အပိုင်း ၇၆၇
Viewers 53k

အပိုင်း ၇၆၇


ငရဲကမ္ဘာသင်္ဘောက လေထုထဲတွင်ဖြေးညှင်းစွာရွက်လွင့်လာသည်။


မဟူရာရောင်သင်္ဘောကြီး အက်ကွဲကြောင်းကြားကထွက်ပေါ်လာတာနဲ့တစ်ပြိုင်နက် လူတိုင်းရဲ့အာရုံကိုဆွဲဆောင်သွားပြီး...အကြည့်များအားလုံး ထိုနေရာသို့သာရောက်ရှိသွားလေသည်။


သဘာဝကျစွာပင် ပုဖန်လည်းထိုသင်္ဘောကိုမြင်ခဲ့သည်။သူကထိုအရာကိုသတိပြုမိခဲ့ရုံသာမဟုတ်ချေ ထိုအရာပေါ်ထွက်လာမှုကိုအချိန်အတော်ကြာမျှော်လင့်စောင့်စားနေရသလိုပင်ဖြစ်နေသည်။


ပန်းပွင့်လေးက လှုပ်ရှားမှုတစ်ခုပြုလုပ်တော့မည့်အချိန်မှာပဲ ပုဖန် သူမရဲ့ခေါင်းကိုပုတ်လိုက်သည်။


ပုဖန်ရဲ့လက် သူမခေါင်းကိုထိတွေ့လိုက်သည်နဲ့တစ်ပြိုင်နက် သူမစုစည်းထားတဲ့အားအင်တွေအကုန်လုံးပျံ့ကျဲပျောက်ကွယ်သွားရလေသည်။


သူမကထိတ်လန့်သွားရပြီးသူမရဲ့သေးငယ်တဲ့မျက်နှာလေးမှာ သံသယဖြစ်နေတဲ့အမူအယာပေါ်လာကာ ပုဖန်ကိုမော့ကြည့်လိုက်သည်။သူမရှေ့ကဤလူသားဘာတွေစဉ်းစားနေသည်ကို နားမလည်နိုင်ဖြစ်သွားမိသည်။


အက်ကွဲကြောင်းကိုကြည့်ရှုပြီးတဲ့နောက်မှာ လူများရဲ့ မျက်လုံးများကအံ့သြထိတ်လန့်မှုနဲ့အတူမှေးကျဉ်းသွားကြသည်။


ငရဲသင်္ဘောပေါ်ထွက်လာမှုနဲ့အတူ သိပ်သည်းတဲ့ငရဲစွမ်းအင်များလည်းစတင်ပျံ့နှံ့ထွက်ပေါ်လာတာကြောင့် လူအားလုံး လေအေးတချက်ရှိုက်လိုက်မိကြသည်။


 ငရဲဘုရင်အာဟနဲ့ တိုက်ခိုက်ရင်းအလုပ်ရှုပ်နေတဲ့ကျောက်ခရမ်းအကြီးအကဲပင် ထိုအရာကိုခံစားမိလိုက်သည်။  


မနီးမဝေးတွင်ရှိနေသော ပီလျန်ထျန်းနဲ့ တစ်ခြားသူများအတွက်မူ သူတို့ရဲ့အာရုံကြောများ ပါတင်းကြပ်သွားတာကိုခံစားလိုက်ရလေသည် သူတို့အားလုံးရဲ့မျက်လုံးတွေထဲမယုံကြည်နိုင်တဲ့အကြည့်တွေဖြတ်ပြေးသွားကြသည်


အဘယ်ကြောင့်ဆိုသော် သူတို့ကငရဲသင်္ဘောရဲ့အငွေ့အသက်ကိုရင်းနှီးကျွမ်းဝင်နေသည်မို့ပင်... ထိုအရာကအမှန်တကယ်ကို ငရဲကမ္ဘာ ဝိဉာဉ်ရဲ့စွမ်းအင်တွေပိုင်ဆိုင်ထားလေသည်


ငရဲကမ္ဘာသင်္ဘော...


ဤအရာကအမှန်တကယ်ကိုငရဲကမ္ဘာရဲ့ ငရဲသင်္ဘောဖြစ်သည်။သင်္ဘောကအက်ကွဲကြောင်းကြားမှထွက်လာနေသည်ပင်။


လောကကြီးမှာဘာတွေဖြစ်ပျက်နေတာလဲ...


ဘယ်လိုတောင်ငရဲကမ္ဘာဝိဉာဉ်အငွေ့အသက်တွေက ပုန်းကွယ်နေတဲ့နဂါးတိုက်မှာပြောင်ပြောင်တင်းတင်းထွက်ပေါ်လာရဲရတာလဲ...မယုံနိုင်စရာပဲ...


လေထုထဲကစွမ်းအင်များ တုန်ခါလာသည်နဲအမျှ လေဟာနယ် စတင်စုတ်ပြဲလာသည်။မုန်တိုင်း၏အရှိန်ကဆူညံကာပြင်းထန်လာပြီး သင်္ဘောထံမှလေးလံတဲ့ဖိအားတစ်ခုထွက်ပေါ်လာနေသည်။


တူးခြစ်နေသည့်အစပ်ချောင်းကိုကိုင်ထားသော ငရဲဘုရင်အာဟသည်လည်းပဲ ငရဲသင်္ဘောမှထွက်ပေါ်နေတဲ့အရှိန်အဝါတွေဆီမှသက်ရောက်ခံလိုက်ရလေသည်။သူ ချက်ချင်းလှည့်ကြည့်လိုက်သည်နှင့် လေထဲ၌ပျံဝဲနေသော ငရဲကမ္ဘာသင်္ဘောကိုတွေ့လိုက်ရပြီး သူ့မျက်ဝန်းအစုံကလည်းတောက်ပလာလေသည်။


ရင်းနှီးကျွမ်းဝင်နေသည့် ငရဲသင်္ဘောပေါ်ထွက်လာမှုက သူ့ရဲ့နှုတ်ခမ်းစွန်းတွေကိုအထက်သို့ကွေးညွတ်သွားစေခဲ့သည်။


အိုး... သူငယ်ချင်းဟောင်းတွေရောက်လာတော့မှာများလား...


ငရဲဘုရင်အာဟရဲ့နှလုံးကစိတ်လှုပ်ရှားမှုနဲ့အတူစတင်ခုန်လှုပ်လာတော့သည်။ငရဲကမ္ဘာသင်္ဘောကို ငရဲကမ္ဘာအမျိုးသမီးကထိန်းချုပ်ခြင်းဖြစ်သည်။သင်္ဘောဒီနေရာမှာပေါ်လာနိုင်ဖို့ဆိုတာ ဖြစ်နိုင်ချေတစ်ခုသာရှိသည်။


ထိုသည်က.. ငရဲကမ္ဘာအမျိုးသမီးလည်းဒီနေရာမှာရှိနေမည်ဆိုသည်ပင်...


ဒါပေါ့ အဲဒါက အပျင်းထူပြီးရိုင်းစိုင်းတဲ့ခွေး လည်းဖြစ်နေနိုင်ပါတယ်...


ထို့ကြောင့် သူ ကျောက်ခရမ်းအကြီးအကဲကိုအာရုံမစိုက်နိုင်တော့ပဲ ငရဲကမ္ဘာသင်္ဘောကိုသာကြည့်နေလိုက်သည်။


ငရဲကမ္ဘာသင်္ဘောသည် လေထဲတွင်တဝဲလည်လည်ရှိနေရင်း ကြောက်မက်ဖွယ်ပမာဏရှိသည့် အမှောင်ထုစွမ်းအင်များကိုထုတ်လွှတ်နေချေသည်။ငရဲကမ္ဘာသင်္ဘောမှပေးစွမ်းနေသည့် အနှီသန်မာသည့်ဖိအားနှင့်ခံစားချက်များသည် လူအမြားအပြားကိုထိတ်လန့်တုန်လှုပ်လာစေသည်။ 


ဝေါင်င်းး....


လူ့ဘီးလူးကြီးကစတင်ဟိန်းဟောက်လိုက်ပြီး သူ့ရဲ့ခန္ဓာကိုယ်ပေါ်ကကြွက်သားများကလည်းစတင်တုန်ခါလာသည်။သူကသူ့ရဲ့ပါးစပ်ကိုဖွင့်ပြီး နားစည်ကွဲလောက်သောအော်သံကြီးကိုထုတ်လွှတ်လိုက်လေ၏။ဟိန်းဟောက်သံကြီးသည် အသံလှိုင်းများကိုတုန်ခါပျံ့နှံ့သွားစေပြီး လူတိုင်းရဲ့နားထဲထိတိုင်တုန်ခါသွားစေသည်ပေ။လူ့ဘီလူးကြီးရဲ့နှလုံးကမရှိတော့သည့်တိုင် ထိုနှလုံးရှိနေရမည့်နေရာလပ်တွင်စုရုံးနေသည့် စွမ်းအင်နှင့်ခံနိုင်ရည်တို့က လူ့ဘီလူးကြီးကိုဆက်လက်၍ပံ့ပိုးထားခဲ့ခြင်းဖြစ်သည်


လူ့ဘီလူးကြီးက ငရဲကမ္ဘာသင်္ဘောနှင့် မွေးရာပါရန်ငြိုးများပိုင်ဆိုင်ထားဟန်တူသည် သူက ဒေါသကြီးတဲ့ဟိန်းဟောက်သံကြီးနဲ့အတူ ငရဲကမ္ဘာသင်္ဘောကို ကောင်းကင်မှလွင့်ထွက်သွားစေချင်သလိုထင်ရသည်။


ငရဲကမ္ဘာသင်္ဘော၏ကုန်းပတ်ပေါ်တွင် ဆွဲဆောင်မှုရှိသည့်ပုံရိပ်တစ်ခုရပ်နေခဲ့၏

သွယ်လျဖြောင့်တန်းစွာရပ်နေသည့် ထိုပုံရိပ်တွင်အလွန်အင်မတန်အချိုးကျလှပသည့်ခန္ဓာကိုယ်အချိုးအစားကိုလည်းပိုင်ဆိုင်ထားလေသည်။ရှည်လျားလှပတဲ့အနက်ရောင်ဝတ်စုံကလေမှာလူးလွန့်နေပြီး သူမရဲ့လှပတဲ့ခြေတံရှည်တွေကိုထုတ်ဖော်ပြသနေလျက်ရှိသည်။ 


လူအားလုံး သူမထံမှအကြည့်မလွှဲနိုင်အောင်ရှိချေ၏။ဤသည်ကအလှတရား၏ပြယုဂ်တစ်ခုဖြစ်သည်ပေ။.သူမရဲ့နက်မှောင်ရှည်လျားတဲ့ဆွနွယ်တွေကလေအဝှေ့မှာယိမ်းနွဲ့နေပြီးလူပေါင်းများစွာကိုယစ်မူးအောင်ပြုလုပ်နေလေသည်။


ငရဲကမ္ဘာအမျိုးသမီးရဲ့အကြည့်တွေကပုံမှန်အတိုင်းခံစားချက်ကင်းပးမဲ့နေသည်။သူမ အကြည့်များ.က လူအုပ်ကြားထဲဝေ့ဝဲဖြတ်ပြေးသွားကာ အလျင်အမြန်ပဲ ပုဖန်ထံရောက်ရှိသွားလေသည်။


ပုဖန် ယကလည်း သူမကို ပြန်ကြည့်လိုက်သည်။


ငရဲကမ္ဘာအမျိုးသမီးက သူမရဲ့နှုတ်ခမ်းတစ်စုံကိုစုကျုံ့ပြီးမေးဆတ်ပြလာသော်လည်း ပုဖန်က အမူအယာကင်းမဲ့နေသည်။


ပန်းပွင့်လေး၏ မျက်ဝန်းများကကျဉ်းမြောင်းသွားပြီး သူမကငရဲကမ္ဘာအမျိုးသမီးအပေါ်ဂရုတစိုက်စူးစိုက်ကြည့်လိုက်သည်

ရွှေရောင်အရှိန်အဝါတစ်ခုကသူမရဲ့ခန္ဓာကိုယ်တစ်ဝိုက်မှာစတင်လှည့်ပတ်လာပြီး သူမကိုကြည့်ရတာလွန်လွန်ကဲကဲသတိချပ်နေတဲ့အနေအထားမှာရှိနေ၏


သူမက ငရဲကမ္ဘာသင်္ဘောပေါ်မှာရပ်နေတဲ့အမျိုးသမီးကိုတစ်လှည့် အမူအယာမဲ့နေသည့်ပုဖန်ကိုတစ်လှည့်ကြည့်ရှုလိုက်ပြီးနောက် သက်ပြင်းလေးတစ်ခုကိုရှိုက်ထုတ်လိုက်လေသည်။


လူပေါင်းများစွာဟာငရဲကမ္ဘာအမျိုးသမီးရဲ့အလှအပမှာ ဆွဲဆောင်ခံလိုက်ရ၏။သူမရဲ့သွင်ပြင်နဲ့ပတ်သတ်ပြီးအမြဲယုံကြည်ချက်ရှိသော ပီလျန်ထျန်းပင် ငရဲကမ္ဘာအမျိုးသမီးကိုမြင်လိုက်ချိန်၌ အံ့သြမှင်သက်သွားခဲ့ရသည်။


သို့သော်လည်း သူမရဲ့ပတ်ပတ်လည်၌ မြောက်များစွာသောအဖြူရောင်ကြာပွင့်များထွက်ပေါ်လာလေသည်။အနှီကြာပန်းဖြူများက သူမရဲ့ခန္ဓာကိုယ်တစ်ဝိုက်မှာစတင်လှည့်ပတ်ရင်း ကြီးကျယ်ခမ်းနားတဲ့အရှိန်အဝါတို့ကိုထုတ်လွှတ်လေသည်။


ငရဲကမ္ဘာအမျိုးသမီးရဲ့လှပမှုကအံ့မခန်းဖြစ်သော်လည်း သူမဆီကခံစားရသေါ အန္တရာယ်အငွေ့အသက်ထုထည်က ပီလျန်ထျန်းကြုံတွေ့ခံစားဖူးသေါ ဘယ်လိုခံစားချက်မျိုးနဲ့မှမတူအောင်များပြားလွန်းနေသည်ပေ။


ဘာကြောင့်ဆိုသော် ငရဲကမ္ဘာအမျိုးသမီးက ငရဲကမ္ဘာကလာသည်ဆိုသေါ အချက်ကို ထည့်ပြောနေစရာပင်မလိုလောက်တော့ချေ။ထို့ပြင် ပီလျန်ထျန်းရဲ့ပင်ကိုယ်သိစိတ်အရ သူမရှေ့ကဒီအမျိုးသမီးက ငရဲကမ္ဘာမှာသာမာန်ထက်ပိုတဲ့အဆင့်အတန်းရှိတဲ့သူတစ်ယောက်ဆိုတာသေချာနေသည်။


လူ့ဘီလူးကြီးက သူ့ရဲ့လက်ကိုမြောက်လိုက်ပြီး မိုးခြိမ်းသံအလားကျယ်လောင်တဲ့ဟိန်းဟောက်သံကြီးကိုထုတ်လွှတ်လိုက်ပြန်သည်။သူက ပုဖန်းထံဦးတည်ကာရိုက်ချလိုက်ပြီး ထိုရိုက်ချက်တစ်ချက်တည်းနဲ့ပုဖန်းကိုအသားပြားအဖြစ်ပြောင်းလဲသွားနိုင်လောက်ပေသည်။ထိုနည်းဖြင့် ထောင်တျဲရဲ့နှလုံးသားကိုချက်ချင်းပြန်လုယုနိုင်မည်ဖြစ်၏။


သို့သော်လည်း ကျယ်လောင်တဲ့တုန်ခါသံကြီးနဲ့အတူ ငရဲကမ္ဘာသင်္ဘော လူ့ဘီလူးကြီး၏ခန္ဓာကိုယ်ကိုအညှာအတာမဲ့စွာဝင်တိုက်ပစ်လိုက်ပြီး အနောက်သို့လွင့်ထွက်သွားစေသည်။


နယ်သာရီ၏ အနက်ရောင်ဆံနွယ်ရှည်များက လေနဲ့အတူလူးလွန့်နေသည်။ ရုတ်တရက်သူမရဲ့မျက်ဝန်းအိမ်တစ်ခုလုံးကအနက်ရောင်ပြောင်းသွားခဲ့သည်။သွယ်လျတဲ့ခြေတံများဖြင့် ခြေလှမ်းလှမ်းလိုက်ပြီး လေပေါ်ပျဲဝဲလိုက်သည်။သူမက လူ့ဘီလူးကြီးနဲ့တစ်ခါတည်း အပြတ်ရှင်းလိုဟန်ရှိသည်။


သို့သော်လည်း သူမ၏ လှုပ်ရှားမှုများ ရပ်တန့်သွားရပြီး ပျင်းရိငြီးငွေ့နေသော ပုံရိပ်တစ်ခု သူမနောက်မှထွက်ပေါ်လာလေသည်။


ထိုပုံရိပ် ကခွေးတစ်ကောင်ဖြစ်သည်။ အတိအကျဆိုရလျင် အနက်ရောင်အမွှေးတွေရှိသည့် အလွန်အကျူးဝတုတ်နေသောခွေးတစ်ကောင်ဖြစ်၏။


ငရဲကမ္ဘာသင်္ဘောပေါ်တွင်ရပ်နေသော ခွေးဘုရင်ကို ပုဖန်စိုက်ကြည့်လိုက်သည်။သူ့ရဲ့နှုတ်ခမ်းတစ်စုံကမျဉ်းဖြောင့်တစ်ကြောင်းလိုဖိကပ်သွားကြပြီး တဒုန်းဒုန်းခုပ်လှုပ်နေသည့်ရင်ဘတ်ကလည်းတည်ငြိမ်စပြုလာလေသည်။


ထိုခွေး ဒီလိုနေရာတွင် တကယ်ပေါ်လာလိမ့်မည်ဟု ထင်မထားခဲ့ချေ။


လူ့ဘီလူးကြီးကဟိန်းဟောက်လာပြန်သည် သူ့ရဲ့အကြည့်တွေကလည်းအလွန်ရက်စက်ကြမ်းကြုတ်နေပြီး ခွေးဘုရင်နဲ့ ငရဲကမ္ဘာအမျိုးသမီးကိုကြည့်နေလေသည်။ သူတို့အပေါ်တွင် ဆိုးရွားသေါ အမြင်များရှိနေပေပြီ။၄င်း၏ ရင်ဘတ်တစ်ဝိုက်တွင် စွမ်းအားများစတင်လှည့်ပတ်လာသည်။


မကြာမီ လူ့ဘီလူးကြီးရဲ့နှာခေါင်းမှသက်တန့်ရောင်ခြည်များထွက်လာသည် သူ့လက်မောင်းကြီးကိုမြှောက်ပြီးပစ်လွှတ်လိုက်သော စွမ်းအင်များကြောင့် လေဟာနယ် ကပေါက်ကွဲသွားတော့မလိုဖြစ်နေလေသည်။၄င်းက ရိုက်ချက်တစ်ခုတည်းနဲ့ ငရဲကမ္ဘာအမျိုးသမီးကိုသတ်ပစ်နိုင်ဖို့ရည်ရွယ်ထားခဲ့သည်။


ခွေးဝကြီးအတွက်ကတော့..


 သူပါးစပ်ဖွင့်ဟလိုက်သည် သူ့၏ ရန်မူအကြည့်ထဲတွင် သက်ရှိတစ်ခုအပေါ်ဆာလောင်မှုတွေပြသနေ၏။သူက ခွေးကိုသူ့ရဲ့အာဟာရအဖြစ်ပြောင်းလဲပစ်ချင်နေသည်ပင်။


ဒီလောက်ဝနေမှတော့.. အဲ့ဒီခန္ဓာကိုယ်ထဲမှာ စွမ်းအင်တွေအများကြီးရှိမှာပဲမဟုတ်လား...


နယ်သာရီ မျက်ခုံးနှစ်ဖက်ကိုတစ်ဆက်တည်းဖြစ်သည်အထိ အသာအယာစုကျုံ့လိုက်သည်။သူမ လက်ထဲတွင် ခွေးဘုရင်ဆီနှရသော အမွေးသုံးချောင်းရှိနေ၏။


လက်ဖဝါးရိုက်ချက် သူမဆီပျံဝဲလာနေချိန်၌ အသာအယာအသက်ရှုထုတ်လိုက်ပြီးသူမရဲ့ ရှည်လျားတဲ့ပုံပန်းသဏ္ဍာကတုန်ခါလာတော့သည်။ထို့နောက် သူမလက်ထဲကအမွှေးနှစ်ချောင်းကိုပွတ်တိုက်ပြီးလောင်ကျွမ်းပစ်လိုက်သည်။သူမ၏စွမ်းအားများက ချက်ချင်းဆိုသလိုကြောက်မက်ဖွယ်ရာအားကောင်းလာသည်။


ဘုန်းး.....


ကျယ်လောင်သောပေါက်ကွဲသံနဲ့အတူ လေပြင်းတစ်ခုပျံ့နှံဖြစ်ပေါ်သွားသည်


ငရဲကမ္ဘာအမျိုးသမီးက လူ့ဘီလူးကြီးရဲ့ရိုက်ချက်ကို သူမရဲ့လက်တစ်ဖက်တည်းနဲ့ပိတ်ဆို့တားဆီးခဲ့သည်။လူ့ဘီလူးကြီးရဲ့လက်ကဖမ်းချုပ်ခံလိုက်ရပြီး လှုပ်ရှား၍မရတော့ချေ။


 သူ့ အားအင်အကုန်လုံးကိုထည့်ပြီးအသုံးပြုခဲ့ပေမဲ့ ထိုရိုက်ချက်ကိုငရဲကမ္ဘာအမျိုးသမီးက လွယ်လွယ်ကူကူပဲတားဆီးခဲ့သည်

အမွှေးသုံးချောင်းလုံးကိုလောင်ကျွမ်းပစ်လိုက်ခြင်းကြောင့် ငရဲကမ္ဘာအမျိုးသမီးအပေါ်ဖိနှိပ်ထားသည့် ပုန်းကွယ်နဂါးတိုက်ကြီး၏ ဖိအားများဟာလည်းအလွန်အားနည်းသွားခဲ့သည်။


ထို့ကြောင့် ငရဲကမ္ဘာအမျိုးသမီးက သူမရဲ့စွမ်းအင်များကို ဤမျှများပြားလှသည့်ပမာဏအထိတိုးမြှင့်နိုင်ခဲ့ခြင်းဖြစ်သည်။


အဝေးတစ်နေရာ၌...

 ငရဲကမ္ဘာသင်္ဘောပေါ်တွင် ရပ်နေသော ခွေးဝကြီးကိုမြင်လိုက်ရသည့် ချူချန်ရှန်းတစ်ယောက် တစ္ဆေသရဲကိုမြင်လိုက်ရသလိုပင်...


ခွေးဘုရင်တကယ်ကြီး ဒီမှာပေါ်လာတာလား...


  ခွေးဘုရင်က အလွန်အစွမ်းထက်ကြောင်းချူချန်ရှန်းသိလေသည်။


ဒီခွေးက ပုဖန်ဆိုင်ကို ကာကွယ်ပေးနေတဲ့ခွေးမဟုတ်လား... 

ဘယ်လိုလုပ်ပြီး ဒီနေရာမှာပေါ်လာနိုင်ရတာလဲ...


ခွေးဘုရင် မတ်တပ်ရပ်လိုက်သောကြောင့် သူ့ရဲ့ခန္ဓာကိုယ်ပေါ်ကအဆီများကတုန်ခါသွားသည်။ ထို့နောက် သူ ရှည်လျားစွာသမ်းဝေလိုက်လေသည်။


လူများ၏ အကြည့်အောက်မှာပင် သူက ကြောင်တစ်ကောင်လိုသိမ်မွေသော ခြေလှမ်းများနှင့် ငရဲကမ္ဘာသင်္ဘောပေါ်မှဆင်းလာလေသည်။


ကြောင်တစ်ကောင်လိုကျော့ရှင်းစွာလမ်းလျှောက်ဖို့ကြိုးစားနေတဲ့ ခွေးဝတစ်ကောင်ကိုမြင်လိုက်ရချိန်... လူတိုင်းရဲ့ရင်ထဲမှာထူးဆန်းသောခံစားချက်ကြီးကိုခံစားလိုက်ကြရသည်


" ဒီခွေးကတော့..."


ငရဲဘုရင်အာဟကပြောရင်း တူးခြစ်နေသည့်အစပ်ချောင်းကိုသူ့ပါးစပ်ထဲထည့်လိုက်သည်။


ငရဲစွမ်းအင်များ ပြည့်နှက်လာသည်နှင့် အမျှ လူအားလုံး အလွန်အမင်းဖိနှိပ်မှုကိုခံစားလိုက်ရသည်။


သမ်းဝေပြီးတဲ့နောက်မှာတော့ ခွေးဘုရင်ကသူ့ရဲ့မျက်လုံးတွေကိုအသာလှိမ့်လိုက်ပြီး လူ့ဘီလူးကြီးရဲ့ခန္ဓာကိုယ်ကိုယ် ကြည့်လိုက်သည်။


အရပ်သုံးမီတာမျှရှိသော လူ့ဘီလူးကြီးသည်အင်မတန်ကြီးမားလေသည်


သူ့ရဲ့ရိုက်ချက်က ငရဲကမ္ဘာအမျိုးသမီးဆီက တားဆီးခံလိုက်ရပြီးနောက်မှာ နောက်လက်တစ်ဖက်ကစတင်လှုပ်ရှားလာသည်။ လက်နှစ်ဖက်လုံးကလေထဲမှာရှိနေပြီး သူကနောက်ရိုက်ချက်တစ်ခုနဲ့ ငရဲကမ္ဘာအမျိုးသမီးကိုအသားပြားအဖြစ်ပြောင်းလဲပစ်ချင်နေသည်ပင်။


သို့သော်လည်း ငရဲကမ္ဘာအမျိုးသမီးရဲ့ပုံရိပ်ကရုတ်တရက်ပျောက်ကွယ်သွားပြီး ရိုက်ချက်ကလွဲချော်သွားရသည်


ကျောက်ခရမ်းအကြီးအကဲ မျက်ဝန်းများကျဉ်းမြောင်းသွားပြီး သူ့ ကိုယ်မှ အော်ရာများထွက်ပေါ်လာသည်။ထို့နောက်သူ့ရဲ့ပုံရိပ်က ကောင်းကင်သို့ ထိုးတက်သွားပြီး ချက်ချင်းဆိုသလို ငရဲဘုရင်ရဲ့ရှေ့မှောက်မှာထွက်ပေါ်လာလေ၏။


ယခုအချိန်တွင့ အခြားအရာများကို သူဂရုမစိုက်နိုင်တော့ချေ။သူ့မျက်နှာကို ကျေါက်ခဲနက်နဲ့ရိုက်ရဲတဲ့ဒီ ေ-ွးကောင်ကိုသတ်ပစ်ဖို့လိုနေသည်။


ဒါကသူ့ရဲ့ဂုဏ်သိက္ခာအတွက်ပင်...


ကြောက်မက်ဖွယ်ခရမ်းရောင်စွမ်းအင်များကသူ့ရဲ့ခန္ဓာကိုယ်ပတ်လည်မှာစတင်လှည့်ပတ်လာသည်။ သူ့ရဲ့ကိုယ်ပွားက ကန့်သတ်ချက်ကိုရောက်နေပြီဆိုတာလည်းသူသိသည်။ သူ့စွမ်းအားတွေကို အလွန်အကျွံမသုံးစွဲနိုင်တော့ပေ။


ဘုန်း...


လက်သီးတစ်ချက်တည်းနှင့် ငရဲဘုရင်ရှိတဲ့နေရာဆီသို့ထိုးနှက်လိုက်သည်


ငရဲဘုရင်က လက်သီးဆီမှလာသည့်လေအဟုန်ကြောင့်ရန်စခံလိုက်ရဟန်တူသည်။ လေလာရာအရင်းအမြစ်ထံ စောင်းငဲ့ကြည့်လိုက်ရာ လက်သီးချိန်ရွယ်ထားသည့်ကျောက်ခရမ်းအကြီးအကဲကိုတွေ့လိုက်ရသည်။


ငရဲဘုရင်ကဒေါသထွက်သွားရသည်။


သူက ခွေးငပျင်းဆီကိုသွားနှုတ်ဆက်ဖို့ပြင်နေခဲ့ခြင်းပင်။


ဘန်းး...


ကျောက်ခရမ်းအကြီးအကဲထိတ်လန့်မှင်သက်သွားသည်။အားကုန်သုံးထားသည့် သူ့လက်သီးချက်ကပင် ငရဲဘုရင်ကို ထိခိုက်အောင်မလုပ်နိုင်ချေ။ထို အစားငရဲဘုရင်ရဲ့လက်တစ်ဖက်တည်းနဲ့ တားဆီးသည်ကိုသာခံလိုက်ရသည်။


အာဟ ခေါင်း အသာအယာလှည့်လိုက်သည်နဲ့ စွမ်းအင်လှိုင်းလုံးတွေစတင်ပျံ့နှံ့လာတော့သည်။ သူကကျောက်ခရမ်းအကြီးအကဲကိုအပြုံးမမည်သည့် အပြုံးတစ်ခုနှင့်ကြည့်လိုက်လေသည်။ကျောက်ခရမ်းအကြီးအကဲ ဆွံ့အလျက်ရှိနေချေသည်။ နောက်ခဏမှာပဲ သူ့ဦးခေါင်းထက်ဆီက စူးရှတဲ့နာကျင်မှုတစ်ခုကိုခံစားလိုက်ရသည်။


အလွန်တရာမာကျောတဲ့ ထိုအနက်ရောင်မီးသွေးချောင်းနဲ့ သူ့ရဲ့မျက်နှာကိုကြမ်းတမ်းစွာရိုက်နှက်ခံလိုက်ရသည် ။ထိုအရာက ကျောက်ခရမ်းအကြီးအကဲကိုစက္ကန့်ပိုင်းမျှ လုံးဝထိတ်လန့်မှင်သက်သွားစေသည်


" ကောင်လေး... မင်းကငါ့ကိုဆန့်ကျင်ရဲတယ်လား... ဘယ်ကိုကြည့်နေတာလဲ... ငါကမင်းကိုပြောနေတာ..."


ငရဲဘုရင်အာဟက သူ့ရဲ့အုတ်ခဲနဲ့တူတဲ့အစပ်ချောင်းနဲ့ရိုက်ချလိုက်ပြန်သည်။ ပြောရမည်ဆိုလျှင် အစပ်ချောင်းနဲ့တစ်ခြားလူကိုရိုက်ချရခြင်းက မည်မျှ စိတ်ကျေနပ်စရာကောင်းလဲရှာဖွေတွေ့ရှိသွားပြီပင်။


ကျောက်ခရမ်းအကြီးအကဲ သည်ခုခံနိုင်စွမ်းပင်မရှိတော့ပဲမြေကြီးပေါ်သို့တိုင်ရိုက်ချခံလိုက်ရလေသည်


ဤအရာကဘယ်သူမှမျှော်လင့်မထားသည့်ရလာဒ်တစ်ခုဖြစ်သည်။


ငရဲကမ္ဘာမှ စွမ်းအားကြီးတဲ့ဖြစ်တည်မှုတစ်ခုပေါ်ထွက်လာခြင်း...


ပီလျန်ထျန်း မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်မိသည်။ ဖြစ်ပျက်နေတဲ့အရာအားလုံး တစ်ခုခုမှားယွင်းနေသည်ကိုသူမရုတ်တရက်ခံစားလိုက်ရသည်။


အနက်ရောင်ခွေးက ဟင်းလင်ပြင်ထဲတွင် ကြောင်တစ်ကောင်လိုခြေလှမ်းများဖြင့်ပတ်လျှောက်နေသည်။


မကြာမီပဲ ခွေးဘုရင်ဟာလူ့ဘီလူးကြီးရဲ့ခန္ဓာကိုယ်ရှေ့မှာရပ်တန့်လိုက်ပြီး ခံစားချက်မဲ့သောအကြည့်များဖြင့်ကြည့်လိုက်သည်။


ထို့နောက် ခွေးဘုရင်က ဟိန်းဟောက်နေဆဲဖြစ်တဲ့လူ့ဘီလူးကြီးကိုကြည့်ရင်း သူ့ရဲ့ပါးစပ်ကိုဖွင့်ဟလိုက်သည်


ဝုတ်....


ကျယ်လောင်သည့်ဟောင်သံတစ်ခုကလေထုထဲပေါ်ထွက်လာလေသည်။ ထိုအသံသည်နားစည်တုန်ခါလောက်အောင်ကျယ်လောင်သည့်ဟောင်သံတစ်ခုဖြစ်သည်။


ဟောင်သံသည်ကောင်းကင်ပေါ်မှပစ်ချလိုက်သည့်မိုးကြိုးသံအလားပင်...


ချက်ချင်းဆိုသလိုပဲ လူ့ဘီလူးကြီးကနောက်ကိုခြေလှမ်းအနည်းငယ်ဆုတ်သွားရပြီးဖင်ထိုင်လျက်လဲကျသွားတော့သည်


လေပြင်းတစ်ခုတိုက်ခတ်သွားပြီး လူ့ဘီလူးကြီးလည်းအလွန်အမင်းထိတ်လန့်အံ့အားသင့်သွားသည်။


လူတိုင်း နှလုံးသားများလည်းတုန်လှုပ်သွားခဲ့ရသည်။


ပြောင်းလဲမှုမရှိသော အကြည့်များဖြင့် ခွေးဘုရင်က သူ့ရဲ့လက်ဖဝါးကို မြှောက်ပြီး လူ့ဘီလူးကြီးထံ ချိန်ရွယ်လိုက်လေသည်။