အပိုင်း ၇၆၅
Viewers 52k

အခန်း ၇၆၅

ငါ့လက်ထဲမှာ အစပ်ချောင်းရှိရင် ဘယ်သူ ငါ့ကိုတားနိုင်တော့မလဲ...


ထောင်တျဲနှလုံးသား ပြင်းထန်စွာ ခုန်လှုပ်လိုက်တိုင်း စွမ်းအင်များ ပြန့်ကျဲသွားသည်။ပုဖန်၏ လုပ်ရပ်ကြောင့် အားလုံး အံ့အားသင့်သွားသည်။ထောင်တျဲ၏ နှလုံးသားက သူနှင့် ပေါင်းစည်းချင်နေသည်ကို အားလုံး မြင်နိုင်ပေသည်။


ရှေးဟောင်းသားရဲများ၏ နှလုံးသားနှင့် ပေါင်းစပ်ခြင်းမှ ရရှ်ိလာသော အကျိုးတရားမှ တွေးကြည့်၍ပင် မရနိုင်ပေ။ရှေးဟောင်းသားရဲများ၏ သန့်စင်သော သွေးမျိုးစက် သို့မဟုတ် ထိုသွေးမှ ရရှိလာမည့် အနှိုင်းမဲ့စွမ်းအားကို မည်သူမှရရှိနိုင်လိမ့်မည်မဟုတ်ပေ။


၎င်းတို့၏ သွေးစွမ်းအားသည် မယုံနိုင်လောက်အောင် ထူးကဲ အဖိုးတန်လှသည်။ထိုသို့ ရရှ်ိရန်အတွက် အလွန်ပင်ကံကောင်းဖို့လိုသည်။သို့သော်လည်း ထိုကောင်လေးကမူ သူ့၏ ကံကောင်းမှုကို ငြင်းပယ်လိုက်လေသည်။


ရှောင်ယကို မှီထိုင်နေသော ပန်းပွင့်လေး၏ မျက်နာတွင် အံ့သြမှုများဖြာထွက်သွားသည်။


"ဒီလူက ထောင်တျဲရဲ့နှလုံးသားကို တကယ်ကြီး ငြင်းပယ်လိုက်တာလား...ထောင်တျဲ နှလုံးသားဆီမှာ လူများစွာ လိုချင်တပ်မက်သော အရာတစ်ခုဖြစ်ကြောင်း သိထားဖို့လိုပေသည်။


ယခုလက်ရှိအချိန်တွင် ပုဖန်၏ အသားအရည်အရောင်က အလွန်ဖျော့တော့နေပြီး သူ့မျက်ဝန်းထဲတွင်လည်း ပင်ပန်းနွမ်းနယ်မှုများ ပြည့်နှက်နေသည်။ထောင်တျဲ၏နှလုံးသားက သူနှင့် တစ်စိတ်တစ်ပိုင်းပေါင်းစပ်ခဲ့ပြီးပြီဖြစ်သောကြောင့် အတင်းအကျပ်ဖယ်ထုတ်လိုက်ခြင်းက သူ့အပေါ်လည်း များစွာ အကျ်ိုးသက်ရောက်စေသည်။


ယခုလက်ရှိအချိန်တွင် သူအဖြစ်ချင်ဆုံးဆန္ဒမှာ သူ့အခန်းထဲသို့ ပြန်၍ ကုတင်ပေါ်တွင် အိပ်စက်အနားယူလိုခြင်းဖြစ်သည်။သို့သော်လည်း သူ့၏ ပြဿနာများက မပြေလည်သေးပေ။ထောင်တျဲ၏ နှလုံးသားကလည်း ရုန်းကန်နေဆဲ ခုန်လှုပ်နေဆဲပင်။ပေါင်းစည်းရန် ပျက်ကွက်သွားသောကြောင့် ၎င်းက လေဟာနယ်ထဲ ထွက်ပြေးလွတ်မြောက်ချင်နေပုံရသည်။


ပုဖန်၏ မျက်ဝန်းများက ရေခဲတမျှအေးစက်နေသည်။ထိုထောင်တျဲ၏ နှလုံးသားတွင် ကောင်းသော ရည်ရွယ်ချက်ရှိပုံမရပေ။ထောင်တျဲ၏ နှလုံးသားနှင့် ပေါင်းစပ်ခြင်းက ထိုသူအတွက် အကျ်ိုးကျေးဇူးမြောက်များစွာ ရရှိနိုင်သည်ဆိုသော်လည်း ၎င်း၏ ခန္ဓာကိုယ်က နှလုံးသား၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှ်ိသွားနိုင်ပေသည်။


ထိုအချက်က ပုဖန်အတွက် လုံးဝ လက်သင့်မခံနိုင်သည့် အချက်ပင်ဖြစ်သည်။ပုဖန် သူ့၏ ပင်ပန်းနွမ်းနယ်မှုများကို ဖိနှ်ိပ်လိုက်ပြီး စနစ်ကို လှမ်းမေးလိုက်သည်။


"စနစ် ထောင်တျဲ နှလုံးသားနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် ဘာဖြစ်မလဲ..."


"ထောင်တျဲ၏ နှလုံးသားသည် ရှေးဟောင်းဝိညာဥ်သားရဲ၏ အသွေးအသားဖြစ်သောကြောင့် သူနှင့် ပေါင်းစပ်လိုက်ပါက ပိုင်ရှင်က သူ့၏ စွမ်းအားများကို ရရှိပါလိမ့်မယ်...တိုးပွားလာသော စွမ်းအားများကို စနစ်က ပိတ်ပင်တားဆီးလိမ့်မည်မဟုတ်ပါ..."


"ဆိုးကျိုးတွေကရော..."


"ထောင်တျဲ၏ နှလုံးသားနှင့် ပေါင်းစပ်ပြီးတော့ ပိုင်ရှင်ရဲ့ ပင်ကိုယ်အရည်အသွေးတွေက ထိခိုက်သွားနိုင်ပါတယ် ထောင်တျဲနှလုံးသားရဲ့ ကန့်သတ်မှုကြောင့် ပိုင်ရှင်ရဲ့ အောင်မြင်မှုတွေကလည်း အကန့်အသတ်နဲ့ ရှိလာပါလိမ့်မယ်...ပြီးတော့ အချက်အပြုတ် နတ်ဘုရားတစ်ပါးဖြစ်လာချင်တယ်ဆိုရင် လျှောက်ရမယ့်လမ်းကလည်း ပိုပြီးခက်ခဲလာပါလိမ့်မယ်...နတ်ဘုရားဖြစ်ဖို့ တက်ရောက်ရမယ့်လမ်းက ကောင်းကင်ဘုံကို တက်သလိုမျိုးခက်ခဲမှာဖြစ်ပြီးတော့ ရှုံးနိမ့်သွားခဲ့မယ်ဆိုရင် သေခြင်းတရားကို ရှောင်လွှဲလို့ ရမှာမဟုတ်တော့ပါဘူး..."


စနစ်၏ အသံက ပုဖန်ခေါင်းထဲတွင် တုန်ခါမြည်ဟီးသွားပြီး ပုဖန် တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ပုဖန် အသက်ပြင်းပြင်းရှိုက်လိုက်သည်။သူ့ရဲ့ မူလခန္ဓာကိုယ်က မည်သည့်အရာမှ ပ်ိုကောင်းလာမည်မဟုတ်ပေ။ထို့နောက် သူ့စိတ်ထဲတွင် ပျော်ရွှင်မှုများ လှိုက်တက်လာလေသည်။


"ငါကသာအကောင်းဆုံးပဲ..."


သူ့ရှေ့တွင်ရှိနေသော ထောင်တျဲနှလုံးသားကိုကြည့်လိုက်ပြီး ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။ထ်ို့နောက် အတွေးတစ်ချက်ဖြင့်ပင် မဟူရာလိပ်ခုံးဒယ်အိုးပေါ်လာပြီး ထောင်တျဲနှလုံးသားကို ဒယ်အိုးထဲသို့ ပစ်ထည့်လိုက်သည်။


ဝုန်း...


ထိုအချိန်မှာပင် မြေပြင်က ပြင်းထန်စွာ တုန်ခါလာပြီး မြေပေါ်၌ ပင့်ကူအိမ်ကဲ့သို့ပင် အက်ကြောင်းများ ဖြာထွက်လာသည်။ကြီးမားတုတ်ခိုင်လှသော လက်ကြီးတစ်ဖက်က အက်ကြောင်းထဲမှ ထ်ိုးထွက်လာပြီးနောက် မြေပြင်ကို ပြင်းထန်စွာ ထုရိုက်လိုက်သည်။


မြေပြင်က တုန်ခါနေပြီး ပြိုကျပျက်စီးလာလေသည်။အိပ်ပျော်နေသော ကြောက်မက်ဖွယ်ရာ တည်ရှိမှုတစ်ခု နှ်ိုးထလာတော့မည့်ပုံပေါ်သည်။ပန်းပွင့်လေး ခန္ဓာကိုယ်မတ်မတ်ထိုင်လိုက်သည်။သူ့၏ သုံးပန်လှ မြွေမျက်လုံးများက မြေပြင်ရှ်ိ အစက်အပျောက်များကိုကြည့်လိုက်ပြီး ကျဥ်းမြောင်းသွားလေသည်။


ကျောက်ခရမ်းအကြီးအကဲက ပျက်စီးမသွားသေးသော ထောင်တျဲနှလုံးသားကို ကြည့်၍ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။၎င်း၏ စွမ်းအားများ မကုန်ဆုံးသွားသရွေ့ သူ့တွင် အခွင့်အရေးရှိသေးပေသည်။


ထောင်တျဲနှလုံးသားနှင့် ပေါင်းစပ်နိုင်ခဲ့ပြီး သွေးစွမ်းအားကို ဆက်ခံနိုင်ခဲ့ပါက သေချာပေါက်ပင် အဆင့်ချိုးဖောက်တက်ရောက် န််ိုင်ပေလိမ့်မည်။


နောက်ထပ်နတ်ဘုရားမီးတောက်ကို ထွန်းညှိနိုင်ပြီး မည်သည့် ကိစ္စတွင်မဆို ဆုံးဖြတ်ပေးနိုင်သော သူတစ်ယောက်ဖြစ်လာပေလိမ့်မည်။သူ့၏ မူလရည်ရွယ်ချက်က သူ့လမ်းတွင် လာရှုပ်သော ရုပ်သေးရုပ်ကို ချေမှုန်းရန်ဖြစ်သည်။သို့သော်လည်း နောက်ထပ်တစ်ယောက်ထပ်ပေါ်လာပြန်သည်။


"နှောက်ယှက်ဖျက်စီးတဲ့ လူတွေ ဘာကြောင့်များ အဲ့ဒီလောက်များနေရတာလဲ..."


 ကျောက်ခရမ်းအကြီးအကဲ၏ မျက်ဝန်းများက သူရှေ့မှ ချောမောသောလူငယ်လေးဆီသို့ ကျရောက်သွားသည်။ထိုလူကို အကဲခတ်ကြည့်ပြီးနောက် သူ့စိတ်ထဲ အေးစက်သွားလေသည်။ထိုလူငယ်၏ မျက်လုံးများသည် ကြယ်ရောင်လင်းလက်နေသောကောင်းကင်ယံကဲ့သို့ပင် ခန့်မှန်းရန်ခက်လှသည်။

 

သူ့၏ စည်းနှောင်ထားသော အနက်ရောင်ဆံပင်များက လေဟာနယ်ကို ထိုးဖောက် ဖြတ်သန်းတော့မည့် လှံတစ်စင်းအလား မယုံနိုင်စရာစူးရှနေလေသည်။


"မင်းဘယ်သူလဲ .."


ထို့နောက် ထိုလူငယ် ကိုင်ဆောင်ထားသော အနက်ရောင်မီးသွေးချောင်းများကို ကြည့်လိုက်သည်။


"ဒါက ဘယ်လိုစွမ်းအားမြင့် လက်နက်မျိုးလဲ သူ့ရဲ့ တိုက်ခိုက်မှုကို တားဆီးနိုင်လို့လား..."


ငရဲဘုရင် လွင့်ထွက်သွားစေရန်ရည်ရွယ်၍ လျှပ်စီးတန်းကဲ့သို့ လျင်မြန်လှသော အရှိန်ဖြင့် စောင့်ကန်လိုက်သည်။ပြောရမည်ဆိုလျှင် ထိုသံလုံးကောင်က ပုဖန်၏ ကိုယ်ရံတော်ဖြစ်သည်။ထိုသံလုံးကောင်ကို ကယ်တင်နိုင်ခဲ့လျှင် ပုဖန်ဆီမှ ဆုလာဘ်အနေဖြင့် အစပ်ချောင်းများတောင်း၍ ရနိုင်ပေသည်။


နောက်ဆုံး၌ ငရဲဘုရင်က အစပ်ချောင်းပြုလုပ်ရန် မသင့်တော်ကြောင်း နားလည်သွားပေသည်။သူပြုလုပ်ခဲ့သော အစပ်ချောင်းများက ကျောက်ခဲများနှင့် တူနေပြီး စားသုံးရန်မှအပ တခြားမည်သည့်အတွက်မဆို အသုံးပြုနိုင်ပေသည်။လူငယ်လေး ပုဖန်က တကယ်ကို ကြောက်စရာကောင်းလှပေသည်။သူက အရသာရှိလှသော အစပ်ချောင်းများကိုပင် ပြုလုပ်နိုင်စွမ်းရှိနေ၏။


သူ့ပါးစပ်ထဲသို့ ရောက်ရှိလာမည့် အစပ်ချောင်းများကို စိတ်ကူးယဥ်ကြည့်ရင်း ငရဲဘုရင်၏မျက်ဝန်းများထဲ၌ ရူးသွပ်မှုများ ပြည့်နှက်လာသည်။


"ဒီသံပုံးကောင်ကို ခင်ဗျားမဖျက်စီးရဘူး..."


ငရဲဘုရင် သူ့မျက်နာတစ်ဝက်ကိုလက်ဖြင့် အုပ်ကာရင်း အော်ပြောလိုက်သည်။ကျောက်ခရမ်းအကြီးအကဲ၏ နှုတ်ခမ်းများရှုံ့မဲ့သွားသည်။


"ဒီလူပြတ်ကောင်က ဘယ်ကရောက်လာတာလဲဟ သာမန်အတိုင်းမပြောနိုင်ဘူးလား..."


ငရဲဘုရင် လွင့်ထွက်သွားစေရန်ရည်ရွယ်၍ လျှပ်စီးတန်းကဲ့သို့ လျင်မြန်လှသောအရှိန်ဖြင့် စောင့်ကန်လိုက်သည်။သို့သော်လည်း ကျောက်ခရမ်းအကြီးအကဲ အံ့အားသင့်သွားသည်။သူ့ခြေထောက်ကို မြောက်လိုက်သည်နှင့် ထ််ိုလူငယ်လေး၏လက်ထဲမှ ကိုင်ထားသော မီးသွေးကျောက်များနှင့် ထိတွေ့မိသွားပြီး လုံးလုံးလျားလျားအဖိနှိပ်ခံလိုက်ရသည်။


"အဲ့ဒီ အနက်ရောင်မီးသွေးချောင်းတွေက ဘယ်လို မြင့်မြတ်တဲ့ လက်နက်မျ်ိုးလဲ..."


 ကျောက်ခရမ်းအကြီးအကဲ၏ စိတ်ထဲတွင် တုန်လှုပ်မှုများပြည့်သွားသည်။သို့သော် မည်မျှမြင့်မြတ်သော လက်နက်ဖြစ်ပစေ ထောင်တျဲနှလုံးသားကို ရရှိရန် ဟန့်တားပါက ဖျက်စီးခံရပေမည်။


ကျောက်ခရမ်းအကြီးအကဲဆီမှ ဟစ်ကြွေးသံတစ်ခုနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော အော်ရာများ ဖြန့်ကျက်လာသည်။ထို့နောက် ရာနှင့်ချီသော လက်သီးချက်များ ဆက်တ်ိုက်ထုတ်လွင့်လာသည်။၎င်းက လေဟာနယ်ကို တုန်ခါသွားစေပြီး လက်သီးပုံရိပ်ယောင်များဖြစ်ပေါ်လာစေသည်။


ငရဲဘုရင်၏ အနက်ရောင်ဆံပင်များက လေတွင် လွင့်ခါနေသည်။သူ့လက်ထဲမှ အစပ်ချောင်းများကို ဝှေ့ယမ်းလိုက်၏။


"ပိတ်ဆို့စမ်း ပိတ်ဆို့စိမ်း...တားဆီးစမ်း...ဘုန်း ဘုန်း ဘုန်း ..."


နောက်ဆုံး၌ သူ့၏တားဆီးမှုကြောင့် ကျောခရမ်းအကြီးအကဲ၏ ကိုယ်ပွားက အနောက်သို့ ဆုတ်လိုက်ရသည်။ခြေတစ်လှမ်းဆုတ်လိုက်တိုင်း လေဟာနယ်ထဲ၌ တုန်ခါမှုလှိုင်းများဖြန့်ကျက်သွားသည်။သူ့၏ ကြွက်သားများကလည်း အဆက်မပြတ် တုန်ခါလာသည်။


"မင်း သေဖို့တောင်းဆိုနေတာလား..."


သူဒေါသတကြီး အော်ဟစ်လိုက်၏။ငရဲဘုရင်က လက်တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် သူ့လက်ထဲတွင် အစပ်ချောင်းများက လည်ပတ်လာသည်။ပုဖန် အစပ်ချောင်းများ ဝှေ့ယမ်းလိုက်သည့် မြင်ကွင်းကို သူအမှတ်ရမိနေသေးသည်။ထို့နောက် ငရဲဘုရင်က ပေါ့ပါးစွာ လေတစ်ချက်ချွှန်လိုက်ပြီး သူ့၏။နေရာမှ ပျောက်ကွယ်သွားလေသည်။


ဘုန်း...


ကျောက်ခရမ်းအကြီးအကဲ၏ မျက်ဝန်းများနက်မှောင်သွားသည်။ပြင်းထန်သော အားတစ်ခု၏ ရိုက်ခတ်မှုကြောင့် သူ့၏ လည်ပင်းပင်လိမ်သွားလေသည်။ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားသည်။လူတိုင်း ထိုမြင်ကွင်းကို ကြောင်အမှင်သက်စွာ ကြည့်နေကြလေသည်။


ဇီယွင် သူမ၏။ မျက်ဝန်းများကို လက်ဖြင့် ကာလိုက်ပြီးဟစိတ်ထဲ၌ ငြီးငြူလ်ိုက်မိသည်။


"အကိုကြီးဟရေ တစ်ယောက်ယောက်ကို ရိုက်မယ်ဆိုရင် မျက်နာကိုတော့ မထိသင့်ဘူး...ပြီးတော့ ရှင်အခုရိုက်လိုက်တာ ကျွန်မအဖေ..."


ခပ်လှမ်းလှမ်းတွင်ရှိနေသော ပီလျန်ထျန်းနှင့် မဟာအဖြူတို့လည်း အံ့အားသင့်တုန်လှုပ်သွားကြသည်။မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိသော လူငယ်လေးက ထိုမျှ ကြောက်စရာကောင်းနေပေသည်။


"သူသေလမ်းရှာနေတာလား...သူက ကျောက်ခရမ်းအကြီးအကဲရဲ့ မျက်နာကို မီးသွေးခဲနဲ့ ရိုက်ရဲတယ်လား..."


၎င်းက ကျောက်ခရမ်းအကြီးအကဲ၏။ ကိုယ်ပွားတစ်ခုသာဖြစ်သော်လည်း ပါးရိုက်ခံလိုက်ရသည့် နာကျင်မှုကို ခံစားရဆဲဖြစ်သည်။အဝေးမှ ကြည့်ရှုနေသူများလည်းမထိန်းချုပ်နိုင်တော့ပဲ ရယ်မောသံများထွက်ပေါ်လာလေသည်။


"ဒါပေါ့ ..."


ပိုရဲတင်းသည့် သူများက ကျယ်ကျယ်လောင်လောင်ပင် ရယ်မောကြသည်။အထူးသဖြင့် မိုလျိုကျီက ပါးစပ်ကျယ်ကျယ်ဖွင့်ဟ၍ ရယ်မောနေပေသည်။


"ကောင်းကင်ဘုံ နွေဦးသန့်စင်နယ်မြေ၏ ဂိုဏ်းချုပ်အဆင့်ရှိတဲ့ လူတစ်ယောက်က လူငယ်လေးတစ်ယောက်ရဲ့ ပါးရိုက်ခြင်းကို ခံလိုက်ရတယ် ဒါ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ..."


ထိုအဖြစ်အပျက်သာလျှို့ဝှက်နဂါးတော်ဝင်ခုံရုံးတစ်ခုခုံး ပြန့်နှံ့သွားလျှင် ကျောက်ခရမ်းအကြီးအကဲသည် လူတိုင်း၏ ရယ်မောလှောင်ပြောင်စရာဖြစ်လာပေလိမ့်မည်။


ကျောက်ခရမ်းအကြီးအကဲ သူ ဖြေးညှင်းစွာ ခေါင်းမော့လိုက်သည်။သူ့၏ မျက်ဝန်းထဲ၌ ဒေါသမီးတောက်များ အလျှံငြီးငြီးတောက်လောင်နေသည်။ပတ်ဝန်းကျင်၌ ကြောက်မက်ဖွယ်ရာ အော်ရာများ တဖြေးဖြေးပြန့်နှံ့လာသည်။


"မင်းက ငါ့မျက်နာက်ို ရိုက်ရဲတယ်..."


သူ့၏ စကားသံက တစ်လုံးချင်းအေးစက်ရှင်းလင်းစွာ ထွက်ပေါ်လာသည်။ငရဲဘုရင် သူ့လက်ထဲမှ တူးခြစ်နေသော အစပ်ချောင်းများကိုကြည့်လိုက်သည်။ထို့နောက် မုန်တိုင်ူမလာခင် ငြိမ်သက်သွားပုံနှင့်တူသော ကျောက်ခရမ်းအကြီးအကဲကို ကြည့်လိုက်သည်။သူ့မျက်နာ၌ တုံ့ဆိုင်းသော အပြုံးလေးတစ်ခု ပေါ်လာသည်။ထို့နောက် 


ဘန်း...


ကျောက်ခရမ်းအကြီးအကဲ၏ မျက်နာ ထပ်မံရိုက်ခံလိုက်ရပြန်သည်။ဒီတစ်ကြိမ်ဤ သူအနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ရသည်။ကျောက်ခရမ်းအကြီးအကဲ လုံးဝ အံ့အားသင့်သွားသည်။အားလုံး၏ မျက်နာပေါ်တွင်လည်း မယုံကြည်နိုင်မှုများပြည့်နှက်နေသည်။


"ဘယ်လ်ိုဖြစ်တာလဲ ဘာတွေ ဖြစ်သွားတာလဲ...ဒီကမ္ဘာကြီးက ဘယ်လိုတွေ ဖြစ်ကုန်ပြီလဲ...ဒီလူက အဲ့ဒီလောက်တောင်သတ္တိရှိတယ်လား..."


မှန်ပေသည်။ဒီမတိုင်ခင်က ငရဲဘုရင်၏ စွမ်းအားကို မြင်ဖူးထားကြသည့် လူတစ်ချို့လည်းရှ်ိပေသည်။ထို့ကြောင့် ယခုဖြစ်ရပ်က သူတို့အတွက် အံ့အားသင့်စရာမကောင်းပေ။


ငရဲဘုရင်က အစွမ်းထက်သည်ဆိုသော်လည်း ကျောက်ခရမ်းအကြီးအကဲက သူ့ထက်ပို အစွမ်းထက်ပေသည်။လျှို့ဝှက်နဂါး တော်ဝင်ခုံရုံးနယ်မြေအတွင်းရှ်ိ လူအများအပြားက ကျောက်ခရမ်းအကြီးအကဲကို ရိုသေလေးစားစွာဆက်ဆံခဲ့ကြသည်။ထိုလူငယ်လေးကမူ မီးသွေးချောင်းနှင့်တူသော လက်နက်ဖြင့် အကြီးအကဲ၏ မျက်နာကို နှစ်ကြိမ်တိုင်တိုင် ရိုက်နှက်ခဲ့ပေသည်။သူတော်စင် သမီးတော်ဇီယွင်လည်း သူရှေ့မှ မြင်ကွင်းကို ဆက်မကြည့်ရဲတော့ပဲ မျက်လုံးများ မှိတ်ထားလိုက်မိသည်။


ပီလျန်ထျန်းနှင့် မဟာအဖြူ တို့နှစ်ယောက် ထ်ိုမြင်ကွင်းကိုကြည့်၍ မထိန်းသိမ်းနိုင်စွာ ရယ်မောလိုက်ကြလေသည်။ငရဲဘုရင်က သူ့လက်ထဲမှ အစပ်ချောင်းများကိုကြည့်၍ သူနှင့် တော်တော်လေးလိုက်ဖတ်သည်ဟုပင် ခံစားလိုက်ရသည်။


"ကျောက်ခဲတွေ မဟုတ်သေးဘူး ဒီအစပ်ချောင်းတွေကိုသာ ကိုင်ဆောင်ထားရင် သူ့ကို ဘယ်သူကများ တားန်ိုင်တော့မလဲ..."


ကျောက်ခရမ်းအကြီးအကဲဆီမှ ဒေါသလှိုင်းများ ဖြာထွက်လာသည်။၎င်းက မှုန်ယ်ိုနေသော နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပုံပေါ်လေသည်။


'မင်း သေသင့်တယ်..."


ထိုအခိုက်အတန့်တွင် သူက ထောင်တျဲနှလုံးသားနှင့် သူ့၏ အစီအစဥ်များအားလုံးကို ဘေးဖယ်ထားလိုက်ပြီဖြစ်သည်။ယခုအရေးကြီးဆုံးက သူ့က််ို အရှက်ခွဲခဲ့သော ထိုလူငယ်လေးအား ပြန်လည်ပေးဆပ်စေရန်သာဖြစ်သည်။ငရဲဘုရင်ကို မျက်နာမူ၍ ဒေါသတကြီး အော်ဟစ်လိုက်သည်။


ဘန်း....


"ဘာတွေ လာအော်နေတာလဲ...အခုခေတ်လူငယ်တွေကတော့ အရမ်းက်ို စိတ်ကြီး ဒေါသကြီးကျတာပဲ ..."


ငရဲဘုရင် အစပ်ချောင်းဖြင့် ကျောက်ခရမ်းအကြီးအကဲ၏ မျက်နာကို ထပ်မံပုတ်၍ ပြောလိုက်သည်။အစပ်ချောင်း၏ ပါးရိုက်မှုအောက်တွင် ကျောက်ခရမ်းအကြီးအကဲ နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ရပြန်သည်။


ဖြန်း...ဘန်း ဘန်း...ဘန်း ဘန်းဘန်း ...


"ငါမင်းကို ပါးရိုက်မယ် မင်းဘာလုပ်ချင်လဲပြော..."


ကျောက်ခရမ်းအကြီးအကဲလက်တုံ့ပြန်ချင်သော်လည်း သူ့၏ စွမ်းအားများ စုစည်းလိုက်တိုင်း အစပ်ချောင်းက သူ့မျက်နာပေါ်သို့ ထပ်မံကျရောက်လာပြန်သည်။


လူတိုင်း၏ ရယ်မောသံများက တဖြေးဖြေးဖြင့် ပျောက်ကွယ်သွားလေသည်။ကျောက်ခရမ်းအကြီးအကဲ၏ မျက်နာက နီရဲ ဖောင်းကားနေ၏။ထိုအစပ်ချောင်းနှင့်ရိုက်ခံလိုက်ရတ်ိုင်း သူ့အားအင်များက ပေါက်ကွဲရုတ်လျော့သွားသည်။


"ဒီလူငယ် မဟုတ်သေးဘူး...အဲ့ဒီမီးသွေးချောင်းတွေက သိသိသာသာကို ထူးခြားနေတယ်...ဒါ ဘယ်လိုမြင့်မြတ်တဲ့ လက်နက်မျိုးလဲ...ထိုမီးသွေးချောင်းများသည် အမွေအနှစ်နယ်မြေမှ ပြန်လည် ယူဆောင်လာသည့် အရာဖြစ်သည်ကို လူတစ်ချို့ ပြန်လည်အမှတ်ရသွားကြသည်။


"ဒါ ဖြစ်နိုင်မလား...ဘန်း..."


ကျောက်ခရမ်းအကြီးအကဲ အလွန်ဒေါသပေါက်ကွဲနေပေသည်။သူလေဟာနယ်ထဲ ခြေတစ်ချက်စောင့်နင်းလိုက်ပြီး ငရဲဘုရင်နှင့် အကွာအဝေးတစ်ခု ခြားထားလိုက်သည်။သူ့အကြည့်များက အေးစက်စူးရှနေပြီး သတ်ဖြတ်ချင်စိတ်များကောင်းကင်ယံထိပင် တလူလူ လွင့်တက်နေသည်။


"ငါ့ကို အရှက်ခွဲတဲ့လူက သေရမယ်...ဝုန်း ဘုန်း..."


ကျယ်လောင်သောပေါက်ကွဲသံတစ်ခု ထပ်မံထွက်ပေါ်လာပြန်သည်။လူတိုင်း၏အကြည့်များက ထိုနေရာသို့ ထပ်မံရောက်ရှိသွားကြသည်။အချက်အပြုတ်အနုပညာ လှေကားကိုးဆင့်၏ အောက်မှ လူပုံသဏ္ဍာန်ပုံရိပ်တစ်ခုက ကောင်းကင်ယံဆီသ်ို့ ထိုးတက်လာလေသည်။


နေရာအနှံ့ ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်လာခဲ့သည်။လူတိုင်း ထိုပုံရိပ်ဆီသို့ လှမ်းကြည့်လိုက်ကြပြီး လေအေးတစ်ချက်ရှုရှိုက်လိုက်မိကြသည်။ဧရာမပုံရိပ်ကြီးရင်ဘတ်တွင် ကွက်လပ်တစ်ခုဖြစ်နေသည်။ထိုနေရာမှ သက်တံ့ရောင် ကြိုးများ တွဲလောင်းကျနေပြီး အဆုံးမဲ့ စွမ်းအင်များဖြန့်ကျက်နေသည်။


"ဒီပုံရိပ်ရဲ့ နှလုံးသားကို တစ်ယောက်ယောက်က တူးထုတ်ခဲ့တာလား..."