အခန်း ၇၅၁
ရှပ် ရှပ် ရှပ်
ပုဖန်၊ ချူချန်းရှန် နှင့်ရှောင်ယတို့ မည်သည့်အရာမှမရှိပဲခြောက်ကပ်နေသောအစားကြူးနတ်ဘုရားအဆောက်အဦး၏ ကော်ရစ်တာကိုဖြတ်လျှောက်လာလိုက်သည်။ ဟင်္သာပြဒါးရောင်ဝတ်စုံကိုဝတ်ထားသောပုဖန်သည် ခပ်နှေးနှေးသာလမ်းလျှောက်နေသော်လည်း ချူချန်းရှန်နဲ့ရှောင်ယတို့က သူ့ရှေ့မှနေ၍ဦးဆောင်ပြီးလျှောက်နေလေသည်။
သူတို့သုံးယောက်ကော်ရစ်ဒါကိုဖြတ်သွားလိုက်သည်။ သူတို့ရှေ့တွင်ရှိသော မီးလင်းကျောက်တုံးများကရုတ်တရက် လင်းလက်တောက်ပလာသောကြောင့် မျက်လုံးကိုလက်နဲ့အုပ်လိုက်ရတော့သည်။တိတ်တိတ်ဆိတ်ဆိတ်နှင့်ဆက်လျှောက်နေရင်း တစ်ခုခုနှင့်တူနေပြီးရင်းနှီးနေသောနေရာတစ်ခုကိုရောက်သောအခါမှရပ်လိုက်လေသည်။
ထိုအရာက အနက်ရောင်ဂူတစ်လုံးဖြစ်ပြီး လူတွေကိုတောင်ဆွဲမျိုချသွားနိုင်သည့် အောက်ခြေမရှိသော တွင်းပေါက်ကြီးနှင့်တူနေလေသည်။ အဝင်ဝတွင် မြက်များဖြင့်ဖုံးလွှမ်းနေပြီဖြစ်သော ကျောက်တိုင်တစ်တိုင်ကိုစိုက်ထူထားသည်။ ထိုပေါ်တွင်ရေညှိများပေါက်ရောက်လျက်ရှိပြီး ရှိရင်းဆွဲထက်ပို၍အိုဟောင်းနေသယောင်ပေါ်စေသည်။
ကျောက်စာတိုင်ပေါ်တွင် "အစားကြူးလမ်းမ"ဟု ရေးထားသော်လည်း စာလုံးတွေကတော့အကောင်းတိုင်းရှိမနေချေ။သို့သော် တစ်နည်းနည်းဖြင့် ကျက်သရေနှင့်ပြည့်စုံနေလျက်ရှိလေသည်။
ကြည့်ရသည်မှာ ထိုစာလုံးတွေကိုရေးသားခဲ့သည့်သူက အတော်လေးအရည်အချင်းရှိသောသူဖြစ်လောက်သည်။
"ဒီစကားလုံးတွေကို အစားကြူးတောင်ကြားရဲ့ပထမဆုံးတောင်ကြားအရှင်ကရေးခဲ့တာလေ... ပထမဆုံးတောင်ကြားအရှင်က အရမ်းကိုအရည်အချင်းရှိပြီးထူးချွန်တဲ့ကျွမ်းကျင်သူတစ်ယောက်ပေါ့...သူက တော်ဝင်နဂါးခုံရုံးတစ်ခုလုံးကိုတောင်ဖိနှိပ်ခဲ့ပြီး အဲ့ဒီ့သန်စင်နယ်မြေတွေဆိုတာ အဲ့အချိန်တုန်းကဖြင့်အသက်တောင်ကျယ်ကျယ်မရှူရဲခဲ့ကြဘူး....."
ချူချန်းရှန်က ကျောက်စာတိုင်ကိုကြည့်ရင်းသာမန်ကာလျှံကာပြောလိုက်သည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက ပျောက်ကင်းလုနီးပါးဖြစ်ပြီး သွေးထွက်နေသော အပေါက်များသည်လည်း မူမမှန်စွာဖြင့်ပိတ်သွားခဲ့ပြီဖြစ်သည်။ယင်းသည်ကား မြင့်မြတ်သောတန်ခိုးရှင်တစ်ယောက်၏ကျွမ်းကျင်အဆင့်ပြန်လည်ကုသခြင်းစွမ်းရည်ဖြစ်လေသည်။
"ခင်ဗျားပြောတဲ့ အမွေအနှစ်ဆိုတာက အစားကြူးလမ်းမပေါ်မှာရှိတယ်ဆိုတာတကယ်လား..."
ပုဖန် ချူချန်းရှန်ကိုလှည့်ကြည့်လိုက်သည်။
ချူချန်းရှန် သက်ပြင်းတစ်ချက်ချပြီးခေါင်းငြိမ့်ပြလာသည်။ သူ၏မျက်လုံးများကတော့ သူ့စိတ်တွင်းမှလာသည့် ကွဲပြားသော ခံစားချက်များနှင့်ရောင်ပြန်ဟပ်နေခဲ့သည်။ သူအစားကြူးလမ်းမကိုဖြတ်ခဲ့သောအချိန်ကိုသတိရမိသည်......
ရှောင်ယ ရောက်လာသောအခါတွင်တော့ သူမထိတ်လန့်ကြောက်ရွံ့သွားခဲ့သည်။ သူမရဲ့မျက်လုံးဝိုင်းဝိုင်းများက အစားကြူးလမ်းမကိုစူးစိုက်ကြည့်နေခဲ့လေသည်။ထိုလမ်းနှင့် ရင်းနှီးကျွမ်းဝင်နေတဲ့ပုံပေါ်ပြီး သူမရဲ့မျက်ဝန်းများစွတ်လာခဲ့သည်။
တောက်ပသည့်အလင်းပျောက်များက သူမရဲ့နှဖူးထက်တွင်ပေါ်ပေါက်လာတော့သည်။ ချူချန်းရှန်က သူမရဲ့နှဖူးကိုပွတ်သုတ်ပေးလိုက်သည်။သူ့ရဲ့မျက်လုံးများသည်တော့ သူမအပေါ်ကြင်နာမှုကိုထုတ်ဖော်ပြသလျက်ရှိသည်။
.
"သွားကြစို့... ငါတို့ အစားကြူးလမ်းမကိုအခုပဲဝင်ကြမယ်....."
ချူချန်းရှန်ပြောလိုက်သည်။
သူ့နှုတ်ခမ်းကကွေးညွတ်နေပြီးအပြုံးတစ်ခုနဲ့ ပုဖန်ကိုလှည့်ကြည့်လာပြီး သူ့ရဲ့သွေးစွန်းနေတဲ့ မုတ်ဆိတ်ဖြူဖြူက လှုပ်ရှားသွားခဲ့သည်။
အစားကြူးလမ်းမ.... ပုဖန်အနည်းငယ်တော့စိတ်ဝင်စားမိသည်။သူ့ မျက်ခုံးပင့်လိုက်ပြီး ခြေတလှမ်းလှမ်းကာ သားရဲကြီးတစ်ကောင်ရဲ့ကြီးမားတဲ့ ပါးစပ်နဲ့တူတဲ့အနက်ရောင်ဂူထဲကိုဝင်လိုက်တော့သည်။
ပုဖန်နှင့် ချူချန်းရှန်တို့အနက်ရောင်နေရာထဲသို့ဝင်ရောက်ပြီးသွားနောက်မှာ လေဟာနယ်ကိုဆုတ်ဖြဲလိုက်သည့်သံတွေထွက်ပေါ်လာခဲ့သည်။ ဘာမှမရှိသောလေထုထဲမှ လူတစ်ယောက်ကပျံသန်းပြီးပေါ်ထွက်လာခဲ့သည်။
" မမျှော်လင့်ပဲ အမွေအနှစ်ကိုအစားကြူးလမ်းမမှာဖွက်ထားတုံးပဲ...ဟိုငမိုက်သား ချူးချန်ရှန်က ငါတို့ကိုလိမ်နေခဲ့တာ..."
သူကအစားကြူးတောင်ကြားရဲ့အကြီးအကဲဖြစ်သော်လည်း အမှန်တကယ်တမ်းတွင် တခြားအင်အားစုမှအစားကြူးတောင်ကြားသို့ပို့ထားသောသူဖြစ်သည်။
သူတင်မဟုတ်ပဲ အခြားသောအကြီးအကဲများလည်း ရောက်လာပြီး အစားကြူးလမ်းမ၏ဝင်ပေါက်ကိုထူးဆန်းသောအကြည့်များနှင့်စူးစိုက်ကြည့်နေကြသည်။
ဂျိန်း ဂျိန်း ဂျိန်း
အစားကြူးတောင်ကြား၏အပြင်ဘက်တွင်...
ခံ့ညားသည့်အရှိန်အဝါတစ်ခုကိုကောင်းကင် ပော်သို့ထိုးတက်သွားသည်။
ထိုအကြီးအကဲများကစိတ်လှုပ်ရှားနေပုံပေါ်နေသည်။ သူတို့ရဲ့မြင့်မြတ်သန့်စင်နယ်မြေကမြင့်မြတ်သောတန်ခိုးရှင်တစ်ယောက် ရောက်လာပြီဖြစ်သည်!
ယင်းက သန့်စင်နယ်မြေကစပြီးလှုပ်ရှားတော့မည်ဟု ဆုံးဖြတ်လိုက်တာကို ဆိုလိုခြင်းဖြစ်လေသည်!
သူတို့အကြည့်ချင်းဖလှယ်လိုက်ပြီးတော့ အချင်းချင်းမျက်လုံးများတွင် ထူးဆန်းသည့်တောက်ပနေမှုတစ်ခုရှိသည်ကိုမြင်လိုက်ရသည်။ထို့နောက် သူတို့လေဟာနယ်ကိုဆုတ်ဖြဲလိုက်ပြီး အပြင်ကိုမြန်မြန်ထွက်လိုက်ကြသည်။
ပုဖန်နှင့်ချူချန်းရှန် အစားကြူးလမ်းမထဲဝင်သွားသည်ကို ရန်ယုအရိပ်ထဲမှာနေရင်းစောင့်ကြည့်နေလိုက်သည်။ သူ့ရဲ့မျက်လုံးများကရက်စက်ယုတ်မာပြီး နာကျည်းမုန်းတီးနေပုံပေါ်နေခဲ့သည်။
သူက သူ့ဘေးမှာရှိတဲ့နံရံကိုလက်သီးနဲ့ထိုးလ်ိုက်ပြီး လက်သီးချက်ကိုဖုန်းကွယ်ရန်အတွက် အစစ်အမှန်စွမ်းအင်များကိုအသုံးမပြုခဲ့သောကြောင့် သူ့ထိုးချက်သည်နံရံပေါ်တွင်ချိုင့်ခွက်တစ်ခုကိုသာကျန်ရစ်စေခဲ့သည်။
"အမွေအနှစ်က အစားကြူးလမ်းမထဲမှာ......
ချူချန်းရှန်က ငါ့ကိုမရွေးချယ်ခဲ့ဘူးပဲ...သူအဲ့ဒီအစားကြူးကလေးကိုရွေးချယ်ခဲ့တာဟ...သေလိုက်စမ်း..."
ရန်ယုမျက်လုံးတွေကခါးသီးမှုတွေ၊အရှက်မဲ့မှုတွေနဲ့ပြည့်နှက်နေခဲ့သည်။
အမွေကြောင့်သာမဟုတ်ခဲ့ရင်သူဘာလို့များ အစားကြူးတောင်ကြားရဲ့ဒီလိုဟောင်းနွမ်းစုတ်ပြတ်နေတဲ့တောင်ကြားထဲမှာနေရမှာလဲ?အဲ့ဒီအမွေသာမရှိရင် ဒီေ-ာက်အစားကြူးတောင်ကြားက သူ့လိုဥာဏ်ကြီးရှင်တစ်ယောက်ကို ဘယ်လိုလုပ်ပြီး ဆွဲဆောင်နိုင်မှာတဲ့လဲ?
"ခင်ဗျားကအမွေအနှစ်ကို ကျုပ်ကိုမပေးဘူးဆိုတော့....ကျုပ်ဘာသာကျုပ်ရအောင်ယူရတာပေါ့...အဲ့တာကို လက်မလွှတ်လိုက်နိုင်ဘူးကွ!ဘယ်သူမှငါ့ကိုတားလို့မရဘူး..."
ရန်ယု အံကြိတ်လိုက်သည်။ သူ့ရဲ့ခန္ဓာကိုယ်က အမှောင်ထုနဲ့ပေါင်းစပ်သွားပြီး ချက်ချင်းပဲပျောက်ကွယ်သွားတော့သည်။
ရွှေချပ်ဝတ်သုံးဖော်အစောင့်အရှောက်များက လေဟာနယ်အက်ကွဲကြောင်းမှ ရောက်လာခဲ့သည်။
သူတို့ရဲ့အော်ရာများက ကြောက်စရာအလွန်ကောင်းပြီး ဝင်သက်ထွက်သက်များက နက်မှောင်ပြီးအတိတ်နမိတ်မကောင်းသောပုံပေါ်နေသည်။
သူတို့ကလူအိုကြီးလင်းထက်အနည်းငယ်အားနည်းပါသော်လည်း အနန္တတန်ခိုးရှင်အတင့်သို့ရောက်လုနီးပါးဖြစ်နေခဲ့ပြီဖြစ်သည်။
သူတို့သည် ရွှေချပ်ဝတ်စောင့်ရှောက်သူများထဲတွင် အသန်မာဆုံးသူများဖြစ်ကြလေသည်။ သူတို့၏အစွမ်းများကိုဖော်ထုတ်လိုက်ပါကလည်း မြင့်မြတ်သောတန်ခိုးရှင်များထက်အားနည်းမည်မဟုတ်ကြချေ!
စောင့်ရှောက်သူရွှေဓားမြေါင်သဆုံးသွားသည်ကိုရှာဖွေတွေ့ရှိသွားသောအခါ ကျောက်ခရမ်းအကြီးအကဲထံမှ အစားကြူးတောင်ကြားသို့သွားရန်အမိန့်ရခဲ့သည်။
သူတို့ကလူအိုကြီးလင်းကိုကူညီပြီး အမွေအနှစ်ကိုယူဆောင်ရန် ဒီကိုလာခဲ့ခြင်းဖြစ်သည်။
ကျောက်ခရမ်းအကြီးအကဲသည် အမွေအနှစ်ကိုအတော်လေးရူးသွပ်နေပြီး ထိုအတွက်လည်း သူကအများကြီးရင်းနှီးခဲ့ပြီးသားဖြစ်သည်။သို့သော် အစားကြူးတောင်ကြားရဲ့အမွေအနှစ်ကသူ့အတွက်ဘာ့ကြောင့်အရေးကြီးသလဲဆိုတာကို မသိတော့ပေ။
"ငါလူအိုကြီးလင်းရဲ့အော်ရာကိုအာရုံခံလို့ရပြီ.... သူကဟိုနားမှာပဲ"
တစ်နေရာကိုညွှန်ပြရင်းနှင့် ရွှေချပ်ဝတ်ကာကွယ်စောင့်ရှောက်သူတွေထဲက တစ်ယောက်ကပြောခဲ့လေသည်။
ရွှေရောင်အလင်းတန်းတွေအဖြစ်ပြောင်းလဲလိုက်ပြီး ချိန်မဖြုန်းတော့ပဲ ထိုနေရာသို့ပျံသန်းသွားကြသည်။
ချန်ကုန်းနဲ့ ချန်လုံ ညီအစ်ကိုနှစ်ယောက်ဟာ နေဝင်ဆည်းဆာလေးနှင့် နေမင်းပစ်ခွင်းလေးတို့ကိုနောက်ကျောထက်တွင်သယ်ဆောင်လိုက်ကြပြီး သူတို့ရဲ့အော်ရာများက အံ့ဩတုန်လှုပ်ဖွယ်ကောင်းလာခဲ့သည်။
သူတို့ရဲ့အနီးအနားမှ လေဟာနယ်ကွဲကြေလာပြီး အစိတ်အစိတ်အမွှာမွှာကွဲသွားခဲ့သည်။
ချန်လုံက သာမန် တန်ခိုးရှင်အဆင့်တင်မဟုတ်ပဲ စိတ်ဝိဉာဉ်နတ်ဘုရားအာရုံနယ်ပယ်သို့ ခြေတစ်ဝက်လှမ်းပြီးသားဖြစ်လေသည်။
သူ့ အစွမ်းမှဖိအားများသည် မိုင်တစ်ရာဝန်းကျင်ခန့်သို့ ပျံ့နှံ့သွားတော့သည်။
သူ့နောက်ကျောမှ လေးကိုဖြေးညှင်းစွာယူဆောင်လိုက်သည်။ အဆိုပါ နေမင်းပစ်ခွင်းလေးသည် အလင်းယိမ်းသန့်စင်နယ်မြေမှ နတ်ဘုရားလက်နက်ဖြစ်သည်။ ထိုလေး၏မြှားတံသည် ကောင်းကင်ပေါ်တွင်ထွန်းလင်းတောက်ပလျက်ရှိသော နေမင်းကြီးအထိပင်ရောက်ရှိနိုင်ပေသည်!
"ငါ့ရဲ့တတိယညီလေး ကိုသတ်သွားတယ်တဲ့လား...လုံးဝခွင့်မလွှတ်နိုင်ဘူး....."
ထောင်ပေါင်းများစွာသောအလင်းတန်းများက ချန်လုံ၏မျက်လုံထဲတွင်ပေါ်ပေါက်လာတော့သည်။ သူ့မျက်လုံးကြီးကြီးများက လေဟာနယ်ကိုဖြတ်သန်းပြီး အဝေးကအရာအားလုံးကိုရှုမြင်နေနိုင်သည့်ပုံပေါ်နေလေသည်။
သူကယခုအချိန်တွင် အေးစက်ပြီးတောင့်တင်းနေသောအလောင်းတစ်လောင်းဖြစ်နေခဲ့ပြီဖြစ်သော ချမ်ချန့်၏ အသက်မဲ့နေသည့်ခန္ဓာကိုယ်ကို မြေပြင်ပေါ်တွင်တွေ့လိုက်ရသည်။ အရောင်မှိန်ဖျော့သွားပြီဖြစ်သော နေမင်းသုတ်သင်လေးသည်လည်း သူ၏ဘေးတွင်လဲလျောင်းလျက်ရှိနေသည်ကိုတွေ့လိုက်ရသည်။
သူ့ရင်ဘတ်ထဲတွင်ဒေါသမီးတောက်များ တောက်လောင်လာတော့သည်!
"အားးးးးး!"
ချန်လုံစူးစူးဝါးဝါးအော်ဟစ်လိုက်သည်။ ပူဆွေးသောကများက သူ၏မျက်နှာတွင်ထင်ဟပ်နေလျက်ရှိလေသည်။ သူ့ဆံပင်များက လေဟာနယ်ကိုဆုတ်ဖြဲချင်နေသကဲ့သို့ လေထဲတွင်ပျံသန်းကခုန်နေလျက်ရှိသည်။
သူ၏အော်သံတွင် အခဲမကျေမှုများပြည့်လျှံနေလျက်ရှိသည်။
ချန်ကုန်းသည်လည်း ပူဆွေးသောကရောက်နေသော မျက်နှာကိုဆင်ထားလျက်ရှိသည်။သူ့ရဲ့တတိယညီဖြစ်သော ချမ်ချန့်တစ်ယောက် ဒီနေရာမှာပဲ အလွန်ဝမ်းနည်းဆွေးမြေ့စရာကောင်းစွာနဲ့သေသွားလိမ့်မယ်လို့ သူတစ်ခါမျှပင်မတွေးခဲ့ဖူးပေ။
.....
ထိုအချိန်တွင် ငရဲဘုရင်အာဟက အစပ်ချောင်းတွေနဲ့သိပ်ထားတဲ့ နောက်ဆုံးသော ဝါးမျှစ်တစ်ခုကို ဝါးမျိုချလိုက်တော့သည်။နောင်တရနေတဲ့မျက်နှာနဲ့ သူ့နှုတ်ခမ်းကိုသပ်လိုက်လေသည်။
"အိုး..... အကုန်လုံးကုန်သွားပြီပဲ... ဟေး ဘော်ဒာပု ဘယ်ရောက်သွားလဲ...ငါသူ့ဆီက အစပ်ချောင်းနည်းနည်းလောက်လိုချင်တယ်လေ!"
ငရဲဘုရင်အာဟ အနည်းငယ်စိတ်ရှုပ်ထွေးသွားသည်။ သူပတ်ရှာလိုက်သည်။
မူချန်းက အသင်္ချေသက်ရှိများ၏အရသာတွင်နစ်မျောနေလျက်ရှိပြီး.... လျှိုကျားလီနှင့် အခြားသူများကခပ်တည်တည်နေလျက်ရှိသည်။ သူတို့က စကားလဲမပြောပြုံးလဲမပြကြချေ။
အဝေးတစ်နေရာတွင်တော့ လူထောင် ကစိတ်လွတ်နေပုံပေါ်ပြီး ချွီရန်ချန်းဖုန် က သူ့မျက်နှာပေါ်တွင် လုပ်အပြုံးတစ်ခုကိုပန်ဆင်ထားလျက်ရှိသည်။
ပုဖန်ကိုတော့မည်သည့်နေရာတွင်မှမမြင်နိုင်ပေ။
ရုတ်တရက်ပဲ ငရဲဘုရင်အာဟတစ်ခုခုကိုခံစားမိလိုက်သည်။ သူခေါင်းမော့ပြီးကြည့်လိုက်တော့သည်။
ထိုဦးတည်ရာဘက်မှ နားကန်းလုမတတ်ဆူညံနေသော အော်သံတစ်ခုထွက်ပေါ်လာသည်။ ထိုအသံက လေဟာနယ်ကိုမရပ်မနားပေါက်ကွဲစေရန်ပြုလုပ်နေသည်။ဒီနေရာကို ဖျက်စီးချင်နေသလို စိတ်ဝိဉာဉ်စွမ်းအင်အမျှင်များက စုရုံးလာခဲ့သည်။
"အာ...အဲ့တာဘာကြီးလဲ..."
ငရဲဘုရင်အာဟ ဇဝေဇဝါဖြစ်သွားသည်။
လေဟာနယ်ထဲတွင် ဝမ်းနည်းမှုနှင့် သတ်လိုဖြတ်လိုသောရည်ရွက်ချက်များဖြင့်ပြည့်နှက်နေသော မျက်လုံးတစ်စုံပေါ်လာခဲ့သည်။
ငရဲဘုရင်အာဟကိုကြည့်လိုက်ပြီးနောက်တွင် သူ၏သတ်ဖြတ်လိုသောစိတ်များပေါက်ကွဲထွက်လာတော့သည်!
"ဘယ်သူ ငါ့တတိယညီလေးကိုသတ်ရဲတာလဲ..."
နားစည်ကွဲလုမတတ်အသံကမိုးကြိုးပစ်သလိုထွက်ပေါ်လာခဲ့သည်။ လူတိုင်းရဲ့နားစည်တွေပေါက်ကွဲမတတ် လှုပ်ခါသွားသည်ကိုခံစားလိုက်ရသည်။
ဆဌမအကြီးအကဲ၏အဖွဲ့သည် ပြင်းပြင်းထန်ထန်လှုပ်ခါသွားခဲ့သည်။ ဖိအားအောက်မှာ ခိုက်ခိုက်တုန်နေလျက်ရှိပြီး ဒူးထောက်လုနီးနီးပင်ဖြစ်နေသည်!
ဒါက နတ်ဘုရားတစ်ပါးရဲ့ဖိအားပဲ!
စိတ်ဝိဉာဉ်နတ်ဘုရားအာရုံနယ်ပယ်ကိုခြေတစ်ဝက်လှမ်းပြီးတဲ့ မြင့်မြတ်သောတန်ခိုးရှင်အဆင့်တစ်ယောက်ပဲ!
လူတိုင်း လေအေးတစ်ချက်ရှူသွင်းလိုက်သည်။ သူတို့ဘယ်လိုပါလုပ်ပြီးတော့ အစားကြူးတောင်ကြားမှာ အရမ်းကြောက်စရာကောင်းတဲ့တည်ရှိမှုတစ်ခုနဲ့ ဆုံရတာပါလိမ့်?
ဂျစ်......
မြေပြင်ပေါ်က နေမင်းသုတ်သင်ခြင်းလေးသည်တောက်ပလာခဲ့သည်။ ထို့နောက်တွင်တော့ ၎င်းကကောင်းကင်ပေါ်မှာရှိသောအရိပ်ထံသို့ ခုန်တက်သွားခဲ့သည်။
၎င်းက ချက်ချင်းပဲ အရိပ်ရဲ့လက်တွင်းသို့ကျရောက်သွားတော့သည်။
ချန်လုံ၏ မျက်နှာသည်ပူဆွေးသောကရောက်နေသည်။ နေမင်းသုတ်သင်ခြင်းလေးကိုကြင်နာစွာပွတ်သပ်နေရင်းနှင့် သူ့လက်တွေကတုန်ရီနေခဲ့သည်။ ချန်ခမ်းရဲ့အော်ရာတွေ ထိုလေးထဲမှာကျန်ရှိနေသေးသည်ကိုခံစားမိလိုက်သည်နှင့် သူ့ရဲ့ရင်ဘတ်ထဲတွင်ဒေါသမီးတောက်များတောက်လောင်လာလေသည်!
ကြီးစွာသောသတ်ဖြတ်လိုသည့်အော်ရာက တဟုန်ထိုး တိုးထွက်လာတော့သည်။
သတ်ပစ်မယ်! သတ်ပစ်မယ်! သတ်ပစ်မယ်!
အစားကြူးတောင်ကြားကိုဖျက်ဆီးပစ်မယ်! သူတို့တွေအကုန်လုံးကိုသတ်ပစ်မယ်!
သူတို့ကို တတိယညီလေးနဲ့အတူမြှုပ်နှံပစ်မယ်!
ငရဲဘုရင်က ဓားမြက်တစ်ချောင်းကိုကောက်ယူလိုက်ပြီး သူ့ရဲ့နှုတ်ခမ်းထက်မှာ ကိုက်ထားလိုက်သည်။သူသည် လေဟာနယ်ထဲတွင်ရှိသော ခြိမ်းခြောက်နေသည့် ပုဂ္ဂိုလ်ကိုကြည့်ရင်း စိတ်လှုပ်ရှားနေလျက်ရှိသည်။
သူ့ဘေးနားကလူများသည်တော့ ခိုက်ခိုက်တုန်နေလျက်ရှိသည်။
ငရဲဘုရင်အပေါ် မည်သည့်သက်ရောက်မှုမျှမရှိသလိုဖြစ်နေသည်။
"စိတ်ဝိဉာဉ်နတ်ဘုရားအာရုံကို ခြေတစ်ဝက်လှမ်းပြီးတဲ့သူလား... ကျစ် ကျစ် ကျစ်..."
ဘုန်း!
ချန်လုံရဲ့မျက်လုံးတွေက ငရဲဘုရင်ပေါ်သို့ကျရောက်နေပြီး သတ်ဖြတ်လိုသည့်အော်ရာများစုရုံးရောက်ရှိလာတော့သည်။
သူ့ခေါင်းနောက်ဘက်မှ လေးကြီးတစ်လက်ကို ဖြေးညင်းစွာ ထုတ်ယူလိုက်သည်။
ထိုလေးကြီးက ၎င်းပေါ်တွင် ရဲရဲနီနေသောနေတစ်စင်းရှိနေသကဲ့သို့ တလက်လက်တောက်ကနေလျက်ရှိသည်။
"အလင်းယိမ်းနယ်မြေရဲ့ နေမင်းပစ်ခွင်းလေး... ဒီကမြှားတစ်စင်းက ကောင်းကင်ကိုတောင်ချိုးဖျက်နိုင်တယ်... မင်းငါ့ရဲ့တတိယညီလေးကိုသတ်လိုက်မှတော့ မင်းရဲ့သွေးကိုယဇ်ပူဇော်ပစ္စည်းအဖြစ်အသုံးပြုပစ်လိုက်မယ်...."
ဘုန်း! ဘုန်း!
အစားကြူးတောင်ကြားတစ်ခုလုံးလှုပ်ခါလျက်ရှိသည်။ မရေမတွက်နိုင်တဲ့ စွမ်းအင်အမျှင်တွေအတူတကွစုစည်းသွားပြီး မြှားရှည်တစ်စင်းအဖြစ် ပြောင်းလဲသွားသည်။
တောက်ပနေသည့်မြှားက ကောင်းကင်ယံကနေမင်းကြီးနှင့်တူညီနေခဲ့သည်! အလွန်အမင်းတောက်ပပြီး မျက်စိကျိန်းစေလျက်ရှိသည်!
ချန်လုံရဲ့မျက်လုံးက လျှပ်စစ်စီးနေသလိုဖြစ်နေပြီး ငရဲဘုရင်အာဟကိုစူးစိုက်ကြည့်နေခဲ့သည်။
သူ့နောက်မှာ ချန်ကုန်းက အလွန်စိတ်ထိခိုက်နေသည့်မျက်နှာနှင့် မတ်တတ်ရပ်လျက်ရှိသည်။
အစားကြူးတောင်ကြားထဲတွင်တော့ လူတိုင်း ခိုက်ခိုက်တုန်နေလျက် ဒူးထောက်ရင်းနှင့်မြေပြင်ပေါ်ဝပ်နေကြသည်။
သူတို့ကိုမျက်နှာချင်းဆိုင်ရသည်မှာ တကယ့်နတ်ဘုရားများကိုမျက်နှာခြင်းဆိုင်ရသလိုဖြစ်လေသည်။
"အဲ့မြှားကကောင်းကင်ကိုချိုးဖြတ်နိုင်တယ်... စိတ်ကြီးဝင်နေလိုက်တာ....... အုန်းသီးခွံအောက်မှာထိုင်နေတဲ့ဖားတစ်ကောင်ကြနေတာပဲ... တုံးလိုက်ကြတာ..."
ငရဲဘုရင်က ဒေါသထွက်ထွက်နဲ့ပြောလိုက်ပြီးနောက် ပိုပြီးလေးလေးနက်နက်ရှိလာတော့သည်။သူမတ်တတ်ရပ်လိုက်ချိန်၌ သူ့ရဲ့ဆံပင်တွေကလေထဲတွင်ပျံသန်းကခုန်နေတော့သည်။
သူတော်စင်သမီးတော် ဇီယွီက ငရဲဘုရင်အာဟနောက်မှာပုန်းနေရင်း ခိုက်ခိုက်တုန်လေသည်။ သို့သော် သူ့ကိုစိုက်ကြည့်ရင်း အလွန်အမင်းစိတ်လှုပ်ရှားလျက်ရှိသည်။
"အစ်ကိုကြီးဟ အရမ်းခန့်တာပဲ! ရှင်က စိတ်ဝိဉာဉ်နတ်ဘုရားနယ်ပယ်ကိုခြေလှမ်းတစ်ဝက်ရောက်နေတဲ့သူကိုမျက်နှာချင်းဆိုင်နေရတာတောင် အရမ်းသတ္တိရှိတာပဲ!"
"သေလိုက်စမ်း!"
ချန်လုံ အေးစက်စွာအော်ဟစ်လိုက်သည်။
ထို့နောက် သူ့လက်ထဲမှာရှိတဲ့ တောက်ပနေမင်းမြှား ပစ်ထုတ်လိုက်သည်။
လေးကြိုးတွေက လူတွေကိုကွဲထွက်လုမတတ်ခေါင်းကိုက်စေပြီး နားကန်းလုမတတ်ဖြစ်စေသည့်အသံများကိုထုတ်လွှတ်နေသည်။
တောက်ပနေမြှားမှ အလွန်အမင်းမျက်စိစူးစေတဲ့ အလင်းတန်းထောင်ပေါင်းများစွာ ပေါက်ကွဲထွက်လာသည်။
အစားကြူးတောင်ကြားရဲ့အပြင်ဘက်တွင် ရဲရဲနီနေတဲ့နေမင်းကြီးက တဖြေးဖြေးချင်းဖိနှိပ်ခံလိုက်ရသည်။ တောင်ကြားတစ်ခုလုံး မကြာခင်ပြိုကျတော့မလို ယိမ်းထိုးနေလျက်ရှိသည်။
...
မိုလျှိုကျိ သစ်ပင်ကြီးတစ်ပင်ကိုမှီကာ ကောင်းကင်ယံတွင် တောက်ပနေသော နေလုံးကြီးကို အေးဆေးစွာပင်ကြည့်လိုက်သည်။
သူ မေးစေ့ကိုပွတ်၍ စဉ်းစားနေရင်း သူ့နှုတ်ခမ်းထောင့်စွန်းများကမြင့်တက်လာလေသည်။
"အလင်းယိမ်းသန့်စင်နယ်မြေက လေးတွေနဲ့ညီအစ်ကိုသုံးယောက်.... စိတ်ဝင်စားစရာပဲ။ ဘာပဲဖြစ်ဖြစ် သူတို့ကအရမ်းကိုဖိနှိပ်လွန်းနေတယ်။ အစားကြူးတောင်ကြားကိုဖျက်ဆီးမိသွားမှာမကြောက်ဖူးလားပဲ?"
မိုလျှိုကျိ လေးလေးနက်နက်တွေးနေလိုက်သည်။
ထို့နောက်တွင်တော့ သူအများကြီးမစဉ်းစားတော့ပဲ သူ့လက်ထဲကကြယ်တာရာသံလိုက်အိမ်မြှောင်ကို မယူလိုက်တယ်။ ၎င်းက သံလိုက်အိမ်မြှောင်အကြီးစားမဟုတ်သော်လည်း မရေမတွက်နိုင်တဲ့မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသော အစက်ကလေးများစွာပါဝင်နေသည်။
အလွန်တော်သောကြယ်က သူ့ရဲ့လမ်းကြောင်းပေါ်တွင်ထင်ရှားပေါ်လွင်နေလျက်ရှိသည်။
မိုလျှိုကျိသန်းလိုက်ပြီး သူ့ကိုယ်သူပြောလိုက်သည်။
"အမ်း........ ရပြီ။ မင်းသမီးလေးရဲ့နှလုံးသားကိုခိုးယူသွားတဲ့တစ်ယောက်.... ငါဉာဏ်အလင်းပွင့်ပြီးလိုချင်လိုက်တာ... သူငါ့ကိုမရှုံးဘူးလို့တော့ မျှော်လင့်ရတာပဲ"
သူ့ရဲ့ အိပ်ချင်မူးတဲ့မျက်လုံးတွေကိုဖွင့်လိုက်ပြီးတော့ မျက်ရည်တစ်စကမျက်လုံးထောင့်တွင်တွဲခိုနေလျက်ရှိသည်။ ထို့နောက်တွင်တော့ သစ်ပင်ကိုခြေဖျားနဲ့တွန်းလိုက်ပြီး ဖြေးဖြေးချင်းပျံသန်းထွက်ခွာသွားလေသည်။
ရုတ်တရက်ပဲ သူ့ရဲ့ပျံသန်းနေတဲ့ခန္ဓာကိုယ်က တသိမ့်သိမ့်တုန်လာခဲ့တော့သည်။
ခေါင်းကိုမော့လိုက်ပြီး မယုံကြည်နိုင်မှု ပြည့်နေသော မျက်နှာဖြင့် တောက်ပနေမြားကိုကြည့်လိုက်သည်။
"ဒါဘယ်လိုအော်ရာမျိုးလဲဟ...ငရဲကမ္ဘာကလား..."