အပိုင်း ၇၇၅
Viewers 53k

အပိုင်း ၇၇၅

အစွမ်းကုန်သာထုတ်လိုက်တော့ ပုစွန်ပိစိရေ


အရိပ်ဖြတ်ဓားသည် အရိပ်ကိုပင်ခုတ်ပိုင်းနိုင်လောက်သည့် အရှိန်နှုန်းဖြင့်ရွေ့လျားလာသည်။


ဓား၏ မျက်နှာပြင်နှစ်ဖက်သည် မတူညီသည့်အရောင်များကို ထုတ်လွှတ်နေပေသည်။ ဓားက အရှိန်နှုန်းမြင့်မြင့်ဖြင့်ရွေ့လျားနေသောကြောင့် အရောင်များပင်မှိန်ဖျော့သွားကာ အလွန်လျှင်မြန်စွာရွေ့လျားနေကြောင်းသိသာစေသည်။


ထိုမီးဖိုချောင်သုံးဓားသည် နာမည်ကြီးသောဓားတစ်လက်ဖြစ်လေသည်။ ထိုဓားကိုအသုံးပြုပြီး ယန်ယုက ပြိုင်ဖက်များစွာကိုဖြုတ်ချခဲ့ကာ အစားကြူးဘုတ်ပြားတွင် သူ၏ထူးချွန်မှုများကိုပြသခွင့်ရခဲ့သည်။ 


အမှန်တကယ်တွင်တော့ သူအစားကြူးဘုတ်ပြား၏ထိပ်ပိုင်းတွင်ဆက်လက်ရပ်တည်ခွင့်ရခြင်းမှာ သူ၏ပြိုင်ဘက်များက အစွမ်းကုန်ထုတ်မသုံးကြသောကြောင့်ဖြစ်ပေသည်။


သို့သော်လည်း ထိုနာမည်ကြီးဓားသည် ရန်ယု၏ အချက်အပြုတ်ကျွမ်းကျင်မှုကို ပိုမိုကျစ်လျစ်စေခဲ့သည်။ ၎င်းက စားဖိုမှူးတစ်ယောက်အတွက် ဓားကောင်းတစ်လက်၏အရေးပါပုံကို ပြသနေလေသည်။


ရန်ယု၏လက်ထဲတွင်ရှိသော ပွင့်ချပ်ရှစ်လွှာနှင်းကြာပွင့်သည် စိတ်ဝိဉာဉ်စွမ်းအင်များနှင့်ပြည့်နှက်နေပေသည်။ တောက်ပနေသောနှင်းကြာပန်းထံမှ ရောင်ပြန်ဟပ်နေသည့်အလင်းများကိုကြည့်မိလိုက်ချိန်တွင် သူ့မျက်လုံးများပင်ပြာဝေသွားသည်။


ဤနှင်းကြာပွင့်ကို ရှာတွေ့ရန် သူတန်ကြေးကြီးကြီးပေးခဲ့ရသည်။ အဘယ့်ကြောင့်ဆိုသော် အချက်အပြုတ်ခရီးစဉ်ကိုစတင်လိုက်ကတည်းက ဟင်းချက်ရသည်ကိုရန်ယုသဘောကျလာတော့သည်။ ကောင်းမွန်သည့်ပါဝင်ပစ္စည်းတစ်ခုကိုရှာတွေ့ပါက သူသည်ရူးသွပ်သွားတတ်ပေသည်။


၎င်းက ရှေးဟောင်းကျောက်စိမ်းသန့်စင်နယ်မြေတွင်ရှိစဉ်က သူ၏စရိုက်နှင့်လုံးဝပင်ကွာခြားနေသည်။ ရန်ယု အစားကြူးတောင်ကြားအတွက်မည်သည့်ခံစားချက်မှမရှိပါသော်လည်း သူသည်ချက်ပြုတ်ရသည်ကို အမှန်တကယ်ကြိုက်နှစ်သက်ပေသည်။


အဘယ့်ကြောင့်ဆိုသော် သူသည်ချက်ပြုတ်ခြင်းကမ္ဘာတွင်ကျရှုံးသွားသောကြောင့်ပင်။


ယနေ့ စားဖိုမှူးပြိုင်ပွဲသည်သည် သူ့အတွက်အသက်ရှင်နိုင်မည့်အခွင့်အရေးတစ်ခုသို့မဟုတ် သူ့ကိုယ်သူသက်သေပြနိုင်သောအခွင်အရေးတစ်ခုပင်။


ပုဖန်က အစားကြူးဘုတ်ပြားပေါ်က ထပ်ဆုံးစားဖိုမှူးဆယ်ယောက်ကိုအနိုင်ယူခဲ့တာမဟုတ်လား... ဒါဆို သူသာပုဖန်ကိုနိုင်သွားမယ်ဆိုရင် သူကနိမ့်ကျသည့် လူတစ်ယောက်မဟုတ်ဘူးဟု သက်သေပြနိုင်ပေမည်။ ထို့အပြင် အထူးတန်းစားဖိုမှူးတစ်ယောက်ဟူသော သူ၏အဆင့်အတန်းသည် အစစ်အမှန်ဖြစ်သည်မှန်းလည်း သက်သေပြလိုက်နိုင်မည်ဖြစ်သည်။


၎င်းသည် ရန်ယုကိုစိတ်လှုပ်ရှားစေသောအဓိကအကြောင်းအရင်းဖြစ်လေသည်။ သူ၏ခန္ဓာကိုယ်တွင်းရှိသွေးများဆူပွက်နေသလိုပင်စိတ်လှုပ်ရှားနေပေသည်။


တောက်ပသောဓားအလင်းတန်းတစ်ခုဖြင့်ခုတ်ပိုင်းလိုက်ပြီးချိန်တွင် ဓားအလင်းသည်သဲလွန်စပင်မကျန်ပဲပျောက်ကွယ်လုနီးပါးဖြစ်သွားလေသည်။ ထို့နောက်တွင် နှင်းကြာပွင့်၏ ပွင့်ချပ်ရှစ်ခု ကြွေကျလာတော့သည်။


ပွင့်ချပ်ရှစ်ခုသည် ပင်မကိုယ်ထည်မှကြွေကျပြီးသည်နှင့် ၎င်းတို့သည် လေထဲတွင်ဝေ့ဝဲနေကာ ခဏအကြာမှသာ ရန်ယုပြင်ဆင်ထားသော ကျောက်စိမ်းပန်းကန်ထဲသို့တဖြေးဖြေးချင်းကျဆင်းလာလေသည်။ ၎င်းတို့သည် စာရွက်တစ်ရွက်ကဲ့သို့ပါးလွှာသော ရေခဲလွှာတစ်ခုနှင့်တူပြီး နောက်တစ်စက္ကန့်အကြာတွင်ပင် အရည်ပျော်သွားတော့မည်ဟုထင်ရပေသည်။


ရန်ယု၏ အစစ်အမှန်စွမ်းအင်များသည် ပိုးချည်မျှင်တစ်ခုကဲ့သို့ထွက်လာကာ ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလျလှသော ပွင့်ချပ်ရှစ်လွှာနှင်းကြာပန်းကိုကာကွယ်လိုက်သည်။


ထို့နောက်တွင် သူ့လက်ထဲတွင်ရှိသော မီးဖိုချောင်သုံးဓားဖြင့် ထိုကြာပွင့်ကိုကိုင်တွယ်ပြင်ဆင်ရပေမည်။


ဓားအလင်းသည် သဲလွန်စပင်မကျန်ခဲ့ချေ။ အောက်သို့ခုတ်ပိုင်းချလိုက်ပြီးချိန်တွင် နို့နှစ်ရောင် နှင်းကြာပွင့်သည်ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာပိုင်းဖြတ်ခြင်းခံရကာ အထဲမှ အဖြူရောင်အရည်များထွက်လာတော့သည်။


ရန်ယု၏မျက်လုံးများကစူးရှလာကာ သူ့လက်သည်လည်းလျှင်မြန်လာပေသည်။ ကျောက်စိမ်းပန်းကန်လုံးတစ်ခုကိုထုတ်ယူလိုက်ပြီး နှင်းကြာပွင့်မှထွက်လာသည့် အရည်များကိုဖမ်းယူလိုက်သည်။


ထိုနို့နှစ်ရောင်အရည်မှ သိပ်သည်းလှစွာသောအနံ့တစ်ခုက လေနှင့်အတူပါလာပြီး စိတ်အေးချမ်းစေသောအနံ့တစ်ခုကိုယူဆောင်ပေးလေသည်။ ထိုရနံ့လေးကလေထဲတွင်ရစ်ဝဲနေပြီး ပိုးသားအထည်များကဲ့သို့နူးညံ့နေကာ လူတိုင်း၏စိတ်နှလုံးကို သက်တောင့်သက်သာရှိစေသည်။


ထိုစိတ်အေးချမ်းစေသည့်အနံ့ကိုထုတ်လွှတ်ပေးသော နို့နှစ်ရောင်အရည်သည် ဤနှစ်ရှစ်ထောင်သက်တမ်းရှိသော ဆေးပင်၏အဆီအနှစ်ပင်။ ထိုအဆီအနှစ်သည် ခဏခဏ အလင်းရောင်များထုတ်လွှတ်နေပေသည်။


၎င်းက လူတိုင်းထိုပန်းကန်လုံးလေးကိုမျက်စောင်းမထိုးမိစေရန် မထိန်းချုပ်နိုင်ပဲဖြစ်စေသည်။


ရန်ယု၏မျက်နှာတွင်တော့ ယစ်မူးပျော်ဝင်နေသာအမူအယာရှိနေလေသည်။


သူသည် ပွင့်ချပ်များကို ပြန်သိမ်းယူကာကျောက်စိမ်းပန်းကန်လုံးလေးထဲတွင်ထည့်လိုက်သည်။ ထိုအချိန်တွင် ပွင့်ချပ်များသည်ကျောက်စိမ်းပန်းကန်လုံးထဲရှိ နို့နှစ်ရောင်အရည်ကိုစုပ်ယူပြီးနောက် အသက်ပြန်ဝင်လာသကဲ့သို့ဖြစ်လာသည်။


ထို့နောက် ရန်ယု ဖက်ထုပ်ထဲထည့်ရမည့်အစာများကိုပြုလုပ်လိုက်သည်။


သူ အဆင့်မြင့်ပါဝင်ပစ္စည်းများကိုဆွဲထုတ်လိုက်သည်။ ၎င်းတို့က ပွင့်ချပ်ရှစ်လွှာရေခဲကြာပွင့်လောက် အဆင့်မမြင့်ကြသော်လည်း ၎င်းတို့ကို ပုံမှန်ပါဝင်ပစ္စည်းများထဲတွင်ရှားပါးသောအရာများဟုသတ်မှတ်နိုင်ပေသည်။


အရိပ်ခုတ်ပိုင်းဓားသည် ရန်ယု၏အဖြတ်အတောက်ကျွမ်းကျင်မှုကို အမြင့်ဆုံးအခြေအနေအထိတွန်းပို့ထား၏။ ပွဲကြည့် ပရိတ်သတ်များက ဓားကိုအရိပ်ပင်မမြင်နိုင်ပဲ အလင်းတန်းများကိုသာမြင်နိုင်ချေသည်။ ရန်ယု၏လက်ဝှေ့ယမ်းလိုက်သည့်နေရာတိုင်းတွင် ဓားအလင်းတောက်ပသည်ကိုသာတွေ့ရသည်။ သူတို့မြင်ရသည့်နောက်တစ်မျိုးမှာ ပါဝင်ပစ္စည်းများ နုတ်နုတ်ဆင်းခံလိုက်ရသည်ကိုပင်။


စိတ်ဝိဉာဉ်သားရဲ၏အသား၊ ဆေးဘက်ဝင်အပင်များ နှင့်အခြားအရာများသည် အတူတူရောမွှေခြင်းခံလိုက်ရလေသည်။ ရောမွှေထားခြင်းခံရသော ပါဝင်ပစ္စည်းများ၏အရောင်သည် မနှိုင်းယှဉ်နိုင်လောက်အောင်တောက်ပနေပေသည်။


ရေခဲအနည်းငယ်ထည့်ပြီး စတင်၍နယ်နှပ်လိုက်သည်။


နောက်ဆုံးတွင် ရန်ယုသည် ခေါင်းမော့ကြည့်ရန်စိတ်ပြောင်းသွားတော့သည်။ ပုဖန်ဘက်ကိုလှည့်ကြည့်ကာ သူ၏ ပွင့်ချပ်ရှစ်လွှာနှင်းကြာပွင့်ကိုအန်တုနိုင်ရန် မည်သည့်ပါဝင်ပစ္စည်းကိုထုတ်သုံးမလဲ ဟူ၍သိချင်နေပေသည်။


ထိုအချိန်တွင် ပုဖန်သည်စနစ်၏သိုလှောင်နယ်မြေမှပါဝင်ပစ္စည်းများကိုထုတ်ယူလိုက်သည်။ ပုဖန်ထုတ်ယူလိုက်သော ပါဝင်ပစ္စည်းများကိုကြည့်ပြီး လူတိုင်းအံ့ဩကာ တောင့်တင်းသွားကြတော့သည်။


ပါဝင်ပစ္စည်းများ၏အဆင့်သည်မနိမ့်သော်လည်း ရန်ယု၏ပါဝင်ပစ္စည်းများနှင့်ယှဉ်ကြည့်ပါက အားနည်းပေသည်။ ထို့အပြင် ပုဖန်သည် ပွင့်ချပ်ရှစ်လွှာနှင်းကြာပွင့်ကိုယှဉ်ပြိုင်မည့် မည့်သည့်ပါဝင်ပစ္စည်းကိုမှမထုတ်ယူခဲ့ချေ။


ပွဲကြည့်ပရိတ်သတ်များက အနည်းငယ်မကျေမနပ်ဖြစ်သွားကာ အချို့ကနောင်တရပြီးခေါင်းခါနေကြသည်။


မျှော်လင့်ထားသည့်အတိုင်းပင် ပုဖန်သာ ထောင်တျဲ၏အသားကိုအသုံးမပြုနိုင်သောကြောင့် မေးခွန်းပင်မထုတ်နိုင်ပဲရှုံးနိမ့်တော့မည်ဖြစ်ပေသည်။ သာမန်ပါဝင်ပစ္စည်းများက ရန်ယု၏ ပွင့်ချပ်ရှစ်လွှာနှင်းကြာပွင့်ကိုမည်ကဲ့သို့ယှဉ်နိုင်မည်နည်း။


သို့သော် ပွဲကြည့်ပရိတ်သတ်များထဲတွင် အစားကြူးဘုတ်ပြားတွင်စာရင်းဝင်သော စားဖိုမှူးကြီးများရှိပေသည်။ 


သာမန်လူများက ပုဖန်၏ပါဝင်ပစ္စည်းများရှိထူးခြားမှုကိုမမြင်နိုင်သော်လည်း ထိုစားဖိုမှူးကြီးများကတော့ တစ်ချက်ကြည့်ရုံမျှပင် သူ၏ပါဝင်ပစ္စည်းများကိုဖောက်ထွင်းမြင်နိုင်သည်။


ထိုအရာများထဲတွင် အချို့ကလေပေါ်မှာပျံဝဲကြပြီး အချို့ကမြေပေါ်လမ်းလျှောက်ကြကာ အချို့က ပင်လယ်တွင်ကူးခတ်ကြလေပြီး... ကွဲပြားခြားနားသောပါဝင်ပစ္စည်းအမျိုးအစားပေါင်းများစွာကိုပြင်ဆင်ထားလေသည်။ ပါဝင်ပစ္စည်းအမျိုးအစားပေါင်းများစွာကို အတူတကွရောနှောခြင်းသည် ၎င်းတို့ကိုပြင်ဆင်ရန် စားဖိုမှူးတစ်ယောက်အတွက်ကြီးမားသောစိန်ခေါ်မှုကြီးပင်။


ပါဝင်ပစ္စည်းအမျိုးအစားတစ်ခုကိုသာ ကောင်းမွန်စွာမပြင်ဆင်နိုင်ခဲ့ပါက ဟင်းပွဲတစ်ခုလုံး၏အရသာသည်ပျက်ဆီးသွားပေလိမ့်မည်။


စားသောက်ဆိုင်အပြင်ဘက်တွင် မူချန်သည် သစ်ပင်တစ်ပင်ပေါ်ရပ်နေကာ လေအေးတစ်ချက်ရှူရှိုက်လိုက်သည်။


"ပုဖန်ဆိုတဲ့ကောင်လေးက တကယ်သတ္တိရှိတာပဲ ...သူကအဲ့လိုတောင်မှချက်ရဲတယ်ပေါ့လေ ..."


ဘေးဘက်တွင်တော့ ဝမ်ရန်ရှန်း(Wen Ren Shang) ပြုံးရင်းဝိုင်သောက်လိုက်ကာ ပြောလိုက်သည်

"အဲ့တာက အဲ့ကလေးအတွက်ပုံမှန်ပဲလေ.. သူ့ရဲ့ ပါရမီကနှိုင်းယှဉ်မရအောင်မြင့်ပြီး သူ့ရဲ့ဖန်တီးနိုင်စွမ်းက နင်ရောငါရော မယှဉ်ပြိုင်နိုင်တဲ့နေရာမှာရှိနေတာ... ဒါ့အပြင် သူ့ရဲ့သတ္တိ.. ဘာဖြစ်ဖြစ်ရှေ့ဆက်တိုးရဲတဲ့သူ့ရဲ့သတ္တိကငါအလေးစားဆုံးအရာပဲ... ငါခံစားမိတယ်....."


သို့သော် ဝမ်ရန်ရှန်းသည် ရပ်သွားပြီး ပါးစပ်အပြည့်ဝိုင်တစ်ငုံသောက်လိုက်သည်။ ဝိုင်များက သူ၏လည်ချောင်ထဲသို့ ဖြေးဖြေးလေးစီးဆင်းသွားသည်။ သူသည် စိတ်ကျေနပ်သွားသောကြောင့် ကျေနပ်မှုဖြင့် သက်ပြင်းချလိုက်ပြီးသူ့ကိုယ်သူမထိန်းချုပ်နိုင်တော့ပဲ အော်ဟစ်ရယ်မောလိုက်တော့သည်။


"ဘာဖြစ်တာလဲ"

ထူးထူးဆန်းဆန်းပြုမူနေသော ဝမ်ရန်ရှန်းကိုကြည့်ပြီး မူချန်မေးလိုက်သည်။


ဝမ်ရန်ရှန်သူ့ပါးစပ်သူသုတ်လိုက်ပြီး အရက်နံ့ထောင်းထောင်းထနေသော လေချဉ်တစ်ချက်တက်လိုက်လေသည်။


"အဲ့ကလေးရဲ့ပစ်မှတ်က ...မဟာကြယ်တာရာပင်လယ်လို့ ငါခံစားနေရတယ်"


ထိုစကားလုံးများကိုကြားပြီးနောက်တွင် မူချန်သည် မျက်ဆန်ပင်လှန်မိလိုက်သည်။


လက်ထဲတွင်ရှိသောစာအုပ်ကိုခပ်ဖွဖွပွတ်သပ်ရင်း မိုလျှိုကျိ၏မျက်နှာတင်းမာခက်ထန်လာသည်။

"အဲ့တာသာတကယ်ဆို စားဖိုမှူးပြိုင်ပွဲမှာသူနိုင် နိုင်ခြေတိုးသွားနိုင်တယ်.."


ထိုစကားကိုကြားရပြီးချိန်တွင် မူချန်နောက်တစ်ကြိမ်မျက်ဆန်လှန်မိပြန်သည်။



များပြားလှသောပါဝင်ပစ္စည်းများကိုကြည့်ရင်း ပုဖန်၏မျက်လုံးထဲတွင်အလင်းရောင်များတောက်ပနေပေ တော့သည်။


ဖက်ထုပ်အစာများကိုပြုလုပ်ရာတွင် ဤပါဝင်ပစ္စည်းများစွာကိုအတူတကွရောနှောပစ်ရန်လိုအပ်လေသည်။ မတူညီသည့်ပါဝင်ပစ္စည်းတိုင်းတွင် အနံ့အရသာအတွက်တင်းကြပ်သောလိုအပ်မှုများစွာရှိလေပြီး ပါဝင်ပစ္စည်းတစ်ခုကိုကောင်းကောင်းမွန်မွန်မရောနှောမိပါက ဟင်းပွဲတစ်ခုလုံးပျက်ဆီးသွားပေမည်။


ဤစိန်ခေါ်ပွဲသည် သူ့အတွက်အလွန်အမင်းအရေးကြီးသောကြောင့် ပုဖန်ရှုံးနိမ့်၍မဖြစ်ပါချေ။


သူ၏ ပါဝင်ပစ္စည်းများကို သတိပြုမိလိုက်သောစားဖိုမှူးများသည် လေအေးတစ်ချက်ရှူသွင်းလိုက်မိပြီး ထိုမြင်ကွင်းကိုမျက်တောင်မခတ်စတမ်းကြည့်နေကြသည်။


ဖျော်ဖြေပွဲတစ်ခုအဖြစ်ကြည့်ရန်လာသောသူများက တောက်ပနေသောပါဝင်ပစ္စည်းများကိုစူးစိုက်ကြည့်နေကြသည်။ ပုဖန်က အလွန်များပြားသောပါဝင်ပစ္စည်းများကို ကိုင်တွယ်ပြင်ဆင်ရမည်ကိုသိရှိကြလေပြီး ၎င်းကအလွန်အမင်းချဲ့ကားနေသလိုဖြစ်နေသည်။


ပုဖန်၏လက်ထဲတွင်အစိမ်းရောင်မီးခိုးငွေ့များလည်ပတ်လာပြီး မဟူရးလိပ်ခုံးဒယ်အိုးပေါ်ထွက်လာသည်။ ခြေတစ်လှမ်းဆုတ်လိုက်ပြီး ပါးစပ်ဖွင့်လိုက်ကာ နီရွှေရွှေအဆင်းရှိသောမီးတောက်ကိုမှုတ်ထုတ်လိုက်ပြီး မဟူရာလိပ်ခုံးဒယ်အိုးထဲရှိ နွေဦးစိတ်ဝိဉာဉ်ရေကို ရုတ်ချည်းပင်ဆူပွက်သွားစေသည်။


ဒယ်ဇောက်အိုးထဲရှိရေများဆူပွက်လာသည်နှင့် ပုဖန်မျက်လုံးကိုမှေးကျဉ်းလိုက်ကာ သူ့ပခုံးပေါ်တွင်လှဲလျောင်းနေရင်း ပူပေါင်းလေးများကိုမှုတ်ထုတ်နေသောပုစွန်ပိစိကိုခေါင်းစောင်း၍ကြည့်လိုက်သည်။


ပုစွန်ပိစိသည် ၎င်း၏အချိန်များကို ပျင်းပျင်းရိရိဖြတ်ကျော်နေပေသည်။ ပုဖန်သူ့ကို ကောက်ယူလိုက်ပြီး ပြောလိုက်သည်

"ဒီထဲမှာရေကောင်းကောင်းဝင်ချိုးပြီး မင်းကိုယ်မင်းစိတ်ရှိလက်ရှိအစွမ်းတွေထုတ်ပြလိုက်တော့..."

 

ထိုသို့ပြောပြီးနောက်တွင် ပုဖန်၏လက်သည် ပုစွန်ပိစိ၏ခေါင်းကိုငြင်သာစွာပွတ်ပေးလိုက်တော့သည်။


ကမ္ဘာကြီးဘာတွေဖြစ်နေလဲပင်မသိတော့သလိုပင် ပုစွန်ပိစိ၏မျက်လုံးများသည်လည်ပတ်လာတော၏။သို့သော် ခဏအကြာတွင် ပုဖန်သည် ၎င်းကိုဆုပ်ကိုင်ထားသည်ကိုဖြေလျော့ချလိုက်သည်။


ပုစွန်ပိစိ၏ခန္ဓာကိုယ်လေးသည် မဟူရာလိပ်ခုံးဒယ်အိုးထဲရှိ ပွက်ပွက်ဆူနေသောရေထဲသို့ပြုတ်ကျသွားလေသည်။


ပလုံကနဲမြည်သံဖြင့် ရေများနေရာအနှံ့သို့လွင့်စင်သွားသည်။


လူတိုင်း လေအေးတစ်ချက်ရှူရှိုက်မိကြသည်။


ဘုရားရေ... သနားစရာကောင်းတဲ့ပုစွန်သေးသေးလေးက တကယ်ကြီးအချက်ခံရတော့မယ်...


အဝေးတစ်နေရာတွင် ဝှိုက်တီဆီမှ တရွတ်တိုက်ဆွဲခြင်းခံနေရသော မဟာအဖြူသည် ရုတ်တရက် ရင်ခေါင်းသံကြီးနှင့် ဆွဲဆွဲငင်ငင်အော်ဟစ်လိုက်သည်။သူ့လက်တွေက မြေပြင်ကိုကုတ်တွယ်ထားသောကြောင့် အပေါ်ယံမြေလွှာပေါ်တွင် စွတ်ကြောင်းကြီးများကျန်ရစ်ခဲ့ပြီး ကျောက်တုန်းများကိုကွဲအက်စေကာ ဖုန်မှုန့်များကို နေရာတိုင်းသို့ပျံထွက်သွားစေသည်။


"ပုစွန်ဘိုးဘေး... ဘိုးဘေးကျွန်တော့်ကို တွဲဘက်အဖြစ် အတူလက်တွဲကြမယ်လို့ ကတိပေးထားတာလေ... ကျွန်တော်တို့ကအချင်းချင်းအကူအညီပေးသင့်တာကို...ဘိုးဘေးရဲ့ ချစ်စရာအဖြူလေးကိုစွန့်ပစ်လို့မရဘူးနော်...."


ဝှိုက်တီ၏ မီးခိုရောင်မျက်လုံးများကတောက်ပလာ မဟာအဖြူ၏ခေါင်းကို နတ်ဘုရားသတ်တုတ်ဖြင့်လွှဲရိုက်လိုက်တော့သည်။


မဟာအဖြူက ချက်ချင်းပင်မေ့မျောသွားပြီး တရွတ်တိုက်ဆွဲသွားခြင်းခံလိုက်ရသည်။ သူ့ကိုယ်သူပြဇာတ်ထဲသွင်းနေသောသူသည် 

ပါးစပ်ပိတ်သွားပြီးဆွဲခေါ်ခံသွားရ‌သည်။


ပုဖန်ကတော့ ပုံမှန်အတိုင်း ဂရုပင်မစိုက်ချေ။


ပုစွန်ပိစိက ဆူပွက်နေတဲ့ရေထဲမှာ သေသွားအောင်အချက်ခံရမှာတဲ့လား... ပူစပ်စပ်ငရုပ်အနှစ်ကိုသာမပေါင်းထည့်ရင် ပုစွန်ပိစိကဂရုတောင်စိုက်မှာမဟုတ်ဘူး ...အပူချိန်မြင့်လေလေ ဒီကောင်က သက်တောင့်သက်သာရှိလေပဲ..


ခဏအကြာတွင် ၎င်း၏ခန္ဓာကိုယ်မှထွက်လာသော ရွှေရောင်စွမ်းအင်များက သိပ်သည်းသည်ထက် သိပ်သည်းလာသည်။


ဟူး


အစိမ်းရောက်မီးခိုးငွေ့များက ပုဖန်၏လက်ထဲတွင်ပေါ်လာပြီး ခဏအကြာတွင် အနက်ရောင် နဂါးအရိုးမီးဖိုချောင်သုံးဓား သူ့လက်ထဲတွင်ပေါ်လာသည်။


သူ့လက်ဖဝါးရှိကြွက်သားများကိုအသုံးပြုပြီး နဂါးအရိုးမီးဖိုချောင်သုံးဓားကိုဝေ့ယမ်းလိုက်သည်။ ခဏမျှကစားပြီးသည့်အချိန်တွင် မီးဖိုချောင်သုံးဓားဖြင့် လှန်ချလိုက်ပြီး ပါဝင်ပစ္စည်းများကိုလေပေါ်ပျံဝဲသွားစေသည်။


ခဏအကြာတွင် ပုဖန်က သူ၏ဖြတ်တောက်ခြင်းနည်းပညာများကိုထုတ်ဖော်ပြသလိုက်ပေသည်။


ကြယ်ပျံဖြတ်တောက်ခြင်းနည်းပညာသည် ပြီးပြည့်စုံသည့်အခြေအနေတွင်ရှိနေပြီး ဓားဆယ့်သုံးချက်အရှင်သခင်မှ ကိုးချက်မြောက်ခုတ်ပိုင်းချက်ကိုပါပေါင်းထည့်လိုက်ပါက ယခုပုဖန်၏ဖြတ်တောက်ခြင်းနည်းပညာသည် အစားကြူးတောင်ကြားရှိလူတိုင်းကို ချေမှုန်းပစ်ရန်ပင်လုံလောင်နေချေပြီ။


ပုဖန်၏မီးဖိုချောင်သုံးဓားက ပျံသန်းဝေ့ဝိုက်နေကာမရေမတွက်နိုင်သော ပါဝင်ပစ္စည်းများကို အစိတ်စိတ်လှီးဖြတ်လိုက်သည်ကို လူတိုင်းအံ့အားတသင့်နှင့်ကြည့်နေကြသည်။ ရွေ့လျားနေသောတိမ်နှင့် စီးဆင်းနေသောနေများလိုပင် ပါဝင်ပစ္စည်း အကုန်လုံးက ဒယ်အိုးထဲသို့ ပလုံ ဟူသောမြည်သံများဖြင့် ကျဆင်းသွားကြပေသည်။


နောက်ထပ် စိတ်ဝိဉာဉ်ငှက်သားရဲတစ်ကောင်သည် ပုဖန်၏ဓားသွားအောက်တွင် ဖိထားခြင်းခံရသည်။မီးဖိုချောင်သုံးကိုဝေ့ယမ်းလိုက်သည်နှင့် စုတ်ဖြဲသံများထွက်ပေါ်လာကာ ထိုငှက်သားရဲ၏အရိုးနှင့်အသားများ တစ်ခုဆီဖြစ်သွားလေသည်။


အသားပြည့်ပြည့်နှင့်ငါးတစ်ကောင်သည် အတူတူပင်ဖြစ်ကာ ၎င်း၏ကြေးခွံများသည်လည်းလေပေါ်ဝဲပျံသွားပြီး ငါးအရိုးနှင့်အသားများသည် သန့်ရှင်းသပ်ရပ်စွာခွဲခြမ်းခြင်းခံလိုက်ရသည်။


ပရိတ်သတ်များ၏ အံ့အားသင့်နေသည့်အကြည့်များအောက်တွင် မရေမတွက်နိုင်သောဓားအလင်းများပေါ်ထွက်နေပေသည်။ ပါဝင်ပစ္စည်းများ အစိတ်စိတ်အမွှာမွှာဖြစ်သွားသည်မှာ ကြယ်ကြွေများစွာက ကောင်းကင်ယံကိုဖြတ်သန်းသွားသကဲ့သို့ပင်ဖြစ်နေလေသည်။


ပလုံ ပလုံ ပလုံ


မရေမတွက်နိုင်သော ပါဝင်ပစ္စည်းများက မိုးရေးစက်များကဲ့သို့ မဟူရာလိပ်ခုံးဒယ်အိုးထဲသို့ကျဆင်းသွားသည်။


ပုစွန်ပိစိ၏ခြေထောက်များက မဟူရာလိပ်ခုံးဒယ်အိုးထဲတွင် ရွေ့လျားနေသည်။ ၎င်းကစက်ဝိုင်းသဏ္ဍာန်ကူးခတ်နေကာ ၎င်း၏ပြူးကျယ်နေသောမျက်လုံးများက လည်နေလေသည်။ ပျော်ပျော်ရွှင်ရွှင်ကစားနေသကဲ့သို့ ကျွမ်းပင်ထိုးလိုက်သေးသည်။ ၎င်း၏ရှည်လျားသောဦးမှင်တံများက ညင်သာစွာဝေ့ယမ်းနေပြီး ၎င်း၏နှလုံးသားထဲတွင်ခံစားနေရသောပျော်ရွှင်မှုများကိုထုတ်ဖော်ပြနေလေသည်။


ရွှေရောင်စွမ်းအင်များစွာစိမ့်ထွက်လာပြီး ပါဝင်ပစ္စည်းများက ၎င်းတို့ကိုစုပ်ယူလိုက်သည်။


အချိန်ခဏကြာပြီးနောက် ပုဖန်လက်ကိုဝေ့ယမ်းလိုက်ကာ ပါဝင်ပစ္စည်းအားလုံးကို ဒယ်အိုးထဲသို့ပစ်ထည့်လိုက်သည်။


ထို့နောက် ထိုပါဝင်ပစ္စည်းများစွာကို ရေခဲထဲသို့စိမ်လိုက်သည်။ ၎င်းတို့က ကောင်းစချက်ပြုတ်ပြီးသားဖြစ်လေသည်။ ပုစွန်ပိစိ၏ခန္ဓာကိုယ်မှထွက်သော စွမ်းအင်များကြောင့် ထိုပါဝင်ပစ္စည်းများသည် ပုံမှန်မဟုတ်ပဲတောက်ပနေကာ အမြင်အာရုံကိုဖမ်းစားနေတော့သည်။


အခြားသူများက ပါဝင်ပစ္စည်းများတွင်ရှိနေသော ပဟေဠိဆန်ဆန်စွမ်းရည်များကိုမသိကြသော်လည်း ပုဖန်ကတော့ မသိပဲမနေချေ။


အိုးကြီးတစ်လုံးကိုဆွဲထုတ်လိုက်ပြီး ပါဝင်ပစ္စည်းအကုန်လုံးကိုရောထည့်ကာ စတင်၍နယ်နှပ်လိုက်သည်။


ပုဖန် လက်သီးဆုပ်နှစ်ခုစာခန့်ရှိသော စိတ်ဝိဉာဉ်သားရဲဥတစ်လုံးကိုထုတ်ယူလိုက်သည်။ ထိုစိတ်ဝိဉာဉ်သားရဲဥ၏အခွံတွင် အစိမ်းဖျော့ရောင်အစက်အပျောက်များစွာရှိနေသည်။


မီးဖိုချောင်သုံးဓားအနောက်ဘက်ဖြင့် ခပ်ဖွဖွခေါက်လိုက်သောအခါ ဥခွံကွဲအက်၍ပွင့်သွားပေသည်။


ပုဖန်၏လက်ထဲရှိ အစစ်အမှန်စွမ်းအင်များသည်လည်ပတ်လာကာ ထိုဥကို ဖက်ထုပ်အစာပလာများထဲသို့မထည့်ခင် မွှေနှောက်လိုက်လေသည်။ ထို့နောက်တွင် သူဆက်လက်၍နယ်နှပ်လိုက်သည်။


ဘေးဘက်နားမှ ယန်ယု၏ ဖက်ထုပ်အစာပလာများသည်ပြင်ဆင်၍ပြီးဆုံးသွားချေပြီ။ ပွင့်ချပ်ရှစ်လွှာနှင်းကြာပွင့်သည် ထိုအစာပလာများနှင့်ရောနှောနေကာ တောက်ပနေသောအလင်းတန်းများကိုထုတ်လွှတ်နေပေသည်။


ပုဖန်၏ သာမန်ဖြစ်သည့် ဖက်ထုပ်အစာပလာများသူ့သည် သူ့ကိုယ်ပိုင်အစာပလာများနှင့်ယှဉ်ပါက အပြတ်သားနားနေသည်ဟု ရန်ယုခံစားရလေသည်။


"ပွင့်ချပ်ရှစ်လွှာနှင်းကြာပွင့်အဆင့်လောက်ရှိတဲ့ ပါဝင်ပစ္စည်းတစ်ခုမှမရှိတော့ မင်းလုပ်သမျှကဖြုန်းတီးတာပဲဖြစ်နေမှာ.."

၎င်းကိုပြောနေရင်း ရန်ယု၏ပါးစပ်မှ အအေးဓာတ်များထုတ်လွှတ်နေသည်။


ထို့နောက် သူဂျုံ့လုံးတစ်ခုကိုဆွဲထုတ်လိုက်သည်။ သူ့လက်ဖဝါးထဲတွင်ဆုပ်နယ်ခံရပြီး ၎င်းက ပြည့်ဖောင်းဖောင်း ဖက်ထုပ်သားတစ်ခုဖြစ်လာတော့သည်။


ရန်ယုခေါင်းမော့လိုက်ပြီး နတ်ဆိုးဆန်ဆန်ပြုံးလိုက်သည်။


ချက်ချင်းပင် ဖက်ထုပ်ထုပ်ခြင်းအမှုကပြီးစီးသွားပြီ ဖက်ထုပ်တစ်ခုစီတွင် ခေါက်တွန့်ရာဆယ့်နှစ်ခုစီရှိနေသည်။


ဘေးဘက်နားတွင် ပုဖန်သည်လည်း ဖက်ထုပ်များကိုအသေးစိတ် ထုပ်ပိုးနေလေသည်။


စားဖိုမှူးပြိုင်ပွဲ၏နောက်ဆုံးအဆင့်သို့ရောက်လာပုံပေါ်သောကြောင့် လူတိုင်းအသက်အောင့်လိုက်မိသည်။