အပိုင်း ၇၇၃
Viewers 53k

အခန်း ၇၇၃

ရှုံးပွဲမရှိ ပုဖန် မကြာခင် ဇာတ်သိမ်းတော့မယ်...


ပုဖန်၏ မျက်ဝန်းများ စူးရှသွားပြီး ဝှိုက်တီ၏ ခေါင်းအထက်သို့ မော့ကြည့်လိုက်သည်။ထိုနေရာတွင်ပုစွန်ပိစိက အမြှုပ်များ တစီစီမှုတ်ထုတ်၍ အိပ်ပျော်နေလေသည်။


ရွှေရောင်အရေခွံနှင့် ကျိုင်းပုစွန်ပိစိ ၎င်းက အထူးအသုံးဝင်လေသည်။သူ့ကို သေချာစွာ အသုံးချမည်ဆိုလျှင် ပါဝင်ပစ္စည်းများ၏ အရသာကို ပိုမို တိုးတက်သွားစေလိမ့်မည် ။


ရုတ်တရက် ပုစွန်ပိစိ၏ ပူဖောင်းလေးများက ပေါက်ကွဲသွားပြီးနောက် သူ့၏။ မျက်ဝန်းဖြူဖြူလေးများ ဖွင့်လာသည်။ထ်ို့နောက် ပတ်ဝန်းကျင်ကို သင်္ကာမကင်းဟန်ဖြင့် လှည့်လည်ကြည့်လိုက်သည်။


ခေါင်းကုတ်နေသော ဝှိုက်တီကလည်း ပုဖန်၏ အကြည့်များကြောင့် သိချင်စိတ်များဖြင့် ငေးကြည့်လိုက်၏။ပုဖန်က လက်ပိုက်၍ ရပ်လိုက်ပြီးနောက် သူ့၏နှုတ်ခမ်းထောင့်စွန်းလေးများ အပေါ်သို့ ကွေးတက်သွားသည်။ထိုအခိုက်အတန့်တွင် သူက ပျော်ရွှင်နေပုံရလေသည်။


ထို့နောက် ဝှိုက်တီနှင့် ပုစွန်ပိစိတို့၏ အကြည့်များကို လျစ်လျူရှုလိုက်ပြီး သူ့၏ ဟင်းချက်လေ့ကျင့်ရေးကို စတင်လိုက်လေသည်။


ကောင်းကင်ဘုံ နွေဦး သန့်စင်နယ်မြေ ....


အမှုန့်များ ဖုံးကာနေသော လျှို့ဝှက်ခန်းတစ်ခုအတွင်း၌ ကျောက်ခရမ်းအကြီးအကဲ မျက်လုံးများ ဖွင့်လိုက်သည်။သူ့ နှာခေါင်းမှ ထွက်ပေါ်နေသော အပူငွေ့များကို သေချာစွာကြည့်မည်ဆိုလျှင် နဂါးတစ်ကောင် ဒေါသတကြီးဟထွက်လာသည့် ပုံနှင့်ပင်တူလေသည်။


နဂါးက အရာရာအားလုံးကို ဖျက်စီးပစ်တော့မည့်ဟန် ဖြစ်နေသည်။သို့သော်လည်း ခဏအကြာမှာပင် လေထုထဲ တိုးဝင်ပျောက်ကွယ်သွားလေသည်။ကျောက်ခရမ်းအကြီးအကဲ ပါးစပ်ဖွင့်ဟ၍ ပင့်သက်တစ်ချက် မှုတ်ထုတ်လိုက်သည်။စွမ်းအင်များက သူ့ခန္ဓာကိုယ်ကို ဖုံးကာသွားသလိုမျိုး မှုန်ဝါးဝါးဖြစ်သွား၏။


ကြောက်မက်ဖွယ်ကောင်းလှသော အော်ရာများ စတင်၍ ပြန့်နှံ့လာသည်။


"သေစမ်း ငါတကယ်ကြီး ကျရှုံးခဲ့တယ်...ငါတ်ို့ အစားကြူးတောင်ကြားရဲ့ အမွေအနှစ်ကို မရခဲ့ဘူး...ငါတို့ ထောင်တျဲနှလုံးသားကို မရခဲ့ဘူး..."


ကျောက်ခရမ်း အကြီးအကဲ အလွန်အမင်း ဒေါသပေါက်ကွဲနေလေသည်။သူက အဆင့်ချိုးဖျက် တက်ရောက်ခါနီး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သော်လည်း အသုံးပြုနိုင်ရန် ထောင်တျဲနှလုံးသားကို မဖမ်းဆုပ်နိုင်ခဲ့ပေ။


အစောပိုင်းက သူ့၏ ကိုယ်ပွားကို စေလွှတ်၍ ထောင်တျဲနှလုံးသားကို ကြံစည်ရန် ပိုင်ဆိုင်ထားခဲ့သည်။ကိုယ်ပွားက ထောင်တျဲနှလုံးသားကို ရရှိလိုက်သည်နှင့် သူ အဆင့်ချိုးဖျက် တက်ရောက်န်ိုင်မည်ဖြစ်သည်။


သို့သော်လည်း နှမြောစရာကောင်းလှစွာပင် အရာရာအားလုံးက သူ့၏ ထိန်းချုပ်မှုအောက်မှ လွတ်သွားခဲ့ရသည်။


"ဒီလိုဆိုမှတော့ ငါ အားသုံးပြီး ချိုးဖျက်ရတော့မှာပဲပေါ့ ငါ့လမ်းမှာ လာပိတ်တဲ့လူတိုင်းက သေရမယ်..."


ကျောက်ခရမ်းအကြီးအကဲ၏ မျက်ဆံထဲတွင် မီးတောက်များ တောက်လာလေသည်။ထို့နောက် လျှို့ဝှက်ခန်းတစ်ခုလုံးက ငြိမ်သက်မှုထဲ နစ်မြှုပ်သွားလေသည်။


ရန်ယု သူ့၏ နေအိမ်သို့ ပြန်ရောက်လာပြီးသည့်နောက် မကျေနပ်မှုများ ပြည့်နှက်နေသော မျက်နာထားဖြင့် အံတင်းတင်းကြိတ်လိုက်သည်။


"အမွေအနှစ်က ဘာလို့များ ကလေးမလေးဆီ ရောက်သွားတာလဲ...အဲ့ဒီကောင်မလေးမှာ ဘာတွေများ ထိုက်တန်တာ ရှိလို့လဲ..."


သူကသာလျှင် အစားကြူးဘုတ်ပြား၏ နံပါတ် ၁ ထိပ်သီး စားဖိုမှူး ဖြစ်သည်။သူသာလျှင် အမွေအနှစ်များနှင့် သင့်တော်ဆုံးလူဖြစ်သည်။ရန်ယု လက်သီး ကျစ်ကျစ်ဆုတ်လိုက်ပြီး နံရံကို ကြမ်းတမ်းစွာ ထိုးနှက်လိုက်သည်။လက်သီးတစ်ချက်တည်းဖြင့်နံရံက ပြိုကျသွား၏။


ထို့နောက် သူ ပင့်သက်ရှည်တစ်ချက်ချလိုက်ပြီး စိတ်တည်ငြိမ်အောင်ထိန်းလိုက်သည်။ယခုအချိန်က သူ မကျေမနပ်ဖြင့် စောဒက တက်နေရမည့် အချိန်မဟုတ်မှန်း သိပေသည်။မနက်ဖြန်က စားဖိုမှူး စိန်ခေါ်ပွဲ ဖြစ်ပြီး အရေးကြီးဆုံအပ်ိုင်းလည်းဖြစ်ပေသည်။


သူ့၏ ဖြစ်တည်မှုက ဘူးပေါ်သလို ပေါ်သွားခဲ့ရပေပြီ။သို့သော်လည်း မဟာအကြီးအကဲ ချူချန်းရှန်က သနားညှာတာမှု ပြခဲ့ပြီးသူ့၏ အသက်ကို မယူဆောင်သွားခဲ့ပေ။


၎င်းအရာအားလုံးက မနက်ဖြန်တွင် ကျင်းပမည့် စားဖိုမှူး စိန်ခေါ်ပွဲအတွက်သာဖြစ်သည်။ရန်ယုက မဟာ အကြီးအကဲကို အလွန်ဒေါသထွက်နေသည်ဆိုသော်လည်း လိုက်နာဖို့ရန်ကလွဲ၍ ရွေးချယ်စရာမရှ်ိပေ။မည်သ်ို့ပင်ဆ််ိုစေ မဟာအကြီးအကဲ ချူချန်းရှန်က စကားတည်တက်သော လူတစ်ယောက်သာဖြစ်သည်။


ထို့ကြောင့်ပင် စားဖိုမှုး စိန်ခေါ်ပွဲတွင် ပါဝင်ဖို့ သဘောတူခဲ့ခြင်းဖြစ်၏။စားဖိုမှူး စိန်ခေါ်ပွဲတွင် အနိုင်ရလိုက်သည်နှင့် အစားကြူးတောင်ကြားထဲမှ အန္တရာယ်ကင်းကင်း ထွက်ခွာသွားနိုင်မည်ဖြစ်ကြောင်း သူကောင်းစွာသိပေသည်။


အကြီးအကဲက သူ့၏ ကတိစကားကို ထိန်းသိမ်းထားပေလိမ့်မည်။မနက်ဖြန်ပြိုင်ပွဲ၏ အနိုင်ကသာ သူ့၏ လွတ်မြောက်ရာ တစ်ခုတည်းသော လမ်းကြောင်းဖြစ်ကြောင်း သူသိပေသည်။


ရန်ယု၏ မျက်ဝန်းများ ဖျက်ခနဲ လက်သွားသည်။သူ့၏ မျက်နာပေါ်တွင် ကောက်ကျစ်မည့် အရိပ်အယောင်များ ပေါ်လာသည်။ထို့နောက် အခန်းထောင့်ဆီသို့ လျှောက်သွားလိုက်သည်။သူ တောင်ကြားထဲတွင် စတင်နေထိုင်ခဲ့သည့် အချိန်ကတည်းက ဒီနေရာကို အကြိမ်ပေါင်းမြောက်များစွာ ပြန်လည်ပြင်ဆင်ခဲ့သည်။


ဒီနေရာတွင် လျှို့ဝှက်ခန်းပေါင်းများစွာရှိသည်။တစ်ခုတည်းသော လျှို့ဝှက်ခန်းထဲ၌ သူသိမ်းထားသည့် တန်ဖိုးရှိ အဖိုးတန် ပါဝင်ပစ္စည်းများရှိလေသည်။သူတံခါးဖွင့်လိုက်သည်နှင့် အေးစက်လှသော လေငွေ့ ရိုက်ခတ်လာသည်။၎င်းက အလွန်တရာပင် အေးစက်လှသောကြောင့် ကျောရိုးတစ်လျှောက်ပင် စိမ့်တက်သွားသည်။


ရန်ယု လျှို့ဝှက်ခန်းထဲသို့ ဝင်ရောက်လိုက်သည်။သူ အသက်ရှူထုတ်လိုက်သည့် လေငွေ့လေးက လေထဲတွင် အရည်ပုံသဏ္ဍာန်ပြောင်းလဲဖြစ်တည်သွားပြီး ရေစက်ကလေးများ ကျဆင်းသွားသည့် အသံများကိုပင် ကြားရသည်။


ရန်ယုလက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် မီးတောက်တစ်ခု ပေါ်ထွက်လာသည်။မီးတောက်က အခန်းတစ်ခုလုံးကို လင်းရှင်းသွားစေသည်။


ထိုနေရာ၌ ရေခဲ တိုင်ကြီးများစွာရှိနေသည်။၎င်းတို့မှ အလွန်တရာအေးစက်လှသည့် ရေခဲစွမ်းအင်ကို ထုတ်လွင့်နေသောကြောင့် ဒီနေရာတစ်ခုလုံး အေးစက်နေရခြင်းဖြစ်သည်။


မီးတောက်မှ အလင်းရောင်က ရေခဲတိုင်များဆီသို့ ကျရောက်သွားသည်။၎င်းရေခဲတိုင်များဆီမှ ပြန်ဖြာကျလာသော အလင်းက မျက်စိမလွှဲချင်လောက်အောင်လှပပေသည်။


ရန်ယုက သူ့မျက်စိရှေ့မှ မြင်ကွင်းကို ကျေနပ်ပီတိဖြစ်ဟန်ဖြင့် ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးတက်လာသည်။သူအချိန်အတော်ကြာအောင် စုဆောင်းထားခဲ့ရသော အဖိုးတန်ပါဝင်ပစ္စည်းများအားလုံးကို ဒီနေရာတွင် သိမ်းဆည်းထားခဲ့ရသည်။


ရေခဲတုံးများအတွင်း၌လည်း ပါဝင်ပစ္စည်းအစိတ်အပိုင်းကို ထည့်သွင်းထား၏။ရုတ်တရက် ရန်ယုလက်ထဲတွင် မီးဖိုချောင်သုံးဓားတစ်လက်ပေါ်လာသည်။သူ့၏ ဓားက အရောင်နှစ်ရောင်ရှိနေသလို ထင်ရသည်။တစ်ဖက်က တောက်ပြောင်လင်းလက်နေပြီး တစ်ဖက်က အလင်းကို စုပ်ယူထားသလို နက်မှောင်နေလေသည်။


သူက ရန်ယုပိုင်ဆိုင်သော ထင်ရှားကျော်ကြားသည့် အရိပ်ဖြတ် ဓားဖြစ်သည်။ဓားကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး အောက်သို့ စိုက်ချလိုက်ရာ ရေခဲနံရံဆီမှ အလင်းများ ဖြာထွက်လာသည်။


သူအစစ်အမှန် စွမ်းအင်များကို မီးဖိုချောင်သုံးဓားထဲသို့ ပို့လွှတ်လိုက်ပြီး နောက်ထပ်အားစိုက်၍ ထပ်ထိုးလိုက်သည်။ရေခဲနံရံက ပင့်ကူအိမ်များကဲ့သို့ အက်ကွဲကြောင်းများဖြာထွက်လာလေသည်။


ကျယ်လောင်သောအက်ကွဲသံနှင့်အတူ ရေခဲနံရံပေါ်တွင် ကြီးမားသော အပေါက်တစ်ခု ဖြစ်ပေါ်လာသည်။ရန်ယုအတွင်းထဲသို့ လျှောက်သွားလိုက်သည်။သူ့၏ မျက်ဝန်းများက တလက်လက်ဖြာတောက်နေသည်။ထို့နောက် သူ့၏ရှေ့တွင် ရေခဲသလင်းကျောက်များနှင့် ထွင်းထုထားပုံသော ကြာပန်းတစ်ပွင့်ပေါ်လာသည်။


ရေခဲ ခန်း၏ အလယ်တွင် လွင့်မျောနေသော ပန်းပွင့်က အအေးဓာတ်များကို ထုတ်လွင့်နေပုံပေါ်လေသည်။၎င်း ကြာပန်း၏ပတ်ပတ်လည်တွင် နှင်းခဲလေးများပင် စုပုံနေသည်ဟု ထင်ရသည်။


"နှစ်ပေါင်းများစွာ သိမ်းဆည်းထားပြီးတဲ့ နောက်မှာတော့ ငါ့မှာ ပွင့်ချပ်၈လွှာ ရေခဲသလင်း ကြာပန်းတစ်ပွင့်ပဲရှိတော့တယ် ဒီကြာပန်းကိုသာ အသုံးပြုလိုက်မယ်ဆိုရင် စားဖိုမှူးလေးတစ်ယောက်ကို မနိုင်နိုင်ဘူးလို့ ငါမယုံဘူး..."


အေးစက်စွာ လှပနေသော ပွင့်ဖတ်ရှစ်ခုရှိသည့် ကြာပန်းကို ကြည့်နေသည့် ရန်ယု၏ မျက်ဝန်းထဲတွင် ထိတ်လန့်စရာအကြည့်များပေါ်လာသည်။၎င်းမျက်ဝန်းများထဒတွင် ဖော်ပြရန်ခက်ခဲသော ယုံကြည်မှုများလည်း ရှိနေသေးသည်။


"မနက်ဖြန် စားဖိုမှူး စိန်ခေါ်ပွဲကို ငါကျိန်းသေပေါက် အနိုင်ရရမယ်..."


စားဖ်ိုမှူး စိန်ခေါ်ပွဲ ကျင်းပမည့် နေ့သို့ ရောက်လာသောအခါ၌ တိမ်များကင်းစင်နေသော ကောင်းကင်ကြီးတစ်ခုက လူများ၏ အပေါ်တွင် အုပ်မိုးထားလေသည်။ကောင်းကင်ပြင်တစ်ခွင်လုံး နေရောင်ခြည်များ လင်းလက်တောက်ပနေသည်။အလင်းရောင်က လူများကို နွေးထွေးသက်သာသော ခံစားချက်မျိုး ပေးစွမ်းနေ၏။


အစားကြူးတောင်ကြားကို ပြန်လည်ထိန်းသိမ်းပြုပြင်ရန် လူတိုင်း အားတက်သရော လုပ်ဆောင်နေသောကြောင့် တောင်ကြားထဲတွင် ယခင်ကကဲ့သို့ပင် စည်းကားနေလေသည်။


ထို့အပြင် ယနေ့တွင် ကြီးကျယ်ခမ်းနားသော အဖြစ်အပျက်တစ်ခုလည်း ဖြစ်လာတော့မည် ဖြစ်သည်။၎င်းက စားဖိုမှူး စိန်ခေါ်ပွဲ ဆက်ရှိနေခြင်းပင်ဖြစ်သည်။ထိုမျှမကသေးပဲ စိန်ခေါ်ပွဲကို ခေါက်ဆွဲဘုရင်၏ ဆိုင်၌ ကျင်းပမည်ဖြစ်သည်။


ထိုဆိုင်က စားဖိုမှူးစိန်ခေါ်ပွဲကို ရှုံးနိမ့်ခဲ့ရသော အိုးရန်ချန်းဖုန်၏ ဆိုင်လည်းဖြစ်သည်။လူများစွာသည် မနက်စောစောတွင် စားသောက်ဆိုင်သို့ ရောက်လာကြပြီး နေရာကောင်းများကို ဦးယူထားရန် အဆင်သင့်ဖြစ်နေကြပေပြီ။


စားသောက်ဆိုင်၏ ဒုတိယထပ်တွင်လည်း မီးဖ်ိုခုံနှစ်ခုကို ပြင်ဆင်ထားပြီဖြစ်သည်။မီးဖိုချောင်သုံးပစ္စည်းများအားလုံးကို ကြေးဝါဖြင့် ပြုလုပ်ထားသည်မှာ အလွန်ပင်လှပလှသည်။အသေးစိတ်ကျကျထွင်းထုထားသော ပစ္စည်းများက အနုပညာ လက်ရာလည်းမြောက်လှသည်။၎င်းက စားဖိုမှူးစိန်ခေါ်ပွဲအတွက် အိုးရန်ချန်းဖုန် အထူးတလည် ပြင်ဆင်ပေးထားသည့် ပစ္စည်းများဖြစ်ကြောင်းရှင်းလှပေသည်။


ထိုကဲ့သို့ ခမ်းနားလှပသော ပစ္စည်းများကိုပင် ထုတ်ယူသုံးစွဲခဲ့သည်။မည်သို့ပင်ဆိုစေ စားဖိုမှူးစိန်ခေါ်ပွဲတွင် ပါဝင်မည့်သူများကလည်း သာမန်လူများမဟုတ်ကြပေ။ပါဝင်သူများထဲမှ တစ်ယောက်က အစားကြူးဘုတ်ပြား၏ နံပါတ်၁ စားဖိုမှူးတစ်ယောက်ဖြစ်နေသည်။


အခြားတစ်ဖက်မှ ပါဝင်သူကလည်း စားဖိုမှူး စိန်ခေါ်ပွဲတိုင်းတွင် ရှုံးပွဲမရှိသေးသည့် စားဖိုမှူးလေး ပုဖန်ဖြစ်နေသည်။ယခုအချ်ိန်အခါတွင် အစားကြူးတောင်ကြားအတွင်းရှိ လူတိုင်းနီးပါး ပုဖန်ကို သိထားကြလေပြီ။စားသောက်ဆိုင်အတွင်း ဆွေးနွေးနေသော အကြောင်းအရာများမှာလည်း သူ့၏ အောင်မြင်မှုများသာ ဖြစ်နေတက်သည်။


ထိုသူက အစားကြူးဘုတ်ပြားပေါ်ရှိ စားဖိုမှူးများကို စိန်ခေါ်ခဲ့သည်။ထို့အပြင် အရေးကြီးဆုံးအချက်မှာ အနိုင်လည်းရရှိခဲ့သည်။သုံးယောက်တစ်ယောက်ယှဥ်ပြိုင်ပွဲ၌ စားဖိုမှူးသုံးယောက်လုံး၏ ဓားများကို အနိုင်ရရှိခဲ့ပြီး စစ်မှန်သော အရည်အချင်းကို ပြသခဲ့သည်။


ဒဏ္ဍာရီတစ်ခုသဖွယ်ထင်မှတ်ရသော လူတစ်ယောက် ရုတ်တရက်ပေါ်လာသောကြောင့် လူများ၏ အာရုံ ဖမ်းစားခံလိုက်ရသည်မှာ မထူးဆန်းပေ။


"စားဖိုမှူးအိုးရန် စားဖိုမှူး ရန်ယု ရောက်နေပြီ..."


အိုးရန်ချန်းဖုန် မီးဖိုခန်းထဲတွင် လှည့်ပတ်ကြည့်ရှုနေသည်ါအချိန်၌ အလုပ်သင်တစ်ယောက်၏ သတင်းပို့သံကို ကြားလိုက်ရသည်။သူမျက်ဝန်းများ မှေးကျင်းလိုက်ပြီးနောက် ချာခနဲလှည့်ထွက်လိုက်ပြီး အဝတ်အစားများပင် တလွင့်လွင့်ပျံနေအောင် လျှောက်သွားလိုက်သည်။


ရန်ယု၏ လုပ်ရပ်များကို သူသဘောမကျသော်လည်း ပြိုင်ပွဲ၏ စိန်ခေါ်သူ တစ်ယောက်အနေနှင့် ပါဝင်မည့်သူဖြစ်သောကြောင့် လေးစားမှုတစ်ချို့တော့ ပြသရန်လိုပေသည်။အိုးရန်ချန်းဖုန်က ရန်ယုကို သွားရောက်တွေ့ဆုံလိုက်သော်လည်း ရန်ယုက လုံးဝလျစ်လျူရှုထားလေသည်။


အိုးရန်ချန်းဖုန်၏ အချက်အပြုတ်ပညာက သူ့မျက်လုံးထဲတွင် အမှိုက်တစ်စထက်မပိုပေ။ထို့ကြောင့် သူကလက်ပိုက်၍ မော်ကြွားဟန် အပြည့်ဖြင့်သာ ကြည့်နေသည်။သူ့၏ ပုံစံက ပြိုင်ပွဲကို အနိုင်ရပြီးသား လူတစ်ယောက်ကဲ့သို့ပင်။


ပတ်ဝန်းကျင်ရှိ လူများအားလုံးပင် ရန်ယု၏ ယုံကြည်မှု အပြည့် အမူအရာကိုကြည့်၍ အံ့အားသင့်နေကြသည်။ရန်ယုက အစားကြူးတောင်ကြားကို သစ္စာဖောက်ခဲ့သော်လည်း ထိပ်တန်း စားဖိုမှူးတစ်ယောက်အဖြစ် ဂုဏ်သတင်းမှာ လူများ၏ နှလုံးသားထဲတွင် ခိုင်မာစွာ နေရာယူထားပြီးသားဖြစ်နေခဲ့သည်။


လူများအားလုံးကလည်း သူ့၏ ကြောက်စရာကောင်းလှသော စွမ်းအင်များကို သိထားကြပေသည်။


"ကောင်စုတ်လေးက အခုထိ မရောက်သေးဘူးလား...ဘာလဲ သူရှုံးမှာ ကြောက်လို့ ပေါ်မလာရဲတော့ဘူးလား..."


ရန်ယုက လှောင်ပြောင်ဟန်ဖြင့် အိုးရန်ချန်းဖုန်ကို ကြည့်လိုက်သည်။ထို့နောက် အောက်ဘက်ရှိ လူများကြားကို ကြည့်လိုက်သည်။သူပုဖန်ကို ဘယ်နေရာမှာမှ မတွေ့ပေ။


လူအုပ်ထဲတွင် ရှိနေကြသူအများစုက အစားကြူးဘုတ်ပြားပေါ်တွင် အဆင့်သတ်မှတ်ခြင်းခံထားရသော စားဖိုမှူးများဖြစ်ကြသည်။စားဖိုမှူးများ အနေဖြင့် မကြာခင်ကျင်းပတော့မည့် စားဖိုမှုး စိန်ခေါ်ပွဲကို စိတ်ဝင်စားကြသည်မှာ ပုံမှန်သာဖြစ်သည်။


အိုးရန်ချန်းဖုန် မျက်ခုံးပင့်လိုက်မိသည်။ဟန်ဆောင်မျက်နာဖုံးကို ခွာချခံလိုက်ရပြီးနောက် ရန်ယုက သူ့၏ ဇာတိရုပ်အစစ်အမှန်ကို ထုတ်ပြလာလေသည်။သူကအလွန်ပင် ထောင်လွှားနေပြီး သူ့ကိုယ်သူ မျက်စိစုံမှိတ် ယုံကြည်ထားပုံရလေသည်။


"ပုဖန််ဘယ်လောက်တောင်ကြောက်စရာကောင်းတယ်ဆိုတာကို သတိမပြုမိဘူးလား..."


အကယ်၍ သူသာ သတိတစ်ချက်လွတ်သွားပါက စားဖိုမှူးစိန်ခေါ်ပွဲတွင် ရှုံးနိမ့်နိုင်ခြေ ပိုမိုမြင့်မားသွားပေလိမ့်မည်။ရုတ်တရက် လူအုပ်ကြီးက လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။အဘယ်ကြောင့်ဆိုသော် လူတစ်စုက စားသောက်ဆိုင်ဆီသို့ တည်ငြိမ်စွာ လျှောက်လှမ်းလာနေသောကြောင့် ဖြစ်သည်။ပုဖန်က သူ့၏ နီရောင်စားဖိုမှူးဝတ်စုံကိုသာ ဝတ်ဆင်ထားပြီး သူ့ရဲ့ အသွင်အပြင်ကလည်း အေးတေးတည်ငြိမ်နေသည်။


သူ့၏ နောက်နား၌ သတ္တုဖြင့်ပြုလုပ်ထားသော ဧရာမ ရုပ်သေးတစ်ရုပ် ပါလာသည်။၎င်းက မည်မျှကြောက်စရာကောင်းသည်ကို သိထားကြပြီမို့ မည်သူမှ ရန်မစရဲကြပေ။


သူတို့နှစ်ယောက်၏ နောက်တွင် နယ်သာရီနှင့် ကျန်သည့်သူများ ပါလာကြသည်။ရှောင်ယနှင့် ပန်းပွင့်လေးတို့ကလည်း တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်၍ စိတ်လှုပ်ရှားတက်ကြွစွာဖြင့် လိုက်ပါလာကြသည်။


ရှောင်ယက အစားကြူးတောင်ကြား၏ သခင်သစ်တစ်ယောက်ဖြစ်လာခဲ့ပြီးဖြစ်သည်။သို့သော်လည်းပန်းပွင့်လေး၏ ရှေ့မှောက်တွင် ချူချန်းရှန် အနေဖြင့် ရှောင်ယကို သခင်တစ်ယောက်နေထိုင်သည့်နေရာတွင်သာ နေထိုင်ရန် ဖိအားမပေးရဲချေ။


ပုဖန် ခေါက်ဆွဲဘုရင်ဆိုင်ဆီသို့ လျှောက်လာရင်း ခေါင်းမော့ကြည့်လိုက်ရာ ပြတင်းပေါက်ကို မှီ၍ သူ့ကိုကြည့်နေသော ရန်ယုကို တွေ့လိုက်ရသည်။


"ကောင်လေး မင်း အရှုံးအတွက် ပြင်ဆင်ထားပြီးပြီလား...ဘယ်လိုပုံစံမျိုး ရှုံးနိမ့်မယ်လို့ တွေးထားလဲ..."


ရန်ယုက အေးစက်စွာ ရယ်မော၍ ပြောလိုက်သည်။


"အရှုံးဟုတ်လား ..."


ပုဖန်၏ အကြည့်များက ပြောင်းလဲသွားခြင်းမရှ်ိပေ။သူ့၏ အဘိဓာန်ထဲတွင် အရှုံးဆိုသည့် စကားလုံး မပါဝင်ပေ။သူက မရှုံးနိမ့်နိုင်ပေ။သူသာ ရှုံးနိမ့်ခဲ့လျှင် အရာရာအားလုံး ဆုံးရှုံးသွားပေလိမ့်မည်။


၎င်းက သူလုံးဝ ဖြစ်ခွင့်မပေးနိုင်သည့် အရာပင်ဖြစ်သည်။ပုဖန်အနေဖြင့် ကြိုးကြိုးစားစားဖြင့် ယှဥ်ပြိုင်တိုက်ခိုက်မည်သာဖြစ်သည်။ပုဖန် ရန်ယုကို အေးစက်စွာ ကြည့်လိုက်ပြီး ဆိုင်ထဲသို့ လှမ်းဝင်လိုက်သည်။


အိုးရန်ချန်းဖုန်က ပျော်ရွှင်သည့် အမူအရာမျိုးဖြင့် ဆိုင်အောက်သို့ ဆင်းလာပြီး ပုဖန်က်ို နှုတ်ဆက်လိုက်သည်။ရန်ယု အိုးရန်ချန်းဖုန်၏ အမူအရာကို ကြည့်လိုက်သည်။သူတို့နှစ်ယောက်ကြား ကြိုဆိုမှုက အလွန်ပင် ကွာခြားနေပေသည်။ထို့ကြောင့်ပင် သူ့နှလုံးသားထဲ၌ အေးစက်မှုများထွက်ပေါ်လာသည်။


သို့သော်လည်း သူ့လက်ထဲမှ ဝှက်ဖဲကို စဥ်းစားလိုက်မိသည့် ခဏ၌ သူ့၏ အေးစက်နေသောအမူအရာက ကောက်ကျစ်တော့မည့် အမူအရာဖြစ်လာလေသည်။


စားဖိုမှူး စိန်ခေါ်ပွဲအတွင်း၌ ထိုကောင်စုတ်ကလေးကိုသာ ဖျက်စီးနိုင်ခဲ့လျှင် နောက်ဆုံး၌ လူတိုင်းက မည်သူသည် ထိပိတန်း စားဖိုမှူး ဖြစ်သည်ကို သိရှိသွားပေလိမ့်မည်။


ရန်ယု အေးစက်စွာ ရယ်မောလိုက်ပြီး သူ့အတွက်ပြင်ဆင်ထားသော မီးဖ်ိုခုံဆီသို့ လျှောက်သွားလိုက်သည်။ပုဖန်ကလည်း ပရိတ်သတ်များကို ခေါင်းတစ်ချက်ညိတ်နှုတ်ဆတ်လိုက်ပြီးနောက် သူ့၏ မီးဖိုခုံဆီကို လျှောက်သွားလိုက်သည်။သူတို့ ခေါင်းမော့ကြည့်လိုက်သည့်အချိန်တွင် အကြည့်ချင်းဆုံသွားကြသည်။လေဟာနယ်ထဲတွင် သူတို့၏ အကြည့်ကြောင့် မီးပွင့်များထွက်ပေါ်လာတော့မယောင်ထင်ရသည်။


"ဒီနေ့ ငါတို့ စားဖိုမှူး စိန်ခေါ်ပွဲအတွက် ခေါင်းစဥ်က ဖတ်ထုပ်ပဲမင်းငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်တယ်..."


ရန်ယု အေးစက်စွာ ရယ်မောလိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်နှင့် သူ့လက်ထဲမှ အရိပ်ဖြတ်ဓား ပေါ်လာလေသည်။ရုတ်တရက် အေးစက်သော လေထုလွှမ်းခြုံလာသောကြောင့် ဒုတိယထပ်၏ အပူချိန်ပင် အနည်းငယ်ကျဆင်းသွားသည်။


ထို့နောက် အားလုံး၏ ရှေ့မှောက်၌ အဖြူရောင် ပန်းတစ်ပွင့်ပေါ်လာသည်။၎င်းက ရေခဲသလင်းများဖြင့် ထွင်းထုထားသလ်ိုလက်ရာမြောက်လှပလှသည်။အံ့အားသင့်ဖွယ်လင်းလက်တောက်ပလှသော ပွင့်ချပ်၈လွှာ နှင်းကြာပန်းထွက်ပေါ်လာသည်။


အားလုံး၏ မျက်ဝန်းအကြည့်များ စူးစိုက်နက်ရှိုင်းသွားကြသည်။တစ်ချို့က စိတ်လှုပ်ရှားအံ့အားသင့်သွားသောကြောင့် အာမေဋိတ်သံများပင် ပြုလုပ်မိကြသည်။


"ပွင့်ချပ်၈လွှာ နှင်းကြာပန်းလား...ဒါ တကယ်ကြီး ပွင့်ချပ် ၈လွှာ နှင်းကြာပန်လား..."


၎င်းက အလွန်ပင် အဆင့်မြင့်သော ဆေးဖက်ဝင် ပါဝင်ပစ္စည်းတစ်မျိုးဖြစ်သည်။၎င်းက နတ်ဘုရားအဆင့်သို့ပင် ရောက်ရှိလုနီးသော ပါဝင်ပစ္စည်းဖြစ်၏။


ရန်ယုက ထ်ိုကဲ့သို့ ပါဝင်ပစ္စည်းမျိုး ထုတ်ယူလာလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားပေ။အိုးရန်ချန်းဖုန်နှင့်တကွ တခြားသူများအားလုံး မယုံကြည်နိုင်မှုဖြင့် မျက်လုံးများဝိုင်းစက်နေသည်။


အကယ်၍ ပုဖန်က ထောင်တျဲအသားကို အသုံးပြုခဲ့မည်ဆိုလျှင်ပင် အနိုင်ရနိုင်ဖို့ မဖြစ်နိုင်လုနီးပါးပင်။သို့သော်လည်း ပုဖန်က ထောင်တျဲအသားကို အသုံးပြုဖို့ ကန့်သတ်ထားခြင်းခံရသည်။ထိုသို့ဖြစ်လေရာ အနိုင်ရရှိနိုင်ရန် နည်းလမ်းမရှိတော့ပေ။


"ပုဖန်ကို ထောင်တျဲအသား အသုံးမပြုခိုင်းပဲ သူကတော့ နတ်ဘုရားအဆင့် ရောက်လုနီးပါး ပွင့်ချပ် ၈လွှာ နှင်းကြာပန်းကို ထုတ်လာတယ်..."


ကြည့်ရသည်မှာ ဒီစိန်ခေါ်ပွဲကို ပုဖန်နိုင်မည့် ပုံမပေါ်ပေ။ပုဖန်၏ ရှုံးပွဲမရှိ သမိုင်းရေးထိုးမှုက မကြာခင် ပြီးဆုံးတော့ပေမည်။