အခန်း ၇၇၂
ပုစွန်ပိစိရေ ...မင်းကိုအားကိုးမယ်...
"စားဖိုမှူး စိန်ခေါ်ပွဲကို ဆက်ပြိုင်ကြတာပေါ့..."
ရန်ယု ပြောစရာစကားမဲ့စွာ ကြောင်အနေမိသည်။သူ့ပခုံးပေါ်မှ ပုဖန်၏လက်ကို ခံစားမိလိုက်ပြီး နှလုံးသားထဲ၌ တုန်ခါမှုများ ဖြစ်ပေါ်လာသည်။ခံစားချက်မဲ့လှသော ထိုလူက သူ့၏ ခေါင်းကို ရိုက်ချလိုက်သည်ကိုပင် တွေးထင်မိနေသည်။
အစားကြူးဘုတ်ပြား၏ နံပတ်၁ စားဖိုမှူး ဖြစ်သောသူက အမှိုက်တစ်စကဲ့သို့ ဆုတ်ဖြဲခံလိုက်ရသည်က အလွန် ကြေကွဲဖွယ်ကောင်းလှသည်။သို့သော်လည်း သူ့ခေါင်းပေါ်သို့ အဆက်မပြတ်ကျရောက်လာသော ရိုက်ချက်များကိုတွေးမိလိုက်ရုံဖြင့် သူတုန်လှုပ်ကြောက်ရွံ့နေမိသည်။
သူလှည့်ကြည့်လိုက်ချိန်၌ ပုဖန်၏ ခံစားချက်မဲ့လှသော မျက်နာသေကိုသာ တွေ့လိုက်ရသောကြောင့် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။တကယ်တမ်းတွင် ခံစားချက်မဲ့လှသော ပုဖန်ကသာလျှင် ငြိမ်အေးတိတ်ဆိတ်သည့်သူဟု ထင်လိုက်မိသည်။
အစပ်ချောင်းကို စုပ်၍ စားနေသော ငရဲဘုရင်ထံသို့ ခိုးကြည့်လိုက်သည်။ထိုကဲ့သို့ ယဥ်ကျေးမှုမရှိသော အပြုအမူကို မြင်လိုက်ရသောကြောင့် သူငရဲဘုရင်ကို အထင်အမြင်သေးမိသွားသည်။
သူ့အပေါ်သို့သာကျရောက်နေသော ချူချန်းရှန်၏ မျက်ဝန်းများကလည်း ရန်ယုကို တုန်ယင်စေသည်။သူ ချူချန်းရှန်အား ရှေးဟောင်းကျောက်စိမ်းသော့အိမ်နှင့် ချုပ်နှောင်ထားခဲ့သည့် အချိန်ကို ပြန်သတ်ိရသွားမိသည်။ချူချန်းရှန် သူ့ကို မည်သည့်နည်းနှင့်မှ လွှတ်လိုက်မည်မဟုတ်ကြောင်း သေချာပေသည်။သူ လွတ်မြောက်ချင်လျှင်ပင် မဖြစ်နိုင်ပေ။
"မင်း ငါနဲ့ ယှဥ်ပြိုင်မှာလား ..."
ပုဖန် အေးစက်စွာမေးလိုက်သည်။တခြားသူများအားလုံး၏ အာရုံကို ဆွဲဆောင်မိလိုက်သောကြောင့် သူ့၏ နဖူးမှ ချွေးသီးချွေးပေါက်များစီးကျလာသည်။
သူသာအစားကြူးတောင်ကြားကို သစ္စာဖောက်ခဲ့မှန်းလူအားလုံးသ်ိသွားသည့်အချိန်၌ အားလုံး၏ အမျက်ဒေါသကို ခံရပေလိမ့်မည်။အစောပိုင်းက လူတိုင်းသည် အစားကြုးဘုတ်ပြားပေါ်ရှိ ရန်ယု၏ အဆင့်အတန်းကို အသိအမှတ်မပြုခဲ့ကြပေ။
အဘယ်ကြောင့်ဆိုသော် ထိုဘုတ်ပြားပေါ်ရှိ စားဖိုမှူးတိုင်းက ထူးခြားသော အရည်အချင်းများရှိကြပြီး ပထမအဆင့်နှင့် ဒုတိယအဆင့်ကြားရှိ အရည်အချင်းကလည်း သူကြုံခဲ့ဖူးသော ပြိုင်ပွဲများထက် အပြတ်အသတ်ကွာပေသည်။
အစားကြူးဘုတ်ပြားပေါ်ရှိ ထိပ်တန်း ၁၀ယောက်ထဲ ပါဝင်ရန်အတွက် ပထအဆင့် စားဖိုမှူးတိုင်းကို ဖြတ်ကျော်လာခဲ့ရသည်။ထို့ကြောင့် ရန်ယု၏ အချက်အပြုတ်စွမ်းရည်က တော်တော်လေးကောင်းမွန်လှသည်ဟု ဆိုနိုင်ပေသည်။
သူက ပုဖန်နှင့် မတူကွဲပြားစွာပင် လက်ရှိနေရာတွင် ရပ်တည်နိုင်ရန်အတွက် ပုံမှန် ပြိုင်ပွဲများကို အဆင့်အဆင့် အနိုင်ယူခဲ့ရခြင်းဖြစ်သည်။
ဝမ်ရမ်ရှန်ကဲ့သို့ ပြိုင်ပွဲကို အလေးမထားသော စားဖိုမှုးများလည်းရှိသည်။ထို့အပြင် မုချန်ကဲ့သို့ သူတို့၏ အမှတ်အသားဟင်းပွဲကို မထုတ်နိုင်သောကြောင့် ပထမနေရာကို လက်လွတ်ခဲ့သူများလည်းရှိသည်။ထို့ကြောင့် သူတို့ ရန်ယုကိုရှုံးခဲ့ရသည်က ပုံမှန်သာဖြစ်သည်။
"ငါက ဘာလို့ မင်းနဲ့ စားဖိုမှူး စိန်ခေါ်ပွဲ ယှဥ်ပြိုင်ရမှာလဲ ..."
ရန်ယုက ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရှုပြီးနောက် ပုဖန်ကို ပြန်ကြည့်လိုက်သည်။ယခုလက်ရှိတွင် အသက်အန္တရာယ်ကိုပင် ဆုံးရှုံးရတော့မည့် အန္တရာယ်ထဲ ကျရောက်နေပြီဖြစ်လေရာ စိန်ခေါ်ပွဲ ပြန်ယှဥ်ပြိုင်ဖို့ စိတ်မပါပေ။
ချူချန်းရှန်ပေးအပ်လာမည့် အပြစ်ဒဏ်ကိုသာ သူစိုးရိမ်ကြောင်းကြနေမ်ိသည်။ချူချန်းရှန် ရန်ယုကို အေးစက်စွာဖြင့် ကြည့်လိုက်သည်။ထိုကောင်စုတ်လေးက ရှေးဟောင်းကျောက်စိမ်းသော့အိမ်ကို အသုံးပြုုပြီး သူ့အား ချုပ်နှောင်ခဲ့စဥ်က ခံစားခဲ့ရသော လျှပ်စီးတန်းကို တွေးမိလိုက်ရုံဖြင့် ယခုချက်ချင်းပင် ဒေါသထွက်လာမိသည်။
သူချူချန်းရှန်ကို အစားကြူးတောင်ကြား၏ အကြီးအကဲ တစ်ယောက်ဖြစ်ပြီး ကြီးမြတ်သော တန်ခိုးအဆင့် ကျင့်ကြံသူတစ်ယောက်လည်းဖြစ်သည်။သူ့ထက် အားနည်းသူတစ်ယောက်၏ အရှက်ခွဲမှုကို သည်းမခံနိုင်ပေ။
ချူချန်းရှန် အရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီး ရန်ယု၏ နားတွင် ပြန်လည်ပေါ်လာလေသည်။ထိတ်လန့်သွားသည်။သူ့၏ မျက်နာတွင်လည် ပြင်းထန်လှသော အကြောက်တရားတစ်ရပ်ပေါ်လာသည်။
"ချူချန်းရှန် သူ့ကို ဘာလုပ်တော့မှာလဲ တကယ်လို့ သူတိုက်ခိုက်ရမယ်ဆိုရင် သူစက္ကန့်ပိုင်းလောက်တောင် အသက်ရှင်နိုင်မှာမဟုတ်တော့ဘူး..."
ချူချန်းရှန် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် စွမ်းအင်များစုစည်းလာပြီးနောက် ရန်ယုဆီသို့ ထိုးဖောက်သွားကာ မြေပြင်တွင် ချုပ်နှောင်ထားလိုက်သည်။ရန်ယု ကျယ်လောင်သောအသံနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီးနောက် ကြီးမားသော ချိုင့်တစ်ခုကိုပင် ဖြစ်ပေါ်သွားစေခဲ့သည်။
ရန်ယု၏နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။သူ့၏ မျက်ဝန်းထဲ၌လည်း ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်နေသည်။သူ့၏ အသက်ကို ချမ်းသာပေးပါရန်အတွက် အဆုတ်ကွဲမတက် အော်ဟစ်တောင်းပန်နေလေသည်။
ချူချန်းရှန်၏ မျက်ဝန်းများက ရေခဲတမျှ အေးစက်နေသည်။သူ သူ့၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားပြီးနောက် ရန်ယုကို မျက်ဝန်းများမှေးစင်း၍ ကြည့်လိုက်သည်။
"မင်းရဲ့ အသက်လေးကို ကယ်တင်ချင်လား...တကယ်တမ်းတော့ ဖြစ်နိုင်ပါတယ်...ဒါပေမယ့် မင်း ပိုင်ရှင်ပုကို အနိုင်ယူနိုင်ခဲ့မယ်ဆိုရင်တော့ စားဖိုမှူး စိန်ခေါ်ပွဲမှာ မင်းအနိုင်ရခဲ့မယ်ဆိုရင် ရှေးဟောင်းကျောက်စိမ်းသန့်စင်နယ်မြေကို ပြန်နိုင်တယ်...ဒီလိုမဟုတ်ဘူးဆိုရင်တော့ မင်းသေရမယ်..."
ချူချန်းရှန် ရှင်းလင်းပြတ်သားစွာပြောလိုက်သည်။သူ့၏စကားလုံးများက အေးစက်နေသော်လည်း ရန်ယုအတွက် အသက်ကယ်ကြိုးမျှင်လေးရလိုက်သကဲ့သို့ပင် ။
"ကျွန်တော်လုပ်မယ် ကျွန်တော်လုပ်မယ် ကျွန်တော်လုပ်ပါမယ် ...ကျွန်တော်သူနဲ့ စားဖိုမှူးစိန်ခေါ်ပွဲ ပြိုင်မယ်..."
ရန်ယု၏ မျက်ဝန်းထဲ၌ ပျော်ရွှင်မှုများပြည့်နှက်နေသည်။ချူချန်းရှန်က ထိုကဲ့သို့ အခွင့်အရေးကြီးတစ်ခု ပေးအပ်လာလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့မိပေ။သူ့၏ ထိပ်တန်း စားဖိုမှူး တစ်ယောက်ကဲ့သို့သော အချက်အပြုတ်စွမ်းရည်ကို ချူချန်းရှန် သိပေသည်။
ပုဖန်၏ အချက်အပြုတ်စွမ်းရည်များကို အသိမှတ်ပြုသည်။ထိုလူက စားဖိုမှူး စိန်ခေါ်ပွဲ အနည်းငယ်ကို ယှက်ပြိုင်ထားပြီးပြီဆိုသော်လည်း သူစိုးရိမ်စိတ်မရှိပေ။တကယ်တမ်းပြောရမည်ဆိုလျှင် အစားကြူးဘုတ်ပြား၏ ထိပ်တန်းစားဖိုမှူးတစ်ယောက်ဖြစ်သော သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိနေပေသည်။
သူမြေပြင်မှ ကြိုးစား၍ ထရပ်လိုက်လေရာ ကျောက်တုံးကျောက်ခဲများ သူ့ရှေ့သို့ ပြန့်လွင့်သွားသည်။ထ်ို့နောက် စိတ်လှုပ်ရှားမှု အပြည့် တက်ကြွနေသော မျက်ဝန်းများဖြင့် ပုဖန်ကိုကြည့်၍ ပြောလိုက်သည်။
"ငါ မင်းနဲ့ ယှဥ်ပြိုင်မယ်..."
ပုဖန်၏ အကြည့်များက တည်ငြိမ်လှသည်။
"အရမ်းကောင်းတာပေါ့ ဒီလိုဆိုရင် မနက်ဖြန်မနက်မှာ ခေါက်ဆွဲဘုရင်ဆိုင်မှာ ငါတို့ ပြိုင်ပွဲလုပ်ကြမယ်..."
ပုဖန်၏ စကားကြောင့် အိုးရန်ချန်းဖုန် (ချွီရန်ချန်းဖုန်အစား ပြောင်းလဲသုံးသွားပါမည်) အံ့အားသင့်သွားသည်။သို့သော်လည်း ခဏအကြာမှာပင် သူ သဘောတူကြောင်း ပြသလိုက်သည်။
ပုဖန်က ယှဥ်ပြိုင်ပွဲလုပ်ရန်အတွက် သူ့၏ ဆိုင်ကို အဆိုပြုလာလိမ့်မည်ဟု မထင်ထားခဲ့မိပေ။သူကစားဖိုမှူးစိန်ခေါ်ပွဲတွင် ရှုံးနိမ့်ခဲ့သောကြောင့် သူ့၏ ခေါက်ဆွဲဘုရင် ဆိုင်နာမည်က ကျဆင်းသွားခဲ့သည်။
သို့သော်လည်း ရန်ယုတို့၏ ပြိုင်ပွဲကိုသာ သူ့၏ဆိုင်၌ ပြုလုပ်လိုက်မည်ဆိုပါက ဆိုင်၏ နာမည်ကို ကြော်ငြာပြီးသားဖြစ်သွားပေလိမ့်မည်။သူ့၏ အချက်အပြုတ်ကျွမ်းကျင်မှုအပေါ် သံသယအနည်းငယ်ရှိသော်လည်း သူ့၏ အဆင့်အတန်းနှင့် ကျော်ကြားမှုအပေါ်တော့ သံသယမရှိပေ။
အစားကြူးဘုတ်ပြား၏ ထိပ်သီး စားဖိုမှူး ဟူသောအဆင့်အတန်းကပင် လူတိုင်းကို ဆွဲဆောင်ဖို့ လုံလောက်နေပေပြီ။သူ့၏ စားသောက်ဆိုင်က လူများကြားထဲ အလွန်ရေပန်းစားလာလေသည်။
"ကောင်းပြီ အဲ့ဒီလိုဆိုရင် မနက်ဖြန်အတွက် ပြင်ဆင်ဖို့ အမြန်သွားရမယ်..."
အိုးရန်ချန်းဖုန် စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
"မနက်ဖြန်ပြိုင်ပွဲအတွက် ပါဝင်ပစ္စည်းကို စားဖိုမှူးကိုယ်တိုင်ပဲ ပြင်ဆင်မယ်...ပြိုင်ပွဲခေါင်းစဥ်က ဖတ်ထုပ်များ ဖြစ်လိမ့်မယ်...."
ပုဖန်ကို မျက်ဝန်းတစ်ဝက်မှေးစင်း၍ ကြည့်လိုက်ပြီး ကြော်ငြာလိုက်သည်။
"ကိုယ်တိုင်ပြင်ဆင်ရမယ် ခေါင်းစဥ်က ဖတ်ထုပ်ဟုတ်လား..."
ရန်ယု၏ ရုတ်တရက်တောင်းဆိုမှုကြောင့် ပုဖန် အံ့အားသင့်သွားသည်။သို့သော်လည်းဟဖတ်ထုပ်ဆိုသည်က သူ့အတွက် ထူးဆန်းသော အရာမဟုတ်ပေ။ယခင်ကလည်း သက်တန့်ရောင် လခြမ်းကွေး ဖတ်ထုပ်များ ချက်ပြုတ်ပေသည်။
သို့သော်လည်း စားဖိုမှူး စိန်ခေါ်ပွဲအတွက် ထိုဟင်းပွဲကို အသုံးပြုခြင်းက ပညာရှိသော လုပ်ရပ်တစ်ခုပင်ဖြစ်သည်။ပုဖန်မျက်မှောင်ကြုတ်လိုက်သည်။
"ရန်ယုက သူ့မှာ ထောင်တျဲအသားရှိတာကိုမသိဘူး စားဖိုမှူးကိုယ်တိုင်သာပြင်ဆင်ရမယ်ဆ်ိုရင် သူထောင်တျဲအသားကို သုံးလိုက်မှာပေါ့ ...အဲ့ဒီလိုသာဆိုရင် ပြိုင်ပွဲက မစခင်ထဲက အဆုံးသတ်သွားပြီလေ..."
"ဒါပေါ့ ထောင်တျဲ အသားကို သုံးခွင့်မပြုဘူး ..."
ပုဖန် တွေးနေစဥ်မှာပင် ရန်ယုက စပြောလိုက်ပြီး လှောင်ရယ်ရယ်လိုက်သည်။ပုဖန်လည်း ငတုံးမဟုတ်ပေ။တောင်ကြားရှိ စားသောက်ဆိုင်များတွင် ထောင်တျဲ အသားကို ရှာမရနိုင်မှန်းသူသိပေသည်။ရန်ယု၏ အပြောကြောင့် ပုဖန် အံ့အားသင့်သွားခြင်းမရှိပေ။
လက်နှစ်ဖက်ကို နောက်ပစ်၍ စကားမဆိုပဲ ထွက်ခွာသွားလေသည်။
"ကောင်းကောင်းပြင်ဆင်ထား စိန်ခေါ်ပွဲက ငါ့ကို စိတ်မပျက်စေနဲ့ ဒီစိန်ခေါ်မှုက ငါ့က်ို စိတ်ကျေနပ်မှု မရှိစေဘူးဆိုရင်ဘာအဓိပ္ပါယ်မှ ရှိတော့မှာ မဟုတ်ဘူး..."
ရန်ယုက ပုဖန် ကျောပြင်ကိုကြည့်၍ ပြောလိုက်သည်။အစားကြူးဘုတ်ပြား၏ နံပါတ် ၁ စားဖိုမှူး ဆိုသော ယုံကြည်မှုများ ပြန်လည်ရရှိလာပုံပေါ်လေသည်။
ချူချန်းရှန်က တစ်လျှောက်လုံး ရန်ယုကို အထင်အမြင်သေးစွာကြည့်နေခဲ့သော်လည်း နောက်ဆုံး၌ မည်သည့်စကားမှမဆိုတော့ပဲ လှည့်ထွက်သွားခဲ့သည်။တခြားသူများလည်း အစားကြူးလမ်းမထက်မှ အသီးသီးထွက်ခွာသွားကြလေသည်။
သူအစားကြူးတောင်ကြားဆီသို့ ပြန်ရောက်သောအခါတွင် သန့်စင်နယ်မြေမှ လူများလည်း ပြန်လည်ဆုတ်ခွာသွားပြီဖြစ်သောကြောင့် တိုက်ပွဲ ပြီးဆုံးသွားလေပြီ။တောင်ကြားတစ်ခုလုံး ဖရိုဖရဲ အခြေအနေဖြစ်နေသော်လည်း ကံကောင်းထောက်မစွာဖြင့် လျှို့ဝှက်နဂါး တော်ဝင်ခုံရုံးလက်အောက်သို့ ကျရောက်မသွားပဲ လုံလုံခြုံခြုံ ရှိနေခဲ့သေးသည်။အခြေခံ အုတ်မြစ် မပြိုလဲသွားသရွေ့ ၎င်း၏ ဂုဏ်သိက္ခာက်ို ပြန်လည် ရယူနိုင်စွမ်းရှိနေသေးသည်။
ချူချန်းရှန်က တောင်ကြား၏ အခြေအနေကို ပြန်လည် ပြင်ဆင်ထိန်းသိမ်းရန်အတွက် တောင်ကြားရှိ နေထိုင်သူ ကျင့်ကြံသူများကို အကူအညီတောင်းလိုက်သည်။ချူချန်းရှန်နှင့် အခြားသူများက မနက်ဖြန် ပြိုင်ပွဲကို ကြည့်ရှုရန်အတွက် ပြန်လည်အနားယူကြလေသည်။
သူ့ကိုယ်သူ အရှက်နေပုံပေါ်သည်။အစားကြူးလမ်းမမှ ထွက်ခွာလာပြီးနောက် မည်သည့် နေရာမှာမှ မတွေ့ရတော့ပေ။ပုဖန်ကမူ နယ်သာရီနှင့် မခြားသူများအားလုံးကို သူ့ဓ တည်းခိုဆောင်သို့ ပြန်ခေါ်လာခဲ့သည်။
ကောင်းကင်ထက်ရှိ တောက်ပနေသော လနှစ်စင်းက အေးမြသောလရောင်ခြည်များကို ဖြန့်ကျက်ထားပေသည်။ချူချန်းရှန်က ရှောင်ယနှင့် ပန်းပွင့်လေးတို့အတွက် အခန်းတစ်ခန်းပေးလိုက်သည်။
ရှောင်ယက အစားကြူးတောင်ကြား၏ အနာဂတ် အရှင်သခင်အသစ်တစ်ယောက်ဖြစ်လာပြီဖြစ်သောကြောင့် သူနှင့် ထိုက်တန်သည့် အဆင့်အတန်းတစ်ခုပေးရန်လိုအပ်ပေသည်။
ပုဖန်၏ အခန်းထဲ၌ ခွေးဘုရင်က အခန်း၏ ထောင့်တွင် အိပ်ပျော်နေ၏။ငရဲဘုရင်ကမူ အစပ်ချောင်း၏ အရသာကို တသသလွမ်းဆွတ်နေတုန်းဖြစ်ပြီး သူတော်စင်သမီးတော်ဇီယွင်က ပြတင်းပေါက်ကို မှီ၍ လရောင်ကို ငေးမောကြည့်ရှုနေလေသည်။
ည၏ အလင်းရောင်က အေးမြစွာဖြာကျနေသော်လည်း လူများစွာသည် တောင်ကြား၏ ပျက်စီးသွားသော အခြေအနေများကို ပြန်လည်ပြုပြင်ရင်း သူတို့၏ အခြေခံကို ပြန်လည်တည်ဆောက်နေရသောကြောင့် အိပ်ရေးမဝသော ညတစ်ည ဖြစ်ခဲ့ရလေသည်။
တည်းခိုဆောင်ရှိ မီးဖိုခန်းထဲတွင် ပုဖန်က မနက်ဖြန်စားဖိုမှုးစိန်ခေါ်ပွဲအတွက် ပြင်ဆင်ရမည့် ပါဝင်ပစ္စည်းများအကြောင်းကိုတွေးကာ မီးဖ်ိုခန်းထဲတွင် လက်နှစ်ဖက်နောက်ပစ်၍ လျှောက်နေလေသည်။
မနက်ဖြန်၏ ခေါင်းစဥ်က ဖတ်ထုပ်သာဖြစ်ပြီး ချက်ပြုတ်မည့်နည်းလမ်းကိုတော့ သူ ဆုံးဖြတ်ရမည်သာဖြစ်သည်။ကြော်ကြော် လှော်လှော် ပြုတ်ပြုတ် ဖုတ်ဖုတ် အရေးမကြီးပေ။ဒါပေါ့...ပါဝင်ပစ္စည်းများကိုလည်း သူကိုယ်တိုင်ဆုံးဖြတ်နိုင်ပေသည်။
သူ့၏ ပြိုင်ဘက်က ထိပ်တန်းစားဖိုမှူးတစ်ယောက်ဖြစ်နေသောကြောင့် အနည်းငယ်ခက်ခဲပေလိမ့်မည်။သူကမည်သည့် စိန်ခေါ်မှုကိုမှ ပေါ့ပေါ့တန်တန် သဘောမထားပေ။ထိပ်တန်း စားဖ်ိုမှူးတစ်ယောက်အနေဖြင့် ရန်ယုက နာမည်ကျော်ကြားသော အရိပ်ဖြတ်ဓားကိုလည်း ပိုင်ဆိုင်ထားပေသည်။
လှီးဖြတ်လိုက်သော ပါဝင်ပစ္စည်း၏ အသွင်အပြင်ကိုပင် မြင့်တင်နိုင်စွမ်းရှိသော နတ်ဘုရားလက်နက် တစ်မျိုးဖြစ်သည်။သူ့၏ နာမည်အတိုင်းပင် လျှပ်စီးကြောင်းများကိုပင် ဖြတ်တောက်နိုင်မည့် အရိပ်များကိုပါ ခုတ်ထစ်နိုင်စွမ်းရှိသည်။ပုဖန်အတွက်ကမူ ဓားချင်း ယှဥ်ရမည်ဆိုလျှင် မကြောက်ပေ။သူ့၏ လက်မှ အစိမ်းရောင်အခ်ိုးအငွေ့များပေါ်လာပြီး အနက်ရောင်မီးဖ််ိုချောင်သုံးဓားတစ်ချောင်းပေါ်ထွက်လာသည်။
ထိုအနက်ရောင် နဂါးအရိုးမီးဖိုချောင်သုံးဓားကို ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားအဖြစ်ပြောင်းဖို့ စွမ်းအင်အနည်းငယ်သာလိုအပ်သည်။ကျယ်လောင်လှသော နဂါးဟိန်းဟောက်သံနှင့်အတူ ရွှေရောင်နဂါးဝိညာဥ်လည်းထွက်ပေါ်လာပေလိမ့်မည်။
အမွေခံနယ်မြေရှိ နာမည်ကျော်ဓားများ၏ ဝိညာဥ်ကို ရွှေနဂါးအရိုးဓား ဝိညာဥ်က ဝါးမြိုသွားခဲ့သည်။ထို့ကြောင့် ပုဖန်နှင့်ပို၍ နီးကပ်လာလေသည်။အနည်းဆုံးတော့ သူ့၏ မေးခွန်းများကို ပြန်လည်ဖြေကြားနိုင်မည်ဖြစ်သည်။
၎င်းက ခြေလှမ်းသေးသေးလေးတစ်လှမ်းမျှသာဖြစ်သော်လည်း အနာဂတ်အတွက် ကြီးမားသည့် ခြေလှမ်းကျဲကြီးလည်း ဖြစ်လာနိုင်သည်။ပုဖန်က တစ်နေ့တွင် အချက်အပြုတ်နတ်ဘုရားတစ်ပါး ဖြစ်လာလိမ့်မည်ဟု သေချာပေါက် ယုံကြည်ပေသည်။
သူ့၏ အချက်အပြုတ်စွမ်းရည်က သူမထင်မှတ်ထားသော အတိုင်းအတာတစ်ခုထိ တ်ိုးတက်လာခဲ့သည်။သို့သော်လည်း ယခုလက်ရှိ သူ့၏ ရည်ရွယ်ချက်မှာ မနက်ဖြန်စားဖ်ိုမှူး စ်ိန်ခေါ်ပွဲသာဖြစ်သည်။
စားဖိုမှူးစိန်ခေါ်ပွဲက ခက်ခဲကြမ်းတမ်းသော အလုပ်တစ်ခုဖြစ်သော်လည်း ပုဖန်အတွက်မူ စိုးရိမ်စရာမရှ်ိပေ။သူလမ်းလျှောက်နေရင်းဖြင့် ခေါင်းကုတ်ရင်းအလုပ်ရှုပ်နေသော ဝှိုက်တီကို လှမ်းကြည့်လိုက်သည်။ဝှိုက်တီ၏။ ခေါင်းပေါ်တွင် အိပ်ပျော်နေသော ပုစွန်ပိစိကိုလည်း တွေ့လိုက်ရသည်။
"ပုစွန် ..."
ပုဖန် မျက်ဝန်းထောင့်စွန်းလေးများ ကွေးညွှတ်သွားသည်အထိ ပြုံးလိုက်သည်။
"ပုစွန်ပိစိရေ မနက်ဖြန် စားဖ်ိုမှူးစ်ိန်ခေါ်ပွဲအတွက် မင်းကို အားကိုးမယ်နော်..."