အပိုင်း ၇၇၄
Viewers 53k

အခန်း ၇၇၄

ပါဝင်ပစ္စည်း ဖြစ်လာသော ပုစွန်ပိစိ...


ပွင့်ချပ်၈လွှာ နှင်းကြာပွင့်လေးက အလွန်ပင်လှပလှသောကြောင့် အားလုံး၏ မျက်ဝန်းအကြည့်များက်ို ဆွဲဆောင်သွားပြီး တုန်လှုပ်အံ့သြသင့်သွားစေသည်။ပုစဥ်းတောင်ပံကဲ့သို့ ပါးလွှာသောနှင်းကြာပွင့်လေးက လေထဲတွင် လွင့်မျောနေသည်။


အနည်းငယ် တဖျတ်ဖျတ်တုန်ခါနေသည်က လှပလှသော ရုပ်ပုံလွှာတစ်ခုကို ထွင်းထုထားသည်အလား တောက်ပနေသည်။တုနှ်ိုင်းဖွယ်လက်ရာမြောက်လှသည်။ပန်းပွင့်လေးလှုပ်ခါသွားသည့်အချိန်တိုင်း ပြင်းထန်လှသော စွမ်းအားများက ဖြန့်ကျက်သွားသည်။၎င်းမှ ထုတ်လွင့်လာသော အအေးဓာတ်က ပတ်ဝန်းကျင်ကို ပြန့်နှံ့သွားပြီး ကြည့်ရှုနေသူများ၏ အရေပြားများပင် တင်းကျပ်လာသလို ခံစားလိုက်ရသည်။


၎င်းက နတ်ဘုရားအဆင့်သို့ ရောက်လုနီးပါးဖြစ်သော ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်သည်။


"ရန်ယုက ဟင်းပွဲချက်ပြုတ်ရန်အတွက် ဒီကြာပပွင့်ကို သုံးဖ််ို့ ရွေးချယ်ခဲ့တာလား..."


ထိုအချက်ကို တွေးမိသည်နှင့် အားလုံး သက်ပြင်းတစ်ချက်ရှိုက်လိုက်ကြသည် ။သူတို့မျှော်လင့်ထားသကဲ့သို့ပင် စားဖိုမှူးစိန်ခေါ်ပွဲမှာသာလျှင် စားဖိုမှူးတစ်ယောက်၏ အစွမ်းကုန်ကြိုးစားမှုများကို မြင်နိုင်မည်ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် စားဖိုမှူး စိန်ခေါ်ပွဲကို ဆုံးရှုံးလိုက်ရခြင်း၏ အကျ်ိုးဆက်သည် စားဖိုမှူး တစ်ယောက်အဖြစ် နောက်ထပ် မရပ်တည်နိုင်တော့သောကြောင့် ဖြစ်၏။


နတ်ဆေးပင်ဆိုသည်မှာ အလွန်ပင် အဖိုးထိုက်တန်သည့် ပစ္စည်းတစ်မျိုးဖြစ်ပြီး ပုန်းကွယ်နဂါးတိိုက်ကြီးတွင်ပင် ရှာဖွေတွေ့ရှိရန် ခဲယဥ်းလွန်းလှသည်။အဘယ်ကြောင့်ဆိုသော် စစ်မှန်သော နတ်ဆေးပင်တစ်ပငိဆိုသည်မှာ ရင့်ကျက်လာရန် အချိန်လိုအပ်သောကြောင့် ဖြစ်သည်။


သူတို့ရှေ့၌ ရှိနေသော ပွင့်ချပ်၈လွှာ နှင်းကြာပွင့်က နှစ်ပေါင်း ရှစ်ထောင်လောက် ရှင်သန်ခဲ့တာဖြစ်နိုင်သည်။ပွင့်ချပ်တစ်ချပ်က နှစ်တစ်ထောင်နှင့် ညီမျှသည်။


ပွင့်ချပ်၈လွှာက နှစ်ရှစ်ထောင်ကြာမြင့်ခဲ့ပြီး နတ်ဘုရားအဆင့်သို့ ရောက်လုနီးပါးဖြစ်သည်ဟုဆိုလိုသည်။


"ဆေးဖက်ဝင် နတ်ဆေးပင်များက်ို ချက်ပြုတ်လ်ို့ရသလား...ဒါပေါ့ ..."


သေချာပေါက်ရပေသည်။စားဖိုမှူးတစ်ယောက်၏ အဆင့်အတန်းမြင့်မားလေလေ သူတို့ချက်ပြုတ်ရန်လိုအပ်သည့် ပါဝင်ပစ္စည်းများ၏ အရည်အသွေးကလည်း မြင့်မားလေလေပင် ။


ထို့ကြောင့်ပင် ဆေးဖက်ဝင် စိတ်ဝိညာဥ် အပင်များကိုလည်း ပါဝင်ပစ္စည်းများအဖြစ် အသုံးပြုခဲ့ကြသည်။စိတ်ဝိညာဥ် အပင်တစ်ခုဖြင့် တွဲဖက်ချက်ပြုတ်ထားသော ဟင်းပွဲသည် အလွန်အရသာကောင်းမည်ဖြစ်ပြီး အကျ်ိုးသက်ရောက်မှုကလည်း ကြီးမားပေလိမ့်မည်။


"ငါ့မှာ နှစ် ရှစ်ထောင်သက်တမ်းရှိတဲ့ ပွင့်ချပ်ရှစ်လွှာ နှင်းကြာပွင့်ရှိတယ်...မင်းက ထောင်တျဲအသားကို မသုံးရဘူးဆိုတော့ မင်း ငါ့ကို ရိုက်ချဖို့အတွက် ဘာများသုံးမလဲ ..."


ရန်ယုက ပွင့်ချပ်ရှစ်လွှာ နှင်းကြာပွင့်ကို ဂရုတစိုက် ကိုင်ထားလိုက်ပြီးနောက် စိန်ခေါ်သည့် အကြည့်များဖြင့် ပြောလိုက်သည်။လူတိုင်း လေအေးတစ်ချက်ရှိုက်လိုက်မိကြသည်။ရန်ယုပြောသည်မှာ အမှန်တရားသာဖြစ်သည်။ထောင်တျဲ၏ အသားမပါလျှင် ပုဖန် မည်သို့မျှ အနိုင်ယူနိုင်ပါတော့မည်နည်း။


ကြည့်ရှုသူများစွာက ပုဖန်ကို သနားဂရုဏာ သက်နေမိကြသည်။ပုဖန် ထောင်ခြောက်ထဲ ကျရောက်သွားသည်ကို သူတို့ သိကြပေသည်။ရန်ယုက ပုဖန်တွင် ထောင်တျဲအသားရှိသည်ကို သိခဲ့ပြီး မသုံးရန် တားမြစ်ထားခဲ့သည်။မှန်ပေသည်။ရန်ယု၌ ထ်ိုကဲ့သို့ အဆင့်တူ ပါဝင်ပစ္စည်းရှိနေသည်ကိုတော့ ပုဖန်က မသိခဲ့ပေ။ထို့ကြောင့်ပင် ရန်ယု၏ ထောင်ခြောက်ထဲ ကျရောက်သွားခဲ့ရခြင်းဖြစ်၏။


သူတို့နှစ်ယောက်ကြားရှိ ချိန်ခွင်လျှာက တစ်ဖက်သို့ စောင်းနင်းသွားပုံရလေသည်။ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။သူ နှင်းကြာပွင့်ဆီမှ အကြည့်လွှဲလိုက်ပြီးနောက် ခပ်ဖွဖွ လက်ခုပ်တီးလိုက်သည်။လေတိုးသံ တစ်ချက်နှင့်အတူပုဖန်၏ ပခုံးပေါ်မှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။


ပုစွန်ပိစိက ရေပူဖောင်းလေးများမှုတ်ထုတ်နေရင်းဖြင့် မျက်လုံးပြူးပြူးများကလည်း ပတ်ဝန်းကျင်ကို ကြည့်ရှုနေသည်။အားလုံးက ပုဖန်၏ ပခုံးပေါ်မှ ရွှေရောင်ပုစွန်ကို အံ့သြတသင့်ကြည့်လိုက်ကြသည်။


"သူက ဒီရေသတ္တဝါကို ချက်ပြုတ်တော့မှာလား ...သူမွေးထားတဲ့ ဒီရွှေရောင်အခွံနဲ့ ပုစွန်ကို ချက်ပြုတ်ပစ်တော့မယ်ပေါ့..."


ရွှေရောင်အခွံနှင့် ကျိုင်းပုစွန်သည် အလွန်အားကောင်းသော စိတ်ဝိညာဥ် စွမ်းအင်များရှိသည်။၎င်းက နှင်းကြာပွင့်နှင့် ယှဥ်ပြိုင်ရန်အတွက် အဆင့်မီလေသည်။သို့သော် ပုဖန် ဒါကို တကယ်ပဲ ချက်ပြုတ်နိုင်လို့လား...


ဘေးမှ ရပ်ကြည့်နေသော မဟာအဖြူက ပုစွန်ဘိုးဘေးခုန်ထွက်သွားသည်ကို တွေ့လိုက်သည့်အခါ၌ မျက်ဝန်းများပြူးကျယ်သွားသည်။


"ဒီကောင်လေးက ဘာလုပ်ဖို့လဲ...သူက ပုစွန်ဘိုးဘေးကို ချက်တော့မှာလား...အဲ့ဒါ ပုစွန်ဘိုးဘေးကွ အရင်တုန်းက အဆုံးမဲ့ ပင်လယ်တစ်ခွင်ကို ဖြန့်ကျက်အုပ်စိုးခဲ့တဲ့ သူ ဒါက ဘယ်လိုလုပ်ပြီးတော့ ပါဝင်ပစ္စည်းဖြစ်နိုင်မှာလဲ ..."


မဟာအဖြူက ကောင်းကင်သို့ တက်ရန် ပုစွန်ဘ်ိုးဘေး၏ ပေါင်ကို ဖတ်ထားချင်နေသည်။ယခု ပုစွန်ဘိုးဘေးက အစားအစာတစ်ခု ဖြစ်လာလျှင် ဒီကမ္ဘာပေါ်၌ သူမည်သို့ ဆက်လက်ရှင်သန်ရတော့မည်နည်း။


အဆုံးမဲ့ ပင်လယ်ကို သိမ်းပိုက်မည်ဟု ပေးထားသောကတ်ိများက ဘယ်ရောက်သွားသနည်း။အဆုံး၌ သူက ပါဝင်ပစ္စည်းတစ်ခု ဖြစ်လာခဲ့လေပြီ။


မဟာအဖြူ၏ နှလုံးသားက တုန်ရီနေသည်။သူ့၏ မျက်နာပေါ်တွင်လည်း ဒေါသများ ပြည့်နှက်နေပြီး ချွှန်ထက်လှသော သွားဖြူများကို လှစ်ဟပြလိုက်သည်။


"မဟုတ်ဘူး မဟုတ်ဘူး ပုစွန်ဘိုးဘေးကြီးက ပါဝင်ပစ္စည်းတစ်ခု မဖြစ်နိုင်ဘူး..."


သူ့၏ ပါးစပ်မှ ပလုံးပထွေးစကားသံများ ထွက်လာပြီး မျက်ရည်များ စီးကျလာသည်။ဝှိုက်တီ၏ သစ်ရွက်ပုံ လက်တစ်ဖက်မြောက်တက်လာပြီး မဟာအဖြူ၏ အဝတ်အစားများကို ဆုပ်ကိုင်ကာ ဆွဲထုတ်လ်ိုက်သည်။


မဟာအဖြူ၏ လက်များ တုန်ယင်နေကာ သူ့မျက်နာပေါ်တွင် မကျေနပ်မှုများ ပြည့်နေသည်။သူပုစွန်ဘိုးဘေးနှင့် ထာဝရခွဲခွာရတော့မည့် ပုံပေါ်သည်။ပုဖန် မဟာအဖြူကို ပြောစရာစကားမဲ့စွာကြည့်လိုက်သည်။


"ဒီကောင်က တကယ်ကြီး ဒရမ်မာခင်းနေတာပဲ ...ပုစွန်ဘ်ိုးဘေးက ဟင်းတစ်ပွဲအဖြစ်ပြောင်းလဲသွားတာကို ဘယ်မှာ မြင်ဖူးခဲ့လို့လဲ..."


ပုဖန် နှုတ်ခမ်းတစ်ချက်တွန့်ရုံမဲ့လိုက်ပြီးနောက် လက်ဆန့်တန်း၍ ပုစွန်ပိစိ၏ခေါင်းကို အသာထိလိုက်သည်။ပုဖန်၏အထိအတွေ့ကို ခံစားလိုက်မိသည်နှင့် ပိစိ၏ မျက်လုံးလေးများက မှိတ်သွားပြီး ပါးစပ်မှ အမြှုပ်များကပို၍ တိုးပွားလာသည်။


"မင်းမှာ ပွင့်ချက်၈လွှာ နှင်းကြာပွင့် ရှိသလ််ိုငါ့မှာလည်း ရွှေရောင်အခွံနဲ့ပုစွန်ရှိတယ် ဘယ်သူက အနိုင်ရမယ်ဆိုတာ ပြောဖို့ စောပါသေးတယ်..."


ပုဖန်က တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။ရန်ယု၏ မျက်ဝန်းများ မှေးကျင်းသွားသည်။


"ဒီကောင်လေးက ပုစွန်ကို ပါဝင်ပစ္စည်းအဖြစ် အသုံးပြုဖို့ တကယ်ပဲ တွေးထားတာလား ..."


သူ ထိုကောင်စုတ်လေးကို မှားယွင်းစွာ အကဲဖြတ်လိုက်မိပုံပေါ်လေသည်။၎င်း၏ နှလုံးသားက တကယ်ကို ရက်စက်လွန်းလှသည်။ပုဖန်ကရန်ယုအား စကားထပ်မံပြောဆိုရန် ပျင်းရိသွားလေပြီ သူပုစွန်ပိစိ၏ ခေါင်းကို အသာပုတ်လိုက်ပြီးနောက် မီးဖိုခုံသို့သာ ပြန်လှည့်လိုက်သည်။


ထိုအချိန်၌ ခေါက်ဆွဲဘုရင်ဆိုင်၏ အပြင်ဘက်တွင် ကျင့်ကြံသူတစ်ချို့က သစ်ပင်အကိုင်းအခတ်များပေါ်တွင် ရပ်နေကြသည်။ဝမ်ရမ်ရှန် မုချန်နှင့် လျိုကျားလီတို့ကလည်း ဆိုင်အတွင်းမှ စားဖိုမှူးစိန်ခေါ်ပွဲကို ကြည့်ရှုရန်သစ်ပင်ပေါ်တွင်သာ နေနေကြသည်။


"ဝမ်ရမ်ရှန် ဒီစားဖိုမှူး စိန်ခေါ်ပွဲကို ဘယ်သူနိုင်မယ်လို့ ထင်လဲ..."


မုချန်၏ လှပလှသော မျက်ဝန်းလေးများက ဝမ်ရမ်ရှန်ဘက်သို့ လှည့်ကြည့်လိုက်ပြီး မေးလိုက်သည်။


"ပုဖန်...ခြေထောက်ကို သုံးပြီး စဥ်းစားမယ်ဆိုရင်တော့ အဖြေကို သိနိုင်တယ်...ဒီရန်ယုက ပွင့်ချပ် ၈လွှာ နှင်းကြာပွင့်ကို သုံးလိုက်ရုံနဲ့ အဖြေကို ရမယ်လို့ ထင်နေတာလား...သူအရမ်းနုပါသေးတယ်..."


မုချန် မျက်လုံးပြူးသွားသည်။ဝမ်ရမ်ရှန်က ပုဖန်ကို တကယ်ကို ယုံကြည်နေပေသည်။


"လျိုအိုကြီးကော ဘယ်လိုထင်လဲ..."


မုချန်က လျိုကျားလီ ဘက်သို့ လှည့်၍ ထပ်မေးလိုက်သည်။သစ်ပင်ကို မှီထိုင်နေသော လျိုကျားလီက သူ့လက်ထဲမှ စာအုပ်ကို ဖြေးညှင်းစွာ လှမ်းလိုက်သည်။


သူက မုချန်၏ အမေးစကားကြောင့် ဖတ်လက်စ စာမျက်နာကို လျစ်လျူရှုလိုက်ပြီး ပြန်ဖြေလိုက်သည်။


"ပုဖန်သာ ထောင်တျဲ အသားကို သုံးမယ်ဆိုရင် အန်ိုင်ရနိုင်ချေ ၆၅% ရှိတယ် သူက ထောင်တျဲ အသားကို မသုံးဘူးဆိုရင်တော့ အနိုင်ရနိုင်ချေ ၈၀ % ထိ တိုးလာလိမ့်မယ်..."


မုချန် မျက်လုံးပြူးသွားပြန်သည်။


"သူ့ရဲ့ အနိုင်ရနိူင်ချေက ဘာလို့ တ်ိုးလာတာလဲ..."


"ပုဖန်မှာ ထောင်တျဲနှလုံးသားရှိတယ်ဆိုတာကို နင်မေ့သွားပြီလား...ထောင်တျဲ နှလုံးသားရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းလေးပဲ ရှိမယ်ဆိုရင်တောင် သူသေချာပေါက် အနိုင်ရလိမ့်မယ်..."


လျိူကျားလီ သူ့လက်ထဲမှ စာအုပ်ကို ပိတ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။


"ဒီတော့ ငါတို့ စိတ်ပူရမှာက ပုဖန် ရန်ယုကို အနိုင်ရပြီးရင် မနက်ဖြန် စားဖိုမှူး စိန်ခေါ်ပွဲအတွက် ဘယ်သူကို ရွေးမလဲဆိုတာပဲ..."


မုချန် မျက်ခုံးပင့်လိုက်သည်။


"ဟုတ်သားပဲထောင်တျဲရဲ့ နှလုံးသားရှိနေတုန်းပဲ ..."


သို့သော်လည်း သူမအနေဖြင့် ပုဖန်က ထောင်တျဲ နှလုံးသားကို အသုံးမပြုတော့ဟု ခံစားနေမိသည်။အကြောင်းအရင်းကို သူမ မသိသော်လည်း ဒါက မိန်းမတွေ၏ အလိုလိုသိသည့် ဗီဇာသာဖြစ်မည်ဟု တွေးလိုက်မိသည်။


"စားဖိုမှူး စိန်ခေါ်ပွဲ စတင်နေပြီ သေသေချာချာကြည့်ထား အဲ့ဒီစားဖိုမှူးလေးရဲ့ အားနည်းချက်ကို တွေ့ကောင်းတွေ့နိုင်တယ် ..."


ဝမ်ရမ်ရှန် ရယ်မောရင်း ပြောလိုက်သည်။သူနောက်ထပ် ဝိုင်တစ်ငုံမော့သောက်လိုက်ပြီး မုချန်နှင့် လျိုကျားလီဘက်သို့ လှည့်ကြည့်လ်ိုက်၏။ထိုနှစ်ယောက်ကလည်း ခေါင်းတညိတ်ညိတ်ဖြင့် ဆိုင်အတွင်းမှ စားဖိုမှူး စိန်ခေါ်ပွဲကို အလေးအနက်ထား ကြည့်ရှုနေသည်။


ရွှပ် ...


ရန်ယု အသက်ပြင်းပြင်းရှိုက်လိုက်ပြီးနောက် ဂျုံအိတ်ကို ထုတ်လိုက်သည်။သူ့လက်ထဲမှ ဓားက ဖြတ်ခနဲ တောက်ပသွားပြီး ဂျုံအိတ်ကို ဖြဲလိုက်၏။


ဂျုံမှုန့်ဖြူဖြူလေးများ ပြန့်ကျဲသွားသည်နှင့်အမျှ သိပ်သည်းလှသော ရနံ့လှိုင်းကို သယ်ဆောင်လာပြီး စွမ်းအင်များ ပြန့်လွှင့်လာသည်။နှင်းဖြူရောင်ရှိသော ဂျုံမှုန့်ကိုကြည့်ရုံဖြင့် ၎င်း၏ အရည်အသွေးကို သိနိုင်ပေသည်။


ဖတ်ထုပ်ပြုလုပ်ရန် အရေးကြီးသော အချက်နှစ်ခုရှ်ိသည် ။တစ်ခုက ဖတ်ထုပ်၏ အပြင်သားဖြစ်ပြီး နောက်တစ်ခုက အထဲ၌ ထည့်သွင်းမည့် အစာပလာဖြစ်သည်။


ဖတ်ထုပ်အပြင်အခွံက နူးညံ့ကောင်းမွန်မှုကို ဆုံးဖြတ်ပြီး အထဲမှ အစာပလာများက အရသာကို ဆုံးဖြတ်မည်ဖြစ်သည်။


ဝှစ် ဝှစ်...


ရန်ယုလက်ကို လှုပ်ရှားလိုက်သည်နှင့် အပြာနုရောင် စိတ် ဝိညာဥ် သားရဲဥတစ်လုံးပေါ်လာသည်။ထိုသားရဲဥကို လှည့်လိုက်သည်နှင့် သားရဲဥ၏ အပေါ်၌ လျှပ်စီးတန်းလေးများ လူးလွန့်သွားသည်ကို တွေ့လ်ိုက်ရသည်။


သူပုဖန်ကို တစ်ချက်ကြည့်၍ အေးစက်စွာ ပြုံးလိုက်ပြီးနောက် သူ့၏ လက်ဖဝါးမှ စွမ်းအင်တစ်ခု ထွက်ပေါ်လာသည်။အပြာနုရောင် သားရဲဥဥ လွင့်ထွက်သွားသည်။သူ့လက်ထဲမှ အရိပ်ဖြတ်ဓားကလည်း လျှင်မြန်စွာ လှုပ်ရှားသွားပြီး တမဟုတ်ချင်း သားရဲဥကို ခွဲဖြတ်လိုက်သည်။ကွဲကြေသံနှင့်အတူ ဥအနှစ်များက ရန်ယုပြင်ဆင်ထားသော ဂျုံမှုန့်များပေါ်သို့ ကျရောက်လာသည်။


ထို့နောက် သူ ဂျုံမှုန့်များကို စတင်နယ်ဖတ်လိုက်သည်။သူ့၏ နယ်နည်းကလည်း ထူးခြားလှသည်။သေချာသည်မှာ သူက အလွန်အမင်း အလေးအနက်ထား လုပ်ဆောင်နေခြင်းဖြစ်သည်။သူတစ်ချက်ဂျုံများကို ခေါက်လိုက်တိုင်း ထူးဆန်းသော အသံပျော့ပျော့လေးများ ထွက်ပေါ်လာသည်။၎င်းက ပင်လယ်ကမ်းစပ်က််ို ရိုက်ခတ်လာသော လှိုင်းလုံးသံနှင့် တူသည်။


ထိုအသံက လူများ၏ စိတ်ထဲသို့ ပဲ့တင်ထပ်ရိုက်ခတ်လာပြီး ထိတ်လန့်တုန်လှုပ်သွားမှုကိုပင် ခံစားရစေသည်။ထိုခေါက်ဆွဲလုပ်နည်းက အလွန်အံ့အားသင့်စရာကောင်းလှပြီး ထိုနည်းလမ်းဖြင့် ပြုလုပ်ထားသည့် ဂျုံသားကလည်း အလွန်ပင် ကောင်းမွန်ပေလိမ့်မည်။


၎င်းနည်းလမ်းဖြင့် ဂျုံမှုန့်နှင့် သားရဲဥတို့၏ စိတ်ဝိညာဥ် စွမ်းအားများကို ကောင်းမွန်စွာ ပေါင်းစပ်နိုင်ပေလိမ့်မည်။တခြားတစ်ဖက်တွင်လည်း ပုဖန်က ဖတ်ထုပ်အရေခွံအတွက် သင့်တော်သော အရှိန်နှုန်းဖြင့် စတင်ပြုလုပ်နေပေပြီ။


သူက အိုးရန်ချန်းဖုန်ထံမှ ဂျုံမှုန့်များရယူခဲ့သည်။ခေါကိဆွဲဘုရင် တစ်ယောက်ဖြစ်သော အိုးရန်ချန်းဖုန်တွင် အကောင်းဆုံးသော ဂျုံမှုန့်များရှိလေသည်။ဖြူဖွေးနူးညံ့နေသော ဂျုံမှုန့်က ပုဖန်ကို စိတ်ကျေနပ်မှု ရစေသည်။


ပုဖန် ကြွေပန်းကန်လုံးတစ်လုံး ထုတ်ယူလိုက်ပြီး နွေဦးစမ်းရေများ တစ်ဝက်ခန့်ဖြည့်လိုက်သည်။၎င်းနွေဦးစမ်းရေက ကြည်လင်နေပြီး ပတ်ဝန်းကျင်တွင်လည်း ကြည်လင်လှသော ဝိညာဥ် စွမ်းအားများ ဝိုင်းရံနေသည်။


ပုဖန်က ရန်ယုကဲ့သို့ သားရဲဥကို အသုံးပြုရန် မရွေးချယ်ခဲ့ပေ။ထိုအစား ရေအစိမ်းကိုသာ တ်ိုက်ရိုက်ထည့်လိုက်သည်။ထို့နောက် ကြည်လင်လှသော ခရမ်းရောင်ပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။သူ အဖုံးဖွင့်လိုက်ပြီး ပုလင်းကို အနည်းငယ်စောင်းကာ သိပ်သည်းလှသော ခရမ်းအနှစ်သာရအနည်းငယ်ကို နွေဦးစမ်းရေထဲ ထည့်လိုက်သည်။


တစ်စက်က ရေကို ထိသည်နှင့် စွဲမက်ဖွယ်ကောင်းလှသော အသွင်သဏ္ဍာန်ဖြင့် တဖြေးဖြေးဖြန့်ကျက်လာသည်။ထို့နောက် နွေဦးစမ်းရေထဲ၌ ဝိညာဥ် စွမ်းအင်များအားလုံး ပေါင်းစပ်သွားသည်။


ပုဖန် ခရမ်းအနှစ်သာရဘူးကို ပြန်လည် သိမ်းဆည်းလိုက်သည်။နယ်သာရီ၏ မျက်ဝန်းလေးများက တောက်ပလင်းလက်နေသည်။သူမ၏ လျှာနီနီလေးကို ထုတ်ပြီး နှုတ်ခမ်းများကို သပ်လိုက်၏။


ငရဲဘုရင်၏ မျက်ဝန်းများကလည်း တောက်ပလင်းလက်နေသည်။


"သလင်းကျောက်အရင်းအမြစ်ရဲ့ ခရမ်းအနှစ်သာရ အဲ့ဒီ အရသာက တော်တော်လေးကောင်းတယ်..."


ပုဖန်ဆီ၌ ဒီလို အရာမျိုး ပိုင်ဆိုင်ထားလိမ့်မည်ဟု သူလုံးဝ မထင်ထားခဲ့ပေ။မျက်နာက အလွန်ပင် တည်ငြိမိနေသည်။သူ နှင်းခါးမီးတောက် သိမြင်မှုဝိုင်ကို ဆွဲထုတ်လိုက်သည်။ထို့နောက် နွေဦးစမ်းရေများအတွင်းသို့ အနည်းငယ် ရောထည့်လိုက်သည်နှင့် သင်းပျံ့သော ဝိုင်ရနံ့နှင့် သိပ်သည်းသော စိတ်ဝိညာဥ် စွမ်းအားတို့ ပေါင်းစပ်သွားသည်။


ပရိတ်သတ်များ ကြည့်လိုက်သည့်အခါ၌ မူလက ကြည်လင်နေဆဲ ဖြစ်သော ရေသည် ယခုထ်ိတိုင်အောင် ကြည်လင်နေဆဲဖြစ်သည်။သို့သော် ခပ်ဖျော့ဖျော့အလင်းရောင်လေးများ ထုတ်လွင့်နေလေသည်။ပုဖန်က ဂျုံမှုန့်များကို ဆွဲစုလိုက်ပြီးနောက် အလယ်တွင် ခွက်လေးပုံစံ ပြုလုပ်လိုက်သည်။ပြီးနောက် သူပြင်ဆင်ထားပြီးသား နွေဦးစမ်းရေများကို အလယ်ထဲသို့ လောင်းထည့်လိုက်၏။ထို့နောက် ဘေးဘက်မှ ဂျုံမှုန့်များကို ယူကာ ရေအပေါ်သို့ ဖုံးလိုက်သည်။ပြီးသည်နှင့် အထပ်ထပ်အခါခါ ရောနှော မွှေနှောက်နေလေသည်။ဂျုံမှုန့်နယ်ရာတွင် ပုဖန်၏ နည်းစနစ်ကလည်း ထူးခြားလှသည်။သူ့၏ မျက်နာက ရေကဲ့သို့ တည်ငြိမ်နေပြီး ထိုက်ချီ ကစားသကဲ့သို့ ပြုလုပ်နေလေသည်။


သူ့၏ အစစ်အမှန်စွမ်းအားများကို လက်သို့ ပို့လွှတ်လိုက်ပြီး စတင်၍ လျင်လျင်မြန်မြန်ပြုလုပ်လိုက်သည်။ဂျုံမှုန့်များက လျင်မြန်စွာ လည်ပတ်လာပြီးနောက် ဘောလုံးကဲ့သို့ လုံးဝန်းလှသော ပုံသဏ္ဍာန်ဖြစ်တည်လာသည်။


ပုဖန်၏ လက်ဖဝါးမှ စိမ့်ထွက်လာသော စွမ်းအားများကလည်း ဂျုံတုံးထဲသို့ စိမ့်ဝင်သွားသည်။အလျင်အမြန်လည်ပတ်လာသည်နှင့်အမျှ ဂျုံတုံးကလည်း တဖြေးဖြေး ကြီးမားလာသည်။


ပရိတ်သတ်များက ထိုမြင်ကွင်းကို မျက်လုံးအပြူးသားများဖြင့် တအံ့တသြကြည့်နေကြသည်။အဘယ့်ကြောင့်ဆိုသော် ၎င်းက ဖြေဖျော်ပွဲတစ်ခုနှင့်ပင် ဆင်တူလေသည်။


ရုတ်တရက် ပုဖန်၏ မျက်ဝန်းများ စူးရှလာသည်။သူလက်ဖဝါးက်ို ဖြန့်ကားလိုက်ပြီး ဂျုံလုံးကို ဖမ်းယူကာ ဖျစ်ညှစ်လိုက်သည်။ဂျုံလုံးက ချက်ချင်းပင် ကျုံ့သွားပြီး သူ့လက်ထဲတွင် ကျစ်လစ်သော အလုံးလေးတစ်လုံ ဖြစ်လာသည်။


ပုဖန်က လက်နှစ်ဖက်ဖြင့် ဂျုံလုံးကို ဆွဲ၍ ဆန့်ထုတ်လိုက်သည်။ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားမှ အလင်းရောင်တစ်ချက်လက်သွားပြီး လည်ပတ်သွားသည်။အပိုင်းများစွာ ဖြတ်တောက်ထားသော ဂျုံလုံးသေးသေးလေးများ မီးဖ်ိုခုံပေါ်သို့ ကျလာသည်။


သူ့၏ လှုပ်ရှားမှုများက စီးဆင်းနေသောရေအလျင်ကဲ့သို့ပင် လျင်မြန်သိမ်မွေ့လှ၏။ရန်ယုက ပုဖန်ကို ကြည့်လိုက်ရင်း မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။


"မင်းက ပရိတ်သတ်တွေကို လှည့်စားနေတာပဲ..."


အေးစက်စွာပြောလိုက်ပြီးသည်နှင့် ပြင်ဆင်ပြီးထားသော ဂျုံတုံးကို ဘေး၌ချထားလိုက်ပြီး အစာပလာများကို ပြင်ဆင်ရန် ပြင်လိုက်သည်။ထိုအဆင့်က အဓိကသော့ချက်ကို ဖတ်ထုပ်ထဲသို့ အစာသွတ်ခြင်း ဖြစ်သည်။


ထိုဖတ်ထုပ်အရွက်အရ ရန်ယုက ပုဖန်ကို အန်ိုင်ယူနိုင်မည်ဟု မသေချာသော်လည်း ဖတ်ထုပ်ထဲ ဖြည့်မည့် ပါဝင်ပစ္စည်းများ၏ အရည်အသွေး လုံလောက်နေသရွေ့ ပုဖန်ရှုံးနိမ့်မည်ဟု သေချာပေသည်။


ရန်ယုက ပွင့်ချပ်၈လွှာနှင်းကြာပန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့လက်ထဲမှ အရိပ်ကို လှည့်လိုက်ကာ ကြာပန်းကို နှစ်ပိုင်းပိုင်းချလိုက်သည်။ထိုအခိုက်အတန့်တွင် ပြင်းထန်လှသောစ်ိတ်ဝိညာဥ်စွမ်းအားများ ဖြာထွက်လာပြီး နေရာတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။