အပိုင်း ၇၄၅
Viewers 53k

အခန်း ၇၄၅

ကောင်းကင်ယံ၌ ချူချန်းရှန်၏သွေးများပြန့်ကျဲ...


နားကွဲလုမတက် ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ပုစွန်ပိစိ၏ ရွှေရောင်အခွံက နေရောင်အောက်တွင် လင်းလက်တောက်ပနေသည်။ပုစွန်ပိစိက ရုတ်တရက် ကြီးထွားလာသည်။သူ့၏ တလည်လာ်ဖြစ်နေသော မျက်ဝန်းများက ပို၍ ကြောက်စရာကောင်းလှခါ ရက်စက်ကြမ်းကြုတ်လှေ သာ သားရဲကြီးနှင့် တူညီနေသည်။


ကောင်းကင်ယံထက်သို့ ပစ်လွှတ်လိုက်သော စွမ်းအင်လှိုင်းများကလည်း အရာရာအားလုံးကို ဖျက်စီးပစ်တော့မလိုမျိုးထင်ရသည်။၎င်းစွမ်းအင်လှိုင်းများက လေဟာနယ်ကို ဆုတ်ဖြဲပစ်တော့မည်ပုံပင် ။


ထ်ိုအခိုက်တွင် ဝှိုက်တီ၏ မျက်ဝန်းများလှုပ်ရှားသွားသည်။သူကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများကို တွေ့လိုက်သော်လည်း သူ့၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိပေ။သူက ရှောင်တိမ်းဖ်ို့ မတွေးတောပုံဖြင့် နေရာမှာပင် မလှုပ်မယှက်ရပ်နေသည်။ခုတ်ပိုင်းလာသော နတ်ဘုရားသတ်လက်နက်၏ စွမ်းအင်များကလည်း ပေါက်ကွဲ လွင့်ပျောက်သွားပေပြီ။


ထိုအခိုက်အတန့်တွင် ဘက်ပေါင်းစုံမှ တိုက်ခိုက်မှုအလင်းများက ဝှ်ိုက်တီဆီသို့သာ ချိန်ရွယ်လာသည်။သူတို့က ဝှ်ိုက်တီကို တမဟုတ်ချင်း ဖျက်စီးပစ်ချင်နေကြသည်။သူတို့က ဝှိုက်တီကို ချူချန်းရှန်ဟု အကူဟု ထင်နေကြသည်။


ကြီးမြတ်သော တန်ခိုးအဆင့်သို့ ရောက်လုနီးပါးဖြစ်နေသည့် ရုပ်သေးရုပ်ကိုသာဖျက်စီးလိုက်လျှင် ချူချန်းရှန်အတွက် ကြီးကြီးမားမားထိခိုက်သွားပေလိမ့်မည်။


ထပ်တူညီစွာပင် ချူချန်းရှန်ကလည်း ထိုအကြောင်းကို တွေးတောနေသည်။အကယ်၍ ဝှိုက်တီသာ ဖျက်စီးခံလ်ိုက်ရပါက လုံးဝကောင်းလိမ့်မည်မဟုတ်ပေ။သူပ အဖိုးကြီးလင်းနှင့် မြေပြင်မှနေ၍ ကောင်းကင်ထိတိုင်အောင် အဆက်မပြတ်တိုက်ခိုက်နေပြီး ပေါက်ကွဲမှုများကလည်း ဆူညံစွာ ပဲ့တင်ထွက်နေသည်။


အစစ်အမှန်စွမ်းအင်လှိုင်းများ သူတို့၏ အားအပြည့် ထုတ်သုံးလိုက်သော စွမ်းအင်စီးကြောင်းများ၏ ပေါက်ကွဲသံများက လေဟာနယ်ကို တုန်ခါနေစေသည်။ကြီးမြတ်သော တန်ခိုးအဆင့်များကြားမှ တိုက်ပွဲက ကောင်းကင်နှင့် ကမ္ဘာမြေကို ပြောင်းပြန်လှန်တော့မလို ကြမ်းတမ်းလှသည်။


ဝှိုက်တီ၏ မျက်ဝန်းမှ အလင်းများက ပို၍ စူးရှလာသည်။နတ်ဘုရားသတ်လက်နက်ကို စားပြီးနောက် သူ့၏ တိုက်ခိုက်မှု စွမ်းအင်က အနည်းငယ်တိုးလာသည်။


ဝုန်း...


အလင်းလုံးတစ်လုံးတောက်ပလာပြီး ထ်ိုအလင်းလုံးက အရှိန်အဟုန်ဖြင့် ရွေ့လျားလိုက်သည်။ဝှိုက်တီ ရွှေရောင်ပုစွန်ပိစိ၏ ကျောပေါ်တွင် ရပ်လိုက်သည်။ဘက်ပေါင်းစုံမှ တိုက်ခိုက်မှုများက သူရပ်နေရာနေရာသို့ အချိန်ကိုက်ရောက်ရှိလာပြီး မြေပြင်၌ နက်ရှိုင်းလှသောကျွင်းကြီးတစ်ခုဖြစ်သွားစေသည်။


ကျောက်တုံးကျောက်ခဲများအဘက်ဘက်သို့လွင့်စင်သွားပြီး မြေပြိုကျသွားသည်။ကောင်းကင်ယံထက်တွင်လည်း ချူချန်းရှန်က သူ့၏ အထူးမီးဖိုချောင်သုံးဓားကို အသုံးပြု၍ အဖိုးကြီးလင်းအား အဆက်မပြတ်ခုတ်ပိုင်းနေသည်။


သူ့၏ သက်တံ့ရောင်ကဲ့သို့ အော်ရာများ မြင့်တက်လာပြီး ပြိုင်ဘက်ကို ဖိနှိပ်လိုက်သည်။သူ့ခန္ဓာကိုယ်ပေါ်မှ ကြွက်သားများကလည်း ဖောင်းကြွလာသည်။သူက ကြီးမြတ်သော တန်ခိုးအဆင့်သို့ ဝင်ရောက်ခါစ ဖြစ်သော်လည်း အဖိုးကြီးလင်းကို ဖိနှိပ်နိုင်ပေသည်။


ထိုအချိန်တွင် အစားကြူးနတ်ဘုရားမြို့တော်တစ်ခုလုံး တုန်ခါသွားပေသည်။နောက်ဆုံး၌ အစားကြူးနတ်ဘုရားအဆောက်အဦးတွင်ရှိနေသော လူများက တစ်စုံတစ်ရာကို ခံစားမိသွားပြီဖြစ်သည်။သူတို့ ထိတ်လန့်အံ့သြသွားကြသည်။


"ဘာတွေဖြစ်နေတာလဲ...ဘာလို့ အရမ်းလှုပ်ခါနေတာလဲ..."


သူတို့နှလုံးသားပေါ်သို့ ကြောက်မက်ဖွယ်ရာ ဖိအားတစ်ခု ကျဆင်းလာသလို ခံစားလိုက်ကြရသည်။လူများအားလုံးက အပြင်ဘက်၌ ဖြစ်ပျက်နေသည်များကို ကြည့်ရှုရန်ရည်ရွယ်၍ ခုံမှ ထလိုက်ကြသည်။


အပြင်သို့ ထွက်လိုက်သည်နှင့် ကြောက်မက်ဖွယ်ရာမြင်ကွင်းတစ်ခုကို တွေ့ကြုံလိုက်ရ၏။ကောင်းကင်ယံတစ်ခုလုံးတွင် ကြောက်မက်ဖွယ်ရာတိုက်ခိုက်ပေါက်ကွဲမှုများဖြစ်ပေါ်နေသည်။ရွှေရောင်အလင်းတန်းများက လျင်မြန်လှသော အရှိန်နှုန်းဖြင့် ဖြတ်သန်းလူးလွန့်နေသည်။ကြီးမားလှသော ရုပ်သေးကောင်က ရွှေရောင်အလင်းတန်းတစ်ခုပေါ်တွင် ဝင့်ကြွားစွာရပ်နေသည်။


ဘုန်း ဘုန်း ဘုန်း...


လေဟာနယ်က အဆက်မပြတ် ပေါက်ကွဲတုန်ခါနေသည်။ကျင့်ကြံသူများ၏ အော်ရာများက ထိုရွှေရောင်အလင်းတန်းကို လိုက်လံဖမ်းဆီးနေသည်။သူတို့၏ တိုက်ခိုက်မှုကြောင့် စွမ်းအင်လှိုင်းများကလည်း အဘက်ဘက်သို့ ပြန့်ကျဲနေသည်။


"ဘာတွေဖြစ်သွားတာလဲ ရန်သူတွေ လာတိုက်တာလား..."


အားလုံး လေအေးတစ်ချက်ရှိုက်လ်ိုက်မိကြသည်။သူတို့ ရေခဲကန်ထဲ နစ်မြှုပ်သွားသလ်ိုမျိုးခံစားလိုက်ရ၏


"အားကောင်းသန်မာတဲ့ ရန်သူတွေက အစားကြူးတောင်ကြားကို လာတိုက်ပြီလား..."


တစ်ချို့လူများ၏ စူးရှသော မျက်ဝန်းအကြည့်များက ကောင်းကင်ယံထက်တွင် ရစ်ဝဲနေသည့် လွှမ်းမိုးနိုင်စွမ်းသော စွမ်းအင်များကို တွေ့လိုက်ကြသည်။၎င်းက ကြီးမြတ်သော တန်ခိုးအဆင့် ကျင့်ကြံသူများတိုက်ခိုက်မှုကြောင့် လေဟာနယ်ဆွဲကျုံ့လာသည်နှင့် တူသည်။


မြို့တော်ကြီးတစ်ခုလုံးက အပျက်အစီးများဖြစ်ပေါ်နေပြီး အလောင်းများနေရာအနှံ့ ပြန့်ကျဲနေသည်။စီးဆင်းနေသောသွေးများက မြို့တစ်ခုလုံးကိုပင် လွှမ်းခြုံ ထားလေသည်။ထိုမြင်ကွင်းကိုကြည့်၍ သူတို့နှလုံးသားထဲတွင် ဝမ်းနည်းမှုနှင့်တင်းကျပ်မှုကို ခံစားလိုက်ရပြီး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။


ဝှိုက်တီနှင့် ပုစွန်ပိစိတို့က လိုက်လံဖမ်းဆီးခံနေရသည်။ထ်ိုကျင့်ကြံသူများအားလုံးက ဝှိုက်တီကို သတ်ချင်ကြသော်လည်း ပုစွန်ပိစိက အလွန်ပင်မြန်ဆန်လွန်းနေသည်။၎င်းက ရွှေရောင်အလင်းတန်းတစ်ခုအလား လေဟာနယ်ကိုဖြတ်သန်းသွားပြီး အချိန်အတိုအတွင်းမှာပင် အဝေးသ်ို့ ထွက်ပြေးပျောက်ကွယ်သွားလေသည်။


ထို့ကြောင့် ကျင့်ကြံသူများ၏ တိုက်ခိုက်မှုက အလဟဿဖြစ်သွားရသည်။ကောင်းကင်ဗဟို သန့်စင်နယ်မြေမှ ကျင့်ကြံသူပညာရှင်က အလွန်ပင် ဒေါသထွက်နေလေပြီ။


သူ့၏ နတ်ဘုရားသတ်လက်နက်က််ို ကြမ်းတမ်းစွာ ဝှေ့ယမ်းလိုက်ပြီး ပြင်းထန်စွာကြိုးကြိုးစားစားလိုက်လံဖမ်းဆီးတော့သည်။သူ့၏ နတ်ဘုရားသတ်လက်နက်မှလည်းနတ်ဘုရားတစ်ပိုင်းစွမ်းအင်အလင်းတန်းများကို ထုတ်လွင့်နေသည်။


ဘုန်း ဘုန်း...


ကောင်းကင်ယံရှိ ကြီးမြတ်သော တန်ခ်ိုးအဆင့်များ၏ တိုက်ပွဲကလည်း အထွဋ်အထိပ်သို့ ရောက်လာသည်။အဖိုးကြီးလင်းက ချူချန်းရှန်ကို အဆုံးမသတ်နိုင်မှန်းသတိပြုမိလိုက်သောကြောင့် မျက်လုံးလှန်လိုက်မိသည်။


ချူချန်းရှန်က သူ့ကိုပင် ရိုက်နှက်နိုင်ခဲ့သေးသည်။၎င်းက ခွင့်မလွှတ်နိုင်စရာကောင်းလှသည်။အဖ်ိုးကြီးလင်းက မာန်သွင်းအော်ဟစ်လိုက်သည်။သူ့၏ အော်ရာများက ထိတ်လန့်တုန်လှုပ်သွားသည်။


သူ့ခန္ဓာကိုယ်မှ အလင်းတန်းများဖြာထွက်လာပြီး ခေါင်းအထက်တွင် စိတ်ဝိညာဥ်လှေကား ပေါ်လာသည်။စိတ်ဝိညာဥ် လှေကား ၈ဆင့်၏ အထက်တွင် တောက်ပသော အလင်းရောင်များဖြာထွက်နေသည့် ကြယ်တစ်လုံးရှိနေသည်။ကောင်းကင်နွေဦးသန့်စင်နယ်မြေ၏ ကြယ်စင်မှ စွမ်းအားများကို လက်ခံရရှိပြီးနောက် အဖိုးကြီးလင်း၏ စွမ်းအင်က မြင့်တက်လာသည်။


သူ့၏ ပုဆိန်သွားတက်လှံရှည်ကို လွှဲယမ်းလိုက်သည်နှင့် ကောင်းကင်တစ်ခွင်လုံး ပုဆိန်အလင်းများပြည့်နှက်သွားသည်။ဒါက ချူချန်းရှန်၏ ခန္ဓာကိုယ်ကို အပေါက်ပေါင်းထောင်ချီနိုင်အောင် ရည်ရွယ်လိုက်သည်။၎င်းတိုက်ခိုက်မှုက အမြီးများ ပြန့်ကားလှသော ထောင့်တစ်ထောင့်ကဲ့သို့ပင် လှပသော်လည်း အန္တရာယ်ကြီးလှသည်။ချူချန်းရှန်၏ မျက်ဝန်းများက စူးစိုက်သွားပြီး သူလည်း မာန်သွင်းလိုက်သည်နှင့် သူ့၏ အော်ရာများထပ်မံပေါက်ကွဲလာပြန်သည်။သူ့၏ နဖူးလေးထက်တွင် အနက်ရောင်လိုင်းများ ပေါ်လာပြီး ထို့နောက် ထ်ိုအနက်ရောင်လိုင်းက ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ ပြန့်ကားသွားကာ စွမ်းအားများတိုးပွားလာသည်။


ကြီးမားလှသောဓားကို လွှဲခုတ်ချလိုက်သည်။၎င်းက လေဟာနယ်တစ်ခုလုံးကို ရှင်းလင်းပစ်လိုက်မည့်မုန်တိုင်းတစ်ခုအလား အရှိန်အဟုန်ဖြင့် စတင်လည်ပတ်လာသည်။


၎င်းက ထောင်ပေါင်းများစွာသော ပုဆိန်သွားလှံရှည်အလင်းများနှင့် ရိုက်ခတ်မိသွားပြီး ပေါက်ကွဲသံများပဲ့တင်ထပ်ထွက်ပေါလာသည်။


ဖျက် ဖျက် ဖျက်...


အဖိုးကြီးလင်း လေထဲ၌ ခြေလှမ်းများစွာ နောက်ဆုတ်လိုက်ရသည်။သူ့၏ မျက်နာကလည်း ရှုံ့မဲ့မှောင်မဲသွားသည်။သူကတခြားသူကို အနိုင်ယူရန် လွှမ်းမိုးနိုင်သည့် စွမ်းအားများကို အသုံးပြုလိုခဲ့သော်လည်း နောက်ဆုံး၌ သူ့၏ စွမ်းအားက တစ်ဖက်လူကိူ ဖိနှိပ်ရန် မလုံလောက်ကြောင်း သိခဲ့ရသည်။အရှက်ရသလို ခံစားလိုက်ရသည်။မီးဖိုချောင်သုံးဓားက အဆက်မပြတ်ပင် လည်နေပြီး ထုတ်လွင့်နေသောအလင်းတန်းများကလည်း အရပ်မျက်နာ အဘက်ဘက်သို့ လျင်မြန်စွာပြန့်ကားသွားသည်။


ချူချန်းရှန် ဓားကို ဆုပ်ကိုင်လိုက်သည်။အနက်ရောင်အကြောင်းများ ပြည့်နေသည့် သူ့၏ ခန္ဓာကိုယ်က ပို၍ ကြောက်မက်ဖွယ်ကောင်းနေသည်။


"လာလေ ငါနဲ့ လာရင်ဆိုင်လှည့် မင်းက ငါတို့ အစားကြူးတောင်ကြားက်ို ဖျက်စီးချင်နေတာမဟုတ်လား မင်းမှာအရမ်းအစွမ်းတွေရှိနေတယ်ဆိုရင် ငါ့ရဲ့ အလောင်းပေါ်က ဖြတ်ကျော်သွားလိုက်..."


ချူချန်းရှန်၏ မျက်ဝန်းအကြည့်များက ထူးခြားဆန်းကြယ်နေသည်။သူ့၏ဆံပင်ဖြူများကအနက်ရောင် အဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ကို အဆပေါင်းများစွာပိုမို ငယ်ရွယ်သလိုထင်ရစေသည်။အဖိုးကြီးလင်း၏ မျက်နာကအေးစက်သွားပြီး ပင့်သက်တစ်ချက်ရှ်ိုက်လိုက်သည်။ရုတ်တရက် မြေပြင်မှ ပစ်လွှတ်လိုက်သော အလင်းမြားတစ်ခုက ကောင်းကင်ကို ထိုးဖောက်လာသည်။၎င်းရွေ့လျားသည့် အလင်းနှုန်းက မြန်ဆန်လှသည်။


ထိုအခိုက်အတန့်၌ ချူချန်းရှန် အန္တရာယ်၏ အငွေ့အသက်ကို ခံစားလိုက်ရသည်။သူလေဟာနယ်တုန်ခါသွားအောင် ခြေဆောင့်နင်းလ်ိုက်ပြီးအလင်းမြှားပျက်ပြယ်သွားအောင်လုပ်လိုက်သည်။သို့သော်လည်း ထိုမြှား၏ စွမ်းအားများက တိုင်တောင်အလား တည်ငြိမ်နေလေသည်။


"ဒီမြှားကို ပစ်လွှတ်လိုက်တဲ့သူက ကြီးမြတ်သောတန်ခိုးဆင့် ပညာရှင်ပဲဖြစ်မယ် ..."


ချူချန်းရှန် အလျင်အမြန် တွက်ချက်လိုက်သည်။ထို့နောက် မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ့၏ ခန္ဓာကိုယ်က အလင်းအရှိန်အလား လွင့်ပျယ်သွားသည်။


ဖူး ဖူး...


သွေးများ ကောင်းကင်ယံထက်တွင် ပြန့်ကျဲသွားသည်။ချူချန်းရှန်၏မျက်ဝန်းများက မယုံကြည်နိုင်မှုဖြင့် ကျဥ်းမြောင်းသွားသည်။သူ့၏ ပခုံး၌ သွေးမြှားတစ်ချောင်းထိုးဖောက်သွားသည်ကို တွေ့လိုက်ရသည်။ထိုအပေါက်မှ သွေးများဒလဟောစီးကျနေသည်။


"သူသေချာပေါက် ရှောင်လိုက်တယ်လေ..."


ချူချန်းရှန်၏ နှလုံးသားက အေးစက်သွားလေသည်။သူ့မျက်ဝန်းမှ လျှပ်စီးအလင်းများကလည်း ပို၍ စူးရှလာသည်။သူအနက်ရောင်ဝတ်ရုံခြုံလွှမ်းထားပြီးဝါးဦးထုပ်ဆောင်းထားသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ထိုသူ၏ လက်ထဲတွင်လှပလှသော လင်းလေးတစ်လက်က်ိုကိုင်ဆောင်ထား၏။


ထိုသူကို မြင်လိုက်သည့်ခဏ၌ချူချန်းရှန်ပင့်သက်တစ်ချက်ရှိုက်လ်ိုက်မိသည်။


"အလင်းယိမ်းသန့်စင်နယ်မြေက နေမင်းသုတ်သင်လေးချမ်းချန့်..."


လျှို့ဝှက်နဂါးတော်ဝင်ခုံရုံး၏ သန့်စင်နယ်မြေ ခုနစ်ခုထဲမှ တစ်ခုဖြစ်သောအလင်းယိမ်းသန့်စင်နယ်မြေမှ ကြီးမြတ်သော တန်ခိုးအဆင့် ကျင့်ကြံသူကလည်း တိုက်ပွဲတွင် ပါဝင်လာပေပြီ။အလင်းယိမ်းသန့်စင်နယ်မြေတွင်ရှိသော လေးသုံးလက်၏အမည်များမှာနေမင်းသုတ်သင်လေးနေဝင်ဆည်းဆာလေး နေမင်းပစ်ခွင်းလေး ...


၎င်းကို အသုံးပြုသူများကလည်း အလွန်စွမ်းအားကြီးသောသွေးသားတော်စပ်သည့် ညီအကိုများဖြစ်သည့် ကြီးမြတ်သော တန်ခိုးအဆင့် ပညာရှင်များဖြစ်သည်။နေမင်းပစ်ခွင်းလေးကို ထိန်းချုပ်နိုင်သောသူသည် နတ်ဘုရားတစ်ပိုင်းလေးသည်တော်အဖြစ် ကုန်းမြေတိုက်ကြီးတွင် ကျော်ကြားလေသည်။


ဒဏ္ဍာရီများအရ၎င်းက ကောင်းကင်ယံထက််မှ ကြယ်များက်ိုပင် ပစ်ချနိုင်သည်ဟု ဆိုကြသည်။မှန်ပေသည်။ထိုမချက်က အလွန်ချဲ့ကားထားခြင်းဖြစ်နိုင်ပေသည်။သို့သော်လည်း ထိုညီအကိုများက အလွန်ပင် စွမ်းအားရှိသည်ဟု အဖြစ်မှန်ပင်ဖြစ်သည်။


အလင်းယိမ်းသန့်စင်နယ်မြေက တိတ်တဆိတ်ပင်နေခဲ့သော်လည်း ယခုမူ သူတို့၏ ပညာရှင်တစ်ယောက်ကို စေလွှတ်လိုက်ပေပြီ။၎င်းအချက်အရ သူတို့သည်လည်း အစားကြူးတောင်ကြား၏ အမွေအနှစ်များကို လိုချင်ပုံပေါ်သည်။


ဝါးဦးထုပ်ကို ပင့်မလိုက်သည်နှင့် နူးညံ့သောမျက်နာထားကို တွေ့လိုက်ရသည်။ချမ်းချန့်၏ နူးညံ့လှသောအသွင်အပြင်က တွေ့ဆုံလိုက်ရသောသူများကိုနွေဦးလေပြေအလား ထင်မှတ်စေသည်။ချူချန်းရှန်ကို ကြည့်၍ ခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။ထို့နောက် အဖိုးကြီးလင်းဘက်သ်ို့လည်းကြည့်၍ ခေါင်းတစ်ချက်ညိတ်ပြလိုက်၏။ထို့နောက် သူ့၏ လေးကြိုးကို နောက်တစ်ဖန်ဆွဲတင်လိုက်သည်။


ဆွစ်...


အလင်းတန်းများက ကောင်းကင်နှင့် ကမ္ဘာမြေကို ဆုတ်ဖြဲပစ်တော့မလ်ို စုစည်းလာသည်။


ဇွက်...


ချူချန်းရှန်၏ ပခုံးတစ်ဖက် ထပ်မံထိုးဖောက်ခံလ်ိုက်ရပြီး သွေးများပြန့်ကျဲသွားပြန်သည်။ချူချန်းရှန်၏ ပါးစပ်မှ သွေးများစီးကျလာသည်။သူနောက်သို့ ခြေလှမ်းပေါင်းများစွာ ဆုတ်လိုက်ရသည်။သူ့၏ မျက်နာကလည်း တင်းမာခတ်ထန်နေပေပြီ။


"ကြီးမြတ်သော တန်ခိုးအဆင့် နှစ်ယောက်က သူ့ကို သတ်ဖို့လာတာလား..."


 ဒီတစ်ကြိမ်တော့သူ ကြောက်မက်ဖွယ်ကောင်းသော အခြေအနေထဲ ကျရောက်သွားပြီဟု ခံစားလိုက်ရသည်။ထိုအချိန်တွင် အောက်ဘက်၌ ပုစွန်ပ်ိစိက ဝှိုက်တီကိုသယ်၍ ကျင့်ကြံသူများ၏လက်မှ လွတ်အောင်ပြေးနေသည်။


ထိုအခိုက်အတန့်တွင် ဝှိုက်တီစားလိုက်သောနတ်ဘုရားသတ်လက်နက်ကို အစာချေပြီးသွားပုံပေါ်လေသည်။သူ့၏ မျက်ဝန်းများက တလက်လက်တောက်ပလာသည်။သူ့၏ တိုက်ခိုက်မှုအဆင့် တက်သွားပုံရသည်။


ဝီ...


ရုတ်တရက် ပြေးလွှာနေသောပုစွန်ပိစိက ရပ်တန့်သွားသည်။သူတိုကို လိုက်ဖမ်းနေသောကျင့်ကြံသူများလည်း အံ့သြတုန်လှုပ်သွားကြသည်။ပုစွန်ပိစိ အနောက်သို့ ပြန်လှည့်လိုက်သည်။သူ့ပေါ်တွင်ရပ်နေသောဝှ်ိုက်တီ၏ ဝမ်းဗိုက်က ပွင့်လာပြီးအနက်ရောင်ရေဝဲလည်ပတ်လာကာနီရဲနေသောနတ်ဘုရားသတ်တုတ် ပေါ်ထွက်လာသည်။


ရွှီး...


ဝှိုက်တီ နတ်ဘုရားသတ်တုတ်ကို ဆွဲထုတ်လိုက်သည်။သူ့၏တောက်ပနေသောမျက်ဝန်းများက ပို၍ တည်ငြိမ်လာသည်။ဝှိုက်တီ၏ မျက်ဝန်းများက ရေခဲတမျှအေးစက်နေသည်။


"နတ်ဘုရားသတ်လက်နက် ရှာတွေ့ပြီ သတ်..."


ဝီ...


ကျင့်ကြံသူများအားလုံး ကြောင်အနေကြသည်။ဝှိုက်တီစီးနင်းထားသောပုစွန်ပိစိ၏ ရွေ့လျားနှုန်းက လျင်မြန်လှသည်။နတ်ဘုရားသတ်တုတ်ကို တစ်ချက်လွှဲယမ်းလိုက်သည်နှင့် ပြင်းထန်လှသောလေအရှိန်ပါ လ်ိုက်ပါလာလေသည်။


.......


ငရဲဘုရင်ကို ကြည့်ရသည်မှာနှလုံးကွဲကြေသွားပုံပေါ်လေသည်။သူနှုတ်ခမ်းကိုကိုက်ကာမျက်ရည်ဝဲနေသောမျက်ဝန်းများဖြင့်မီးဖ််ိုခုံကို ကြည့်နေလေသည်။


"သူက အစပ်ချောင်းကို ဘယ်လိုလုပ်ပြီးတော့ ဒီလိုဆက်ဆံရဲရတာလဲ..."


ထိုကဲ့သို့အရသာရှိလှသော စားသောက်ဖွယ်ရာများက စေ့စေ့စပ်စပ်အရသာခံမြည်းကြည့်ရန် လိုအပ်ပေသည်။ယခုကဲ့သို့ ကြမ်းကြမ်းတမ်းတမ်းပြုမူလိုက်ခြင်းက အရသာရှိမှုကို မလေးမစားလုပ်ရာကျလေသည်။ပုဖန် သူရှိရာဆီသို့ တိုးဝင်လာသော ငရဲဘုရင်ကြောင့် လန့်ဖြန့်သွားသည်။


"ဘာတွေဖြစ်နေတာလဲ အဲ့ဒါက မတွေ့ရတာကြာပြီဖြစ်တဲ့ ဟလေးမဟုတ်လား သူက ဘယ်လိုလုပ် ဒီရောက်နေတာလဲ..."


ပုဖန် လှုပ်ရှားမှုများ ရပ်တန့်လိုက်ပြီး ခံစားချက်မဲ့သော မျက်နာသေဖြင့် ငရဲဘုရင်ကို ကြည့်လိုက်သည်။ငရဲဘုရင်၏ မျက်ရည်ဝိုင်းသော မျက်ဝန်းလေးများဖြင့် တွေ့ဆုံလိုက်ရလေသည်။


စက္ကန့်အချို့ကြာပြီးနောက် ငရဲဘုရင်က အရှုံးပေးပြီး ပြန်ဆုတ်သွားလေသည်။သူ မျက်တောင်တစ်ချက်ခတ်လိုက်၏။


"ဒီစိတ်ပုပ်ပိုင်ရှင်ပုက သူရဲ့ မျက်နာကို ဂရုစိုက်မှာမဟုတ်ဘူး ...မင်းက အစပ်ချောင်းကို မှားယွင်းစွာ ဆက်ဆံလိုက်တယ်..."


ငရဲဘုရင် အလေးအနက်အသံဖြင့် ပြောလိုက်သည်။ပုဖန် မျက်ခုံးပင့်၍ သူ့ကို မျက်စိစောင်းကြည့်လိုက်သည်။


"ဒါဆိုလည်း ပြောပါဦး ငါဘယ်လိုဆက်ဆံရမလဲဆ်ိုတာကို ..."


"ငါ့ကို အစပ်ချောင်းပေး...ငါမင်းကို ပြမယ်..."


ငရဲဘုရင် မျက်ဝန်းတောက်တောက်လေးများဖြင့် ပြောလိုက်သည်။သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများတွန့်ကွေးသွားသည်။သူစနစ်၏ သိုလှောင်နယ်မြေထဲမှ အစပ်ချောင်း တစ်ချောင်းထုတ်ယူလိုက်သည်။


ငရဲဘုရင်က နည်းနည်းမှပင် မစောင့်နိုင်တော့ပဲ လက်မြောက်လိုက်သည်။သို့သော်လည်း ဓားရောင်တစ်ချက်လက်သွားသည်ကို သူမြင်လိုက်ရ၏။အစပ်ချောင်းက နုတ်နုတ်စင်းခံလ်ိုက်ရပြန်သည်။ပုဖန် မီးဖ်ိုချောင်သုံးဓားဖြင့် ရိုက်လိုက်ပြီးနောက် သူအမှုန့်များကိုယူကာအိုးထဲ ထည့်လိုက်သည်။


"မင်းအစပ်ချောင်းလိုချင်တယ်မဟုတ်လား ဒီမှာငါအချက်အပြုတ်ပြိုင်ပွဲပြီးတဲ့ထိစောင့် ဒီမီးဖိုချောင်ကနေ ထွက်သွားတော့...ဒီလ်ိုမှမဟုတ်ဘူးဆိုရင်တော့ ရောက်လာမယ့်အကျိုးဆက်တွေက အရမ်းပြင်းထန်လိမ့်မယ်..."


ပုဖန် အမူအရာမဲ့စွာဖြင့် ပြောလိုက်သည်။ငရဲဘုရင်က အစပ်ချောင်းရနံ့လေးများထုတ်လွင့်နေသော ပွက်ပွက်ဆူနေသည့် မဟူရာလိပ်ခုံးဒယ်အိုးကိုသာကြည့်နေသည်။


သူက သူ့ခေါင်းထဲ၌ အတွေးတစ်ချက်လက်သွားကာ ချာခနဲ လှည့်ထွက်လိုက်သည်။ခြေတစ်လှမ်းလှမ်းလိုက်သည်နှင်ါ အကွာအဝေးချုံ့လိုက်သလိုမျိုးဒိုင်လူကြီးများ စားပွဲနားတွင် ထွက်ပေါ်လာသည်။


ရန်ယု၏ ခန္ဓာကိုယ်က အေးစိမ့်သွားသည် သူ့၏ ခေါင်းကို ကိုင်ထားသော လက်တစ်ဖက်ကို တွေ့လိုက်ရ၏။


"မင်းက ငါ့ကို ဒီနေရာကနေ ဆွဲထုတ်သွားချင်နေတယ်လို့ ငါကြားလိုက်တယ်..."


ငရဲဘုရင်၏ မျက်ဝန်းအောက်၌ အနက်ရောင်အခိုးအငွေ့များ ပေါ်ထွက်သွားပြီး သူ လေသံသဲ့သဲ့ဖြင့် ပြောလိုက်သည်။ရန်ယု၏ ခန္ဓာကိုယ်က တောင့်တင်းသွားသည်။သူဒေါသထွက်လာပြီး နောက်လှည့်ကြည့်လိုက်သည်။ငရဲဘုရင်၏ စူးရဲသော အကြည့်များဖြင့် ဆုံတွေ့လိုက်ရသည်။


"ငါ့ကို ဆွဲထုတ်သွားချင်ရအောင် မင်းကဘာလဲ..."


ငရဲဘုရင်က အသာအယာပြောလိုက်ပြီးနောက် ရန်ယု၏ နဖူးကို လက်ညှိုးနှင့်ထ်ိုးလိုက်သည်။ထပ်ခနဲအသံ ပဲ့တင်ထပ်သွားပြီး သူမခုခံနိုင်သောအင်အားတစ်ခုကို ခံစားလိုက်ရ၏။အနောက်သ်ို့ လွင့်ထွက်သွားပြီး အစားကြူးရင်ပြင်ကျယ်၏ နံရံနှင့် ပြင်းထန်စွာစောင့်မိသွားသည်။


အုတ်ခဲများကျိုးပဲ့သွားပြီး ပြိုကျလာသည်။အစားကြူးရင်ပြင်ကျယ်တစ်ခုလုံးလှုပ်ခါသွားပြီးပရိတ်သတ်များ ပါးစပ်အဟောင်းဖြစ်သွားလေသည်။


"ဒိုင်လူကြီးနေရာအစားထ်ိုးလိုက်ပြီ ဆက်ကြစို့..."


ငရဲဘုရင်က ရန်ယု၏ ခုံတွင် ဝင်ထိုင်လိုက်ကာ လက်နှစ်ဖက်က်ို ပုတ်ခါပြီးပြောလ်ိုက်သည်။ပြီးနောက် သူ့ဘေးနားတွင်ထိုင်နေသော မုချန်ဘက်သို့လှည့်၍ မေးလိုက်သည်။


"ဒိုင်လူကြီးတွေက ကောင်လေးပုရဲ့ ဟင်းပွဲတွေကို စားလို့ရတယ်မဟုတ်လား..."


မုချန် အံ့အားသင့်တုန်လှုပ်နေသော်လည်း အလျင်အမြန်ခေါင်းညိတ်ပြလိုက်သည်။ထိုသူက လက်ညှိုးတစ်ချောင်းတည်းဖြင့် ရန်ယုကို လွင့်ထွက်သွားအောင် လုပ်နိုင်စွမ်း ရှိပေသည်။


"ဒီလူက ဘယ်အဆင့်ကို ရောက်နေပြီလဲ...ပြီးတော့ သူက အစားအစာတွေကို ဘယ်လို အကဲဖြတ်ရမယ်ဆိုတာတွေကို သိလို့လား..."