အပိုင်း ၇၄၇
Viewers 62k

အပိုင်း ၇၄၇

အာဟ၏အမျက်ဒေါသ


ကောင်းကင်တွင်သွေးရောင်ခြယ်နေပြီး ထူထဲတဲ့သွေးနံ့တွေက ပြိုင်ပွဲကွင်းပြင်ထဲသို့ ပျံ့နှံ့လာလေသည်။


ချူချန်းရှန်မြေပြင်ပေါ်ကထနိုင်ရန်ကြိုးစားလိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင်သွေးထွက်နေသောအပေါက်များစွာရှိနေသည်။ တစ်ချို့အပေါက်များက ထုတ်ချင်းပေါက်နေပြီး အရိုးဖြူဖြူများကိုပင်မြင်နေရသည်။


မည်သို့ပင်ဖြစ်နေပါစေ သူကကြီးမြတ်သောတန်ခိုးရှင်ဖြစ်ပေသည်။ သူ့ခန္ဓာကိုယ်တွင်ထုတ်ချင်းပေါက်နေသောအပေါက်များစွာရှိသော်လည်း သူ့မျက်လုံးများသည်တော့ အေးစက်ကာထက်ရှနေဆဲပင်ဖြစ်သည်။ သူမတ်တတ်ရပ်နိုင်သွားကာ လျှပ်စီးကဲ့သို့သောမျက်လုံးများက လေပေါ်တွင်ရပ်တန့်နေသောပုံရိပ်နှစ်ခုကိုစိုက်ကြည့်နေလေသည်။


ကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေနှင့်အလင်းယိမ်းသန့်စင်နယ်မြေ...ထိုသန့်စင်နယ်မြေနှစ်ခုက အစားကြူးတောင်ကြားကိုတစ်ချိန်တည်းတွင်တိုက်ခိုက်နေကြသည်။ သူတို့၏ကြီးမြတ်သောတန်ခိုးရှင်အဆင့်ဖြစ်တည်မှုများကို ဤနေရာကို လွှတ်လိုက်ခြင်းသည် အစားကြူးတောင်ကြားကိုနတ်ဘုရားများကပျက်စီးစေချင်နေသကဲ့သို့ပင်ဖြစ်လေသည်။


ချူချန်းရှန်၏နှလုံးသားတွင်အမည်မသိသောပင်ပန်းမှုတစ်ခုကိုခံစားလိုက်ရသည်။ အစားကြူးတောင်ကြား၏အင်အားသည်တဖြေးဖြေးချင်းချိနဲ့လာပြီး ယခုတွင်တော့ လူများကအပေါက်ဝထိလာပြီးသူတို့ကိုသိက္ခာချနေလေပြီ။


သူတို့တန်ခိုးထွားချိန်ကတော့ မည်သည့်သန့်စင်နယ်မြေမှ အစားကြူးတောင်ကြားကို ဤကဲ့သို့မဆက်ဆံရဲကြချေ။ ထို့အပြင်တောင်ကြားရှိကျွမ်းကျင်သူများက လျို့ဝှက်နဂါးတော်ဝင်ခုံရုံးတစ်ဝက်ကိုပင်ဖျက်ဆီးချေမှုန်းရန်လုံလောက်ခဲ့လေသည်။


မည့်သည့်သန့်စင်နယ်မြေကမဆို အစားကြူးတောင်ကြားကိုဦးညွှတ်ကာ လက်အောက်ခံဖြစ်ခဲ့သည်။ အစားကြူးတောင်ကြား၏အရှင်သခင်က အခြားသန့်စင်နယ်မြေများ၏အထွတ်အထိပ်ခေါင်းဆောင်များ၏ရှေ့မှောက်တွင် အမှန်တကယ်ပင်ဂုဏ်သိက္ခာကြီးမားခဲ့သည်။


ချူချန်းရှန်၏ခန္ဓာကိုယ်သည် ကြေမွနေကာ အတော်လေးပျက်ဆီးယိုယွင်းနေလေသည်။ သွေးတွေယိုစီးကျနေပြီး ဘေးပတ်ပတ်လည်ကိုကြည့်ပြီးသူ့မျက်နှာကခက်ထန်သွားလေသည်။ ပျက်ဆီးသွားပြီဖြစ်တဲ့အစားကြူးတောင်ကြားက သူတို့ရဲ့ဂုဏ်ကျက်သရေရှိခဲ့သောနေ့ရက်များကိုပြန်မရနိုင်တော့ပေ။


အမွှေအနှစ်ကသူတို့၏နောက်ဆုံးသောမျှော်လင့်ချက်ဖြစ်ပြီး ၎င်းသည်လည်း လုယက်ခံရပေတော့မည်။


ဝမ်းနည်းနာကျင်မှုနှင့် စိတ်ဓာတ်ကျမှူများ... ထိုခံစားချက်များက ချူချန်းရှန်၏နှလုံးသားကိုမွှေနှောက်နေလေသည်။


ထြီး


ချူချန်းချန်သွေးများထွေးထုတ်လိုက်ပြီး သူ့မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။


ထိုအချိန်တွင် အစားကြူးတောင်ကြား၏ရင်ပြင်တွင် လုံးဝကိုအသံတိတ်နေပြီး လူတိုင်းစကားမပြောနိုင်တော့အောင်ကိုအံ့အားသင့်နေကြသည်။ ထိုရုတ်တရက်ဖြစ်လာသောဖြစ်ရပ်ကသူတို့မျှော်လင့်ထားတာထက်ပင်ကျော်လွန်နေလေသည်။


"ခန္ဓာကိုယ်မှာသွေးထွက်နေတဲ့အပေါက်တွေနဲ့ဒီလူက အကြီးအကဲလား...


ဘယ်လိုလုပ်အကြီးအကဲဖြစ်နိုင်မှာလဲ။ သူကအစားကြူးတောင်ကြားရဲ့ထောက်တိုင်ကြီးလေ....


လူအတော်များများထိတ်လန့်သွားကြလေသည်။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အကြီးအကဲကဓားထိုးခံရပြီး ဆိုးဆိုးရွားရွားကိုသွေးထွက်နေပေသည်။


ပုဖန်မျက်ခုံးပင့်လိုက်ပြီး အကြီးအကဲကိုကြည့်လိုက်သည်။


ထို့နောက်ခေါင်းမော့လိုက်ပြီး လှံရှည်နှင့်လေးကြီးကိုကိုင်ဆောင်ထားတဲ့ လူနှစ်ယောက်ကိုကြည့်လိုက်သည်။ သူတို့ရဲ့အော်ရာတွေက ပြင်းထန်နေကာ တောင်ကြားတစ်ခုလုံးကိုပင်ဖိနှိပ်ထားနိုင်သည်။


"ခင်ဗျားမှာအခွင့်အရေးမရှိတော့ဘူး ချူချန်းရှန်... အစားကြူးတောင်ကြားကကျဆုံးတော့မှာ ခင်ဗျားကဘာကိစ္စခေါင်းမာနေရတာလဲ...အမွေအနှစ်ကိုကာကွယ်ဖို့မျှော်လင့်ချက်မဲ့နေပြီပဲကို..."


လူအိုကြီးလင်းကသူ့ရဲ့လှံရှည်ကိုဝင့်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော လေလှိုင်းများကိုဖြစ်ပေါ်လာစေသည်။


ထိုအသံက သူ့ရဲ့အသံနှင့်အတူထွက်ပေါ်လာပြီးပြိုင်ပွဲကွင်းပြင်တစ်ခုလုံးကိုပျံ့နှံ့သွားစေကာ လူတွေကိုကြောက်ရွံ့မှုဖြင့်တုန်ရီသွားစေသည်။


"မင်းဘေးပတ်ပတ်လည်ကိုကြည့်လိုက်စမ်းပါ။ မင်းရဲ့အသက်ကို သွေးထွက်သံယိုတိုက်ပွဲထဲမှာစတေးနေပေမဲ့ သူတို့ကဒီမှာဘာလုပ်နေကြတာလဲ။ ဟင်းချက်နေကြတာလား။ ဒီလိုအစားကြူးတောင်ကြားကို ဘာကိစ္စကာကွယ်ပေးချင်နေရသေးတာလဲ။ မင်းမှာအမွေအနှစ်ရှိမယ်ဆိုရင်တောင်မှ အမှိုက်ကအမှိုက်ပဲလေ"


"ပါးစပ်ပိတ်စမ်း..."


ချူချန်းရှန်ပါးစပ်ဖွင့်ကာ ယိုင်တိယိုင်တိုင်နှင့်အော်ဟစ်လိုက်သည်။ သူ့ရဲ့သွေးတွေနဲ့အရောင်ဆိုးထားသလိုရဲနေသော ဆံပင်ဖြူဖြူနှင့်မုတ်ဆိတ်ဖြူဖြူတို့က အပေါ်သို့မြင့်တက်လာတော့သည်။


လူအိုကြီးလင်း၏မျက်နှာကပြောင်းလဲသွားပြီး သဘောတကျပြုံးရယ်နေလေသည်။


"သေခြင်းတရားကိုစိန်ခေါ်နေတာပဲ...ငါတို့မင်းရဲ့ခွေးအသက်လေးကိုဘာလို့အဆုံးမသတ်သေးတာလဲသိလား....အမွေအနှစ်ကြောင့်ကွ... အမွေအနှစ်ကြောင့်သာမဟုတ်ရင် မင်းသေတာကြာလှပြီ..."

 

ဝါးခမောက်ဆောင်းထားသည့် အလင်းယိမ်းသန့်စင်နယ်မြေမှလူက မထူးမခြားနားသောမျက်နှာအမူအယာနှင့်ရှိနေလေသည်။ သူ့လက်က လေးကြိုးကိုဆွဲလိုက်သည်။


တဝီဝီမြည်သံများပဲ့တင်ထွက်လာပြီး ခဏအကြာတွင်တော့ ကောင်းကင်ယံတွင်လေထုပေါက်ကွဲသံများထွက်ပေါ်လာသည်။


မြှားက လေးဆီမှထွက်ခွာမသွားသေးသော်လည်း လေဟာနယ်ကလှုပ်ခါနေပြီဖြစ်သည်။ အလင်းယိမ်းသန့်စင်နယ်မြေ၏အဖိုးတန်လေးတစ်လက်ဖြစ်ရန်ထိုက်တန်ပေသည်။


"ဘာပေါက်ကရတွေပြောနေသေးတာလဲ။ မြှားတစ်ချောင်းကသူ့ကို သေလုမျောပါးဖြစ်အောင်လုပ်နိုင်နေတာပဲကို... ပြီးမှသူ့ကိုဇောက်ထိုးဆွဲထားပြီး ခင်ဗျားပြောချင်ရာတွေပြောလို့ရတယ်..."


နေမင်းသုတ်သင်လေးချမ်ချန့်က ပေါ့ပေါ့ပါးပါးသာပြောလိုက်သော်လည်း အကြင်နာကင်းမဲ့နေလေသည်။


ခဏအကြာတွင်တော့ အလင်းတန်းများကသူ့လက်ထဲတွင်စုစည်းသွားပြီး မြှားပုံသဏ္ဍာန်ဖြစ်ပေါ်လာသည်။


ဝှစ်


သူ့လက်ချောင်းများက လေးကြိုးကိုဆွဲထားသည်ကိုလွှတ်ပေးလိုက်သည်နှင့် လေတိုးသံများထွက်ပေါ်လာလေသည်။


ဘုန်း ဘုန်း


၎င်းကလူတိုင်း၏နားတွင်မိုးခြိမ်းသံကဲ့သို့မြည်ဟီးနေလေသည်။ လူတိုင်းထိတ်လန့်တုန်လှုပ်သွားကြလေသည်။


သူတို့ အရာခပ်သိမ်းကို ဆုတ်ဖြဲပစ်ရန်ကြိုးစားနေသည့် ရောင်စဉ်တန်းတစ်ခုကိုသာမြင်ရလေသည်။ လူတိုင်း၏စိတ်များတုန်လှုပ်သွားလေသည်။


ချူချန်းရှန်၏မျက်လုံးများမှိန်ကျသွားလေသည်။


နေမင်းသုတ်သင်လေး... ထိုလေးကြောင့်သာမဟုတ်ပါက သူယခုအခြေအနေအထိတွန်းပို့ခြင်းခံရမည်မဟုတ်ပေ။


သေစမ်း


ချူချန်းရှန်အံကြိတ်လိုက်မိသည်။ သူ့ခန္ဓာကိုယ်တွင်းရှိ အစစ်အမှန်စွမ်းအင်များအပြင်းအထန်မြင့်တက်လာသည်။ သို့သော်လည်း သူမျှော်လင့်ချက်မဲ့သလိုခံစားနေရဆဲပင်။


သူ့ခန္ဓာကိုယ်ရှိသွေးထွက်နေသောအပေါက်များက သွေးတွေယိုစိမ့်နေပြီး တစ်နည်းနည်းဖြင့်သူ့ရဲ့အစစ်အမှန်စွမ်းအင်များကို ပျံ့ကြဲသွားစေသည်။


သူ့တွင် ထိုကြောက်မက်ဖွယ်ကောင်းသောမြှားကိုရပ်တန့်ရန်စွမ်းအားမရှိပေ။


သူသေတော့မှာများလား...


မဟုတ်ဘူး...သူလက်မလျော့လိုက်နိုင်ဘူး... အစားကြူးတောင်ကြားရဲ့ကံကြမ္မာကသူ့လက်ထဲမှာ... 


လူတိုင်းအသက်အောင့်ထားလိုက်မိသည်။ ထိုအချိန်တွင် သူတို့အကြောက်တရားကြောင့်မျက်နှာပျက်နေကြပြီး စိတ်ပျက်အားငယ်မှုများကသူတို့ရဲ့မျက်လုံးများတွင် နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေလေသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့၏အကြီးအကဲ အစားကြူးတောင်ကြား၏ထောက်တိုင်ကြီးက မြှားနှင့်ပစ်သတ်ခံရတော့ပေမည်။


ရုတ်တရက်ပဲ ထိုအံ့ဩတုန်လှုပ်ဖွယ်မြှားက လေထဲတွင်ရပ်တန်သွားလေသည်။


စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးမှိတ်ထားကြသောလူများစွာက သူတို့ရဲ့မျက်လုံးများကိုဖြေးဖြေးချင်းဖွင့်ကြည့်လိုက်ကြပြီး သူတို့မျှော်လင့်ထားကြတဲ့အတိုင်းဖြစ်မနေဘူးဆိုတာကိုမြင်လိုက်ရသည်။


ချူချန်းရှန်၏ဆံပင်နှင့်မုတ်ဆိတ်များက လွင့်ပျံနေသည်။ သူ့မျက်လုံးတွေကိုလှိမ့်လိုက်ပြီး ရှေ့ကပုံရိပ်ကိုကြည့်လိုက်သည်။


ငရဲဘုရင်အာဟကမျက်လုံးလှိမ့်လိုက်သည်။ထိုမျက်လုံးများအောင်ဘက်တွင်တော့မျက်ကွင်းနက်များရှိနေလေသည်။ သူ့လက်ကိုမြှောက်လိုက်ပြီး အလင်းမြှားကိုဖမ်းရန်လက်ချောင်းများကိုဖြန့်ကားလိုက်ပြီး မြှားကိုရှေ့ဆက်မတိုးလာစေရန်တားဆီးလိုက်သည်။


"အစပ်ချောင်းတွေစားနိုင်ဖို့ ဒီဘုရင်ဘယ်လောက်တောင်စောင့်ခဲ့ရလဲမင်းသိလား..."


"အစပ်ချောင်းတွေအတွက် ဒီဘုရင်ပင်လယ်ကိုဖြတ်သန်းဖို့ဘယ်လောက်တောင်ကြိုးစားခဲ့ရလဲမင်းသိလား..."


"မင်းစားချင်နေတဲ့ အစပ်ချောင်းဖျက်ဆီးခံလိုက်ရတဲ့ခံစားချက်ကိုရောမင်းသိလား..."


ငရဲဘုရင်အာဟအလွန်ဒေါသထွက်နေလေသည်။ ထိုစကားကိုပြောပြီးနောက်တွင် ငရဲဘုရင်အာဟ၏လက်ရှိစွမ်းအင်များကတိုးပွားလာလေသည်။


အစောပိုင်းတွင် သူ့ တူက အသင်္ချေသက်ရှိများဟင်းပွဲထဲရှိ အစပ်ချောင်းကိုညှပ်မိလုနီးပါးဖြစ်နေပေပြီ။ သို့သော်လည်း ရုတ်တရက်ပေါ်လာတဲ့လူနှစ်ယောက်က ဒိုင်လူကြီးများနေရာကိုရှုပ်ထွေးသွားစေခဲ့သည်။


ပုဖန်က အသင်္ချေသက်ရှိများကိုဆွဲယူသွားသည်ကိုသာကြည့်နိုင်လိုက်လေသည်။


တစ်စုံတစ်ခုကိုလိုချင်သော်လည်း မရနိုင်သည့်မကျေနပ်ဖွယ်ခံစားချက်က ဝက်များကိုပင် သစ်ပင်ပေါ်ခုန်တက်နိုင်သွားစေသည်။


ခဏအကြာတွင် အလင်းမြှားကဖျစ်ညှစ်ခြင်းခံရပြီး စွမ်းအင်အမျှင်တန်းများအဖြစ်ပြောင်းလဲသွားကာ လေထုထဲတွင်ပျောက်ကွယ်သွားလေတော့သည်။


ငရဲဘုရင်အာဟ၏ ဆံပင်စည်းကြိုးက လေထဲတွင်လူးလွန့်နေပေသည်။


သူ့ရဲချောမောခန့်ညားသည့်မျက်နှာက အလင်းရောင်အောက် တောက်ပနေသည်။ 


လူတိုင်းထိတ်လန့်ကြောက်ရွံ့ကာ အံ့ဩမှင်သက်သွားကြပြီး တစ်ချို့ကအမှန်တကယ်ပင်မူးမေ့လဲသွားကြလေသည်။ ထိုလူငယ်လေးက အကြီးအကဲကိုရုတ်တရက်ကြီးကယ်တင်လိုက်မည်ဟုမည်သူမှမထင်ထားခဲ့ကြချေ။


ထိပ်တန်းစားဖိုမှူး ရန်ယုကိုအနိုင်ယူလိုက်တဲ့ ထိုလူငယ်လေးက တကယ်တော့သူတို့ရဲ့ကယ်တင်ရှင်ဖြစ်နေတာလား....


ယခုဆိုလူတစ်ချို့၏နှလုံးသားထဲတွင် မျှော်လင့်ချက်ရှိသွားကြတော့သည်။


သူတော်စင်သမီးတော်ဇီယွင် ငရဲဘုရင်အာဟ၏ချောမောလှသောမျက်နှာနှင့် လျှင်မြန်ပြီးမိမိုက်သည့်လှုပ်ရှားမှုများကိုကြည့်ပြီး အရူးအမူးချစ်ကျွမ်းဝင်သွားတော့သည်။ သူမချက်ချင်းပဲရှက်သွေးဖြာလာတော့သည်။


"အစ်ကိုကြီးဟက အရမ်း...လန်းတာပဲ..."


ငရဲဘုရင်အာဟသက်ပြင်းရှိုက်လိုက်ပြီး မျက်ကွင်းမဲများနှင့်မျက်လုံးကိုလှိမ့်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများက တလွင့်လွင့်ဖြစ်နေလေသည်။ 


"ဒီဘုရင်စားလို့ပြီးတဲ့အထိ စောင့်ရမယ်ဆိုတာကိုမှတ်ထားလိုက်... မဟုတ်ရင် ငါချေမွဖျက်ဆီးလိုက်တဲ့အရုပ်တွေသလိုပဲ မင်းတို့အကုန်လုံးကိုဖျက်ဆီးချေမွပစ်လိုက်မယ်..."


ငရဲဘုရင်အာဟ သတိပေးလိုက်သည်။


"စိတ်ကြီးဝင်လိုက်တာ..."


လူအိုကြီးလင်းက အေးစက်နေသောမျက်နှာထားနှင့်အော်ပြောလိုက်သည်။


သူလေးအေးတစ်ချက်ခပ်ပြင်းပြင်းရှူရှိုက်လိုက်သည်။ ထိုလူဤကဲ့သို့ထလုပ်လိုက်မည်ဟုသူမထင်ထားခဲ့ပေ။ ထိုကောင်လေးက သူတော်စင်သမီးတော်ဇီယွင်ကိုပင်ပြန်ပေးဆွဲထားလေသည်။


သူ့မှာ ဒီကိုလာရဲတဲ့ မျက်နှာဘယ်လိုလုပ်ရှိနေရသေးတာလဲ...


အဲ့အပြင် သူကနေမင်းသုတ်သင်လေးချမ်ချန့်ရဲ့မြှားကိုတောင်မှရပ်နိုင်တယ်...


ဒါက အလင်းယိမ်းသန့်စင်နယ်မြေရဲ့ နေမင်းသုတ်သင်လေးလေ... မြှားတစ်ချောင်းစီတိုင်းမှာ တန်ခိုးရှင်တွေကိုတောင် ခြိမ်းခြောက်နိုင်တဲ့ အကန့်အသတ်မဲ့တဲ့စွမ်းအင်တွေပါနေတာကိုလေ...


"ခင်ဗျားပြောလိုက်တာကို ထပ်ပြောရဲလားအဘိုးကြီး..."


ငရဲဘုရင် ခေါင်းမော့၍ကြည့်လိုက်သည်။


လူအိုကြီးလင်း၏အမူအယာပြောင်းလဲသွားပြီး စကားလုံးများကလည်ချောင်းထဲတွင်တစ်ဆို့သွားတော့သည်။


နေမင်းသုတ်သင်လေး ချမ်ချန့်၏မျက်လုံးများက သိသာသောရန်မူ‌လိုသည့်အကြည့်များဖြင့် အေးစက်နေလေသည်။


"မင်း ငါ့ရဲ့ နေမင်းသုတ်သင်မြှားကိုတားနိုင်တယ်ပေါ့လေ... မင်းမှာဝင့်ကြွားနိုင်တဲ့အရာတွေတော့ရှိပုံပဲ...ဘာပဲဖြစ်ဖြစ် ငါချမ်ချန့်ကိုတားတဲ့ဘယ်သူမဆိုသေရမယ်... ဒီနေ့ အဲ့ဒီ.အဘိုးကြီးကိုဘယ်သူမှမကယ်နိုင်စေရဘူး...အစားကြူးတောင်ကြားလဲပျက်ဆီးစေရမယ်..."


ထောင်လွှားလိုက်တာ...


လူတိုင်းလေးအေးတစ်ချက်ရှူသွင်းလိုက်ပြီး သူတို့ရဲ့မျက်လုံးများတွင် အဆုံးသတ်မဲ့သောဒေါသများဖြင့်တောက်လောင်နေလေသည်။


ဒီလူက အစားကြူးတောင်ကြားကိုဘာကိစ္စပျက်ဆီးစေချင်နေရတာလဲ...


ရွဲ... ရွဲ... ရွဲ...


ရောင်စဉ်တန်းများတောက်ပလာကာ ချန်ခမ်း၏လက်ထဲတွင်ရှိသော နေမင်းသုတ်သင်လေးက ထပ်မံမြင့်တက်လာပြီး နေရာအနှံ့သို့ကြောက်မက်ဖွယ်ကောင်းသောဖိအားများကိုထုတ်လွှတ်နေပေသည်။


သူ့ခေါင်းအထက်တွင် ရှစ်ဆင့်ရှိသောစိတ်ဝိဉာဉ်လှေကားတစ်ခုထွက်ပေါ်လာလေသည်။ ထိပ်ဆုံးအဆင့်တွင် အလင်းယိမ်းသန့်စင်နယ်မြေ၏ကြယ်တာရာကတောက်ပနေပြီး အလင်းတန်းများထုတ်လွှတ်ပေးလျက်ရှိသည်။


ဘုန်း ဘုန်း


လေဟာနယ်တွန့်ရှုံ့သွားလေသည်။ အလင်းမြှားက ၎င်းအပေါ်တွင်ရွေ့လျားနေတဲ့ပုံစံတွေရှိသော အစစ်အမှန်အရာဝတ္ထုတစ်ခုဖြစ်လာတော့သည်။


မိုးချိမ်းသံများက သားရဲများ၏ဟိန်းဟောက်သံများနှင့်ရောနှောသွားပြီး နားကန်းလုမတတ်အသံလှိုင်းများကို ထွက်ပေါ်လာစေသည်။


"အလင်းယိမ်း မှော်မြှား..."


နေမင်းသုတ်သင်လေး ချမ်ချန့် လေးကြိုးပေါ်မှသူ့လက်ချောင်းများကိုလွှတ်လိုက်ပြီး ဟစ်ကြွေး လိုက်လေသည်။


လေးကြိုးထံမှ တဝီဝီမြည်သံပဲ့များတင်ထပ်လာသည်။ ချက်ချင်းပင် လည်ပတ်နေသောမြှားတစ်စင်းက လေဟာနယ်ကိုတွန့်လိမ်သွားစေတော့သည်။


ထိုအလင်းမြှားသည် မျက်စိကျိန်းလုမတတ်အလင်းတန်းများဖြင့်တောက်လောင်နေလေသည်။ ၎င်းက အလွန်ကြီးမားလာကာ သဲသဲမဲမဲလည်ပတ်နေသော လေဝဲကြီးဖြစ်လာတော့သည်။


ငရဲဘုရင်အာဟ ခေါင်းမော့လိုက်ပြီး လေထုထဲရှိအလင်းမြှားကိုမျက်စိမှေးကာကြည့်လိုက်သည်။ 


"ဒီခေတ်လူငယ်တွေကတော့ ပြဿနာကောင်တွေချည်းပါပဲလား..."ဟု တံတွေးတစ်ချက်ထွေးပြီးပြောလိုက်သည်။


ခဏအကြာတွင်တော့ သူ့ခန္ဓာကိုယ်မှအနက်ရောင်စွမ်းအင်များက ကောင်းကင်ယံထိတိုင်ပျံ့နှံ့သွားတော့သည်။


အနက်ရောင်စွမ်းအင်များက အရာအားလုံးကိုတိုက်စားသွားပြီး အာဟကမှုန်ဝါးဝါးအရိပ်တစ်ခုဖြစ်လာပြီး အားလုံးကိုဖြိုဖျက်နိုင်သည့် ကောင်းကင်ယံထိရောက်အောင်ကြီးမားသောပုံရိပ်ကြီးတစ်ခုဖြစ်လာတော့သည်။


စက္ကန့်ပိုင်းအတွင်းပင်အရာအားလုံး မှုန်ဝါးသွားတော့သည်။


အေးစက်စက်အသွင်အပြင်ရှိသောပုံရိပ်တွင် အနက်ရောင်ကိုယ်ထည်ရှိပြီး အသူတရာချောက်နက်မှ ယခုလေးတင်နိုးထလာသောနတ်ဆိုးတစ်ကောင်၏မျက်လုံးနှင့်တူသော မျက်လုံးတစ်စုံမှလွဲ၍ မျက်နှာပင်မရှိချေ။


၎င်းတွင် ကြောက်မက်ဖွယ်ရာတည်ရှိမှု အရှင်သခင်တစ်ယောက်၏ ပုံသဏ္ဌာန် ရှိလေသည်။


ငရဲဘုရင် တစ်ချက်ကြည့်လိုက်သည်နှင့် ကောင်းကင်နှင့်မြေပြင်မှာနှစ်ခြမ်းကွဲအက်သွားလေသည်။


လူတိုင်းသူတို့နှလုံးသားလေးထုံကျင်သွားသည်ကိုခံစားလိုက်ရသည်။


အလင်းမြှားကမျက်စိတစ်ခတ်အတွင်းပင်ပျောက်ကွယ်သွားပြီး ထိုစက္ကန့်ပိုင်းလေးတွင်ပင်လူတိုင်း၏အတွင်းစိတ်များတုန်လှုပ်သွားတော့သည်။


ဇီယွင် သူမ၏ပါးစပ်ကိုအုပ်ထားပြီး မျက်နှာတွင်တော့ မယုံကြည်နိုင်မှုများပြည့်နေလေသည်။ 


ပုဖန် အံ့ဩလွန်းပြီး မျက်တောင်ခတ်လိုက်သည်။


အခြာသူများကတော့ အံ့ဩလွန်း၍စကားပင်မပြောနိုင်တော့ချေ။


ငရဲဘုရင်၏နောက်တွင်ရပ်နေရသည်မှာ 

ချူချန်းရှန်ကို ရေခဲခန်းထဲရောက်သွားသလိုပင်ခံစားရစေသည်။ ထိုပုံရိပ်ကြီးကိုကြည့်ပြီး သူမူးဝေသွားလေသည်။


အရမ်းကြောက်ဖို့ကောင်းတာပဲ... အဲ့လူကဘယ်သူများလဲ...


ပုံရိပ်ကမြန်မြန်ရောက်လာပြီး မြန်မြန်ပျောက်သွားလေသည်။


ထိုပုံရိပ်ကြီးပျောက်ကွယ်သွားသည့်တိုင်လူတိုင်းက ထိုပုံရိပ်ထွက်ပေါ်မလာခဲ့သလိုပင်တွေးမိကြလေသည်။


သို့သော်လည်း အလင်းမြှားကအမှန်တကယ်ပင်ပျောက်ကွယ်သွားတာဖြစ်ပြီး နေမင်းသုတ်သင်လေး ချမ်ချန့်ကိုအကြောက်တရားဖြင့်တုန်ရီနေစေခဲ့သည်။


ကောင်းကင်ပေါ်တွင် တိမ်မဲတစ်စုပေါ်ထွက်လာပြီး လျှပ်စီးနဂါးများကထိုထဲတွင်လှည့်ပတ်နေသယောင်ထင်ရလေသည်။


သို့သော်လည်း ပုံရိပ်ကြီးပျောက်ကွယ်သွားသည်နှင့် ထိုလျှပ်စီးနဂါးများလည်းပျောက်ကွယ်သွားပေသည်။


ဘုန်း...


ရုတ်တရက် အစားကြူးနတ်ဘုရားအဆောက်အဦး၏နံရံတစ်ချက်ပေါက်ကွဲသွားပြီး လူများကိုယိမ်းခါသွားစေသည်။


ကြီးမားကာနီရဲပူပြင်းနေသော နတ်ဘုရားသတ်တုတ်ထွက်ပေါ်လာပြီး သတိလက်လွတ်ဖြစ်နေသော လူအိုကြီးလင်းနှင့် နေမင်းသုတ်သင်လေးချမ်ချန့်ကို ထိုးနှက်လိုက်လေသည်။


ထိုနှစ်ယောက်က ငရဲဘုရင်၏အစွမ်းများကြောင့် အံ့ဩမင်သက်နေချိန်တွင် အခြားသူများနှင့်သူတို့၏ပတ်ပတ်လည်ကိုသတိမမူမိလိုက်ပေ။


၎င်းက ကြက်သေသေနေသောလူများကိုလည်း အာရုံပြန်ရသွားစေပြီး ခေါင်းမော့ကာကြည့်မိသွားစေသည်။


ယခုတင်ကြောက်ရွံ့တုန်လှုပ်ဖွယ်ပုံရိပ်ကိုထုတ်လွှတ်ထားသောလူက ဒိုင်လူကြီးစားပွဲသို့ချက်ချင်းပြန်လှည့်လာကာ သူ့လက်များကိုပွတ်သပ်ရင်း ပုဖန်လက်ထဲရှိဟင်းပွဲကို စိတ်အားထက်သန်စွာကြည့်နေလေသည်။


အစားကြားနတ်ဘုရားအဆောက်အဦး၏အပြင်ဘက်တွင် ကျောက်တုံးများအဆက်မပြတ်ပြိုကျနေသည်။


ရွှေရောင်အရိပ်တစ်ခုရောက်လာပြီး...တုတ်၏အခြားတစ်ဖက်ကို ကြီးမားခက်ထန်သော ပုံသဏ္ဍာန်တစ်ခုကဆုပ်ကိုင်ထားလေသည်။


ထိုပုံရိပ်ကဝှိုက်တီဖြစ်လေသည်။၎င်းက အခြားလက်တစ်ဖက်တွင်နတ်ဘုရားသတ်လက်နက်မျိုးစုံကိုကိုင်ဆောင်ထားပြီး ပုစွန်ပိစိကျောပေါ်တက်၍ စီးနင်း နေလေသည်။