အပိုင်း ၇၆၄
Viewers 53k

အခန်း ၇၆၄

အဲ့ဒါက ပါဝင်ပစ္စည်းသက်သက်ပဲလေ...


ဒုတ် ဒုတ်...


နှလုံးခုန်သံက ဖျော့သထက်ဖျော့တော့လာသည်။ပုဖန် သိပ်သည်းလှသော စွမ်းအင်တစ်ချက် မှုတ်ထုတ်လိုက်သည်။ထောင်တျဲ၏ နှလုံးသားကို ရစ်ပတ်ထားသော လက်ပက်က သူ့ခန္ဓာကိုယ်ထဲ တဖြေးဖြေးစတင်တိုးဝင်လာသည်ကို ခံစားမိလိုက်သောကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။


သူ့၏ နှလုံးသားက ကြမ်းတမ်းစွာ စတင်ခုန်လှုပ်လာသည်။၎င်းက တဖြေးဖြေးချင်း ထောင်တျဲ နှလုံးသားထဲ စည်းချက်ကျလာသည်။လက်ပက်အတွင်းမှ အနက်ရောင်ထောင်တျဲနှင့် အဖြူရောင်ထောင်တျဲတို့၏ စိတ်ဝိညာဥ်ကလည်း အဆက်မပြတ် ဟိန်းဟောက်နေသည်။


နောက်ဆုံး၌ ထောင်တျဲနှလုံးသားတွင် ကျန်ရစ်နေသော နောက်ဆုံးသောကြိုးက ကွဲကြေသွားလေပြီ။ထိုခဏအတွင်းမှာပင် ထောင်တျဲနှလုံးသားက သူ့စီသို့ ဦးတည်လာနေပြီဟု ခံစားလိုက်ရသည်။၎င်းက သူ့နှလုံးသားအတွင်းသို့ လှိုဏ်ခေါင်းဖောက်ချင်နေသည်ဟု ထင်ရသည်။


ပုဖန် မျက်ဝန်းများ ကျဥ်းမြောင်းသွားပြီး နှုတ်ခမ်းတင်းတင်းစေ့ပိတ်လိုက်သည်။သူ့၏ မျက်ဝန်းမှ အလင်းများ ဖြာထွက်လာသည်။ကမ္ဘာမြေ၏ အောက်မှလည်း စူးရှလှသော ငြီးငြူအော်သံများက ပြင်းထန်လာသည်။၎င်းက အားလုံး၏ အစီအရင်ကို ခွဲချေပစ်တော့သကဲ့သို့ပင်။


နောက်ခဏအတွင်းမှာပင် မြေပြင်ကပြင်းထန်စွာ တုန်ခါလာသည်။၎င်းက မြေပြင်တစ်ခုလုံးက အက်ကွဲကြောင်းများဖြင့် အဖြေပွင့်ထွက်သွားပြီး ဧရိယာတစ်ခုလုံးကို ပြိုကျသွားတော့မလိုပင် ခံစားရသည်။


"ပေး ...ထောင်တျဲနှလုံးသားကို ငါ့ဆီပေး..."


ဝုန်း ဝုန်း...ဂါး...


အော်ဟစ်ဟိန်းဟောက်သံများကလည်း တစ်စက်မှ ရပ်မသွားပဲ ဆက်တ်ိုက်ထွက်ပေါ်နေသည်။ဟာနေခြင်းကလည်း ရပ်မသွားပေ။ထိုအခိုက်အတန့်မှာပင် အချက်အပြုတ်အနုပညာလှေကားကိုးဆင့်၏ ဘက်မှ ကြီးမားလှသော လက်ကြီးတစ်ချက် ချိုးဖောက်ထွက်ပေါ်လာသည်။


၎င်းဧရာမသက်ရှိကြီးက မြေအောက်မှ တွားသွားထွက်ချင်နေလေသည်။အားလုံး လေအေးတစ်ချက်ရှိုက်လိုက်မိကြသည်။အားလုံး လေအေးတစ်ချက်ရှိုက်လိုက်မိကြသည်။မြေအောက်၌ ထိုမျှကြောက်မက်ဖွယ်ကောင်းလှသော တည်ရှိမှုမျိုးရှိနေမည်ဟု မမျှော်လင့်ထားခဲ့မိပေ။


ပုဖန်မျက်ဝန်းများကျဥ်းမြောင်းသွားပြီး နှုတ်ခမ်းတင်းတင်းစေ့ပိတ်လိုက်သည်။သူ့၏ မျက်ဝန်းမှ အလင်းများဖြာထွက်လာသည်။ကမ္ဘာမြေ၏ အောက်မှလည်း စူးရှလှသော ငြီးငြူအော်သံများက ပို၍ ပြင်းထန်လာသည်။၎င်းက အားလုံး နားစည်ကို ခွဲချေပစ်တော့မကဲ့သို့ပင်။


ထို့ကြောင့် ပုဖန်ကို တားဆီးပြိး ထောင်တျဲနှလုံးသားကို သူကိုယ်တိုင်ပင် လူယူရပေတော့မည်။လူတိုင်း အသက်ပုံမှန်မရှူနိုင်ကြတော့ပဲ အသက်ရှုကျပ်မတက်ဖြစ်နေကြလေပြီ။


ထိုအချိန်တွင် ထောင်တျဲ၏နှလုံးသားက ပုဖန်၏ နှလုံးသားဆီသို့ ရောက်လာခါနီးအချိန်တွင် ပုဖန်၏ ရင်ဘတ်မှ ရောင်စဥ်ခုနစ်ဖြာ ဖြာထွက်လာသည်။ပုဖန် မျက်ခုံးများ စုကျုံ့လိုက်ပြီးနောက် သူ့၏ မျက်ဝန်းများက စူးရှသထက်စူးရှလာခဲ့သည်။


ထိုမြင်ကွင်းက တွေ့လိုက်ရသောကျောက်ခရမ်းအကြီးအကဲကလည်းကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ထောင်တျဲ၏ နှလုံးသားက ပုဖန်နှင့် ပေါင်းစပ်လိုက်လျှင် ၎င်း၏ သက်ရောက်မှုအားလုံးကို ဆုံးရှုံးသွားမည်ဖြစ်သည်။ကျောက်ခရမ်း အကြီးအကဲအနေဖြင့် ထ်ိုအဖြစ်အပျက်ကို လုံးဝ လက်မခံန်ိုင်ပေ။


ထို့ကြောင့် ပုဖန်က်ို တားဆီးပြီး ထောင်တျဲနှလုံးသားက်ို သူကိုယ်တိုင်ပင် လူယူရပေတော့မည်။သို့သော်လည်း သူလှုပ်ရှားရန် ပြင်လိုက်သည့်အချိန်မှာပင် နီရဲပူပြင်းသည့်တုတ်က သူ့ခန္ဓာကိုယ်ပေါ်သို့ ထပ်မံကျရောက်လာပြီး လေထဲတွင် ကျယ်လောင်သည့်အသံလှိုင်းများ ရိုက်ခတ်သွားသည်။


ကျောက်ခရမ်းအကြီးအကဲ၏ မျက်ဝန်းများက သူရှေ့မှ ဝှိုက်တီဆီသို့ ကျရောက်သွားသည်။ဝှိုက်တီ၏ အကြည့်စူးစူးများကလည်း သူ့၏ ရက်စက်ကြမ်းကြုတ်လှသော မျက်နာပေါ်ကျရောက်နေသည်။


ကျောက်ခရမ်းအကြီးအကဲ၏ ကြွက်သားများက ကြောက်မက်ဖွယ်ရာ ဖောင်းကားနေပြီး သူ့၏ ခရမ်းရောင်ဆံပင်များကလည်း လေအရှိန်ဖြင့် လွင့်ပျံနေ၏။


၎င်းက ကျောက်ခရမ်းအကြီးအကဲ၏ ကိုယ်ပွားတစ်ခုမျှသာ ဖြစ်သော်လည်း ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအားများကို ပိုင်ဆိုင်ထားတုန်းပင်ဖြစ်သည်။


ဝှိုက်တီကလည်း ရုပ်သေးတစ်ရုပ်သာဖြစ်သောကြောင့် ၎င်းနှင့် အခြေအနေချင်းတူညီသည်ဟု ဆို၍ရပေသည်။ရုပ်သေးတစ်ရုပ်နှင့် ကိုယ်ပွားတစ်ခုတို့က လေထဲတွင် ထိပ်တိုက်တွေ့ဆုံသွားပြီး ကြီးပြင်းထန်လှသော ပေါက်ကွဲမှုများဖြစ်ပေါ်လာသည်။


"ဖယ်စမ်း..."


ကျောက်ခရမ်းအကြီးအကဲ ပြင်းထန်စွာ အော်လိုက်ပြီး သူ့၏ ခန္ဓာကိုယ်မှ စွမ်းအင်လှိုင်းများစတင်ထုတ်လွင့်လာသည်။ဝှိုက်တီ၏ လက်က လှုပ်ရှားသွားပြီး နတ်ဘုရားသတ်တုတ်က လေထဲတွင် လှပစွာယိမ်းခါလာသည်။ထို့နောက် ကျောက်ခရမ်းအကြီးအကဲ၏ ခေါင်းကို ထုချလိုက်လေသည်။


သို့သော် ကျယ်လောင်သောထိခတ်သံတစ်ခုနှင့်အတူ ကျောက်ခရမ်းအကြီးအကဲက ထိုတုတ်ကို လှမ်းဖမ်းဆုပ်လိုက်လေသည်။


"မင်းက တော်တော်လေးသန်မာတဲ့ ရုပ်သေးပဲ...ဒါပေမယ့် ဒီအကြီးအကဲကို တားဖို့အတွက်တော့ အရမ်းအားနည်းနေသေးတယ်..."


မည်သည့်အရာများဖြစ်ပျက်သွားသည်ကို မည်သူမ မသိလိုက်ပေ။သို့သော်လည်း နောက်ခဏ၌ ဝှိုက်တီက အတိုက်အခိုက်ခံလိုက်ရပုံရလေသည်။


သူ့၏ ခန္ဓာကိုယ်က ထူးဆန်းစွာ ကွေးညွှတ်နေပြီး မြေပြင်ပေါ် ထုချခံထားရသည်။ကျောက်ခရမ်းအကြီးအကဲ၏ မျက်ဝန်းများက အေးစက်နေသည်။သူ့၏ ကိုယ်ပွားခန္ဓာကိုယ်ကလည်း နတ်ဘုရားစိတ်ဝိညာဥ် အာရုံနယ်ပယ်အဆင့်သို့ ခြေလှမ်းတစ်ဝက်လှမ်းပြီးသား ကျင့်ကြံသူများဖြင့်ပင် တိုက်ခိုက်နိုင်သည်။


သူ့၏ ကိုယ်ပွားခန္ဓာကိုယ်က ထ်ိုပညာရှင်များထက် သန်မာသည်ဟုပင် ဆိုနိုင်ပေသည်။သူ့၏ ကိုယ်ပွားခန္ဓာကိုယ်က နတ်ဘုရားစွမ်းအင် သိပ်သည်းသည့် အဆင့်သို့ ရောက်နေပြီဖြစ်သော ပီလျန်ထျန်းထက်အားနည်းကောင်း အားနည်းနိုင်သည်။


သို့သော်လည်း ပီလျန်ထျန်းလိုလူမျ်ိုးပင် သူ့ကို ဖိနှ်ိပ်နိုင်စွမ်းမရှိပေ။ထိုအချက်ကြောင့်ပင် အစောပိုင်းက သူ ပီလျန်ထျန်းနှင့် ညှိနှိုင်းမှု ပြုလုပ်ခြင်းဖြစ်၏။သူ့၏ အစစ်အမှန်ခန္ဓာကိုယ်က ပီလျန်ထျန်းထက်က သေချာပေါက် သန်မာပေသည်။


"ဒါပေါ့..."


ထိုအမျိုးသမီးကလည်း စကားတစ်ခွန်းမှမဆိုပဲ ထွက်သွားပေးလိုက်မည်မဟုတ်မှန်းသူသိပေသည် ။မည်သို့ပင်ဆိုစေ သူကျောက်ခရမ်းအကြီးအကဲဆိုသည်က နတ်ဘုရားမီးတောက်ပင် ဖွဲ့တည်ပေးထားသည့် ပညာရှင် တစ်ယောက်ဖြစ်သည်။ထို့ကြောင့်နတ်ဘုရားစိတ်ဝိညာဥ် အာရုံအဆင့်ကိုပင် မရောက်သေးသည့် သူတစ်ယောက်ကို အနိုင်မယူနိုင်စရာအကြောင်းမရှိပေ။


နတ်ဘုရားစိတ်ဝိညာဥ် အာရုံနယ်ပယ်ဆိုသည်က အလွန်ပင်အဆုံးအစမဲ့သော နယ်မြေအသစ်တစ်ခုဖြစ်သည်။ကြီးမြတ်သော တန်ခိုးရှင်အဆင့် ဖြစ်သည့် ဂိုဏ်းသခင်များကြားမှ ကွာခြားမှုကပင် ကောင်းကင်နှင့် ကမ္ဘာမြေကြီးလောက် ကြီးမားပေသည်။


ဝှိုက်တီ၏ စွမ်းရည်များက ခုန်ပျံကျော်လွှားတိုးတက်လာပြီး သူ့၏ တိုက်ခိုက်ရေးစွမ်းရည်ကလည်း အရင်ကထက် ပိုသန်မာလာသည့်တိုင်အောင် ကျောက်ခရမ်းအကြီးအကဲနှင့် သူ့ကြားက အကွာအဝေးက ကြီးမားနေသေးသည်။


မြေပြင်က နောက်တစ်ဖန် အက်ကွဲသွားပြန်သည်။ဝှိုက်တီ၏ သတ္တုတောင်ပံများကို ဖွင့်ဟလိုက်ပြီးနောက် အလင်းတန်းတစ်ခုကဲ့သို့ ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်။


ပုစွန်ပိစိ၏ ခန္ဓာကိုယ်ကလည်း ရုတ်ချည်းပင် ကြီးမားလာသည်။ထို့နောက် နတ်ဘုရားသတ်တုတ်ကိုင်ဆောင်ထားသော ဝှိုက်တီက ပုစွန်ပိစိပေါ်တွင် စီးနင်းလိုက်ပါလာလေသည်။ဝှိုက်တီကိုကြည့်ရသည်မှာ တန်ခိုးရှင်အလားပင်ထင်မှတ်မှားစေသည်။


အကွာအဝေးတစ်ခုတွင်ရှိနေသော မဟာအဖြူက သူ့ရှေ့တွင် ကပြအသုံးတော်ခံနေသော ဟာသပြဇာတ်ကို စောင့်ကြည့်ချင်နေခဲ့သည်။ရွှေရောင်ကျ်ိုင်းပုစွန်ကြီးပေါ်လာသည့် အခိုက်၌ သူ့မျက်ဝန်းများပြောင်းလဲသွားသည်။သူ့လက်ထဲမှ အသားဓားက တဆတ်ဆတ်တုန်ခါလာသည်။


ပုစွန် ဘိုးဘေး ...


သူရွှေရောင်ပုစွန်ကြီးကို အံ့သြထိတ်လန့်တုန်လှုပ်မှုများပြည့်နှက်နေသည့် မျက်ဝန်းဖြင့် ကြည့်နေမိသည်။


"အဲ့ဒါ ပျောက်ဆုံးသွားတဲ့ ပုစွန်ဘိုးဘေးမဟုတ်လား ..သူက ဘယ်လိုလုပ်ပြီး ဒီနေရာမှာ ပေါ်လာရတာလဲ ပြီးတော့ တောင်တစ်တောင်လို အသုံးပြုခံနေရတယ်...အဲ့ဒီအသုံးပြုတဲ့လူကလည်း ရုပ်သေးတစ်ရုပ်ဖြစ်နေတာကို ဖယ်ထားလိုက်တော့ ..."


မဟာအဖြူ၏ မျက်နာပေါ်ရှိ ကြွက်သားများ တဆတ်ဆတ် တုန်ရီနေလေသည်။သူလေဟာနယ်ကို ခြေတစ်လှမ်းလှမ်း၍ ပုစွန်ဘိုးဘေးဆီ လျှောက်သွားသော ကျောက်ခရမ်းအကြီးအကဲကို ကြည့်လိုက်မိသည်။


အခက်အခဲများစွာကို ကြုံတွေ့ပြီးနောက် နောက်ဆုံးတွင် ပုစွန်ဘိုးဘေးကို ရှာတွေ့ခဲ့လေပြီ ပုစွန်ဘိုးဘေးအား ကျောက်ခရမ်းအကြီးအကဲက လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် သတ်လိုက်မည်ကို ခွင့်ပြုနိုင်စရာအကြောင်းမရှိပေ။


မဟာအဖြူ ကျောက်ခရမ်းအကြီးအကဲကို တားမြစ်ရန် ဆုံးဖြတ်လိုက်ပြီး စတင် လှုပ်ရှားလိုက်သည်။သို့သော်လည်း ထိုအခိုက်အတန့်မှာပင် လေထဲတွင်ရစ်ဝဲလာသော ကြာပန်းတစ်ပွင့်က သူ့နားသို့ ရောက်လာသည်။ထိုကြာပန်း၏ ပတ်ပတ်လည်မှ စွမ်းအင်များက ထိုကြာပန်းအလယ်တွင် စုစည်းနေသည်။


"အဆုံးမဲ့ ပင်လယ်ကလာတဲ့ မဟာအဖြူ မင်း ဒီနေရာမှာပဲ ဆက်နေနေတာကောင်းလိမ့်မယ်..."


ပီလျန်ထျန်းက သူမ၏ ပါးစပ်ကို လက်ဝါးဖြင့် အုပ်ကာရင်း တခစ်ခစ်ရယ်မောလိုက်သည်။မဟာအဖြူသူမကို တစ်ချက်ကြည့်လိုက်ပြီးသည်နှင့် လက်တစ်ဖက်က ဇက်ခနဲ လှုပ်ရှားသွားကာ သူမဆီသို့ တိုက်ရိုက်လွှဲခုတ်လိုက်လေသည်။


အသားဓားက လေထုကို ဖြတ်သန်းသွားသည်နှင့် ရုတ်တရက် ကြီးမားသောပါးစပ်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။


၎င်းက ကြာပန်းကို ဆုပ်ယူဝါးမြိုလိုက်သည်။ကျယ်လောင်သောပေါက်ကွဲသံများထွက်ပေါ်လာပြီးနောက် အသားဓားက ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။


"ဒီလူအိုကြီးက မင်းဆီကနေ ထောင်တျဲနှလုံးသားကို လုယူဖို့မဟုတ်ဘူး...ငါ့မှာအဲ့ဒီထက်ပိုပြီးလုပ်စရာအလုပ်ရှိတယ်.. မင်းငါ့ကို လာရှုပ်ရဲတယ်ဆိုရင်တော့ ဟမ်း ပြည့်တန်ဆာမလေး မင်း ငိုဖို့သာပြင်ထားလိုက်..."


မဟာအဖြူက အေးစက်စွာပြောလိုက်ပြီးနောက် သူ့၏ ချွှန်ထက်လှသော သွားများကို လှစ်ဟပြလိုက်သည်။ပြီးသည်နှင့် အေးစက်လှသောအကြည့်များက အဝေးဆီသို့ ပြန်ကျရောက်သွားသည်။


ထိုနေရာတွင် ကျောက်ခရမ်းအကြီးအကဲက ကြောက်မက်ဖွယ်ကောင်းလှသော အော်ရာများကို ထုတ်ဖော်၍ ဝှ်ိုက်တီနှင့် ပုစွန်ပိစိတို့ နှစ်ယောက်လုံးကို ဖိနှိပ်လာသည်။


မဟာအဖြူ၏ အကြည့်များကအလွန်ပင် စူးရှလှသောကြောင့် တစ်ချက်ကြည့်ရုံဖြင့်ပင် ပုစွန်ဘိုးဘေး၏ လက်ရှိသန်မာမှုကို မြင်နိုင်ပေသည်။၎င်းက မသေမျိုးဝိညာဥ်အဆင့်တွင်သာရှိသေးပြီး ပုစွန်ဘိုးဘေးကြီး ပိုင်ဆိုင်ခဲ့သော တကယ်ခွန်အားနှင့် အလှမ်းကွာလွန်းနေသည်။


အကယ်၍ ပုစွန်ဘိုးဘေးကြီးသာ ကျောက်ခရမ်းအကြီးအကဲ၏ ရိုက်သတ်ခြင်းကို ခံလိုက်ရပါက အလွန်တရာ သနားစရာကောင်းသွားပေလိမ့်မည်။ပုစွန်ဘိုးဘေးဆိုတာက အဆုံးမဲ့ပင်လယ်မှာ အင်အားကြီးတဲ့ ခေါင်းဆောင်တစ်ယောက်ပဲ..."


ကျောက်ခရမ်းအကြီးအကဲက ဝှ်ိုက်တီတို့ နှစ်ယောက်လုံးကို မျက်စိထဲ မထည့်ထားပေ။သူက အဝေးသို့သာ ကြည့်လိုက်သည်။ထိုနေရာတွင် အလင်းများတောက်ပဖြာလဲ့နေကာ ထောင်တျဲ၏ နှလုံးသားက ကောင်စုတ်လေးနှင့် လုံးဝ ပြီးပြည့်စုံအောင် ပေါင်းစပ်သွားပေတော့မည်။


အချက်အပြုတ်အနုပညာ လှေကားကိုးဆင့်၏အောက် မြေပြင်မှလည်း လက်တစ်ဖက်တွားသွားထွက်လာသည်။မြေအောက်၌ သက်ရှ်ိသတ္တဝါတစ်ကောင်ရှိနေသလိုမျ်ိုး ပြင်းထန်စွာတုန်ခါလာ၏။


ကျောက်ခရမ်းအကြီးအကဲ၏ နှလုံးခုန်သံများမြန်ဆန်လာသည်။သူသာ ထောင်တျဲ နှလုံးသားကို လိုချင်လျှင် မြန်မြန်ဆန်ဆန်လှုပ်ရှားရပေမည်။အစားကြူးတောင်ကြား အထွဋ်အထိပ်အဆင့်တွင်ရှိနေခဲ့တုန်းက သန့်စင်နယ်မြေများအားလုံးကို ဖိနှိပ်ထားနိုင်ခဲ့သည်။


"မြေအောက်မှာ ဘယ်လိုကြောက်စရာကောင်းတဲ့ သက်ရှိမျိုး အိပ်ပျော်နေတယ်ဆိုတာကို ဘယ်သူကသိမှာလဲ...အကယ်၍ ထိုသက်ရှိက ဂိုဏ်းသခင်အဆင့် စွမ်းအင်မျိုးရှိနေလျှင် သူ့ကိုယ်ပွားအတွက် ထောင်တျဲနှလုံးသားကို ရရှိရန် ခက်ခဲသွားပေလိမ့်မည်။


သူတစ်ချက်တည်းနဲ့ အဆုံးသတ်ပြီး ထောင်တျဲနှလုံးသားကိုလုကာ မြန်နိုင်သမျှ အမြန်ဆုံးထွက်ပြေးရပေမည်။ထောင်တျဲ နှလုံးသား သူ့လက်ထဲ ရောက်သည်နှင့် မဟာအဖြူနှင့် ပီလျန်ထျန်းတို့က သိနိုင်လိမ့်မည်မဟုတ်ပေ။


ဝုန်း...


ဧရိယာတစ်ခွင်လုံးတွင် ခရမ်းရောင်စွမ်းအင်များ ပြည့်နှက်သွားသည်။ခြေတစ်ချက်စောင့်လိုက်ရုံဖြင့်ပင် လေဟာနယ်လှိုင်းများဖြစ်ပေါ်လာသည်။ရုတ်တရက် ပုစွန်ပိစိ၏ ကျောပေါ်တွင်ရပ်နေသော ဝှ်ိုက်တီ၏ ခန္ဓာကိုယ်က စတင်တောက်ပလာပြီး ကြီးမားလှသော အမြောက်ဆန်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။


ဘုန်း ဘုန်း ဘုန်း....


ကောင်းကင်တစ်ခွင် ပေါက်ကွဲသံများပွက်ပွက်ညံသွားသည်။အမြောက်ဆန်အစီအရင်တစ်ခုမှ တရစပ်ပစ်လွှတ်လိုက်သလိုမျ်ိုး စွမ်းအားများက ကျောက်ခရမ်းအကြီးအကဲဆီသို့ ဦးတည်သွားလေသည်။


ကျောက်ခရမ်းအကြီးအကဲ ထိုတိုက်ခိုက်မှုကို မရှောင်လိုက်နိုင်ပေ။ပေါက်ကွဲမှုများက ဆက်တိုက်ထိမှန်သွားပြီး သူ့ပတ်ဝန်းကျင်တစ်ခွင်၌အခ်ိုးအငွေ့များ ဖုံးလွှမ်းသွားသည်။


သို့သော်လည်း အခိုးအငွေ့များ ကွယ်ပျောက်သွားသည့်အချိန်၌ ကျောက်ခရမ်းအကြီးအကဲက မည်သည့် ထိခိုက်မှုမှမရှိပဲ ရပ်နေခဲ့လေသည်။သူ့ခန္ဓာကိုယ်က ကိုယ်ပွားတစ်ခုဆိုသော်လည်း ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်ရှိသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပေသည်။


ကျောက်ခရမ်းအကြီးအကဲ၏ အကြည့်များက ဝှိုက်တီဆီသို့ ကျရောက်သွားသည်။


"အနှောက်အယှက်ဖြစ်လွန်းတယ်..သေလိုက်တော့..."


ကျောက်ခရမ်းအကြီးအကဲ အလွန်ဒေါသထွက်နေမိသည်။ထိုရုပ်သေးက သူ့၏ ခံနိုင်ရည်ကို ထပ်ခါတလဲလဲ လာဆွနေပေသည်။ကျယ်လောင်သော ဟစ်ကြွေးသံနှင့်အတူ ကျောက်ခရမ်းအကြီးအကဲက လေဟာနယ်ထဲ တိုးဝင်ပျောက်ကွယ်သွားသည်။ထ်ိုနေရာတွင် တုန်ခါနေသည့် လေဟာနယ်လှိုင်းများသာကျန်နေခဲ့၏။နောက်ခဏ၌ သူဝှိုက်တီ၏ နားတွင် ပြန်ပေါ်လာလေသည်။


ပဲ့ကြွေ နတ်ဘုရားလက်ဝါး...


ကျောက်ခရမ်းအကြီးအကဲ၏ လက်ဖဝါးက စတင်တောက်ပလာပြီး စွမ်းအင်များ စုစည်းလာလေသည်။ထိုစွမ်းအားများက အားလုံးကို တုန်လှုပ်ထိတ်လန့်စေသည်။ထိုလက်ဖဝါးချက်က ဝှ်ိုက်တီ၏ ခေါင်းဆီသို့ ကျရောက်လာပေသည်။ထိုရိုက်ချက်သာ ထိမှန်သွားပါက ဝှ်ိုက်တီ၏ ခေါင်းက သေချာပေါက် ပေါက်ကွဲသွားပေလိမ့်မည်။


အစောပိုင်းက ကျောက်ခရမ်းအကြီးအကဲသည် ထိုရုပ်သေးက စိတ်ဝင်စားဖို့ကောင်းသည်ဟု တွေးမိပြီး သူ့အကြောင်းကို သိချင်နေခဲ့သည် ။သို့သော်ယခုမူ ၎င်းကို ဖျက်စီးပစ်ချင်စိတ်သာရှိတော့သည်။


"ထောင်တျဲနှလုံးသားကို ရယူဖို့ နှောက်ယှက်တဲ့လူမှန်သမျှ သေရမယ်..."


ပြင်းထန်လှသည့် စွမ်းအားများကြောင့် လေဟာနယ်ကစတင်ပုံပျက်လာသည်။ဝှိုက်တီ သူ့ဆီသို့ ကျရောက်လာသော လက်ဖဝါးရိုက်ချက်ကို အေးစက်စွာသာစိုက်ကြည့်နေ၏။


ရုတ်တရက် ကျောက်ခရမ်းအကြီးအကဲ၏။လက်ဖဝါးရှေ့၌ ပုံရိပ်တစ်ရိပ် ပေါ်လာသည်။၎င်းက အနက်ရောင်ဆံပင်များရှိပြီး မျက်နာထက်တွင် အပြုံးတစ်ပွင့်ကို ဆင်မြန်းထားလေသည်။


ထိုသူ၏ လက်ထဲ၌ အနက်ရောင်တစ်စုံတစ်ရာကို ကိုင်ဆောင်ထားသည်။၎င်းက မဲသည်းနေသည့် ကျောက်ခဲများနှင့် တူသည်။သူက လက်အသာပိတ်မြောက်၍ ကျောက်ခရမ်းအကြီးအကဲ၏ ရိုက်ချက်ကို တားဆီးလိုက်လေသည်။


ကျောက်ခရမ်းအကြီးအကဲ၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားပြီး သူ့ရှေ့မှ လူကို အေးစက်စွာကြည့်လိုက်သည်။ခပ်လှမ်းလှမ်းတွင်ရှိနေသော သူတော်စင်သမီးတော် ဇီယွင်က ထိတ်လန့်အံ့အားသင့်မှုကြောင့် သူမ၏ ပါးစပ်ကို လက်ဖြင့် အုပ်ကာလိုက်မိသည်။သူမဘာလုပ်ရမည်မသိတော့ပေ။


ပုဖန် သူ့ရင်ဘတ်ကို ဖိကိုင်ထားသည်။သူ့၏ ပတ်ဝန်းကျင်၌လည်း စွမ်းအင်များက တဖျတ်ဖျတ်ရစ်ဝဲနေသည်။ထောင်တျဲ၏ နှလုံးသားက သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်ပေါင်းစပ်ချင်နေသောကြောင့် ပုဖန် ဒေါသထွက်လာသည်။


"ထွက်သွားစမ်း ..."


သူအေးစက်စွာ အော်လိုက်သည်။ထို့နောက် သူ့၏ အသိစိတ်က စိတ်ဝိညာဥ်ပင်လယ်ထဲ နစ်မြှုပ်သွားပြီး ခံစားချက်မဲ့သည့် မျက်နာထားဖြင့်သာ ကျန်ခဲ့လေသည်။


စိတ်ဝိညာဥ်ပင်လယ်ထဲတွင်ရွှေရောင်နဂါးတစ်ကောင်က မရပ်မနားဟိန်းဟောက်နေလေသည်။စိတ်ဝိညာဥ် ပင်လယ်တစ်ခုလုံး စွမ်းအင်လှိုင်းများဖြင့် ပြည့်နှက်နေ၏။သူ စိတ်ဝိညာဥ် ပင်လယ်ထဲ ဝင်လိုက်သည့်အချ်ိန်၌ တည့်တည့်ပင်မရပ်နိုင်ပဲ ယိမ်းထိုးနေလေသည်။


သူအဝေးသို့ လှမ်းကြည့်လိုက်သည်။ထိုနေရာ၌ အနက်ရောင်စွမ်းအင်များ လှိမ့်လာနေသည်ကိုခပ်ဝါးဝါးမြင်လိုက်ရသည်။ထိုအနက်ရောင်စွမ်းအင်များက အလွန်ပင် ထူထပ် သိပ်သည်းနေပြီး စိတ်ဝိညာဥ် သားရဲတစ်ကောင်အဖြစ်သို့ အကြိမ်ကြိမ်ပြောင်းလဲနေသည်။


ပုဖန်၏ဘေး၌ ရွှေရောင်နဂါးပုံရိပ်ပေါ်လာပြီးနောက် စွမ်းအင်အပြည့် ဟိန်းဟောက်သံများကို ထုတ်လွင့်နေသည်။


"ပါဝင်ပစ္စည်းဆိုတာက ပါဝင်ပစ္စည်းပဲဖြစ်သင့်တယ်...အဲ့ဒါက ငါ့ရဲ့ ခန္ဓာကိုယ်ထဲကို တကယ်ကြီးဝင်ချင်နေတယ်တဲ့ မဖြစ်နိုင်လိုက်တာဒါခွင့်မလွှတ်နိုင်စရာပဲ..."


ထို့နောက် ပုဖန် ရွှေရောင်နဂါးကြီးကို တားဆီးလိုက်ပြီးနောက် လက်နှစ်ဖက်ကို နောက်ပစ်ကာ အနက်ရောင်စွမ်းအင်မြူများရှ်ိရာဆီသို့ လျှောက်လာလိုက်သည်။


သူကထောင်တျဲနှလုံးသား၏ စွမ်းအင်များဖြစ်သည်။ထိုအရာက ထောင်တျဲဝိညာဥ် မဟုတ်သော်လည်း တစ်နည်းနည်းဖြင့် ဆင်တူနေလေသည်။ပုဖန်ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီးနောက်ထိုအနက်ရောင်မြူများ၏ ရှေ့တွင်ရပ်လိုက်သည်။အနက်ရောင်စွမါးအင်များက သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် စတင်ရွေ့လျားလာကြသည်။


၎င်းမြူများထဲမှ သားရဲတစ်ကောင်၏ အော်ဟစ်ငိုကြွေးသံများကိုလည်း ကြားနိုင်ပေသည်။ထိုသားရဲက အလွန်တရာပင် ကြီးမားလှသည်။ပုဖန်က ၎င်းရှေ့တွင် ရပ်နေသည့်အချိန်၌ ပုရွတ်ဆိတ်လေးတစ်ကောင်အလားထင်ရစေသည်။


ပုဖန်က ပုံမှန်အတိုင်း တည်ငြိမ်နေတုန်းပင်ဖြစ်သည်။သူလက်နှစ်ဖက်ကို နောက်ပစ်၍ ထောင်တျဲ၏ စိတ်ဝိညာဥ်များကို ဖိလိုက်သည်။ထိုခဏမှာပင် သူ့၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားသည်။ထောင်တျဲနှလုံးသား၏ စွမ်းအင်များမှ အော်ဟစ်ငိုကြွေးသံများချက်ချင်းပင်ထွက်ပေါ်လာပြီးစိတ်ဝိညာဥ်ပင်လယ်တစ်ခုလုံး ငိုကြွေးသံများ ပြန့်နှံ့သွားသည်။


ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုနှင့်အတူ အနက်ရောင်မြူများက အခိုးအငွေ့လေးများအဖြစ် ပြောင်းလဲသွားပြီးနောက် စိတ်ဝိညာဥ် ပင်လယ်အတွင်းမှ ပျောက်ကွယ်သွားလေသည်။ခပ်လှမ်းလှမ်းတွင် ရွှေရောင်နဂါးကြီးက ရှုပ်ထွေးနေသော အကြည့်များဖြင့် ပုဖန်ကို ကြည့်နေသည်။


"ဘာလို့ ဒီလိုလုပ်ဖို့လိုအပ်တာလဲ...ထောင်တျဲနှလုံးသားရဲ့ စွမ်းအင်တွေနဲ့ ပေါင်းစပ်လိုက်ခြင်းက မင်းကို အများကြီးသန်မာသွားစေနိုင်တယ်...ပုန်းကွယ်နဂါးတိုက်ကြီးက ဘယ်လိုတည်ရှိမှုမျ်ိုးကိုမဆို ဟန့်တားလို့ရမှာမဟုတ်တော့ဘူး..."


ရွှေနဂါးက ပုဖန်ကို ပြောလိုက်သည်။ထိုအခိုက်အတန့်တွင် ပုဖန်၏ မျက်နာက ဖြူဖျော့နေပေသည်။စိတ်ဝိညာဥ်ပင်လယ်အတွင်းမှ ထောင်တျဲဝိညာဥ်၏ စွမ်းအားများကိုဖယ်ထုတ်ရခြင်းက သူ့ကိုအလွန်အားကုန်မောပန်းစေသည်။


ပုဖန် ရွှေနဂါးကိုတစ်ချက်ကြည့်လ်ိုက်ပြီး ခေါင်းတစ်ချက်ဆက်ညိတ်လိုက်သည်။


"ဒါဆိုရင် ဘာကြောင့်ငါက အဲ့ဒါနဲ့ ပေါင်းစပ်သင့်တာလဲ..အဲါဒါက ပါဝင်ပစ္စည်းတစ်ခုသာသာပဲလေ..."


ထို့နောက် ပုဖန်က သူ့၏ စိတ်အာရုံကို စိတ်ဝိညာဥ်ပင်လယ်အတွင်းမှ ပြန်လည်ဆုတ်ခွာလိုက်သည်။ထို့နောက်တွင် ပုဖန်၏ မျက်နာက သေလူကဲ့သို့ ဖြူဖျော့နေပြီး သွေးရောင်တစ်စက်မှပင်မရှိတော့ပေ။ထို့နောက် ပုဖန် အားပြင်းပြင်းဖြင့် သူ့၏ ရင်ဘတ်မှ ထောင်တျဲနှလုံးသားကို တွန်းထုတ်လိုက်သည်။


နှလုံးသားကို လက်ပတ်ဖြင့် ဖုံးအုပ်ထားဆဲဖြစ်သော်လည်း အလင်းရောင်များ တောက်ပနေဆဲပင်ဖြစ်သည်။ထိုအရာက ပုဖန်နှင့် ပေါင်းစပ်ရန် ကြိုးစားခဲ့သော်လည်း ပြင်းပြင်းထန်ထန် တွန်းထုတ်ခြင်းသာ ခံလိုက်ရသည်။