အခန်း ၇၅၇
မင်းက...အတောက်ခံရပြီးသေချင်တာလား...
ကောင်းကင်ယံထက်ဆီသို့ ထိုးတက်နေသော အလင်းတိုင်မှ ထူးခြားဆန်းကြယ်လှသော စွမ်းအင်လှိုင်းများဖြစ်ပေါ်လာသည်။ကောင်းကင်ယံထက်မှ တိမ်များ တဖြေးဖြေးချင်း ရွေ့လျားလာပြီးနောက် ကြမ်းတမ်းခတ်ထန်လှသော လေဝဲတစ်ခု ဖြစ်ပေါ်လာသည်။
ရေကန်ထဲမှ ရေများကလည်း စတင်လည်ပတ်လာကာ ရေဝဲတစ်ခု ဖြစ်ပေါ်လာသည်။ရေကန်ထဲရှိ စ်ိတ်ဝိညာဉ် သားရဲများကလည်း ရေထဲမှ နေ၍ ခေါင်းထုတ်ကာ သူတ်ို့၏ စိတ်ဝိညာဉ် အနှစ်သာရများကို ထုတ်လွင့်၍ အလင်ူတိုင်ကို ပို၍ တောက်ပပြောင်လက်အောင် ပြုလုပ်နေပေသည်။
ရေကန်နားတွင်ရှိနေသော ကျင့်ကြံသူများက ထိုအလင်းတိုင်ကိုကြည့်၍ နှလုံးခုန်နှုန်းများ မြန်ဆန်နေလေသည်။အမွေအနှစ်များကို ထိုနေရာတွင် ရှာတွေ့မည်မှန်း သူတို့သ်ိပေသည်။၎င်းက အစားကြူးတောင်ကြား၏ အမွေအနှစ်များဖြစ်သည်။သူတို့ နှလုံးခုန် မမြန်ပဲ မည်ကဲ့သို့ နေပါမည်နည်း။အစားကြူးတောင်ကြားတောက်ပခဲ့စဉ်က မြောက်များလှစွာသော သန့်စင်နယ်မြေများပင် သူတို့လက်အောက်ခံ ဖြစ်ခဲ့သည်ကို သိကြရပေမည်။
ထို့ကြောင့် သဘာဝအားဖြင့် သူတို့၏ အမွေအနှစ်များက အဖိုးမဖြတ်နိုင်သည့် အရာများစွာ ဖြစ်ပေလိမ့်မည်။သူတို့သာ တောင်ကြား၏ အမွေအနှစ်များကို ရခဲ့ပါက ၎င်းသည် အရင်းအမြစ်များကို ရိတ်သိမ်းလိုက်နိုင်ခြင်း ဖြစ်ပြီး သူတို့၏ စွမ်းအားများကလည်း ခြိမ်းခြောက်နိုင်သည့် အဆင့်တစ်ခုသို့ ထိုးတက်သွားနိုင်ပေလိမ့်မည်။၎င်းက ကျင့်ကြံသူတိုင်းအတွက် မက်မောစရာ ကောင်းလှသော သွေးဆောင်မှု တစ်ရပ်ပင်ဖြစ်သည်။
သို့သော်လည်း ကံမကောင်းစွာဖြင့် ထ်ို သွေးဆောင်မှုက အန္တာရယ်များနှင့် ရောထွေးနေလေသည်။ကန်ထဲမှ စိတ်ဝိညာဉ် သားရဲများက အလင်းတိုင်ထဲတွင်ရောနှောနေသော စိတ်ဝိညာဉ် အနှစ်သာရများကိုပျော်ရွှင်စွာ ပြန်လည်ရှူရှိုက်ရင်း ဟိန်းဟောက်နေကြသည်။လူသားများအတွက် အခွင့်အရေးကောင်းများလိုအပ်သလို စိတ်ဝိညာဉ် သားရဲများကလည်း အခွင့်အရေးကောင်းများကို လိုအပ်ပေသည်။
သူတို့၏ ရည်ရွယ်ချက်များ တိုက်ဆိုင်နေသောအခါတွင် အက်ျိုးရလဒ်က သေခြင်းတရားပင်ဖြစ်ပေလိမ့်မည်။တစ်ချို့သော ကျင့်ကြံသူများက မစောင့်စားနိုင်ကြတော့ပေ။ကောင်းက်ျိုး ဆိုးကျိုးများကို တွက်ဆနေရင်း အချိန်ကြာလာသည်နှင့်အမျှ သူတို့ သတ်ဖြတ်ကြရန်ပင် အလျင်စလို ဆုံးဖြတ်လိုက်ကြသည်။
ကျင့်ကြံသူ တစ်ယောက်က ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီး ရေကန်အတွင်းသို့ ဒိုင်ဗင်ထိုးချလိုက်သည်။
ဗွမ်း...
ရေများလွင့်စင်သွားပြီးနောက် ကန်ထဲရှိ စိတ်ဝိညာဉ် သားရဲများက ပါးစပ်များကို ဖြဲဟကာ ရူးသွပ်စွာဖြင့် ထိုလူရှိရာဆီသို့ ကူးခတ်လာကြသည်။
တစ်စုံတစ်ဦးက ရှေ့ဆောင်လမ်းပြလုပ်လိုက်သည်နှင့် နောက်မှလူများကလည်း ထပ်တူညီစွာ ရေကန်ထဲ ဒိုင်ဗင်ထိုးကျသွားကြသည်။အစစ်အမှန်စွမ်းအင်လှိုင်းများမြင့်တက်လာသည်။ထက်မြေ့လှသော ဓားအရိပ်များ ပြန့်နှံ့လာပြီး ဓားစွမ်းအင်လှိုင်းများကလည်းရောထွေးရှုပ်ယှက်လာသည်။
လှိုင်းများက ပို၍ပင် ဘောင်ဘင်ခတ်လာပြီး သွေးများပြန့်ကျဲလာ၏။ထိုအခိုက်အတန့်တွင် ရေကန်တစ်ခုလုံး သွေးနီရောင် ပြောင်သွားလေပြီ။
ဝေါင်း...ဂါး...
သားရဲကြီးများ၏ ဟိန်းဟောက်သံကလည်း ခြိမ်းခြောက်မှုများနှင့် ပြည့်နှက်နေသည်။သ်ို့သော်လည်း ကျင့်ကြံသူများကလည်း အားမနည်းကြပေ။သူတို့အားလုံးက အမွေအနှစ်အတွက် သူတို့၏ အသက်ကိုပင် စွန့်စားထားကြပေသည်။
တိုက်ပွဲက အချိန်ကြာစွာဆက်လက်ဖြစ်ပွားနေသည်။ရေများ သွေးနီရောင်ပြောင်းသွားပြီးကောင်းကင်ယံထက်သို့ ထိုးတက်နေသော အလင်းတိုင်ပင် သွေးများ စွန်းထင်းလာသည်။ထိုမြင်ကွင်းက တကယ်ကို ကြောက်စရာကောင်းလှသည်။နောက်ဆုံး၌ စိတ်ဝိညာဉ် သားရဲများ ပြန်လည်ဆုတ်ခွာသွားကြသည်။
ကျင့်ကြံသူများက ရူးသွပ်စွာဖြင့်ပင် ရေကန်ထဲဒိုင်ဗင်ထိုးကြပြီး အလင်းတိုင်ရှိရာဆီသို့ ကူးခတ်နေကြသည်။အချိန်ခဏအတွင်းမှာပင် သူတို့ အလင်းတိုင်၏ အောက်ခြေသို့ ရောက်သွားသည်။သို့သော်လည်း သူတို့ မြင်လိုက်ရသည့်အရာက အားလုံးကို အံ့အားသင့် တုန်လှုပ်သွားစေသည်။
ရေကန်အောက်ခြေမှနေ၍ အလင်းတိုင် ထွက်ပေါ်လာခြင်းဖြစ်သည်။သို့သော်လည်း ထိုနေရာတွင် ဝင်ပေါက်မရှိပေ။ကျင့်ကြံသူများ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြပြီး စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။
ရဲရင့်သောကျင့်ကြံသူတစ်ချို့က ထိုကန်အောက်ခြေကို တိုက်ခိုက်ကြ၏ သို့သော်လည်း ကျိုးပဲ့အောင် လုပ်ဆောင်နိုင်စွမ်းမရှိပေ။ထိုအစား ကြောက်မက်ဖွယ်ကောင်းလှသောတုံ့ပြန်အားကြောင့် အဝေးသို့ လွင့်ထွက်သွားပြီး အလင်းတိုင်နဲ့ ရိုက်ခတ်မိကာ အသားပြားအဖြစ် ပြောင်းလဲသွားရသည်။
ကန်ထဲသို့ ထိုးဆင်းလာကြသော ကျင့်ကြံသူများအားလုံးက ရေမျက်နာပြင်ပေါ်သို့ မြန်မြန်ဆန်ဆန်ပင်ပြန်လည် ကူးခတ်သွားကြသည်။
ဘုန်း...
ကျင့်ကြံသူများအားလုံး ရေကန်ထဲမှ အမြောက်ဆန်တစ်ခုလ်ို ပစ်ထုတ် ခံလိုက်ရပြီးနောက် ကမ်းခြေဆီသို့ တဖွဲဖွဲ ပြုတ်ကျသွားလေသည်။ကျင့်ကြံသူများအားလုံး သူတို့ကိုသူတို့ပင် မထိန်းချုပ်နိုင်တော့ပဲ ကြောက်ရွံ့ထိတ်လန့်စွာဖြင့် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။
အချိန်အတော်ကြာပြီးနောက် ကျင့်ကြံသူတစ်ယောက်က ပြန်လည် စိတ်တည်ငြိမ်သွားပြီး အော်ဟစ်လိုက်၏။
"မှားနေပြီ ငါတို့အားလုံး မှားသွားပြီ...အမွေအနှစ် ဝင်ပေါက်က ဒီနေရာမှာ မဟုတ်ဘူး..."
ချူချန်းရှန် တုန်ယင်နေလေသည်။ရှေးဟောင်းကျောက်စိမ်းသော့အိမ်ဆိုသည်မှာက နတ်ဘုရားအဆင့် ကျင့်ကြံသူများကိုပင် ချုပ်နှောင်သည့် အလွန်ကြောက်စရာကောင်းသော စိတ်စွမ်းအင်အဆောင်ပြားတစ်ခုဖြစ်သည်။
အစားကြူးဘုတ်ပြား၏ နံပါတ် ၁ စားဖ်ိုမှူး သူအမြဲတမ်း ဦးစားပေးရသူ ရန်ယုက ရှေးဟောင်းကျောက်စိမ်း သန့်စင်နယ်မြေမှ လူတစ်ယောက်ဖြစ်နေလိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့မိပေ။ထိုခဏ၌ သူ စိတ်ပျက်မှုကိုသာ ခံစားရလေသည်။အစားကြူးတောင်ကြားက သနားစရာကောင်းလှသောအခြေအနေသို့ ရောက်ရှိနေပေပြီ။
သူ အမြဲတမ်း ဂုဏ်ယူခဲ့ရသောအစားကြူးဘုတ်ပြားပေါ်မှသူပင်လျှင် သန့်စင်နယ်မြေ၏ သူလည်းဖြစ်နေသည်။သန့်စင်နယ်မြေများက အစားကြူးတောင်ကြား၏ အကြီးအကဲ အဖွဲ့အစည်းအတွင်း သူတို့လူများ ထည့်သွင်းထားစဉ်တုန်းက သူ ကူကယ်ရာမဲ့မှုကို ခံစားခဲ့ရသည်။
သို့သော်လည်း အစားကြူးဘုတ်ပြားရှိ စားဖ်ိုမှူးများကမူလုံလုံလောက်လောက် သန်မာမှု မရှိဟုဆိုသော်လည်း သူအမြဲတမ်းဂုဏ်ယူခဲ့ရသော သူများဖြစ်သည်။မည်သို့ပင်ဆိုစေသူတို့က အရည်အချင်းအစစ်အမှန်ဖြင့် ထိပ်ဆုံးသို့ တက်လာကြသူများဖြစ်သည်။
ချူချန်းရှန် နာကျင်မှုဖြင့် ငိုကြွေးမြည်တမ်းလိုက်သည်။သူ့၏ ဒဏ်ရာများကြောင့်လား သို့မဟုတ် သူ့၏ နှလုံးသားမှ ကိုက်ခဲနာကျင်မှုကြောင့်လားဆိုသည်ကိုတော့ မည်သူမှ ခန့်မှန်းနိုင်လိုက်မည်မဟုတ်ပေ။
သူ့၏ ခန္ဓာကိုယ်ကလည်း အလင်းလှောင်အိမ်ဖြင့် ချုပ်နှောင်ခံထားရသောကြောင့် အလွန်ပင် သနားစရာကောင်ူနေလေသည်။ရန်ယု၏ အမူအရာက အေးစက်နေသည်။သူ့၏ မျက်နာပေါ်တွင် အနည်းငယ်မျှသောသနားညှာတာမှုမှ ရှာမတွေ့ပေ။တကယ်တမ်းတွင် သူ အလွန်ဒေါသထွက်ပြီး ခါးသီးနေပေသည်။
ဒီအဖ်ိုးကြီး ချူချန်းရှန်က သူ့ကို အမွေအနှစ်များ မပေးအပ်ခဲ့ပေ။သူထိုအတွက် မည်မျှကြိုးစားခဲ့ရသည်ကို မည်သူမျှသိနိုင်လိုက်မည်မဟုတ်ပေ။သို့သော်လည်း အဆုံးသတ်၌ ကလေးမလေးတစ်ယောက်က သူ့ကို အန်ိုင်ယူသွားခဲ့သည်။ထိုသို့ သူ ဖြစ်ခွင့်မပေးနိုင်ပေ။
ခြေသံများထွက်ပေါ်လာသည်။ပဲ့တင်ထပ်လာသောအသံများအရ လူတစ်ချို့ ချဉ်းကပ်လာပုံပေါ်သည်။ထိုလူစုကို သံရုပ်သေးတစ်ရုပ်က ဦးဆောင်ခေါ်လာ၏။၎င်းက နီရဲလှသောနတ်ဘုရားသတ်တုတ်ကို ကိုင်ဆောင်ထားပြီးကြောက်မက်ဖွယ်ကောင်းသော အော်ရာများကို ဖြန့်ကျက်ထားပေသည်။ရန်ယု၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီးသူ့၏ ခန္ဓာကိုယ်ကလည်း ခဏမျှ တုန်ခါသွားသည်။
ထိုရုပ်သေးက ပုဖန်၏ နောက်၌ အမြဲတမ်း လိုက်ပါနေခဲ့သည့် သူဖြစ်သည်။သူက ကြီးမြတ်သောတန်ခိုးအဆင့် ပညာရှင်ကိုပင် အနိုင်ယူနိုင်သည်။သူ ၎င်းကို ရန်မစသင့်ပေ။သူ့၏ မျက်လုံးများက ရုပ်သေးနောက်မှ လူနှစ်ယောက်ဆီသို့ ကျရောက်သွားသည်။
တစ်ယောက်သောသူက သိမ်မွေ့လှသော ခန္ဓာကိုယ်နှင့် လှပလှသောမျက်နာထားကို ပိုင်ဆိုင်ထားသည်။သူမ၏လွင့်ဝဲနေသော ခရမ်းရောင်ဆံပင်များက အသက်ရှုမှားလောက်အောင် လှပလှသည် ။အခြားတစ်ယောက်က ခန့်ညားတည်ငြိမ် တည်ကြည်လှသောအမျိုးသားတစ်ယောက်ဖြစ်သည်။
ထိုသူကို မြင်သည့်ခဏ၌ ရန်ယု လေအေးတစ်ချက်ရှ်ိုက်လိုက်မိသည်။သူ့၏မျက်ဝန်းထဲ၌လည်း သတ်ဖြတ်ခြင်း အော်ရာများ မြင့်တက်လာပေသည်။ထ်ိုသူက သူ့ကို လက်ညှိုးတစ်ချောင်းတည်းဖြင့်ပင် လွင့်ထွက်သွားအောင် လုပ်နိုင်ခဲ့သူဖြစ်သည်။ထိုမျှသာမကသေးပဲ သူ့၏ ဒိုင်လူကြီးနေရာကိုလည်း လုယူခဲ့သူဖြစ်သည်။သူ့အတွက် ထိုအရာက အကြီးအကျယ် အရှက်ခွဲခံရခြင်းပင်ဖြစ်၏။
ထို့ကြောင့်သူ ထိုလူကို အပိုင်းပိုင်းဆုတ်ဖြဲချင်လောက်အောင် မုန်းတီးနေမိပေသည်။ရန်ယုက ငရဲဘုရင်၏ ကျင့်ကြံမှု အခြေခံကို မသ်ိပေ။ငရဲဘုရင်၏ အစစ်အမှန်စွမ်းအားကိုသာ သ်ိခဲ့မယ်ဆိုပါက သူ ထိုကဲ့သို့ အမူအရာမျိုး ပြုလုပ်ရဲလိမ့်မည်မဟုတ်ပေ။
လက်တစ်ဖက်လှုပ်ရမ်းလိုက်သည်နှင့် ကျောက်စိမ်းအဆောင်ပြားသုံးခု ပေါ်လာသည်။ထို ရှေးဟောင်းကျောက်စိမ်းသော့အိမ်များက သူ့၏ အကြီးမားဆုံး သော့အိမ်များသာဖြစ်သည်။
သူက ငရဲဘုရင်ကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး တွက်ချက်နေလိုက်သည်။အကယ်၍ ထိုလူက ကြီးမြတ်သော တန်ခိုးအဆင့် ဖြစ်နေလျှင်ပင် သူဂရုမဲ့ ပြုမူနေချိန်၌ ရှေးဟောင်းကျောက်စိမ်းသော့အိမ်ဖြင့် ချူပ်နှောင်၍ ရနိုင်ပေသည်။ထိုသို့ ချုပ်နှောင်လိုက်သည်နှင့် သူလုပ်ချင်ရာလုပ်၍ ရမည်ဖြစ်သည်။
ဝှိုက်တီ၏ မီးခိုးရောင်မျက်ဝန်းများက ရွှေနန်းတော်ကိုမြင်လိုက်သည့်ခဏ၌ တဖျတ်ဖျတ်လက်လာသည်။၎င်းနန်းတော်က ရွေ့လျားမနေပေ။သူနန်းတော်ထဲတွင်ရှိနေသော ပုဖန်ကိုအာရုံခံမိလိုက်သည်။ထို့ကြောင့် သူ့၏ လုံခြုံရေးကို စိတ်ပူစရာမလိုတော့ပေ။
ထို့ကြောင့် သူ့၏ နတ်ဘုရားသတ်တုတ်ကို မြေပြင်ပေါ် စိုက်ချလိုက်ရာ မြေပြင်တစ်ခုလုံး တုန်ခါသွားသည်။ပြီးသည်နှင့် ကြမ်းတမ်းခတ်ထန်သော အသွင်အပြင်က ပျောက်ကွယ်သွားပြီး အနားယူသကဲ့သို့ ငြိမ်ငြိမ်သက်သက်ရပ်နေလိုက်လေသည်။ငရဲဘုရင်က ရန်ယု၏ မျက်ဝန်းထဲမှ သတ်ဖြတ်လိုစိတ်များကို မြင်လိုက်ရသောကြောင့် နှုတ်ခမ်းများတွန့်ကွေးသွားပြီး တွေးလိုက်မိသည်။
"ဒီရူးမိုက်တဲ့ ကောင်လေးက တကယ်ကို ရဲတင်းလွန်းတာပဲ...ဒီဘုရင်ဆီကိုတောင်မှ သတ်ဖြတ်ခြင်း အငွေ့အသက်တွေ ထုတ်လွင့်ရဲတယ်တဲ့ ငါ ဒီနေရာမှာပဲ ရှိနေပြီး သူ့ကိုလှုပ်ရှားခွင့်ပေးလိုက်မယ် တကယ်လို့ ငါဆံပင်တစ်ချောင်းကျအောင် လုပ်နိုင်မယ်ဆိုရင် သူနိုင်ပြီ ..."
သူ့၏ မျက်ဝန်းများရွေ့လျားသွားပြီးနောက် မြေပြင်ပေါ်တွင် ချုပ်နှောင်ခံထားရသော ချူချန်းရှန်ကို တွေ့လိုက်ရသည်။သနားစရာကောင်းလောက်အောင် အော်ဟစ်နေသောကြောင့် ငရဲဘုရင်၏ မျက်နာပင် ခဏမျှရှုံ့မဲ့သွားမိသည်။
သူနှစ်ကြိမ်တိုင်တိုင်မိုးကြိုးပစ်ခံလိုက်ရခြင်းအား အမှတ်ရသွားမိပြီး ချူချန်းရှန်အတွက် အလွန်စိတ်မကောင်းဖြစ်သွားမိသည်။ထိုခဏ၌ ချူချန်းရှန်နှင့် သူသည် ကမ္ဘာကြီး၏ အဆုံးတစ်ဖက်စီမှ ငြင်းပန်နှိပ်စက်မှုများကို ခံနေရသော သနားစရာအခြေအနေတူသည့် လူများဖြစ်သည်ဟုပင် ခံစားလိုက်ရပေသည်။
ထို့ကြောင့် သူ ချူချန်းရှန်ဆီသို့ လျှောက်သွားလိုက်ပြီး အလင်းလှောင်အိမ်ကို ထိကိုင်လိုက်သည်။ပစ်ဒဏ်မိုးကြိုးနှင့် နှိုင်းယှဉ်လိုက်ပါက ၎င်း အလင်းလှောင်အိမ်သည် အဆင့်တစ်ဆင့်မျှသာ အားနည်းသည်မဟုတ်ပဲ တော်တော်ကြီးကို အားနည်းနေပေသည်။ထိုအလင်းတန်းကို ဖြတ်သန်းလိုက်သည့် ခဏ၌ သူ့၏ လက်ကို နှိပ်နယ်နေသလိုမျိုး နွေးထွေးမှုကို ခံစားလိုက်ရသည်။၎င်းက အလွန် သက်တောင့်သက်သာရှိလှသည်။
သတ်ဖြတ်ခြင်းလွှမ်းခြုံနေသော မျက်နာထားဖြင့် ရန်ယုက ငရဲဘုရင်ကို ငတုံးတစ်ယောက်လို ကြည့်လိုက်သည်။
သူက ထိုလူအား တိုက်ခိုက်ခွင့်မရမှာကို စိုးရိမ်နေခဲ့သည်။သို့သော်လည်း ထိုငတုံးက သူ့ဘက်သို့ ကျောပေးလာလေသည်။
"သူက ငါကို မျက်စိထဲမထည့်ထားဘူးလား ..."
အလင်းတန်းများ မြင့်တက်လာပြီးနောက် ခဏအကြာတွင် ရန်ယုလက်ထဲမှ ရှည်လျားလှသောလျှပ်စီးတန်းတစ်ခု ထွက်ပေါ်လာသည်။ထို့နောက် သူမျက်နာပင်တွန့်လိမ်သည်အထိ အားကုန်အော်ဟစ်လိုက်သည်။
"သွားသေလိုက်တော့...မင်း သေချင်နေတာမဟုတ်လား မင်းကတကယ်ပဲ ကြီးမြတ်လွန်းတယ်ဆိုရင် မင်းရဲ့ စောင့်လက်ချောင်းနဲ့ နောက်တစ်ခါ လာထိနိုင်တယ်..."
ရန်ယု၏ မျက်ဝန်းများက ရူးသွပ်မှုများဖြင့် ပြည့်နှက်နေသည်။သူက နောက်ထပ်အဆောင်ပြားနှစ်ခုကိုပါ ချိုးချေလိုက်သည်။ရှေးဟောင်းကျောက်စိမ်းသော့အိမ်တစ်ခုထဲက သူ့ကို လုံခြုံမှုမရှိဟု ခံစားရလေသည်။
နောက်ထပ်လျှပ်စီးတန်းနှစ်ခုက ငရဲဘုရင်၏ ကိုယ်ပေါ်သို့ ကျရောက်သွားပြီးအလင်းမှုန်များဖြင့် ပြင်းထန်စွာတိုက်ခတ်မိသွားသည်။ငရဲဘုရင် ကြောင်အမှင်သက်စွာဖြင့် မတ်တပ်ရပ်လိုက်ပြီးနောက် အနောက်သို့ တဖြေးဖြေးချင်းလှည့်လာသည်ထိုလျှပ်စီးတန်းများ၏ တိုက်ခိုက်မှုက သူ့အတွက် ကလိထိုးနေကဲ့သို့ပင်။
"ဒီကောင်က ဟာသ လာလုပ်နေတာလား..."
ငရဲဘုရင်၏ မျက်ဝန်းများက ရန်ယု၏ ရက်စက်ယုတ်မာသော မျက်နာပေါ်သို့ ကျရောက်သွားသည်။ငရဲဘုရင်က သူ့အားငတုံးတစ်ယောက်ကို မြင်ရသလို ကြည့်နေသည်ကို တွေ့လိုက်ရသည့်အခါ၌ ရန်ယု၏ မျက်နာက အေးခဲသွားလေသည်။
သူက လျှပ်စီးတန်းများနှင့် ရိုက်ခတ်လိုက်သော်လည်း မျက်တောင်တစ်ချက်ပင် မတွန့်သွားပေ။
"ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...ရှေးဟောင်းကျောက်စိမ်းသော့အိမ်နဲ့ ချည်နှောင်လိုက်တာတောင်မှသူ့မှာ ဘယ်လိုဖြစ်ပြီး နာကျင်မှုလေးတောင်မရှိတာလဲ..."
ရန်ယုလေအေးတစ်ချက်ရှိုက်လိုက်မိသည်။နောက်ဆုံးတော့ တစ်စုံတစ်ရာမှားယွင်းနေသည်ကို သတိပြုမိသွားလေပြီ။
"ဒီဘုရင် အမုန်းဆုံး အရာနှစ်ခုကို မင်းသိလား ..."
ငရဲဘုရင်က တည်ကြည်လေးနက်သော အသံဖြင့် မေးလိုက်သည်။ရန်ယု၏ မျက်ဝန်းများက ပြူးကျယ်နေပြီး အနောက်သို့ ဖြေးညှင်းစွာ ဆုတ်လိုက်သည်။သူ ထွက်ပြေးလွတ်မြောက်ချင်နေပေပြီ။
ဒီရဲရင့်လှသော သူက သူမျှော်လင့်ထားသည်ထက် သန်မာနေပုံရလေသည်။သူ့၏ ရှေးဟောင်းကျောက်စိမ်း သော့အိမ်က တိုက်ခိုက်ဖို့ရန် မလုံလောက်ပေ၏
"ပထမဆုံးတစ်ချက်အနေနဲ့ ဒီဘုရင် အမုန်းဆုံးက စားသောက်ဖို့အတွက် အစပ်ချောင်းမရှိတာကိုပဲ ...ဒုတိယအနေနဲ့ကတော့ ဒီဘုရင်ရဲ့ ချောမောခန့်ညားတဲ့ မျက်နာကို လျှပ်စီးတန်းနဲ့ တိုက်ခိုက်တာပဲ..."
ငရဲဘုရင်၏ စကားလုံးများက ဖ်ိနှိပ်မှုများဖြင့် ပြည့်နှက်နေသည်။ခဏအကြာတွင် သူ့၏ ခန္ဓာကိုယ်ပေါ်မှ အလင်းသော့အိမ်က ကျိုးပဲ့သွားလေသည်။ခပ်လှမ်းလှမ်းတွင်ရှိနေသော သူတော်စင်သမီးတော်ဇီယွင်ကလည်း ရန်ယုကိုငတုံးတစ်ယောက်အား မြင်ရသလို ကြည့်နေလိုက်သည်။
"သူကများ ငါရဲ့ အကိုကြီးဟကို ရှေးဟောင်းကျောက်စိမ်းသော့အိမ်နဲ့ ချုပ်နှောင်ချင်တယ်ပေါ့လေ..."
သူမ၏ အကိုကြီးဟက လက်ညှိုးလေးတစ်ချောင်းလှုက်လိုက်ရုံနဲ့တင် နေမင်းပစ်သော ညီကို သုံးယောက်ကို သတ်ပစ်ခဲ့ခြင်းဖြစ်သည်။ရှေးဟောင်းကျောက်စိမ်းသော့အိမ် ပျက်စီးသွားသည်ကို မြင်လိုက်ရပြီးနောက် ရန်ယု၏ စိတ်ထဲတွင် တုန်ခါသွားသည်။သူ စကားတစ်ခွန်းမှမဆိုပဲ ချက်ချင်းပင် လှည့်ထွက်ပြေးလ်ိုက်သည်။
သူ့၏ ခန္ဓာကိုယ်တောင့်တင်းသွားသည်။မျက်ဝန်းများ ပြူးကျယ်နေပြီး ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်နေလေသည်။နောက်ထပ် သူသိလိုက်သော အရာက လက်ညှိုးတစ်ချောင်း သူ့နဖူးပေါ်တွင် တင်ထားသည်ပင်။
ထိုအရာများအားလုံး မည်ကဲ့သို့ ဖြစ်ပွားသွားမှန်းပင် သတိမပြုလိုက်မိပေ။ရန်ယု အဆက်မပြတ် တုန်ခါနေပြီး နဖူးမှ ချွေးသီးများလိမ့်ကျလာသည်။
"ခုဏလေးတင် မင်းဘာပြောလိုက်တာလဲ မင်းက ဒီဘုရင်ရဲ့ လက်ညှိုးနဲ့ အတောက်ခံချင်တယ် ဟုတ်လား...မင်းက လက်ညှိုးနဲ့ အတောက်ခံပြီး သေချင်တာပေါ့လေ..."
ငရဲဘုရင် အေးစက်စွာ မေးလိုက်သည်။သူ့၏ မျက်နာက ပန်းပုထုထားသလိုမျိုး ချောမောခန့်ညားလှသည်။ထိုမျက်နာပေါ်တွင် ဆံပင်ရှည်များဝဲကာကျနေပုံက နှလုံးသားမရှိစွာအေးစက်ပုံပေါက်လေသည်။
"လက်ညှိုးနဲ့ အတောက်ခံပြီး သေချင်ရမယ် ဟုတ်လား...မင်းအမေပဲ သေချင်နေလိုက် ..."
"ငါ ...ငါ...စီနီယာ ခင်ဗျားနားကြားမှားတာပါ..."
ရန်ယု အလွန်ပင် ကြောက်လန့်မိသောကြောင့် သူပြန်ဖြေသော အသံက တုန်ခါနေပေသည်။ငရဲဘုရင်က လက်တစ်ဖက်ဖြင့် သူ့မျက်နာကို ပွတ်လိုက်သည်။
"ဒီနေ့ခေတ် လူငယ်တွေရဲ့လအကြိုက်က အလွန်ထူးဆန်းလာတာပဲ ...မင်းက ဆန္ဒရှိနေတယ်ဆိုနေမှတော့ ဒီဘုရင်ကပဲ တွန့်ဆုတ်စွာနဲ့ စိတ်ကျေနပ်အောင် ဖြည့်ဆည်းပေးလိုက်ပါမယ်..."
ငရဲဘုရင်၏ လက်ချောင်းလေးက ရန်ယု နဖူးပေါ်မှ အသာလေးနောက်ဆုတ်သွားပြီးနောက် စက္ကန့်ပိုင်းအတွင်းမှာပင် ဆက်ခနဲ တောက်လ်ိုက်သည်။