အပိုင်း ၇၆၃
Viewers 53k

အခန်း ၇၆၃

ငါပုဖန်က အနိုင်ကျင့်ရလွယ်တယ်လို့များ ထင်နေတာလား...


ထောင်တျဲနှလုံးသား၏ အသွင်အပြင်က သူ့တို့ မျှော်လင့်ထားသည်နှင့် ကွဲပြားနေသည်။သို့သော်လည်း သူတို့ခဏမျှသာကြောင်အသွားပြီးနောက် သူတို့၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားမှုနှင့် လောဘအရိပ်အယောင်များပြည့်နှက်လာသည်။


၎င်းက ထောင်တျဲနှလုံးသားဖြစ်သည်။နှလုံးသားက မပြည့်မစုံဖြစ်နေပြီး အိုမင်းနေသည်ဆိုလျှင်တောင်မှ သူတို့အတွက်အဖိုးမဖြတ်နိုင်သည့် ရတနာပင်ဖြစ်တုန်းပင်။


၎င်းကို ရယူဝါးမြိုနိုင်ပါကသူတို့၏ ကျင့်ကြံဆင့်များ ခုန်ပျံကျော်လွှားတက်သွားပေလိမ့်မည်။ရောက်လာကြသူများ၏ မျက်ဝန်းထဲတွင် တောက်ပြောင်လှသော အကြည့်များပေါ်ပေါက်လာသည်။


ဘုန်း...


သို့သော် လေထဲတွင် တိုက်ခိုက်နေသော လူသုံးယောက်က သူတို့၏ နှလုံးသားများကို တုန်ယင်သွားစေခဲ့သည်။သူတို့နှလုံးသားထဲမှ လောဘမီးတောက်များကို ရေအေးတစ်ပုံးဖြင့် လောင်းချငြှိမ်းသက်လိုက်သကဲ့သို့ပင် သူတို့ချက်ချင်းပင် ငြိမ်သက်တိတ်ဆိတ်သွားကြသည်။ထိုထောင်တျဲ နှလုံးသားကဲ့သို့သော ရတနာမျိုးက သူတို့ရရှိနိုင်ရန် အလွန်ခက်ခဲလိုက်မည်ဖြစ်ကြောင်း သိတပြုမိသွားကြသည်။


လေထဲတွင် ကျောက်ခရမ်းအကြီးအကဲက တည့်မတ်စွာရပ်နေသည်။သူ့၏ ပတ်လည်တွင်လည်း ဝင့်ကြွားလှသော လေထုလွှမ်းခြုံနေသည်။သူ့၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းလှသော ဖိအားများက်ို ထုတ်လွင့်နေပြီး ခန္ဓာကိုယ်၏ ပတ်လည်တွင်လည်း သိပ်သည်းလှသော အစစ်အမှန်စွမ်းအင်လှိုင်းများ ဝန်းရံနေသည်။


သူက ကျောက်ခရမ်းအကြီးအကဲ၏ ကိုယ်ပွားသာဖြစ်သော်လည်း ပြင်းထန်လှသော စွမ်းအားက်ို ကိုင်ဆောင်ထားသည်။သူ့၏ ခန္ဓာက်ိုယ်ကပင် ကြောက်မက်ဖွယ်ကောင်းလှသော အော်ရာများကြောင့် ကြည့်မိလိုက်သူများ၏ နှလုံးသားထဲ၌ ထိတ်လန့်တုန်ယင်မှုများ ပြည့်နှက်သွားပေလိမ့်မည်။


ထိိုပုံရိပ်ကလည်း လေထဲတွင် ရပ်နေသည်။ထိုပုံရိပ်က အလွန်ပင်ကြည်လင်နေသလို ထင်ရသည်။ဆံပင်များက အဖြူ မျက်ခုံးမွှေးများကပင် အဖြူရောင်ဖြစ်နေသည်။


သူ့၏ ပုံရိပ်တစ်ကိုယ်လုံးက လုံးဝဖြူဖျော့နေပေသည်။သူက လေထုထဲတွင် အဝတ်ဗလာဖြင့် ရပ်နေပြီး ခန္ဓာကိုယ်က အရိုးများငေါထွက်သလိုပုံပေါက်သည်။ထိုအဖြူရောင်ပုံရိပ်၏ မျက်ဝန်းများလိုမျိုး ဓားရှည်ကဲ့သို့ စူးရှထက်မြက်လှသည်။သူထုတ်လွင့်နေသော အော်ရာများကလည်း အလွန်တရာ ပြင်းထန်လှသည်။


ထိုပုံရိပ်က အဝေးသို့ အေးစက်စွာ ကြည့်လိုက်ပြီး ပါးစပ်ကိုဖွင့်ဟ၍ ထက်မြက်လှသော သွားအတန်းကို ဖော်ပြလာသည်။ဆွဲဆောင်မှုရှိလှသော ပီလျန်ထျန်းက ကြာပန်းပွင့်ပေါ်တွင် ရပ်နေသည်။


တစ်ကိုယ်လုံးက ညှို့ဓာတ်များကို ထုတ်လွင့်နေသည်။နှုတ်ခမ်းပါးလေးများကို တင်းတင်းစေ့ထားပြီး လက်ကလေးယမ်းခါလိုက်ပုံမှာ အလွန်တရာ ဆွဲဆောင်မှုရှိလှသည်။ကောင်းကင်နွေဦး သန့်စင်နယ်မြေက ကျောက်ခရမ်းအကြီးအကဲ...ပီလျန်ထျန်း မျက်ဝန်းများကျဥ်းမြောင်းလိုက်ပြီးနောက် တစ်ခစ်ခစ်ရယ်မောလိုက်သည်။


ကျောက်ခရမ်းအကြီးအကဲ၏ အေးစက်လှသော မျက်ဝန်းအကြည့်များက ပီလျန်ထျန်းဆီသို့ ကျရောက်လာသည်။အေးစက်စွာ နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး 


"မင်းသမီးပီ ဒီအကြီးအကဲက ထောင်တျဲနှလုံးသားက်ို ရဖို့အတွက် အများကြီးပေးဆပ်ထားရတာ...ဒီအကြီးအကဲက အဲ့ဒီနှလုံးသားကို တကယ်ကိုပဲ လိုအပ်နေတယ်...တကယ်လို့ မင်းသာ မျက်နာသာပေးမယ်ဆိုရင် နောင်အနာဂတ်မှာ ပြန်ပြီး တုံ့ပြန်ပါမယ်..."


ကျောက်ခရမ်းအကြီးအကဲက ဖြေးညှင်းစွာ ပြောလိုက်သော်လည်း သူ့၏အသံက မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင် လူတိုင်း၏ နားထဲသ်ို့ စူးရှစွာ ပေါက်ထွက်သွားသည်။


ထိုစကားကို ကြားလိုက်သည်နှင့် ပီလျန်ထျန်းက တစ်ခစ်ခစ်ရယ်မောလိုက်သည်။သူမ၏ ခန္ဓာကိုယ်လေးက တုန်ရီနေသလို ရယ်မောသည့်အရှိန်ကြောင့် ရင်သားများကလည်း လှုပ်ခါနေသည်။


"ကျောက်ခရမ်းအကြီးအကဲက ဘယ်လိုဟာသပြောရမယ်ဆိုတာကို တကယ်သိတာပဲ...ဒီမင်းသမီးကလည်း ထောင်တျဲရဲ့ နှလုံးသားကို လိုအပ်နေတယ်...တကယ်လို့ အကြီးအကဲက ကျွန်မကို မျက်နာသာပေးလိုက်မယ်ဆိုရင် နောင်အနာဂတ်မှာ ဘယ်ချိန်မျိုးမဆို အကြီးအကဲ ကျွန်မကို လာရှာလို့မရဘူး...ရှင်ဘာပဲပြောလိုက်ပြောလိုက်...ကျွန်မလက်ခံပေးမယ်..."


ပီလျန်ထျန်း က အကြီးအကဲကို ညှို့ဓာတ်အပြည့်ဖြင့် ကြည့်လိုက်သည်။သူမ၏ အနီရောင်လျှာဖျားလေးက်ို ထုတ်၍ နှုတ်ခမ်းပါးလေးကို လျက်လိုက်သည်။


ထိုမြင်ကွင်းကို မြင်လိုက်ရသောသူများက သူတို့၏ ခန္ဓာကိုယ်က ပူလောင်လာသလို ခံစားမိလိုက်သည်။သူတို့၏ မျက်ဝန်းများထဲ၌ ဆန္ဒမီးတောက်များ တောက်လောင်လာသလို ထင်ရသည်။


အလင်းယိမ်းသန့်စင်နယ်မြေက မင်းသမီး ပီလျန်းထျန်း သူမက သန့်စင်နယ်မြေ၏ မင်းသမီးတစ်ပါးလို လှုပ်ရှားသွားစေသည်။ကျောက်ခရမ်းအကြီးအကဲက စိတ်မဝင်စားသည်မှာ ဆိုးရွားလှသည်။


ပြောလိုက်သည့်စကားများကို ကြားပြီသည်အထိပင် သူ့၏ မျက်ဝန်းများက အေးစက်နေတုန်းပင်ဖြစ်သည်။


"အမျိုးသမီး ကြည့်ရတာတော့ မင်းက ဒီထောင်တျဲနှလုံးသားကို ငါ့ကို ပေးလိုက်မှာမဟုတ်ဘူးပဲ..."


သူအေးစက်စွာဖြင့် ဆိုလိုက်သည်။"ဟီး ဟီး...ကျောက်ခရမ်းအကြီးအကဲက ဘာကြောင့်များ ဒီပြည့်တန်ဆာမနဲ့ ပြောနေသေးတာလဲ..."


"ဒီရတနာက စွမ်းအားရှိတဲ့လူအတွက်ပဲ ဖြစ်သင့်တယ်မဟုတ်လား...တကယ်လို့ ခင်ဗျားက သန်မာမှုရှိတယ်ဆိုရင်လည်း ဘာကြောင့် တိုက်ရိုက်ပဲ လုမယူတာလဲ..."


အရိပ်က ဝင်ရောက်ပြောဆိုလာပြီးနောက် သူ့၏ ချွှန်ထက်သော သွားများကို တစ်ဖန် လှစ်ဟပြလာပြန်သည်။ကျောက်ခရမ်းအကြီးအကဲ၏ မျက်ဝန်းများက ထိုသူရဲ့ နေရာနေရာသို့ စောင်းငှဲ့သွားသည်။ပီလျန်ထျန်း၏ မျက်နာကမူ လငါးမုတ်ဖမ်းခံရသကဲ့သို့ မဲမှောင်သွားလေသည်။သူမ အဖြူရောင်ပုံရိပ်ရှိရာဆီသို့ စောင်းငှဲ့ကြည့်လိုက်ပြီး သူမခန္ဓာကိုယ်ပတ်ပတ်လည်မှ စွမ်းအင်လိုင်းများကလည်း စတင်ရုန်းကြွလာသည်။


"အဆုံးမဲ့ ပင်လယ်က တစ်စုံတစ်ယောက်က တော်ဝင်ခုံရုံးအုပ်ချုပ်ထားတဲ့ နေရာမှာပေါ်လာရဲသေးတယ်...ဒါတင်မကသေးဘူး မျက်နာပြောင် တိုက်ပြုမူနေရဲသေးတယ် စင်းလုံးဖြူကြီး ရှင် ဒီနေရာကနေ အသက်ရှင်လျက်ထွက်သွားဖို့ အစီအစဥ်မရှိဘူးလား ..."


အဖြူရောင်ပုံရိပ်က သန့်စင်နယ်မြေများမှ သူမဟုတ်ပေ။သူက မည်သည့်သန့်စင်နယ်မြေနှင့်မှ အဆက်အစပ်မရှိပေ။သို့သော်လည်း သူ့၏ နောက်ခံအင်အားက လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးထက် အားမနည်းပေ။


သူက အဆုံးမဲ့ ပင်လယ်မှလာသောသူဖြစ်သည်။ထိုသူက မဟူရာနဂါးနန်းတော်မှ ကျင့်ကြံသူပညာရှင်တစ်ယောက်ဖြစ်၏။ပုန်းကွယ်နဂါးကုန်းမြေတိုက်ကြီးတွင် ကျယ်ပြောလှသော မြေပြင်နှင့် ကျယ်ပြောလှသော ပင်လယ်ပြင်ရှိနေသည်။


ပင်လယ်ထဲမှ ကျင့်ကြံသုအရေအတွက်ကလည်း ကုန်းမြေပေါ်ရှိ ကျင့်ကြံသူအရေအတွက်ထက် မနည်းပေ။ပြောရမည်ဆ်ိုလျှင် ထိုသူများက ပို၍ ပင်ကြောက်စရာကောင်းသည်ဟု ဆိုနိုင်ပေသည်။


အဘယ်ကြောင့်ဆိုသော် အဆုံးမဲ့ပင်လယ်ပြင်က အလွန်ပင်ကြီးမားလွန်းလှသောကြောင့်ဖြစ်သည်။ထိုနေရာတွင် နှစ်သောင်းချီသော စိတ်ဝိညာဥ် သားရဲကြီးများရှိနေသလိုမျိုးနှစ်ပေါင်းသိန်းချီအောင် ထာဝရ ရှင်သန်ခဲ့သည့် စိတ်ဝိညာဥ် သားရဲကြီးများပင်ရှိနေသည်။


ထိုစိတ်ဝိညာဥ်သားရဲများက မည်သူကိုမဆ်ို တုန်လှုပ်သွားစေနိုင်သော ကြောက်မက်ဖွယ်ရာ စွမ်းအင်များကို ပိုင်ဆိုင်ထားလေသည်။အရှေ့မှာရှိနေသော အဖြူရောင်အရိပ်က မဟူရာနဂါးနန်းတော်မှ လူဖြစ်သည်။မဟူရာနဂါးနန်းတော်ဆိုသည်မှာ အဆုံးမဲ့ပင်လယ်ထဲရှိ ထိပ်တန်းစွမ်းအားစုတစ်ခု ဖြစ်သည်။


၎င်းက မဟူရာနဂါးဘုရင် တည်ထောင်ထားသောနဂါးနန်းတော်တစ်ခုဖြစ်ပြီး အဆုံးမဲ့ပင်လယ်ထဲရှိ တွန်းလှန်မရနိုင်သော အင်အားစုတစ်ခုလည်းဖြစ်သည်။ထိုမဟူရာနဂါးဘုရင်က ဒဏ္ဍာရီလာ အကြော်စည်းရ ပုံရိပ်တစ်ခုဖြစ်သည်။


ကြာမြင့်လှစွာသော အချိန်ထဲကပင် သူ့၏ နတ်ဘုရားမီးတောက်ကို ထွန်းညှိနိုင်ခဲ့ပြီး ဂိုဏ်းအရှင်သခင်တစ်ဦး၏ ဖြစ်တည်မှုထက်ပင် ကျော်လွန်ခဲ့သည်။၎င်းက လျှို့ဝှက်နဂါးတော်ဝင်ခုံရုံး၏ အရှင်သခင်နှင့်ပင် အဆင့်တူဖြစ်သည်ဟု ဆိုနိုင်ပေသည်။


ပီလျန်ထျန်းလို လူမျိုးက ထိုလူနှင့် ယှဥ်နိုင်စွမ်းမရှိပေ။သူမက ထိုကဲ့သို့ အင်အားကြီးမားလှသော သူအကြောင်း စဥ်းစားမိလ်ိုက်ရုံဖြင့်ပင် သူမ၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်လေးက တုန်ယင်နေပေပြီ။


အဘယ်ကြောင့်ဆိုသော် ထိုအစွမ်းထက်လှသော သူက လူတိုင်း၏နှလုံးသားကို ဖုံးအုပ်ထားသော သူကဲ့သို့ ဖြစ်နေသေးခြင်းကြောင့်ပင်။စင်းလုံးဖြူက ထိုမျှမသန်မာသည်မှာသေချာသည်။ထို့အပြင် အဆုံးမဲ့ပင်လယ်နှင့် လျှို့ဝှက်နဂါးတော်ဝင်ခုံရုံးတို့ကြားက ဆက်ဆံရေးကလည်းဘယ်တော့မှ အဆင်မပြေခဲ့ပေ။


"ဒီစင်းလုံးဖြူက တော်ဝင်ခုံရုံးရဲ့ နယ်မြေထဲကို ခြေချရဲတဲ့အပြင် တော်ဝင်ခုံရုံးရဲ့ ပစ္စည်းဖြစ်သင့်တဲ့ အမွေအနှစ်ကိုပါ လုယူချင်နေသေးတယ်လား..."


ထိုအချက်က ခွင့်မလွှတ်နိုင်စရာကောင်းလှသည်။စင်းလုံးဖြူ၏ မျက်နာပေါ်တွင် စပ်ဖြဲဖြဲ ပုံရိပ်တစ်ခုပေါ်လာပြီး လက်တစ်ဖက်ကို မြှောက်လိုက်သည်။ချက်ချင်းဆိုသလိုပင် သူ့၏ လက်ထဲတွင် အစီအရင်တစ်ခု ပေါ်လာပြီး သူ့ဘေးပတ်ဝန်းကျင်၌ စတင်လည်ပတ်လာလေသည်။


ထိုအစီအရင်ထဲမှ ကြီးမားလှသော ဓားရှည်တစ်ချောင်းကို ဆွဲထုတ်လိုက်လေသည်။ထိုဓားရှည်က အသွားတွင် အသားစများကပ်နေသကဲ့သို့ ကြည့်ရသည်မှာ အလွန်ထူးဆန်းလှသည် ။


ထိုဓားပေါ်တွင် တွန့်ခေါက်ရာလိုမျိုး အရာများလည်းရှိနေသည်။စင်းလုံးဖြူက ဓားကို ပခုံးပေါ်ထမ်းတင်လိုက်ပြီး အေးစက်စွာရယ်မောလိုက်သည်။


ထိုလူသုံးယောက်ဘေးမှ အော်ရာများက စတင် မြင့်တက်လာသည်။ပုဖန် မျက်ခုံးများတွန့်ကွေးလိုက်မိသည်။ထောင်တျဲနှလုံးသားမှ ဆုပ်ယူခံလိုက်ရသော အစစ်အမှန်စွမ်းအားများက သူ့၏ ခန္ဓာကိုယ်ထဲ ပြန်လည်စီးဝင်လာသည်ကို ရုတ်တရက် ခံစားလိုက်မိသည်။


သူ့ခန္ဓာကိုယက တဆတ်ဆတ်တုန်ရီနေသည်အထိ အားနည်းနေပုံပေါ်သော်လည်း တဖြေးဖြေးချင်းပြန်လည်ပုံဖော်လာသည်။သူ့၏ ညာဘက်လက်မောင်းတွင်ရှိနေသော ထောင်တျဲ ဝိညာဥ်နှစ်ခုကလည်းစတင်၍ ဟိန်းဟောက်နေလေသည်။


ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား၏ စိတ်ဝိညာဥ်ကလည်း အဆက်မပြတ် ဟိန်းဟောက်နေသောကြောင့် သူ့စိတ်ဝိညာဥ်ပင်လယ်ထဲတွင် စိတ်ဝိညာဥ် လှိုင်းများပင်မြင့်တက်လာသည်။


အစစ်အမှန်စွမ်းအင်များနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများက သူ့ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ ပြန့်နှံ့သွားသည်ကို ခံစားလိုက်မိသည်။


ဟမ်...


ပုဖန် ရုတ်တရက် မျက်ဝန်းများမှေးကျင်းလိုက်မိသည်။အဘယ့်ကြောင့်ဆိုသော် ပုံရိပ်က ရုတ်တရက် ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ လေထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်ကို သတိပြုမိလိုက်သည်။


နောက်ခဏအတွင်းမှာပင် သူ့လက်ထဲမှ ထောင်တျဲနှလုံးသားက စတင်၍ ခုခံလာသည်။၎င်းက ပုဖန်၏ ဆုပ်ကိုင်ထားမှုများမှလွတ်မြောက်ရန် ကြိုးစားလိုက်၏။


"ကြောက်နေတာလား...သူက လွတ်မြောက်ချင်တယ်ပေါ့လေ..."


ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။


"မင်းအလိုရှိသလို ငါ့စွမ်းအင်တွေကို ဆုပ်ယူတယ် ပြီးတော့ မင်းမလိုချင်တော့တဲ့အခါကျရင် ထွက်ပြေးနိုင်မယ်လို့ ထင်နေတယ်ပေါ့လေ...ငါ ပုဖန်က အဲ့ဒီလောက်ပဲ အနိုင်ကျင့်ရလွယ်တယ်လို့ ထင်နေတာလား..."


ပုဖန်က ပေါ့ပေါ့ပါးပါးပင်ပြောလိုက်သည်။သူ့အသံက မကျယ်လောင်သော်လည်း အားလုံး၏ နားထဲသို့ ရှင်းလင်းစွာ ဝင်ရောက်သွားသည်။


အားလုံး၏ ထူးဆန်းနေသော အကြည့်များအောက်မှာပင် ပုဖန်က လက်ကို ဖြန့်ကားလိုက်ပြီးနောက် နောက်တစ်ဖန် ပြန်၍ ဆုပ်ကိုင်လိုက်သည်။တင်းကျပ်စွာ ဆုပ်ကိုင်ထားသောကြောင့် အသားထဲသို့နစ်ဝင်သွားသည်။


နောက်ခဏအတွင်းမှာပင် သူ့လက်ထဲမှ ထောင်တျဲ နှလုံးသားက စတင်၍ ခုခံလာသည်။၎င်းက ပုဖန်၏ ဆုပ်ကိုင်ထားမှုထဲမှ လွတ်မြောက်ရန် ကြိုးစားလာ၏။အားလုံး ကြောင်အသွားပြီး ဒေါသတကြီး အမူအရာဖြစ်နေသော ပုဖန်ကို ကြည့်လိုက်ကြသည်။


"ဒီကောင်စုတ်လေးက ဘာလုပ်နေတာလဲ...သူ ထောင်တျဲနှလုံးသားကို ပေါက်ကွဲသွားအောင် ဖျစ်ညှစ်ပစ်ချင်နေတာလား..."


ဝေါ...


ပုဖန်၏ အော်ရာများက ချက်ချင်းပင်မြင့်တက်လာသည်။နောက်ခဏအတွင်းမှာပင် သူ့လက်မောင်းရှိ အဖြူအနက်လက်ပက်က ပြေလျော့သွားသည်။


၎င်း ပတ်တီးစက ပုဖန်လက်မောင်းတစ်လျှောက် လိပ်ခွေ၍ လျှောဆင်းသွားပြီး လက်မောင်းသားကို လှစ်ဟပြလာလေသည်။သူ့၏ လက်မောင်းထက်တွင် မြောက်များလှစွာသော ပုံစံများ ရေးဆွဲထားမှုများရှိနေသည်။၎င်းက ထောင်တျဲနှာခေါင်း ကောင်းကင်သို့မော့၍ ဟိန်းဟောက်နေသည်နှင့် တူသည်။


သူ့လက်မောင်းမှ ထိုပုံကို မြင်လိုက်သည့်ခဏ၌ အားလုံး၏ နှလုံးသားများ တုန်ယင်သွားကြသည်။အဖြူအနက်လက်ပက်က အသက်ရှိနေသကဲ့သို့ ထောင်တျဲနှလုံးသားကို ရစ်ပတ်လိုက်သည်။


ခဏလေးအတွင်းမှာပင် ၎င်းက ထောင်တျဲနှလုံးသားတစ်ခုလုံး၏ ပတ်လည်ကို လွှမ်းခြုံသွားလေသည်။ထောင်တျဲ နှလုံးသားကို ချိတ်ဆတ်ထားသော ကြိုးများက စတင်တုန်ခါလာပြီး အသံကျယ်များ ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။


သူ့လက်ကို မြှောက်လိုက်ပြီး နှလုံးသားထဲ စိုက်ဝင်နေသည့် ကြိုးများကို အားကုန်သုံး၍ ဆွဲနှုတ်လိုက်သည်။သူ့အောက်ခြေမှ ထွက်ပေါ်လာသော ဟိန်းဟောက်သံများက ပိုကျယ်လောင်လာပြီး ပိုပြင်းထန်လာသည်။


လူများအားလုံး ပုဖန်ကို ကြည့်နေရင်းဖြင့် သူတို့၏ ခန္ဓာကိုယ်တစ်ကိုယ်လုံး တောင့်တင်းနာကျင်လာသလိုမျိုး ခံစားလိုက်ရသည်။ကျောက်ခရမ်းအကြီးအကဲ၏ မျက်ဝန်းများက စတင်၍ တောက်ပလာသည်။


စင်းလုံးဖြူကလည်း ရှည်လျားသေးသွယ်သော လျှာကို ထုတ်လိုက်ပြီး သူ့၏ ချွှန်ထက်သော သွားများကို လျက်လိုက်သည်။ပီလျန်ထျန်းက မျက်ဝန်းများကျဥ်းမြောင်း၍ ပုဖန်ကိုသာ စိုက်ကြည့်နေလိုက်သည်။


ဒီတစ်ကြိမ်၌ သူတို့သုံးယောက်လုံးက အလျင်စလို မလှုပ်ရှားပေ။နောက်ထပ် ကိစ္စရပ်များ ဖြစ်ပွားလာမည်ကိုသာ စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။


ထိုအခိုက်အတန့်တွင် ဝင်ပေါက်မှသူများက ဖြေးညှင်းစွာ လျှောက်ဝင်လာခဲ့သည်။ငရဲဘုရင်၏ မျက်နာက သူ့လက်ထဲမှ တိုးချက်နေသည့် အစပ်ချောင်းများကဲ့သို့ နက်မှောင်နေပေသည်။


မီးသွေးတောက်များနှင့်တူသောအစပ်ချောင်း၏ အလေးချိန်ကို ချိန်ဆနေသလိုမျိုး ပြုလုပ်နေသည်။ချူချန်းရှန်နှင့် တခြားသူများ၏မျက်နာကမူ သေလူကဲ့သို့ ဖြူဖျော့နေကြသည်။သူတို့ နန်းတော်အတွင်းသို့ ဝင်ရောက်လာပြီးနောက် ခပ်လှမ်းလှမ်းတွင် ဖြစ်ပွားနေသည့် မြင်ကွင်းကို ကြည့်လိုက်ကြသည်။


ဝှိုက်တီက ခပ်လှမ်းလှမ်းတွင် တိုက်ခိုက်နေသော ပုဖန်ကိုကြည့်၍ သူ့ခန္ဓာကိုယ်မှ စူရှလှသော အော်ရာများဖြာထွက်လာလေသည်။ပုဖန်၏ မျက်နာက အမူအရာကင်းမဲ့နေတုန်းပင်ဖြစ်သည်။သို့သော်လည်း အသက်စွမ်းအင်အမြောက်အများ သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်နေသောကြောင့် မျက်နာက နီမြန်းနေပေသည်။


သူ ပါးစပ်ဖွင့်ဟလိုက်သည်နှင့် စွမ်းအင်များ စတင်စီးဆင်းထွက်ပေါ်လာသည်။ထောင်တျဲနှလုံးသားက ကြောက်မက်ဖွယ်ရာကောင်းလှသော အသက်စွမ်းအင်များကို ပိုင်ဆိုင်ထားလေသည်။


အဖြူအနက်လက်ပတ်က ထိုအသက်စွမ်းအင်များကို ဆုပ်ယူပြီးနောက် ထောင်တျဲ ဝိညာဥ်နှစ်ခုက စတင်၍ ထိန်းမနိုင်သိမ်းမရဖြစ်လာသည်။ကျယ်လောင်လှသော အက်ကွဲသံများကြားလိုက်ရပြီးနောက် ထောင်တျဲနှလုံးသားနှင့် ချိတ်ဆတ်ထားသော ကြိုးများက ကျိုးပဲ့သွားသည်။တကယ်တမ်းတွင် ကြိုးတစ်ခုတည်းသာ ပျက်စီးကျိုးပဲ့သွားခြင်းဖြစ်သည်။


ထို့နောက် ကမ္ဘာမြေကြီးဆီမှ ထွက်ပေါ်လာသည့် ငြီးတွားသံများက ပို၍ ပြင်းထန်စူးရှလာသည်။


ဝေါ ဝေါ...ချွင်...


ထောင်တျဲနှလုံးသားနှင့် ချိတ်ဆတ်ထားသော ကြိုးများအားလုံးက ပြင်းထန်စွာ ခါယမ်းလိုက်သည်။တဒုန်းဒုန်းခုန်လှုပ်နေသော နှလုံးခုန်သံက ဖျော့သထက်ဖျော့လာသည်။


ထောင်တျဲနှလုံးသားနှင့် ကြိုးများ၏ ချိတ်ဆတ်မှုက အဖြူအနက်လက်ပတ်မှ ဆုပ်ယူဝါးမြိုခြင်းခံလိုက်ရသလိုမျိုး တဖြေးဖြေးကျုံ့ဝင်သွားသည်။ထောင်တျဲနှလုံးသားနှင့် ချိတ်ဆတ်ထားသော ကြိုးတစ်ခုတည်းသာ ကျန်တော့သည့်အချိန်၌ ကျောက်ခရမ်းအကြီးအကဲ၏ မျက်ဝန်းများအလင်းရောင်များ ဖြာထွက်လာသည်။နောက်ဆုံး၌ သူ့ကိုယ်သူ မထိန်းချုပ်ထားနိုင်တော့ပေ။


"ထောင်တျဲနှလုံးသားက ငါ့ဟာပဲ..."


သူ့၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး မြေပြင်ကို ထောက်ကန်ကာ လေထဲသို့ ထိုးတက်လိုက်သည်။သူ့၏ အရိပ်က ခရမ်းရောင်ကြယ်ပျံတစ်ခုအလား လေဟာနယ်ကို ဖြတ်သန်း၍ ပုဖန်ဆီ တိုးဝင်သွားသည်။


သူ့၏ ဆန့်တန်းထားသောလက်က ပုဖန်ဆီ ရောက်တော့မည့်အချိန်၌ သတ္တုတောင်ပံတစ်စုံခတ်သံကို ကြားလိုက်ရပြီး နီရဲနေသော တုတ်ချောင်းတစ်ခု သူ့ဆီသို့ ပြေးဝင်လာလေသည်။ထိုတုတ်က သူ့ခန္ဓာကိုယ်ကို ကြမ်းတမ်းစွာ ထိမှန်သွားသည်။


ဘုန်း...


ကျောက်ခရမ်းအကြီးအကဲ၏ ခန္ဓာကိုယ်ကြွက်သားများက တုန်ခါသွားပြီး သူ့၏ ခရမ်းရောင် ဆံပင်များ လွင့်ဖြာသွားသည်။သို့သော်လည်း သူ့တွင် မည်သည့်ထိခိုက်မှုမှ ရှိပုံမပေါ်ပေ။သူ့ အေးစက်လှသော အကြည့်များက ဝေ့ဝဲသွားပြီး သူ့၏ လှုပ်ရှားမှုကိုနှောက်ယှက်လိုက်သော သူဆီသို့ ကျရောက်သွားသည်။


မျက်ဝန်းများက နတ်ဘုရားသတ်တုတ်ကို ကိုင်ဆောင်၍ သူ့ရှေ့သို့ ရောက်လာသော ဝှိုက်တီကို ကြည့်လိုက်လေသည်။