လိုက်ခြင်းမဟုတ်ပေ။

ဒီနေရာသို့ ပြန်ပေးဆွဲ ရောက်ရှိလာသော သူတော်စင်သမီးတော်ကိုထည့်၍ မတွက်သေးလျှင်ပင် ရွှေ သံချပ်ကာဝတ် အစောင့်သုံးဦး 

နတ်ဘုရားသတ် လက်နက်ကိုင်ဆောင်သူ ကျင်ကြံသူ တစ်ဦးနှင့် ကြီးမြတ်သော တန်ခိုးအဆင့်ကျင့်ကြံသူ တစ်ဦးရှိနေပေသည်။


အားလုံးက ဝှိုက်တီ၏ ဝမ်းဗိုက်ထဲသို့ ရောက်ရှိ ကျိုးပဲ့သွားသော နတ်ဘုရားသတ်ပုဆိန်ကိုကြည့်ကာ တုန်လှုပ်နေကြသည်။ဝှိုက်တီ၏ မျက်ဝန်းများက တစ်လက်လက်တောက်ပလာပြီး ၄င်း၏ အော်ရာများကလည်း ပို၍ ကြောက်စရာကောင်းလှသည်။


"သေပေတော့..."


အဖိုးကြီးလင်းဒေါသတကြီးအော်ဟစ်လိုက်သည်။


"ဒီရုပ်သေးက နတ်ဘုရားသတ်ပုဆိန်ကိုစားရဲတယ်ပေါ့လေ ...ဘယ်သူက သူကိုအဲလိုလုပ်ခွင့်ပေးလိုက်လို့လဲ..."


အဖိုးကြီးလင်းက လက်ဖဝါးရိုက်ချက်တစ်ချက် ထုတ်လွှင့်တော့မည့်အချိန်မှာပင်သူ၏ အမူအရာက ပြောင်းလဲသွားသည်။သူက ကောင်းကင်ယံဆီသို့ ပြန်တတ်လာသည်။ သူ၏ အပေါ်ပိုင်း အဝတ်စားများက စုတ်ပြဲနေပြီး ကြံခိုင်လှသော ကြွက်သားများကို ထုတ်ဖော်ပြသထားသည်။၄င်းက ချူချန်းရှန်ပင်ဖြစ်သည်။သူ၏ ဆံပင်များက လေအကြိမ်ဖြင့် လွင့်ပျံနေသည်။


ချူချန်းရှန် လေထုထဲသို့လက်သီးတစ်လုံးပစ်လွတ်လိုက်သည်။ မြှောက်မြားလှစွာသော စွမ်းအင် လှိုင်းများစုစည်းလာပြီးကြီးမားလှသော လက်သီးပုံရိပ်ကြီးဖြစ်ပြောင်းလဲသွားသည်။ 

လက်သီးချက်ကို ထုတ်လွတ်လိုက်သည်နှင့် ကမ္ဘာမြေပင်တုန်ခါသွားလောက်စေသော စွမ်းအင်လှိုင်းများ ပေါက်ကွဲထွက်ပေါ်လာသည်။


ဘုန်း...ဘုန်း


ကြောက်မက်ဖွယ်ရာစွမ်းအင်လှိုင်းများ ပြန့်ကားထွက်ပေါ်လာပြီး ဖုန်အမှုန့်များ လိမ့်တတ်လာခါ မြင်ကွင်းများကို ဖုံးကွယ်သွားသည်။ချူချန်းရှန် က ကောင်းကင်ထက်တွင် မျှော်လွင့်၍ မုန်တိုင်းတစ်ခုကဲ့သို့ ပြင်းထန်လှသော အော်ရာများကို ထုတ်လွင့်ထားသည်။


အဖိုးကြီးလင်းပြုလုပ်လိုက်သော လက်ဖဝါးရိုက်ချက်က ချူချန်းရှန် ၏ လက်သီးချက်ကြောင့် ပြိုကွဲသွားသည်။ သူတို့နှစ်ဦး၏ မျက်ဝန်းများက လျှပ်စီးတန်းများဖြာထွက်နေသည်။


"ချူချန်းရှန် အစားကြူးတောင်ကြားရဲ့ ချူချန်းရှန်...မင်းက ငါ့ကိုဟန့်တားချင်တာလား..."


အဖိုးကြီးလင်းက အေးစက်စွာပြောလိုက်သည်။ သို့သော်လည်း ချူချန်းရှန်က ကျယ်လောင်စွာကျုံးဝါး၍သာတုံပြန်လိုက်သည်။


ချူချန်းရှန်၏ ခန္ဓာကိုယ်မှ အလင်းများဖြာထွက်လာသလို တင်ရသည်။သူ့ကိုကြည့်ရသည်မှာ အနည်းငယ် စိတ်လှုပ်ရှားနေပုံပေါ်သည်။တကယ်တမ်းတွင်လည်း သူပျော်နေမိသည်။သူ ကြီးမြတ်သောတန်ခိုးအဆင့်သို့ ရောက်ပြီးနောက် ပထမဦးဆုံးအကြိမ် သူ့၏ စွမ်းအားများကို အသုံးပြုနိုင်သောပြိုင်ဘက်တစ်ယောက်ကို တွေ့ကြုံခြင်းဖြစ်သည်။


သူ့၏ ခန္ဓာကိုယ်က အလင်းတန်းတစ်ခုသဖွယ် လေဟာနယ်ကို ဖြတ်သန်းသွားပြီး အဖိုးကြီးလင်းရှိရာသို့ ဦးတည်သွားလိုက်သည်။


ဝှစ် ဝှစ် ...


ရွှေသံချပ်ကာဝတ် ကာကွယ်သူသုံးဦးက ချူချန်းရှန်ကို ဟန်းတားလိုက်ကြသည်။သူ့၏ မျက်ဝန်းများက အနီရောင်အလင်းတန်းများထုတ်လွင့်နေသည်။သူတိူ့လက်ထဲမှ ဆေဘာဓားရှည်က မြောက်တက်လာပြီး ချူချန်းရှန်ဆီသို့ လွှဲခုတ်လိုက်သည်။


ထို ရွှေသံချပ်ကာဝတ်ကာကွယ်သူ သုံးဦးက မသေမျိုးဝိညာဥ်အဆင့် လှေကား ၇ဆင့် ရှိသူမျှ ဖြစ်သည်။သူတို့၏ စွမ်းအားများကလည်း သာမန်လူများ ရင်မဆိုင်နိုင်သည့် အရာဖြစ်သည်။


သို့သော် ချူချန်းရှန်ကတော့ ရင်ဆိုင်ရဲပေသည်။သူထိုသုံးယောက်နှင့် တွေ့ဆုံခဲ့ရသော်လည်း အနည်းငယ်မျှပင် နောက်ဆုတ်မသွားပေ။သူထိုသုံးယောက်လုံးကို ချေမှုန်းရန်ဆုံးဖြတ်လိုက်သည်။


သူ့ခန္ဓာကိုယ်ရှိ ကြွက်သားများက နဂါးတစ်ကောင်ကဲ့သို့ ဖောင်းကြွလာသည်။သူ မာန်သွင်းဟစ်ကြွေးလိုက်ပြီး သူ့ဆီသို့ လွှဲချလာသော ဆေဘာဓားများကို ဖမ်းဆုပ်လိုက်သည်။


ချူချန်းရှန်၏ အသက်ဇီဝှိါန်ကို ချွေပစ်မည့် ဓားစွမ်းအင်များက အပိုင်းပိုင်းပြိုကွဲသွားသည်။ချူချန်းရှန် ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် လက်ကိုင်နှစ်ဖက်ပါသောမီးဖ််ိုချောင်သုံးဓားတစ်လက် လွင့်ပျံထွက်လာသည်။


ထိုဓားက သူ့လမ်းကြောင်းတွင်ရှိနေသော အရာရာတိုင်းကို ဖြိုခွဲနိုင်ပုံပေါ်လေသည်။


ဘုန်း...


ရွှေသံချပ်ကာဝတ် ကာကွယ်သူနှစ်ယောက် လွင့်ထွက်သွားသည်။ချူချန်းရှန်က ကာကွယ်စောင့်ရှောက်သူတစ်ယောက်ကို ဖမ်းဆုပ်လိုက်ပြီး သူ့၏လက်သီးကို မြောက်လိုက်သည်။သူ့၏ လက်သီးထဲ၌ အစစ်အမှန်စွမ်းအားများစုစည်းလာပြီးနောက် ထိုလူ၏ ခေါင်းကို ထ်ိုးနှက်ချလိုက်သည်။


ရွှေရောင်ချပ်ဝတ်တန်ဆာက ကျိုးပဲ့သွားသည်။ကာကွယ်စောင့်ရှောက်သူက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ပြင်းထန်စွာ ရုန်းကန်လိုက်သည်။သူ့၏ ခေါင်းစောင်းက ကျ်ိုးပဲ့သွားပြီးနောက် ကြမ်းတမ်းရက်စက်သော တိရစ္ဆာန်ဦးခေါင်းပေါ်လာသည်။ထိုတိရစ္ဆာန်ခေါင်းက သွေးများဖြင့် ပြောင်လက်နေသည်။


"ချူချန်းရှန်က အဲ့ဒီလောက်တောင် စွမ်းအားကြီးတယ်လား...ကောင်းကင်နွေဦး သန့်စင်နယ်မြေက အကြီးအကဲရဲ့ တွက်ချက်မှုက မှားသွားတာလား..."


ချူချန်းရှန်က အမြဲတမ်းဝက်တစ်ကောင်လို ဟန်ဆောင်နေခဲ့သည်။တကယ်တမ်းတွင် သူက ဝက်ကိုစားမည့် ကျားတစ်ကောင်ဖြစ်သည်။သူ့၏ အစစ်အမှန်စွမ်းအင်အဆင့်က ကြီးမြတ်သော တန်ခိုးအဆင့်သို့ ရောက်နေပေပြီ။


"အစားကြူးတောင်ကြားမှာလည်း ကြီးမြတ်သော တန်ခိုးအဆင့် ရှိနေပြီပေါ့..."


အဖ်ိုးကြီးလင်း၏ မျက်ဝန်းများကျဥ်းမြောင်းသွားသည်။ချူချန်းရှန်က အလင်းကဲ့သို့ အမြန်နှုန်းဖြင့် ကြီးမြတ်သောတန်ခိုးအဆင့်သို့ ရောက်သွားလိမ့်မည်ဟု မထင်ထားမိပေ။သူက ရွှေသံချပ်ကာဝတ်ကာကွယ်သူသုံးယောက်ကို တစ်ချက်တည်းဖြင့် နှိမ်နင်းလိုက်သည်။


ကြီးမြတ်သောတန်ခိုးအဆင့်မှလွဲ၍ မည်သူမှ ထိုသို့ လုပ်နိုင်လောက်မည်မဟုတ်ပေ။ချူချန်းရှန်၏ မျက်ဝန်းများက အေးစက်ကြမ်းတမ်းလာသည်။သူ့၏ မုတ်ဆိတ်ဖြူများနှင့် ဆံပင်ဖြူများက လွင့်ခါနေပြီး ကြွက်သားများက ဖောင်းကားနေသည်။


ရွှေသံချပ်ကာဝတ်အစောင့်၏ ခေါင်းဆောင်းကို ထိုးနှက်လိုက်ချိန်၌ ကမ္ဘာမြေကြီးက ခေါင်းလောင်းတီးသလိုအသံများပဲ့တင်ထပ်သွားသည်။ထိုကာကွယ်စောင့်ရှောက်သူက မြေပြင်ပေါ်တွင် အချိန်အတော်ကြာအောင် ရုန်းကန် တွန့်လိမ်နေခဲ့သည်။မကြာခင်မှာပင် သူ့၏ ခေါင်း ပေါက်ကွဲသွားပြီး လှုပ်ရှားမှု မရှိတော့ပေ။


လုံးဝ ကျဆုံးသွားပြီ တခြားကာကွယ်သူနှစ်ယောက်က စူးရှကျယ်လောင်စွာအော်ဟစ်လိုက်သည်။သူတို့၏ မျက်ဝန်းများက သွေးကဲ့သို့ ရဲရဲနီလာသည်။


ရွှေသံချပ်ကာဝတ် ကာကွယ်သူ ၁၃ဦးတွင် တူညီသော အော်ရာများပိုင်ဆိုင်ထားကြသည်။သူတို့ထဲမှ တစ်ယောက်ကို သတ်လိုက်လျှင် သူတို့၏ ဒေါသများ ထိန်းမရနိုင်ဖြစ်လာပေလိမ့်မည်။


"ဒီလူသားသေရမယ်..."


အဖိုးကြီးလင်းကလည်း ဒေါသတကြီးအော်ဟစ်လိုက်သည်။သူ့၏ ဒေါသများကလည်း နှိုင်းဆမရနိုင်လောက်အောင်ကျော်လွန်များပြားနေပေပြီ။


ထ်ို့နောက် သူ့၏ လက်ထဲတွင် ပုဆ်ိန်သွားတက် လှံရှည်တစ်ချောင်းပေါ်လာသည်။၎င်း၏ အော်ရာများက အေးစက်ကြမ်းတမ်းလှသည်။ရုတ်တရက် လှုပ်ရှားသွားသည်။သူ့၏ အော်ရာများက လေဟာနယ်ကိုပင် ဖြတ်တောက်ပစ်တော့မလို ထင်ရသည်။


နတ်ဘုရားသတ်လက်နက် မဟုတ်သော်လည်း နတ်ဘုရားသတ်လက်နက်ထက် အားနည်းလိမ့်မည်မဟုတ်ပေ။ထိုအချိန်တွင် ဝှိုက်တီက နတ်ဘုရားသတ်ပုဆိန်ကို စားသောက်ပြီးစီးသွားလေပြီ ။သူ့၏ မျက်ဝန်းများက တဖျတ်ဖျတ် လင်းလက်တောက်ပလာပြီးနောက် သူ့၏ ခန္ဓာကိုယ်က တောင့်တင်းသွားသည်။


ထို့နောက် အနက်ရောင်တွင်းပေါက်ကြီးက ပြန်လည်ပိတ်သွားသော်လည်း ဝှိုက်တီက အနည်းငယ်မျှပင် လှုပ်ရှားမှုမရှ်ိပဲ နေရာမှာသာရပ်နေသည်။ဝှိုက်တီ၏ ခေါင်းပေါ်တွင် လှဲနေသောပုစွန်ပိစိကရပ်လိုက်ပြီး သူ့၏ မျက်လုံးပြူးပြူးများက လှည့်လည်ကြည့်နေလေသည်။


"အစောပိုင်းကြီးမြတ်သော တန်ခိုးအဆင့်ကို ရောက်နေတဲ့ ငါတို့ သန့်စင်နယ်မြေရဲ့ ကာကွယ်သူတစ်ယောက်ကိုမင်းသတ်လိုက်တယ်...ချူချန်းရှန် မင်းသေသင့်တယ်..."


အဖ်ိုးကြီးလင်းက အော်ဟစ်လိုက်ပြီး အရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။လေဟာနယ်ကွဲပျက်သွားပြီး ချူချန်းရှန်၏ ရှေ့တွင် ပြန်လည်ထွက်ပေါ်လာသည်။အသွားနှစ်ဘက်ပါ မီးဖိုချောင်သုံးဓားက လေထဲတွင်ပြန်လည် ပျံသန်းသွားသည်။ချူချန်းရှန် ဓားကို ဖမ်းပြီးနောက် ပုဆိန်သွားတက်လှံရှည်ကို ပုတ်ထုတ်လိုက်သည်။


ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းများက ပတ်ဝန်းကျင်ကို ပြန့်နှံ့ရိုက်ခတ်သွားသည်။တခြားသန့်စင်နယ်မြေများမှ ကျင့်ကြံသူများက ထိုတိုက်ပွဲကို မျက်မှောင်ကြုတ်၍ ကြည့်နေကြသည်။


ချူချန်းရှန်က ကြီးမြတ်သော တန်ခိုးအဆင့်ဖြစ်နေသည်။၎င်းက ကိစ္စကြီးတစ်ရပ်ပင်ဖြစ်သည်။သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် သူတို့ အစောကြီးရှာတွေ့ခဲ့ရသည်။အကယ်၍ သူတို့သာ အသိနောက်ကျခဲ့လျှင် ထိုတန်ဖ်ိုးအတွက် လူအများကြီး ပေးဆပ်ရပေလိမ့်မည်။ထိုသို့ တွေးလိုက်မိသည်နှင့် သူတို့ အားလုံး လေအေးတစ်ချက်ထပ်မံ ရှူရှိူက်လ်ိုက်ကြပြန်သည်။


အစားကြူးတောင်ကြားဟု ခေါ်ဖို့ ထ်ိုက်တန်ပေသည်။ကျင့်ကြံသူများက တင်းသောမျက်နာထားဖြင့် ကြည့်နေကြသည်။ရုတ်တရက် သူတို့၏ အမူအရာများက ပြောင်းလဲသွားပြီး အဝေးတွင်ရှိနေသော ရုပ်သေးရုပ်ဆီ လှမ်းကြည့်လိုက်သည်။


ထိုအရာက နတ်ဘုရားသတ်လက်နက်ကိုပင် လုယူစားသုံးခဲ့သည်။မတရားစားသုံးခဲ့သောကြောင့် သူတို့ အလွန်အမင်းသိချင်နေကြသည်။


"အဲ့ဒါ အစားကြူးတောင်ကြားရဲ့ ဝှက်ဖဲလား..."


ရုတ်တရက် လူတစ်ယောက်က လှုပ်ရှားလ်ိုက်သည်။ဓားအလင်းတစ်ချက်က ကောင်းကင်ယံကို ဆုတ်ဖြဲသွားပြီး ဝှိုက်တီဆီ လွှဲခုတ်ချလိုက်သည်။ထိုသူက ကောင်းကင်ဗဟို သန့်စင်နယ်မြေမှာ ဖြစ်သည်။နတ်ဘုရားတစ်ပိုင်းစွမ်းအင်များစုစည်းနေသော ဓားချက်က ဝှိုက်တီဆီ တည့်တည့်ကျရောက်လာသည်။


ထိုသူလှုပ်ရှားလိုက်သည်နှင့် တခြားကျင့်ကြံသူများကလည်း ဝှိုက်တီကို စတင်တိုက်ခိုက်လာကြသည်။သူတို့က အစားကြူးတောင်ကြားကို ဖျက်စီးလိုလျှင် ချုချန်းရှန် အားထားရသော လက်ထောက်ကို အရင်ဆုံးနှိမ်နင်းရပေမည်။


ချူချန်းရှန် အေးစက်စွာတစ်ချက်ကြည့်လိုက်သည်။သူသက်ပြင်းတစ်ချက်သာ ချလိုက်ပြီး မြေပြင်မှ အဖိုးကြီးလင်းနှင့် ဆက်လက်တိုက်ခိုက်နေလိုက်သည်။


သူတို့၏ တိုက်ပွဲက မြေပြင်မှ ကောင်းကင်ယံဆီသို့ ရောက်သွားပေပြီ။ဝှိုက်တီ၏ ခေါင်းပေါ်တွင် ရှိနေသော ပုစွန်ပိစိက ရုတ်တရက်ကြီးမားလာပြီး ရွှေရောင် ပြောင်းလဲသွားသည်။၎င်းက ဟိန်းဟောက်လိုက်သည်နှင့် ကောင်းကင်တစ်ခုလုံး တိုက်ခိုက်မှုများ ပြည့်နှက်သွားသည်။


ဝှိုက်တီ၏ စက်ရုပ်မျက်ဝန်းများက တဖျတ်ဖျတ်ခတ်လာသည်။၎င်း မီးခိုးရောင်မျက်ဝန်းက နက်ရှိုင်းပြီး တောက်ပသည်။


"နတ်ဘုရားသတ် လက်နက်များ ရှာတွေ့ပါပြီ သတ်..."


ငရဲဘုရင် အရှေ့သို့ လျှောက်လာရာ ခဏအတွင်းမှာပင် ပြိုကျပျက်စီးနေသော မြို့တံတိုင်းရှေ့သ်ို့ ရောက်လာခဲ့သည်။အရှေ့ဘက်ရှိ ပြင်းထန်လှသော တိုက်ပွဲဆီမှ ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းများကြောင့် သူ့ရှိရာဆီသို့ ကျောက်တုံးများ လွင့်စင်လာသည်။


သို့သော်လည်း ၎င်း အမှိုက်များက သူ့ဆီပင် မရောက်လိုက်ပဲ ပြိုကွဲသွား၏။အလွန်ထိတ်လန့်ကြောက်ရွံ့နေသော သူတော်စင်သမီးတော် ဇီယွင်က သူ့၏ နောက်မှ လိုက်ပါလာသည်။ရုတ်တရက် ငရဲဘုရင်ခြေလှမ်းများရပ်တန့်သွားသည်။


ဂရုမပြုမိသော ဇီယွင်က သူ့ကို ဝင်စောင့်မိသွားသည်။သူမ၏ မျက်နာက နီရဲသွားပြီး အနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ရသည်။


"အကိုကြီး ရှင်က ဆိုးလိုက်တာ..."


ဇီယွင် ခပ်တိုးတိုးပြောလိုက်သည်။ငရဲဘုရင် သူ့ဘက်သို့ တစ်ချက်စောင်းကြည့်လိုက်၏။


"ဒီဂျူနီယာလေးက အားနည်းချက်တွေရှိတာပဲ..."


သူနှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီးနောက် သူ့၏ မျက်နာက စိတ်ရွှင်မှုဖြင့် တောက်ပသွားသည်။သူ ဇီယွင်၏ ပခုံးပေါ်လက်တင်ပြီးပြောလိုက်သည်။


"အခု ငါသိပြီးဒီအရှင်နဲ့ လိုက်ခဲ့လိုက်တော့..."


ဇီယွင် အံ့အားသင့်သွားသည်။သူမ တုံ့ပြန်မှု တစ်ခုမှ မလုပ်ရသေးခင်မှာပင် သူမရှေ့မှ မြင်ကွင်းများက ပြောင်းလဲသွားသည်။သူတို့ လေဟာနယ်ကို ဖြတ်သန်းလာပြီးနောက် မွှေးပျံ့လှသော ရနံ့များ နှာခေါင်းပေါက်ထဲ အလုအယက် တိုးဝင်လာသည်။


ဇီယွင် ကြောင်အမှင်သက်နေမိသည်။သူမပတ်ဝန်းကျင်ကိုကြည့်လိုက်ရာ မြောက်များလှသောသူများက သူတို့ကို စိုက်ကြည့်နေသည်အားတွေ့လိုက်ရသည်။


"ခုဏက ဘာဖြစ်သွားတာလဲ ...ငါတို့ ဘယ်ရောက်နေတာလဲ..."