အပိုင်း ၇၅၆
Viewers 53k

အခန်း ၇၅၆

ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား၏ ဟိန်းဟောက်သံ


အလွန်တရာ တိတ်ဆိတ်ငြိမ်သက်နေသော နန်းတော်ကြီးထဲတွင် ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ပဲ့တင်သံများဖြစ်ပေါ်လာသည်။တစ်ယောက်နှင့်တစ်ယောက် လက်နှစ်ဖက်ကို တင်းတင်းဆုပ်၍ တောက်ပြောင်နေသော ရွှေနန်းတော်ဆီသို့ လျှောက်သွားသော ကလေးမလေးရှောင်ယနှင့် ပန်းပွင့်လေးကို သူကြည့်နေလိုက်သည်။


သူ့လက်မောင်းပေါ် ရှိ အဖြူအနက်လက်ပတ်ထဲမှ ထောင်တျဲ နှစ်ကောင်၏ ဝိညာဉ်ကလည်း တုန်ယင်နေကြသည်။ခဏအကြာတွင် ပုဖန်လည်း ရွှေနန်းတော်ကြီးထဲသို့ ဝင်လာခဲ့သည်။အေးစက်မှုတစ်ခုကို ခံစားလိုက်ရပြီး ကြမ်းတမ်းလှသော စွမ်းအင် များသူကို ရိုက်ခတ်သွားသည်။


အလွန်တရာတိတ်ဆိတ်ငြိမိသက်နေသော နန်းတော်ကြီးထဲတွင် ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ပဲ့တင်သံများဖြစ်ပေါ်လာသည်။


ဝေါ ...ဘုန်း ဘုန်း ဘုန်း...


ရုတ်တရက် ပုဖန်၏ ခြေတစ်လှမ်းက နန်းတော်ကြီးတစ်ခုလုံးကို တုန်ခါသွားစေသည်။အလင်းတန်းများဖြာထွက်လာကာနန်းတော်တစ်ခုလုံး လင်းထိန်သွားလေသည်။တကယ်တမ်းတွင် ဒီနေရာက နန်းတော်တစ်ခုမျှသာမဟုတ်ပေ။


ရွှေနန်းတော်၏ အထဲတွင် ရွှေရောင်ခန်းမငယ် အနည်းငယ်ရှိနေသည်။ခန်းမတစ်ခုချင်းစီတိုင်းတွင်လည်း ကြီးမားထူထဲလှသော ရွှေရောင် တံခါးများရှိနေသည်။ထိုအချိန်တွင် ပုဖန်က ပထမခန်းမ ထဲတွင်ရှိနေသည်။ခန်းမ၏ အလယ်တွက် အက်ကွဲနေသော ဥအခွံလေးများ ပြန့်ကျဲနေသည်။


ထိုဥအခွံ အပိုင်းအစလေးများ၌ မှိန်ဖျော့နေသော ခုနစ်ရောင်ခြယ် အလင်းရှိသည်။ထိုအခွံများတွင် စိတ်ဝိညာဉ် အနှစ်သာရများ ပျောက်ကွယ်သွားပြီဟု ထင်ရသည်။ပုဖန် သူနှင့် မလှမ်းမကမ်းတွင်ရှိနေသော ဥအခွံများနှင့် ပန်းပွင့်လေးကို ကြည့်ရင်း နှုတ်ခမ်းထောင့်စွန်းလေးများတွန့်ကွေးသွားသည်။


"အဲ့ဒါက ခုနှစ်ရောင်ခြယ် ကောင်းကင်ဝါးမြို စပါးအုံး မြွေ ဥခွံ မဟုတ်ဘူးလား..."


ပုဖန်၏ အကြည့်ကို ခံစားမိလိုက်သော ပန်းပွင့်လေးကလည်း ပုဖန်ဘက်သို့ လှည့်၍ မျက်လုံးလှန်ပြလိုက်သည်။ထို့နောက် လက်တစ်ဖက်ကို ဝှေ့ယမ်း၍ သူမ၏ ဥအခွံများကို သိမ်းဆည်းလိုက်သည်။ပန်းပွင့်လေးက ပုဖန်ကို နှာခေါင်းရှုံ့ပြလိုက်ပြီး ရှောင်ယ၏ လက်ကိုဆွဲကာ နန်းတော်ထဲသို့ ဆက်လက် ပြေးဝင်သွားလိုက်သည်။


အခ်ျိန်တိုအတွင်းမှာပင် သူတို့ နှစ်ယောက်၏ ပုံရိပ်က ပျောက်ကွယ်သွားလေသည်။ပုဖန် သူတို့နှစ်ယောက်နောက်မှ လိုက်သွားချင်ခဲ့သည်။သို့သော်လည်း စွမ်းအင်တစ်ချို့က သူ့အား စွဲထားသလို ခံစားမိနေသည်။ခန်းမအသေးတစ်ခုစီတိုင်း၌ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များရှိနေသည်။


ထိုစွမ်းအင်များက ဟောခန်းမအကျယ်ကြီးထဲတွင် စုစည်းနေပြီး ထုတ်လွင့်လိုက်သော စွမ်းအင်လှိုင်းများက လူများ၏ စိတ်ဝိညာဉ်ကို တောင့်တင်းတုန်ယင်သွားစေသည်။ဓားစွမ်းအင်ခန်းမ ချက်အပြုတ်လမ်းညွှန်ခန်းမ ပါဝင်ပစ္စည်းများခန်းမ မီးဖိုချောင်သုံးပစ္စည်းများခန်းမ ပုဖန်၏ မျက်ဝန်းများက ခန်းမတစ်ခုစီတွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်များစီ ရွေ့လျားသွားပြီး ရေရွတ်လိုက်သည်။သူအံ့အားသင့်သွား၏။


"ဒါက အစားကြူးတောင်ကြားရဲ့ အမွေအနှစ်နန်းတော်လား အဲ့ဒါက အရမ်းရိုးရှင်းပြီး အကြမ်းထည်ဆန်လွန်းတယ် ..."


ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများတွန့်ကွေးသွားသည်။သို့သော်လည်း သူ အများကြီး တွန့်ဆုတ်မနေပဲ ခန်းမတစ်ခုစီသို့ ဦးတည်လိုက်သည်။ရှောင်ယ၌ ပန်းပွင့်လေးရှိနေသောကြောင့် ထ်ိုငယ်ရွယ်သည့် ရှေးဟောင်းနတ်ဘုရားသားရဲလေးက သူမကို ကာကွယ်ပေးလိမ့်မည်။ထို့ကြောင့် အန္တရာယ်နှင့် မတွေ့နိုင်လောက်ပေ။


ပန်းပွင့်လေးက ရှောင်ယကို စားပစ်လိုက်သည်မှလွဲ၍ သို့သော်လည်း အကယ်၍ သူသာစားချင်လျှင်လည်း အစောကြီးထဲက စားပေလိမ့်မည်။ထို့ကြောင့် ရှောင်ယအတွက် မည်သည့် အန္တရာယ်မှ ရှိမည်မဟုတ်ပေ။လက်နှစ်ဖက်ကို နောက်ပစ်၍ ဓားစွမ်းအင်ခန်းမဆီသို့ အရင်ဦးဆုံး လျှောက်သွားလိုက်သည်။လက်တစ်ဖက်ကို မြှောက်လိုက်သည်။တောက်ပသော အလင်းတန်းများ၏ အောက်တွင် ဖြူဖွေးသွယ်လျသည့် လက်ကလေးက အလွန်ပင် ကြည့်၍ ကောင်းလှသည်။


သူအေးစက်လှသော ရွှေရောင်တံခါးပေါ်တွင် လက်တင်ပြီးသည်နှင့် အစစ်အမှန်စွမ်းအင်များကို ထုတ်ဖော်၍ တွန်းလိုက်သည်။တကျွီကျွီမြည်သံနှင့်အတူ ရွှေရောင်တံခါးကြီးက တဖြေးဖြေးချင်း ပွင့်သွားပြီး ပုဖန်အခထဲသို့ ခြေလှမ်းလှမ်းလိုက်သည်။ခန်းမထဲတွင် အေးစက်မှောင်မဲနေပေသည်။


ဘုန်း...


ပုဖန်နောက်မှ တံခါးက ပြန်လည် ပိတ်ဆို့သွားပြီးနောက် ခန်းမအတွင်း၌ အလင်းတစ်စပင်မမြင်ရလောက်အောင် လုံးဝ မှောင်မဲသွားပေသည်။


သို့သော်လည်း သိပ်မကြာခင်မှာပင် ခန်းမအတွင်းပိုင်းမှနေ၍ အလင်းရောင်လေးတစ်စ တဖြေးဖြေးတောက်ပလာသည်။ဟောခန်း၏ ထိပ်ဆုံးတွင် အလင်းထုတ်လွင့်နေသည့် ကျောက်မျက်တုံးတစ်တုံးရှိနေလေသည်။ထိုအဖြူရောင်အလင်းတန်းက မျက်စိစူးလောက်အောင်မတောက်ပသော်လည်း ခန်းမတစ်ခုလုံးကို လင်းလက်သွားစေသည်။


သို့သော်လည်း တောက်ပလှသော အလင်းရောင်နှင့်အတူ ပုဖန်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။သူနှင့်ခပ်လှမ်းလှမ်းခန်းမကြီး၏ အလယ်တွင် လူတစ်ယောက်ထိုင်နေသော ခုံတစ်ခုံရှိနေသည်။၎င်းက မျက်နာနှင့် အော်ရာများကို ဖုံးအုပ်ထားသောကြောင့် ခွဲခြားသိမြင်ရန် ခက်လှသည်။သူ့၏ တစ်ကိုယ်လုံးက ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေပေသည်။


"ဖုန်တက်နေတဲ့ ရှေးဟောင်းနန်းတော်ထဲမှ လူတစ်ယောက်ရှိနေသေးတယ်လား...ဝီ ဝီ ..."


ဓားသွားလည်သံများကြားလိုက်ရပြီးခဏ၌ ဘက်ပေါင်းစုံမှ ဓားပျံများ ထွက်လာသည်။၎င်းက ကြီးမားသော ဓားလှိုင်းလုံးကြီးကဲ့သိုပင် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ထိုဓားများမှ ထုတ်လွင့်လိုက်သော ဓားစွမ်းအင်များက လေအရှိန်ကိုပင် တွန့်လိမ် သွားစေသည်။ပုဖန် တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းများထပြီး တောင့်တင်းသွားသလို ခံစားလိုက်ရသည်။


"ဓားစွမ်းရည်ခန်းမကနေ ကြိုဆိုပါတယ် ငါ မင်းကို စောင့်ခဲ့ရတာ တော်တော်ကြာပြီ..."


ထိုသူက ပြောလိုက်သည်။


"ဓားစွမ်းရည် ခန်းမ ..."


ပုဖန်အနောက်မှနေ၍ တီးတိုးလိုက်ရေရွတ်လိုက်သော်လည်း သူ့၏ မျက်နာအမူအရာက ပြောင်းလဲသွားခြင်းမရှိပေ။


"ဒီနေရာက အမွေအနှစ်နန်းတော်ပဲ ဒါပေါ့ ဓားစွမ်းရည်ဆိုတာလည်း အစိတ်အပိုင်း တစ်ခုပဲလေ ဒီမှာ နာမည်ကြီးဓား ငါးလက်အပါအဝင် မီးဖိုချောင်သုံးဓားပေါင်း ၃၆၀ ရှိတယ်...မင်းမလာခင်လေးတင်မှာပင် ဓားတစ်လက်က ယူဆောင်သွားခြင်းခံလိုက်ရပြီး ဒီတော့ မင်းမှာလေးလက်ထဲက တစ်လက် ရွေးယူနိုင်မယ့် အခွင့်အရေးရှိသေးတယ်..."


ထိုသူပြောလိုက်သည်နှင့် ပုဖန် အနည်းငယ်အံ့အားသင့်သွားပြီး သိချင်မိသွားသည်။


"ကျုပ်မလာခင် တစ်ယောက်လာသွားပြီးပြီ ဟုတ်လား ဘယ်သူလဲ ရှောင်ယကို ပြောတာလား ဒါကို အခွင့်ထူးခံ လူတန်းစားလို့ ခေါ်ရမလား..."


ထိုခဏ၌ ဖုန်းကွယ်ထားသော လူက ထိုင်ခုံမှ ထရပ်လိုက်ပြီး ပုဖန်ဆီ တစ်လှမ်းချင်းလျှောက်လာခဲ့သည်။


"အမွေအနှစ်ကို ဘယ်လိုယူရမယ်ဆိုတာကို မင်းမသိချင်ဘူးလား အဲ့ဒါက ပထမဦးဆုံး တောင်ကြားသခင်ရဲ့ ဓားစွမ်းရည် ပြီးတော့ လူတွေ အားလုံးလိုချင်တောင်းတနေတဲ့ အသန်မာဆုံး ဓားစွမ်းရည်ပဲ..."


"အသန်မာဆုံးသော ဓားစကေး..."


ထိုစကားက မောက်မာဝင့်ကြွားလွန်းသည်ဟု တွေးလိုက်မိပြီး ပုဖန်မျက်ဝန်းများမှေးကျင်းလိုက်မိသည်။


"မင်း အဲ့ဒီ အမွေအနှစ်ကို လိုချင်တယ်ဆိုရင်တော့ မင်းရဲ့ ပါရမီကို ပြသပြီး ဓားတစ်လက်ဆီက အသိအမှတ်ပြုမှု ရမှရမယ်...မင်းမှာ အမွှေးတိုင်တစ်တိုင်စာ အချိန်ရှိတယ်...အဲ့ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ အမွေအနှစ်ကို ရရှိဖို့ အရည်အချင်းမပြည့်မီဘူး မင်း အဆုံးသတ်သွားရလိမ့်မယ်..."


ထိုလူက ပုဖန်နှင့် နီးကပ်လာသည်မှာ နားအတွင်းသို့ တိုက်ရိုက် စကားပြောဆိုနိုင်သည့် အနေအထားအထိ ရောက်လာလေသည်။ထိုလူ၏ အသံက အလွန်အံ့အားသင့်စရာ ကောင်းလှပြီး တစ်ချိန်တည်းမှာပင် ခြိမ်းခြောက်မှု တစ်မျိုးလည်း ပါဝင်နေပေသည်။သာမန်လူတစ်ယောက်သာ နားထောင်မည်ဆိုပါက အသံကြားလိုက်သည်နှင့် တုန်ယင်နေပေလိမ့်မည်။


သို့သော်လည်း ပုဖန်က သာမန်လူမဟုတ်ပေ။သူ ခေါင်းအသာစောင်းငှဲ့၍ မျက်နာဖုံးတပ်လူသားကို ကြည့်လိုက်သည်။လက်တစ်ဖက်မြှောက်၍ ထိုလူ၏ ပခုံးကို ကိုင်လိုက်သည်။အေးစက်လှသော အာရုံခံစားမှုများကို သူ့၏ လက်ဖဝါးဆီ ပို့လွှတ်လိုက်ပြီး မျက်နာဖုံးတပ်လူသားအား အဝေးသို့ တွန်းထုတ်လိုက်သည်။ပြီးသည်နှင့် ခပ်လှမ်းလှမ်းရှိ ဓားများ မြေပေါ်တွင် ဝဲလှည့်နေသော နေရာဆီသို့ လျှောက်သွားလိုက်သည်။ထိုမျက်နာဖုံးတပ်လူက ပြုံးလိုက်ပုံပေါ်သည်။သူ ပုဖန်ကို ကြည့်နေလိုက်၏။


ပုဖန် ဓားနံရံရှိရာဆီသို့ ရောက်လာသည်နှင့် ခံစားနေရသော လေအားကလည်း ပို၍ ပြင်းထန်လာသည်။ရုတ်တရက် ပုဖန် သူ့၏ လက်မောင်းမှ အပူချိန်ကို ခံစားလိုက်ရပြီး အံ့အားသင့်သွားသည်။အစိမ်းရောင်အခိုးအငွေ့များပေါ်လာပြီးနောက် တောက်ပနေသော ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား ထွက်ပေါ်လာလေသည်။


ပုဖန်၏ ခန္ဓာကိုယ်မှ မမြင်နိုင်သော စွမ်းအားများပြန့်ကားလာသည်။သူ့၏ စိတ်ဝိညာဉ်ပင်လယ်တွင်းမှလည်းမြင့်မားလှသောလှိုင်းလုံးများ ရိုက်ခတ်လာသည်ကို ခံစားမိလိုက်သည်။သူ့၏ စိတ်ဝိညာဉ်က စိတ်ဝိညာဉ်ပင်လယ်ထဲသို့ ဝင်ရောက်သွားပြီးနောက် ထိုနေရာတွင် နဂါးတစ်ကောင်၏ ဟိန်းဟောက်သံများ ပဲ့တင်ထွက်နေသည်ကို သိလိုက်ရသည်။


ရွှေနဂါးအရိုးမီးဖ်ိုချောင်သုံးဓား၏ စိတ်ဝိညာဉ် ထွက်ပေါ်လာလေပြီ။၎င်း၏ ခတ်ထန်လှသော အကြည့်များအောက်တွင် ပုဖန်၏ စိတ်ဝိညာဉ်ပင် သေးကျုံ့သွားသလိုခံစားလိုက်ရသည်။ဓားဝိညာဉ်က သူ့ကို စူးစိုက်ကြည့်၍ ထပ်မံဟိန်းဟောက်လိုက်သည်။


ပုဖန်၏ ဝိညာဉ်က စိတ်ဝိညာဉ် ပင်လယ်တွင်းမှ ပြန်ထွက်လာသော်လည်း သူ့နားထဲတွင် နဂါးဟိန်းသံများ ပဲ့တင်ထပ်နေတုန်းဖြစ်သည်။


လေဟာနယ်ထဲတွင် လွင့်မျောနေသော မြောက်များလှစွာသော ဓားများက နဂါးဟိန်းသံကြောင့် တုန်ခါအက်ကွဲသွားသည်။လေထုထဲ၌ ပေါက်ကွဲသံများ ဆူညံသွားသည်။နောက်ဆုံး၌ တောက်ပနေသော ဓားလေးလက်သာလျှင် ပုဖန်ရှေ့၌ လွင့်မျောကျန်ခဲ့လေသည်။


ထိုဓားများက မျက်နာဖုံးတပ်လူ ညွှန်းဆိုထားသည့် နာမည်ကြီးဓားများဖြစ်ကြောင်းသံသယရှိစရာမလိုပေ။ထိုသူက အမွေအနှစ်များအတွက် သော့ချက်လည်းဖြစ်နေပေသည်။ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားက တကယ်ပင် အထင်ကြီးစရာကောင်းလှသည်။ဟ်ိန်းဟောက်သံတစ်ချို့ဖြင့်ပင် သာမန်ဓားများအားလုံးထဲမှ အဖိုးတန်အရာများကို ဆွဲထုတ်နိုင်လိုက်ပေမည်။မျက်နာဖုံးတပ်လူက ထိုအချင်းအရာကိုကြည့်၍ အံ့အားသင့်ကြောင်အနေပုံပေါ်သည်။သူ့၏ မျက်နာဖုံးအောက်မှ မျက်ဝန်းများက တလက်လက်တောက်ပလာသည်။


"ကျွန်တော်၏ ပိုင်ရှင် သူတ်ို့ကို ဝါးမြိုလိုက်တော့..."


ပုဖန်၏ စိတ်ဝ်ိညာဉ်ပင်လယ်ထဲမှ နဂါးတစ်ကောင်၏ ကြွေးကြော်လှိုင်းလုံးက မြင့်တက်လာသည်။ထိုခဏမှာပင် သူ့၏ လက်ထဲမှ ရှေးဟောင်းပုံစံ အနက်ရောင် မီးဖ်ိုချောင်သုံးဓားက ပို၍ ခြိမ်းခြောက်လွှမ်းမိုးနိုင်စွမ်းများပြည့်လာသည်။


နာမည်ကျော်မီးဖိုချောင်သုံးဓားလေးလက်မှလည်း အံ့မခန်း အလင်းများကို ထုတ်လွင့်နေပြီး သူတို့၏ စိတ်ဝ်ိညာဉ်များပင် ထွက်ပေါ်လာသည်။


ဝုန်း...


သို့သော်လည်း နဂါးဟိန်းဟောက်သံတစ်ချက် ကြားလိုက်ရပြီးနောက် ပုဖန်၏ ရွှေနဂါးအရ်ိုး မီးဖိုချောင်သုံးဓားထဲမှ ရွှေရောင်ဖျော့ဖျော့နဂါးတစ်ကောင်၏ ပုံရိပ် ပျံသန်းသွားသည်ကို မြင်လိုက်ရသည်။


၎င်းက ဓားဝိညာဉ်များထံသို့ ပျံသွားပြီး ဝါးမြိုပစ်လိုက်သည်။၎င်းဓားဝ်ိညာဉ်များက အချိန်ကြာကြာခုခံန်ိုင်ခြင်းမရှိပဲ ဝါးမြိုခံလိုက်ရသည်။


ခရက်ရှ်...


ဓားဝ်ိညာဉ်များပျောက်ဆုံးသွားသည်နှင့် ဓားများပေါ်၌ အက်ကြောင်းများစွာ ထင်လာပြီး သာမန်ဓားများဖြစ်သွားလေသည်။ထို့နောက် အစိပ်စိပ်အမွှာမွှာကွဲအက်သွားပြီး သတ္တုအပိုင်းအစလေးများကကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာသည်။


ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား၏ စိတ်ဝိညာဉ်က ပြည့်အင့်သွားပုံရသည်။၎င်းကလေတစ်ချက်ပင်တက်လိုက်ပြီး ပြန်လှည့်လာသည်။ထိုဓားက ရှေးဟောင်းပုံစံ အနက်ရောင်ဓား၏ အသွင်အပြင်အဖြစ်သို့ ပြန်လည်ပြောင်းသွားသည်။သို့သော်လည်း သူနှင့်ဓားဝိညာဉ် ကြားထဲမှ ဆက်သွယ်ချက်က ပို၍ ခိုင်မာလာသည်ဟု ခံစားရသည်။


ခပ်လှမ်းလှမ်းတွင်ရှိနေသော မျက်နာဖုံးတပ်လူသားက အံ့အားတသင့်ဖြင့် ပါးစပ်အဟောင်းသားဖြစ်နေသည်။


"အဲ့ဒါက နာမည်ကျော် ဓားလေးလက်လေ...သူတို့ ဘယ်လိုများ ဖျက်စီးပစ်နိုင်ရတာလဲ..."


ထိုလူ စိတ်ရှုပ်ထွေးကြောင်အနေသည်။သူ့၌ ယုံကြည်မှု အနည်းငယ်မျှပင် မရှိတော့ပေ။နာမည်ကြီးဓားလေးလက်ကို ချေမွန်ိုင်သည့် ထိုကောင်လေး၏ လက်ထဲမှ ဓားက မည်သည့် အဆင့်ဖြစ်မည်ကို သူသိချင်လှသည်။


"ဘာလို့ အဲ့ဒီလောက်တောင်အင်အားကြီးရတာလဲ..."


ပုဖန်ကမူ စကားတစ်ခွန်းမှ မဆိုပဲ ပုံမှန်အတိုင်းမျက်နာသေဖြင့်ပင် ဓားကိုထမ်းပြီး စောင်းငှဲ့၍ ကြည့်လိုက်သည်။ဓားများပျက်စီးသွားပြီး ခဏအကြာ၌ အလင်းတန်းများ ဖြာထွက်လာကာ ပုဖန်၏ ရှေ့တွင် ထောင်ထောင်မောင်းမောင်း ကြံ့ကြံ့ခိုင်ခိုင် ပုံရိပ်တစ်ခု ပေါ်လာသည်။


ထိုလူ၏ လက်ထဲတွင် မီးဖိုချောင်သုံးဓားတစ်လက်ရှ်ိနေသည်။ထိုဓားက လေထဲသို့ ပျံဝဲထွက်နေသည်။ထို့နောက် ထိုလူက ပြန်လည် ဖမ်းဆီးလိုက်ပြီး သူ့၏ လက်ကို ဝှေ့ယမ်းလိုက်သည်။အလင်းတမျှ မြန်ဆန်လှသောကြောင့် သဲသဲကွဲကွဲမြင်နိုင်ရန်ပင် ခဲယဉ်းလွန်းလှသည်။သူ့၏ အရှိန်နှုန်းက အလွန်မြန်ဆန်လှသည်ဆ်ိုသော်လည်း ဓားထိန်းချုပ်မှုနည်းလမ်းက ကောင်းမွန်လှသည်။၎င်းက ကြည့်ရသည်မှာ စွရမ်းမိုက်လှသည်။


"ဓားကျွမ်းကျင်မှု အမွေအနှစ်လား ..."


ပုဖန် မျက်တောင်တဖျက်ဖျက်ခတ်လိုက်သည်။


"ဓားကျွမ်းကျင်မှု နည်းစနစ်များကို ရှာဖွေတွေ့ရှ်ိပါပြီ ... ၎င်း၏ ပုံသဏ္ဍာန်နှင့် အသုံးပြုပုံများကို မှတ်သားနေပါပြီ ..."


ပုဖန် ထိုနည်းစနစ်ကို မှတ်မိနိုင်စေရန် သေချာစွာ ကြည့်ရှုနေစဉ်မှာပင် စနစ်၏ အသံကို ကြားလိုက်ရသည်။


"စနစ်က ဓားနည်းစနစ်ကို မှတ်တမ်းတင်ထားပြီးပြီလား...ဒီလိုဆိုတော့ ငါ မြန်မြန်လေး သင်ယူနိုင်ပြီပေါ့...ဟုတ်တယ်မဟုတ်လား..."


ပုဖန် အံ့အားတသင့်ဖြင့် မျက်ခုံးပင့်လိုက်မိသည်။ထ်ို့နောက် သူတွေးတွေးစစဖြင့် မျက်နာဖုံးတပ် လူဆီသို့ လှမ်းကြည့်လိုက်သည်။


ရှပ် ရှပ် ရှပ်...


ခြေသံများပဲ့တင်ထပ်ထွက်ပေါ်လာသည်။နန်းတော်ကြီး၏ ရှေ့တွင် တင်ပျဉ်ခွေ ထိုင်နေသောချူချန်းရှန်က အမှောင်ထုထဲသ်ို့ စူးစိုက်ကြည့်နေသည်။မကြာခင်မှာပင် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ထိုသူကို မြင်လိုက်သည့်ခဏ၌ ချူချန်းရှန် အံ့အားသင့်သွားမိသည်။ထိုသူက လူစိမ်းတစ်ယောက်မဟုတ်ပေ။အစားကြားဘုတ်ပြား၏ နံပါတ် ၁ စားဖိုမှုး ရန်ယုပင်ဖြစ်သည်။


"သူက ဘယ်လိုလုပ်ပြီး အမွေအနှစ်ရဲ့ ဝင်ပေါက်ကို သိနေတာလဲ ..."


ချူချန်းရှန်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး သူ့၏ မျက်နာက ချက်ချင်းပင် အေးစက်သွားလေသည်။


"ရန်ယု..."


ရန်ယုက ပေတိပေစုတ်ဖြစ်နေသော ချူချန်းရှန်ကို မျက်လုံးတောက်တောက်များဖြင့် ကြည့်လိုက်သည်။သူပို၍ စိတ်လှုပ်ရှားလာသည်။


"နောက်ဆုံးတော့ ငါ အမွေအနှစ်နေရာကို ရှာတွေ့ပြီ ဒီအမွေအနှစ်က ငါ့အတွက်ပဲ...ဘယ်သူမှ ယူလ်ို့မရဘူး..."


"ရန်ယု နောက်ဆုတ်စမ်း မင်းက အမွေအနှစ်အကြောင်းစဉ်းစားရအောင် အရည်အချင်းမမှီဘူး ..."


ချူချန်းရှန် အေးစက်စွာဖြင့် အော်လိုက်သည်။ရန်ယု ဒီနေရာသို့ ရောက်လာလိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့ပေ။၎င်းက သူတွက်ဆထားသည်ထက် ကျော်လွန်နေပေပြီ။သို့သော်လည်း ရန်ယုက အမွေအနှစ်အတွက် အရည်အချင်းမပြည့်မီ ဆိုသည်က အမှန်တရားပင်ဖြစ်သည်။


ရန်ယုက အေးစက်လှသော မျက်ဝန်းများဖြင့် ချူချန်းရှန်ကို ကြည့်လိုက်သည်။ထို့နောက်သူလက်တစ်ဖက်ကို မြောက်လိုက်သည်။လက်ပေါ်တွင် အပြာရောင် ကျောက်စ်ိမ်းအဆောင်ပြားတစ်ခုရှိနေလေသည်။


ရွှီ ရွှီ ရွှီ...


သူ့၏ အစစ်အမှန်စွမ်းအားများထဲ ပို့လွှတ်လိုက်သည်နှင့် အလင်းတန်းများ ပေါ်လာပြီးနောက် အဟန့်အတားပုံသဏ္ဍာန်တစ်ခု ဖြစ်တည်လာသည်။ထိုအပြာရောင်အဆောင်ပြားက ချူချန်းရှန်၏ ပတ်ပတ်လည်တွင် အလင်းလှောင်အိမ်တစ်ခုက်ို ဖန်တီးလိုက်သည်။


ထိုအလင်းများက သူ့၏ ခွန်အားများကို စုပ်ယူလိုက်သကဲ့သို့ အကြောအချဉ်များတုံ့ဆိုင်းသွားပြီး မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။


"အဖိုးကြီး အဲ့ဒီအမွေအနှစ်တွေက ကျုပ်အတွက်မဟုတ်ဘူးဆိုရင် ဘယ်သူအတွက်များလဲ ...အဲ့ဒီအမှိုက်သရိုက်လို ကလေးမလေးအတွက်လား...ကျုပ်ကသာ အစားကြူးဘုတ်ပြားရဲ့ ထိပ်တန်းနံပါတ် ၁ပဲ ကျုပ်ကလွဲရင် ဒီအမွေအနှစ်တွေကို ဘယ်သူမှ ယူလို့မရဘူး...အခု ခင်ဗျားက အကြောသေသွားပြီ...ကျုပ်ကိုဘယ်လိုများ ဟန့်တားနိုင်တော့မှာလဲ...ဟား ဟား ဟား..."


ရန်ယုက အော်ဟစ်ပြောလိုက်ပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။


"ခွေးမသား..."


ချူချန်းရှန် စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။သို့သော်လည်းသူ့၏ မျက်ခွံများက ပိတ်ကျလုနီးပါးဖြစ်နေသောကြောင့် စိုက်ကြည့်ရန် ခက်ခဲလွန်းလှသည်။


အမွေခံဖြစ်စဉ်ကို နှောက်ယှက်ခွင့်မပြုနိုင်ပေ။ရန်ယုကလည်း ဒေါသတကြီးဖြစ်နေသည်။သူနောက်ထပ် ကျောက်စိမ်းအဆောင်ပြားတစ်ခုကို လွှဲယမ်း၍ ချူချန်းရှန်ကို ထိုးနှက်လိုက်သည်။


ဆိုးရွားလှသော နာကျင်မှုကြောင့် ချူချန်းရှန်၏ ခန္ဓာကိုယ်က ကွေးညွှတ်သွားလေသည်။


"ဒါ ရှေးဟောင်းကျောက်စိမ်းသော့အိမ်ပဲ...မင်းက ရှေးဟောင်းကျောက်စိမ်းသန့်စင်နယ်မြေကလား..."


ချူချန်းရှန် ခန္ဓာကိုယ်အတွင်းမှ နာကျင်မှုကြောင့် သွေးတစ်လုတ်အန်ထုတ်လိုက်သည်။သူ့၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ပြင်းထန်သော ဒဏ်ရာများဖြစ်ပေါ်လာသည်။ချူချန်းရှန်ထိုအဖြစ်အပျက်ကို မုန်းတီးမိသည်။အကယ်၍ သူသာဒဏ်ရာများစွာ မရထားခဲ့လျှင် ရန်ယု၌ ကျောက်စ်ိမ်းသော့အိမ်ရှိနေလျှင်ပင် သူခုခံနိုင်ပေသည်။သို့သော် ယခုမူ 


"မဟာအကြီးအကဲလို့ ခေါ်ထိုက်ပါပေတယ် ခင်ဗျားရဲ့ မျက်လုံးက တကယ်စူးရှတာပဲ...အလင်းများကိုစုစည်းပြီး ပြုလုပ်တဲ့ ရှေးဟောင်းကျောက်စိမ်းသော့အိမ် သန့်စင်နယ်မြေက အထူးတလည်ပြုလုပ်ထားတာ...ကျောက်စိမ်းသော့အိမ်မှာ အချုပ်ခံလိုက်ရပြီဆိုတာနဲ့ ခင်ဗျားရဲ့ ဝိညာဉ်ကတဖြေးဖြေးချင်း အဆုံးသတ်သွားလိမ့်မယ်...မဟာအကြီးအကဲ ခင်ဗျားရဲ့ သေဆုံးခြင်းအတွက် ခင်ဗျား နောင်တရမှာမဟုတ်ဘူးလို့တော့ ကျုပ်ထင်တယ်...ဟား ဟား..."


ရုတ်တရက် သူ့၏ ရယ်သံများက ရပ်တန့်သွားသည်။ထွက်ပေါ်လာသော ခြေသံများအရ လူအချို့လာနေပုံရသည်။


"တခြားလူတွေကကော ဒီအမွေအနှစ်ဝင်ပေါက်က်ို ဘယ်လိုများသိသွားကြတာလဲ..."


ချူချန်းရှန်နှင့် ရန်ယုတို့ ကြောင်အမှင်သက်သွားပြီးအဝေးသို့ လှမ်းကြည့်လိုက်ကြသည်။