အပိုင်း ၇၆၂
Viewers 53k

အခန်း ၇၆၂

ပိုင်ရှင်ပု လှည့်စားခံလိုက်ရပြီ...


ခုနစ်ရောင်ခြယ် နှလုံးသားပင်ဖြစ်သည်။၎င်း၏ အရွယ်အစားက မကြီးမားပေ။လက်သီးဆုပ်နှစ်ခုစာမျှသာ ရှိသည်။သို့သော်လည်း အထဲ၌ အဆုံးအစမဲ့သော ရှင်သန်ခြင်းစွမ်းအင်များ ပြည့်နှက်နေသည်။


၎င်းတစ်ချက်ခုန်လှုပ်လိုက်တိုင်း ပတ်ဝန်းကျင်လေဟာနယ်က ကြမ်းတမ်းစွာ တုန်ခါသွားကာ စွမ်းအင်အတက်အကျလှိုင်းများ အဘက်ဘက်သို့ ပြန့်လွင့်သွားသည်။


ထို လှိုင်းများက တစ်လွှာပြီးတစ်လွှာ ဖြတ်သန်းသွားကာ ထူးဆန်းလှသော စွမ်းအင်လှိုင်းများကို ဖြစ်ပေါ်လာစေသည်။ထိုစွမ်းအင်ဆက်ကွင်းကို လက်ဖဝါးဖြင့် ထိကြည့်လိုက်သည်။


အသက်စွမ်းအင်များပါဝင်နေသည့် တုန်ခါမှုက သူ့၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားသည်။ပုဖန်၏ မျက်ဝန်းတောက်တောက်များက ထူးဆန်းသည့် အတွေးတစ်ချက်ကို တွေးယဉ်ကြောထဲ မျောလွင့်သွားသလိုမျိုး လင်းလက်လာသည်။


"ဒီလောက် သိပ်သည်းတဲ့ အသက်စွမ်းအင်တွေ ပါဝင်နေတယ်ဆိုတော့ ဒါက ဘယ်လောက်တောင်များ ဆေးဖက်ဝင်တဲ့ ပါဝင်ပစ္စည်းဖြစ်နေလိမ့်မလဲ..."


"ထောင်တျဲနှလုံးသား...ရှေးကျလှတဲ အချိန်ထဲက တည်ရှိခဲ့တဲ့သားရဲကြီးရဲ့ ကွဲကြေသွားတဲ့ နှလုံးသားတစ်ခု...၎င်းက ဆေးဖက်ဝင် အာနိသင်များပါဝင်နေပြီး သေလွန်သူကိုတောင် ပြန်လည်ရှင်သန်အောင်လုပ်ပေးနိုင်သောအစွမ်းရှိတယ် ...၎င်းက အသက်စွမ်းအင်တွေ ပြည့်နှက်နေတဲ့အပြင် တစ်စုံတစ်ယောက်ရဲ့ အဆင့်ချိုးဖောက်တက်ရောက်ခြင်းကို အောင်မြင်အောင် ကူညီနိုင်စွမ်းလည်းရှိပါတယ်..."


ထွက်ပေါ်လာသော စနစ်၏ အသံကြောင့် ပုဖန် အနည်းငယ် ထိတ်လန့်သွားသည်။


တကယ့်အစစ်အမှန် ဒဏ္ဍာရီလာ ထောင်တျဲနှလုံးသား...ကွဲကြေသွားခဲ့ပြီဆိုသော်လည်း ထောင်တျဲဖြူနှင့် ထောင်တျဲနက်တို့ထက် အဖိုးတန်နေပေသေးသည်။နတ်ဘုရားသားရဲများ၏ မူလ အစစ်အရာများက မည်သည့်အရာထက်မဆို မယှဉ်နိုင်လောက်အောင် အဖိုးတန်လှသည် ။


အဆင့်နိမ့်ကျသောပစ္စည်းဟု ပြောကြသည့် အဖြူရောင်ထောင်တျဲနှင့် အနက်ရောင်ထောင်တျဲ၏ အသားကပင် ပုဖန်ကို အံ့အားသင့်စေခဲ့သည်။ဒဏ္ဍာရီလာ ထောင်တျဲ၏ အသားဆိုလျှင် မည်သို့များဖြစ်လိမ့်မည်နည်း။


စားဖိုမှူးများအတွက် ထိုမျှအံ့အားသင့်စရာအရည်အသွေးမြင့်လှသည့် ပါဝင်ပစ္စည်းဆိုသည်က သူတို့မျှော်လင့်ရုံသာ မျှော်လင့်နိုင်သော အရာဖြစ်သည်။ထိုမျှရှားပါးလှသော အခွင့်အရေးကို လက်လွတ်ဆုံးရှုံးသွားမည်ဆိုပါက ပုဖန် သူ့ကိုယ်သူ ဘယ်တော့မှ ခွင့်လွတ်နိုင်တော့မည်မဟုတ်ပေ။


သူမက မျက်လုံးပြူးပြူးလေးများဖြင့် ထောင်တျဲနှလုံးသားကို စိုက်ကြည့်နေကြသည်။၎င်းဆီမှ တောက်ပဖြာထွက်နေသော အရောင်ခုနစ်ရောင်ကလည်း သူမ၏ မျက်နာဆီသို့ အလင်းပြန်ဟပ်နေသည်။သူမ၏ မျက်လုံးဝိုင်းလေးများထဲတွင် စူးစမ်းလိုစိတ်များ ပြည့်နှက်နေသည်။


ပန်းပွင့်လေးက ရှောင်ယ၏ လက်မောင်းကို ဖတ်၍ ခေါင်းမှီထားလေသည်။ထ်ို့နောက် မျက်တောင်တခတ်ခတ်ဖြင့် အဝေးနောက်မှ ရှိနေသော ထောင်တျဲ နှလုံးသားကို အကဲခတ်ကြည့်ရှုနေသည်။


သို့သေိာလည်း ပန်းပွင့်လေးက ထောင်တျဲ၏ နှလုံးသားကို စိတ်ဝင်စားပုံမပေါ်ပေ။သူမ အသာအယာနှာခေါင်းရှုံ့လိုက်ပြီးနောက် ခေါင်းလေးကို ရှောင်ယလက်မောင်းပေါ်တင်ကာ ဇိမ်ယူနေလေသည်။


ထောင်တျဲနှလုံးသား...


ပုဖန်၏ မျက်ဝန်းများကျဉ်းမြောင်းသွားပြီး ကောင်းကင်ထက်တွင် မျောလွင့်နေသော အဖြူရောင်ပုံရိပ်တစ်ခုကို စူးစိုက်ကြည့်လိုက်သည်။ထိုပုံရိပ်က တိတ်ဆိတ်စွာဖြင့် မျောလွင့်နေသည်။သူ့၏ မျက်နာတွင်ရှိနေသောအလင်းများက စူးရှပြင်းလွန်းသောကြောင့် မည်သူမှ သူ့ကို ကြည့်နိုင်လိမ့်မည်မဟုတ်ပေ။ပုဖန် အသက်ပြင်းပြင်းရှိုက်လိုက်ပြီးနောက် တိတ်တဆိတ်သာဆက်နေလိုက်သည်။


သူအရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီးအထက်၌ မျောလွင့်နေသော ထောင်တျဲနှလုံးသားကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်သည်။


ဒုတ် ဒုတ် ဒုတ်...


ထောင်တျဲ၏ နှလုံးသားက ရုတ်တရက် တုန်ခါသွားပြီး အသက်စွမ်းအင်များပြည့်နေသော ကြောက်မက်ဖွယ်ရာ လှိုင်းလုံးကြီးတစ်ခု အပြင်ဘက်ဆီသို့ ရိုက်ခတ်လာသည်။ထိုလှိုင်းလုံးဖြင့် ရိုက်ခတ်ခံလိုက်ရပြီး ပုဖန်၏ ဆံပင်များမျောလွင့်သွားသည်။


ထို့နောက် သူထောင်တျဲလက်ပတ်ရှိသော လက်ကို မြှောက်လိုက်ပြီး ရှောင်ယနှင့် ပန်းပွင့်လေးတို့၏ အကြည့်အောက်မှာပင် ထောင်တျဲနှလုံးသားကို ခိုင်ခိုင်မာမာဆုပ်ကိုင်နိုင်ခဲ့သည်။


လက်ဖြင့်ထိလိုက်မိသည်နှင့် ချက်ချင်းဆိုသလိုပင် နှလုံးခုန်သံများက ရပ်တန့်သွားသည်။ခဏတာမျှ ငြိမ်သက်တိတ်ဆိတ်သွားလေသည်။အချိန်တစ်ချို့ ကုန်လွန်ပြီးသည့်အချိန်တိုင်အောင် လူများအပေါ် လွှမ်းခြုံထားသော ဖ်ိအားက ကျန်ရစ်နေဆဲပင်ဖြစ်သည်။


ပုဖန်၏ မျက်ဝန်းများစူးရှသွားသည်။မြေပြင်ထက်တွင် ထင်ဟပ်နေသော အလင်းရိပ်က စိတ်လှုပ်ရှားမှု အရိပ်အယောင်များဖြင့် သူ့၏ လည်ပင်းကို ဆန့်ထုတ်လာသည်။နှလုံးသား၏ အလယ်ဗဟိုမှ တောက်ပသော ပိုးကြိုးမျှင်များဆန့်ထုတ်လာသည်။


ထိုပိုးကြိုးမျှင်များက တစ်ထုနှင့်တစ်ခု ဆက်သွယ်လာပြီး လေထဲတွင် သက်တန့်ရောင်ခြယ် ကွင်းဆက်တစ်ခု ဖြစ်လာသည်။ထိုကြိုးများက နှလုံးခုန်သံနှင့် ပြိုင်တူလှုပ်ရှားနေသော ဧရာမသွေးကြောမျှင်ကြီးများအလား ထင်ရသည်။


ပုဖန် ထိတ်လန့်ကြောင်အသွားသည်။ထိုအခိုက်အတန့်မှာပင် ထောင်တျဲနှလုံးသားအလယ်ဗဟိုမှ ကြောက်မက်ဖွယ်ရာ ပြင်းထန်လှသော ဆုပ်ယူအားတစ်ရပ်ကို ထုတ်လွင့်လာသည်။ထိုဆွဲယူအားဆိုသည်မှာ သူနှင့် အဝေးတွင်ရှိနေသော အစစ်အမှန်စွမ်းအင်များအားလုံးကို ခန္ဓာကိုယ်ထဲ ဆုပ်ယူသွင်းခြင်းဖြစ်သည်။


"နှလုံးသား တစ်ခုခုမှားနေပြီ..."


ပုဖန်၏ မျက်ဝန်းများက သတိအပြည့်ဖြင့် စူးရှသွားသည်။သူ့၏ လက်ငါးချောင်းကို အားထည့်လိုက်ပြီး စွမ်းအင်များစုပ်ယူနေသည့် နှလုံးသားကို ချေမွရန် ကြိုးစားလိုက်သည်။


သူ့ခန္ဓာကိုယ်ထဲမှ အစစ်အမှန်စွမ်းအင်များက ကြောက်မက်ဖွယ်ရာနှုန်းထားဖြင့် ကုန်ဆုံးလာသည်။ထိုထောင်တျဲ နှလုံးကသာ ဒီနည်းအတိုင်း အရှိန်နှုန်းဖြင့် ဆက်လက်ဆုပ်ယူနေမည်ဆိုပါက မကြာခင်အတွင်း သူ့ခန္ဓာကိုယ်အတွင်းရှိ အစစ်အမှန်စွမ်းအင်များနှင့်အသက်စွမ်းအင်များ ကုန်ဆုံးသွားလိမ့်မည်ဟု ခံစားမိလေသည်။


ပုံရိပ်၏ မျက်နာတွင် ကျေနပ်နှစ်သက်နေသော အရိပ်အယောင်များပေါ်လာသည်။စက္ကန့်ပိုင်းအတွင်းမှာပင် သူ့၏ လည်ပင်းကလည်း ပို၍ ရှည်လာသည်။ပုဖန် အံတင်းတင်းကြိတ်၍ ထိုအလင်းရိပ်ကို အေးစက်စွာ စူးစိုက်ကြည့်လိုက်သည်။


သူဆုပ်ကိုင်ထားမှုကို ဖြေလျော့လိုက်ချင်သည်။သို့သော်လည်း ထိုအချိန်၌ နှလုံးက သူ့၏ လက်ဖဝါး၌ ခ်ိုင်မာမြဲမြံစွာ ကပ်နေသည်ကိုသတိပြုမိလိုက်သည်။သူ့၏ စွမ်းအင်များကို ဆုပ်ယူနေပြီး လွှတ်ချခွင့်ပင်မပေးပေ။


ထိုသို့သာဆက်သွားလျှင် သူခြောက်ကပ်သွားသည်အထိ ဆုပ်ခံလိုက်ရမည်ဖြစ်ကြောင်း သံသယဝင်စရာမလိုပေ။အစစ်အမှန် စွမ်းအင်များက ကြိုးများတစ်လျှောက် စီးဆင်းသွားပြီး ဆုပ်ယူမြိုချသည့် ဆူညံသံများပင် ထွက်ပေါ်လာသည်။


ပုဖန် သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး သူ့၏ မျက်နာက အလွန်အေးစက်နေပေပြီ။အစိမ်းရောင်အခိုးအငွေ့များထွက်ပေါ်လာပြီးနောက် သူ့၏ တခြားလက်တစ်ဖက်၌ မီးဖိုချောင်သုံးဓားက ရောက်ရှိလာသည်။


ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားက လေထဲတွင် လှပစွာ ကခုန်သွားပြီး သံကြိုးများစွာကို ဖြတ်တောက်လိုက်သည်။


ချွမ် ခနဲ အသံကျယ်ကြီး ထွက်လာခဲ့ပြီး မီးပွားများလွင့်စင်ခဲ့သည်။သို့သော်လည်း ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားက ထိုကြိုးများ အနည်းငယ်မျှပင် ဖြတ်တောက်လိုက်နိုင်ခြင်းမရှိပေ။


"မင်းရဲ့ စွမ်းအားတွေကို ဖြုနါးတီးမနေနဲ့ အဲ့ဒီကနေ မင်းကဘာသာမင်းလွတ်အောင် လုပ်နိုင်မှာမဟုတ်ဘူး...ငါ မင်းကို မလိမ်ပါဘူး...မင်းမှာတကယ်ကိုပဲ ထောင်တျဲနှလုံးသား ရနိုင်မယ့် အခွင့်အရေးရှိပါတယ် ဒါပေမယ့် ပြောမယ့်ပြောတာ ငါမင်းကို ဘာမှအာမ မခံနိုင်ဘူး...ပုဖန် ကောင်လေး မင်းရဲ့ အစစ်အမှန် စွမ်းအင်တွေနဲ့ အသက်စွမ်းအင်တွေက ငါပြန်လည်ရှင်သန် နှိုးထဖို့အတွက် အစားအစာတွေ ဖြစ်လာတာပေါ့..."


ရှောင်ယ တစ်စုံတစ်ရာခံစားမိလိုက်ပုံဖြင့် ပုဖန်ရဲ့နေရာသို့ လှမ်းကြည့်လိုက်သည်။သူမ၏ မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်သည့် အရိပ်အငွေ့များဖြတ်သန်းသွားသည်။


"ပန်းပွင့်လေး မြန်မြန် အကိုကြီးကို ကူညီဦး..."


ရှောင်ယ ပန်းပွင့်လေးဆီ အကူအညီ တောင်းခံလိုက်သည်။ပုံမှန်အတိုင်းသာဆိုလျှင် ထိုကလေးမက ပုဖန်ကို ကူညီလိမ့်မည်မဟုတ်မှန်း သူမသိပေသည်။


ရုတ်တရက် ပန်းပွင့်လေးက ပုဖန်ဆီသို့ တစ်ချက်မျှသာကြည့်လိုက်ပြီးနောက် ခေါင်းအသာခါယမ်းပြလိုက်သည်။ပြီးသည်နှင့် ရှောင်ယ၏ လက်မောင်းအိအိလေးပေါ်တွင် မှီကာဆက်လက်၍ ခေါင်းမှီနေလေသည်။


သူမ၏ အမူအရာအရ သူမ ပုဖန်ကို မကယ်တင်နိုင်ပေ။ပုဖန် အလွန်ဒေါသထွက်လာသည်။ထိုပုံရိပ်က သူ့ကို လှည့်စားခဲ့ပြီး သူ့၏ ရှင်သန်ထမြောက်မှုအတွက် အစားအစာ အသုံးပြုချင်နေသည်။


"ခွင့်မလွှတ်နိုင်စရာပဲ ..."


သူရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားဆီ အစစ်အမှန်စွမ်းအင်များ ထည့်သွင်းလိုက်သည်နှင့် ကောင်းကင်ကိုပင် တုန်ခါသွားစေမည့် နဂါးတစ်ကောင်၏ ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။


ပုဖန်၏ နောက်ကျောဘက်တွင် ရွှေရောင်နဂါးတစ်ကောင်၏ ပုံရိပ်ဖျော့ဖျော့ ထွက်ပေါ်လာသည်။ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို အားအပြည့်ဖြင့် လွှဲယမ်းလိုက်ပြီးနောက် ကြိုးများကို ခုတ်ချလိုက်သည်။


မီးပွားများ ဖွားခနဲ လွင့်ထွက်လာပြီးနောက် မာကြောထက်မြေ့လှသော ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားက ထိုကြိုးကို တိခနဲ ဖြတ်ချလိုက်သည်။ပြတ်တောက်သွားသော သွေးကြောတစ်ခုအလား ထိုကျိုးသွားသော ကြိုးဆီမှ စွမ်းအင်များ စီးဆင်းထွက်လာသည်။


ဝေါ...


ကြိုးကို ဖြတ်တောက်လိုက်သည့်အခိုက်အတန့်အတွက် ဒီနေရာတစ်ခုလုံးကလည်း ထိန်းမရန်ိုင်အောင်တုန်ခါလာလေသည်။ထို့နောက် သူနှင့် ကွာဝေးသည့် နေရာတွင် ကြီးမားလှသော အက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။


ထိုနေရာမှ ပုံရိပ်တစ်ခု ပျံသန်းလာသည်။ကြာပွင့်ဖတ်ပေါ်တွင်ရပ်နေသောလှပသည့် အမျိုးသမီးတစ်ယောက်ဖြစ်၏။သူမ၏ ဝတ်ရုံရှည်က တဖျတ်ဖျတ် လွင့်ခါနေပုံမှာ တခြားကမ္ဘာမှ ဆင်းသက်လာသော လူတစ်ယောက်ကဲ့သို့ပင် ထင်မှတ်မှားစေသည်။ဆွဲဆောင်မှု ရှိလှသော အသွင်အပြင်က သူမကို ကြည့်လိုက်မိသူတိုင်း၏ နှလုံးသားကို ညှို့ယူဖမ်းစားနိုင်ပေသည်။


ဆွစ်...


ရေစင်သံများကြားလိုက်ရပြီးနောက် ကန်အတွင်းမှ ရေများ မြေကြီးထဲသို့ စိမ့်ဝင်လာသည်။ဝင်ပေါက်၏အထက်တွင် အဖြူရောင်ပုံရိပ်တစ်ခု ပေါ်လာသည်။သူအမွေအနှစ်နယ်မြေထဲ ဝင်လိုက်သည့်ခဏ၌ ပုဖန်ု ခုနစ်ရောင်ခြယ်နှလုံးသားဆီသို့ လက်ဆန့်တန်းလိုက်သည်ကို တွေ့လိုက်ရသည်။


ပုဖန်၏ အထက်တွင် ပုန်းကွယ်နေသော အဖြူရောင်အရိပ်တစ်ခုရှိနေပြီး ထိုအရာက စိတ်လှုပ်ရှားဟန်ဖြင့် ရေသံများထုတ်လွင့်နေပုံပေါ်သည်။


"ထိုအရာက ထောင်တျဲနှလုံးသား ပြန်ပေါ်ထွက်လာတာပဲ..."


ထိုအဖြူရောင်အရိပ်က စူးရှစွာအော်လိုက်သည်။ပုဖန် ဆုပ်ကိုင်ထားသော နှလုံးသားဆီသို့ အလင်းတစ်ခုအလား တိုးဝင်သွားလိုက်သည်။


ပီလျန်ထျန်းက ပတ်ဝန်းကျင်မှစွမ်းအင်များကိုစုလိုက်သည်။ထို့နောက် ကြာပွင့်များကစွမ်းအင်များ ပြည့်နှက်သွားကာ ထက်မြေ့လှသော ဓားမြောင်များအဖြစ်သို့ ပြောင်းလဲသွားပြီး အလင်းပုံရိပ်ဆီသို့ ဦးတည်သွားလေသည်။


ထိုကြောက်စရာကောင်းလှသော စွမ်းအားများက ပတ်ဝန်းကျင်လေဟာနယ်အတိုင်းမြောက်များလှစွာသော လှိုင်းဂယက်များ ဖြစ်ပေါ်သွားစေသည်။


အဖြူရောင်ပုံရိပ်က ကြာပွင့်ဖတ်များဆီ စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး သူ့၏ နှုတ်ခမ်းနှစ်လွှာ ပွင့်ဟသွားကာ ချွှန်မြေ့သော သွားအတန်းလိုက် လှစ်ဟပြလိုက်သည်။


ရုတ်တရက် သူ့၏ ခန္ဓာကိုယ်က ထိုးဖောက် မြင်ရသော ထွင်းဖောက်မြင်ရသောအကြည်ရောင် အဖြစ်ပြောင်းလဲသွားပြီးနောက် ပွင့်ချပ်များက သူ့ခန္ဓာကိုယ်ကို အလွယ်တကူ ဖြတ်သန်းသွားလေသည်။


၎င်းက သူ့ကို အနည်းငယ်မျှပင် အနာတရ မဖြစ်စေခဲ့ပေ။


"မင်းငါ့ကို တားလို့မရဘူး ပီလျန်ထျန်း..."


ထိုအဖြူရောင်ပုံရိပ်က အက်ကွဲစွာပြောလိုက်သည်။ထို့နောက် သူ့၏ နှင်းကဲ့သို့ ဖြူဖွေးသွားသော လက်ချောင်းများကို ဆန့်၍ ထောင်တျဲနှလုံးသားကို ဆုပ်ယူရန် ကြိုးစားလိုက်သည်။


"သေပေတော့..."


ပီလျန်ထျန်း၏ စူးရှလှသော အသံနှုန်းက လေဟာနယ်ပင် တုန်ခါသွားစေသည်။ထို့နောက် သူမ ခြေတစ်လှမ်းလှမ်း၍ တက်လိုက်သည်။ကြာပွင့်များတစ်ပွင့်ပြီးတစ်ပွင့် ဖူးပွင့်လာပေသည်။ပီလျန်ထျန်း၏ အမြန်နှုန်းက မယုံနိုင်စရာကောင်းလှသည်။မျက်တောင်တစ်ခတ်အတွင်းမှာပင် သူအဖြူရောင်ပုံရိပ်နားသို့ ရောက်ရှိသွားလေသည်။


ဝမ်...


သူတို့နှစ်ဦး ထောင်တျဲ နှလုံးသားနှင့် ထိတွေ့တော့မည့် အချိန်မှာပင် အဝေးတစ်နေရာဆီ၌ ကြီးမားလှသောလက်သီးနှင့် တူသည့် ပုံရိပ်ကြီးတစ်ခု ပေါ်လာပြီးလေးလံလှသော ဖိအားများကျဆင်းလာပေသည်။


ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာစဉ် ပီလျန်ထျန်းနှင့် အဖြူရောင်အရိပ်နှစ်ခုလုံးက ထို အရိပ်ကြီး၏ တ်ိုက်ခိုက်မှုကို ပြန်လည်တုံ့ပြန်လိုက်သည်။


သို့သော်လည်း ပြင်းထန်လှသော ဖ်ိအားကြောင့် သူတို့နှစ်ဦးလုံး အဝေးသို့ လွင့်ထွက်သွားတုန်းပင်ဖြစ်သည်။ကျောက်ခရမ်းအကြီးအကဲ၏ ပုံရိပ်က သူတို့၏ မြင်ကွင်းနှင့် သူတို့ရှေ့၌ ပေါ်လာပြီး ကြောက်မက်ဖွယ်ရာဖိအားများဖြင့် ဖိနှ်ိပ်လာခဲ့သည်။


"အစားကြူးတောင်ကြားရဲ့ အမွေအနှစ်က ငါ့ဟာပဲ...ငါလမ်းမှာလာရှုပ်တဲ့လူအကုန်လုံး သေရမယ်..."


အခြေအနေက မျှော်လင့်မထားစွာပင် ရုတ်တရက်ပြောင်းလဲသွားသည်။ပုဖန်ကိုယ်တိုင်ပင်လျှင် ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မထင်ထားမိပေ။လှိုဏ်ဂူ၏ ဝင်ပေါက်က ပွင့်ဟသွားပြီးနောက် အပြင်ဘက်တွင်ကျန်နေသော ကျင့်ကြံသူများကလည်း ခွေးရိုင်းများကဲ့သို့ တဟုန်ထိုးပြေးဝင်လာကြသည်။


သို့သော်လည်း သူတ်ို့အားလုံး ထောင်တျဲနှလုံးသားကို မြင်လိုက်သည့်အခါ၌ ခဏမျှ ကြောင်အမှင်သက်သွားကြပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ကြလေသည်။


"ထောင်တျဲနှလုံးသား ဒါတကယ်ကြီး ထောင်တျဲနှလုံးသားပဲ ဒါ ရှေးကမ္ဘာဦးထဲက တည်ရှိခဲ့တဲ့ သားရဲကြီးရဲ့ နှလုံးသားအစစ်ပဲ..."


ထိုအချိန်တွင် ပုဖန် မျက်ဝန်းများမှိတ်ထားသည်။လက်တစ်ဖက်က ရွှေနဂါးအရိုးဓားကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီးသူ့၏ မျက်နာကလည်း ခတ်ထန် တင်းမာနေသည်။ထို့နောက်သူ့၏ မသိစိတ်က စိတ်ဝိညာဉ်ပင်လယ်ထဲသို့ လွင့်မျောသွားလေသည်။


သူ့၏ စိတ်ဝိညာဉ် ပင်လယ်ထဲတွင်ရွှေရောင်နဂါးကြီးတစ်ကောင်ဟိန်းဟောက်နေလေသည်။ပုဖန်အနေဖြင့် ထိုထောင်တျဲ၏ နှလုံးသားက သူ့၏ အစစ်အမှန်စွမ်းအင်များကို ဆက်လက်ဆုပ်ယူနေခြင်းအား ခွင့်မပြုနိုင်ပေ။သူနှင့် ထိုနှလုံးသားကြားထဲမှ ဆက်သွယ်မှုကို ဖြတ်တောက်ပစ်ရမည်။ထိုထောင်တျဲနှလုံးသားခုန်နှုန်းများရပ်တန့်သွားရန် တစ်ခုခု အမြန်လုပ်ဆောင်ရပေမည်။


"သူဘယ်လိုတားရမလဲ...ဒီချိတ်ဆတ်မှုကို ဘယ်လိုဖျက်စီးပစ်ရမလဲ..."


ပုဖန် လေးလေးနက်နပ်တွေးတောနေမိသည်။ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို သုံးပြီး နှလုံးသားကို ဖြတ်တောက်ပစ်လိုက်မယ်ဆိုရင်ကော...


ဝုန်း...


ရွှေနဂါးကြီး၏ ဒေါသတကြီး ဟိန်းဟောက်သံများကိုလည်း ဆက်လက်ကြားနေရသည်။သူ့၏ လက်ပတ်အတွင်းမှ အဖြူရောင်ထောင်တျဲနှင့် အနက်ရောင်ထောင်တျဲတို့၏ စိတ်ဝိညာဉ်ကလည်း ကြမ်းတမ်းစွာ အော်ဟစ်နေကြသည်။


မကြာခင်မှာပင် ပုဖန်၏ ခန္ဓာကိုယ်က ပြင်းထန်စွာတုန်ရီလာသည်။ထောင်တျဲနှလုံးသား၏တွန်းယူခံရမှုကြောင့် ခြောက်သွေ့သွားသော စွမ်းအင်များက သတိပြုမိစရာ အမြန်နှုန်းများဖြင့် ပြန်လည်စုဝေးလာသည်။


ထိုအစစ်အမှန်စွမ်းအင်များကြောင့် ပုဖန်၏ မျက်ဝန်းများတောက်ပလင်းလက်လာသည်။ထိုအစစ်အမှန်စွမ်းအင်အစုက ထောင်တျဲနှလုံးသားစီမှ ပြန်ယူလိုက်ခြင်းဖြစ်သည်။