အပိုင်း ၇၅၀
Viewers 62k

အပိုင်း ၇၅၀

ဓားတစ်လက်ဖြင့်... ဖိနှိပ်ခြင်း


ပုဖန်၏စကားလုံးများက ချူချန်းရှန်ကိုအံ့အားသင့်သွားစေပြီး နေရာမှာတင်အေးခဲသွားစေသည်။


ထိုသည်ကိုကြားသောအခါ အနားရှိလူများသည် အသက်ပင်ကျယ်ကျယ်မရှူရဲတော့ချေ။


ဒီစားဖိုမှူးလေး..... အကြီးအကဲကိုဘယ်လိုတောင်ပြောရဲဆိုရဲရတာလဲ။


ငရဲဘုရင်ကသူတို့ကိုစိတ်ထဲကိုမထားချေ။သူ့ပါးစပ်ထဲအကုန်လုံးကိုအစားအစာများပစ်ထည့်နေပြီး ပါးစပ်ထဲမပြည့်မချင်းဆက်ထည့်နေလေသည်။


သူ့မျက်လုံးအောက်တွင်ရှိသော အနက်ရောင်အဝိုင်းများက မကြာခင်မှာပဲပျောက်ကွယ်သွားလေတော့သည်။ သူ့မျက်နှာဝင်းပလာတဲ့အထိဆက်စားနေလိုက်သည်။ ငရဲဘုရင်က အခုအစားသောင်းကျန်းနေသူတစ်ယောက်နှင့်သာတူနေပြီး အလင်းမြှားတွေကိုချိုးဖျက်ပစ်လိုက်နိုင်တဲ့ မြင့်မြတ်ထူးကဲတဲ့မျက်လုံးများပင်မရှိတော့ချေ။


သူတော်စင်သမီးတော်ဇီယွင်က ပြေးလာပြီး ငရဲဘုရင်နောက်တွင် မသိနားမလည်သောအမူအယာလေးနှင့်မတ်တတ်ရပ်နေလေသည်။ သူမရဲ့မျက်လုံးကိုခပ်ကျယ်ကျယ်ဖွင့်လိုက်ပြီး အစားအသောက်တွေအငမ်းမရမျိုချနေတဲ့သူ့ကိုကြည့်နေလိုက်သည်။


ဇီယွင်ရဲ့စပ်စုချင်တဲ့အကြည့်တွေကိုခံစားမိလိုက်တော့ ငရဲဘုရင်စားနေတာကိုရပ်လိုက်သည်။


ပြည့်ဖောင်းနေတဲ့ပါးစပ်နဲ့ပဲ ချစ်စရာကောင်းတဲ့ သူတော်စင်သမီးတော်ဇီယွင်ကိုလှည့်ကြည့်လိုက်သည်။ သူကနှာရှုပ်လိုက်ပြီး အစပ်ချောင်းတွေညှပ်ထည့်ထားတဲ့ မျှစ်စို့တစ်စို့ကိုယူလိုက်သည်။ 


"ဒီမယ် စားကြည့်လိုက်။ ဘော်ဒာကြီးပုရဲ့ အစားအသောက်တွေကလေ လုံးဝကိုအရသာရှိတာ။ အဲ့အပြင် ဒီထဲမှာအစပ်ချောင်းတွေရှိတော့ လုံးဝကိုနတ်ဘုရားလက်နက်ပဲ။မင်းဒီမျှစ်ကိုမြည်းကြည့်ရင်လုံးဝကြိုက်သွားစေရမယ်"


ငရဲဘုရင်က လေးလေးနက်နက်ကိုပြောလိုက်သည်။


သူတော်စင်သမီးတော် ဇီယွင်၏မျက်လုံးများကတောက်ပသွားတော့သည်။ နှဖူးပေါ်ရှိ ဆံသားတစ်စကိုငြင်သာစွာဖယ်ရှားလိုက်ပြီး သူမရဲ့နီရဲရွှန်းစိုနေတဲ့ နှုတ်ခမ်းပါးတစ်စုံကို ကြော့ရှင်းရည်မွန်စွာ ဟလိုက်တော့သည်။


ငရဲဘုရင်အာဟ စိတ်ရှုပ်ထွေးသွားတော့သည်။


"မင်းဘာလုပ်နေတာလဲ"


"ရှင်ကျွန်မကိုခွံ့ကျွေးမလို့မဟုတ်ဘူးလား"


ဇီယွင်က မျက်လုံးပြူးပြူးလေးဖြင့်မေးလိုက်သည်။


ငရဲဘုရင်၏နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားတော့သည်။ သူကငရဲကမ္ဘာရဲ့သခင် ကြီးကျယ်မြင့်မြတ်တဲ့ငရဲဘုရင်လေ။ သူ့ကိုဒီဂျူနီယာလေးက အစားခွံကျွေးစေချင်တာလား။ ဒီကောင်မလေး ကောင်းကင်ပေါ်ကိုများတက်ချင်နေတာလား။


ဇီယွင်မျက်စောင်းထိုးလိုက်သည်။ နီရဲနေတဲ့နှုတ်ခမ်းလေးကိုဟရင်း သူမရဲ့လှပတဲ့နှာခေါင်းလေးဖြင့်အသာအယာအသက်ရှူသွင်းလိုက်သည်။


ငရဲဘုရင်က ဆက်ဝါးနေခဲ့သည်။ ဇီယွင်ရဲ့အမူအယာကိုမြင်လိုက်တော့သူ့ရဲ့ငြင်းဆန်လိုတဲ့စကားလုံးများကိုပြန်သိမ်းလိုက်တော့သည်။


အိုး.. ကောင်းပြီလေ...ဒါဆိုလဲထားလိုက်ပါတော့။ ငါ့ပါးစပ်ထဲမှာအစားအသောက်တွေရှိနေတယ်။ ဘာပဲဖြစ်ဖြစ်စကားပြောရတာကလည်းပင်ပန်းတော့ ဒီဂျူနီယာလေးကို အစားအသောက်နည်းနည်းလောက်ပေးလိုက်ပါမယ်လေ...


သူ့ရဲ့တူကိုဇီယွင်ရဲ့ပါးစပ်နားရွေ့လိုက်ပြီး သူမရဲ့တောင်ပြောင်ချောမွေ့နေတဲ့နှုတ်ခမ်းနှစ်လွှာသို့ အစားအစာအနည်းငယ်ကို ထည့်ပေးလိုက်သည်။


အဆီရည်များက သူမရဲ့နီထွေးတဲ့နှုတ်ခမ်းလေးကို ပိုပြီးစွဲဆောင်မှုရှိသွားစေသည်။


ငရဲဘုရင်အာဟကသူမကိုတစ်ချက်ကြည့်လိုက်ပြီး ဟိုဘက်လှည့်ကာ ပုဖန်၏ဟင်းပွဲကိုထပ်ပြီးစားနေလိုက်သည်။


ဇီယွင် အနည်းငယ်ရှက်သွားတော့သည်။ သူမရဲ့မျက်နှာပေါ်တွင်အနီရောင်အဝိုင်းနှစ်ခုပေါ်လာနေပြီး သူမကိုရှက်နေသည့်ပုံပေါ်စေသည်။


"အရမ်းအရသာရှိတာပဲ..." သူ့ကိုစွေကြည့်လိုက်ပြီး သူမပါးစပ်ထဲတွင်ရှိသောအစားအစာများကိုအရသာခံနေလိုက်သည်။ သူမ၏အရသာခံဖုများကလှုံ့ဆော်ခံလိုက်ရပြီး သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုထုံကျင်သွားစေတော့သည်။ 


ဒီဟင်းပွဲကအရမ်းကောင်းတာပဲ။


"ဘာပဲဖြစ်ဖြစ် ရှက်စရာကြီး... အစ်ကိုကြီးဟ ကငါ့ကိုသူကိုယ်တိုင်ခွံ့ကျွေးတာလေ....


သူတော်စင်သမီးတော်ဇီယွင်ကတွေးလိုက်ပြီး မပြုံးပဲမနေနိုင်တော့ချေ။သူမရဲ့မျက်နှာကိုလက်နှစ်ဖက်နဲ့ကာပြီး စားပွဲခုံပေါ်မှောက်ကျသွားကာ ထိုလျှို့ဝှက်ချက်ထဲတွင်ပျော်မွေ့နေတော့သည်။


ငရဲဘုရင်အာဟက သူတော်စင်သမီးတော်ဇီယွင်ကို မျက်လုံးစွေပြီးကြည့်လိုက်ပြီး တွေးလိုက်သည်။


"ဒီဂျူနီယာလေး နေမကောင်းဘူးထင်တယ်"



ချူချန်းရှန်က ခပ်ဖြေးဖြေးပဲလှည့်လိုက်ပြီး ပုဖန်ကိုသာမန်အကြည့်တစ်ချက်သာပေးလိုက်သည်။


သူက ရှောင်ယကိုကိုင်ထားလေသည်။ ကလေးမလေးက သူ့လက်မောင်းတွေထဲကနေလွတ်မြောက်ချင်နေတဲ့ပုံနဲ့ အနည်းငယ်ရုန်းကန်နေခဲ့သည်။ 


ချူချန်းချန်၏အစစ်အမှန်စွမ်းအင်များကသူ့ရဲ့ပတ်ပတ်လည်မှာဝန်းရံလာကာ ကလေးမလေးကိုဖမ်းချုပ်လိုက်ပြီး သူမရဲ့ရုန်းကန်မှုများကိုဟန့်တားလိုက်သည်။


"ငါဒီကလေးကိုဘယ်ကိုခေါ်သွားချင်တာလဲမင်းသိလား။ပြီးတော့ ဘာလုပ်ဖို့ဆိုတာကိုရောသိလား"

ချူချန်းရှန်မေးလိုက်သည်။


"ကျုပ်မသိဘူးလေ ဒါပေမဲ့ ကိစ္စမရှိဘူးမလား။ ခင်ဗျားရှောင်ယကိုခေါ်သွားချင်ရင်တောင် ကျုပ်ကအစားကျူးဘုတ်ပြားပေါ်ကထိပ်ဆုံးစားဖိုမှူးဆယ်ယောက်နဲ့ပြိုင်တဲ့ စားဖိုမှူးပြိုင်ပွဲမှာရှုံးမှခေါ်သွားလို့ရမှာလေ။ အဲ့အပြင်ကို အခုထိကျုပ်ကရှုံးမှမရှုံးသေးတာ။ ဒါဆိုကျုပ်ကဘာကိစ္စနဲ့များ ခင်ဗျားနဲ့အတူတူသွားလို့မရ ရမှာလဲ။ ကျုပ်ကသာရှောင်ယကိုခေါ်သွားခွင့်မပေးရင် ခင်ဗျားကခေါ်သွားလို့ရနိုင်မယ်များထင်နေလား"


ပုဖန်ပုံမှန်အတိုင်းသာပြောလိုက်သည်။


ချူချန်းရှန်ရဲ့မျက်လုံးများက ပုဖန်ရဲ့မျက်လုံးနှင့်ဆုံလိုက်ပြီးစူးစူးစိုက်စိုက်ကြည့်လိုက်သည်။ ခဏအကြာတွင်တော့သူကသက်ပြင်းတစ်ချက်ရှူထုတ်လိုက်ပြီး ပြောလိုက်သည်


"ငါရှောင်ယကိုခေါ်သွားမယ့်နေရာက အဲ့ဒီ့ကျူးကျော်သူတွေဦးတည်တဲ့နေရာ။ အဲ့နေရာက အစားကြူးတောင်ကြားရဲ့အမွေအနှစ်နေရာပဲ"


ချူချန်းရှန်ပြောလိုက်သည်။ သူ့ပုံစံကထိုအရာကိုအောက်မေ့တမ်းတနေသည့်ပုံပေါ်လေသည်။


သူဆက်ပြောလေသည်


"အစားကြူးတောင်ကြားရဲ့အမွေအနှစ်ကို အဲ့ဒီ့လူတွေရဲ့လက်ထဲကိုအရောက်မခံနိုင်ဘူး။ ရှောင်ယကအမွေအနှစ်ကိုဖွင့်လှစ်ဖို့သော့တစ်ချောင်းဖြစ်ပြီးတော့ သူမကအမွေခံအမျိုးသမီးတစ်ယောက်ပဲ။ ရှောင်းယသာ အစားကြူးတောင်ကြားရဲ့အမွေအနှစ်ကိုရရင် သူမကအစားကြူးတောင်ကြားရဲ့နောက်ထပ်တောင်ကြားအရှင်တစ်ယောက်ဖြစ်လာမှာ"


ချူချန်းရှန်သူရဲ့စိတ်လှုပ်ရှားမှုကိုမပြသပဲမနေနိုင်တော့ချေ။


ပုဖန်အလွန်အံ့အားသင့်သွားခဲ့သည်။


ရှောင်ယက... တောင်ကြားအရှင်တဲ့လား။


ရှောင်ယအသက်ကဘယ်လောက်ပဲရှိသေးတာမလို့လဲ။ ချူချန်းရှန်မှာကလေးတစ်ယောက်ကို အစားကြူးတောင်ကြားရဲ့တောင်ကြားသခင်ဖြစ်အောင်လုပ်ပေးဖို့ ဘယ်လိုကနေသတ္တိတွေရှိနေရတာလဲ။


ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုသာတကယ်ဖြစ်မယ်ဆို ဒါကရှောင်ယအတွက်အခွင့်အရေးကောင်းတစ်ခုပဲ။


ပုဖန်စဉ်းစားချင့်ချိန်ပြီးတော့ သူ့ခေါင်းကိုမော့လိုက်ကာပြောသည်


"ကောင်းပြီလေ ဘာပဲဖြစ်ဖြစ် အချက်အပြုတ်ပြိုင်ပွဲကိုတော့ဆက်လုပ်ကိုလုပ်ရမယ်။ ထိပ်တန်းစားဖိုမှူးဆယ်ယောက်လုံး ကျုပ်နဲ့ယှဉ်ပြိုင်ရမယ်"


ချူချန်းရှန် နားဝေတိမ်တောင်ဖြစ်မိသွားသည်။ သူသံသယတောင်မှဝင်မိသွားတော့သည်။


လက်စသတ်တော့ ပုဖန်ကသူတို့ကိုစားဖိုမှူးပြိုင်ပွဲလုပ်ဖို့ပြောတာ ရှောင်ယကိုကာကွယ်ချင်လို့မဟုတ်ဘူးပေါ့လေ။


သူ အချက်အပြုတ်ပြိုင်ပွဲတွေလုပ်ခဲ့တာ သူပြိုင်ချင်နေရုံသက်သက်တဲ့လား။ 


ချူချန်းရှန် မျက်လုံးကိုမှေးကျဉ်းလိုက်ပြီး ပုဖန်ကိုသံသဝင်စွာဖြင့်ကြည့်လိုက်သည်။


သို့သော်လည်း ပုဖန်၏မျက်နှာတွင်မည်သည့်အရာကိုမျှမဖော်ပြထားချေ။ ဒီလဲလှယ်မှုတစ်လျှောက်လုံးသူက စိတ်လှုပ်ရှားမှုမရှိသလို ဘာမှပြောင်းလဲမှုမရှိချေ။


"မစိုးရိမ်ပါနဲ့ အကြီးအကဲ။ သူမပြိုင်တော့ဘူးဆိုရင်တောင်မှ ကျွန်တော်တို့သူ့ကိုအလွတ်ပေးဖို့အစီအစဉ်မရှိဘူး..."


ချူချန်းရှန်တုံ့ဆိုင်းနေသည့်အချိန်တွင် ပုဖန်၏နောက်မှ တီးတိုးပြောသံအချို့ထွက်ပေါ်နေလျက်ရှိသည်။


လုထောင်က ပုဖန်ကိုစူးစိုက်ကြည့်လိုက်ပြီး လေးလေးလေးနက်နက်ပြောလိုက်သည်။ သူ့လက်ထဲ၌ အလွန်စိတ်ကူးယဉ်ဆန်သည့် ငါးရောင်ခြယ်ရောင်ခြည်စက်ဝန်းကိုထုတ်လွှတ်လျက်ရှိသော မီးဖိုချောင်သုံးဓားတစ်လက်ရှိနေလေသည်။


ထိုလူက စိတ်ကူးလွင့်မျောဓား လုထောင်ဖြစ်သည်။


"ငါတို့ရဲ့ ဟင်းချက်ပြိုင်ပွဲကမပြီးသေးဘူးလေ။ မင်းကထွက်ပြေးချင်နေတာလား"

တိုက်ပွဲဝင်ချင်စိတ်အပြည့်ဖြင့် လုထောင်ကပြောလိုက်သည်။


ပုဖန်မျက်ခုံးပင့်လိုက်ပြီး ခပ်ဖြေးဖြေးလှည့်ကြည့်လိုက်သည်။


"အိုး ငါ့အမှားပါ တောင်းပန်တယ်‌နော် ငါမင်းကိုမေ့သွားတာ။ အခုပဲလုပ်တော့လေ။ မင်းမြန်မြန်အလုပ်လုပ်တော့ ငါမြန်မြန်နိုင်တာပေါ့"


စိတ်ကူးလွင့်မျောဓား လုထောင်အေးခဲသွားသည်။ သူ့မျက်နှာတွင် ဒေါသမီးပွားများတောက်လောင်လာသည်။


ဒီကောင်လေးကများ... သူ့ကိုအထင်သေးရဲတယ်။


ချူချန်းရှန် သူတို့နှစ်ယောက်ကိုကြည့်ပြီး သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ ထို့နောက်တွင် ရှောင်ယကိုပိုက်ပြီး အစားကြူးနတ်ဘုရားအဆောက်အဦးမှ လှည့်ထွက်သွားသည်။


သူအမွေအနှစ်ကိုမြန်မြန်လေးသွားယူရမယ်။ အစားကြူးတောင်ကြားကိုစောင့်ကြည့်နေတဲ့မြေခွေးအိုကြီးတွေထဲကတစ်ယောက်ယောက်သာ အမွေအနှစ်ကိုရသွားရင် ပြဿနာတော်တော်များသွားလိမ့်မယ်။ 


သို့သော်လည်း သူခြေလှမ်းအများကြီးမလှမ်းရသေးမီပင် မီးဖိုချောင်သုံးဓားများမြေပြင်ပေါ်သို့ပြုတ်ကျသွားသော အသံများကိုကြားလိုက်ရသည်။ ထို့နောက်တွင် စိတ်ကူးလွင့်မျောဓားလုထောင်၏ အတုန်တုန်အယင်ယင်ဖြစ်နေသောအသံကိုကြားလိုက်ရလေသည်။


"ငါ... ရှုံးသွားပြီ"



ဝှိုက်တီက ရွှေရောင်ပုစွန်ပိစိပေါ်တွင်ရပ်နေလေသည်။ သူတို့ကလေထုထဲတွင်လျှင်မြန်စွာဖြတ်သန်းသွားပြီး ၎င်းတို့၏အရိပ်များကပင် ၎င်းတို့ကောင်းကင်ပေါ်ကပျောက်ကွယ်သွားမှပေါ်လာလေသည်။


သူတို့၏အရှိန်နှုန်းက အလွန်မြန်နေသည်။


ထို့နောက် ပေါက်ကွဲသံများစွာထွက်ပေါ်လာပြီးနောက်တွင် လေဟာနယ်သည်အက်ကွဲသွားသယောင်ပင်ဖြစ်လာသည်။ လှံရှည်ကိုကိုင်တွယ်အသုံးပြုလိုက်ပြီး အလင်းတန်းများကရောနှောသွားသည်။


ကောင်းကင်ဘုံနွေဦးသန့်စင်နယ်မြေမှ လူအိုကြီးလင်းက သွေးအေးပုံပေါ်လေသည်။ သူကဝှိုက်တီကို သတ်လိုဖြတ်လိုစိတ်ပြည့်နေသောအော်ရာများဖြင့် စူးစိုက်ကြည့်နေသည်။


သူလက်တစ်ချက်လှုပ်လိုက်သည်နှင့် လှံရှည်ကပျံထွက်သွားလေသည်။ ကြီးမားတဲ့ဓားသွားကတောက်ပနေပြီး ဓားသွားပေါ်တွင်ရှိသော ပုံစံကွက်များက လင်းလက်တောက်ပနေသည်။


ဝှီး


ကြမ်းတမ်းခက်ထန်သည့်အလင်းတန်းတစ်ခုက လှံရှည်မှထွက်ပေါ်လာပြီး လေဟာနယ်ကိုတုန်ခါသွားစေသည်။ ပေါက်ကွဲမှုများနှင့်အတူအလင်းများကလှိမ့်တက်လာသည်။


ရွေရောင်ပုစွန်ပိစိ၏ထွက်ပြေးရန်လမ်းကြောင်းများပိတ်ဆို့ခံလိုက်ရသည်။


"သေစမ်း မင်းကိုအစိတ်စိတ်အမွှာမွှာဖြစ်အောင်ဖျက်ဆီးပစ်မယ် သံရုပ်သေးကောင်"

လူအိုကြီးလင်း ကြုံးဝါးလိုက်သည်။


ဘုန်း


လှံရှည်ဆီမှအလင်းတန်းက ရွှေရောင်ပုစွန်ပိစိကိုထိမှန်သွားတော့သည်။ ပုစွန်ပိစိကလွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ပြင်းပြင်းထန်ထန်ပြုတ်ကျသွားကာ တစ်ပတ်လိမ့်သွားသည်။


လူအိုကြီးလင်းလည်း သူ့ရဲ့လှံရှည်ကိုကိုင်ဆွဲပြီးမြေပြင်ပေါ်သို့ဆင်းသက်လာသည်။ သူ့ခြေထိပ်ဖျားနှင့်မြေပြင်ထိခတ်သွားသည်နှင့် မြေပြင်က ပေါက်ကွဲသွားပြီး သူ့ရဲ့ခန္ဓာကိုယ်ကိုအဝေးသို့ရောက်သွားစေသည်။


လေဟာနယ်တစ်ခုလုံး လှိုင်းဂယက်ထသွားတော့သည်။


ဘုန်း


ရုတ်တရက် လူအိုကြီးလင်း၏မျက်လုံးများတောက်ပလာလေသည်။


အပျက်အစီးများကြားထဲတွင် ကြောက်မက်ဖွယ်အော်ရာများကကြီးမားကျယ်ပြန့်လာတော့သည်။ ထို့နောက်တွင် နီရဲပူပြင်းနေသောတုတ်က သူ့မျက်စိထဲတွင် ကျယ်ပြန့်လာပြီး သူ့ကိုချိန်ထားသော ထိုတုတ်၏အဖျားပိုင်းက အလွန်တရာကြီးမားလာတော့သည်။


ဒေါင်


လှံရှည်၏ဓားသွားက သတ္တုတုတ်ကိုထိမိသွားပြီး မီးပွားများကနေရာတိုင်းကိုလွင့်စင်သွားလေသည်။သတ္တုများ၏ တစ်ခုနှင့်တစ်ခု ထိခတ်နေသံများအဆက်မပြတ်ပဲ့တင်ထပ်လာပေသည်။


လူအိုကြီးလင်း နောက်သို့ဆုတ်လိုက်ရသည်။ ခြေလှမ်းလှမ်းလိုက်ပြီး မြေပြင်ကိုကွဲကြေသွားစေသည်။ သူ့ခန္ဓာကိုယ်ကိုတည်ငြိမ်အောင်လုပ်ပြီးချိန်တွင် သူတစ်ချက်လှည့်ကြည့်လိုက်သည်။


သတ္တုတုတ်ကတောက်ပနေသည်။ ၎င်းကတုန်ခါနေပြီး လေထုကိုစုတ်ဖြဲ၍ တဝီဝီမြည်သံပြုလျက်လူအိုကြီးလင်းထံသို့ပျံသန်းသွားလေသည်။


"အိုး မင်းမှာပြန်တိုက်ဖို့သတ္တိတော့ရှိသားပဲ"


လူအိုကြီးလင်းကပြုံးလိုက်ပြီး ဘေးသို့ရှောင်တိမ်းလိုက်သည်။ထို့နောက် လှံရှည်ကိုသုံးပြီး သတ္တုတုတ်ကိုခပ်ပြင်းပြင်းရိုက်ချလိုက်တော့သည်။


မီးပွားများကနေရာအနှံ့သို့ဖိတ်စင်သွားသည်။


ခက်ထန်တဲ့အဖြူရောင် ပုံသဏ္ဍာန်ကရှေ့သို့ တိုးလာလေသည်။ ၎င်းက လူအိုကြီးထံသို့ခြေနှစ်လှမ်းနှင့်ရောက်သွားပြီး သစ်ရွက်နှင့်တူသောလက်က သတ္တုတုတ်ကိုကိုင်စွဲလိုက်သည်။


ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များကလှိမ့်တက်လာတော့သည်။ လူအိုကြီးလင်းက မြေကြီးထဲသို့ကျွံဝင်သွားပြီး နက်ရှိုင်းလှသောတွင်းပေါက်တစ်ခုကိုဖြစ်ပေါ်သွားစေသည်။


ဝှိုက်တီ၏မျက်လုံးများသည် ငွေဖြူရောင်သို့လုံးလုံးလျားလျားပြောင်းလဲသွားခဲ့သည်။ သတ္တုတောင်ပံများ၎င်း၏နောက်ကျောတွင်ထွက်ပေါ်လာပြီး ၎င်း၏ခန္ဓာကိုယ်ကအငွေ့များကိုထုတ်လွှတ်လိုက်သည်။


နတ်ဘုရားသတ်လက်နက်သုံးခုကိဝါးမျိုလိုက်ပြီးနောက်ပိုင်း ဝှိုက်တီ၏တိုက်ခိုက်နိုင်စွမ်းသည်နောက်တစ်ကြိမ် တိုးတက်လာသည်။

၎င်း၏အော်ရာသည် ယခုအချိန်တွင် ကျစ်လစ်သိပ်သည်းနေပြီး အလွန်ကြောက်စရာကောင်းလျက်ရှိသည်။ 


ဘုန်း


မြေပြင်ပေါ်ရှိအပျက်အစီးများထံမှ ပွတ်တိုက်ကွဲကြေသံများထွက်ပေါ်လာတော့သည်။


နတ်ဘုရားသတ်တုတ်ကိုလှည့်လိုက်ပြီးပစ်မြှောက်လိုက်သည်။ အကြိမ်ပေါင်းများစွာလည်သွားပြီးမှ ၎င်းကိုဝှိုက်တီကဖမ်းကိုင်လိုက်သည်။


လူအိုကြီးလင်းက အပျက်အစီးများပေါ်တွင်ရပ်ကာ ဒရောသောပါးကြည့်လိုက်ပြီး သူ့မျက်လုံးများက အေးစက်ကာခက်ထန်ကြမ်းကြုတ်လာတော့သည်။


"တန်ခိုးရှင်အဆင့်မှာရှိတဲ့ရုပ်သေးရုပ်တစ်ရုပ်... မဟုတ်ဘူး၊ မဖြစ်နိုင်လိုက်တာ။ ရုပ်သေးရုပ်တွေလဲအဆင့်တက်နိုင်တယ်ဆိုတာမယုံနိုင်ဘူး"


လူအိုကြီးလင်း၏မျက်လုံးများကပြူးကျယ်နေပြီး မယုံနိုင်စရာကိစ္စရပ်တစ်ခုကိုရှာတွေ့သွားသကဲ့သို့ အော်ဟစ်လိုက်သည်။


ဝှိုက်တီ၏ မူလစွမ်းအင်များကသန်မာသည်မှာ မှန်ကန်သော်လည်း တန်ခိုးရှင်အဆင့်ကိုဘယ်တော့မှရောက်နိုင်ပေ။


သို့သော်လည်း အချိန်ခဏလေးအတွင်းတွင်ပင် ရုပ်သေးရုပ်၏တုတ်က သူ့လိုတန်ခိုးရှင်တစ်ယောက်ကိုတောင် ယှဉ်နိုင်လုနီးပါးဖြစ်နေလေပြီ။


ဒါက... ဘယ်လိုတောင်အံ့ဩစရာကောင်းမှုကြီးလဲ။


သူသာဒီရုပ်သေးရုပ်ကို အဆင့်ထပ်တက်ခိုင်းရင် ၎င်းကဘယ်လောက်ထိကြောက်ဖို့ကောင်းအောင်ကိုသန်မာလာဦးမှာလဲ။


၎င်းကသူ့ရန်သူဖြစ်နေတာကြောင့် အဆင့်မတက်နိုင်ခင်မှာပဲသတ်ပစ်လိုက်သင့်တာဖြစ်သည်။


ထို့ကြောင့် လူအိုကြီးလင်း၏လှံရှည်က ယမ်းခါသွားပြီး ၎င်း၏အော်ရာက ကောင်းကင်ထိတိုင်အောင်ပင်ထိုးတက်သွားတော့သည်။


သေလိုက်စမ်း


ဘုန်း


စိတ်ဝိဉာဉ်လှေကားကသူ့ခေါင်းပေါ်တွင် ပေါ်ထွက်လာသည်။ ကောင်းကင်ဘုံနွေဦးကြယ်က သူ့အပေါ်သို့တောက်ပလာပြီး သူ၏အော်ရာသည် ချက်ချင်းပင် အထွတ်အထိပ်သို့ရောက်သွားတော့သည်။ 


 နတ်ဘုရားသတ်တုတ်ကိုကိုင်ဆောင်ထားသည့် ဝှိုက်တီကို သူ အေးစက်စက်အကြည့်တစ်ချက်ဖြင့် စိုက်ကြည့်လိုက်သည်။


ဝှိုက်တီ၏ မီးခိုးဖြူရောင်မျက်လုံးများကရွေ့လျားသွားတော့သည်။ ၎င်း၏ကြီးမားသောဖြူဖျော့ဖျော့မျက်လုံးများထဲတွင်အနက်ရောင်အစက်ကလေးများရှိနေပြီး အသိဉာဏ်ရှိနေသည့်အလားရွေ့လျားနေလေသည်။


ဘုန်း


နတ်ဘုရားသတ်တုတ်၏အဆုံးပိုင်းတစ်ဖက်ကို မြေပြင်ပေါ်သို့ဆောင့်ချလိုက်သည့်အခါ ကျွံဝင်သွားလေတော့သည်။ သတ္တုအတောင်ပံနှစ်ခုက ၎င်း၏ကျောဘက်တွင် သိန်းငှက်အတောင်ပံများကဲ့သို့တဖျပ်ဖျပ်ခတ်နေတော့သည်။


"ရန်သူရဲ့သတ်ဖြတ်လိုစိတ်ကိုရှာတွေ့လိုက်ပြီ... သေလိုက်ပေတော့"


…....


စိတ်ကူးလွင့်မျောဓားလုထောင်ရှုံးနိမ့်သွားချေပြီ။ သူအလွန်ပင်ထိတ်လန့်ကြောက်ရွံ့သွားမိသည်။


ဘေးနားတွင်ရှိသောလူများက အသက်အောင့်ထားမိပြီး အသံတစ်သံပင်မထွက်ရဲကြချေ။


ပုဖန်က ဓားတစ်ချောင်းတည်းကိုအသုံးပြုပြီးလုထောင်ကိုဖိနှိပ်သွားကာ စိတ်ပျက်အားငယ်စွာဖြင့်အရှုံးပေးသွားစေခဲ့သည်။


ထိုသည်က လူတွေမျှော်မှန်းထားသည်နှင့်တခြားဆီပင်။


သူတို့ ညဘက်တွင်တစ်ကြိမ်သာပွင့်သောရှားစောင်းပွင့်နှင့်တူသည့် ထိုဓားကိုမမြင်လိုက်ရပေ။ သို့သော်လည်း လုထောင်ကတော့ ပုဖန်၏လှုပ်ရှားမှုအလယ်တွင်ရှိနသောကြောင့် ပုဖန်ဓား၏ အလွန်အမင်းကြောက်ရွံ့ဖွယ်ကောင်းသော ကြန်အင်လက္ခဏာကိုခံစားလိုက်ရပေသည်။


ပုဖန်က ရွှေရောင်တောက်ပနေသောဓားကိုဖြေးညင်းစွာလွှဲယမ်းခဲ့ပြီး ကိုးခုခန့်ရှိသော ဓား၏အရိပ်များကပေါင်းစပ်သွားလေသည်။ အလွန်ကြောက်မက်ဖွယ်ကောင်းသောတည်ရှိမှုတစ်ခုကသူ့ကိုစူးစိုက်ကြည့်လိုက်သည်ဟု လုထောင်ခံစားလိုက်ရပြီး ထိုတည်ရှိမှုက သူ့ရဲ့အတွင်းစိတ်ကိုမျက်တောင်တစ်ခတ်အတွင်းပင်ကွဲကြေသွားစေသည်။


အကြွင်းမဲ့စွမ်းအား၏ရှေ့မှောက်တွင် ထိုသဘောပေါက်နားလည်မှုသည် မှန်ထဲကပန်းရိပ်လို ရေအိုင်ထဲကလရိပ်လိုဖြစ်နေလေသည်။ထို့ကြောင့် ပြိုင်ပွဲပင်မစတင်မှီသူရှုံးနိမ့်သွားကြောင်းဝံခံလိုက်ခြင်းဖြစ်ပေသည်။ ထိုအရာက ပင်ကိုယ်သိစိတ်ပင်ဖြစ်သည်။


ဓားတစ်လက်ဖြင့်... ဖိနှိပ်သွားခြင်းဖြစ်လေသည်။


ပုဖန် နဂါးအရိုးမီးဖိုချောင်သုံးဓားကို ပခုံးပေါ်တင်၍ လုထောင်ကိုမျက်နှာသေနှင့် ကြည့်လိုက်သည်။


ဓားထည့်သည့် ဗီရိုပေါ်လာသည်။


ချွီရန်ချန်းဖုန် အားတင်း၍ပြုံးနေရသည်။ သူ၏ ပုစဉ်းအတောင်ပံဓား သည် လုထောင်၏ စိတ်ကူးလွင့်မျောဓားနှင့် ဝမ်ထောင်၏ ကျိုးပဲ့ကျောက်စိမ်းဓားတို့နှင့်အတူ ယူဆောင်သွားခြင်းခံလိုက်ရသည်။


လုထောင် စိတ်လွတ်သွားတော့သည်။ ချွီရန်ချန်ဖုန်းကမူ အတင်းအကြပ်ပင်ဆက်ပြုံးနေလေသည်။


 သို့သော်လည်း ဝမ့်ထုံကပြောင်းလဲမှုမရှိသောမျက်နှာထားဖြင့် ပုဖန်ကို စိုက်ကြည့်လိုက်ပြီး လှည့်ထွက်သွားတော့သည်။


ဓား ဗီရိုကိုပြန်သိမ်းလိုက်ပြီး ပုဖန်ခပ်နှေးနှေးပင်လမ်းလျှောက်၍ထွက်သွားလိုက်သည်။ သူကချူချန်းချန်ကိုပြောလိုက်သည်


"ကောင်းပြီလေ... သွားကြစို့"


ချူချန်းရှန် နှုတ်ဆိတ်နေလိုက်ပြီး ဒီတစ်ကြိမ်တွင်တော့သူမငြင်းဆိုတော့ပေ။ခဏအတွင်းပင် သူတို့နှစ်ယောက် အစားကြူးနတ်ဘုရားအဆောက်အဦးမှ ပျောက်ကွယ်သွားတော့သည်။



အစားကြူးတောင်ကြား၏အပြင်၌


ပေါက်ကွဲမည်ဟီးသံများပဲ့တင်ထပ်လာသည်။


လေဟာနယ်အက်ကွဲသွားပြီး သူတို့နောက်ကျောတွင် လေးရှည်များကိုသယ်ဆောင်ထားကာဒေါသထွက်နေသောလူနှစ်ယောက်ပေါ်ထွက်လာသည်။


အခြားတစ်နေရာတွင် လေဟာနယ်နှစ်ခြမ်းကွဲသွားပြီး ကြယ်တာရာများစွာ ထွက်ပေါ်လာသည်။ပျင်းရိနေသောလူတစ်ယောက်က သူ့လက်တွေကိုရင်ဘတ်ပေါ်ဖြတ်တင်ထားပြီး သန်းဝေရင်းလမ်းလျှောက်ကာထွက်လာသည်။ သူ့မျက်လုံးများကိုတော့အားအင်များကုန်ခမ်းနေသည့်အလားပင်မှိတ်၍ထားလေသည်။


ထို့အပြင် တခြါးတစ်နေရာတွင် လက်သည်းများက လေဟာနယ်ကိုစုတ်ဖြဲလိုက်ပြီး ရွှေချပ်ဝတ်များဝတ်ဆင်ထားသော ပုံရိပ်များရောက်ရှိလာသည်။


သူတို့၏ ပစ်မှတ်က အစားကြူးတောင်ကြားဖြစ်လေသည်။


ထိုအချိန်တွင် အစားကြူးတောင်ကြား၏အပြင်၌ ကြောက်မက်ဖွယ်ကောင်းသောအော်ရာများက ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်။


ထိုအော်ရာများက အချင်းချင်း အဝေးမှပဲ့တင်ထပ်နေကြသည်။ 


ထိုအော်ရာများကို တန်ခိုးရှင်များပိုင်ဆိုင်လေသည်။


အစားကြူးတောင်ကြားထဲရှိ သတ္တဝါအများစုကထိုအော်ရာများကိုခံစားမိသကဲ့သို့တုန်ရီသွားကြသည်။


သူတို့အလွန်ကြောက်ရွံ့ကာထိတ်လန့်သွားကြလေသည်။ 


ဒါ... အစားကြူးတောင်ကြားစီရင်ချက်ချခံရမယ့်နေ့များဖြစ်နေမလား။