အပိုင်း ၇၅၉
Viewers 53k

အခန်း ၇၅၉

ကြီးမားတုတ်ခိုင်သော အာဟတံဆိပ် အစပ်ချောင်း....


အလင်းယိမ်း သန့်စင်နယ်မြေရဲ့ ကြာကန်တစ်ခုအတွင်းတွင် စိမ်းစိုနေသော ကြာရွက်ဖားဖားများက နေရာအနှံ့ ပြန့်ကျဲနေကြပြီး ထိုကြားထဲတွင် လှပလှသော ကြာပန်းများကိုလည်း တွေ့မြင်နိုင်သည်။


ကြာပန်းများ အစွမ်းကုန် ပွင့်ဖူး နေကြကာ လှပသော မြင်ကွင်းတစ်ခုကို အပီအပြင် ဖော်ကြူးနေကြပေသည်။ရုတ်တရက် ရေကန်က စတင် တုန်ခါလာသည်။ထို့နောက် ရေပြင်က နှစ်ခြမ်းကွဲသွားကာ အထဲမှ ကြာဖူးကြီးတစ်ခု ထွက်ပေါ်လာသည်။


ကြီးမားလှသော ပွင့်ချပ်များ ပွင့်အာလာပြီး ရေကန်၏ အလယ်တွင် ကြာပန်းကလေးများမျောလွင့်နေလေသည်။ထိုခဏ၌ ကြာပွင့်ချပ်များက လည်လာကာ သင်းပျံ့လှသော မွှေးရနံ့များကို ထုတ်လွင့်လာသည်။ထိုကြာပွင့်ချပ်များ၏ အလယ်တွင် လှပလှသော ပုံရိပ်လေးတစ်ခု ရပ်နေလေသည်။


ရှည်လျားချောမွေ့လှသော ဖဲကြိုးစတစ်စ ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။ကြိုးစ၏ နောက်တွင် ဆွဲဆောင်မှုရှိလှသော ပုံရိပ်လေးတစ်ခု ရစ်ပတ်လှည့်ပါးလာသည်။


ရေမတင်လောက်အောင်ပင် နူးညံ့ ချောမွတ်ပြောင်လက်နေသော ပိုးသားကဲ့သို့ အသားအရည်က မြင်သူတိုင်း သဘောကျနှစ်သက်သွားစေသည်။


သူက ခေါင်းမော့၍ ဆွဲဆောင်မှုရှိလှသောမျက်နာကို ထုတ်ဖော်လိုက်သည်။သူခေါင်းစောင်းငှဲ့ထားချိန်တွင် ပိုးသားကဲ့သို့ ဆံနွယ်မျှင်များက တဖျတ်ဖျတ်လွင့်ခါနေသည်။


တင်းမာခတ်ထန်သော မျက်နာထားဖြင့် မြောက်များလှစွာသော ကျင့်ကြံသူများက ထိုရေကန်၏ အပြင်ဘက်တွင် ဦးညွှတ်၍ ရပ်နေကြသည်။


"သခင်မ သန့်စင်နယ်မြေအတွင်းမှာရှိတဲ့ ချန်းလုံရဲ့ အသက်ကျောက်ပြား ကွဲကြေသွားပါပြီ..."


သူက ကြာပန်းထဲမှ ထွက်ပေါ်လာသော အမျိုးသမီးဆီသို့ သတင်းပို့လိုက်သည်။ဆံနွယ်ရှည်များနှင့် ပိုးသားကဲ့သို့ အသားအရည်ပိုင်ဆိုင်ထားသော ထိုအမျိုးသမီး၏ မျက်နာထားအရ သူမက အားလုံးထက် ဝါစဉ်ကြီးပုံရလေသည်။


အမျိုးသမီး၏ မျက်ဝန်းများက ယခင်အတိုင်းပင် ငြိမ်သက်နေသည်။ထို့နောက် ကြာကန်ထဲမှ လှမ်းထွက်လာခဲ့သည်။သူမ၏ ခြေဖဝါးလေးက သလင်းကျောက်ကဲ့သို့ ကြည်လင်နေပြီး ခြေလှမ်းတိုင်းကလည်း ကျောက်စိမ်းကဲ့သို့ လှပကာ မြင်သူတိုင်းကို စွဲမက်နှစ်သက်နေစေသည်။


အမျိုးသမီးက အေးစက်စွာဖြင့်မေးလိုက်သည်။


"သခင်မ ချန်းလုံနဲ့မဟုတ်ပါဘူး ...ချန်ချမ့် နဲ့ ချန်ကုန်းတို့လည်း သေဆုံးသွားပါပြီ..."


အမျိုးသားက ဆက်လက်၍ တင်ပြလိုက်သည်။


"သူတို့ဘယ်မှာသေသွားတာလဲ ..."


"အစားကြူးတောင်ကြားထဲမှာပါ..."


ထိုလူခေါင်းကို ငုံ့ချလိုက်ပြီး ထပ်မံ ပြောလိုက်သည်။


"အရမ်းကောင်းတယ်အဲ့ဒီတော့ အစားကြူးတောင်ကြားပေါ့လေ ဟမ်း...အရင်အချိန်တုန်းက တောင်ကြားသခင် ငါ့ကို တိုက်ခိုက်ခဲ့တာကိုတောင်မှ ပြန်မပေးဆပ်ရသေးဘူး...မင်း ဒီဟာကို သန့်စင်နယ်မြေခေါင်းဆောင် သွားတင်ပြစရာမလိုဘူး ဒီကိစ္စကို ငါကိုယ်တိုင်ပဲ ကိုင်တွယ်လိုက်မယ်..."


ထိုအမျိုးသမီး၏ အနီရောင်နှုတ်ခမ်းပါးလေးများက တင်းတင်း စေ့သွားသည်။ဖီးနစ်ကဲ့သို့ မျက်ဝန်းများထဲ၌ စူးရှသော အလင်းတန်းတစ်ခု ဖြတ်သွားသည်။


ကောင်းကင်နွေဦး သန့်စင်နယ်မြေ ကျောက်ခရမ်းအကြီးအကဲက တွင်းနက်ကြီးများကဲ့သို့ မှောင်မိုက်လိုက်သော မျက်ဝန်းများကို ဖွင့်လိုက်သည်။


"အဖိုးကြီး အဖိုးကြီးလင်း သေပြီ...အဖိုးကြီးဟန်လည်း သေပြီ အားလုံးသုံးစားမရဘူး..."


ကျောက်ခရမ်းအကြီးအကဲ သက်ပြင်းအသာချလိုက်သည်။သူတို့၏ ကောင်းကင်နွေဦး သန့်စင်နယ်မြေက ဒီတစ်ကြိမ်ကြီးကြီးမားကို ဒုက္ခရောက်နေပေသည်။သူတို့၏ ပညာရှင်များစွာ တစ်ယောက်ပြီးတစ်ယောက်ကျဆုံးခဲ့ကြသည်။


"ကံမကောင်းစွာနိုင်ပဲ ဒီတစ်ကြိမ်တော့ ဒီလူအိုကြီးက အချိန်မမီလိုက်ဘူး ဒီလိုမှမဟုတ်ရင် ကိစ္စတွေကို ကိုယ်တိုင် စုံစမ်းဖို့အတွက် ငါကိုယ်တိုင် ခရီးထွက်ရတော့မယ်...ဘယ်သူကများ ဒီလူအိုကြီးကို ထပ်ခါတလဲလဲ ဆန့်ကျင်နေတယ်ဆိုတာ သိချင်မိတယ် ...."


ကျောက်ခရမ်းအကြီးအကဲက သူ့၏ ရှေ့မှ ရုပ်ထုကို လက်ဖြင့်ရိုက်လိုက်လေရာ အမှုန့်ကျေသွားလေသည်။အစားကြူးတောင်ကြား၏ အမွေအနှစ်ပွင့်လှစ်သွားပြီဆိုသည့်အကြောင်းက တောမီးတစ်စလိုပင် ပြန့်နှံ့သွားသည်။


ပြောရမည်ဆိုလျှင် တောင်ကြား၏ အကြီးအကဲများကလည်း နေရာဒေသအဖွဲ့အစည်းအမျိုးမျိုးမှ ဆင်းသက်လာသည့်သူများဖြစ်နေသောကြောင့် သတင်းပြန့်ရန် ပိုလွယ်ကူပေသည်။


ထိုသူများက သူတို့၏ ထင်မြင်ချက်များကို ဆက်တိုက် ဆွေးနွေးပြောဆို ကြပြီးနောက် အစားကြူးလမ်းမနှင့် ပတ်သတ်မည်ဟူသော ရောင်ဝါးဝါး ထင်မြင်ယူဆချက်တစ်ခု ထွက်ပေါ်လာလေသည်။


ကျင့်ကြံသူအမြောက်အများ အစားကြူးလမ်းမဆီသို့ ဦးတည်သွားကြသည်။သူတို့ကို ဦးဆောင်လာသည့်တိုင်အောင် တင်းမာခတ်ထန်သော မျက်နာထားနှင့် ကြီးမြတ်သော အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။


ကျယ်ပြန့်ပြီး အဆုံးမရှိသော လမ်းကြောင်း၁၀ခုက်ို မြင်လိုက်သည့်ခဏ၌ ထိုသူများအားလုံး စိတ်လှုပ်ရှားမှုဖြင့် တုန်ယင်သွားကြသည်။အားလုံး လမ်းပေါ်လျှောက်သွားလိုက်သည်နှင့် အံ့သြလောက်စရာ မျက်စ်ိဖမ်းစားနိုင်သော ရွှေရောင်နန်းတော်ကြီးတစ်ခုကို မြင်လိုက်ရလေသည်။


သူတို့မျက်ဝန်းထဲမှ ရူးသွပ်မှုများက ထင်ရှားလာသည်။ကောင်းကင်ယံထိတိုင်အောင် ထိုးတက်နေသော သူ့၏ အရင်းအမြစ်က ဒီနန်းတော်တွင်ရှိပေသည်။သူတို့ အပြင်မှာ မြင်ခဲ့ရသမျှက မျက်နာစာကွက်လေးတစ်ခုမျှသာဖြစ်ပြီး တကယ်တမ်းတွင် နန်းတော်ကြီးတစ်ခုလုံးအား အောက်ခြေ၌ ပုန်းကွယ်နေပေသည်။


နန်းတော်၏ ရှေ့တွင် လူစုတစ်စုရှိနေသည်ကို သူတို့ တွေ့လိုက်ရသောကြောင့် သူတို့လေအေးတစ်ချက်ရှိုက်လိုက်ကြသည်။ချူချန်းရှန်က ထောင့်တစ်နေရာတွင်မောပန်းနွမ်းနယ်စွာဖြင့်ထိုင်ရင်း လေရှူရှိုက်နေသည်။


သူတော်စင်သမီးတော် ဇီယွင်ကလည်း မြေပြင်ပေါ်တွင် ထိုင်နေပြီး ရံဖန်ရံခါတွင် နန်းတော်ရှိရာဆီ လှမ်းကြည့်နေသည်။နတ်ဘုရားသတ်တုတ်ကို ကိုင်ဆောင်ထားသော ဝှိုက်တီက ထိုနေရာမှာပင် မိန်းမောစွာရပ်နေသည်။သူ့၏ ခေါင်းပေါ်ရှိ ပုစွန်ပိစိကလည်း ပါးစပ်မှ အမြှုပ်တစီစီ ထွက်နေသည်။


ရန်ယု၏ ခေါင်းက ဖောင်းကားရောင်ရမ်းနေပြီး ကြည့်မြင်ရသည်မှာ သနားစရာကောင်းလှသည်။သူကမြေပြင်ပေါ်တွင် လဲလျောင်းနေပြီး အသက်မျှင်မျှင်လေးကို ဆုပ်ကိုင်ထားလေသည်။


မုချန်နှင့် လျိုကျားလီတို့ကမူ ဘေးတစ်ဖက်တွင် ရှုပ်ထွေးသောအမူအရာဖြင့် မတ်တပ်ရပ်နေကြသည်။ထိုနေရာတွင် အဆက်မပြတ် သောက်နေသော ဝမ်ရမ်ရှန်နှင့် ရင်ဘတ်ဖွင့်ထားသော မိုလျိုကျီတို့လည်းရှိသည်။


ထိုလူစုကို မြင်လိုက်သည့်အခါ၌ ဝင်လာကြသော ကျင့်ကြံသူများ ထူးဆန်းအံ့သြသွားကြသည်။


"အမွေအနှစ်နန်းတော်ကြီးက သူတို့ရှေ့မှာ ရှိနေတယ်မဟုတ်ဘူးလား...ဒီလူတွေက ဘာလို့ တစ်ယောက်နဲ့ တစ်ယောက် မတိုက်ခိုက်ကြတာလဲ...မဟုတ်မှလွဲရော သူတို့ တစ်စုံတစ်ခုကို စောင့်နေတာများဖြစ်နိုင်လား ဒါဆို ဘာကိုများစောင့်နေကြပါလိမ့်..."


တစ်ချို့ကျင့်ကြံသူများကလည်း သင်္ကာမကင်းစွာဖြင့် သူတို့၏ ပတ်ဝန်းကျင်ကို အကဲခတ်စစ်ဆေးကြည့်ကြလေသည်။သူတို့အားလုံးက ရွှေနန်းတော်ကြီးကို သေချာစွာ ကြည့်ရှုပြီးသည်နှင့် သူတို့ ဦးတည်ရာ လမ်းကြောင်းဆီသို့ လျှောက်ဝင်သွားကြသည်။


မကြာခင်မှာပင် မဲမှောင်နေသော မျက်နာထားများဖြင့် တစ်ယောက်ပြီးတစ်ယောက်ပြန်ထွက်လာကြလေသည်။


"ဘယ်လိုလူမိုက်မျိုးကများ ဒီနေရာကို ဖျက်စီးသွားရတာလဲ အဓိပ္ပါယ်မရှ်ိလိုက်တာ..."


သူတို့အားလုံး ခန်းမများထဲ၌ မြင်ခဲ့ရသော မြင်ကွင်းကို မယုံနိုင်ပင်ဖြစ်နေကြသည်။ခန်းမတိုင်းက ဓားကျွမ်းကျင်မှု ခန်းမကဲ့သို့ပင် ဖျက်စီးခံထားရသောကြောင့် သူတို့အံ့အားသင့်ခဲ့ရ၏။


သူတို့ထဲမှ အများစုက အီးမှန်သော မျက်နာထားမျိုး ဖြစ်နေကြသည်။အဖွဲ့ထဲမှ အသန်မာဆုံးသူများ၏ စိတ်ထဲတွင်လည်း နှုတ်ထွက်ချင်စိတ်များ ဖြစ်ပေါ်နေသည်။


"ဒီအမွေအနှစ်တွေက သူတို့ ကြည့်ရုံပဲ ကြည့်ပြီး မရနိုင်တဲ့ အရာမျိုးများလား...တစ်စုံတစ်ယောက်က ထိုကြွယ်ဝတဲ့ အရင်းအမြစ်တွေ ရသွားမှာကို သူတို့က ဘေးကနေပဲ ရပ်ကြည့်နေရုံ တက်နိုင်တာလား...ကောင်းပြီလေငါတို့က ပုံမှန်အတိုင်း ဝင်လို့မရဘူးဆိုမှတော့ ငါတို့ နည်းလမ်းအတိုင်း တိုက်ခိုက်ကြတာပေါ့..."


ကြီးမြတ်သောတန်ခိုးအဆင့် ကျင့်ကြံသူက အေးစက်စွာဖြင့် အဆိုပြုလိုက်သည်။ထိုအခိုက်အတန့်တွင် အားလုံးက အဆိုပြုချက်ကို လက်ခံပုံဖြင့် တိုက်ပွဲကြွေးကြော်သံများ ဟစ်ကြွေးလိုက်ကြသည်။


သို့သော်လည်းခဏအကြာ၌ လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကသိကအောင့်ဖြစ်စွာဖြင့် စိုက်ကြည့်နေကြသည်။


"တိုက်ကြမှာတော့ ဟုတ်ပါပြီ ဘယ်သူက အရင်ဆုံး စလှုပ်ရှားသင့်လဲ..."


ပုဖန်သူနှင့် ခပ်လှမ်းလှမိးတွင်ရှိနေသော မျက်နာဖုံးစွပ်လူကို အေးစက်စွာစိုက်ကြည့်လိုက်သည်။ထိုလူ၏ ပုံရိပ်က စတင်ပြောင်းလဲလာပြီး မျက်ဝန်းမှ အလင်းများတောက်လာကာ မြောက်များလှစွာသော အလင်းများက်ို ထုတ်လွင့်လာသည်။


ပုဖန် မျက်ဝန်းများမှေးစင်း၍ ကြည့်လိုက်ပြီးနောက် ထိုစာရင်းထဲ၌ အဆင့်မြင့်ဟင်းပွဲတစ်ခုမှပင် မပါကြောင်း သတိပြုမိလိုက်သည်။ပုဖန်၏ လက်ထဲမှ မီးဖိုချောင်သုံးဓားက လှပသိမ်မွေ့စွာ ကခုန်သွားပြီး သူ့၏ ဟင်းပွဲကို စတင်ရန် ပြင်လိုက်သည်။


ပုဖန်၏ မျက်နာချင်းဆိုင်မှ ပုံရိပ်လှုပ်ရှားမှုများကလည်း ပြီးပြည့်စုံလှသည်။သို့သော် ပုဖန်နှင့် ယှဉ်လိုက်လျှင် သူ့၏ လှုပ်ရှားမှုများက မနူးညံ့ပေ။


သူတို့က အမှားကင်းစွာ လုပ်ဆောင်ခဲ့သော်လည်း ပုဖန်နှင့် ယှဉ်လိုက်လျှင် လျော့နည်းနေတုန်းပင်ဖြစ်သည်။ပစ္စည်းများအားလုံးကို ပြင်ဆင်ပြီးနောက် မီးဖိုချောင်သုံးဓားက ဝှေ့ယမ်းသွားပြီး ထိုပါဝင်ပစ္စည်းများအားလုံးကို ဒယ်အိုးထဲသို့ ကျရောက်သွားစေသည်။


ဒယ်အိုးထဲ၌ ဆီအပူပေးထားပြီးသားဖြစ်သောကြောင့် မွှေးကြိုင်လှသော ရနံ့က ချက်ချင်းထွက်ပေါ်လာသည်။ပုဖန်က နှုတ်ခမ်းတင်းတင်းစေ့ထားပြီး သူ့ရှေ့မှ ပုံရိပ်ကို အေးစက်စွာစိုက်ကြည့်နေသည်။


ထို့နောက် သူ့၏ လှုပ်ရှားမှုများကို အရှိန်မြင့်လိုက်သည်။သူ့၏ အချက်အပြုတ်နှုန်းက လျှပ်စီးတန်းကဲ့သို့ပင် မြန်လှသောကြောင့် အချက်အပြုတ်အမြန်ဆုံးစားဖိုမှူးတစ်ဦး ပေါ်ထွက်လာလေပြီ။


ဝုန်း...


ဒယ်အိုး တုန်ခါသွားပြီးနောက် ၎င်း၏ နောက်မှ မီးတောက်များက ကောင်းကင်ယံဆီသို့ ဒေါသတကြီး ပြေးတက်သွားသည်။ဒယ်အိုးနှင့် ဆန့်ကျင်ဘက်ဖြစ်စွာပင် ပုဖန်၏ လှုပ်ရှားမှုများကမူ အမြဲတစေ ငြိမ်သက်နေတုန်းပင်ဖြစ်သည်။ဒယ်အိုးတွင်းမှ ပါဝင်ပစ္စည်းများအရောင်ပြောင်းလာပြီးနောက် သူ့၏ နှလုံးသားထဲတွင် ပျော်ရွှင်မှုတစ်ရပ်ဖြစ်ပေါ်လာသည်။


ပုဖန်က ကြိုတင်ပြင်ဆင်ထားပြီးသောပန်းကန်လုံးထဲသို့ ဟင်းပွဲကို ခပ်ထည့်လိုက်သည်။ထို့နောက် အပေါ်မှနေ၍ သိပ်သည်းလှသော ဆော့စ်ရည်ပျစ်ပျစ်ကို စမ်းလိုက်ပြီး ဟင်းပွဲ၏ နောက်ဆုံးအဆင့် ပြီးဆုံးသွားပေပြီ။


ပုဖန် သူ့ဟင်းပွဲကို အဖုံးအုပ်လိုက်သည်နှင့် ထွက်ပေါ်နေသော မွှေးရနံ့များကို ချုပ်နှောင်လိုက်ပြီးသားဖြစ်သွားသည်။ပုဖန်က သူ့၏ ကျွမ်းကျင်မှုကို သူ အလွန်အမင်းယုံကြည်မှုရှိပေသည်။ဒီတစ်ပွဲ၏ အနိုင်ရသူက သူဖြစ်ကြောင်း သံသယရှိစရာမလိုတော့ပေ။


သူ့ပြိုင်ဘက်၏ ကျွမ်းကျင်မှုက တတိယအဆင့် စားဖိုမှူးနှင့်သာ တူလေသည်။ထိုသူ၏ အတွေ့အကြုံ သို့မဟုတ် စိတ်ရှည်သည်းခံမှုများလျော့နည်းနေသည်။ပုဖန်က သူ့၏ပြိုင်ဘက် သူ့ကို အမှီလိုက်နိုင်အောင်လို့ ကြင်နာမှု ပြသခဲ့ပြီးဖြစ်သည်။


တစ်ချိန်တည်းမှာပင် ငရဲဘုရင်ကလည်း သူ့၏ စမ်းသပ်စစ်ဆေးမှုကို ခံယူနေလေသည်။သူဆံပင်များကို ယမ်းခါလိုက်သည်။အမှန်တိုင်းပြောရလျှင် ထ်ိုကဲ့သို့ စမ်းသပ်မှုမျိုး ကြုံရလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားမိပေ။သို့သော်လည်း အချက်အပြုတ်ပညာများကို ကိုယ်တိုင်ကိုယ်ကျ သုံးခွင့်ရခြင်းက အလွန်ပင် ကျေနပ်ကြည်နူးစရာ ကောင်းလှသည်ဟု ခံစားမိလေသည်။


သူ့၏ အမူအရာကို ကြည့်မိသည့်သူတိုင်း သူဘာကို ရည်ရွယ်နေသည်အား ခန့်မှန်းနိုင်လေသည်။ငရဲဘုရင်က သူ့၏ မျက်နာကို ဖုံးအုပ်လိုက်ပြီး ထူးဆန်းစွာ ရယ်မောလိုက်သည်။


"ပုဖန် ပုဖန် ဒီကောင်စုတ်လေးကလေ ဒီဘုရင်က်ို အစပ်ချောင်းစားခွင့်မပေးဘူး ဒီလိုဆိုမှတော့ ငါကိုယ်တိုင်ပဲ အစပ်ချောင်းချက်လိုက်ပြီးတော့ အဲ့ဒီကောင်စုတ်လေး အံ့အားသင့်သွားအောင် လုပ်လိုက်မယ်..."


ဝီ...


ထိုခဏမှာပင် သူ့၏ ရှေ့၌ မီနူးတစ်ခုပေါ်လာသည်။ငရဲဘုရင်က မျက်ဝန်းတောက်တောက်များဖြင့် ထ်ိုအစီအရင်ကိုကြည့်လိုက်၏။သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများအေးစက်စွာ တုန်ယင်သွားပြီးနောက် လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရုံနှင့် ထိုမီနူးက အမှုန်အဖြစ်ပြောင်းလဲသွားသည်။


"ငါနှလုံးသားထဲမှာ ဟင်းပွဲရှိပြီးသား...သေချာပေါက် အဲ့ဒါကိုပဲချက်မယ် ဒီတစ်ကြိမ်မှာတော့ ဒီဘုရင်ကို ဘယ်သူမှ လာတားလို့မရစေရဘူး...ဒီဘုရင် ချစ်မြတ်နိုးရတဲ့ အစပ်ချောင်းလေးတွေကို ဖန်တီးမယ်..."


ထို့နောက် ငရဲဘုရင်က သူ့၏ အစပ်ချောင်းများကို စတင်ပြုလုပ်လေသည်။


အာဟတံဆိပ် အစပ်ချောင်း...


တကယ်တမ်းတွင် ၎င်းကို စောင့်မျှော်နေရသည်ကလည်း ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းလှသည်။ငရဲဘုရင်၏ ပြိုင်ဘက်ကလည်း မျက်နာဖုံးတပ် လူသားပင်ဖြစ်သည်။ထိုသူက သူ့၏ ဟင်းပွဲကို ဂရုတစိုက်ဖြင့် ချက်ပြုတ်နေသည်။


သူ့၏ လှုပ်ရှားမှုများက အမှားကင်းပြီး ရေအလျင်ကဲ့သို့ ချောမွေ့စွာစီးဆင်းနေလေသေု ရေအလျင်ကဲ့သို့ ကြည့်မိနေသူ၏ စိတ်ကို အေးချမ်းသွားစေနိုင်သည်။ရုတ်တရက် 


ဘုန်း...


ထိုမျက်နာဖုံးစွပ်လူသားက ခေါင်းမော့ကြည့်လိုက်ပြီး သူ့၏ အကြည့်များက အေးစက်သွားလေသည်။


ဝုန်း...


နောက်ထပ်ကျယ်လောင်သော ပေါက်ကွဲသံများ တန်းစီ ထွက်လာပြီးနောက် ငရဲဘုရင်၏ မီးဖိုခုံတစ်ခုလုံး အစိမ်းရောင်အခိုးအငွေ့များလွှမ်းခြုံသွားသည်။ထိုအခိုးအငွေ့များနှင့်အတူ လိုက်ပါလာသော ညှော်နံ့က လူများကို မျက်မှောက်ကြုတ်မိသွားစေနိုင်သည်။


ထိုမျက်နာဖုံးစွပ်လူက ခေါင်းငုံ့၍ သူ့၏ ဟင်းပွဲကိုသာ ဆက်လက်ချက်ပြုတ်နေသည်။မကြာခင်တွင် သူ့ဟင်းပွဲက တည်ခင်းရန် အဆင်သင့်ဖြစ်သွားပေပြီ။


ကောင်းကင်မှ ကျဆင်းလာသောအလင်းတန်းတစ်ခုက အပူငွေ့လေးများထုတ်လွင့်နေသည့်ဟင်းပွဲဆီသို့ ကျရောက်လာသည်။ထိုအလင်းများက ဟင်းပွဲကို လုံးဝ ဖုံးအုပ်သွားပြီးနောက် အထဲတွင်ရှေးကျလှသော အက္ခရာများကိုပင် မြင်နေရသလို ထင်နေရသည်။


ဝေါ ...


ကျယ်လောင်သောအသံများပဲ့တင်ထပ်ထွက်ပေါ်လာပြီး မီးဖိုခုံတစ်ခုလုံး တုန်ခါသွားသည်။အလင်းတိုင်ပင် ပျောက်ကွယ်လုနီးပါးဖြစ်သွားလေ၏။


ငရဲဘုရင် ပါးစပ်ဖွင့်ဟ၍ အနက်ရောင်မီးခိုးများကို မှုတ်ထုတ်လိုက်သည်။ထိုမြင်ကွင်းကို မြင်လိုက်ရသူများ ကြောင်အမှင်သက်သွားမည်မှာ သေချာပေသည်။ရုတ်တရက် ကောင်းကင်မှ နောက်ထပ်အလင်းတိုင်တစ်ခု ကျဆင်းလာပြီး ငရဲဘုရင်၏ ဟင်းပွဲကို ဖုံးအုပ်သွားသည်။


မကြာခင်မှာပင် အလင်းများက ပို၍ သိပ်သည်းလာပြီးနောက် အဆုံး၌ ပျောက်ကွယ်သွားသည်။ငရဲဘုရင်၏ နားထဲတွင် ဆူညံသံများ ကြားလိုက်ရပြီးနောက် သူကြောင်အမှင်သက်သွားမိသည်။ငရဲဘုရင်၏ မီးဖိုခုံတစ်ခုလုံး ပျောက်ကွယ်သွားလေသည်။


ဆူညံနေသော နန်းတော်ထဲတွင် ငြိမ်သက်မှုများ အစားထိုးဝင်ရောက်လာသည်။အားလုံး၏ အကြည့်များက ကျရောက်လာသော အလင်းတန်းရှိရာဆီသို့ ကျရောက်သွားပြီး ထိုထဲမှ ပုံရိပ်တစ်ခုထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။


ထိုခဏမှာပင် အားလုံး အံ့သြတုန်လှုပ်မှုကို ခံစားလိုက်ရသည်။သူ့၏ မျက်နာကို ပွတ်သပ်လိုက်သည်။သူ့၏ နှုတ်ခမ်းထက်တွင် စိတ်ပျက်လက်ပျက်ဖြစ်နေသောအပြုံးတစ်ခု တွဲချိတ်နေသည်။


"ရှက်ဖို့ကောင်းတာပဲ...သူက ငရဲဘုရင်လေဒါတောင်မှပဲ အမွေအနှစ်နည်းနည်းလေးမှတောင် ဖမ်းမမိလိုက်ဘူးတဲ့ ...သူ့ရဲ့ အချက်အပြုတ်စွမ်းရည်က နည်းနည်းလေးပဲ အားနည်းတာမဟုတ်ဘူးလားသူပြင်ဆင်လိူက်တဲ့ အစပ်ချောင်းကဟိုကောင်စုတ်လေး ပြင်ဆင်တာထက် နည်းနည်းလေးပဲဆိုးရွားတာမဟုတ်ဘူးလား...ဘာကြောင့်များဒီလောက် ကြမ်းကြမ်းတမ်းတမ်းဆက်ဆံဖ်ို့လိုအပ်တာလဲ..."


 သူလက်ဖဝါးဖွင့်လ်ိုက်သည်နှင့် ကြီးမားတုတ်ခိုင်သောအနက်ရောင်အစပ်ချောင်းအနည်းငယ်ရှိနေသည်ကို တွေ့လိုက်ရသည်။ငရဲဘုရင်၏ နှာခေါင်းများပွကားသွားပြီး ဖြူဖွေးညီညာသော ပုလဲရောင်သွားများပေါ်သည်အထိ ပြုံးလိုက်သည်။ထို့နောက် သူကျယ်လောင်စွာရယ်မောလိုက်လေသည်။


ပုဖန်က သူ့၏ အိမ်နီးချင်းကောင်း ငရဲဘုရင်တစ်ယောက် အရည်အချင်းမပြည့်မီကြောင်းကို မသိသေးပေ။ဒါပေါ့...သူသိခဲ့လျှင်လည်း ထိုအရာက သူမျှော်လင့်ထားသည့်အတွင်းမှာပင် ရှိနေသေးသည်။


ထိုလူပေါ်ထွက်လာမှုက လုံးဝ မတော်တဆဖြစ်ရပ်တစ်ခုသာဖြစ်သည်။သူ အမွေအနှစ်စီးဆင်းမှုကို ပါဝင်သည်က ဟာသတစ်ခုထက်မပိုပေ။မည်သို့ပင်ဆိုစေ ပုဖန်ကလည်း ထိုငရဲဘုရင်အမွေအနှစ်များကိုမလ်ိုအပ်ကြောင်း သိသည်။


အမွေအနှစ်ဟုခေါ်သော ထိုအရာက ငရဲဘုရင်အတွက် နည်းနည်းမှ အသုံးဝင်လိမ့်မည်မဟုတ်ပေ။


ဝေါ...


အလင်းတန်းတစ်ခုကျဆင်းလာပြီး ပုဖန်၏ ဟင်းပွဲကို ဖုံးကာသွားသည်။အနိုင်ရရှိသူက ပုဖန်ပင်ဖြစ်ကြောင်း သံသယရှိစရာပင်မလိုပေ။သူ့ပြိုင်ဘက်၏ ဟင်းပွဲက ထိုချေခံလိုက်ရပြီး အလင်းတိုင်ပြန်လည်ပျောက်ကွယ်သွားသည်။


ခဏအတွင်းမှာပင် သူ့၏ ရှေ့မှ ပုံရိပ်ယောင်များအားလုံး ပျောက်ကွယ်သွားပြီး ပုဖန် ပထမလှေကားထစ်မှာပင် ရှိနေသေးသည်က်ို သတ်ိပြုမိလ်ိုက်သည်။


ကြည့်ရသည်မှာ သူ့အတွက် ဖြတ်ကျော်ဖို့ ခက်ခဲပုံမပေါ်ပေ။ပုဖန် ဒုတ်ိယအဆင့်သို့ ခြေလှမ်းချလ်ိုက်သည်။သူ့၏ လက်များက သိမ်မွေ့စွာ ကခုန်သွားပြီး ဒုတ်ိယအကြိမ်အတွက် ပြင်ဆင်လိုက်လေသည်။


နန်းတော်၏ အပြင်ဘက်တွင်ရှိနေကြသော သူများအားလုံးက ရုတ်ရုတ်သဲသဲဖြစ်နေကြသည်။သူတို့၏ စွမ်းအင်များကို ထုတ်ဖော်ကာ နန်းတော်ကို စုပေါင်းတိုက်ခိုက်ပြီး အမွေအနှစ်များကို လုယူရန် ပြင်ဆင်နေကြလေသည်။