အပိုင်း ၇၅၂
Viewers 61k

အပိုင်း ၇၅၂

ငရဲဘုရင်မိုးကြိုးများပစ်ခတ်ခံရခြင်း


အစားကြူးလမ်းမပေါ်သို့ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် အောက်ဘက်ရှိမြေပြင်သည်ကွဲကြေနေသောကျောက်တုံးအမျိုးအစားပေါင်းများစွာဖြင့်တည်ဆောက်ထားသကဲ့သို့ဖောင်းကြွဖုထစ်လျက်ရှိကြောင်းခံစားမိလိုက်သည်။ထိုအပေါ်တွင်လူများလမ်းလျှောက်လိုက်လျှင် တတောက်တောက်ခေါက်နေသောအသံများထွက်နေတော့သည်။


နံရံဆေးရေးပန်းချီများစွာရှိသော ကျောက်သားနံရံနှစ်ခုကဘေးတစ်ဖက်တစ်ချက်ဆီတွင်ရှိနေပြီး ထိုပန်းချီများကရိုးဆင်းပြီး တဲ့တိုးဆန်သောကြောင့် ၎င်းတို့၏အဓိပ္ပါယ်ကို ပထမဆုံးအကြည့်တစ်ချက်ဖြင့်ပင် ပုဖန်နားလည်လိုက်သည်။


အဓိကအကြောင်းအရာကတော့ လက်ထဲ၌ မီးဖိုချောင်သုံးဓားများကိုကိုင်ဆောင်ထားသော စားဖိုမှူးများကို အမျိုးအစားစုံလင်သောစိတ်ဝိဉာဉ်သားရဲများက ဟိန်းဟောက်နေသည့်ပုံဖြစ်သည်။ သို့သော်လည်း ထိုသားရဲများက စားဖိုမှူးများ၏ဓားများအောက်တွင် ချက်ပြုတ်ရန်ပါဝင်ပစ္စည်းများဖြစ်လာတော့သည်။


အတော်လေးတဲ့တိုးဆန်လေသည်။ ၎င်းကပုဖန်အကြိုက်နှင့်ကွက်တိပင်။


ချူချန်းရှန်က ထိုပန်းချီများကို အာရုံစိုက်မှုပေးမနေချေ။ သူကရှောင်ယကိုခေါ်ပြီး တင်းမာခက်ထန်နေသောမျက်နှာနှင့်ရှေ့သို့ဆက်လျှောက်နေလေသည်။


သူသည်မြေပြင်ပေါ်တွင်ရှိသော ကျောက်တုံးကျောက်စအကွဲများကို နင်းချေသွားပြီး တကျစ်ကျစ်၊ တဖြောက်ဖြောက်မြည်သံအချို့ကိုထွက်ပေါ်နေစေခဲ့သည်။


ပုဖန်သူ့နောက်သို့လိုက်သွားသည်။ ရုတ်တရက်ပဲ သူ့ရှေ့ကမြင်ကွင်းကပြောင်းလဲသွားတော့သည်။ ကြီးမားသောစွမ်းအင်အမျှင်များစွာထွက်ပေါ်လာပြီး ပတ်ပတ်လည်မှကျောက်သားနံရံများသည် အလင်းအကာအကွာများဖြစ်လာသည်။

ထိုအလင်းအကာအကွယ်များသည် ရွေ့လျားနေသောရေများနှင့်တူညီနေပေသည်။


"ဒါဘာကြီးလဲ..." ပုဖန်သံသယဖြစ်စွာမေးလိုက်သည်။ 


"အစားကြူးလမ်းမက ဘယ်ကိုဦးတည်နေလဲဆိုတာ မင်းသိလား"


ချူချန်းချန်ကပြန်မဖြေပဲ သူ့ကိုမေးခွန်းတစ်ခုသာပြန်မေးလိုက်သည်။


ပုဖန်စိတ်ရှုပ်သွားခဲ့သည်။ သူကအဲ့တာကိုဘယ်လိုလုပ်ပြီးသိမှာတဲ့လဲ။ ထို့ကြောင့် တိတ်တဆိတ်သာနေနေလိုက်သည်။


"အစားကြူးလမ်းမက အဖြူရောင်ထောင်တျဲကို မူလအတိုင်းချိတ်ပိတ်ထားတဲ့နေရာဖြစ်တဲ့ နေဝင်ဆည်းဆာရေကန်ရဲ့အောက်ခြေကို ဦးတည်နေတာလေ"

ချူချန်းရှန်ကပြောလိုက်သည်။


အိုး... အဲ့နေရာပေါ့လေ


ပုဖန်အလွန်အံ့အားသင့်မိသွားခဲ့သည်။ သူ့လက်မောင်းပေါ်က အဖြူအမဲပတ်တီးကိုထိလိုက်ပြီး အသာအယာခေါင်းငြိမ့်ပြလိုက်သည်။


သူတို့သုံးယောက်ရှေ့ကိုဆက်သွားခဲ့ကြသည်။ ခဏအတွင်းပဲ အလင်းအကာအကွယ်တွေနဲ့ နေရာကို ကျော်သွားခဲ့သည်။ ထို့နောက်တွင် ထူးခြားဆန်းကျယ်သောကြယ်တာရာများစွာဖြင့်ကောင်းကင်ကြီးက သူတို့ကိုပိတ်ဖုံးကာဆီးလိုက်တော့သည်။


အမှန်တကယ်တော့ သူတို့ကိုဝန်းရံနေသည်မှာ ရေကန်တစ်ကန်သာဖြစ်ပြီး ထိုအထဲတွင်ငါးအချို့ကဖြေးညင်းစွာကူးခတ်နေကြသည်။


၎င်းကရေကန်နှင့်ဆက်သွယ်ထားသည့် အဆက်နေရာဖြစ်လေသည်။ သူတို့ ရေကန်အောက်ခြေရှိအရာများကိုရှင်းလင်းစွာမြင်နေရသည်။


ရုတ်တရက် သူ့ဘေးနားမှအလွန်ကြီးမားသောမကောင်းဆိုးဝါးတစ်ကောင်ဖြတ်သန်းသွားသောကြောင့် ပုဖန်မျက်မှောင်ကြုတ်လိုက်သည်။


၎င်းကဘိုးဘေးမိကျောင်းတစ်ကောင်ဖြစ်လေသည်။


ဘိုးဘေးမိကျောင်းကြီး၏ ဓားသွားကဲ့သို့သောသူငယ်အိမ်များကလည်း ပုဖန်ကိုမြင်သွားခဲ့သည်။ ၎င်းကရုတ်တရက်ကြီးအောက်ကိုမြုတ်သွားခဲ့ပြီး ၎င်းရဲ့ခြေလေးချောင်းက အဆက်နေရာကိုဖုံးအုပ်ထားခဲ့သည်။ ရေကန်အောက်ခြေတွင် ဖုန်လုံးများထလာတော့သည်။


ဘိုးဘေးမိကျောင်းကြီးက သူ့ရဲ့ပါးစပ်ကိုခပ်ကျယ်ကျယ်ဖွင့်လိုက်ပြီး ပုဖန်ကိုစိုက်ကြည့်ရင်း

စူးစူးဝါးဝါးအော်ဟစ်လိုက်သည်။


"ထွက်သွားစမ်း" 


ချူချန်းရှန် ဘိုးဘေးမိကျောင်းကြီးကိုမျက်မှောင်ကြုတ်လိုက်ပြီး ထိုစကားလုံးများကိုအော်ပြောလိုက်သည်။


ဘိုးဘေးမိကျောင်းကြီးက ၎င်းရဲ့ပါးစပ်ကိုချက်ချင်းပြန်ပိတ်လိုက်သည်။ ခဏအကြာတွင်တော့ ၎င်းရဲ့အမြှီးအကြီးကြီးကို ဝှေ့ယမ်းရင်းပြန်ပြေးသွားပြီး ပျောက်ကွယ်သွားတော့သည်။ 


"ဘိုးဘေးမိကျောင်းက သိပ်မဆိုးတဲ့ချက်ပြုတ်ပါဝင်ပစ္စည်းတစ်ခုပဲ..."


သူ့မေးစေ့ကိုပွတ်သပ်ရင်း ပုဖန်ပြောလိုက်သည်။


ချူချန်းရှန်ပြောစရာစကားများပျောက်ရှ၍ ပုဖန်ကိုသာစိုက်ကြည့်နေလိုက်တော့သည်။


သူတို့တိတ်တဆိတ်ပဲရှေ့ကိုဆက်လျှောက်သွားကြသည်။ ခဏအကြာမှာတော့ သူတို့ရှေ့ကမြင်ကွင်းကထပ်ပြီးပြောင်းလဲသွားပြန်သည်။


လမ်းမရဲ့အဆုံးမှာတော့ လမ်းသွယ်လေးကိုးခုအဖြစ်ခွဲဖြာသွားပြီး ၎င်းတို့တစ်ခုချင်းဆီသည် အနက်ရောင်တွင်းပေါက်နှင့်တူနေတော့သည်။


" ဒါက အစားကြူးလမ်းမထဲမှာ ကိုယ့်လမ်းကြောင်းကိုယ်ရွေးချယ်ရမယ့်နေရာပဲ...ဒီမှာ လမ်းကိုးလမ်းရှိတယ်... တစ်ခုချင်းဆီက အလွန့်အလွန်ကိုအန္တရယ်များတယ်... ဒါပေမဲ့ မင်းဖြတ်ကျော်သွားနိုင်မယ်ဆိုရင်တော့... ကောင်းတဲ့အရာတစ်ခုခုကိုရလိမ့်မယ်..."


ချူချန်းရှန် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးတော့ဆက်ပြောလိုက်သည်။


"တောင်ကြားသခင်က အစားကြူးလမ်းမကိုတည်ဆောက်ခဲ့ပြီးတော့ ကျော်ကြားတဲ့ဓားတွေ ချက်ပြုတ်နည်းတွေလိုကောင်းတဲ့အရာတော်တော်များများအပြင် အမွေအနှစ်ကိုပါချန်ထားခဲ့တယ်..."


"ခင်ဗျားပြောချင်တာ အမွေအနှစ်ကဒီလမ်းတွေထဲကတစ်ခုထဲမှာလား..." 

ပုဖန်မေးလိုက်သည်။


"မဟုတ်ဘူး... ဒီလမ်းကိုးခုလုံးထဲမှာအမွေအနှစ်မရှိဘူး" ချူချန်းရှန်ခေါင်းခါလိုက်သည်။


ဘယ်လို အမွေအနှစ်မရှိဘူးတဲ့လား


ချူချန်းရှန် ပြုံးလိုက်ပြီး ထူးဆန်းတဲ့အပြုံးတစ်ခုကိုပြလိုက်သည်။ သူ ကလေးမလေးကိုအောက်ကိုချလိုက်သည်။


"တောင်ကြားသခင်က ဒီလိုခဏခဏပြောနေရတာကို ကြိုက်ခဲ့တာ...ငါသူပြောတာကိုနားမလည်ခဲ့ဘူး... ဘာပဲဖြစ်ဖြစ် တောင်ကြားသခင်က အမွေအနှစ်ကို ဒီလမ်းကိုးခုလုံးထဲမှာလုံးဝထားခဲ့မှာမပါဘူးဆိုတာတော့ငါသိတယ်..." 


ချူချန်းရှန် ပုဖန်နှင့်မျက်လုံးချင်းဆုံလိုက်သည်။


သူ့လက်ကိုတစ်ကြိမ်လှုပ်ခါလိုက်ခဲ့ပြီး အမျိုးမျိုးသောကျောက်အဆောင်တွေကသူ့လက်ထဲတွင်ပေါ်လာတော့သည်။


ထိုအဆောင်တွေကမတူညီတဲ့ ပုံသဏ္ဍာန်တွေရှိကြသော်လည်း ချပ်ပြားဝိုင်းတစ်ခုအဖြစ်ဖန်တီးရန် အချင်းချင်းပေါင်းစပ်လိုက်နိုင်သည်။


ချူချန်းရှန် သူ့ရဲ့အစစ်အမှန်စွမ်းအင်တွေကို ထိုချပ်ပြားဝိုင်းပေါ်သို့ပို့လွှတ်လိုက်ပြီး ထိုချပ်ပြားဝိုင်းကို တောက်ပလာပြီး ရောင်စဉ်တန်းများထွက်ပေါ်လာအောင်ပြုလုပ်လိုက်သည်။


ဂျစ်......


အလင်းရောင်များဖြာထွက်လာသည်နှင့် ရှောင်ယအနည်းငယ် ငြီးငြူလိုက်သည်။ 


ရှောင်ယရဲ့မျက်လုံးတွေက အဖြူတောက်လာပြီး တောက်ပသည့်အလင်းစက်များကသူမရဲ့နှဖူးပေါ်တွင် ပေါ်ထွက်လာတော့သည်။


ဘုန်း ဘုန်း


တောက်ပသည့်အစက်အပျောက်များနှင့် ချပ်ပြားဝိုင်းမှအလင်းရောင်တို့ အတူတကွစုံစည်းသွားကြတော့သည်။ ထို့နောက်တွင်တော့ အလင်းတန်းတစ်ခုဖြစ်ပေါ်လာပြီး လမ်းကိုးသွယ်ဆီသို့ ခွဲဖြာပြီးပစ်ထုတ်ခြင်းခံရသည်။


ဝေါင်း.....


လမ်းကိုးသွယ်ထဲမှ သားရဲတစ်ကောင်၏ဟိန်းဟောက်နေသံကို ပုဖန်ကြားလိုက်ရသလိုခံစားလိုက်ရသည်။ သူ့ မျက်ခုံးခပ်ဖွဖွကြုတ်လိုက်သည်။


အချိန်ခဏကြာတွင် မြေပြင်ကစတင်လှုပ်ရမ်းပြီးရွေ့လျားလာသည်။


နေဝင်ဆည်းဆာရေကန်တစ်ခုလုံး ရေလှိုင်းများထလာတော့သည်။


ဘုန်း ဘုန်း


လမ်းကိုးသွယ်လုံးတဖြေးဖြေးမြင့်တက်လာပြီး နက်ပြောင်နေသော လမ်းသွယ်လေးတစ်ခုထွက်ပေါ်လာသည်... ၎င်းသည်ဆယ်လမ်းမြောက်ဖြစ်လေသည်။


 ထိုလမ်းသွယ်လေးမှ ရှောင်ယ၏အော်ရာနှင့်ပဲ့တင်ထပ်နေသော ခက်ထန်ကြမ်းတမ်းသောစွမ်းအင်အမျှင်ပေါင်းများစွာကို ပစ်လွှတ်လိုက်သည်။


ထောင်တျဲ၏တစ်ကောင်၏ပုံရိပ်က သူမ၏နှဖူးပေါ်တွင်ပေါ်ထွက်လာတော့သည်။


ပုဖန်၏လက်မောင်းပေါ်တွင်ရှိသော လက်ပတ်ကရုတ်တရက်ပူပြင်းလာတော့သည်။ အနက်ရောင်ထောင်တျဲ၏ဝိဉာဉ်နှင့် အဖြူရောင်ထောင်တျဲ၏ဝိဉာဉ်တို့က ဟိန်းဟောက်ပြီး ထိုလက်ပတ်မှထွက်လာတော့သည်။ သူတို့ရဲ့ပါးစပ်ကိုဖွင့်ဟလိုက်ပြီး လမ်းသွယ်လေးထံသို့မြည်တမ်းတွန်ကျူးလိုက်တော့သည်။


ဝေါင်း..


နေဝင်ဆည်းဆာရေကန်သည် ပေါက်ကွဲလုမတတ်ဆူပွက်လာတော့သည်။ အလင်းတန်းအစုလိုက်က ရေကန်မှကောင်းကင်ထိတိုင်အောင်ပစ်ခတ်နေတော့သည်။ သို့သော် ထိုအလင်းတန်းများ မည်သည်အထိရောက်သွားမှန်းဘယ်သူမျှမမြင်နိုင်ချေ။


အစားကြူးလမ်းမ၏အမွေအနှစ်...ပွင့်လှစ်သွားချေပြီ။


ချုချန်းရှန် အရမ်းစိတ်လှုပ်ရှားပြီး ခိုက်ခိုက်တုန်နေတော့သည်။ သူ၏မျက်နှာပေါ်တွင်မျက်ရည်များကျဆင်းလျက်ရှိသည်။


"ငါ့ရဲ့အစားကြူးတောင်ကြားကနောက်ဆုံးတော့မျှော်လင့်ချက်ရှိခဲ့ပြီ... ရှောင်ယ အစားကြူးတောင်ကြားရဲ့အမွေအနှစ်ကိုရပါစေလို့ဆုတောင်းတယ်... ဒီလိုမှမဟုတ်ရင် အစားကြူးတောင်ကြားပျက်ဆီးတော့မယ်ကွ"


.....


"ငရဲကမ္ဘာသက်ရှိတဲ့လား..."


မိုလျှိုကျိ ထိုဦးတည်ရာဘက်ကိုကြည့်ရင်း သူ့မျက်နှာပေါ်တွင် အကြောက်တရားတို့ထင်ဟပ်နေလေသည်။ သူအနည်းငယ်ကြောက်ရွံ့လျက်ရှိသည်။


ချန်လုံသည် စိတ်ဝိဉာဉ်နတ်ဘုရားအာရုံသို့ခြေတစ်ဝက်လှမ်းပြီးသည့် မြင့်မြတ်သောတန်ခိုးရှင်အဆင့်တည်ရှိမှုဖြစ်လေသည်။ ငရဲကမ္ဘာသက်ရှိသည် မဟာလေဟာနယ်အဆင့်တွင်သာတည်ရှိပါက သူ၎င်းကိုဖိနှိပ်နိုင်လေသည်။


မဟာနိယာမလမ်းကြောင်း အုပ်စိုးသူသည်ငရဲကမ္ဘာသက်ရှိများကို ကုန်းမြေတိုက်မကြီးပေါ်သို့မဝင်ရောက်နိုင်အောင် တားဆီးနိုင်သည်။ မဟာလေဟာနယ်အဆင့်တွင်ရှိသောသတ္တဝါများက အုပ်စိုးသူကိုဖြတ်ကျော်ပြီး ကုန်းမြေတိုက်ကြီးပေါ်သို့ဝင်ရောက်ချင်ပါက ပုန်းကွယ်နေသောနဂါးတိုက်ကြီး၏အုပ်စိုးသူက ၎င်းတို့ကိုချေမှုန်းပစ်လိုက်မည်ဖြစ်သည်။


ထို့ကြောင့် ယနေ့အချိန်ထိပင် သူတို့ကယေဘူယျအားဖြင့် မဟာလေဟာနယ်အဆင့်နှင့် ထို့ထက်နိမ့်သောနယ်ပယ်အဆင့်ရှိငရဲကမ္ဘာသက်ရှိများကိုသာ ကုန်းမြေတိုက်မကြီးပေါ်တွင်တွေ့ဖူးခဲ့ခြင်းဖြစ်လေသည်။


မဟာလေဟာနယ်အဆင့်ထက်မြင့်သော နယ်ပယ်မှ သက်ရှိများပေါ်မလာနိုင်ချေ။


ဒီတစ်ကြိမ်တော့ ထိုအော်ရာက မဟာလေဟာနယ်အဆင့်ထက်မြင့်သော နယ်ပယ်မှ တစ်ယောက်သာပိုင်ဆိုင်သင့်သောအော်ရာဖြစ်လေသည်။ ဘယ်လိုလုပ်ပြီး ဒါကကုန်းမြေတိုက်ကြီးပေါ်မှာတည်ရှိနေနိုင်ရတာလဲ။


ကုန်းမြေတိုက်မကြီးပြောင်းလဲတော့မည်ဟု ဘွားဘွားပြောခဲ့သည်မှာမဆန်းတော့ပေ။ မဟာလေဟာနယ်အဆင့်သတ္တဝါများ ပိုပို၍ထွက်ပေါ်လာနေလေပြီ။မဟာနိယာမလမ်းကြောင်း အုပ်စိုးသူတဖြေးဖြေးအင်အားချိနဲ့လာသည်လည်း ဖြစ်နိုင်လေသည်။


ကုန်းမြေတိုက်ကြီး၏အုပ်စိုးအားနည်းသွားသည်နှင့်တစ်ပြိုင်နက် ငရဲကမ္ဘာမှအလွန်ကြောက်စရာကောင်းသော ထိုသတ္တဝါများအကြောင်းစိတ်ကူးယဉ်ကြည့်လိုက်ပါ။ ပုန်းကွယ်နေသောနဂါးတိုက်ကြီးက သူတို့ကိုခုခံရန်မစွမ်းနိုင်တော့မည်မဟုတ်ချေ။


သူကအုပ်စိုးသူကိုတစ်ခါမြင်ခဲ့ဖူးသည်။ ထိုသူ့တွင် ကြီးမားတဲ့မျက်လုံးတွေရှိပြီး ခြိမ်းခြောက်နိုင်သောငရဲကမ္ဘာသက်ရှိတို့ကို အရသာရှိသောအစားအစာများအဖြစ်ကြည့်တတ်လေသည်။ ထိုကြောက်ရွံ့ဖွယ်ဖိအားက သူ့ခြေထောက်များကိုဂျယ်လီကဲ့သို့ပျော့ခွေသွားစေခဲ့သည်။


.....


ငရဲဘုရင်အာဟက သူ့ဆီပျံသန်းလာနေတဲ့ တောက်ပနေမင်းမြှားကိုကြည့်လိုက်သည်။ သူကမတ်တတ်ရပ်ရင်း ပထမဆုံးအကြိမ်တည်တည်ငြိမ်ငြိမ်ဖြစ်လာခဲ့သည်။


အလွန်ကြောက်မက်ဖွယ်ကောင်းသောဖိအားရောက်ရှိလာပြီးသူ့ရဲ့ဆံပင်ကိုထောင်ထသွားစေခဲ့သည်။


သူ့ခန္ဓာကိုယ်မှ အနက်ရောင်စွမ်းအင်များမြင့်တက်လာပြီး သူ့ရဲ့တစ်ကိုယ်လုံးကိုဖုံးကွယ်သွားခဲ့သည်။ ၎င်းကသူ၏ချပ်ဝတ်တန်ဆာနှင့်တူနေပြီး သူ့ကိုပိုပြီးခန့်ညားပြီး တော်ဝင်ဆန်သွားစေသည်။


"ကောင်းကင်ကိုဖျက်ဆီးမဲ့မြှားတစ်ချောင်းတဲ့လား... ဒီနေ့ခေတ်လူငယ်တွေကတော့ အရမ်းကိုစိတ်ကြီးဝင်နေကြပါလား...."


သူ့နောက်ကျောဘက်မှ တသီးတခြားနှင့်အေးစက်ပုံပေါ်သော ပုံရိပ်တစ်ခုကကြီးမားလာလေသည်။ ၎င်းက ထောင်ချီတဲ့ရှင်ခြင်းနှင့်သေခြင်းတရားတို့ကိုထိန်းချုပ်နိုင်သည်ဟုထင်ရလေသည်။


ငရဲဘုရင်အာဟ ပါးစပ်တွင် မြက်ဓားတစ်ချောင်းရှိလေသည်။ ခဏအကြာတွင်တော့ ထိုမြက်ကိုထွေးထုတ်လိုက်တော့သည်။


ရွဲ.....


အနက်ရောင်စွမ်းအင်များက မြက်ဓားကိုဝန်းရံထားပြီး ၎င်းကိုလျှင်မြန်စွာတဟုန်ထိုးပြေးထွက်သွားစေသည်။


ဆွစ်


၎င်းကကောင်းကင်ကိုဆုတ်ဖြဲနိုင်သည့်ပုံပေါ်လေသည်။ အနက်ရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီး ပျံသန်းလာနေသည့် တောက်ပနေမြှားထံသို့ဦးတည်၍ပစ်လိုက်သည်။


ထိုအရာသည် ပိုးဖလံမီးသို့တိုးနေပုံနှင့်တူနေလေသည်။


အနက်ရောင်စွမ်းအင်များဖြင့် ဖုံးအုပ်နေသောမြက်ဓားက ၎င်း၏လမ်းတစ်လျှောက်တွင်ကျယ်လောင်သောအသံပြုလျက် ရှဲကနဲမြည်သံပြုသွားလေသည်။


ကောင်းကင်ယံ၌ အနက်ရောင်တိမ်အစုအဝေးများက ရှေ့သို့ပြေးအလွှားရွေ့လျားလျက်ရှိသည်။ မိုးကြိုးများထစ်ချုံးနေပြီး လျှပ်စီးများကလည်းလက်နေလျက်ရှိသည်။


ငရဲဘုရင်အာဟက မြက်ဓားကိုထွေးထုတ်ပြီးသည့်နောက်တွင် ကောင်းကင်ပေါ်ရှိမိုးကြိုးနှင့်လျှပ်စီးများကိုကြည့်၍ မျက်မှောင်ကြုတ်လိုက်သည်။


သူ၏နှုတ်ခမ်းထောင့်စွန်းကမြင့်တက်သွားသည်။ သို့သော် ယခုအခါတွင်တော့ သူ့အော်ရာများက အဘက်ဘက်သို့ပျံ့နှံ့သွားခြင်းမရှိတော့ချေ။


ဘုန်း


ချန်လုံ ထိုမြင်ကွင်းကိုအေးစက်စွာကြည့်နေခဲ့သည်။


သူက သူ့ရဲ့နေမင်းပစ်ခွင်းမြှားအပေါ်အတော်လေးယုံကြည်ချက်ရှိသည်။ ဒီအစားကြူးတောင်ကြားမှာရှိတဲ့ဘယ်သူကမှ သူ့ရဲချက်ချင်းသေသွားစေနိုင်တဲ့မြှားကိုတားနိုင်မှူမပါဘူး။


သေကြစမ်း


သို့သော်လည်း အချိန်ခဏအကြာတွင်တော့ သူ့ရဲ့မျက်လုံးများကျဉ်းမြောင်းသွားတော့သည်။


သူ့ရဲ့ နေမင်းပစ်ခွင်းမြှားက အနက်ရောင်အလင်းမြှားထဲမှ ထိုးဖောက်သွားခြင်းခံရပြီး တစ်စစီပြန့်ကျဲသွားကြောင်း တွေ့လိုက်ရသည်။


အနက်ရောင်အလင်းမြှားက သူ့ရဲ့နေမင်းပစ်ခွင်းမြှားမှ စွမ်းအင်များကို ပတ်ချာလည်လှည့်သွားစေပြီး ဟိုတစ်စုသည်တစ်စုပြန့်ကျဲသွားစေခဲ့သည်။


ဘယ်လိုတောင်မှ...


ချန်လုံ၏မျက်လုံးများ လှုပ်ခတ်သွားခဲ့သည်။ သူ့ရဲ့စိတ်စွမ်းအားများကို ထိုအနက်ရောင်မြှားကိုအာရုံခံရန် ရူးသွပ်စွာဖြင့်တလိမ့်လိမ့်မြင့်တက်လာစေတော့သည်။


ဒါကသောက်ကျိုးနည်းအောင် မြက်ဓားလေးတစ်ချောင်းပဲမဟုတ်ဘူးလား


မြက်ဓားလေးတစ်ချောင်းက သူ့ရဲ့နေမင်းပစ်ခွင်းမြှားကိုပျောက်ကွယ်သွားစေတယ်တဲ့လား


မဟုတ်ဘူး အဲ့တာမြက်ဓားနားမှာဝဲဖြာနေတဲ့ အနက်ရောင်စွမ်းအင်တွေကြောင့်ပဲ...


ဒီအော်ရာ... ဒါငရဲကမ္ဘာကပဲ


"အတင့်ရဲလိုက်တာ မင်းလိုညစ်ညမ်းတဲ့ ငရဲကမ္ဘာသက်ရှိကများ... ငါချန်လုံမင်းကိုသတ်ပစ်မယ်ကွ..."


ချန်လုံအော်ဟစ်လိုက်သည်။ သူအမှန်တကယ်ကိုစိတ်တိုနေပြီဖြစ်သည်။


သူ့ရဲ့အော်ရာက မရပ်မနားမြင့်တက်လာပြီး စိတ်ဝိဉာဉ်လှေကားကိုးဆင့်က သူ့ခေါင်းအထက်တွင်ပေါ်လာခဲ့သည်။၎င်းကပြီးပြည့်စုံတဲ့ စိတ်ဝိဉာဉ်လှေကားတစ်ခုဖြစ်ပြီး ယဇ်ပလ္လင်တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။ သို့သော်လည်း ပလ္လင်ပေါ်တွင် အေးစက်နေပြီး နတ်ဘုရားမီးတောက်မပါရှိပေ။


ယစ်ပလ္လင်၏အထက်တွင် အန္တိမအလင်းများဖြင့်တောက်ပနေပြီး စွမ်းအင်များကိုထုတ်လွှတ်နေသော ကြယ်တစ်လုံးရှိလေသည်။


ချန်လုံက သူ့ရဲ့နေမင်းပစ်ခွင်းလေးကိုမြှောက်တင်လိုက်ပြီး ကြယ်တာရာအလင်းများက မြှားတွင်စုဝေးသွားတော့သည်။


ထိုမြှားတွင် သူ၏စိတ်၊ဝိဉာဉ်နှင့် စွမ်းအင်များကိုစုစည်းထားသောကြောင့် မြှားကိုအဆုံးအစွန်အထိသန်မာနေစေသည်။ မြှားထိပ်ဖူးတွင်ရှိသော စွမ်းအင်များသည် ကခုန်နေလျက်ရှိပြီး လေဟာနယ်ကိုကြေမွသွားစေသည်။


"သေလိုက်စမ်း"


သူ့လက်ချောင်းတွေကိုလွှတ်လိုက်ပြီး ငရဲဘုရင်အာဟထံသို့မြှားကိုပစ်လွှတ်လိုက်သည်။


ထိုမြှားသည် အလင်းမြှားထက်ပို၍ အထင်ကြီးစရာပိုကောင်းလေသည်။ သို့သော်လည်း ငရဲဘုရင်၏ မျက်နှာအမူအယာက ပြောင်းလဲရှိနေလေသည်။


သူ၏နောက်ဘက်တွင်ရှိသော ပုံရိပ်၏မျက်လုံးသည်ဖွင့်လှစ်လာလေတော့သည်။ ထိုအချိန်တွင် ကောင်းကင်နှင့်မြေပြင်ပင်ပို၍နက်မှောင်လာသယောင်ရှိလာလေသည်။


ကောင်းကင်ယံရှိ အနက်ရောင်တိမ်များကပို၍ထူထပ်လာသည်။ လျှပ်စီးနဂါးများကလည်း ခြေဦးတည့်ရာသွားလာနေတော့သည်။


ဘုန်း


ငရဲဘုရင်အာဟ စိုက်ကြည့်လိုက်လေတော့သည်။ နေမင်းပစ်ခွင်းမြှား ပေါက်ကွဲထွက်သွားတော့သည်။


ချန်လုံနှင့် ချန်ကုန်းတို့၏မျက်နှာသည် ရုတ်ချည်းပင် တွန့်လိမ်သွားတော့သည်။


"သတိထားဦး အစ်ကိုကြီး"


ချန်ကုန်း ရွေ့လျားလိုက်ရင်းအော်ပြောလိုက်သည်။


သူချန်လုံ၏ရှေ့တွင်ရပ်လိုက်ပြီး သူ့ရဲ့နေဝင်ဆည်းဆာလေးကို စွဲကိုင်လိုက်သည်။သူ မြှားတစ်ချောင်းကိုပစ်လိုက်တော့သည်။


အနက်ရောင်စွမ်းအင်များဖြင့်ဖုံးအုပ်ထားသော မြက်ဓားတစ်ချောင်းက ချန်လုံ၏မြှားကိုထိုးဖောက်ကာ စွမ်းအင်များကိုပြက်ပျယ်သွားပြီး ရှဲကနဲမြည်လျက် ကျယ်လောင်စွာမြည်တမ်းနေခဲ့သည်။


ချန်ကုန်း၏မြှားက ဓားသွားကိုထိသွားပြီး ... လေဟာနယ်ကိုတုန်လှုပ်သွားစေခဲ့သည်။


ငရဲဘုရင်အာဟသက်ပြင်းချလိုက်သည်။ လက်တစ်ချောင်းမြှောက်လိုက်ပြီး သူ့လက်ချောင်းများကို အသာအယာပစ်ခါလိုက်သည်။ 


ဟူး ဟူး


နေဝင်ဆည်းဆာလေးသည် အဝေးကိုပစ်ထုတ်ခြင်းခံလိုက်ရသည်။


ချန်ကုန်းကိုဖောက်ထွင်းသွားပြီး အနောက်သို့လွင့်စင်သွားခဲ့သည်။ သူသည် အဝေးတွင်ရှိသောမြေပေါ်သို့ပို့ပြီး မြေပေါ်ထိုးစိုက်ခြင်းခံလိုက်ရသည်။


ဘုန်း ဘုန်း


ကောင်းကင်ပေါ်တွင် အနက်ရောင်တိမ်များတလိမ့်လိမ့်တက်လာသည်။အချိန်ခဏအကြာတွင်တော့ မိုးကြိုးများပစ်ချလေတော့သည်။ လျှပ်စစ်စီးကြောင်းများက အနက်ရောင်တိမ်ထုကိုဖြတ်ကျော်ပြီး အာဟကို ခက်ထန်ကြမ်းကြုတ်စွာဖြင့်ပစ်ခတ်နေတော့သည်။


အာဟ၏အော်ရာ ပျောက်ကွယ်သွားခဲ့သည်။သူ သူရဲ့ခေါင်းကိုကိုင်ပြီး ဖရိုဖရဲဖြင့် ထွက်ပြေး လေတော့သည်။


ဘုန်း ဘုန်း ဘုန်း


ငရဲဘုရင်အာဟသည် ကောင်းကင်မှမိုးကြိုးများကြားတွင် ယိမ်းထိုးရင်းပြေးလွှားနေလေသည်။ သို့သော်လည်း အဆုံးတွင်တော့ သူ၎င်းတို့ကိုမရှောင်ရှားနိုင်ချေ။ လျှပ်စီးမိုးကြိုးတစ်ခုက သူ့ကိုပစ်လိုက်သည်။


သူ့မျက်နှာသည် မီးသွေးတုံးကဲ့သို့မဲနက်သွားတော့သည်။ သူ့ခေါင်းပေါ်တွင် မီးခိုးငွေ့ဖြူဖြူများ တငွေ့ငွေ့ထွက်ပေါ်လာသည်။


သူ့ ချောင်းဆိုးကာ မီးခိုးငွေ့များထွက်သွားစေရန်ပြုလုပ်လိုက်သည်။


"မဟာနိယာမလမ်းကြောင်းအုပ်စိုးသူကလေ အရမ်းကိုဆိုးတာပဲ..."


ငရဲဘုရင်အာဟက ခပ်ရှက်ရှက်နှင့်ရေရွတ်လိုက်သည်။


အဝေးတစ်နေရာမှ ချန်လုံသည် ချမ်းစိမ့်စိမ့်ဖြစ်သွားတော့သည်။ သူသည် ငရဲဘုရင်ကိုမယုံနိုင်သည့်ပုံစံဖြင့်ကြည့်လိုက်သည်။


ငရဲကမ္ဘာသက်ရှိက မဟာနိယာမလမ်းကြောင်းအုပ်စိုးသူဆီက အပစ်ပေးမိုးကြိုးဖြင့်အပစ်ခံရတာကို ပျောက်ကွယ်မသွားခဲ့ဘူးလား။ ဒါကဘယ်လို ငရဲကမ္ဘာသက်ရှိအမျိုးအစားလဲဟ။


မဟာလေဟာနယ်အဆင့်သက်ရှိတစ်ကောင် လုံးဝကိုမဟုတ်ဘူး။ ဒါနတ်ဘုရားအဆင့်လေဟာနယ် နယ်ပယ်က ငရဲကမ္ဘာသက်ရှိလား။ ဒီလိုသတ္တဝါက ကုန်းမြေတိုက်မကြီးထဲ ဘယ်လိုလုပ်ပြီးရောက်လာရတာလဲ။


ချန်လုံ အေးစက်စက်ခံစားလိုက်ရသည်။ သူပြဿနာအကြီးကြီးရှာမိလိုက်ပြီလို့ ခံစားလိုက်ရသည်။ သူအလင်းယိမ်းသန့်စင်နယ်မြေရဲ့ အထွတ်အမြတ်ခေါင်းဆောင်ကို တစ်ခါတည်း အစီအရင်ခံလိုက်သင့်တာ။


 သူအလွန်ပူဆွေးသောကရောက်နေလေပြီ။ သူ့ရဲ့ဒုတိယညီလေးကသူ့ကိုကာကွယ်ပေးရင်းသေသွားခဲ့ပြီ။ သူ့ရဲ့တတိယညီလေးကလည်းသေသွားပြီ။ သို့သော်လည်း ယခုအချိန်တွင်သူအကူအညီမဲ့နေခဲ့ပြီဖြစ်သည်။သူတို့အတွက်ကလဲ့စားတောင်မချေပေးနိုင်ချေ။


မိုးကြိုးပစ်ခံထားရသော ငရဲဘုရင်ကိုမကျေနပ်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။


လေဟာနယ်ထဲခြေချလိုက်ပြီး အခြားသူများက မဟာနိယာမလမ်းကြောင်းအုပ်စိုးသူ၏တိုက်ခိုက်မှုအောက်တွင် ရောက်ရှိနေတုန်းတွင် ထွက်ပြေးလွတ်မြောက်ဖို့အခွင့်အရေးကိုဆုပ်ကိုင်လိုက်တော့သည်။


သို့သော် မျက်တောင်တစ်ခတ်အတွင်း သူထွက်သွားရန်ပြင်နေဆဲတွင်ပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲသွားတော့သည်။


အဘယ့်ကြောင့်ဆိုသော် သူဖန်တီးလိုက်သော လေဟာနယ်အက်ကွဲကြောင်းတွင် ခွေးနက်ကြီးတစ်ကောင်၏ နူးညံ့သောလက်ဖဝါးတစ်ဖက်က သူ့ရဲ့ခေါင်းကိုပုတ်ထုတ်လိုက်သောကြောင့်ဖြစ်လေသည်။