အပိုင်း ၇၄၆
Viewers 53k

အခန်း ၇၄၆

အစပ်ချောင်းနဲ့ယှဉ်ရင် အမှိုက်ပဲ...


"ဒီကောင်လေးက ဒိုင်လူကြီးလုပ်ချင်နေတယ်ပေါ့..."


အားလုံး ထိတ်လန့်အံ့အားသင့်နေသည်။ရန်ယုကို လက်ညှိုးဖြင့်ပင် လွင့်ထွက်သွားနိုင်အောင်လုပ်နိုင်သော ထိုသူက ဘယ်ကရောက်လာမည်မှန်းမသိကြပေ။ထိုသူက သဘာဝလွန်စွမ်းအားများရှိကြောင်း သက်သေပြချင်ပေသည်။


"ဒီလူက ဘာဖြစ်ချင်နေတာလဲ သူက အစားအသောက်ကို ဘယ်လိုအကဲဖြတ်ရတယ်ဆိုတာ သိလို့လား..."


ပထမအဆင့် စားဖိုမှူးရန်ယုနှင့် ယှဥ်လိုက်လျှင် ထိုသူက ဒိုင်လူကြီးဖြစ်ဖို့ မထိုက်တန်ပေ။


ဘုန်း ...


ရန်ယု အပျက်အစီးပုံထဲမှ ထိုးတက်လိုက်သည်။သူ့၏ မျက်လုံးများက နီရဲနေကာ မျက်နာက ရက်စက်ခတ်ထန်နေပေသည်။သူ့၏ နဖူးက ရောင်ရမ်းနေသည်။သူ ဒေါသထွက်နေသော်လည်း မလှုပ်ရှားရဲပေ။ထိုလူ၏ လက်ချောင်းတစ်ချောင်းတည်းဖြင့်ပင် သူ မခုခံနိုင်ပဲ လွင့်ထွက်သွားခဲ့ရသည်။


အဘယ်ကြောင့်ဆိုသော် ထိုသူက သဘာဝလွန်စွမ်းအားများရှိကြောင်း သက်သေပြနေပေသည်။ထိုကဲ့သို့ တည်ရှိမှုမျိုးကိုမဟာအကြီးအကဲသာလျှင် ရင်ဆိုင်နိုင်ပေလိမ့်မည်။သူ့၏ ဒိုင်လူကြီးနေရာကိုတော့ ဒီတိုင်း လက်မလျှော့လိုက်ချင်ပေ။


ရန်ယုက နံပါတ် ၁ စားဖိုမှူးဖြစ်သည်။အစားကြူးတောင်ကြားတစ်ခုလုံးတွင် အကောင်းဆုံးစားဖိုမှူးတစ်ယောက်လည်းဖြစ်၏။သူက ဒီလိုအရှက်ခွဲမှုမျိုးကို ဘယ်လိုလုပ် လက်ခံနိုင်မလဲ သို့သော်လည်း ငရဲဘုရင် သူ့ထိုင်ခုံ၌ ထိုင်နေသည့် အချိန်တွင် သူဒေါသတကြီး သွားမပြောဝံ့ဖြစ်နေသည်။အစောင့်များကို ထိုသူအား ဆွဲထုတ်ခိုင်းဖို့ရန်ပင် မဝံ့ရဲပေ။


သူတကယ်ကို ထိတ်လန့်နေမိသည်။ထို့ကြောင့် သူ့၏ မျက်ဝန်းအကြည့်များက ဝမ်ရမ်ရှန်ဆီသို့ ရောက်သွားသည်။အစောပိုင်းက ဝမ်ရမ်ရှန်သည် ဒိုင်လူကြီးတစ်ယောက်မဟုတ်ပေ။မဟာအကြီးအကဲ ထွက်သွားသောကြောင့် သူ့နေရာကို အစားဝင်လာခြင်းဖြစ်သည်။


ယခုမူနောက်ထပ် ရက်စက်ခတ်ထန်သော လူတစ်ယောက်ရောက်လာလေရာဝမ်ရမ်ရှန် လိမ့်ရမည့် အချိန်သို့ ရောက်လာပေပြီ။ထို့ကြောင့် သူ ဝမ်ရမ်ရှန်ဆီသို့ လျှောက်သွားလိုက်သည်။


"ဝမ်ရမ်ရှန် ဒီခုံကဖယ်တော့ ငါပဲ ဒိုင်လူကြီးဖြစ်သင့်တယ်..."


သူ့၏။မောက်မာလှသောအမိန့်ပေးသံက ဝမ်ရမ်ရှန် မျက်ဝန်းများကို မှေးကျင်းသွားစေသည်။သူ့၏ ဘူးသီးခြောက်ရေဘူးကို ထုတ်ယူ၍ ဝိုင်တစ်ငုံ မော့သောက်လိုက်သည်။


ခံစားချက်မဲ့စွာဖြင့် ရန်ယုကို တစ်ချက်ကြည့်လိုက်သည်။ပျင်းရိလေးတွဲစွာ နှာခေါင်းရှုံ့လိုက်ပြီး လျစ်လျူရှုလိုက်လေသည်။


"မင် ..."


 ရန်ယု ဒေါသပေါက်ကွဲသွားသည်။ပထမက သူ့၏ အဆင့်အတန်းကြောင့် ဝမ်ရမ်ရှန် သူ့စကားကို နာခံလိုက်မည်ဟု ထင်မိခဲ့သည်။သို့သော်လည်း ဝမ်ရမ်ရှန်၏ အပြုအမူက သူ့၏ ဒေါသမီးတောက်ကို မြင့်တင်ပေးလိုက်လေသည်။


"ဝမ်ရမ်ရှန် မင်းကိုယ်မင်း ဒုက္ခရောက်အောင် မလုပ်စမ်းနဲ့ ငါ့ကို ရန်စလို့ မင်းအတွက် အဆုံးသတ်ကောင်းမှာမဟုတ်ဘူး..."


ရန်ယု အေးစက်စွာပြောလိုက်သည်။ဝမ်ရမ်ရှန်က ဖြေးညှင်းစွာ ဝိုင်တစ်ငုံမော့သောက်လိုက်သည်။ဝိုင်ဘူးကို ဖယ်လိုက်သောအခါ၌ သူ့၏ နှုတ်ခမ်းထက်တွင် အထင်အမြင်သေးသည့် လှောင်ပြောင်မှုတစ်ခု ချိတ်ဆွဲထားပေသည်။


"ထွက်သွားစမ်း...အစားကြူးဘုတ်ပြားပေါ်မှာ နံပါတ် ၁ဖြစ်နေတာကြောင့် မင်းက အထူးစပါယ်ရှယ်ဖြစ်နေတယ်လို့ ထင်နေတာလား....ငါ မင်းကို မျက်နာသာမပေးနိုင်ဘူး မင်းရဲ့နေရာသိမ်းပိုက်ခံလိုက်ရတာနဲ့ပဲ ငါ့ဆီကိုလာပြီး အနိုင်ကျင့်တာလား...မင်း ရူးများနေလား..."


ဝမ်ရမ်ရှန် မျက်လုံးလှန်လိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။ရန်ယု၏။ မျက်နာက မဲမှောင်သွားပြီး ဝမ်ရမ်ရှန်ကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။သို့သော်လည်း သူ စကားထပ်မဆိုတော့ပဲ ချာခနဲ လှည့်ထွက်သွား၏ နံပါတ် ၁ စားဖိုမှူးတစ်ယောက်အနေဖြင့် သူ့တွင်လည်း ဂုဏ်သိက္ခာရှိပေသေးသည်။


သို့သော်လည်း သူ ထိုကဲ့သို့ တိတ်တဆိတ်ထွက်သွားခြင်းက ဆူပူအော်ဟစ်သည်ထက်ပင် လူများ၏ နှလုံးသားကို အေးစက်သွားစေသည်။ဝမ်ရမ်ရှန်က ရန်ယုထွက်သွားသည်ကို မျက်နာသေဖြင့်သာကြည့်နေလိုက်သည်။ပုဖန်၏ ချက်ပြုတ်ခြင်းက နောက်ဆုံးအပိုင်းသို့ ရောက်လာလေပြီ။


ဗွမ်း ဗွမ်း...


မဟူလိပ်ခုံးဒယ်အိုးထဲမှ အစပ်ချောင်းစွပ်ပြုတ်ရည်များက ပွက်ပွက်ဆူနေသည်။ပုဖန်အိုးထဲမှ မျှစ်ကို ဆယ်ယူလိုက်သည်။ကျောက်စိမ်းမျှစ်က အလွန် နူးညံ့ပြီး နှစ်သက်စရာကောင်းစွာ တောက်ပနေလေသည်။


စွပ်ပြုတ်ထဲ၌ ထည့်ပြုတ်လိုက်ပြီးနောက် ပို၍ပင် အံ့သြစရာကောင်းလှသည်။ထိုကျောက်စိမ်းမျှစ်မှ များပြားလှသော ရှင်သန်ခြင်း အငွေ့အသက်များကို ခံစားမိနိုင်သည်။ကျောက်စိမ်းမျှစ်၏ မွှေးကြိုင်လှသောရနံ့ထဲတွင် အစပ်ချောင်း၏ ထူးကဲလှသော အနံ့အရသာပါ ပေါင်းစပ်ပါဝင်နေသည်။ပုဖန် အသက်ပြင်းပြင်းတစ်ချက်ရှုရှိုက်လိုက်သည်။သူ့၏ မျက်နာကလည်းပို၍ လေးနက်လာသည်။


ပုဖန် အစပ်ချောင်းများကို ထုတ်ယူလိုက်ခါ ဓားဖြင့် ဖြတ်တောက်လိုက်သည်။ထို့နောက်သူ့၏ လက်ထဲမှ မီးဖိုချောင်သုံးဓားက လှုပ်ရမ်းသွားခါ ကျောက်စိမ်းမျှစ်ကို ဖြတ်လိုက်၏။ပြီးသည်နှင့် သူဖြတ်တောက်ထားသော အစပ်ချောင်းလေးများကို ကျောက်စိမ်းမျှစ်အတွင်းထဲ ထည့်လိုက်သည်။


ကျောက်စိမ်းမျှစ်ပေါ်တွင် ခြစ်ရာ ဖြတ်ရာမရှိပဲ အလွန်လှပနေလေသည်။အဘယ်ကြောင့်ဆိုသော် ပုဖန်၏ လှုပ်ရှားမှုက အလွန်လျင်မြန်လှသောကြောင့် ကျောက်စိမ်းမျှစ်က နဂို မဖြတ်တောက်လိုက်ခင်ကအတိုင်းရှိနေလေသည်။


တစ်ချိန်တည်းမှာပင် သူ အမွှေးအကြိုင်တစ်ချို့ကို နုတ်နုတ်စင်းကာ ထည့်လိုက်သည်။သူ့၏ ပြင်ဆင်ခြင်း ပြီးဆုံးသွားပေပြီ။ပုဖန် ပူစပ်စပ် ငရုတ်နှစ်ဇွန်းတစ်ဝက်ခတ်လိုက်သည်။ဇွန်းတစ်ဝက်က လုံလောက်ပေပြီ ထိုထပ် ပိုထည့်စရာမလိုပေ။သူ မဟူရာလိပ်ခုံးဒယ်အိုးကို အပူပေးကာ ဆီထည့်လိုက်သည်။


အပူချိန်မြင့်တက်လာသည်နှင့် ပြင်ဆင်ထားသော ပါဝင်ပစ္စည်းများကို ထည့်လိုက်၏။မျက်တောင်တစ်ခတ်အတွင်းမှာပင် ရှဲခနဲ အသံကျယ်များ ကြားလိုက်ရပြီး သိပ်သည်းလှသောမွှေးရနံ့များက လူများ၏ အနံ့ခံအာရုံကို လာရောက်တံခါးခေါက်လေသည်။


ဟုန် ...ဟုန်...


သူဒယ်အိုးကို လှုပ်၍ ခါလိုက်သည်နှင့် မီးတောက်များကလည်း ခပ်မြင့်မြင့်သို့ ထိုးတက်လာသည်။ပုဖန် ဒယ်အိုးကို အဆက်မပြတ် လှုပ်ခါပေးပြီး ပါဝင်ပစ္စည်းများကိုသမမျှတစေသည်။သူ့၏ မျက်နာထားက အေးစက်လှသော်လည်း သူ့၏ ကျွမ်းကျင်မှုများဖြင့် ပြည့်နှက်နေသည်။


ငရုတ်ရည် ထည့်ပေါင်းထည့်လိုက်သည်နှင့် ပြင်းထန်စွာတောက်လောင်လာသော မီးတောက်က စွမ်းအားအပြည့် ခြင်္သေ့တစ်ကောင်ဟိန်းဟောက်လ်ိုက်သည့်အသံကဲ့သို့ပင် ။


သို့သော်လည်း မပြီးဆုံးသေးပေ။ပုဖန်က တကယ့်ကျောက်စိမ်းအစစ်အလား ထင်ရသော မျှစ်ကိုယူ၍ အတုံးလေးများ ပိုင်းလိုက်သည်။ဝမ့်ထုံ၏ ဟင်းပွဲနှင့် တူညီသော အရာမျိုးချက်ရန် မစီစဥ်ထားပေ။သူက ဝမ့်ထုံ၏ ဟင်းပွဲထက် အံ့အားသင့်စေမည့် ဟင်းပွဲကိုသာ ချက်ပေမည်။


သူကတခြားတစ်ယောက်၏ စွမ်းအားများကို ထိုးဖောက်လိုလျှင် အကာအကွယ်ထိုးဖောက်မည့် လှံတစ်ချောင်းလိုအပ်ပေသည်။ဝမ့်ထုံ၏ စွမ်းအားကို သိပ်သည်းလှသော ဝမ်းနည်းမှုများမှ ဖန်တီးထားခြင်းဖြစ်သည်။ပုဖန်က ထိုဝမ်းနည်းမှုများမှ လွတ်မြောက်ရန် အားမာန်အပြည့် တက်ကြွလှသော ကျောက်စိမ်းမျှစ်ကို အသုံးပြုပေမည်။သူ မျှစ်တုံးလေးများကို ဒယ်အိုးထဲသို့ ထည့်လိုက်သည်။အလယ်ခေါင်တွင် မြှုပ်နှံထားသော အစပ်ချောင်းလေးများက ဘေးသို့ လွင့်စင်သွားလေသည်။


ခဏမျှမွှေလိုက်ပြီးသည့်နောက် အစပ်ချောင်းစွပ်ပြုတ်ရည်ကို လောင်းထည့်လိုက်သည်။တရှဲရှဲဆူညံသံများနှင့်အတူ အပူငွေ့များ လှိမ့်တက်လာသည်။ထို့နောက် သိပ်သည်းမွှေးပျံ့လှသော ရနံ့များ လ်ိုက်ပါလာလေသည်။


ဒယ်အိုးထဲမှပါဝင်ပစ္စည်းများကိုလည်း မြူထူထူအငွေ့များက လွှမ်းခြုံထားလေသည်။၎င်း၏ အရောင်က ဆွဲဆောင်မှုရှိလှပြီး အလွန်လှပလှသည်။ပုဖန်က သူ့ရှေ့၌ ချထားသော ဖြူပြာရောင်ပန်းကန်လုံးထဲသ်ို့ ဒယ်အိုးထဲမှပူပူနွေးနွေးစားစရာများ ခပ်ယူ၍ ထည့်လိုက်သည်။


ပြီးနောက် ဟင်းပွဲ၏ အပေါ်၌ ခရမ်းအနှစ်သာရ တစ်စက်ချလိုက်သည်။မျက်တောင်တစ်ခတ်အတွင်းမှာပင် ခရမ်းအနှစ်သာရက ဟင်းပွဲနှင့် သမမျှတစွာ ရောစပ်ထားလေသည်။


သိပ်သည်းလှသော မွှေးရနံ့က အများကြီး ပြောင်းလဲသွားသလို ထင်လိုက်ရသည်။တက်ကြွလှသောအငွေ့အသက်ထဲတွင် သိပ်သည်းလှသော အနှစ်သာရစွမ်းအင်များ နစ်မြှုပ်နေလေသည်။


"နောက်ဆုံးတော့ ပြီးသွားပြီ ကြည့်လိုက်တာနဲ့ လုံးဝ ရွှင်လန်းတက်ကြွနေတာပဲ ဒါကို အင်္သချေသက်ရှိများလို့ခေါ်ကြတာပေါ့..."


ပုဖန် တီးတိုးရေရွတ်လိုက်ပြီး သူ့လက်ထဲမှ ဟင်းပွဲကိုကြည့်ကာ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။


အင်္သချေသက်ရှိများဆိုသည်က ထောင်ပေါင်းများစွာသောအရာများ ကြီးထွားဖွံ့ဖြိုးရာ နွေဦးရာသီကို ကိုယ်စားပြုသည်။ကျော့ရှင်းသော နာမည်တစ်ခုဖြစ်သော်လည်းဟင်းချက်နည်းမှာတော့ တောက်လောင် ပြင်းထန်လှသည်။


မီးပြင်းပြင်းဖြင့် ကြော်လှော်ချက်ပြုတ်ထားသောကြောင့် အရောင်အဝါကလည်း တောက်ပလှသည်။ကွယ်ဝှက်ထားသော ရွှင်လန်းတက်ကြွမှုက ဒီဟင်းပွဲ၏ အသက်ပင်ဖြစ်သည်။


လူများ၏ အာရုံကို ဆွဲဆောင်နိုင်သော အစပ်ချောင်းဟင်းရည်နှင့် တွဲဖတ်လိုက်သောအခါ၌ လုံးဝ ပြီးပြည့်စုံသော ဟင်းပွဲတစ်ပွဲဖြစ်သွားလေပြီ။ပုဖန် ဟင်းပွဲက်ို သယ်ဆောင်၍ ဒိုင်လူကြီးများ၏ စားပွဲရှိရာဆီသို့လျှောက်လာလ်ိုက်သည်။


သူထိုနေရာတွင် ထိုင်နေသောငရဲဘုရင်ကို မြင်လိုက်သည့်အခါ၌ မျက်ခုံးကျုံ့လိုက်မိသည်။


"ဒီလူက ဘယ်လ်ိုဖြစ်ပြီး ဒိုင်လူကြီးဖြစ်လာတာလဲ ပြီးတော့ အဲ့ဒီမျက်နာထားကကောဘာလဲ..."


စားပွဲပေါ်သို့ ဟင်းပွဲချလိုက်သည့်အခါ၌ တငွေ့ငွေ့တက်လာသောအပူငွေ့များက လေထဲတွင် စုရုံးနေလေသည်။ထို့နောက် အဆုံးမရှိ တက်ကြွရွှင်လန်းမှုများကို အဘက်ဘက်သို့ ပစ်လွှတ်လိုက်သောကြောင့် လူများတွေဝေငေးမောနေကြသည်။


ပုဖန်၏ ဘေးတွင်ရပ်နေသော ဝမ့်ထုံကလည်း သူ့၏ ဟင်းပွဲကို သေချာမြင်လိုက်ရပေသည်။သူအံ့အားသင့်သွားသော်လည်း သူ့မျက်ဝန်းများက တည်ငြိမ်နေပြီး အမူအရာကင်းမဲ့နေတုန်းပင်ဖြစ်သည်။


ဝမ့်ထုံ၏ အင်အားက ငရဲဘုရင်၏ လက်ဖဝါးကြောင့် ပြိုပျက်သွားခဲ့သည်။သို့သော်လည်း ဟင်းပွဲ၏စွမ်းအားက တည်ရှိနေတုန်းပင်ဖြစ်သည်။ပုဖန်က သူ့၏ လရိပ်တမ်းချင်းက်ိုအနိုင်ရလိုလျှင် ပုဖန်၏ အင်္သချေသက်ရှ်ိများက ထိုဟင်းပွဲ၏ စွမ်းအားကို ထ်ိုးဖောက်နိုင်မှ ရပေလိမ့်မည်။


ဆဋ္ဌမအကြီးအကဲက သူရှေ့မှ ဟင်းပွဲနှစ်ပွဲကို စူးရှသော အကြည့်များဖြင့် ကြည့်လိုက်သည်။ထို့နောက် အင်္ကျီလက်စကို ပင့်တင်လိုက်ပြီး ကြေငြာလိုက်သည်။


"အခုပဲဟင်းပွဲကို မြည်းကြည့်ကြစို့..."


ဒိုင်လူကြီးများက သူတို့၏ တူကို ကောက်ယူလိုက်ပြီး ဟင်းပွဲကို မြည်းစမ်းရန် ပြင်ဆင်လိုက်သည်။မုချန်က ငရဲဘုရင် ပုဖန်၏ ဟင်းပွဲသို့ လက်လှမ်းလိုက်သည်ကို မြင်လိုက်သောကြောင့် တားဆီးလိုက်သည်။


"ကျွန်မတို့က ဝမ့်ထုံရဲ့ ဟင်းပွဲကို အရင်ဆုံးမြည်းရမှာ သူက အရင်ဆုံးတည်ခင်းတာ..."


သူကကြောင်အသွားပြီး တွေးလိုက်မိသည်။


"အိုး အဲ့ဒီတော့ ဒီလိုမျိုးလုပ်ရတာလား..."


သူဒိုင်လူကြီးဖြစ်ချင်ခြင်းမှာပုဖန်၏ ဟင်းပွဲကို မြည်းစမ်းချင်သောကြောင့်ဖြစ်သည်။ပို၍ တိတိကျကျပြောရလျှင် အစပ်ချောင်းကို စားချင်၍ ဖြစ်သည်။အစပ်ချောင်းမရှိသ ည့်နေ့များက အထီးကျန်ဆန်လွန်းလှသည်။သူ အစပ်ချောင်းစားချင်သည်။စက္ကန့်ပိုင်းမျှမစောင့်န်ိုင်တော့ပေ။


"ကောင်းပြီလေ တခြားသးတွေက ပထမဟင်းပွဲကို အရင်မြည်းရမယ်လို့ ပြောဆိုမှတော့ ဒီအရှင်ကလည်း သူတို့လိုပဲ မြည်းကြည့်ရတော့မှာပေါ့..."


ငရဲဘုရင် နှုတ်ခမ်းတစ်ချက်တွန့်လိုက်ပြီးသူ့၏တူက အင်္သချေသက်ရှိများမှနေ လရိပ်တမ်းချင်းဆီသို့ ရွေ့သွားသည်။လရိပ်တမ်းချင်း ဟင်းပွဲ၏ မျှစ်မျှော်စင်ကို မျှစ်ပေါင်းများစွာဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။


ကြည်လင်တောက်ပလှပြီး ခမ်းနားကြီးကျယ်မှုကိုလည်း ဆုပ်ကိုင်ထားပေသည်။ငရဲဘုရင် မျှစ်အနည်းငယ်ကို ယူလိုက်ပြီး အပြာရောင်ဟင်းရည်ထဲ နစ်လိုက်ကာပါးစပ်ထဲထည့်လိုက်သည်။


ထိုအချိန်မှာပင် တစ်စုံတစ်ရာပေါက်ကွဲထွက်လာသလိုမျ်ိုး ခံစားလိုက်ရသည်။၎င်းက ကြည်လင်လှသောကောင်းကင်ကို တိမ်မဲများဖုံးသွားသကဲ့သို့ပင် ။


ပျော်ရွှင်ကြည်နူးနေသည့် နှလုံးသားကို ချက်ချင်းမြူများဆိုင်းသွားအောင် ပြုလုပ်နိုင်ပေသည်။ထိုစားဖိုမှူးဆီမှ လာသော ဝမ်းနည်းမှုများကို သူခံစားနိုင်သည် ။သာမန်လူတစ်ယောက်သာစားမိလျှင် ပထမတစ်ကိုက်လိုက်ရုံဖြင့် ထိုဟင်းပွဲ၏ စွမ်းအားကို ထိနိးချုပ်နိုင်တော့မည်မဟုတ်ပေ။


"ဒါဘာကြီးလဲ...အစပ်ချောင်းနဲ့ယှဥ်လိုက်လျှင် ဒါက အမှိုက်ပဲ..."


ငရဲဘုရင် ဒေါသတကြီးဖြင့် တူကို စားပွဲပေါ်သို့ ပစ်ချလိုက်သည်။သူလုံးဝ မကျေနပ်ပေ။ဝမ်းနည်းမှုထဲ နစ်မြှုပ်နေသော တခြားစားဖိုမှူးများနှင့် ယှဥ်လိုက်လျှင် သူသည်သာ သက်ရောက်မှုမခံရသော တစ်ဦးတည်းသောသူဖြစ်သည်။


"ဒီဟင်းပွဲရဲ့ စိတ်ကူးက ဘာလဲစားစရာထဲမှာ ဘယ်လိုလုပ်ပြီး ဝမ်းနည်းမှုတွေ စိမ့်ဝင်နေရတာလဲ...ကောင်လေး မင်းကတော့ကောင်းကင်ဘုံကို သွားနိုင်တော့မှာမဟုတ်ဘူး...အစားအစာတွေ ပြုလုပ်ရတဲ့ ရည်ရွယ်ချက်က လူတွေကို စိတ်ကျေနပ်စေဖို့ သူတို့ကို ပျော်ရွှင်စေဖို့ကွ..."


ထ်ိုကဲ့သို့ ဝမ်းနည်းမှုများနှင့် ပြည့်နှက်နေသောဟင်းပွဲကိုသူ အရှင်သခင်အာဟာက ဘယ်တော့မှ ထိလိမ့်မည်မဟုတ်ပေ။တခြားသူများက တ်ိတ်တဆိတ်ပင် တစ်ယောက်က်ိုတစ်ယောက်ကြည့်လိုက်ကြသည်။ဝမ့်ထုံ၏ ဟင်းပွဲက ပြီးပြည့်စုံလုနီးပါးဟု ဆိုနိုင်ပေသည်။ထို့နောက် ပုဖန်၏ အင်္သချေသက်ရှ်ိများအလှည့်ဖြစ်သည်။


ပုံရိပ်လွှဲပြောင်းအစီအရင်မှ ပူပူနွေးနွေးပြင်ဆင်ထားသည့် ဟင်းပွဲကို ပြသလေသည်။ထိုဟင်းပွဲမှ ထွက်ပေါ်လာသောအငွေ့အသက်လေးများကပင် သူတို့ကို စိတ်ကျေနပ်စေဖို့ လုံလောက်နေပေပြီ။


ငရဲဘုရင် ခံတွင်းဆို့လာသည်ကို ခံစားမိ၏။သူ အစပ်ချောင်း၏ မွှေးရနံ့ကို ရနေပေသည်။အစပ်ချောင်း၏ ရှေ့၌ တခြားအရာများက ဖွဲဆန်ကွဲပင်ဖြစ်သည်။


သို့သော်လည်း သူတို့ ပုဖန်၏ ဟင်းပွဲကို မြည်းစမ်းကြည့်တော့မည့်အချိန်၌ မြေပြင်က ရုတ်တရက် လှုပ်ခါသွားသည်။သူတို့၏နှလုံးသားများလည်းတုန်ယင်သွားသည် ။နောက်ခဏ၌ အစားကြူးအဆောက်အဦး၏ ဘေးဘက်က ပေါက်ကွဲသွားသည်။ကျောက်တုံးများလွင့်စင်ပြီး နေရာအနှံ့ပြန့်ကျဲသွားသည်။


အပြင်ဘက်ဆီမှ ပုံရိပ်တစ်ခုက ပြိုင်ကွင်းဧရိယာထဲသို့ လွင့်ထွက်လာပြီး အစားကြူးရင်ပြင်ကျယ်အလယ် မီးဖ်ိုခုံနှစ်ခုံရှိရာကြားသို့ ကျရောက်သွားသည်။ရုတ်တရက်ဖြစ်ရပ်ကြောင့် အားလုံးထိတ်လန့်တုန်လှုပ်သွားကြသည်။


သူတို့အားလုံး အဆောက်အဦး နံရံအပေါက်ကြီးဆီသို့ လှည်ကြည့်လိုက်သည်။ထိုနေရာ၌ ပုံရိပ်နှစ်ခုရှိနေသည်။တစ်ယောက်က ပုဆိန်သွားတက်လှံရှည်ကို ကိုင်ဆောင်ထားပြီး တစ်ယောက်က လေးတစ်လက်ကို ကိုင်ဆောင်ထားသည်။


သူတို့၏ အော်ရာများကလည်း ပြင်းထန်လှသော မုန်တိုင်းတစ်ခုအလား သူတို့အနားတွင် ရစ်ဝဲနေသည်။သူတို့၏ သတ်ဖြတ်ခြင်းစွမ်းအင်များက မြေပြင်ပေါ် ပြုတ်ကျသွားသော ချူချန်းရှန်ဆီသို့ ရည်ရွယ်နေလေသည်။