အပိုင်း ၇၄၉
Viewers 53k

အပိုင်း ၇၄၉

အဖွဲ့အစည်းတိုင်း လှုပ်ရှားမှုလုပ်ကြပြီ...


ငရဲဘုရင်အာဟ၏မျက်လုံးများက အလင်းမြှားကိုဖြတ်ကျော်သွားသည်ကိုတွေ့လိုက်ပြီး ချမ့်ချန့်တုန်လှုပ်သွားခဲ့သည်။ ထိုမျက်လုံးတစ်စုံကသူ့ရဲ့စိတ်ဝိဉာဉ်ကိုပင်မတည်မငြိမ်ဖြစ်သွားစေသောကြောင့် ချက်ချင်းပင်ထွက်ပြေးရန်တွေးလိုက်မိချေသည်။ ထိုအကြည့်လေးတစ်ချက်ကပင်သူ့ကို အန္တရာယ်များသောကြိုတင်သတိပေးချက်တစ်ခုကိုပေးနေခဲ့သည်။


ထို့ကြောင့် တုံ့ဆိုင်းမနေပဲ လှည့်ထွက်ပြီး ထွက်ပြေးခဲ့လိုက်သည်။ သူထိုလူငယ်လေးနှင့်လုံးဝမယှဉ်နိုင်သည်ကို သိလိုက်ပြေီ။


အလွန်ကြောက်စရာကောင်းသောထိုလူက နေမင်းသုတ်သင်လေးထံမှ မြှားကိုပင်ဖမ်းဆုပ်နိုင်ပေသည်။ သူ့ဒုတိယအစ်ကိုပင်ထိုလူကိုမတိုက်နိုင်ပေ။ သေရမည်ကိုကြောက်သောကြောင့် သူပြေးလိုက်ရလေတော့သည်။


စိတ်ဝိဉာဉ်နတ်ဘုရားအာရုံနယ်ပယ်သို့ခြေလှမ်းတစ်ဝက်လှမ်းပြီးသော သူ့ရဲ့အစ်ကိုသာလျှင် ထိုလူကိုရင်ဆိုင်နိုင်ပေလိမ့်မည်။


အကယ်၍ထိုလူသာ စိတ်ဝိဉာဉ်နတ်ဘုရားအာရုံနယ်ပယ်အဆင့်တွင်မရှိဘူးဆိုပါက အနည်းဆုံး မြင့်မြတ်သောတန်ခိုးရှင်အဆင့်သို့ခြေတစ်ဝက်လှမ်းပြီးသားပင်ဖြစ်နိုင်သည်။


ထိုကဲ့သို့သောတန်ခိုးရှင်များသည် သန့်စင်နယ်မြေများတွင် တန်ခိုးရှင်အုပ်စုများ၏အထက်တွင်ရှိပေသည်။


ငရဲဘုရင်အာဟ အလင်းမြှားကို ဖမ်းဆုပ်လိုက်သည်။ အေးစက်စွာစကားပြောလိုက်ပြီး ခဏအကြာတွင် မျက်ဆန်လှန်လိုက်ပြီး အနက်ရောင်စွမ်းအင်များကသူ့ခန္ဓာကိုယ်မှထွက်ပေါ်လာသည်။ အလင်းမြှားက နေမင်းသုတ်သင်လေး ချမ်ချန့်ထံသို့ဦးတည်၍ နောက်သို့လျှင်မြန်စွာ ပြန်သွားတော့သည်။


ချမ်ချန့် သူ့နောက်မှ လေတိုးသံများကိုကြားလိုက်ရပြီး သူ့ခန္ဓာကိုယ်တောင့်ခဲသွားသလိုပင်ခံစားလိုက်ရသည်။


နေမင်းသုတ်သင်လေးက ရုတ်တရက်ပင် တောက်ပနေသောရောင်ခြည်တန်းကိုထုတ်လွှတ်လိုက်သည်။ သူ့ခြေထောက်ကမြေပြင်ပေါ်သို့ထိလိုက်ပြီး သူ့ရဲ့ငှက်နှင့်တူသောခန္ဓာကိုယ်က လျှင်မြန်စွာပျံသန်းသွားတော့သည်။ လက်ကိုမြှောက်လိုက်ပြီး နေမင်းသုတ်သင်လေးကို ဆုပ်ကိုင်လိုက်သည်။


လေးရှည်က တောက်ပနေသောရောင်စဉ်တန်းကိုထုတ်လွှတ်နေသည်။ သူလေးကြိုးကိုဆွဲလိုက်ပြီး အလင်းမြှားများကိုထပ်ခါထပ်ခါပစ်လိုက်သည်။


ဘုန်း ဘုန်း ဘုန်း


ချမ်ချန့်၏အလင်းမြားက ငရဲဘုရင်အာဟပြန်ပစ်လွှတ်လိုက်သောမြှားကိုထိမှန်သွားသည်။ မြှားများကပေါက်ကွဲသွားပြီး အရှိန်ပြင်းစွာတုန်ခါသွားတော့သည်။


အလွန်ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များက ပေါက်ကွဲမှု၏အလယ်ဗဟိုမှလှိုင်းဂယက်ထလာလေသည်။


ချမ်ချန့် သွေးရူးသွေးတန်းဖြစ်သွားစေပြီး အဆက်မပြတ်အော်ဟစ်ကာဟိန်းဟောက်နေသည်။


ရုတ်တရက် သူ့ဆီပြန်ပစ်ခံလိုက်ရသည့် အလင်းမြှားပေါ်တွင် အနက်ရောင်စွမ်းအင်အလင်းတန်းတစ်ခုကိုတွေ့လိုက်ရပြီး သူ့မျက်လုံးများပြူးကျယ်သွားတော့သည်။


ဒါ.. အနက်ရောင်စွမ်းအင်တွေပဲ။


"မင်းကငရဲကမ္ဘာသက်ရှိပဲ..."


ချန်ခမ်းအော်ပြောလိုက်သည်။ သူဒေါသထွက်လွန်း၍ ပွက်ပွက်ဆူနေသလိုပင်ခံစားလိုက်ရသည်။နေမင်းသုတ်သင်လေးက သူ့ရှေ့တွင်ရှိနေပြီး ၎င်းကိုအလင်းမြှားကပစ်ခွင်းလိုက်သည်။


သူ အနောက်သို့ဆုတ်သွားလိုက်ပြီး သွေးအန်ထုတ်လိုက်သည်။ အလင်းမြှားက သူ့ရင်ဘတ်ကိုထုတ်ချင်းပေါက်ထွက်သွားသည်။ နေမင်းသုတ်သင်လေး ကောင်းကင်ပေါ် မြောက်တက်သွားပြီး ချွင်ကနဲမြည်သံဖြင့် မြေပြင်ပေါ်သို့ပြုတ်ကျသွားသည်။


ချမ်ချန့် တုန်လှုပ်သွားပြီး သူ့မျက်နှာပြာနှမ်းသွားတော့သည်။


ငရဲကမ္ဘာသက်ရှိ... ငရဲကမ္ဘာမှာဒီလိုကြောက်စရာကောင်းတဲ့သက်ရှိမျိုး ရှိတာလား။


ဒါဆို ပုန်းကွယ်နေသောနဂါးတိုက်မကြီးရဲ့အုပ်စိုးသူက အလုပ်မလုပ်တော့ဘူးလား။ ၎င်းက ကြီးမြတ်သာလွန်အဆင့်ထက်ပိုပြီးမြင့်တဲ့အဆင့်တွေကို မတားနိုင်တော့ဘူးလား။


သူ့ရှေ့က ကြောက်စရာကောင်းတဲ့တည်ရှိမှုကြီးကဘယ်သူလဲ။ ဘာတွေဖြစ်နေတာလဲ။


သူ့ရင်ဘတ်တွင်ရှိသော အပေါက်ကြီးကိုကြည့်ပြီး ချန်ခမ်း၏မျက်နှာတွန့်လိမ်မိသွားသည်။ သူ့တစ်ကိုယ်လုံးတုန်ရီနေပြီး ပါးစပ်ထဲမှသွေးများလျှံထွက်လာတော့သည်။ 


အနက်ရောင်စွမ်းအင်များက သူ့ဒဏ်ရာကိုဝန်းရံနေပြီး သူ့ခန္ဓာကိုယ်ကိုအစစ်အမှန်စွမ်းအင်များဖြင့်ပြန်လည်ကုစား၍မရနိုင်အောင် ကာကွယ်ထားကြသည်။


သေချာတယ် ဒါငရဲကမ္ဘာသက်ရှိတွေရဲ့ ဆိုးဝါးတဲ့အမှောင်စွမ်းအင်တွေပဲ။ 


ချန်ခမ်းရဲ့မျက်နှာက စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့သည်။


သူထွက်ပြေးလိုက်ပေမဲ့ မြေပြင်ပေါ်သို့လဲကျသွားတော့သည်။ ရှေ့ကိုတွားသွားရန် သူ့လက်တွေကိုဆန့်ထုတ်လိုက်သည်။ သို့သော်လည်း ၎င်းကပင်သူ့အတွက်အလွန်ခက်ခဲသောအရာတစ်ခုဖြစ်နေလေသည်။



ဘုန်း ဘုန်း


ကောင်းကင်ပေါ်တွင် တိမ်မဲများကထစ်ချုန်းနေကြသည်။


ငရဲဘုရင်အာဟက အစပ်ချောင်းတွေသိပ်ထည့်ထားသည့်မျှစ်စို့တစ်ခုကို ကိုင်လိုက်သည်။ နောက်ဆုံးတော့ ၎င်းကိုသူ့ပါးစပ်ထဲကိုကျေနပ်စွာထည့်လိုက်သည်။


မျှစ်စို့ကသူ့ပါးစပ်ထဲသို့ရောက်သွားသည်နှင့် နှစ်လိုဖွယ်ကောင်းသောအရသာကပေါက်ကွဲထွက်သွားတော့သည်။ အစပ်ချောင်းရဲ့အရသာက သူ့ကိုထိုင်ခုံပေါ်ပြုတ်ကျသွားအောင်ကိုဖြစ်သွားစေသည်။


ဝါးရင်းနှင့် သူ့မျက်လုံးတွေပွင့်လာပြီး ကောင်းကင်ပေါ်တွင်ရှိသော ထူထပ်နေသည့် တိမ်မဲများကိုတစ်ချက်စွေကြည့်လိုက်သည်။သူ့နှုတ်ခမ်းကအထင်အမြင်သေးစွာဖြင့်ကွေးညွတ်သွားလေသည်။


"ပုန်းကွယ်နေသောနဂါးတိုက်ကြီးရဲ့ မဟာနိယာမလမ်းကြောင်းအုပ်စိုးသူ... ဟမ်း... ဒီလောက်စိတ်ပျက်ဖို့ကောင်းတဲ့ဝိဉာဉ်က မပျောက်ကွယ်သွားသေးဘူးလား"


ငရဲဘုရင်အာဟရယ်မောလိုက်သည်။ သူ့ရဲ့အော်ရာတွေကိုပြန် ရုပ်သိမ်းလိုက်ပြီး သူ့ခန္ဓာကိုယ်ကပုံမှန်အခြေအနေကိုပြန်ရောက်သွားသည်။ ထို့နောက်သူ အသင်္ချေသက်ရှိများဟင်းပွဲကိုခပ်စားလေတော့သည်။


သူဝါးကာမျိုချရင်းနှင့် ထပ်ခါထပ်ခါခေါင်းညိတ်နေလေသည်။


အခြားသော ဒိုင်လူကြီများက ငေးငိုင်ရင်းသူတို့၏မေးရိုးများအောက်သို့ပြုတ်ကျသွားကြသည်။ သို့သော်လည်း သူတို့ကိုယ်သူတို့ခပ်မြန်မြန်ပင် ပြန်လည်ထိန်းလိုက်နိုင်ကြသည်။ မျှစ်အတုံးလေးများကိုယူရန် သူတို့၏တူများကို လျှင်မြန်စွာမြှောက်လိုက်တော့သည်။


မျှစ်အတုံးလေးများက စပ်ချောင်းများ၏ဝန်းရံခြင်းကိုခံထားရသည်။ စွမ်းအင်အနှစ်သာရများဖြင့် ထူထဲသည့်အသက်စွမ်းအင်များက အားမာန်နှင့်ကြီးမားကျယ်ပြန့်လာပြီး လူတိုင်း၏နှလုံးသားကိုအဆက်မပြတ်ထုရိုက်နေလေသည်။


သူတို့၏နှုတ်ခမ်းနှစ်လွှာကိုဖွင့်ဟလိုက်ချိန်တွင် ထူထဲသည့်အသက်စွမ်းအင်များထွက်ပေါ်လာသည်။


ဒီခံစားချက်က... လရိပ်တမ်းချင်းကြောင့် စိတ်ထိခိုက်ကြေကွဲကာဝမ်းနည်းနေကြသော ဒိုင်လူကြီးများ၏ အသားအရောင်ကိုပြောင်းလဲသွားစေသည်။


အသက်စွမ်းအင်ကိုထုတ်လွှတ်ပေးတာက ဒီဟင်းပွဲရဲ့အဓိကအင်္ဂါရပ်ဖြစ်ပြီး ပုဖန်ကအဲ့ဒီ့အင်္ဂါရပ်ကိုအထူးကောင်းမွန်စွာပင်ထုတ်ဖော်ပေးနိုင်ခဲ့သည်။ထို့အပြင်ကို ဒီဟင်းပွဲဖော်ဆောင်ပေးတဲ့ခံစားချက်ကလည်းဆန်းသစ်လေသည်။


နွေဦးမျှစ်စို့များက နူးညံ့ပြီးလတ်ဆတ်သည်။ မျှစ်အသားများက မွေးကြိုင်သင်းပျံ့နေပြီးသားဖြစ်ပြီး စိတ်ဝိဉာဉ်သားရဲများ၏အသားနှင့်မွှေ၍ကြော်ထားသဖြင့် လူတွေကသူတို့ရဲ့ပါးစပ်ကိုဟပြီး အစပ်အရသာကိုမရှုထုတ်ပဲမနေနိုင်ချေ။


အစပ်အရသာကြောင့် လူတွေရဲ့ပါးစပ်ထဲတွင် သွားရည်ကျလာတော့သည်။ ထိုလှပတဲ့ခံစားချက်ကသူတို့ကိုမလွန်ဆန်နိုင်အောင်ပင်ဖြစ်သွားစေသည်။


အစပ်အရာသာကသူတို့ရဲ့ပါးစပ်မှတဆင့်လျောဆင်းသွားသည်။ တက်ကြွလန်းဆန်းတဲ့ခံစားချက်က သူတို့ပါးစပ်ထဲကနေဖြတ်သန်းသွားပြီး ချွေးပေါက်တွေကိုပွင့်သွားစေသည်။အပူငွေ့များက အသက်စွမ်းအင်များဖြင့်အတူမြင့်တက်လာသည်။


မှိုင်းပြနေသောခံစားချက်များပပျောက်သွားသည်။


မီးပြင်းပြင်းဖြင့်ကြော်ထားသောကြောင့် ပါဝင်ပစ္စည်းများ၏ထူးကဲသောရနံ့ကိုကောင်းမွန်စွာပင်ထိန်းသိမ်းထားနိုင်ပြီး အလွန်ထူးခြားကောင်းမွန်သောခံစားချက်ကိုပေးစွမ်းလေသည်။


အသင်္ချေသက်ရှိများ ဒီဟင်းပွဲကိုဝါးမျိုချပြီးသည်နှင့် ကမ္ဘာပေါ်တွင်ရှိသော သက်ရှိအရာများအားလုံးနိုးထလာသည်ဟုလူတိုင်းခံစားလိုက်ရသည်။


ထိုအရာက သူတို့က်ုမြေဩဇာကောင်းတဲ့မြက်ခင်းပြင်ထဲတွင်ရပ်နေသည်ဟုခံစားရသည်။ထို့နောက် တစ်ညမှာနွေဦးလေညင်းလေးများတိုက်ခတ်လာပြီး အပင်ပေါက်လေးများကမြေဆီလွှာကိုဖောက်ထွက်လာကာ အစိမ်းရောင်အညွန့်လေးများက မြက်ခင်းတစ်ခုလုံးကိုဖုံးလွှမ်းသွားသည်။ အရာရာတိုင်းတွင်အသက်စွမ်းအင်များပြည့်နေလေသည်။


ဆဌမအကြီးအကဲ၏့နှုတ်ခမ်းပေါ်တွင်ဆီရေများရှိနေသေးသည်။ သူ့နှုတ်ခမ်းထောင့်များက ကြီးကြီးမားမားပင်ကွေးညွတ်နေပြီး သူ့နှုတ်ခမ်းမွှေးက တဆတ်ဆတ်တုန်ရီနေလေသည်။


သူမပြုံးပဲမနေနိုင်တော့ချေ။ ဒီဟင်းပွဲက လူတွေကို ရုပ်ပိုင်းဆိုင်ရာကောစိတ်ပိုင်းဆိုင်ရာပါ ပျော်ရွှင်စေလေသည်။ သူတို့ရဲ့ခန္ဓာကိုယ်များပိုမိုပေါ့ပါးဖြတ်လတ်လာသည်ကိုပင်ခံစားနေရသည်။


ဆဌမအကြီးအကဲ မျက်လုံးတွေဖွင့်လာပြီး သူ့စိတ်အခြေအနေက ထိုဟင်းပွဲကိုစားပြီးနောက်မှာပြောင်းလဲသွားတော့သည်။ သူ့ရဲ့အော်ရာကပြောင်းလဲသွားပြီး အဆင့်ချိုးဖြတ်တောက်ရောက်လုနီးပါးပင်ဖြစ်နေလေသည်။


မူချန် ကသူမခြေထောက်များကိုထိန်းချုပ်ထားရသည်။ သိပ်သည်းကြွယ်ဝလှသောအသက်စွမ်းအင်များက သူမကိုမြက်ခင်းပြင်ကျယ်ထဲတွင်ပတ်ပြေးနေရသလိုခံစားလိုက်ရသည်။ လရိပ်တမ်းချင်းထံမှရသော ဝမ်းနည်းမှုများသည် ဆေးကြောခြင်းခံလိုက်ရပြီး ပျော်ရွှင်တက်ကြွမှုများဖြင့်အစားထိုးသွားသည်။


"ငါမင်းတို့ကို ဘော်ဒာကြီးပုရဲ့အစားအသောက်တွေကတကယ်ကောင်းပါတယ်လို့ပြောသားပဲ....အစပ်ချောင်းရဲ့အရသာကလေ အိုး... တကယ့်ကိုမယုံနိုင်စရာပဲ...ဒါကိုဘာကများယှဉ်နိုင်မှာတဲ့လဲ..."


ငရဲဘုရင်အာဟက အစားအသောက်တွေကိုကောက်စားလိုက်ပြီး စကားပြောလိုက်သည်။

 

အခြားသောဒိုင်လူကြီးများက အစားအသောက်ထဲနစ်မျောနေပြီး ပျော်ရွှင်ကြည်နူးနေကြချိန်တွင် သူကနောက်ထပ်ဝါးမျှစ်များကို သူ့ပါးစပ်ထဲကိုထည့်နေလေသည်။


အစပ်ချောင်းများကအရသာရှိသလို အခြားသောပါဝင်ပစ္စည်းများကလဲ မဆိုးလှချေ။ ငရဲဘုရင်အာဟကစိတ်ထဲပင်မထားပဲ အစားအသောက်များကိုပာ သူ့ပါးစပ်ထဲထည့်နေသည်။


ထိုအချိန်တွင် သူ့ပါးစပ်၌ဆီများဝေ့နေပြီး ချမ်ချန့်ကို မြှားတစ်ချောင်းဖြင့်ပစ်ချခဲ့သော ခမ်းနားသည့်ကိုယ်ဟန်အနေအထားပင်မရှိတော့ချေ။



ထိုအချိန်တွင် ချမ်ချန့် သည်သေလုမျောပါးဖြစ်နေပေသည်။ သူ့ရဲ့အသက်ကိုဤနေရာတွင်သာထားခဲ့ရပေတော့မည်။


အနက်ရောင်စွမ်းအင်များကအဆက်မပြတ်တိုက်စားနေသောကြောင့် သူ့ရဲ့ခန္ဓာကိုယ်ကိုပြန်လည်မကုစားနိုင်တော့ပေ။


သူ့မျက်လုံးများကဝေဝါးလာပြီး အသက်စွမ်းအင်များလည်းလျော့ကျလာတော့သည်။


သူသေတော့မယ်ဆိုတာသိနေပေမယ့်လည်း သူလက်မခံနိုင်ပေ။ သူငရဲကမ္ဘာသက်ရှိတစ်ကောင်ဆီကအသက်ခံရပေတော့မည်။


သူ၏လေးက ကြီးမြတ်သာလွန်အဆင့်ရှိငရဲကမ္ဘာသက်ရှိများကိုပစ်ခွင်းခဲ့ပြီး သူတို့အကုန်လုံးကိုသတ်ခဲ့သည်။


သို့သော်လည်း သူရဲ့ကိုယ်ပိုင်မြှား၊ သူ့ရဲ့ကိုယ်ပိုင်နေမင်းသုတ်သင်လေးနှင့် အသတ်ခံရမည်ကိုတော့ တစ်ခါမျှပင်မတွေးမိခဲ့ဖူးပေ။


ထိုသို့ မဖြစ်ချင်ခဲ့သော်လည်း သူ့ရဲ့ခြေထောက်ပေါ်သူမတ်တတ်ရပ်ဖို့ကိုပင်အင်အားမရှိတော့ပေ။


ဝေါ


သူ့ရဲ့သွေးတွေစီးဆင်းလာပြီး နေမင်းသုတ်သင်လေး ကိုအရောင်ဆိုးသွားစေသည်။ ရုတ်တရက် နေမင်းသုတ်သင်လေးက ရောင်စဉ်တန်းများတောက်ပလာပြီး ကောင်းကင်ပေါ်သို့ပျံတက်သွားသည်။


တောက်ပနေသောရောင်စဉ်တန်းများကကျယ်ပြန့်လာပြီး အရိပ်တစ်ခုကိုထုတ်လွှတ်လိုက်သည်။


ထိုအရိပ်က လေးအကြီးတစ်လက်ကိုကိုင်ထားသောလူတစ်ယောက်ဖြစ်လေသည်။


ထိုလေးကြီးကပို၍ပင်ကြောက်မက်ဖွယ်ကောင်းပေသည်။ ထိုလေးက နေမင်းသုတ်သင်လေးထက် ကြောက်ရွံဖွယ်ကောင်းသောဖိအားကိုထုတ်လွှတ်နေပေသည်။


အရိပ်၏မျက်လုံးများက လျှပ်စီးကြောင်းနှင့်တူနေလေသည်။ သူ့ပါးစပ်ကိုဖွင့်ဟလိုက်ပြီး နားစည်ပေါက်ကွဲလုမတတ်ကျယ်လောင်သောအသံကိုပြုလုပ်လိုက်သည်။ ကြောက်မက်ဖွယ်အော်ရာက ရင်ပြင်တစ်ခုလုံးကိုဖုံးလွှမ်းသွားတော့သည်။


"ငါ့ညီလေး ချမ်ချန့်ကိုဘယ်သူသတ်ရဲတာလဲ"


ချမ်ချန့်မျက်လုံးများကိုဖွင့်ဖို့ကြိုးစားလိုက်သည်။ အရိပ်ကိုမြင်လိုက်ချိန်၌ သူ့စိတ်တုန်လှုပ်သွားပြီး သွေးတွေအန်ထုတ်လိုက်မိသည်။


"အစ်ကိုကြီး ကယ်ပါဦး..."


ယခုသူ့တွင်မျှော်လင့်ချက်ရှိပြီဖြစ်သည်။ထိုအရာက သူ့အစ်ကိုကြီးရဲ့ကိုယ်ပွားဖြစ်ပြီး စိတ်ဝိဉာဉ်နတ်ဘုရားအာရုံကိုခြေတစ်ဝက်လှမ်းထားတဲ့တန်ခိုးရှင်တစ်ယောက်ရဲ့ ကိုယ်ပွားဖြစ်သည်။ ထိုကိုယ်ပွားကသူ့ကိုမျှော်လင့်ချက်ပေးစွမ်းနိုင်ပေသည်။


ကိုယ်ပွားကအလွန်ဒေါသထွက်သွားပြီး မိုးခြိမ်းသံကဲ့သို့အော်ဟစ်လိုက်လေသည်။


သူ့ရဲ့တောက်ပနေတဲ့မျက်လုံးများက ထိခိုက်ကြေမွနေတဲ့သူ့ညီလေးရဲ့ပုံရိပ်ကိုမြင်လိုက်ရပြီး ပို၍ပင်ဒေါသထွက်လာတော့သည်။


သို့သော်လည်း ခဏအကြာတွင် ထွင်းဖောက်မြင်နေရတဲ့အနက်ရောင်လက်ဖဝါးတစ်ဖက်ရောက်ရှိလာပြီး ကျယ်လောင်သောအသံများကိုထွက်ပေါ်လာစေကာပဲ့တင်ထပ်စေလေသည်။


ထိုတန်ခိုးရှင်၏ကိုယ်ပွားက ဖျက်ဆီးခံလိုက်ရပြီး ချက်ချင်းပင်ပေါက်ကွဲသွားစေတော့သည်။ ၎င်းက စွမ်းအင်အမျှင်များအဖြစ်ပြောင်းလဲသွားပြီး လေထုထဲတွင်ပျောက်ကွယ်သွားကာ အော်ဟစ်ဟိန်းဟောက်သံများကိုသာချန်ထားခဲ့လေသည်။


ငရဲဘုရင်အာဟ သူ့ပါးစပ်ထဲအစပ်ချောင်းတွေထပ်ထည့်လိုက်ပြီး လက်တွေကိုပွတ်တိုက်လိုက်သည်။


"ဒီဘုရင်ညစာစားနေတာကို လာနှောင့်ယှက်ရဲတဲ့ ယင်ကောင်တွေရှိနေတာပဲ။ အထူးသဖြင့် ငါအစပ်ချောင်းကိုပျော်ပျော်ကြီးစားနေတဲ့အချိန်မှာမှာလေ... သတ္တိတွေကောင်းနေပါ့လား..."


ပါးစပ်ထဲ အစားများပြည့်နေသောကြောင့် သူ့အသံကအနည်းငယ်မသဲမကွဲဖြစ်နေသည်။


မြေပြင်ပေါ်တွင်သေလုမျောပါးဖြစ်နေသော ချမ်ချန့်က ထိတ်လန့်တုန်လှုပ်သွားကာ စိတ်ပျက်အားငယ်သွားလေသည်။


ယခုလို စိတ်ပျက်အားငယ်ရတဲ့ခံစားချက်မျိုးကိုသူပထမဦးဆုံးအကြိမ်ခံစားဖူးခြင်းဖြစ်သည်။ မျှော်လင့်ချက်လေးကိုရလိုက်တဲ့စက္ကန့်ပိုင်းမှာပဲ အစိတ်စိတ်အမွှာမွှာခွဲချေခံလိုက်ရသည်။


ထိုခံစားချက်က သူ့ရဲ့ရင်ဘတ်ကနေသွေးတွေစီးကျလာစေသည်။ သူ့ရဲ့ခေါင်းကအပျက်အစီးများပေါ်သို့ကျသွားပြီး နောက်ဆုံးသောထွက်သက်ကိုရှူထုတ်လိုက်ရသည်။


အလင်းယိမ်းသန့်စင်နယ်မြေမှ နေမင်းသုတ်သင်လေးကိုအသုံးပြုသူ ချမ်ချန့် သေဆုံးသွားလေပြီ။


တစ်ချိန်တည်းမှာပဲ အလင်းယိမ်းသန့်စင်နယ်မြေရှိ လျှို့ဝှက်အခန်းတစ်ခုပေါက်ကွဲသွားသည်။


ဖရိုဖရဲဖြစ်နေသောဆံပင်များဖြင့် ပုံရိပ်တစ်ခုက ဧရာမလေးကြီးကိုသယ်ဆောင်ထားပြီး အလွန်ပူဆွေးသောကရောက်နေလေသည်။ သူဝမ်းနည်းကြေကွဲစွာဖြင့် အော်လိုက်သည်။


"အစားကြူးတောင်ကြား ...‌ေ-ာက်အစားကြူးတောင်ကြား။ ငါ့ရဲ့တတိယညီလေး မင်း ဝမ်းနည်းစရာကောင်းအောင်သေသွာပြခဲ့ရပြီ"


ဘုန်း


နောက်ထပ်အခန်းတစ်ခုပေါက်ကွဲသွားပြန်သည်။ဧရာမလေးကို ကိုင်ဆောင်ထားတဲ့တူညီတဲ့ပုံရိပ်တစ်ခုက ပူဆွေးဝမ်းနည်းစွာအော်ဟစ်လိုက်သည်။


"အစ်ကိုကြီး မင်းအတွက်လက်စားချေပေးမယ်"


သူတို့နှစ်ယောက်လုံး ဒေါသတကြီးနှင့်အော်ဟစ်လိုက်ကြသည်။ လေဟာနယ်ကိုချနင်းပြီး ကွဲကြေသွားစေပြီး လေဟာနယ်အက်ကွဲကြောင်းမှတဆင့် ချက်ချင်းပင်ထွက်သွားတော့သည်။



ကောင်းကင်ဘုံလျှို့ဝှက်နယ်မြေတွင်


မှိတ်တုတ် မှိတ်တုတ်ဖြစ်နေသော ကြယ်တာရာသံလိုက်အိမ်မြောင်၏အောက်တွင် အဘွားအိုတစ်ယောက်က တောင်ဝှေးဖြင့်လမ်းလျှောက်နေလေသည်။ ရုတ်တရက်ပဲ သူမရဲ့မျက်လုံးကချပ်ပြားဝိုင်းပေါ်တွင်ရှိသော တောက်ပနေတဲ့ကြယ်တစ်စင်းအပေါ်အာရုံစိုက်၍ကြည့်လိုက်တော့သည်။ သူမသက်ပြင်းအသာချလိုက်သည်။


ခရမ်းရင့်ရောင်တောင်ဝှေးဖြင့် မြေပြင်ပေါ်သို့ခေါက်လိုက်သည်။


ခဏအကြာတွင်တော့ စိမ်းပြာရောင်အခိုးအငွေ့များက အဘွားအို၏နောက်တွင်စုဝေးသွားပြီး ကျော့ရှင်းကာပုံမှန်မဟုတ်သောပုံရိပ်တစ်ခုဖြစ်ပေါ်လာသည်။ 


ထိုအထိန်းအကွပ်မရှိသောပုံရိပ်ကသူ့ရဲ့ရင်ဘတ်နေရာရှိ အင်္ကျီကိုဖွင့်ထားလေသည်။ သူ့ရဲ့လက်ထဲတွင်အနက်ရောက် သံလိုက်အိမ်မြှောင်ကိုကိုင်ထားပြီး ပျင်းရိနေသောမျက်နှာထားရှိလေသည်။


"မိုလျှိုကျိ ငါမင်းကိုလုပ်စေချင်တာတစ်ခုရှိတယ်"


အဘွားအိုကပြောလိုက်သည်။


"ဟုတ်ပြီလေ အဘွားခိုင်းစရာရှိရင်အရည်အချင်းရှိတဲ့ သူတော်စင်သမီးတော်ကိုခိုင်းလေ... ကျွန်တော်ကတော့မလှုပ်ချင်လောက်အောင်ကိုပျင်းနေတယ်"


မိုလျှိုကျိသူ့ရဲ့ပွင့်ဟနေတဲ့ရင်ဘတ်ကိုကုတ်ခြစ်လိုက်ပြီး သန်းလိုက်ကာ ပျင်းတိပျင်းတွဲပြန်ပြောလိုက်သည်။


"သူတော်စင်သမီးတော်က ဒါကိုမလုပ်နိုင်ဘူး။ မင်းတစ်ယောက်ပဲလုပ်နိုင်တာ... ကြယ်တာရာသံလိုက်အိမ်မြှောင်ပေါ်ကတည်နေရာကိုကြည့်လိုက်"


"အဲ့တာ လတ်တလောသန့်စင်နယ်မြေတွေ ‌ဆူဆူပူပူလုပ်နေတဲ့အစားကြူးတောင်ကြားမဟုတ်ဘူးလား။ အစားကြူးတောင်ကြားရဲ့အမွေအနှစ်က သန့်စင်နယ်မြေကစိတ်လှုပ်ရှားနေတဲ့အရူးတွေကို လှုံဆော်ပေးနိုင်တာပဲ"


သံလိုက်အိမ်မြှောင်ပေါ်ကိုမထီမဲ့မြင်အကြည့်တစ်ချက်ပေးပြီး မိုလျှိုကျိပြောလိုက်သည်။


အဘွားအိုက မိုလျှိုကျိကို လေးလေးနက်နက်လှည့်ကြည့်လိုက်သည်


"မင်း အစားကြူးတောင်ကြားကိုအခုချက်ချင်းသွားရမယ်။ ငါတို့ကအမွေအနှစ်အတွက်မပြိုင်ဘူး ဒါပေမဲ့ မင်းက ကြယ်တာရာသံလိုက်အိမ်မြှောင်ကို နှိုးဆော်ပေးနိုင်တဲ့လူကိုခေါ်လာဖို့လိုတယ်" 


မိုလျှိုကျိအံ့အားသင့်သွားသည်။ ခဏအကြာမှာတော့ စူးရှသည့်အလင်းတန်းများဖြင့်တောက်ပနေသောသူ့မျက်လုံးကိုကျဉ်းမြောင်းလိုက်သည်။


"အဘွားမို အဘွားပြောတာ... ကျွန်တော်ဘာကိုပြန်ယူလာရမှာ"


"အဲ့လူကို ဒီကိုခေါ်လာဖို့ဘာနည်းလမ်းသုံးသုံးရတယ်။ ငါ့မှာခန့်မှန်းချက်တစ်ခုရှိတယ် အဲ့လူကငါတို့ရဲ့သူတော်စင်သမီးတော်ရဲ့နှလုံးသားနတ်ဆိုးပဲ။ အဲ့လူကသူမရဲ့နှလုံးသားနတ်ဆိုးဆိုရင် ငါတို့ချက်ချင်းကိုသတ်ပစ်ရမယ်"


အဘွားမိုကပြောလိုက်သည်။


မိုလျှိုကျိ၏ နှုတ်ခမ်းထောင့်များကွေးညွတ်သွားပြီး လေချွန်လိုက်လေသည်။ သူခြေလှမ်း လှမ်းလိုက်ပြီး လေဟာနယ်အက်ကွဲသွားက ထိုအက်ကွဲကြောင်းမှသူကထွက်သွားသည်။


"ဒါဆိုလဲကောင်းပြီလေ။ ဒီတစ်ကြိမ်တော့ မင်းသမီးလေးတစ်ဖြစ်လည်း အရည်အချင်းရှိတဲ့ သူတော်စင်သမီးတော်လေးအတွက် အလုပ်လုပ်ပေးပါ့မယ်။ သူတော်စင်သမီးတော်ရဲ့ နှလုံးသားနတ်ဆိုးဆိုတာဘာလဲကြည့်ကြတာပေါ့"



ချူချန်းရှန်ရဲ့တစ်ကိုယ်လုံးကိုသွေးတွေဖုံးလွှမ်းနေသည်။ သို့သော်လည်း သူကတန်ခိုးရှင်ဖြစ်နေသောကြောင့် သူရဲ့ပြန်လည်ကုစားသည့်အစွမ်းကအတော်သန်မာလေသည်။ သူ့တစ်ကိုယ်လုံး သွေးထွက်နေသည့်အပေါက်များပြည့်နေသော်လည်း မသေသေးချေ။ ဖြေးဖြေးချင်း ပြန်လည်ကုသနေချေသည်။


သူရှောင်ယဆီလျှောက်သွားပြီး သက်ပြင်းခပ်ဖွဖွချလိုက်သည်။


ရှောင်ယက သွေးတွေ ဖုံးလွှမ်းနေသည့်ချူချန်းရှန်ကိုကြည့်ပြီး ကြောက်လန့်တကြားနောက်သို့ဆုတ်လိုက်လေသည်။ သူမရဲ့မျက်လုံးဝိုင်းဝိုင်းများက 'ကျေးဇူးပြုပြီး ကယ်ပါဦး"ဟူသောအကြည့်ဖြင့် ပုဖန်ကိုကြည့်နေလေသည်။


ချူချန်းရှန် ပုဖန်ကိုလှည့်ကြည့်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။


"ဆိုင်ရှင်ပု ကျုပ်ရှောင်ယကိုခဏငှားသွားဦးမယ်။ ကျုပ်သူ့ကိုအစားကြူတောင်ကြားရဲ့အမွေအနှစ်ကိုယူစေချင်တယ်။ တခြားသူတွေအဲ့တာကိုခိုးယူခွင့်မပေးနိုင်ဘူး"


ပုဖန်၏မဖြေကိုမစောင့်ပဲ သူ့လက်ကိုမြှောက်လိုက်ပြီး သူမကိုခေါ်သွားလေသည်။ ခပ်ဖြေးဖြေးပဲ သူတို့ကအစားကြူးနတ်ဘုရားအဆောက်အဦး၏တံခါးကိုဦးတည်လိုက်ကြသည်။


ပုဖန်မျက်မှောင်ကြုတ်ကာ ချူချန်းရှန်၏နောက်ကျောကိုကြည့်လိုက်သည်။ ခဏအကြာတွင်တော့ သူ့ပါးစပ်ကိုဖွင့်ပြီးခပ်တိုးတိုးပြောလိုက်သည်။


"နေအုံး ...ကျုပ်လဲခင်ဗျားတို့နဲ့အတူလိုက်မယ်"