အပိုင်း ၇၇၁
Viewers 62k

အခန်း ၇၇၁

စားဖိုမှူးစိန်ခေါ်ပွဲ...


ချူချန်းရှန် စကားပြောရန်အတွက်ပင် အလွန်အမင်းစိတ်လှုပ်ရှားနေသည်။သူမ၏ နဖူးပေါ်ရှိ တလက်လက်တောက်ပနေသော အမွေအနှစ်သိမ်း မှတ်ဉာဏ်ကျောက်ကို မြင်လိုက်ရသည့်ခဏ၌ သူ တုန်တုန်ယင်ယင်ဖြစ်လာပြီး မျက်ရည်များပင်ဝဲလာသည်။


နောက်ဆုံး၌ သူ့၏ ရည်ရွယ်ရာ ပန်းတိုင်အသစ်ကို တွေ့လိုက်ရလေပြီ။ချူချန်းရှန် ပင်ပန်းနွမ်းနယ်ခဲ့သော်လည်း အစားကြူးတောင်ကြားပြန်လည် ထွန်းတောက်လာမည့် မျှော်လင့်ချက်ကို မည်သည့်အခါကမှ မစွန့်လွှတ်ခဲ့ပေ။


လျှို့ဝှက်နဂါးတော်ဝင်ခုံရုံး၏ သန့်စင်နယ်မြေအသီးသီးကို တစ်နေ့တစ်ကြိမ်တွင် ပြန်လည် အုပ်ဆိုးနိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။သို့သော်လည်း ထိုကိစ္စက စိတ်ပင်ပန်းနွမ်းနယ်မှုများ ရုန်းကန်ရမှုများနှင့် ပြည့်နှက်နေပြီး သူ့၏ အားနည်းသော ခန္ဓာကိုယ်ကိုပင် ပြိုကွဲစေလုနီူပါးပင်ဖြစ်ခဲ့သည်။


သူ့၏ မယိမ်းမယိုင် တည်မြဲလှသော ယုံကြည်ချက်သာမဟုတ်လျှင် အချိန်အတော်ကြာကထဲက စွန့်လွှတ်ခဲ့ပြီး ဖြစ်ပေလိမ့်မည်။အစွမ်းထက်လွန်းလှသော သန့်စင်နယ်မြေများနှင့် ယှဥ်လိုက်သောအခါတွင် အစားကြူးတောင်ကြားက အလွန်ပင် အားနည်းလွန်းလှသည်။


ရှောင်ယက အစားကြူးတောင်ကြား၏ အမွေအနှစ်ဆက်ခံသူ ဖြစ်လာပြီဖြစ်သောကြောင့် တောင်ကြားသခင်တစ်ယောက်ဖြစ်လာကြောင်း ယုံမှား သံသယရှိစရာမလိုပင် ။တောင်ကြား၏ အရှင်သခင်ဟောင်းဖြစ်သော ရှောင်ယ၏ အဖေက ခြေရာလက်ရာ မကျန်ခဲ့ပဲ နှစ်အတော်ကြာ ပျောက်ဆုံးသွားခဲ့သည်။


ချူချန်းရှန် အနေဖြင့် ထ်ိုအရှင်သခင်ကို ရှာမတွေ့တော့ပဲ တောင်ကြားက အုပ်ချုပ်သူ မရှိပဲ နှစ်အတော်ကြာ ကြာခဲ့ရသည်။သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် ရှောင်ယကို ရှာတွေ့ခဲ့သည်။သူမကလည်း အမွေအနှစ်များကို ပြီးပြည့်စုံစွာ ဆက်ခံနိုင်ခဲ့ပြီး တောင်ကြား၏ အရှင်သခင်အသစ် ဖြစ်လာပေပြီ။


ချူချန်းရှန် ရှောင်ယကို စူးစူးနစ်နစ်ကြည့်နေပြီးမှ ပုဖန်ဘက်သို့ လှည့်ကြည့်လိုက်သည်။အစားကြူးတောင်ကြား၏ အမွေအနှစ်ဆက်ခံသည့်နေရာတွင် အဓ်ိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်သည်။


သူကြောင့်သာမဟုတ်လျှင် အစားကြူးတောင်ကြားက အမွေအနှစ်များကို ရရှိခဲ့လိမ့်မည်ပင်မဟုတ်ပေ။ပြောရမည်ဆ်ိုလျှင် မည်းတူးနေသည့် အုတ်ခဲချောင်းနှစ်ခုကို ကိုင်ထားသော လူငယ်ဖြစ်စေ အစွမ်းထက်လှသော ခွေးဘုရင်ဖြစ်စေ သို့မဟုတ် ဝှိုက်တီဖြစ်စေ သူတို့အားလုံးက ပုဖန်နှင့် နီးကပ်ဆက်စပ် ပတ်သတ်နေကြသူများပင်ဖြစ်သည်။


သူတို့၏ အကူအညီကြောင့်သာမဟုတ်လျှင် အစားကြူးတောင်ကြားက ပြိုင်ဘက်များ၏ အကူအညီမှ ကာကွယ်နိုင်ခဲ့လိမ့်မည်မဟုတ်ပေ။အကယ်၍ ထိုသို့သာဖြစ်ခဲ့လျှင် အမွေအနှစ်များက ထ်ိုလူများ၏ လက်ထဲသို့ ကျရောက်သွားသည်အား ကူကယ်ရာမဲ့စွာသာကြည့်နေခဲ့ရပေလိမ့်မည်။ထို့ကြောင့် ချူချန်းရှန် ပုဖန်ကို အလွန်အမင်းကျေးဇူးတင်မိလေသည်။


ပုဖန်သည် အချက်အပြုတ်ကောင်းသော စားဖိုမှူးတစ်ယောက်ဖြစ်သောကြောင့် သူ့က်ို တောင်ကြားထဲတွင် နေဖို့ တောင်းဆိုလိုက်ခြင်းက အကြံဉာဏ်ကောင်းတစ်ခုပင်ဖြစ်ပေလိမ့်မည်။ပုဖန်ကိုကြည့်နေသော ချူချန်းရှန်၏ မျက်ဝန်းများက အဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးကို တွေ့ရသကဲ့သို့ တောက်ပလင်းလက်နေသည်။


"ပိုင်ရှင်ပု တောင်ကြားရဲ့ အန္တရာယ်တွေကို ကူညီဖြေရှင်းပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်...ငါ့ရဲ့ ကျေးဇူးတင်မှုကို ဖော်ပြစရာစကားလုံးမရှိတော့ပါဘူး..."


ချူချန်းရှန် ပြောလိုက်သည့်အချိန်တွင် ပုဖန်က အနည်းငယ် တွေဝေငေးမောနေသည်။သူက သူ့၏ ခေါင်းထဲ၌ စနစ်၏ အသံများပဲ့တင်ထပ်နေသောကြောင့် ချူချန်းရှန်၏ အသံကိုမကြားလိုက်ပေ။


"ပိုင်ရှင် စားဖိုမှူး စိန်ခေါ်ပွဲက်ို တက်နိုင်သမျှ အမြန်ဆုံးပြီးမြောက်အောင်လုပ်ဆောင်ပါ...စားဖိုမှူး ၁၀ယောက်စလုံးနှင့် စိန်ခေါ်မှု ပြီးမြောက်ပါစေ...ပိုင်ရှင်အနေဖြင့် အစားကြူးတောင်ကြားထဲ၌ တစ်လအတွင်း ဆိုင်ခွဲအသစ်တစ်ခုကို တည်ထောင်သင့်ပါတယ်...ပိုင်ရှင်အနေဖြင့် သုံးရက်အတွင်းနတ်ဘုရားစိတ်ဝိညာဥ် အာရုံနယ်ပယ်သို့ အကဲဖြတ်မှု စတင်နိုင်ပါစေ..."


သူ့ခေါင်းထဲတွင် မြည်ဟီးပဲ့တင်ထပ်လာသောကြောင့် ပုဖန် မျက်မှောင်ကြုတ်လိုက်မိသည်။ထို့နောက် သူ့၏ ပြိုင်ပွဲ မပြီးဆုံးသေးကြောင်း ရုတ်ချည်းသတိရမိသွားသည်။


ကြိုးကြိုးစားစားလုပ်ဆောင်ခဲ့ရသမျှက အသုံးမဝင်ဖြစ်သွားရသည်။သူ့၏ အဆင့်တက်ရောက်မှုနှင့် စားဖိုမှူးစိန်ခေါ်ပွဲပြီးမြောက်စေရန်အတွက် အချိန်ကို သေသေချာချာစီစစ်၍ စီစဥ်ရပေမည်။


ပုဖန်က သူ့၏ စကားကိုကြားသော်လည်း မည်သို့မှ မတုံ့ပြန်သောကြောင့် ချူချန်းရှန် အနည်းငယ် ရှက်ရွံ့သွားမိသည်။ကံကောင်းထောက်မစွာဖြင့်ပင် ပုဖန်က မျက်လုံးများမှိတ်ချလိုက်ပြီးနောက် ပုံမှန်အခြေအနေ ပြန်ဖြစ်လာလေသည်။


ထို့နောက် သူချုချန်းရှန်ကို စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် ကြည့်လိုက်ပြီးမေးလိုက်သည်။


"စိတ်မရှိပါနဲ့ ခင်ဗျား ဘာပြော လိုက်တာလဲ..."


"ငါရဲ့ ကျေးဇူးတင်မှုကို ဖော်ပြချင်ပါတယ် ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ မသိဘူး ပိုင်ရှင်ပုအနေနဲ့ ငါတ်ို့တောင်ကြားထဲမှာ နေနိုင်မလားလို့ မေးချင်ပါတယ်..."


ချူချန်းရှန် ပြောလိုက်သည်။


"အစားကြူးတောင်ကြားထဲမှာလား ပုဖန် အံ့အားသင့်သွား၏ စနစ်က သူ့ကို တောင်ကြားထဲတွင် ဆိုင်ခွဲတစ်ခု တည်ထောင်ခိုင်းသောကြောင့် သူအနေဖြင့် အချိန်အတော်ကြာအောင်နေရန်လိုအပ်ပေသည်။ထို့ကြောင့် သူချူချန်းရှန်၏ မျက်ဝန်းများကို တည့်တည့်ကြည့်လိုက်ပြီး ခေါင်းညိတ်၍ အလေးအနက်ပြန်ဖြေလိုက်သည်။


"ကျုပ်နေမှာပါ..."


ပုဖန်၏ စကားကို ကြားပြီးနောက် ချူချန်းရှန်၏ မျက်ဝန်းများတောက်ပသွားသည်။ပုဖန်သာ နေမည်ဆိုလျှင် အစားကြူးတောင်ကြားအတွက် ကောင်းမွန်သည့် ကိစ္စတစ်ရပ်သာဖြစ်သောကြောင့် သူ ပျော်ရွှင်ကျေနပ်သွားမိသည်။


"ကောင်းတယ် ကောင်းတယ် အခုလက်ရှိမှာ အစားကြူးတောင်ကြားက ထိခိုက်နစ်နာမှုတွေ အများကြီးရှိနေတယ်ဆိုပေမယ့်လည်း ငါတို့အနေနဲ့ ပိုင်ရှင်ပုကို အကြီးအကဲရာထူး ပေးအပ်နိုင်ပါသေးတယ်..."


ချူချန်းရှန် စိတ်လှုပ်ရှားစွာဖြင့် လက်သီးဆုပ်၍ ပြောလိုက်သည်။


"အကြီးအကဲရာထူးလား ..."


စိတ်ရှုပ်ထွေးစွာဖြင့် ချူချန်းရှန်ကို ကြည့်လ်ိုက်သည်။သူ တောင်ကြားထဲတွင် ဆက်လက်နေလ်ိုရသည့် အကြောင်းပြချက်မှာ ဆိုင်ခွဲတစ်ခု တည်ထောင်ရန်သာဖြစ်သည်။


"ဘာလို့ အကြီးအကဲ ရာထူးအကြောင်း ရုတ်တရက်ပြောလာတာလဲ...ချူချန်းရှန်က ရူးနေတာလား အကြီးအကဲ လုပ်မယ့်အစား ဆိုင်အသစ်တစ်ခုပဲ အေးအေးဆေးဆေးတည်ထောင်တော့မှာပေါ့...ဘယ်အကြီးအကဲရာထူးကို ပြောနေတာလဲ မလုပ်ဘူး ကျုပ်မလုပ်နိုင်ဘူး .."


ပုဖန်ခေါင်းခါယမ်းလိုက်ပြီးဟတိုက်ရိုက်ပင်ငြင်းပယ်လိုက်သည်။ချူချန်းရှန် အံ့အားသင့်သွားသည်။


"ပုဖန်က ဘာလို့ အကြီးအကဲ မဖြစ်ချင်တာလဲ ...တောင်ကြားထဲမှာ နေမည်ဆိုမှတော့ ကြီးမြတ်တဲ့ ရာထူးတစ်ခုရှိတာက ပိုကောင်းတယ်မဟုတ်ဘူးလား..."


ချူချန်းရှန် ထပ်မံစကားဆိုရန် ပြင်လ်ိုက်သော်လည်း ပုဖန်၏ ကြားဖြတ်ခြင်းကို ခံလိုက်ရသည်။


"ကျုပ်ရဲ့ စားဖိုမှူးစိန်ခေါ်ပွဲလည်း မပြီးသေးဘူး...ကျုပ်စိန်ခေါ်ထားတဲ့ တခြားစားဖိုမှူးတွေနဲ့ ပြိုင်ဖို့ ကျန်နေသေးတယ်..."


ပုဖန် အလေးအနက်အမူအရာဖြင့် ပြောလိုက်သည်။ခပ်ဝေးဝေးတွင်ရှိသောသူများအားလုံး အေးခဲ တောင့်တင်းသွားကြသည်။ဝမ်ရမ်ရှန်လည်း ဝိုင်တစ်ငုံ မြိုချလိုက်ပြီး ပုဖန်ကို စိတ်မသက်မသာစွာဖြင့် ကြည့်လိုက်သည်။


"သူက လက်မလျှော့သေးဘူးလား ဒီလို ရှုပ်ယှက်ခတ်နေတဲ့ အခြေအနေမျိုးမှာတောင် စားဖိုမှုးစိန်ခေါ်ပွဲလုပ်ဖို့ တွေးနေသေးတာလား..."


မုချန်နှင့် လျိုကျားလီတို့လည်း ပုဖန်ကို နားမလည်နိုင်သောအကြည့်များဖြင့် ငေးကြည့်လိုက်မိကြသည်။


"ကောင်းပြီလေ ကျုပ်အများကြီး ထပ်မပြောချင်တော့ဘူး စားဖိုမှူးစိန်ခေါ်ပွဲကို မြန်မြန်အဆုံးသတ်နိုင်အောင်လို့ ကျန်တဲ့လူတွေအားလုံး စုပေါင်းပြီး ကျုပ်နဲ့အတူ ယှဥ်ပြိုင်ကြမလား..."


ပုဖန်က မေးစေ့ကို ပွတ်၍ စဥ်းစားလိုက်ပြီးနောက် အများနှင့်တစ်ယောက်ယှဥ်ပြိုင်ရန် ဆုံးဖြတ်လိုက်သည်။အနားရှိလူများထပ်မံ အံ့အားသင့်သွားကြပြန်သည်။


"ကျန်တဲ့စားဖိုမှူးအားလုံးကို စိန်ခေါ်မယ် သူ ဘာကိုဆိုလိုချင်နေတာလဲ..စားဖိုမှူး ၆ယောက်လုံးကို စိန်ခေါ်ချင်နေတာလား...အဲ့ဒီထဲမှာ ထိပ်တန်းစားဖိုမှူး ၃ယောက်လည်း ပါနေတယ်လေ..."


၎င်းအပြုအမူက အလွန်မောက်မာလွန်းပေသည်။ထိပ်တန်းစားဖိုမှူးများတွင် တခြားအဆင့် စားဖိုမှူးများနှင့် မတူညီသောအချက်အပြုတ်ကျွမ်းကျင်မှုများရှိပေသည်။သူတ်ို့၏ ခန့်ညားလှသော အရှိန်အဝါကြောင့်ပင် ချက်ပြုတ်ရန် စ်ိန်ခေါ်သည့်အခါ၌ အလွန်ပင်ခက်ခဲသည့် ယှဉ်ပြိုင်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။သူတို့အားလုံးနှင့် အတူတကွ ရင်ဆိုင်ဖို့ဆိုသည်မှာမဖြစ်နိုင်ပေ။


ချူချန်းရှန် မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။


"ငါကလည်း မကြောက်ပါဘူး တောင်ကြားက အခုချိန်မှာ ပရမ်းပတာဖြစ်နေတယ်...ဒါကြောင့် သူတို့ကို စားဖိုမှူးစိန်ခေါ်ပွဲ ဆက်လက်လုပ်ချင်တယ်ဆိုရင်တော့ သူတို့ တစ်ယောက်ချင်းစီကို စိန်ခေါ်မှရလိမ့်မယ်...အချိန်ကာလအတွင်းမှာပင် အစားကြူးဘုတ်ပြားကို အသုံးပြုနိုင်မှာမဟုတ်တော့ဘူး ပိုင်ရှင်ပုက သူတို့အားလုံးနှင့် အတူတကွ ယှဉ်ပြိုင်ချင်နေတယ် ဟုတ်တာပေါ့ မင်း ယှဉ်ပြိုင်နိုင်ပါတယ် ဒါပေမယ့်မင်းကို ငါ တစ်ခုတော့ သတိပေးရဉီးမယ် သူတို့ထဲမှာထိပ်သီး စားဖိုမှူး၃ယောက်လည်း ပါနေသေးတယ်...အစားကြူးဘုတ်ပြားပေါ်က စားဖိုမှူး၁၀ယောက်ရဲ့ စွမ်းရည်တွေကို လျှော့မတွက်ပါနဲ့ သူတို့ တစ်ယောက်ချင်းစီတိုင်းမှာထူးခြားတဲ့ စွမ်းရည်တွေရှိနေတယ် အထူးသဖြင့် ထိပ်တန်းစားဖိုမှူး၃ယောက်မှာပေါ့ ..."


ချူချန်းရှန် ပြောနေရင်းဖြင့် ပထမစားဖိုမှူးရန်ယုကို သတိရသွားသည်။


"သစ္စာဖောက် အဲ့ဒီလူက သေခြင်းတရားနဲ့ ထိုက်တန်တယ်..."


ရန်ယုက ရှေးဟောင်းကျောက်စိမ်းသန့်စင်နယ်မြေမှ လူဖြစ်သည်ဟူသော အချက်ကို သူ့ဆီမှ ဖုံးကွယ်ထားခဲ့သည်။ရန်ယုထံ အမွေအနှစ်များမပေးအပ်ခဲ့နိုင်သည်က ကံကောင်းလှပေသည်။


မဟုတ်ပါက သူတို့အားလုံး ဒုက္ခရောက်ရပေလိမ့်မည်။ပုဖန် နှုတ်ခမ်းများကို မျဥ်းဖြောင့်တစ်ကြောင်းသဏ္ဍာန်စေ့ပိတ်လိုက်ပြီး မျက်လုံးများမှိတ်လိုက်သည်။ထို့နောက် ခေါင်းညိတ်၍ သဘောတူလိုက်သည်။


"ကောင်းပြီလေ...တစ်ယောက်ချင်းစီ ယှဥ်ပြိုင်ရမယ်တဲ့လားဒါလည်းစိတ်လှုပ်ရှားစရာကောင်းတာပဲ..."


ထို့နောက် သူချူချန်းရှန်၏ ပခုံးက်ို ညှင်သာစွာ ပုတ်လိုက်ပြီး အရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။သွယ်လျသော ခြေထောက်လေးများကို အသာမြောက်လိုက်ပြီးနောက် ပုဖန်နောက်မှ ထပ်ကြပ်မကွာလိုက်ပါသွားလေသည်။ရှောင်ယနှင့် ပန်းပွင့်လေးတို့ကလည်း လက်ချင်းတွဲ၍ အနောက်မှ လိိုက်ပါသွားသည်။


ခွေးဘုရင်က နယ်သာရီ၏ ငရဲကမ္ဘာသင်္ဘောထဲတွင် အိပ်ပျော်သွားခဲ့သည်။ထို့ကြောင့် အဆုံးတွင် သူ မြေပြင်ပေါ်၌သာ အိပ်စက်ကျန်ခဲ့ ရလေသည်။ငရဲဘုရင်၏ မျက်နာတွင် အပြုံးများဖြင့် ပြည့်နေသည်။သူက ပုဖန်၏။ ဘေးနားတွင် တစ်ချိန် လုံးကပ်နေပြီး အစပ်ချောင်းအတွက်လိုက်လံနှောက်ယှက်နေလေသည်။ငရဲဘုရင်က အများကြီး ကူညီလုပ်ဆောင်ပေးခဲ့သောကြောင့် ပုဖန်ကလည်း သဘောကောင်းရက်ရောစွာဖြင့်ပင် နောက်ဆုံးလက်ကျန် အစပ်ချောင်းကို ထုတ်ပေးလိုက်သည်။


"ဟင် တစ်ချောင်းတည်းလား..."


ငရဲဘုရင် မျက်ရည်ဝဲသောမျက်လုံးလေးများဖြင့် ပုဖန်ကို ကြည့်လိုက်သည်။သူ အစပ်ချောင်းများပိုလိုချင်သေးသည်။သို့သော်လည်း ပုဖန်က လက်နှစ်ဖက်ကိုနောက်ပစ်၍ ဘာမှမကျန်တော့ကြောင်း ပြသလိုက်လေသည်။


ဘေးနားတွင် ရှိနေသော ဇီယွင်က ငရဲဘုရင်လက်ထဲမှ တစ်ခုတည်းသောအစပ်ချောင်းကို တောင်းတမက်မောစွာဖြင့် ကြည့်နေမိလိုက်သည်။


"ဒါက အကိုဟပြောတဲ့ ဒဏ္ဍာရီလာ အစပ်ချောင်းလား အကိုဟ ချက်ထားတဲ့ တစ်ခုနဲ့ နည်းနည်းလေးကွာခြားပုံရတယ် အနံ့လေးကလည်းကောင်းပြီး အရသာရှိမယ့်ပုံပဲ..."


သူတော်စင်သမီးတော်ဇီယွင်က အစပ်ချောင်း၏ ရနံ့လေးကို ရှုရှိုက်လိုက်ပြီးနောက် မထိန်းသိမ်းန်ိုင်ပဲ သရေများကျလာလေသည်။ငရဲဘုရင်က အစပ်ချောင်းကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။ထို့နောက် ညှိုးငယ်သော မျက်လုံးလေးများဖြင့် ဇီယွင်ကို ကြည့်လိုက်၏။


"မိန်းမပျ်ိုလေး တကယ်တော့ ငါနင့်ကို မပေးချင်လို့ မဟုတ်ပါဘူး ဒါပေမယ့် ဒီမှာတစ်ခုပဲကျန်တော့တယ်...ဒီဘုရင်က အစပ်ချောင်းမရှိပဲနဲ့ မရှင်သန်နိုင်ဘူးဆိုတာကို မင်းကောင်းကောင်းသိပါတယ်..."


ငရဲဘုရင်က ဇီယွင်၏ မျက်နာ ရှက်သွေးဖြန်းပြီး နီရဲလာသည်အထိ ညှိုးငယ်စွာ စိုက်ကြည့်နေခဲ့သည်။သူမ မသိစိတ်ဖြင့် အလိုလ်ိုခေါင်းငုံ့လိုက်မိပြီး လေသံတိုးတိုးဖြင့်ပြောလိုက်သည်။


"အကိုဟက အရမ်းဆိုးတာပဲ ကျွန်မကို အဲ့ဒီလိုကြီး စိုက်ကြည့်မနေနဲ့..."


သူမက ရှက်ပြုံးလေးဖြင့် ငရဲ ဘုရင်၏ လက်မောင်းကို အသာထိလိုက်သည်။သူမ၏။လေသံကြောင့် ငရဲဘုရင် ကြက်သီးမွှေးညှင်းများပင် ထလာပြီး အစပ်ချောင်းပင် လွတ်ကျတော့မတက် ဖြစ်သွားသည်။


"ဘုရားရေ အခုခေတ်လူငယ်တွေကတော့ အရမ်းကို ကလူတက်ကြတာပဲ..."


သူခဏမျှစဥ်းစားလိုက်ပြီး နောက်တစ်ကြိမ်အစပ်ချောင်းပေးမည်ဟု ကတိပေးလိုက်သည်။ပြီးသည်နှင့် အစပ်ချောင်းကို နှာခေါင်းနားတိုးကပ်လိုက်ပြီး အသက်ပြင်းပြင်းရှူရှ်ိုက်လိုက်သည်။


ခဏအကြာတွင် အစပ်ချောင်းက သူ့ပါးစပ်ထဲ ရောက်သွားပြီး ကောင်းမွန်လှသော အရသာကို ခံစားလိုက်ရသည်။ငရဲဘုရင် မျက်လုံးများမှိတ်ထားလိုက်ပြီး နှုတ်ခမ်းပေါ်မှ အစပ်အရသာကို အာရုံခံနေမိသည်။စိတ်လှုပ်တရှားဖြင့် ရေရွတ်လိုက်၏။


"အစပ်ချောင်းက ငါ့ကို ပြန်လည် နုပျိုစေတဲ့ ခံစားချက်မျိုးပေးစွမ်းတယ်..."


တခြားသူများက ငရဲဘုရင်၏ လောဘတကြီးဖြစ်နေသော အမူအရာကို လျစ်လျူရှုပြီး အစားကြူးလမ်းမထက်မှ ထွက်သွားကြလေသည်။ခပ်ဝေးဝေးတွင် နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေသော မိုလျိုကျီက သူ့၏ ရင်ဘတ်ကိုဆုပ်ကိုင်ထားရင်း ရပ်နေသည်။သူအဝေး၌ အိပ်ပျော်ကျန်ခဲ့သော ခွေးဘုရင်ကို စူးစူးရဲရဲစိုက်ကြည့်လိုက်ပြီးနောက် ပုဖန်ကို လှမ်းကြည့်လိုက်သည်။


ထိုလူက မြင့်မြတ်အပျိုစင်၏ နှလုံးသားထဲမှ နတ်ဆိုးဖြစ်သည်။ထိုလူငယ်လေးက ငရဲကမ္ဘာသက်ရှိများနဲ့ ရောနှောနေနိုင်သူတစ်ယောက်ဖြစ်နေသည်။၎င်းက မြင့်မြတ်သောအပျိုစင်၏ နှလုံးသားနတ်ဆိုးဖြစ်ရခြင်းမှာလည်း အံ့သြစရာမဟုတ်ပေ။


သို့သော်လည်း ငရဲကမ္ဘာသက်ရှိများနှင့် နေထိုင်နေခြင်းကြောင့် ပုဖန်သည် တစ်နေ့တွင်တော့ ထိုတန်ဖိုးကို ပေးဆပ်ရပေလိမ့်မည်။နဂါးမြို့ဟောင်းတိုက်ကြီးတွင် ရှိမနေသင့်သည့် ခွေးနက်ကြီးကို ထည့်မပြောလျှင်ပင် တခြားသူများရှိနေသေးသည်။


နက်မှောင်သော ဆံနွယ်ရှည်များနှင့် အေးစက်လှသောအလှတရားကို ပိုင်ဆိုင်ထားသည့် မဟာနယ်ပယ်အဆင့် အမျိုးသမီးတစ်ယောက် အစပ်ချောင်းများကို လောဘတကြီးစားသောက်နေသော အမျိုးသားတစ်ယောက်လည်းရှိနေသေးသည်။


ထိုသူကလည်းငရဲကမ္ဘာ၏ ထူးခြားသောသက်ရှ်ိတစ်မျိူးပင်ဖြစ်ပေလိမ့်မည်။မိုလျိုကျီ ထိုသူများကိုကြည့်ပြီး တုန်လှုပ်သွားသည်။သူပုဖန်ကို စူးစူးရဲရဲ စိုက်ကြည့်လ်ိုက်ပြီးနောက်အဖွားမူ၏ စကားများကို လျစ်လျူရှုလိုက်တော့သည်။သူ ထိုလူငယ်ကို ပြန်ခေါ်လာနိုင်မည့်နည်းလမ်းမရှိပေ။သူ့အနေဖြင့် သိမ်မွေ့စွာ ဖိတ်ကြားရုံသာတက်နိုင်ပေလိမ့်မည်။အတင်းအကျပ်ဖိအား ပေး၍ မရနိုင်ပေ။ခွေးလက်ဖဝါးဖြင့် သတ်ဖြတ်မခံလိုသေးပေ။


ရန်ယု၏ မျက်နာက မဲမှောင်နေသည်။သူမြေပြင်မှ ရုန်းကန် ထလိုက်ပြီး အားလုံး၏ နောက်မှနေ၍ ဖြေးညှင်းစွာ လိုက်ပါလာသည်။ဒီနေရာမှ ထွက်ခွာရမည်ဟု ခံစားမိလေသည်။သို့မဟုတ်ပါက ချူချန်းရှန်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပေမည်။တခြားသူများနှင့် ချူချန်းရှန်တို့ သတိမထားမိခင် ထွက်ခွာရပေမည်။


အစားကြူးတောင်ကြား၏ သစ္စာဖောက်တစ်ယောက်ဖြစ်မှန်း မည်သူမှ မသိခင် လုပ်ဆောင်ရပေမည်။သူ အဝေးသို့ လျှောက်ထွက်သွာတော့မည့် အချိန်မှာပင် သူ့ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။


သွယ်လျသော လက်တစ်ဖက်က သူ့ပခုံးပေါ် ကျရောက်လာသောကြောင့် ထခုန်မိမတက်ပင်ဖြစ်သွားသည်။သူလှည့်ကြည့်လိုက်လေရာ ခံစားချက်ကင်းမဲ့သော မျက်နာထားဖြင့် သူ့ကို စိုက်ကြည့်နေသည့်သူအား တွေ့လိုက်ရသည်။


"အလျင်လိုမနေပါနဲ့ မင်းက အစားကြူးဘုတ်ပြားရဲ့ နံပါတ်၁ ဟုတ်တယ်မဟုတ်လား..."


ရန်ယု ထိတ်လန့်တုန်လှုပ်နေသည်။ပုဖန်၏ မျက်ဝန်းများ မှေးကျင်းသွားပြီး နှုတ်ခမ်းများတွန့်ကွေးသွားကာ ပြောလိုက်သည်။


"ကောင်းပြီလေဒါဆိုရင်တော့ မင်းပဲ တိုက်ပွဲစကြစို့..."