အခန်း ၇၆၀
ကြာပွင့်ကြီးမဟုတ်ပဲ ကြာပွင့်ဖတ်...
လူစုကို ဦးဆောင်ထားသော ကြီးမြတ်သော တန်ခိုးအဆင့် ကျင့်ကြံသူ၏ မျက်ဝန်းများက စူးရှ တောက်ပနေသည်။သူ့လမ်းကြောင်းပေါ်တွင်ရှိနေသော အရာအားလုံးကို အင်အားသုံး၍ ဖျက်စီးခြင်းမှလွဲ၍ တခြားနည်းလမ်းမရှိတော့ပေ။
ရွှေနန်းတော်ကို စိုက်ကြည့်နေသော သူ့၏ မျက်နာပေါ်တွင် တွန့်ဆုတ်မှုအရိပ်တစ်ခု ဖြတ်သန်းသွားသည်။အကယ်၍ မလိုအပ်ဘူးဆိုလျှင် သူ ဒီအစီအစဉ်ကို အသုံးပြုလိမ့်မည်မဟုတ်ပေ။
သို့သော်လည်း သူက နောက်ဆုံးမျဉ်းကို နင်းထားမိနေပြီ။သူသာ အမွေအနှစ်များကို လိုချင်သည်ဆိုလျှင် ရွေးချယ်စရာမရှိတော့ပဲ နန်းတော်ထဲ အင်အားသုံး၍ ဝင်ရပေမည်။
သူ့လမ်းကြောင်းပေါ်တွင်ရှိနေသော အရာအားလုံးကို အင်အားသုံး၍ ဖျက်စီးခြင်းမှလွဲ၍ တခြားနည်းလမ်းမရှိတော့ပေ။ကျင့်ကြံသူများစုရုံးနေကြသည့်နေရာ၌ စွမ်းအင်လှိုင်းများက သူတို့၏ ဘေးပတ်လည်တွင် ဝန်းရံနေသည်။တိုးမြင့်လှသော သူတို့၏ အော်ရာများက တဖြေးဖြေးချင်းတည်ငြိမ်လာသည်။
တစ်ချို့လူများက သတ်ဖြတ်ခြင်းအငွေ့အသက်များပြည့်နှက်နေသော လှံရှည်များကို ကိုင်ဆောင်ထားသလို တစ်ချို့က တောက်ပစူးရှသော ဆေဘာဓားများကို ကိုင်ဆောင်ထားကြသည်။
ထိုကျင့်ကြံသူများအားလုံးက ကုန်းမြေတိုက်ကြီး၏ နေရာအနှံ့အပြားမှ ရောက်လာကြခြင်းဖြစ်သည်။သူတို့က အမွေအနှစ်များကို အင်အားသုံးလုယူရန် အဆင်သင့်ဖြစ်နေပြီး သူတို့၏ မျက်ဝန်းများက ဒေါသဖြင့် အလျှံညီးညီးတောက်လောင်နေနေလေသည်။ပြောရမည်ဆိုလျှင် ဒီနေရာ၌ အမွေအနှစ်များကို မလိုချင်သူ တစ်ယောက်မှမရှိပေ။
ရွှီ...
ခေါင်းဆောင်သူ ကြီးမြတ်သော တန်ခိုးအဆင့်ကျင့်ကြံသူက လေးညွှန့်မှ ပစ်လွှတ်လိုက်သော မြှားတစ်စင်းအလား အလင်းတစ်ခုအဖြစ်ပြောင်းသွားကာ နန်းတော်ဆီသို့ ဦးတည်လိုက်လေသည်။
သူက နန်းတော်အတွင်းသို့ တိုက်ရိုက်ထိုးဖောက်ဝင်ရောက်ဖူးခြင်းဖြစ်သည်။သူ့၏ တိုက်ခိုက်မှုက ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။ထိုမြင်ကွင်းကို မြင်လိုက်သည်နှင့် ကျန်နေသည့် ကျင့်ကြံသူများအားလုံးကလည်း တိုက်ပွဲ ကြွေးကြော်သံများကို အော်ဟစ်လိုက်ကြပြီး သူတို့၏ တိုက်ခိုက်ရေးအော်ရာများကလည်း တရှိန်ထိုး မြင့်တက်လာပြီး နေရာတစ်ခုလုံး မီးရှူးမီးပန်းများ ပစ်ဖောက်သလို ဆူညံသွားလေသည်။
သို့သော်လည်း ထိုလှပသည့် မြင်ကွင်းကို သူတို့၏ ကြမ်းတမ်းခတ်ထန်သော စွမ်းအင်များက ဖျက်စီးပစ်နေလေသည်။ချူချန်းရှန်နှင့် တခြားသူများက ထိုမြင်ကွင်းကို အေးစက်စွာသာကြည့်နေကြသည်။
ကြယ်သံလိုက်အိမ်မြှောင်ကို ကစားနေသော မိုလျိုကျီ၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။ထိုလူစု၏ တိုက်ခိုက်မှုအမျိုးမျိုးကို ကြည့်၍ လှောင်ရယ်ရယ်လိုက်သည်။ဒီငတုံးတွေကတော့ ဒီအမွေအနှစ်နန်းတော်ကို အစားကြူးတောင်ကြား၏ ပထမဦးဆုံးသော တောင်ကြားသခင် တည်ဆောက်ထားခဲ့ခြင်းဖြစ်သည်။
ဆက်ခံသူတိုင်းက ရာစုနှစ်များ တစ်လျှောက် တဖြေးဖြေး အဆင့်မြင့်လာခဲ့သည်။ထို့ကြောင့် ယခုလက်ရှိ နန်းတော်၏ အခင်းအကျင်းအစီအရင်များ အကာအကွယ်ယန္တရားများက ထိုယဉ်ကျေးမှုမရှိသော ဉာဏ်နုံနည်းသည့် ဝက်တစ်သိုက် ဖျက်စီးနိုင်မည့်အရာများမဟုတ်တော့ပေ။
"ဒီလို စွမ်းအားလွန်စွမ်းအင်တွေကို အင်အားသုံးပြီးတော့ ဖျက်စီးမယ်ပေါ့လေ...ထားလိုက်တော့ ဒီဝက်တစ်သိုက်ကို လျစ်လျူရှုထားလိုက်တော့..."
ချူချန်းရှန်ပင်လျှင် ငြိမ်သက်သာစွာ ရှိနေသည်။အမှန်တိုင်းပြောရမည်ဆိုလျှင်လည်း ချူချန်းရှန်က တကယ်ကို အေးဆေးတည်ငြိမ်နေပေသည်။သူမြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး သူရောက်ရှိခဲ့သော ဒဏ်ရာများအားလုံးကို စတင်၍ ပြန်လည်ကုစားနေသည်။ထိုလူစုကို ကြည့်၍ အေးစက်သော လှောင်ပြုံးတစ်ခု လှစ်ဟလိုက်ကာ တွေးတောလိုက်မိသည်။
"သူတို့ရဲ့ ဒီလိုအကြမ်းဖက်တိုက်ခိုက်မှုကြောင့် မကြာခင်မှာပဲ ပြန်လည်ပေးဆပ်ရလိမ့်မယ်..."
ငရဲဘုရင်ပြန်ရောက်လာမှုကြောင့် သူဇီယွင်၏ မျက်ဝန်းလေးများ ပျော်ရွှင်မှုဖြင့် တောက်ပသွားသည်။သူမက ခုန်ကျော်၍ ငရဲဘုရင်၏ ဘေးနားသို့ ရောက်သွားသည်။
ငရဲဘုရင်၏ လက်ရှိစိတ်အခြေအနေက အနည်းငယ်ရှက်ရွံ့ပြီး ကသိကအောင့်ဖြစ်နေပေသည်။
"သူကဲ့သို့ တန်ခိုးကြီးမြတ်ကျော်ကြားလှသော ငရဲဘုရင်ကြီးက အစီအရင်လေးတစ်ခုသာသာလောက်ကို မပြင်ဆင်နိုင်ဘူးတဲ့ ...ဒီကမ္ဘာကြီးက ဘာတွေဖြစ်နေတာလဲ ဒါက ဟင်းပွဲသေးသေးလေးတစ်ခု ချက်ပြီးတော့ နည်းနည်းလေး လောင်ကျွမ်းပြီးတော့ နည်းနည်းလေး ပုံပျက်သွားတာပဲမဟုတ်ဘူးလား..."
ငရဲဘုရင်က သူ့လက်ထဲမှ ကြီးမားတုတ်ခိုင်လှသော တူးခြစ်နေသည့် အစပ်ချောင်းများကိုကြည့်ရင်း နှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။သူ ခေါင်းအနောက်ကို အသာပွတ်လိုက်သည်။အစောပိုင်းက ထိုကဲ့သို့ ကြီးမားတုတ်ခိုင်လှသည့် အစပ်ချောင်းမျိုးပြုလုပ်ရန် မရည်ရွယ်ခဲ့ပေ။သို့သော်လည်းအစပ်ချောင်းသေးသေးလေးကို စားသည့်အချိန်တိုင်း သူ့အတွက် လုံလောက်မှုမရှိဟု တွေးမိလေသည်။
သူဧရာမအစပ်ချောင်းကြီးကို ပြုလုပ်လိုက်မည်ဆိုလျှင် စားရသည်မှာ ပိုပြီး စိတ်ကျေနပ်မှု ရှိလာနိုင်မည်မဟုတ်လား...ပထမဦးစာ ငရဲဘုရင်က ထူးကဲလှသော အာဟအမှတ်တံဆိပ် အစပ်ချောင်းပြုလုပ်ချင်ခဲ့သည်။ပြုလုပ်နေစဉ်အတွင်း၌ တစ်စုံတစ်ရာ မှားယွင်းသွားပြီး သူမျှော်မှန်းထားသည်နှင့် အနည်းငယ်ကွဲပြားသွားပေသည်။
သူအစပ်ချောင်းနှစ်ချောင်းကို အသာအယာ ခေါက်ကြည့်လိုက်သည့်အခါ၌ ကျွပ်ရွသည့်အသံကို ကြည်လင်စွာ ကြားလိုက်ရသောကြောင့် မျက်ဝန်းများတောက်ပသွားသည်။
"ကြည့်ရတာ ဒီအစပ်ချောင်းတွေက လုံးဝ အသုံးမဝင်တာတော့မဟုတ်ဘူးပဲ တိုက်ခိုက်တဲ့အချိန်ဆိုရင် အုတ်ခဲတွေကိုတောင် ဒါနဲ့ ခွဲပစ်နိုင်တယ်..."
ဝေါ...
ငရဲဘုရင် သူ့လက်ထဲမှ အစပ်ချောင်းများဖြင့် ဆော့ကစားနေစဉ်မှာပင် ရွှေနန်းတော်ကို တိုက်ခိုက်မှုကလည်း ပြင်းထန်လာသည်။ကျယ်လောင်လှသော တုန်ခါသံများနှင့်ကြီးကျယ်လှသော ပေါက်ကွဲမှုများ အဆက်မပြတ် ဖြစ်ပေါ်နေသည်။မြေအောက်နေရာတစ်ခုလုံးက စတင် တုန်ခါလာသည်။ခဏအကြာတွင် ရွှေနန်းတော်ဆီမှ စူးရှလှသော အ လင်းရောင်တန်းများကို ထုတ်လွင့်လာလေသည်။
ထိုနေရာတစ်လျှောက် တုန်ခါလှိုင်းများ ပြန့်နှံ့သွားသည်။သို့သော်လည်း ရွှေနန်းတော်ကြီးက အပျက်အစီးမရှိပေ။တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိသော ကြံ့ခိုင်လှသော ပန်းလေးတစ်ပွင့်ကဲ့သို့ ငြိမ်သက်နေတုန်းပင်ဖြစ်သည်။
မြောက်များလှစွာသော ကျင့်ကြံသူများအားလုံး တစ်ယောက်ကို တစ်ယောက် စိတ်ရှုပ်ထွေးစွာကြည့်လိုက်ကြသည်။သူတို့ပြောစရာစကားပင် ပျောက်ရှနေမိသည်။
ထိုအခိုက်အတန့်တွင် သူတို့စိတ်များ တင်းကျပ်သွားသည်ကို ခံစားလိုက်ရသည်။ရွှေနန်းတော်ဆီမှ ပြင်းထန်လှသော အလင်းတန်းများ ဖြာထွက်လာကာ သူတို့၏ ခန္ဓာကိုယ်ကို လွှမ်းခြုံလာလေသည်။
ငြိမ်သက်နေသော ရွှေနန်းတော်ကြီးဆီမှ ရွှေရောင်ဖျော့ဖျော့လှိုင်းများရိုက်ခတ်လာလေသည်။၎င်းက အရာရာအားလုံးပေါ်သို့ ဝေ့ဝဲဖြတ်သန်းသွားသည်။
ချူချန်းရှန် လေပြေလေညှင်းကဲ့သို့ လှိုင်းများကို ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်ပင် အကြောအဆစ်များပင် ပွင့်ထွက်သွားသလို ခံစားလိုက်ရသည်။မိုလျိုကျီ၏ ရင်ဘတ်မှ အင်္ကျီစကလည် ထိုလေအရှိန်ကြောင့် တဖျတ်ဖျတ်လွင့်ခါသွားသည်။၎င်း ရွှေရောင်လှိုင်းတွေက တိုက်ခိုက်ခြင်းမဟုတ်ပဲ လေပြေကဲ့သို့ ငြင်သာမှုကိုသာ ခံစားရသည်။
သို့သော်လည်း အစောပိုင်းက တိုက်ခိုက်မှုများအတွက် ထိုလေပြေလှိုင်းလေးများ ဖြတ်သန်းသွားသည်နှင့် သူတို့၏ ခန္ဓာကိုယ်က လျင်မြန်စွာ ဖောင်းကားလာသည်။ထို့နောက် ကြမ်းတမ်းသွားပြီး သွေးမြူများ ဖြစ်ပေါ်လာလေသည်။
သွေးမြူတိမ်တိုက်များက သူတို့၏ အပေါ်တွင် ရစ်ဝဲနေသည်။ကြီးမြတ်သော တန်ခိုးရှင်အဆင့် ကျင့်ကြံသူက ကျယ်လောင်စွာအော်ဟစ်လိုက်ပြီးနောက် သူ့၏ အော်ရာများက်ို အဆက်မပြတ်ထုတ်လွင့်လိုက်သည်။
သူ့၏ ခေါင်းထက်တွင် စိတ်ဝ်ိညာဉ်လှေကားထစ်ပေါ်လာပြီး ကြယ်ရောင်များ ရောင်ပြန်ထင်ဟပ်နေသည်။သို့သော်လည်း ထိုရွှေရောင်လိုင်းလေးနှင့် ရင်ဆိုင်လိုက်ရသည့်အခါ၌ သူ့၏ စိတ်ဝ်ိညာဉ် လှေကား ကျိုးပဲ့ပျက်စီးသွားပြီး ကြယ်ရောင်များ မှေးမှိန်သွားလေသည်။
သူ့၏ ခန္ဓာကိုယ်က အဝေးသို့ လွင့်ထွက်သွားပြီး ပြင်းထန်စွာ ဒဏ်ရာရထားလေသည်။သူ အဆက်မပြတ် ချောင်းဆိုးလိုက်ရပြီး ပါးစပ်အပြည့် သွေးတစ်လုတ်အန်ထုတ်လိုက်သည်။သို့သော်လည်း ခန္ဓာကိုယ်ပေါက်ကွဲအားများနှင့် ယှဉ်လျှင် အများကြီး ကောင်းမွန်နေပေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် စွမ်းအားအပြည့်ဖြင့် ကျင့်ကြံသူအုပ်စုကြီးက အဆုံးသတ်သွားပြီး လူအနည်းငယ်သာ လွတ်မြောက်ကျန်ရစ်ခဲ့လေသည်။
သူတို့က ရွှေရောင်လှိုင်းများကို တောင့်ခံနိုင်လောက်အောင် သန်မာ၍ဖြစ်စေ သေခြင်းတရားမှ လွတ်မြောက်နိုင်သည့် တခြားသော လျှို့ဝှက်ချက်များရှိ၍ ဖြစ်စေ သို့မဟုတ် ရွှေရောင်လိုင်းများက သူတို့ကို မတိုက်ခိုက်ခဲ့၍ဖြစ်စေ အကြောင်းအရင်းတစ်စုံတစ်ရာကြောင့် လွတ်မြောက်သွားခဲ့ပေသည်။
နောက်ဆုံး၌ လူတစ်စု ကြောက်ရွံ့တုန်လှုပ်သွားကြပေသည်။ရွှေရောင်လှိုင်းများက သူတို့အပေါ်တွင် ပြင်းထန်စွာ တိုက်ခိုက်ခဲ့သော်လည်း တခြားလူများအပေါ်၌ လေပြေလေညှင်းများကိုသာ ခံစားရစေသည်။
နောက်ထပ်တိုက်ခိုက်ရန်မဆိုထားနှင့် အသက်ရဲရဲပင်မရှုရဲကြတော့ပေ။နံရံကိုမှီရပ်နေသော မိုလျိုကျီ၏ မျက်ဝန်းထဲ၌ ထူးဆန်းသော အလင်းတစ်ချက်လက်သွားသည်။
သူ့လက်ထဲမှ ကြယ်သံလိုက်အိမ်မြောင်က အလင်းများတောက်ပလာသည်။ထိုနေရာတွင် ကြယ်တစ်လုံးက လင်းလက်လာလေ၏။ထိုမျှမကသေးပဲ ထိုကြယ်နေရာက ရွှေနန်းတော်၏ နေရာပင်ဖြစ်သည်။သူ့၏ တာဝန်က သူတော်စင်နတ်သမီး၏ နှလုံးသားထဲတွင် ပုန်းအောင်းနေသည့် နတ်ဆိုးကို သတ်ဖြတ်ရန်ဖြစ်သည်။
အစောပိုင်းအချိန်က ထိုတာဝန်က သူ့အတွက်ရိုးရှင်းလှသည်ဟု ထင်ထားခဲ့သည်။သို့သော်လည်း ကြည့်ရသည်မှာ သူ့အတွက်ခက်ခဲမှု တစ်ချို့ရှိနိုင်ပေသည်။ထ်ိုလူက မည်သည့်အချိန်မှ နန်းတော်ထဲက ထွက်လာမည်မှန်းမသိပေ။
"ဒါမှမဟုတ် သူက ဘယ်တော့မှ ထွက်မလာတော့တာကော ဖြစ်နိုင်လား..."
အမွေအနှစ်များအောက်ကိုရယူရန် ကျဆုံးခဲ့သော လူများကို ကြည့်ခြင်းအားဖြင့် ထိုလူ လွတ်မြောက်မည် မလွတ်မြောက်မည်ကို မည်သူကမှ မပြောနိုင်ပေ။
ကောင်းကင်မှ ကျလာသော အလင်းတိုင်ထဲတွင် ရှေးဟောင်း အက္ခရာများ လှည့်လည်နေလေသည်။သူ့ပြိုင်ဘက်၏ ဟင်းပွဲက နောက်တစ်ကြိမ် ထုချေခံလိုက်ရပေသည်။
မကြာခင်မှာပင် သူ့၏ အရှေ့မှ ပုံရိပ်ယောင်များအားလုံး ပျောက်ကွယ်သွားသည်။ပုဖန်၏ တည်ငြိမ်လှသော အမူအရာဖြင့် လက်နှစ်ဖက်ကို နောက်ပစ်၍ ခြေတစ်လှမ်းလှမ်းလိုက်သည်။
မသိလိုက်စွာပင် သူ ချက်ပြုတ်ခြင်းအနုပညာလှေကားကိုးဆင့်မှ ခြောက်ဆင့်အထ်ိ တက်ရောက်ခဲ့ပေလိမ့်မည်။ပုဖန်၏ မျက်နာက ပုံမှန်အတိုင်း ခံစားချက်မဲ့စွာ အေးစက်နေတုန်းပင်ဖြစ်သည်။
သူခြေလှမ်းတစ်လှမ်းလှမ်းပြီးတိုင်း အဆုံးအစမဲ့လှသော စွမ်းအင်များ သူ့ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်လာသည်ကို ခံစားမိသည်။၎င်းကိုပင် အမွေအနှစ်ဟု ခေါ်ဆိုခြင်းဖြစ်နိုင်သည်။သူဆုပ်ယူလိုက်သော စွမ်းအင်ပမာဏက တကယ်ကိုများပြားလေးနက်လှသည်။အကယ်၍ ထိုစွမ်းအင်များကို စနစ်က ဆုပ်ယူကာ သန့်စင်သည့် စွမ်းအင်အဖြစ် ပြောင်းလဲပေးခြင်းကြောင့်သာ မဟုတ်လျှင် ယခုပမာဏက ပုဖန်အတွက် လုံလောက်သည်ထက် များပြားနေပေပြီ။
ဖြတ်ကျော်ခဲ့သော လှေကားငါးဆင့်က ဆင့်ကဲပြောင်းလဲလာခြင်းရှိသည်မှာ မေးခွန်းထုတ်စရာပင်မလိုပေ။သို့သော်လည်း စနစ်က တွင်းနက်ကြီးအလားပင် ရရှိလာသမျှ စွမ်းအင်များအားလုံးကို အရူးအမူးဆုပ်ယူကာ တခြားပုံစံတစ်ခုအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။
ပုဖန်က သူ့၏ ခန္ဓာကိုယ်သည် အံ့အားသင့်စရာ အမြန်နှုန်းမျိုးဖြင့် တိုးတက်ပြောင်းလဲလာနေသည်ကို ခံစားမိသည်။ထိုမျှမကသေးပဲ သူ့၏ အခြေခံ အုတ်မြစ်ကိုလည်း ပို၍ နက်ရှိုင်းကျယ်ပြန့်သွားစေခဲ့သည်။သူ မသေမျိုးဝ်ိညာဉ်အဆင့်သို့ ချက်ခြင်း ကျော်ဖြတ်ရန်ပင် စိတ်အားထက်သန်လာမိသည်။
အကယ်၍သူသာ စစ်ဆေးမှုကို အောင်မြင်ခဲ့မည်ဆိုလျှင် သူ့ကိုယ်ပိုင် စိတ်ဝိညာဉ်လှေကား ဖွဲ့တည်လာကာ မသေမျိုးဝိညာဉ် အစစ်အမှန်တစ်ယောက်ဖြစ်လာပေလိမ့်မည်။
ပုဖန်က သန်မာသည်ဟု ယူဆနိုင်သော်လည်း တကယ်တမ်းတွင် သူက စိတ်ဝိညာဉ်သံကြိုး ငါးကြိုးမျှသာရှိသေးသည့် မသေမျိုး ခန္ဓာအထွဋ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်သာရှိသေးသည်။
မသေမျိုးဝိညာဉ်အဆင့် ကျင့်ကြံသူနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ကွာခြားနေသေးသည်။
"ဒါပေါ့..."
ပုဖန်တွင်ရှိသော အဖြူအနက်ထောင်တျဲလက်ပက် ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား မဟူရာလိပ်ခုံးဒယ်အိုးနှင့် နီရောင် စားဖိုမှုး ဝတ်စုံတို့ကိုသာ ပေါင်းစပ်လိုက်ပါက သူ့၏ တိုက်ခိုက်မှု စွမ်းရည်က မသေမျိုး စိတ်ဝ်ိညာဉ် လှေကားငါးဆင့် ကျင့်ကြံသူနှင့်ပင် ယှဉ်နိုင်ပေသည်။
ပုဖန် နောက်တစ်ဆင့်သို့ ခြေလှမ်းလှမ်းလိုက်ပြီးနောက် သူ့၏ မြင်ကွင်းများ ပြောင်းလဲသွားပြန်သည်။သူ့၏ ခန္ဓာကိုယ်က စားဖိုမှူးစိန်ခေါ်ပွဲအတွင်းသို့ နောက်တစ်ကြိမ် ဆွဲသွင်းခံလိုက်ရပြန်သည်။
လှေကားတစ်ဆင့် တိုးမြင့်လာတိုင်း ပြိုင်ဘက်၏ စွမ်းအားက ပို၍ သန်မာလာသည်။ပုဖန်လည်း ဖိအားများပို၍ ခံစားလာရကြောင်း သံသယဝင်စရာမလိုပေ။သို့သော်လည်းသူ့၏ အမူအရာက အစဉ်အမြဲ တည်ငြိမ်အေးစက်နေတုန်းပင်ဖြစ်သည်။
အရည်အချင်းပြည့်မီသော စားဖိုမှူးတစ်ယောက်၏ တကယ့်စွမ်းရည်က ယုံကြည်မှုရှိခြင်းပင်ဖြစ်၏။ပုဖန်၏ လက်ထဲမှ ဓားရောင်တစ်ချက်လက်သွားပြီး စားဖိုမှူး စိန်ခေါ်ပွဲထဲ ပါဝင်လိုက်လေပြီ။အစားကြူးတောင်ကြား၏ ကောင်းကင်ယံထက်တွင် တိမ်များရွေ့လျားနေသည်။ငွေဖြူရောင်တိမ်များက မျက်နာတစ်ခုပုံသဏ္ဍာန်ဖြစ်ပေါ်နေသည်။
ကြီးမားလှသော မျက်နာကြီး၏ အကြည့်က ဆည်းဆာရေကန်၏ အောက်ခြေတွင် ပုန်းကွယ်နေသော ရွှေရောင် နန်းတော်ဆီ ကျရောက်နေသည်။
တိမ်များဆက်လက်ရွေ့လျားနေပြီးနောက် ထ်ိုမျက်နာ၏ ပါးစပ်မှနေ၍ အလင်းတန်းများထုတ်လွင့်လာသည်။
"အမွေအနှစ်တွေ မြှုပ်နှံထားရာ အစားကြူးနတ်ဘုရားနန်းတော်က အသက်ဝင်လာခဲ့ပြီပဲ ပြီးတော့လည်း တစ်စုံတစ်ယောက်က အချက်အပြုတ်အနုပညာလှေကားကိုးဆင့်ကို အောင်နိုင်တော့မယ်...အား...ဒီလိုဆိုမှတော့ အစားကြူးနတ်ဘုရားနှလုံးသား မွေးဖွားကြတာပေါ့..."
ထိုပုံရိပ်က တီးတိုးရေရွတ်လိုက်ပြီးနောက် တောက်ပသောပုံစံမှ ဒေါသတကြီး အမူအရာအဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်မှ ထိုးဆင်းလာသည်။၎င်းက မထင်မှတ်ထားသောအရှိန်နှုန်းဖြင့် မြန်ဆန်စွာကျရောက်လာသည်။သူ့၏ လက်နှစ်ဖက်ကို ခါးတစ်ဖက်တစ်ချပ်စီတွင် ထောက်ထားပြီး အမြောက်ဆန်တစ်ခု ကျရောက်လာသလိုမျိုး ရေကန်မှ ထွက်ပေါ်နေသော အလင်းလှိုင်းဆီသို့ ဦးတည်ကျဆင်းသွားကာ ရေများ ဖွားခနဲ လွင့်စင်သွားစေသည်။
၎င်းက အလင်းတန်းတစ်ခုအလား ပြောင်းလဲသွားပြီး အလင်းတိုင်၏ အောက်ခြေဆီသို့ တဟုန်ထိုးထိုးဆင်းသွား၏။ထို အလင်းပုံရိပ်မှ ထွက်ပေါ်လာသော လွှမ်းမိုးနိုင်မှု စွမ်းအားများကလည်း ခြိမ်းခြောက်နိုင်စွမ်းပြင်းလှသည်။
ထိုသူက အောက်ခြေကို မြင်လိုက်ရသည့်အချိန်အထိ အရှိန်နှေးကျခြင်းမရှိပဲ ပို၍ပင်အရှိန်တင်လိုက်သည်။မကြာခင်မှာပင် ရေကန်အောက်ခြေနှင့် တ်ိုက်ခတ်မိသွားသည်။သို့သော်လည်း မျှော်လင့်ထားသကဲ့သို့ ပေါက်ကွဲပျက်စီးမှုများ ဖြစ်မလာခဲ့ပေ။
ထိုအစားအလင်းပုံရိပ်က ပြိုကွဲသွားပြီး မြေကြီးထဲသို့ ဆုပ်ယူခံလိုက်ရသည်။တောင်ကြား၏ အပြင်ဘက် လေဟာနယ် စတင်အက်ကွဲလာသည်။ကြီးမားလှသော စွမ်းအင်လှိုင်းများ ရိုက်ခတ်ပြန့်နှံ့လာပြီး အပေါက်ကြီးတစ်ခုဖြစ်တည်လာကာ ကြီးမားသော လမ်းကြောင်းတစ်ခု ပွင့်ဟလာသည်။
ထိုလမ်းကြောင်းမှ ခပ်ဝါးဝါးပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ထိုသူ၏ခရမ်းရောင်ဆံပင်များက ကြမ်းတမ်းစွာ လွင့်ခါနေသည်။သူ့၏ ခန္ဓာကိုယ်ပေါ်၌ ထူးခြားဆန်းကြယ်သော ရှေးကျလှသည့် အက္ခရာများကို မြင်နိုင်သည်။
သူက ရုပ်သေးတစ်ရုပ်သာဖြစ်သည်။သူ့၏ မျက်ဝန်းများက ဝိညာဉ်တစ်ခု ကိန်းအောင်းနေသလိုမျိုးမည်းနက်နေသည်။
"ငါ ကျောက်ခရမ်းအကြီးအကဲက အစားကြူးတောင်ကြားရဲ့ အမွေအနှစ်ရမယ့်အခွင့်အရေးကို လက်လွတိမခံဘူး...အဲ့ဒီအမွေအနှစ်က ငါ့ရဲ့ အဆင့်တက်ခြင်းကို ကူညီပေးနိုင်တယ် ...ဒီအကြီးအကဲရဲ့လမ်းမှာလာပိတ်တဲ့သူမှန်သမျှ အပြစ်ဒဏ်ကတော့ သေခြင်စတရားပဲ..."
ခရမ်းရောင်ဆံပင်များ၏ ထ်ိုရုပ်သေး၏ မျက်ဝန်းထဲတွင် ဝိညာဉ် မီးတောက်တစ်ခု တောက်လောင်နေသလိုမျိုးထင်ရလေသည်။ကောင်းကင်ထက်ဆီမှ ကျဆင်းလာသော ကျောက်စိမ်းကြာရွက်အချို့နှင့်အတူ ညှင်သာ ပျော့ပြောင်းလှသောဇီသာ တေးသွားပါ လိုက်ပါလာလေသည်။
ကျောက်စိမ်းကြာပွင့်တစ်ခုက လေဟာနယ်ကို ဖြတ်သန်းထွင်းပေါက် ထွက်ပေါ်လာသည်။ထ်ိုကြာပွင့်ဖတ်ထဲတွင် ကျက်သရေရှိလှသော အမျိုးသမီးတစ်ယောက်ရှိနေသည်။သူမ၏ မျက်ဝန်းများက အစားကြူးတောင်ကြားဆီသို့သာ မလွှဲတမ်း စူးစိုက်ကြည့်နေသည်။သူမ၏ နှင်းဆီရောင်နှုတ်ခမ်းပါးလေးများ ပွင့်ဟသွားပြီး စကားတစ်ခွန်းဆိုလ်ိုက်သည်။
နှစ်ပေါင်းများစွာ ကြာညောင်းခဲ့ပြီးနောက် အစားကြူးတောင်ကြားကလည်း ဒီလို အခြေအနေမျိုးထ်ိ နှိမ့်ဆင်းကျသွားခဲ့ရပြီ။
"ဒီနေ့ ငါပီလျန်ထျန်း ဒီမှာရှိနေပြီဆိုမှတော့ အစားကြူးတောင်ကြားရဲ့ နောက်ဆုံးခရီးကို ငါကိုယ်တိုင်ပဲ ပို့ပေးလိုက်သင့်တာပေါ့..."
ထိုအမျိုးသမီးက သွယ်လျသော လက်ချောင်းကလေးကိုယမ်းခါရင်း အမိန့်ပေးညွှန်ကြားလိုက်သည်။သူက မတ်တပ်ထရပ်လိုက်ပြီး ကျောက်စိမ်းကဲ့သို့ ဖြူဖွေးချောမွတ်လှသောခြေထောက်ကို လှစ်ဟပြလိုက်သည်။
သူမ ကြာပွင့်ဖတ်ကို နင်းလိုက်ပြီးခဏအကြာ၌ ကြည်လင်ရှင်းသန့်လှသော ကြာပွင့်လေးတစ်ပွင့် သူမ၏ လက်ပေါ်သို့ ကျဆင်းလာသည်။ထိုကြာပွင့်ကို ပါးစပ်ထဲ ထည့်လိုက်ပြီး ပင့်သက်တစ်ချက်ရှိုက်ထုတ်လိုက်သည်။
ရုတ်တရက် ကြာပွင့်ဖတ်က စတင်တုန်ခါလာကာ လေဟာနယ်ကို ဖြဲဆုတ်၍ အစားကြူးတောင်ကြားရှိရာဆီသို့ လွင့်ဝဲသွားလေသည်။