အပိုင်း ၇၅၈
Viewers 52k

အခန်း ၇၅၈...


"ရေကန်ရဲ့အောက်ခြေက ဝင်ပေါက်မဟုတ်ဘူးလား ...ငါတ်ို့ အားလုံး အရူးအလုပ်ခံလိုက်ရတာလား..."


ကျင့်ကြံသူတစ်ယောက်က ကြောက်မက်ဖွယ်ကောင်းလှသော ဖိအားများကို ထုတ်လွင့်လိုက်သည်။သူ့၏ ပတ်ဝန်းကျင်၌လည်း တိတ်ဆိတ်မှုသာ ကြီးစိုးနေလေသည်။


သူက စိတ်ဝိညာဉ်လှေကား ၈ဆင့် ရှိသူဖြစ်ပြီး ကျင့်ကြံသူများထဲတွင်သန်မာဆုံးသူလည်းဖြစ်သည်။ဘေးရှိလူများက စကားတစ်ခွန်းမှပင် ဝင်မပြောရဲကြပဲ တ်ိတ်ဆိတ်နေကြလေသည်။သို့သော်လည်းအများစုက အံ့သြမှုဖြင့် ကြောင်အနေကြခြင်းဖြစ်သည်။


"အလင်းတိုင်ရှိ တဲ့နေရာမှာ ဝင်ပေါက်မရှိဘူးဆိုတော့ ဝင်ပေါက်က ဘယ်မှာများလဲ..."


ထိုလူစု တစ်ယောက်ကို တစ်ဟောက် ကသိကအောင့်ဖြစ်လိုက်စွာဖြင့် ကြည့်လ်ိုက်ကြသည်။သူတို့အားလုံးက သန့်စင်နယ်မြေမှ ပညာရှင်များဖြစ်ကြသည်။


အစားကြူးတောင်ကြား၏ အမွေအနှစ်များ ပွင့်သွားခဲ့ပြီဟူသော သတင်းက ကုန်းမြေတိုက်ကြီးတစ်ခွင်ကို ပြန့်နှံ့သွားခဲ့သည်။သူတ်ို့ ဂိုဏ်းများ၏ အဓိကစွမ်းအင်များ မြင့်တက်လာနိုင်စေရန်အတွက် ထိုအမွေအနှစ်များကို ယူရန် ရောက်ရှိလာကြခြင်းဖြစ်သည်။


သစ်ကိုင်းတစ်ခုပေါ်တွင်ရပ်နေကြသော မုချန်နှင့် လျိုကျားလီတို့ သံသယမကင်းစွာဖြင့် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။မျက်ဝန်းထဲမှ အံ့အားသင့် တုန်လှုပ်မှုများကို မြင်နိုင်ပေသည်။


"ဝင်ပေါက်က ဒီမှုမရှိဘူးဆိုတော့ ဘယ်မှာများလဲ ..."


မုချန်ခဏမျှစဉ်းစားလိုက်ပြီးနောက် တစ်စုံတစ်ရာကို တွေးတောမိသွားရုံဖြင့် လှပလှသောမျက်နာလေးပေါ်တွင် အပြုံးတစ်ပွင့်ဖူးပွင့်လာသည်။လျိုကျားလီ၏ မျက်နာသေပေါ်တွင်လည်း လေးနက်လှသော အကြည့်တစ်ချက်ကို ထုတ်ပြလာပြီး ခေါင်းညိတ်လိုက်သည်။သူတို့ နှစ်ယောက် သစ်ပင်ပေါ်မှ ဆင်းသက်လိုက်ပြီးနောက် မည်သူမှ သတိမပြုမိခင်မှာပင် အဝေးသို့ ထွက်ပြေးပျောက်ကွယ်သွားလေသည်။


အစားကြူးလမ်းမ ...


ဝမ်ရမ်ရှန်က သူ့၏ ဝါးကြည်တောက်ထဲမှ ဝိုင်တစ်ငုံ သောက်လိုက်သည်နှင့် မွှေးပျံ့သောရနံ့များ ချက်ချင်းဖုံးလွှမ်းသွားလေသည်။


"အမွေအနှစ်ဆီသို့ သွားရာ ဝင်ပေါက်...ရက်စက်မှုများနှင့် ပြည့်နေတဲ့ လမ်းမကြီးက အစားကြူးတောင်ကြားရဲ့ အမွေအနှစ်တွေကို ထိန်းသိမ်းထားတဲ့နေရာဖြစ်နေလိမ့်မယ်လို့ ဘယ်သူမှ ထင်ထားမှာမဟုတ်ဘူး..."


ဝမ်ရမ်ရှန်က ဝိုင်တစ်ငုံ ထပ်မံ သောက်လိုက်ပြီးနောက် အမွေအနှစ်များဆီသို့ ဆက်လျှောက်သွားလိုက်သည်။မကြာခင်မှာပင် ထူးခြားသော ပုံရိပ်တစ်ခုက ထိုနေရာသို့ ရောက်ရှိလာခဲ့သည်။ထိုလူက အဝတ်အစားများကို ဖယ်လိုက်ပြီး ဖြူဖွေးသော ရင်ဘတ်ကို ထုတ်ဖော်လိုက်သည်။သူ့၏ တောက်ပသော မျက်ဝန်းများက လက်ထဲရှိ ကြယ်သံလ်ိုက်အိမ်မြှောင်ကို ကြည့်နေခဲ့သည်။


"နေ့တစ်ဝက်ကျော်လောက်ရှာပြီးတော့ နောက်ဆုံး ငါတွေ့သွားပြီ ...ဒီအစားကြူးတောင်ကြားက တော်တော်ကြီးကို ကြီးတာပဲ...ဒီမင်းသားလေးတောင်မှပဲ လမ်းပျောက်တော့မလို့..."


မိုလျိုကျီ နှာခေါင်းကို ပွတ်သပ်၍ ဆက်ဖြဲဖြဲပြုံးလိုက်သည်။ပြီးနောက် ဝင်ပေါက်ဆီသို့ ခြေလှမ်းလိုက်လေသည်။ရန်ယု၏ နဖူးပေါ်မှ လက်ညှိုးလေးက ဆက်ခနဲလှုပ်ရှားသွားသည်။သူ့ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်တော့မလို ခံစားလိုက်ရပြီးအနောက်သို့ ဒယိမ်း ဒယိုင်ဖြင့် ဆုတ်သွားသည်။


ငရဲဘုရင်က ထိုမျှနှင့်ပင် မရပ်လိုက်ပဲ သူ့၏ လက်ညှိုးလေးဖြင့် နောက်တစ်ချက်ထပ်တောက်လိုက်ပြန်သည်။ထိုအတိုင်း ၁၀ကြိမ်မက တောက်ပြီးသည့်နောက် သူ့၏ စိတ်စွမ်းအင်များပင် လျော့ကျလာသလိုမျိုး ရန်ယုခံစားလိုက်ရသည်။


ငရဲဘုရင်က သူ့၏ လက်ညှိုးလေးကို ပြန်လည် ရုတ်လိုက်ပြီးနောက် နောက်ဆုံးအကြိမ်အဖြစ်တောက်လိုက်လေသည်။


ဝုန်း...


ရန်ယု လွင့်ထွက်သွားပြီး မြေပြင်ပေါ် ပြုတ်ကျသွားလေသည်။သူ သွေးတစ်လုန်အန်လိုက်၏။သူ့၏ မျက်နာပေါ်တွင် မည်သည့်အမူအရာမှမရှိပဲ ဗလာဖြစ်နေသည်။


ရန်ယု၏ နဖူးပေါ်တွင် ပေါင်မုန့်တုံးကဲ့သို့ ကြီးမားလှသောဘုကြီးတစ်လုံးပေါ်လာသည်။သူက အသက်မရှုတော့ပဲ သေနေသော သူသကဲ့သို့ ဖြစ်နေသည်။သို့သော်လည်း သူ အနည်းဆုံးတော့ သူသွေးအန်နိုင်သေးပေသည်။


ငရဲဘုရင် လက်ခါယမ်းရင်း ပြုံးလိုက်သည်။သူ့၏ နဖူးတောက်ချက်မှ လွတ်မြောက်နိုင်သည်ဆိုကတည်းက ထိုကောင်စုတ်လေး၏ နဖူးက တော်တော်မာကြောပေသည်။

 

ကျွီ ...


အဝေးဆီမှ ရွှေနန်းတော်၏ တံခါးက ကျယ်ပြန့်စွာပွင့်ဟလာသည်။ပုဖန်အလင်းလှောင်အိမ်ထဲတွင်ရှိနေဆဲဖြစ်သော ချူချန်ူရှန်ကို အမူအရာမဲ့စွာဖြင့် စူးစိုကိုက်ကြည့်လိုက်သည်။သူ့၏ လက်ကို ယမ်းခါလိုက်ပြီးနောက် နောက်ထပ်ခန်းမတစ်ခုစီသို့ ဦးတည်လျှောက်သွားလိုက်သည်။ခန်းမတံခါးကို တွန်းဖွင့်လိုက်ပြီး ခဏအတွင်းမှာပင် တံခါးက ပြန်လည်စေ့ပိတ်သွားသည်။


ငရဲဘုရနှင့် ဝှိုက်တီတို့ တစ်ယောက်ကို တစ်ယောက် ကို့ယို့ကားယားနိုင်စွာဖြင့် ကြည့်လိုက်ကြသည်။ပုဖန် ဘာလုပ်ဖို့ စီစဉ်နေသည်ကို သူတို့ မသိပေ။အချိန်အတော်ကြာအောငိ စောင့်စားပြီးသည့်နောက် ပုဖန်က ဟင်းချက်နည်းလမ်းညွှန် ခန်းမထဲမှ ထွက်လာပြီး နောက်ထပ် ခန်းမတစ်ခုစီ သွားပြန်သည်။


ပုဖန် ထိုခန်းမများအားလုံးကို ဖြတ်ကျော်ပြီးမှသာလျှင် အမွေအနှစ်များကို လက်ခံရရှိလိမ့်မည်ဟု သံသယဝင်မိခြင်းသာဖြစ်သည်။သို့သော်လည်း ရှောင်ယက အစားကြူးတောင်ကြားသခင်၏ သွေးမျိုးဆက်ဖြစ်နေသည်။ထို့ကြောင့် သူမက ထိုအခြေခံများကို ဖြတ်ကျော်စရာမလိုပဲ အခွင့်အထူးခံရခြင်းဖြစ်သည်။၎င်းက မမျှမတဖြစ်နေသည်ဆိုသော်လည်း ပုဖန်စိတ်ထဲမထားပေ။ထိုခန်းမများကို ဖြတ်ကျော်ခြင်းအားဖြင့်သူ့၌ အက်ျိုးတစ်စုံတစ်ရာရရှိပေသည်။


ဥပမာအားဖြင့် ဓားစွမရည်ခန်းမကို ဖြတ်သန်းပြီးသည့်နောက် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား၏ စိတ်ဝိညာဉ်ကို ကျွေးမွေးရန်အတွက် ဓားစိတ်ဝိညာဉ် များစွာ ရရှိခဲ့ပေသည်။


ထို့ကြောင့် ပုဖန်နှင့် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား စိတ်ဝိညာဉ်ကြားထဲ၌ ဆက်သွယ်မှုက ပို၍ မြင်သာလာသည်။သူ မသေမျိုး စိတ်ဝိညာဉ် အဆင့်သို့ တက်ရောက်နိုင်ပြီဟုပင် ခံစားနေရသည်။သို့သော်လည်း သူသေချာစွာ စဉ်းစားပြီးသည့်နောက် ထိုအကြံကို စွန့်လွှတ်လိုက်သည်။


သူ့၏ မသိစိတ်မှ ယခုသည် အချိန်မကျသေးပဲ အချိန်အတော်ကြာ ဆက်လက်စောင့်ဆိုင်းရန် ပြောဆိုနေပေသည်။သူက ခန်းမများတွင် ဆုံတွေ့ခဲ့ရသော စမ်းသပ်မှုများကို ပြတ်ပြတ်သားသားပင် ရှင်းလင်းခဲ့သည်။ဓားစွမ်းရည်ခန်းမမှကျော်ကြားသော ဓားစိတ်ဝိညာဉ်များကို ရရှိခဲ့ပြီး ချက်ပြုတ်နည်းလမ်းညွှန်ခန်းမမှ ကျော်ကြားသော ကမ္ဘာကျော်မီနူးများကို ရရှိခဲ့သည်။


ခန်းမငါးခု ဖြတ်ကျော်ပြီးနောက် ပုဖန် အနည်းငယ် ဉာဏ်အလင်းပွင့်သွားသလိုပင် ခံစားလိုက်ရသည်။အနည်းဆုံးတော့ သူ့ကို အကျိုးခံစားခွင့် များစွာ ရရှိခဲ့ပေပြီ သူစမ်းသပ်မှုများအားလုံး ပြီးဆုံးသွားသည့်အချိန်၌ နန်းတော်၏ အလယ်တွင် ဝင်ပေါက်တစ်ခု ရုတ်တရက် အော်လာလေသည်။


ထိုနေရာတွင် လှေကားထစ်များ များစွာ ပါရှိသည့် ရေဝဲတစ်ခုက ဝင်ပေါက်ထဲသို့ ဆက်သွယ်တော့သည်။ငရဲဘုရင် ပုဖန်၏ပုံရိပ်တဖြေးဖြေးဝင်ရောက်ပျောက်ကွယ်သွားသည်ကို ကြည့်နေလိုက်သည်။ထို့နောက် သူ့၏ အစပ်ချောင်းအတွက် အံတင်းတင်းကြိတ်ပြီး ပုဖန်နောက်မှ ထပ်ကြပ်မခွာလိုက်လိုက်လေသည်။


ထိုဝင်ပေါက်က တစ်ဖန်ပြန်လည်၍ ပိတ်ဆို့သွားလေသည်။ခန်းမထဲတွင် သူတော်စင် သမီးတော် ဇီယွင် ဝှိုက်တီ သနားစရာကောင်းလှသော ချုချန်းရှန်နှင့် ဉာဏ်နုံနည်းလှသော ရန်ယုတို့သာ ကျန်ရှိခဲ့လေသည်။


အမွေအနှစ်နန်းတော်၏ အနားသို့ ခြေလှမ်းများစွာ နီးကပ်လာသည်ကို ကြားနေရသည်။ဝမ်ရမ်ရှန် ဝိုင်တစ်ငုံသောက်လ်ိုက်သည်။သူ့၏ နောက်၌ ရင်ဘတ်ဗလာဖြင့် မိုလျိုကျီ ရပ်နေလေသည်။


မကြာခင်မှာပင် မုချန်နှင့် လျိုကျားလီတို့လည်းရောက်လာကြသည်။သူတို့ရှေ့၌ ခန်းနားထည်ဝါစွာရှိသော ရွှေနန်းတော်ကြီးကို မြင်လ်ိုက်ရသည့်ခဏ၌ ကျောရိုးတစ်လျှောက် စိမ့်အေးသွားသလိုပင် ခံစားလိုက်ရသည်။


အမွေအနှစ်ရွှေနန်းတော်ကြီးက အစားကြူးလမ်းမထက်၌ ရှိနေသည်ဟု မည်သူကများ တွေးလိမ့်မည်နည်း။သူတို့၏ မျက်ဝန်းများက လောဘရောင် တောက်ပြောင်လာသည်။ခဏမျှပင် တုံ့ဆိုင်းခြင်းမရှိပဲ နန်းတော်ရှိရာဆီသို့ တဟုန်ထိုးပြေးသွားလိုက်ကြသည်။


သို့သော်လည်း မကြာခင်မှာပင် သူတို့ မျက်နာပေါ်၌ စိတ်ပျက်မှုနှင့် ဒေါသများရောထွေးသည့်အမူအရာ ပေါ်လာသည်။ထိုနေရာ၌ စမ်းသပ်စစ်ဆေးမှုများက မရှိတော့ပဲ ပျက်စီး နေလေပြီ။


ဓားစွမ်းရည်ခန်းမထဲ ဝင်လိုက်သည့်အချိန်၌ ကျိုးပဲ့ပျက်စီးနေသော ဓားများကိုသာ တွေ့လိုက်ရသည်။အလားတူပင် ချက်ပြုတ်လမ်းညွှန်ခန်းမထဲ၌လည်း ပြန့်ကျဲနေသောနတ်ဘုရားအဆင့် ချက်ပြုတ်ခြင်းပစ္စည်းများကိုသာ တွေ့လ်ိုက်ရ၏။


ဝမ်ရမ်ရှန်နှင့် တခြားသူများအားလုံး ဒေါသများထွက်သွားကြသည်။သူတို့ အခက်အခဲများကို ကြိုးစားရှာ၍ ဒီနေရာသို့ ရောက်လာခဲ့ကြသည်။သို့သော်လည်း အောင်မြင်မှုများရရှိနိုင်ရန်အတွက် ကြိုးစားဖို့ အခွင့်အရေးပင်မရလိုက်ပေ။


"ဘယ်သူက ဒီလိုအရာတွေကို လုပ်သွားတာလဲ..."


"အကိုကြီး နင်လာတာ နောက်ကျလိုက်တာ..."


လေဝဲလှေကားမှ ဆင်းသက်လိုက်ပြီး အနက်ရောင်တံခါး၏ အောက်ခြေသို့ ခြေချလ်ိုက်သည်နှင့် ရှောင်ယ၏ အသံ လွင့်ပျံလာသည်။


"ရှောင်ယက သူ့ရဲ့ အမွေအနှစ်တွေကို ယူပြီးသွားပြီ ..."


ပန်းပွင့်လေး၏ ဆူပုပ်ပုပ်အသံ ထွက်ပေါ်လာပြန်သည်။နောက်ခဏအကြာ၌ ကြမ်းပြင်မှ အလင်းတန်းများ ဖြာထွက်လာပြီး ပုဖန်၏ မြင်ကွင်းများပင် ပြာဝေသွားသည်။


အခန်းတစ်ခုလုံး လင်းထိန်သွားလေသည်။ပုဖန် သူ့ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ရင်း အသက်တစ်ချက်ရှိုက်လိုက်မိသည်။


ထိုအရာက အခန်းလွတ်ကြီးတစ်ခုဖြစ်ကြောင်း သတိပြုမိလိုက်သည်။သူ့၏ မြင်ကွင်းရှေ့၌ လျှောက်လမ်းတစ်ခု ရှိနေသည်။ခြေတစ်လှမ်းစာစီ အကွာအဝေးတိုင်း၏ ဘေးတစ်ဖက်တစ်ချပ်စီတွင် မီးလင်းတိုင် နှစ်ခုရှိနေသည်။ထိုနေရာတွင် မျက်နာဖုံးတပ်ထားသော လူတစ်ယောက် ရပ်နေ၏။


ထိုနေရာတွင် အားလုံးပေါင်း အဆင့် ၉ဆင့်ရှိနေသည်။ထိပ်ဆုံးရှိ ထိုင်ခုံပေါ်တွင် ရှောင်ယနှင့် ပန်းပွင့်လေးတ်ို့ ထိုင်နေကြသည်။အစောပ်ိုင်းက ရှောင်ယ၏ နဖူးပေါ်တွင် မည်သည့်အရာမှမရှိပေ။သို့သော်လည်း ယခုမူ သူမမျက်ခုံးနှစ်ခုကြားထဲ၌ အစိမ်းရောင်ကျောက်မျက်တစ်လုံးထွက်ပေါ်လာသည်။ထိုကျောက်မျက်မှ စွမ်းအင်လှိုင်းများထုတ်လွင့်နေ၏။


"အဲ့ဒီ ကျောက်မျက်ရတနာက ရှောင်ယရရှိလိုက်တဲ့ အမွေအနှစ်လား...ဟမ်...ဒါက အမွေအနှစ်သိုလှောင်ကျောက် မဟုတ်လား...အဲ့ဒီကျောက်မျက်ထဲမှ အမွေအနှစ်မှတ် ဉာဏ်တွေက်ို ထည့်သွင်းဖုန်းကွယ်ထားတယ် ကလေးမလေး ကြီးပြင်းလာတာနဲ့အမျှ ကျောက်မျက်ရဲ့ မှော်ပညာကို သူ့အလ်ိုလို ဖြေရှင်းပြီးသားဖြစ်သွားလိမ့်မယ်...ပြီးတော့ သူမရဲ့ စိတ်ဝ်ိညာဉ်ထဲမှ ပြီးပြည့်စုံစွာပေါင်းစပ်ပြီးသားဖြစ်သွားလိမ့်မယ်..."


ငရဲဘုရင်က သူ့မေးစေ့ကို ပွတ်သပ်ရင်း ပုဖန်ကို ရှင်းပြလိုက်သည်။သူက ငရဲဘုရင်ဖြစ်နေတုန်းပင်ဖြစ်သည်။ထိုကဲ့သို့သော ဗဟုသုတများက သူ့အတွက် ပြောလောက်စရာမဟုတ်ပေ။


"ဒါပေမယ့်လည်း အဲ့ဒါက ငါတို့အတွက်တော့ ထူးခြားဆန်းကြယ်နေတုန်းပဲ ...အဲ့ဒီအမွေအနှစ်က ကလေးမလေးအတွက် ကောင်းချီးဖြစ်မလား ကျိန်စာဖြစ်မလားဆိုတာတော့ မသိနိုင်ဘူး...ဒီလို စွမ်းအင်မျိုးကို ပိုင်ဆိုင်ထားရတာက အသွားနှစ်ဖက် ပါတဲ့ ဓားသွားကို ဆုပ်ကိုင်ထားရသလိုပဲ ..."


ငရဲဘုရင်က နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်ပြီးနောက် ထပ်ပေါင်း၍ ပြောလိုက်သည်။


"ပိုင်ရှင်ပု မင်းဒီဘုရင်ကို အစပ်ချောင်းသုံးချောင်း ပေးမယ်ဆိုရင် ငါ အဲ့ဒီကလေးမလေးကို တစ်နေ့တာ ကာကွယ်စောင့်ရှောက်ပေးမယ်....ဘယ်လိုသဘောရလဲ..."


ပုဖန်၏ ဘေးတွင်ရပ်နေသော ငရဲဘုရင်က အကြံပြုစကားဆိုလိုက်သည်။ပုဖန် ငရဲဘုရင်ကို တစ်ချက်စောင်း၍သာကြည့်လိုက်ပြီး ပန်းပွင့်လေးကို ညွှန်ပြလိုက်သည်။


"သူမဘေးနားတွင်ရှိနေတဲ့ ကလေးမလေးက်ိုတွေ့လား..."


ငရဲဘုရင်အံ့အားသင့်သွားပြီး ထိုနေရာသို့ လှမ်းကြည့်လိုက်သည်။သူချက်ချင်းဆိုသလိုပင် ပင့်သက်တစ်ချက်ရှိုက်လိုက်မိသွားသည်။ခုနစ်ရောင်ခြယ် ကောင်းကင်ဝါးမြို စပါးအုံ ...ဘုရားရေ...အဲ့ဒီကလေး ရှိနေပြီဆိုမှတော့ ခင်ဗျားကို အစပ်ချောင်းပေးဖို့ လိုပါဦးမလား ..."


ပုဖန် သဘောတကျဖြင့် ရယ်လိုက်သည်။


"မိုက်မဲလှတဲ့ ကောင်လေး ဆိုးသွမ်းလိုက်တာ...ကလေးမလေး အရွယ်မရောက်သေးတာကို ထည့်မပြောနဲ့ဦး ...သူအရွယ်ရောက်လာရင်တောင်မှ ဒီဘုရင်က တစ်ယောက်ချင်းတိုက်ခိုက်ရဲသေးတယ်..."


ငရဲဘုရင် နှာခေါင်းများပွကားလာအောင်ပင် နှာတစ်ချက်မှုတ်လိုက်သည်။ပုဖန် ငရဲဘုရင်ကို အာရုံမစိုက်တော့ပဲ ပါးစပ်ပိတ်၍သာနေလိုက်သည်။ပြီးနောက် သွယ်တန်းထားသော လှေကားထစ်များတီ ခြေလှမ်းလိုက်သည်။


သူပထမထစ်ဆီသို့ ခြေလှမ်းလိုက်သည်နှင့် ခေါင်းထဲ၌ မူးဝေလာသည်က်ို ခံစားလိုက်ရသည်။ထို့နောက် သူ့၏ ပတ်ဝန်းကျင်ရှိ အရာရာကိုသာ တံလျှပ်ကဲ့သ်ို့ ပျောက်ကွယ်သွားလေသည်။ရှောင်ယ ပန်းပွင့်လေးနှင့် ငရဲဘုရင်ပါ အားလုံးပျောက်ကွယ်သွားခဲ့သည်။


သူ့၏ ရှေ့၌ ပြောင်ရှင်းနေသော နေရာလွတ်နှင့် မီးလင်းတိုင်နှစ်ခုသာချန်ထားခဲ့လေသည်။သူတို့၏ အပေါ်၌ သတ္တုမျက်နာဖုံးတပ်ဆင်ထားသည့် လူတစ်ယောက်ရပ်နေသည်။ထိုလူက သူ့ကို အေးစက်စွာအကဲခတ်ကြည့်ရှုနေလေသည်။


"ဘာတွေဖြစ်သွားတာလဲ ..."


ပုဖန် တုန်ယင်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။


"မင်းက တောင်ကြားသခင်ရဲ အမွေအနှစ်တွေက်ို ရယူချင်တယ်ဆိုရင် ဒီချက်ပြုတ်ခြင်းအနုပညာလှေကားကိုးထစ်ပေါ်မှာမင်းရဲ့ ပါရမီအရည်အချင်းတွေကို ပြသပြီး ထိုက်တန်သူဖြစ်ကြောင်း သက်သေပြရမယ်...အဆင့်တစ်ဆင့်စီတိုင်းမှာ ဟင်းပွဲတစ်ပွဲနဲ့ ပတ်သတ်တဲ့ ပြိုင်ပွဲတစ်ခုစီ ရှိနေလိမ့်မယ်...အားလုံးကို ကျော်ဖြတ်နိုင်မှသာလျှင် တောင်ကြားရဲ့ သခင်ကို ဆက်ခံတဲ့ အရည်အချင်းပြည့်မီလိမ့်မယ်..."


ပုဖန် မျက်မှောင်ကြုတ်ကာ ထိုမြင့်မားလှသော ပုံရိပ်များကို စိုက်ကြည့်လိုက်သည်။ပြီးနောက် သူ သက်ပြင်းဖွဖွ ချလိုက်သည်။အပြုအမူများက စကားလုံးများထက် ပိုကျယ်သည်ဟု ဆိုကြသလိုပင် ပုဖန် အလုပ်ဖြင့်သာ သက်သေပြရန် ဆုံးဖြတ်လိုက်သည်။


အစိမ်းရောင်မီးခိုးငွေ့များပေါ်လာပြီးနောက် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို သူဆုပ်ကိုင်လိုက်သည်။ရုတ်တရက် မျက်နာဖုံးစွပ်လူ၏ မျက်ဝန်းများက ထူးဆန်းလှသော အလင်းများ ဖြာထွက်လာသည်။ထိုအလင်းအော်ရာများက ကောင်းကင်ယံထက်ဆီသို့ ထွက်သွားသည်။


ထိုအချိန်တွင် ငရဲဘုရင်ဘက်၌လည်း အလားတူဖြစ်ရပ်မျိုးကို ကြုံတွေ့နေရသည်။သို့သော်လည်း ငရဲဘုရင်က ပုဖန် ကဲ့သို့ အေးဆေးတည်ငြိမ်မနေပေ။


သူ့၏ ပိုးသားကဲ့သို့ နက်ပြောင်လှသော ဆံနွယ်ရှည်များကိုလက်ချောင်းကလေးများဖြင့် ဆွဲယူဆော့ကစားရင်း ကျယ်လောင်စွာ ရယ်မောနေလေသည်။


"ဒီဘုရင်ရဲ့ အစစ်အမှန်စကေးတွေကို ထုတ်ပြဖို့ အချိန်ရောက်ပြီပဲ..."