အပိုင်း ၇၆၉
Viewers 53k

အခန်း ၇၆၉

မင်းငါ့ကိုသတ်လို့မရဘူး...


ကြီးမားလှသော လက်ဖဝါးကြီးနှင့် ခွေးဘုရင်၏ ချစ်စရာကောင်းလှသောလက်ဖဝါးလေးတို့ ဆုံတွေ့သွားပြီး ပေါက်ကွဲသံများ အတန်းလိုက်ထွက်ပေါ်လာသည်။


လူတိုင်း မယုံကြည်နိုင်မှုကြောင့် မျက်လုံးများပြူးကျယ်သွားကြသည်။သူတို့ မျှော်မှန်ူထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်ပေါ်လာလေသည်။


လူ့ဘီလူးကြီးက သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးကြောများအားလုံး ဖောင်းကြွလာသည်ကို မြင်ရသည်အထိ ကြောက်မက်ဖွယ်ရာ အရှိန်ဖြင့် ဟိန်းဟောက်လိုက်သည်။သူ့ခန္ဓာကိုယ်ပေါ်ရှိ တက်တူးများကလည်း အသက်ဝင်လာသလိုမျိုး အလင်းရောင်များ ထုတ်လွင့်လာသည်။


စီ...


သူ့လက်မောင်းမှ စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာသည်။ထိုစွမ်းအင်များနှင့်အတူ ပူပြင်းသော လေထုပါ လိုက်ပါလာပြီး စွမ်းအားများကို ပိုမို ပြန့်နှံ့စေသည်။


ထိုးနှက်ချက်များစွာက စုစည်းသွားပြီးနောက် မယုံနိုင်စရာစွမ်းအင်များပြည့်နှက်နေသော လက်သီးကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။လူတိုင်း၏ အမြင်တွင် ထ်ိုကြောက်မက်ဖွယ်ကောင်းလှသော လက်သီးချက်နှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက အဆီများပြည့်နေသော ခွေးဝတုတ်က ကောင်းကင်ပေါ်ကို ဓားတစ်လက်နှင့် ထိုးနှက်မိသူနှင့်သာ တူနေသည်။


ခွေးနက်ကြီးက ပြားဝင်သွားအောင် ထုခံရဖွယ်ရှိလေသည်။သို့သော်လည်း ပထမဆုံးတွေ့လိုက်လျှင် အန္တရာယ်မရှိဟုထင်ရသော ခွေးဝတုတ် ဘလက်ကီ၏ အစွမ်းကို မြင်ဖူးသူများက သိကြပေသည်။


တခြားသူများက ငရဲဘုရင်ထက်ပင် ခွန်အားပြည့် သန်မာလှသော ခွေးဘုရင်အကြောင်းကို မသိကြသော်လည်း ပုဖန်က သိလည်းသိသလို ယုံလည်းယုံကြည်ပေသည်။


ရှောင်ယကလည်း ဘလက်ကီကို ယုံကြည်ပေသည်။သူမ၏ နှလုံးသားထဲမှ ဘလက်ကီကို လွှမ်းမိုးနိုင်မည့်သူ မရှိပေ။


ဝါး...


ခွေးဘုရင်က သန်းဝေလိုက်သည်။ရှိုက်ထုတ်လိုက်သော လေထဲတွင် စွမ်းအင်များပင် ပြည့်နှက်နေသည်ဟု ထင်ရသည်။ဧရာမလက်သီးချက်ကြီးကလည်း တုန်ခါသံများ အဆက်မပြတ် ထွက်ပေါ်နေသည်။


ဝမ် ....


ခွေးဘုရင်၏ နောက်ဘက်မှ မြေပြင်က တုန်ခါလာပြီး လေပြင်းများ ထွက်ပေါ်လာသည်။ဧရာမလက်သီးချက်ကြီးထွက်ပေါ်လာသည်နှင့် ကျောက်တုံးများ စတင်ကွဲအက်လာကာ ပြိုကျလာလေသည်။လူများက ထိုမြင်ကွင်းကြောင့် ထိတ်လန့်ကြောက်ရွံ့နေကြသည်။


ပုဖန်က တိုက်ပွဲဖြစ်နေရာနေရာကို စူးစူးရဲရဲစိုက်ကြည့်နေသည်။နယ်သာရီက ထိုနေရာသို့ကြည့်နေသော်လည်းသူမ၏ မျက်ဝန်းနက်နက်များတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်စွန်းတစ်စမှရှိမနေပေ။


ခွေးဘုရင်ကို စိတ်ပူနေစရာအကြောင်းလည်းမရှိပေ။ငရဲဘုရင်ကမူ ထိုတိုက်ပွဲကို စိတ်ဝင်စားမှု အနည်းဆုံးဖြစ်လေသည်။တကယ်တမ်းတွင် သူက ယနေ့ခေတ်လူငယ်များ အုတ်ခဲနှင့်တူသော အစပ်ချောင်းများကို သဘောကျလာစေရန်အတွက် လမ်းညွှန်ပြသပေးဖို့သာ စိတ်ဝင်စားလေသည်။


ခရက်ရှ်...


ပဲ့ကြွေ ဆူညံသံများ နေရာအနှံ့မှထွက်ပေါ်လာပြီး ကျောက်တုံးများမှ မြေပြင်က နစ်ကျွံ့သွားသည်။ကြည့်ရှုနေသူများ တုန်လှုပ်သွားကြပြီး သူတို့ ခေါင်းမော့ကြည့်လိုက်သည့်အချိန်၌ လူ့ဘီလူးကြီး၏ လက်မောင်းထက်တွင် ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများဖြစ်နေသည်ကို တွေ့လိုက်ရသည်။


၎င်း၏ မျက်နာပေါ်တွင်လည်း မယုံကြည်နိုင်မှုများ အထင်းသားပေါ်လွင်နေပြီး မျက်လုံးပြူးမျက်ဆံပြူးဖြစ်နေလေသည်။သူ့၏ လက်သီးချက်သာ တောင်တစ်တောင်ကိုပင် ဖိချေနိုင်စွမ်းရှိသည်။သို့သော်လည်း သူ့ကျောရိုးတစ်လျှောက် တုန်လှုပ်အေးစက်မှုများ ဖြတ်ဆင်းသွားလေသည်။ကြည့်ရှုနေသူများအားလုံးလည်း လေအေးတစ်ချက်ရှိုက်လိုက်ကြသည်။


သူတ်ို့၏ ရှေ့၌ မယုံနိုင်စရာကောင်းလှသော တစ္ဆေသရဲလို မြင်ကွင်းမျိုးပေါ်လာလေသည်။ခွေးဘုရင်က နေရာမှာပင် တည်ငြိမ်စွာရှိနေသည်။သူ့၏ အနက်ရောင်အမွှေးလေးများက ဖုန်တစ်စက် အပျက်အစီးတစ်ခုမရှိပဲ ရှင်းသန့်ညီညာနေသည်။


သူ့၏ နှုတ်ခမ်းများက အပေါ်သို့ ကွေးတက်နေပြီး ခပ်လှောင်လှောင်အကြည့်ဖြင့် လူ့ဘီလူးကြီးကို ကြည့်နေသည်။လူ့ဘီလူးကြီးကလည်း မယုံကြည်နိုင်စွာဖြင့် အက်ကွဲကြောင်းများဖြစ်နေသော သူ့၏ လက်မောင်းကိုသာ စ်ိုက်ကြည့်နေသည်။ထိုအက်ကွဲကြောင်းများက တဖြေးဖြေးချင်းပျံ့နှံ့လာပြီး လက်တစ်ချောင်းလုံး ပြန့်နှံ့သွားလေသည်။


လူ့ဘီလူးကြီးက စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။၎င်း၏ ဆံမျှင်များက ပုံရိပ်ယောင်လေဟာနယ်ကို ထိုးဖောက်သွားကာ တစ်စစီ ကွဲအက်သွားသည်။


သူ့၏ လက်မောင်းအက်ကွဲကြောင်းများက အဆုံးတိုင် ပြန့်ကားသွားပြီးနောက် တစ်စစီ ပဲ့ကြွေ၍ မြေပေါ်သို့ ပြုတ်ကျလာသည်။လူ့ဘီလူးကြီးက ခေါင်းကိုမော့၍ အသံကျယ်ကြီးဖြင့် ဟိန်းဟောက်လိုက်သည်။သူ့၏ မျက်နာပေါ်တွင် အံ့သြတုန်လှုပ်မှုများဖြင့် ထိန်းချုပ်မရန်ိုင်သော ဒေါသများပါရှိနေသည်။


သူ့၏ ခန္ဓာကိုယ်ပတ်လည်၌ စွမ်းအင်လှိုင်းများ အရှိန်နှင့် လည်ပတ်လာပြီး သူ့၏ မျက်ဝန်းများကလည်း ရဲရဲနီလာသည်။သူခွေးဘုရင်၏ မျက်နာကို စူးစူးရဲရဲ စိုက်ကြည့်လိုက်၏။


ဒီခွေးက သာမန်ခွေးတစ်ကောင်မဟုတ်နိုင်ပေ။ထိုခွေးကနတ်ဘုရားမီးတောက် ဖွဲ့တည်ပြီးသည့် အဆင့်ဖြစ်သော အံ့မခန်း စိတ်ဝိညာဉ် သခင်အဆင့်တစ်ယောက်ဖြစ်ပေလိမ့်မည်။သို့သော် ထ်ိုခွေးကို သူလုံးဝ အရှုံးမပေးနိုင်ပေ။


သူအစောပိုင်းကထက် ပိုမိုကြီးမားသော လက်သီးချက်ကို ထုတ်လွတ်လိုက်သည်။စွမ်းအင်လှိုင်းများက အဘက်ဘက်သို့ ပြန့်နှံ့သွားသည်။တစ်စစီပဲ့ကြွေသွားသော 


ရုတ်တရက် သူက ပေါက်ကွဲသွားပြီဖြစ်သော လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။မိုးခြုန်းသံကဲ့သို့ ဟစ်ကြွေးသံနှင့်အတူ ကျယ်လောင်သော ဆုတ်ဖြဲသံကို အားလုံးကြားလိုက်ရသည်။လူ့ဘီလူးကြီးက ကျန်နေသော လက်မောင်းပိုင်းကို သူ့၏ တခြားလက်တစ်ဖက်ဖြင့် ဆွဲဖြုတ်ခဲ့လိုက်သည်။


အားလုံး စွံ့အ ငြိမ်သက်သွားကြသည်။


လက်မောင်းပြုတ်သွားသော်လည်း စွမ်းအင်ရေဝဲကမူ ရှိနေသေးသည်။လူ့ဘီလူးကြီး၏ ခန္ဓာကိုယ်က ဖြတ်ခနဲ ရွေ့လျားသွားပြီးနောက် မုန်တိုင်းကဲ့သို့ ပြင်းထန်လှသော အင်အားတခုကို အောင်မြင်စွာထုတ်လွှင့်လိုက်သည်။


ပတ်ဝန်းကျင်တစ်ခုလုံး တ်ိတ်ဆိတ်ငြိမိသက်နေသည်။ကြည့်ရှုနေသူများအားလုံးက အသက်ပင် မရှုရဲကြပဲ သူတို့ရှေ့မှ မြင်ကွင်းကို အံ့အားတုန်လှုပ်စွာဖြင့် ကြည့်နေကြ၏။


ခွေးဖက်တီးက ပုံရိပ်ယောင်လေဟာနယ်ထဲတွင် သိမ်မွေ့စွာ ရပ်နေတုန်းဖြစ်သည်။သူ့၏ လက်ဖဝါးလေးကို ၄၅ ဒီဂရီ စောင်း၍ မြောက်ထားသည်။


ဘန်း...


ကြီးမားလှသော လက်မောင်းကြီးက မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။အသားများအရိုးများအားလုံး တစစီ ချေမွခံလိုက်ရ၏။လူ့ဘီလူးကြီး၏ ပြင်းထန်လှသောအသက်ရှူသံက တုန်ခါမှုများဖြစ်ပေါ်နေစေသည်။လူအားလုံးလည်း တောင့်တင်းကြောင်အနေသည်။


"ဒီခွေးဝတုတ်က ဘယ်လိုလုပ်ပြီး အဲ့ဒီလောက်ကြောက်စရာကောင်းရတာလဲ..."


ကျင့်ကြံသူပညာရှင်အများစု စကားပင်မဆိုနိုင်ကြပဲ တုန်လှုပ်နေကြသည်။


မိုလျိုကျီ၏ မျက်နာ၌ပင် အကြောက်တရားများ ပြည့်နှက်နေ၏။သူ နံရံကို မှီနေရင်းမှ အင်္ကျီရင်ဘတ်ကို စေ့လိုက်သည်။သူ့၏ အသက်ရှုသံများကလည်း ပြင်းထန်နေကာ နဖူးမှ ချွေးများစီးကျနေသည်။


"ဒီခွေးနက်က နတ်ဘုရားစိတ်ဝိညာဉ် အာရုံအဆင့် ကျင့်ကြံသူကိုတောင် လက်ဝါးတစ်ချက်တည်းနဲ့ သတ်နိုင်တယ်...သူကလည်း နတ်ဘုရားစိတ်ဝိညာဉ် အာရုံနယ်ပယ်ပဲလား..."


 မိုလျိုကျီ အနက်ရောင်စွမ်းအင်များ ထုတ်လွင့်နေသော ငရဲကမ္ဘာသင်္ဘောဆီသို့ ကြည့်လိုက်သည်။သူ့၏ နှလုံးသားက တိမ်မဲများ ဖုံးအုပ်သွားသလိုမျိုး ခံစားလိုက်ရသည်။


သူ့၏ စိတ်ထဲတွင် စွဲကျန်ရစ်နေသော အိမ်တစ်အိမ်လိုကြီးမားသည့် မျက်ဝန်းကြီးက သူ့အား ပါဝင်ပစ္စည်းတစ်ခုလိုကြည့်နေသည်ကို ပြန်လည် အမှတ်ရသွားသည်။


၄င်းက ကြောက်မက်ဖွယ်ကောင်းလှသည်။သန့်စင်နယ်မြေများအားလုံး၏ သူတော်စင်များအထက်ပင် ကြောက်စရာကောင်းလှသည်။ယခု ထိုခွေးဝတုတ်ဆီမှလည်း တူညီသည့် ခံစားမှုမျိုး ပေးစွမ်းနေလေသည်။ထိုခွေးဝတုတ်ကလည်း ငရဲကမ္ဘာမှ တစ်စုံတစ်ယောက်ဖြစ်နိုင်ပေသည်။


"သူက အဖွားမူ ပြောတဲ့ကမ္ဘာကြီးကို အဆုံးသတ်မယ့် လူများဖြစ်နိုင်မလား...ငရဲကမ္ဘာသက်ရှိတွေ နဂါးမြို့ဟောင်းတိုက်ကြီးမှာ ပေါ်လာတဲ့အကြောင်းကို ဘယ်သူများရှင်းပြနိုင်မလဲ ...အဲ့ဒီ နတ်ဘုရားစိတ်ဝိညာဉ် အာရုံနယ်ပယ်နဲ့တောင် ယှဉ်လို့ရတဲ့သူတွေ ..."


မိုလျိုကျီ ရောက်တက်ရာရာ တွေးရင်းဖြင့် သူ့၏ ခန္ဓာကိုယ်က တုန်ယင်လာသည်။သူ ရင်ဘတ်ကို ဖိလိုက်ပြီး အသက်ရှုသံများပြန်လည် တည်ငြိမ်သွားအောင် ပြုလုပ်လိုက်သည်။


ထို့နောက် တဆတ်ဆတ်တုန်ယင်နေသော လက်ဖြင့် ကြယ်သံလိုက်အိမ်မြှောင်ကို မြောက်လိုက်သည်။သူ ခွေးဘုရင်ရှိရာဆီသို့ တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် သူ့၏ ကြဟ်အိမ်မြှောင်ကို ပြန်ကြည့်လိုက်သည်။ထို့နောက် အံတင်းတင်းကြိတ်လိုက်ပြီး သူ့၏ စိတ်စွမ်းအားများကို စတင်ထုတ်ဖော်လိုက်ရာ သူ့၏ ပတ်ပတ်လည်တွင် ကြယ်အလင်းရောင်လေးများ တဖျတ်ဖျတ်လင်းလက်လာသည်။


မိုလျိုကျီ၏ စိတ်စွမ်းအင်များ ခပ်ဝေးဝေးဆီသို့ လွင့်မျောသွားတော့မည့် အချိန်မှာပင်ကြမ်းတမ်းလှသောစွမ်းအားတစ်ခုက သူ့ကို ဆန့်ကျင်လာလေသည်။


သူ့၏ မျက်နာ ဖြူဖျော့သွားပြီး အနက်ရောင်သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။သူ့၏ ခေါင်းထဲ၌လည်း စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။


"သေစမ်း ဒီနေရာမှာ ကန့်သတ်ထားတဲ့ စည်းမျဉ်းတွေ ရှိနေတာလား..."


ကောင်းကင်ဘုံ လျှို့ဝှက်သန့်စင်နယ်မြေသည် ကမ္ဘာပေါ်တွင် ဖြစ်ပျက်လာတော့မည့် အကြောင်းအရာများကို ကြိုပြောနိုင်ခြင်းကြောင့် ကျော်ကြားလှသည်။သူတို့၏ ကျင့်ကြံမှုအဆင့်ဖြင့် အရာအားလုံးနီးပါးကို ခန့်မှန်းပြောဆိုနိုင်သည်။


သို့သော်လည်း လူ သို့မဟုတ် တစ်စုံတစ်ရာက သူတို့၏ ကျင့်ကြံဆင့်ထက် မြင့်မားနေခြင်းကြောင့်ဖြစ်စေ သို့မဟုတ် ကောင်းကင်ဘုံက လျှို့ဝှက်ဆန်းကြယ်သော နည်းလမ်းများဖြင့် ဖုံးအုပ်ထား၍ ဖြစ်စေ ထိုပုဂ္ဂိုလ်၏ အနာဂတ်ကို ကြည့်ရှုခြင်းအား တားမြစ်ခံရပေလိမ့်မည်။ပြင်းပြင်းထန်ထန်ကြိုးစားပါက ပြင်းထန်သော အကျိုးဆက်များကို ခံစားရပေလိမ့်မည်။


မိုလျိုကျီ ပင်ပန်းနွမ်းနယ်စွာဖြင့် မြေပြင်ပေါ်သို့ လဲပြိုကျသွားသည်။သူ့၏ ကြယ်သံလိုက်အိမ်မြှောင်လည်း ပြိုကျသွားပြီးနောက် ကြယ်ရောင်များ တဖျတ်ဖျတ်လင်းလက်သွားကာအမှောင်အတိကျသွားလေသည်။


ပုံရိပ်ယောင်လေဟာနယ်ထဲတွင် ခွေးဘုရင်၏ နူးညံ့လှသောအမွှေးလေးများက တဖျတ်ဖျတ်လွင့်နေသည်။သူ ပတ်ဝန်းကျင်ကို ဝေ့ဝဲအကဲခတ်ကြည့်လိုက်သည်။တစ်စုံတစ်ယောက်က သူ့အားချောင်းမြောင်းနေသကဲ့သို့ ခံစားမိလိုက်သည်။


ထိုသူက စွမ်းဆောင်ရည်နည်းပါးသော်လည်း အလွန်ပင် သတ္တိကောင်းသောသူဖြစ်နိုင်ပေသည်။


ခွေးဘုရင် ပျင်းရိစွာ သန်းဝေလိုက်ပြီးနောက် ခပ်လှမ်းလှမ်းရှိ လူ့ဘီလူကြီးကို သနာုးကင်နာစွာ ကြည့်လိုက်သည်။ထို့နောက် သူပြန်လှည့်လိုက်ပြီး လေဟာနယ်ထဲ ခြေတစ်လှမ်းလှမ်းလိုက်သည်သည်နှင့် လေဟာနယ်တစ်ခုလုံး တုန်ခါသွားလေသည်။


"ထောင်တျဲ နှလုံးသားနှင့် ပေါင်းစပ်လိုက်လျှင် ဘယ်လို အကျိုးကျေးဇူးတွေများ ရနိုင်မလဲ ငါတို့ အဲ့ဒါကို ကြော်စားလို့ ရသေးရဲ့လား..."


ခွေးဘုရင်၏ အသံက လေဟာနယ်ထဲ ပဲ့တင်ထပ် ရိုက်ခတ်သွားသည်။ကြည့်ရှုနေသူများ၏ မျက်နာပေါ်တွင်လည်း ထူးဆန်းသည့် အမူအရာများပေါ်လာသည်။ပုဖန်လည်း ပြောစရာစကားမဲ့သွားသည်။သူ ခွေးဘုရင်ကို ကြည့်လိုက်ပြီးနောက် မေးစေ့ကိုပွတ်ကာ စဉ်းစားပြောဆိုလိုက်သည်။


"နှလုံးသားကို ကြော်လိုက်မယ်ဆိုရင် ကြမ်းတမ်းသွားလိမ့်မယ် အဲ့ဒါကို နှစ်ထပ်ပြုတ်လိုက်တာက အကောင်းဆုံးပဲ အဲ့ဒီထဲကို ဆေဖက်ဝင်အပင်နည်းနည်းထည့်လိုက်တာနဲ့ အနံ့အရသာက မွှေးပျံ့သွားလိမ့်မယ်..."


ကြည့်ရှုနေသူများ၏ မျက်နာပေါ်မှ ထူးဆန်းသော အမူအရာက ပို၍ ပြင်းထန်လာလေသည်။


"အဲ့ဒီလူနဲ့ ခွေးက အချက်အပြုတ်ကဏ္ဍအကြောင်း မပြောလို့ရမလား ...သူတို့....အဲ့ဒါ သာမန်သားရဲရဲ့ အသားမဟုတ်ဘူး ထောင်တျဲရဲ့ နှလုံးသား..."


၎င်းကို စားသုံးလိုက်သောသူကို နတ်ဘုရားစိတ်ဝိညာဉ် အာရုံနယ်ပယ်သို့ ဖြတ်သန်းဝင်ရောက်ရန်ပင် ကူညီပေးနိုင်သည့် နှလုံးသားဖြစ်သည်။ထို့အပြင် သူတို့၏ နတ်ဘုရားမီးတောက်ဖွဲ့တည်မှုကို ထောက်ပံ့ပေးပြီး ဂိုဏ်းချုပ်တစ်ယောက်အဖြစ် ပြောင်းလဲပေးနိုင်သည့် အရာဖြစ်သည်။


ဒီလ်ိုထောင်တျဲရဲ့ နှလုံးသားကို ဝက်တစ်ကောင်ရဲ့ နှလုံးသားလိုမျိုး ချက်ပြုတ်ဖို့ ဆွေးနွေးနေတာက မလေးစားရာ ကျတယ်မဟုတ်လား...


ထိုအခိုက်အတန့်တွင် လူ့ဘီလူးကြီး၏ အသက်စွမ်းအင်များက စိုးရိမ်ဖွယ်ရာ နှုန်းထားဖြင့် ပျောက်ကွယ်နေသည်။သူ့ရင်ဘတ်အတွင်းမှ စွမ်းအင်များကလည်း ခမ်းခြောက်လာလေသည်။သူ့၏ မျက်ဝန်းထဲတွင် သေခြင်းတရားကို ကြောက်ရွံ့မှုများထင်ဟပ်နေလေသည်။


"မင်းငါ့ကို သတ်လို့မရဘူး ငါက ပထမဆုံး တောင်ကြားသခင် တောင်ကြားရဲ့ အမွေခံကို ကာကွယ်ဖို့အတွက် ထားခဲ့တဲ့ အဆောင်ပဲ...မင်းငါ့ကို သတ်လို့မရဘူး..."


ထိုလူ့ဘီလူးကြီးက ကြောက်မက်ဖွယ်ရာ တုန်ခါနေသော အသံဖြင့် အော်ပြောလိုက်သည်။ထ်ိုစကားကို ကြားလိုက်သည်နှင့် ချူချန်းရှန်၏ မျက်နာက ဖြူဖျော့သွားသည်။ထို့နောက် အထင်အမြင်သေးခြင်းနှင့် ဒေါသတရားများ တစ်ပြိုင်တည်း ထွက်ပေါ်လာလေသည်။


သူက အမွေအနှစ်ကာကွယ်သူလို့ ပြောရဲတဲ့မျက်နာရှိသေးတယ်လား...


 သူကြောင့်သာမဟုတ်လျှင်... ထောင်တျဲနှလုံးသားနှင့် ပေါင်းစပ်လိုသော တစ်ကိုယ်ကောင်းဆန်သော ဆန္ဒကြောင့်သာမဟုတ်လျှင် အစားကြူးတောင်ကြားက ယခုကဲ့သို့ အခြေအနေမ်ျိုးထိ နိမ့်ဆင်းသွားရလိမ့်မည်မဟုတ်ပေ။


အမွေဆက်ခံသူကလည်း ထိုမျှအကြာကြီး ပျောက်ကွယ်နိုင်မည်မဟုတ်ပေ။တောင်ကြားသခင် ပျောက်ကွယ်သွားပြီးနောက် တခြားသောသန့်စင်နယ်မြေများ၏ စိန်ခေါ်မှုကြောင့် တောင်ကြား၏ တည်ရှ်ိမှုက ပျောက်ကွယ်လုနီးပါးပင်ဖြစ်ခဲ့ရသည်။ထိုအရာအားလုံးက လူ့ဘီလူးကြီး၏ အမှားကြောင့်သာဖြစ်သည်။


"သူက ပထမဆုံးတောင်ကြားသခင်ရဲ့ အမိန့်နာခံသူလို့ ပြောရဲသေးတယ်လား ..."


ခွေးဘုရင်က လူ့ဘီလူးကြီး၏ ခေါင်းထက်ဆီသို့ သိမ်မွေ့စွာလျှောက်သွားလိုက်သည်။ထို့နောက် တုန်တုန်ရီရီဖြစ်နေသော ကြောက်မက်ဖွယ်ရာ ပုံရိပ်ကြီးကို စူးစိုက်ကြည့်၍ ပြောလိုက်သည်။


"အစားကြူးတောင်ကြားရဲ့ ပထမဆုံး တောင်ကြားသခင်ဆိုတာ ဘယ်သူလဲ..."


ခွေးဘုရင်၏ ဆွဲဆောင်မှုရှိလှသော အသံနက်ထွက်ပေါ်လာသည်။လူ့ဘီလူးကြီးက မျက်ဝန်းများမှေးကျင်းလိုက်ပြီး ဒေါသထွက်ဟန်ဖြင့် အော်ဟစ်လိုက်သည်။


"အစားကြူးတောင်ကြားရဲ့ ပထမဆုံးတောင်ကြားသခင်ဆိုတာ သန့်စင်နယ်မြေများကိုတောင် ဖိနှိပ်နိုင်ခဲ့တဲ့ နဂါးမြို့ဟောင်းတိုက်ကြီးရဲ့ ပထမဦးဆုံး အထွဋ်အထိပ်အဆင့် တည်ရှိမှုပဲ...သူက သူတော်စင်တွေကြားမှာတောင် လွှမ်းမိုးနိုင်စွမ်းရှိတယ်...မင်း ငါ့ကိုသတ်လိုက်မယ်ဆိုရင် သူက မင်းကို လုံးဝခွင့်လွှတ်မှာမဟုတ်ဘူး..."


"မသေမျိုးစိတ်ဝိညာဉ် အာရုံနယ်ပယ်အဆင့် ဆရာသခင်တစ်ယောက်လား..."


နှာခေါင်းရှုံ့လိုက်သည်။ထို့နောက် လက်ဖဝါးလေးကို မြှောက်၍ လူ့ဘီလူးကြီး၏ မျက်ခုံးနှစ်ဘက်ကြားကို ထိကာပြောလိုက်သည် ။


"တောင်ကြားသခင်ဆိုတော့ ဘာဖြစ်လဲ ...သူလာရဲတယ်ဆိုရင် ငါက သူ့ကို လက်ဖဝါးစာကျွေးလိုက်မယ် တစ်ချက်နဲ့ မလောက်ဘူးဆိုရင် နှစ်ချက်ကျွေးလိုက်မယ်..."


လူ့ဘီလူးကြီး ကြက်သေသေသွားသည်။


ဖောင်း...


နောက်ခဏ၌ သူ့၏ ခန္ဓာကိုယ်ကြီးက ကျယ်လောင်သော မြည်သံနှင့်အတူ ပေါက်ကွဲသွားလေသည်။