အခန်း ၇၄၄
ငရဲဘုရင်၏ကျူးကျော်မှု...
ပုဖန် သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး သေချာစွာ အာရုံစိုက်လိုက်သည်။ထိုအခိုက်အတန့်၌ သူ့၏ အရှိန်အဝါများက အိပ်မက်ဆန်လှသည်။လေအရှိန်ဖြင့် လွင့်ခါနေသော နီရောင်စားဖိုမှူး ဝတ်စုံက အလင်းတန်းများ တောက်ပနေသည်။
သူ့၏ စွမ်းအင် စုစည်းမှုက မြင့်မားလာသည်။သူဝမ်းနည်းမှု လွှမ်းခြုံ ခေါက်ဆွဲ ချက်ပြုတ်ပြီးသည့်တိုင်အောင်ပင် သူ့၏ စိတ်စွမ်းအင်ပင်လယ်ထဲ၌ စွမ်းအင်များမြင့်တက်နေတုန်းဖြစ်ပြီး သူ့၏ အော်ရာများကလည်း တောက်ပနေတုန်းဖြစ်သည်။
စားဖိုမှူးစိန်ခေါ်ပွဲတွင် ချက်ပြုတ်ရသည်က စိတ်စွမ်းအင်အများအပြား သုံးစွဲရန် လိုအပ်သည်။သူတို့က အမှားတစ်ခုမှ ပြုလုပ်၍ မရပေ။တစ်နေရာမှားလိုက်သည်နှင့် သူတို့၏ ကိုယ်ပိုင်ဓားက အဝေးသို့ ဆောင်ယူသွားခံရပေလိမ့်မည်။၎င်းက စားဖိုမှူး အားလုံးအတွက် ကမ္ဘာမြေတုန်ဟီးလောက်သည့် အကြောင်းပင်ဖြစ်သည်။
ပုဖန်က သူ့၏ ခေါက်ဆွဲပွဲ အနိုင်ရမရကို မသိသေးေသာ်ပေ သူက ယခုအချိန်တွင် ဒုတိယဟင်းပွဲကို ပြင်ဆင်နေတုန်းဖြစ်သည်။ကျောက်စိမ်းမျှစ်ဝမ့်ထုံ၏ ကျ်ိုးပဲ့ကျောက်စိမ်းဓားက ကျော်ကြားသော ဓားတစ်လက်အဆင့်သို့ ရောက်လုနီးပါးဖြစ်နေပြီ။
သူ့၏ ချက်ပြုတ်ခြင်းစွမ်းအားများနှင့် ပေါင်းစည်းလိုက်သည့်အခါ၌ စားဖိုမှူး၏ စွမ်းအားက ပုဖန်ကို နှလုံးခုန်မြန်စေသည်။အကယ်၍ သူသာ ဝမ့်ထုံ၏ စွမ်းအားကို မချိုးဖျက်နိုင်လျှင် သူ ရှုံးသွားပေလိမ့်မည်။
ပုဖန်ဝမ့်ထုံကို စောင်းငှဲ့၍ ကြည့်လိုက်သည်။ထိုသူဆီမှ ထွက်ပေါ်နေသော စွမ်းအင်အော်ရာလှိုင်းများက လူများကို အသက်ရှုရခတ်အောင်ပြုလုပ်နေပေသည်။ထိုအချ်ိန်တွင် ဝမ့်ထုံက ချက်ပြုတ်၍ ပြီးစီးသွားလေပြီ သူ့၏ ဟင်းပွဲက လရိပ်တမ်းချင်းပင်ဖြစ်သည်။
သူ့၏ဟင်းပွဲက ပန်းချီကားတစ်ချပ်လား အသက်ဝင်လာသည်။လှပလှပြီး တောက်ပလှသော အရောင်များ ဖြာထွက်နေသည်။အပြာရောင်ဟင်းရည်ထဲတွင်လည်း ရွှေရောင် လှိုင်းကလေးများ တလက်လက်တောက်ပနေသည်။
ဝမ့်ထုံ၏ စွမ်းအားကို ပေါင်းစပ်လိုက်သောအခါတွင် လှပသော်လည်း ဝမ်းနည်းစရာကောင်းနေသည်။သူ့၏ဟင်းပွဲက ရိုးရှင်းသော်လည်း ပြီးပြည့်စုံ၏။ဝမ့်ထုံက သူ့၏ ဟင်းပွဲကို သယ်ဆောင်သွားလိုက်သည်။
ဝမ်းနည်းမှု လွှမ်းခြုံခေါက်ဆွဲတွင် နစ်မြှုပ်နေကြသော ပွဲကြည့်သူများက နောက်ဆုံးတွင် ပြန်လည် သတိဝင်လာကြသည်။သူတို့ ဝမ့်ထုံ၏ ဟင်းပွဲကို မြင်လိုက်သောအခါ၌ ဝမ်းနည်းကြေကွဲဖွယ်ရာခံစားချက်များ ထပ်မံဖုံးလွှမ်းခံလိုက်ရပြီး သူတို့၏ စိတ်ဝိညာဥ်က ငြိမ်ကျသွားလေသည်။
ပုံရိပ်ကူးပြောင်းအစီအရင်၌ ပြသနေသော လရိပ်တမ်းချင်းဟင်းပွဲကိုကြည့်ပြီးနောက် အသက်ရှုသံများရပ်တန့်သွားကာ မျက်ဝန်း၏ တောက်ပမှများသာကျန်ရစ်နေတော့သည်။ချွီရန်ချန်းဖုန်၏ မျက်နာက ဖြူဖျော့သွားသည်။သူ အနိုင်ယူခံလ်ိုက်ရပေပြီ။သူ့၏ မလျော့သော ကျွမ်းကျင်မှုများနှင့်ပင် ရှုံးနိမ့်သွားခဲ့ရပြီ။ထိုအခိုက်အတန့်တွင် သူ့၏ မျက်ဝန်းထဲ၌ မယုံကြည်နိုင်မှုများပြည့်နေပြီးတုန်ရီနေလေသည်။
ချွီရန်ချန်းဖုန် ခြေလှမ်းနှစ်လှမ်းမျှဆုတ်လိုက်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။ထို့နောက် သူ့နှလုံးသားထဲတွင် ရစ်ဝဲနေသော ဝမ်းနည်းမှုများကို ဖွင့်ထုတ်ချင်သလိုမျိုး သက်ပြင်းချလိုက်သည်။
ပြီးဆုံးသွားခဲ့ပြီ နောက်ဆုံးတော့ သူရှုံးနိမ့်သွားခဲ့ပြီ ချွီရန်ချန်းဖုန် သူ့၏ ဒုတိယဟင်းပွဲကိုသာ ဂရုစိုက်နေသော ပုဖန်ကို လှမ်းကြည့်လိုက်သည်။သုံးယောက်တစ်ယောက်ယှဥ်ပြိုင်ပွဲမှာ သူက ပထမဦးဆုံးရှုံးနိမ့်သွားတဲ့သူပဲ...
ချွီရန်ချန်းဖုန် စိတ်ဓာတ်ကျနေသော်လည်း ပုဖန်ကို အပြစ်မတင်ပေ။ဆန့်ကျင်ဘက်ဖြစ်စွာပင် သူက တစ်စုံတစ်ရာကို မျှော်လင့်စောင့်ဆိုင်းနေသည်။ပုဖန် နောက်ထပ် ဖန်တီးမည့် အံ့သြဖွယ်ရာ ဖြစ်ရပ်များကို သူ မြင်လိုလှသည်။
အစားကြူးတောင်ကြားက စားဖိုမှူးများ၏ သန့်စင်နယ်မြေဖြစ်သော်လည်း အစားကြူးဘုတ်ပြားပေါ်ရှိ စားဖိုမှူးများက ထိုနေရာတွင် ရပ်တန့်ချိန် ကြာမြင့်ခဲ့လေပြီ။
၎င်းက အလွန်မှောင်မိုက်ပြီး သေခြင်းတရား၏ အရိပ်ယောင်တို့နှင့် ပြည့်နှက်နေသည်။ပြောရမည်ဆိုလျှင် အစားကြူးတောင်ကြား ဘုန်းကျက်သရေ ကြီးထွားခဲ့ည့် အချိန်တုန်းကပင်လျှင် ထူးခြားသော ကြီးကျယ်ခမ်းနားလှသည့် ဖြစ်ရပ်မျိုးမရှိခဲ့ပေ။
ပုဖန် ပေါ်ပေါက်လာသည်က အားလုံးကို ပြန်လည်အသက်သွင်းနိုင်မည့် အခွင့်အရေးတစ်ရပ်လည်း ဖြစ်နိုင်ပေသည်။အစားကြူးတောင်ကြားက ၎င်း၏ ဂုဏ်ကျက်သရေနှင့် ထူးခြားဆန်းကြယ်မှုများကို နောက်တစ်ကြိမ်ပြသပေလိမ့်မည်။
ပုဖန်က အံ့သြဖွယ်ရာ ဖြစ်ရပ်ဆန်းများကို ဖန်တီးနိုင်မည်ဟု မျှော်လင့်နေမိသည်။ချွီရန်ချန်းဖုန်၏ မျက်နာပေါ်တွင် ရုပ်ဆိုးလှသော အပြုံးတစ်ခုကို အားတင်းပြုံးထားသည်။ပုဖန်ကို နက်ရှိုင်းလှသောအကြည့်များဖြင့် အာရုံစိုက်ကြည့်နေခဲ့သည်။ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော တစ်စုံတစ်ရာကို ခံစားလိုက်မိသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုအော်ရာများက သူ့ကို ရေခဲကန်ထဲ ပြုတ်ကျသွားသလို ခံစားရအောင်ပြုလုပ်လိုက်ပေသည်။သူ့၏ ခန္ဓာကိုယ်ပင် အေးစက်တောင့်တင်းသွားသည်။၎င်းက ဝမ့်ထုံပင်ဖြစ်သည်။ထိုသူ၏ အော်ရာများက ကြောက်စရာကောင်းလှသည်။
ချွီရန်ချန်းဖုန်က ဝမ့်ထုံ၏ အကြောင်းများကိုလည်း သိထားပေသည်။သူ ထိုလူနှင့် မည်ကဲ့သို့ စကားစပ်မြည်ပြောရမည်ကို မသိသော်လည်း သူ့အပေါ်လေးစားမှုရှိကြောင်းတော့ ဝန်ခံရပေမည်။
ဝမ့်ထုံက ချွီရန်ချန်းဖုန်၏ အကြည့်များကို ခံစားမိလိုက်ပုံပေါ်သည်။သူ ခေါင်းမော့၍ နက်ရှ်ိုင်းသော မျက်လုံးများဖြင့် ကြည့်လ်ိုက်သည်။ထို့နောက် ခေါင်းတစ်ချက်ညိတ်ပြကာ ဆက်၍ လျှောက်သွားလိုက်သည်။
သူ့ဟင်းပွဲဆီမှ ရနံ့များက လေနှင့်မျောပါလာသည်။တုနှိုင်းမရသောရနံ့က အရသာခံဖုလေးများကို လှုံ့ဆော်လိုက်သည်။သို့သော်လည်း သတိမပြုမိလ်ိုက်ခင်မှာပင် ဝမ်းနည်းပူဆွေးသော ခံစားချက်များက တိုးဝင်လာပြီး လူတိုင်း၏ နှလုံးသားကို လှုပ်ခါလိုက်သည်။
ချွီရန်ချန်းဖုန် တစ်ဖက်သား၏ ဟင်းပွဲရနံ့ကို ရလိုက်ရုံဖြင့် သူ့၏ ကောင်းကင်မြှုပ်နှံခေါက်ဆွဲက မယှဥ်နိုင်ကြောင်း သိလိုက်သည်။သူတို့၏ ဝမ်းနည်းကြေကွဲမှုများက တူညီသည်ဆိုသော်လည်း တစ်ဖက်လူ၏ စိတ်ခံစားချက်က ပို၍ ပြင်းထန်ပေသည်။
ဝမ့်ထုံက တကယ်ကို သန်မာသည့် ပြိုင်ဘက်တစ်ယောက်ဖြစ်သည်။ပုဖန်သူ့ကို ဘယ်လိုအနိုင်ယူမလဲ ....ချွီရန်ချန်းဖုန် သိချင်မိသွားသည်။ဝမ့်ထုံ ခြေလှမ်းအနည်းငယ်မျှ လျှောက်ပြီးသည့်အချိန်မှာပင် ပရိတ်သတ်များရုတ်တရက် အံ့အားသင့်သွားသည်။
သူတို့၏ ရှေ့မှ လေဟာနယ်က တွန့်လိမ်လာသည်။ထို့နောက် လေဟာနယ်လှ်ိုင်းများ ငြိမ်သက်သွားသည့်အချိန်တွင် မည်သည့်နေရာမှ ရောက်လာမှန်းမသိသော ပုံရိပ်နှစ်ခု ထွက်ပေါ်လာသည်။
တစ်ယောက်က အနက်ရောင်ဆံပင် အနက်ရောင်မျက်လုံးများနှင့် တိုက်ခိုက်ရေးဝတ်စုံကို ဝတ်ဆင်ထားသည့် သူ့၏ မျက်နာက နှ်ိုင်းယှဥ်၍ မရလောက်အောင် ချောမောခန့်ညားလှ၏။တခြားတစ်ယောက်က လှပသော မျက်နာ ခရမ်းရောင်ဆံပင်များနှင့် သိမ်မွေ့နူးညံ့လှသော အမျိုးသမီးလေး တစ်ယောက်ဖြစ်သည်။
စိတ်လှုပ်ရှားနေသော အမူအရာနှင့် သူမက တကယ်ကို မျက်စ်ိဖမ်းစားနိုင်သည်။ဝမ့်ထုံကို ကြည့်နေကြသော သူများက ထိုနှစ်ယောက်ပေါ်လာသည့်အချိန်တွင် သူတို့ဆီသို့ အကြည့်လွှဲလိုက်ကြသည်။
"သူက လေဟာနယ်ကို ဖြတ်ကျော်ပြီး ဒီလိုကြမ်းကြမ်းတမ်းတမ်းရောက်လာတယ်ပေါ့ ဘယ်သူတွေလဲ ..."
ဝမ့်ထုံ လမ်းလျှောက်နေခြင်းကို ရပ်လိုက်သည်။သူ့၏ ရေကန်ကဲ့သို့ တည်ငြိမ်လှသော မျက်ဝန်းများက ငရဲလုရင် အာဟနှင့် သူတော်စင်သမီးတော်ဇီယွင်ကိုကြည့်လိုက်၏။
သူမ ဘယ်ကိုရောက်နေသည်ကို မသိသည့်အပြင် ဘာကြောင့်လူတွေအများကြီး စုစည်းနေသည်ကိုလည်း မသိပေ။ထိုသူများက သူမတို့အား အလွန်ပင် ရှားပါးသည့် စိတ်ဝိညာဥ် ဆေးပင်များကို တွေ့ရသလိုမျိုးကြည့်နေကြသေးသည်။
"သူတို့ နေရာမှားပြီးများ ရောက်လာတာလား..."
သူမပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည့်အခါ မြင့်မားလှသောအဆောက်အဦးနှင့် ရပ်နေကြသောလူအများကိုသာတွေ့လိုက်ရသည်။သူမ၏ ခေါင်းအထက်တွင်ရှိနေသော ပုံရိပ်လွှဲပြောင်း အစီအရင်မှလည်း ငရဲဘုရင်၏ မျက်နာနှင့် သူမ၏ မျက်နာကို ပြသနေသည်။သူမ၏ အသွင်အပြင်ကို သိရအောင် ပြုပြင်လိုက်သည့်အခါ၌ ပုံရ်ိပ်လွှဲပြောင်းအစီအရင်ကလည်း ပြုပြင်နေသည့် ပုံစံကို ပြသလိုက်သည်။သူမတကယ်ကို အံ့အားသင့်တုန်လှုပ်သွားမိသည်။
ငရဲဘုရင်၏ အမူအရာက ပြောင်းလဲမှုမရှိပေ။သူက ကမ္ဘာကြီးကို မြင်ခဲ့ဖူးပြီဖြစ်သည့် လူတစ်ယောက်ဖြစ်သည်။သူ့နှာခေါင်း၏ အနံ့အာရုံက ကောင်းလွန်းလှသောကြောင့် သူ ဒီနေရာကို သိချင်စိတ်များသွားခြင်းသာဖြစ်သည်။
အချ်ိန်တိုအတွင်းမှာပင် သူ့၏ မျက်ဝန်းများက နေရာတစ်ခုစီ ကျရောက်သွားသည်။သူ့၏ ချက်ပြုတ်ခြင်းလုပ်ငန်းတွင်သာ အာရုံစူးစိုက်နေသော ပုဖန်ကို သူတွေ့လိုက်ရသည်။
ငရဲဘုရင် ပျော်ရွှင်သွားမိသည်။ပုဖန်ကို ဒီနေရာတွင် တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့မိပေ။တုံးအလှသည့် ဂျုနီယာငယ်လေးက သူ့ကို နေရာမှန်ညွှန်ပြနိုင်လိမ့်မည်ဟု မထင်ထားမိပေ။တကယ်ကိုပင် တွေးကြည့်ဖ်ို့ ခက်လွန်းလှ၏။
ငရဲဘုရင် နှုတ်ခမ်းများကို သပ်လိုက်သည်။ပုဖန်ကို တွေ့လိုက်သည်နှင့် အစပ်ချောင်းအကြောင်းကိုသာ တွေးတောမိသွားသည်။အလွန့် အလွန် အလွန်ကို အရသာရှိလှသော အစပ်ချောင်းက သူ့၏ ပူစပ်စပ်မွှေးရနံ့တို့ကို ထုတ်လွင့်ပြီး သူ့ရှေ့၌ ပေါ်လာသလိုမျိုး မြင်ယောင်မိသည်။
အား....
ငရဲဘုရင်၏ မျက်ဝန်းများက မှုန်ဝါးရီဝေသွားသည်။အစပ်ချောင်း၏ တိုက်ခိုက်မှုကို ခုခံကာကွယ်ရန် နည်းလမ်းမရှိပေ။ငရဲဘုရင် ပုဖန်ဆီသို့ လျှောက်သွားလိုက်သည်။သို့သော်လည်း လရိပ်တမ်းချင်းဟင်းပွဲကို သယ်ဆောင်ထားသည့် ဝမ့်ထုံသူ့၏ လမ်းကြောင်းတွင် ပိတ်ဆို့နေပေသည်။
ဝမ့်ထုံက တည်ငြိမ်သော မျက်ဝန်းများဖြင့် ဘယ်ဘက်သို့ ခြေတစ်လှမ်းတိုးလိုက်သည်။မျက်ဝန်းမဲမဲများဖြင့် ငရဲဘုရင်ကလည်း ဘယ်ဘက်သို့ ခြေတစ်လှမ်းတိုးလိုက်သည်။သူတို့ တစ်ယောက်ကို တစ်ယောက် ထပ်မံ ပိတ်ဆို့ ထားမိပြန်သည်။
ဝမ့်ထုံ စူးရှစွာ ကြည့်လိုက်ပြီးနောက် ညာဘက်သို့ ခြေတစ်လှမ်းတိုးလိုက်ပြန်သည်။တိုက်ဆိုင်စွာဖြင့် သူတို့ နှစ်ယောက် ထုတ်ဆီးတိုး ကစားသလို ဖြစ်နေကြသည်။လူများက ထ်ိုရယ်စရာ မြင်ကွင်းကိုကြည့်နေကြပြီး ဆူညံသံများထွက်ပေါ်လာလေသည်။
"အဲ့ဒီငတုံးပုံစံနဲ့ သူက ဘယ်သူလဲ...သူက စားဖိုမှူးဝမ့်ထုံရဲ့ စားစရာကို ယူချင်လို့လား အရှက်မဲ့လိုက်တာ...ဒီလိုအရေထူတဲ့ သူမျိုး ကမ္ဘာပေါ်မှာဘယ်လိုလုပ်ရှိနေရတာလဲ...သူက စားဖိုမှူးဝမ့်ထုံကို နှောက်ယှက်ရန်စချင်နေတာလား..."
ရင်ပြင်ကျယ်တစ်ခုလုံး ဆူညံသံများဖြင့် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ငရဲဘုရင် ဒေါသထွက်သွားသည်။သူ့၏ ရှေ့မှရအစပ်ချောင်းလိုလည်း ကောင်းမည့်ပုံမပေါ်သော သူကို လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်သတ်ချင်နေပေပြီ ။
"ကောင်လေး ဒီအရှင်သခင်ကို လာနောက်နေတာလား ငါမင်းကို ပြောလိုက်မယ် ဒီအရှင်သခင်က အရမ်းစွမ်းအားကြီးတဲ့လူနော်..."
ငရဲဘုရင်က အရှေ့သ်ို့ ကိုင်း၍ ပြောလိုက်သည်။သူ့၏ ချောမောခန့်ညားသောမျက်နာက ဝမ့်ထုံ၏ မျက်နာနှင့် ထိလုနီးပါးတိုးကပ်သွားသည်။သူတို့အချင်းချင်းအသက်ရှူထုတ်လိုက်သည့် လေငွေ့ကိုပင် ခံစားမိနေလေပြီ။
"ဘေးဖယ်စမ်း..."
ဝမ့်ထုံ၏ မျက်နာက မဲမှောင်သွားပြီးပြောလိုက်သည်။
"အရူးပဲ..."
ငရဲဘုရင် ခပ်မဲ့မဲ့ပြုံးလိုက်ပြီး ဝမ့်ထုံရဲ့ခေါင်းကို အသာပုတ်လိုက်သည်။ဝမ့်ထုံ ချက်ချင်း တောင့်တင်းသွားလေသည်။သူ့ရှေ့က လူဆီမှ ကြောက်မက်ဖွယ်ကောင်းလှသောစွမ်းအင်များ ပြိုကျလာသည်ကို ခံစားလိုက်မိသည်။
"စိတ်ပျက်စရာပဲ အဲ့ဒီပြဿနာကောင်ကို ဆွဲထုတ်လိုက်ကြစမ်း..."
ရန်ယုစားပွဲကို ဒုံးခနဲ ထု၍ ပြောလိုက်သည်။သူလုံးဝ သည်းမခံနိုင်တော့ပေ။ငရဲဘုရင် လက်ကို ပြန်ရုတ်လိုက်ပြီး ရန်ယုဘက်သို့ စောင်းကြည့်ကာ ခပ်ဟဟရယ်လိုက်သည်။သူက တခြားသူများကို ဂရုမစိုက်ပေ။သူ လက်နှစ်ဖက်ကို ပွတ်လိုက်ရင်း ဝမ့်ထုံကိုဖြတ်လျှောက်လိုက်ပြီး ပုဖန်ဆီသို့သာ ဦးတည်လ်ိုက်သည်။
ထိုအခိုက်အတန့်တွင် ပုဖန်က စနစ်၏ သိုလှောင်နယ်မြေထဲမှ အစပ်ချောင်းထုတ်ယူလိုက်သည်။သူဝမ့်ထုံ၏ ဝမ်းနည်းကြေကွဲမှု အော်ရာများကို ချိုးဖောက်နိုင်ဖို့ တစ်ခုခု တည့်ရပေမည်။၎င်းက အစပ်ချောင်းပေါ်တွင် မူတည်နေပေသည်။
ငရဲဘုရင် အစပ်ချောင်းကို မြင်လိုက်သည်နှင့် သူ့၏ ညှို့မှိုင်းနေသော အော်ရာများက ပျယ်လွင့်သွားသည်။သူ့မျက်ဝန်းအောက်မှ အမဲကွင်းများကလည်း သာမန်မျက်စိဖြင့် မြင်နိုင်သော နှုန်းမျိုးဖြင့်တဖြေးဖြေးပျောက်ကွယ်လာသည်။
"စားဖိုမှူးလေး မင်းပဲ ငါ့က်ို နားလည်တယ် .."
ငရဲဘုရင် ပျော်ရွှင်စိတ်လှုပ်ရှားမှုကြောင့် သူ့၏ ဆံပင်များပင် လွင့်ခါသွားသည်။သူ့ခန္ဓာကိုယ်တစ်ခုလုံး တက်ကြွလန်းဆန်းနေကာ လက်နှစ်ဖက်ကို ဆန့်တန်း၍ ပုဖန်ဆီ ပျံသန်းတော့မတက် ပြေးသွားလေသည်။
သို့သော်လည်း ပုဖန်က ငရဲဘုရင်က််ိုသတိမပြုမိပေ။သူ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ဆွဲကိုင်လိုက်ပြီး လွှဲ၍ ခုတ်ချလိုက်သည်။ဓားအလင်းတစ် ချက်လက်သွားပြီးအစပ်ချောင်းက နုတ်နုတ်စင်းခံလိုက်ရသည်။ထိုအမှုန့်များကို ဓားဖြင့် သပ်ယူလိုက်ပြီး အိုးထဲသ်ို့ ဖြူးထည့်လ်ိုက်သည် ။
အပူရှိန် မြင့်တက်လာပြီး အစပ်ချောင်း၏ ရနံ့က လေထဲ လွင့်တက်လာသည်။ပြေးလွှားလာနေသောငရဲဘုရင် ချက်ချင်းပင်တောင့်ခဲသွားသည်။ထို့နောက် နှလုံးကွဲကြေသွားသကဲ့သို့ အော်မြည်လေတော့သည်။
"ငါ့ရဲ့ အစပ်ချောင်းလေး..."