အပိုင်း ၇၇၇
Viewers 53k

အပိုင်း ၇၇၇

အဲ့ဒီ့ဖက်ထုပ်တွေက ဒီဘုရင်ရဲ့အစပ်ချောင်းတွေနဲ့တောင်မယှဉ်နိုင်ဘူး


ပျော်ရွှင်ခြင်းလေးမျိုးလခြမ်းကွေးဖက်ထုပ်များ....


ဖက်ထုပ်များကို မတူညီသည့်ချက်ပြုတ်နည်းလေးမျိုးဖြင့်ချက်ပြုတ်ထားလေသည်။ လေပေါ်ပျံဝဲသည်ကတစ်မျိုး မြေပေါ်လမ်းလျှောက်သည်ကတစ်ဖုံ ပင်လယ်ထဲကူးခတ်သည်ကတစ်ပုံစံနှင့် မြေပြင်၌ကြီးထွားပေါက်ရောက်သည်ကတစ်ခု ထိုထိုသောအရာမျိုးစုံဖြင့် မတူညီကွဲပြားခြားနားသောပါဝင်ပစ္စည်းများ တွဲဖက်ပါဝင်နေသောကြောင့် ပုဖန်ပြုလုပ်သောဟင်းပွဲသည် အမှန်တကယ်ပင် ပုံစံလေးမျိုးဖြစ်လေသည်။


နောက်ဆုံးတွင်တော့ ပရိတ်သတ်များသည် ပုဖန်ကထိုပါဝင်ပစ္စည်းများကိုရည်ရွယ်ချက်ရှိရှိဖြင့်ရွေးချယ်ခဲ့သည်မှန်း သတိပြုမိကြတော့သည်။


၎င်းက တီထွင်ဖန်တီးထားသောဟင်းပွဲပင်။အမှန်တရားကိုရှာဖွေတွေ့ရှိသွားသည်နှင့် လူများစွာက ပုဖန်၏ရည်ရွယ်ချက်ကိုရိပ်မိသွားကြသည်။


ပြတင်းပေါက်အပြင်ဘက်တွင် မူချန်နှင့်အခြားသူများသည်လည်း ထိန့်လန့်သွားပေသည်။ မျက်မိများ ကျဉ်းမြောင်းသွားကာ သူတို့၏လည်ပင်းကို အလိုအလျောက်ပင်ဆန့်ထုတ်မိပြီး မျက်နှာပေါ်တွင်အံ့အားသင့်နေသောအရိပ်အယောင်များဖြတ်ပေးသွားသည်။


ပျော်ရွှင်ခြင်းလေးမျိုးလခြမ်းကွေးဖက်ထုပ်...

၎င်းသည် ပုံမှန်နှင့်ကွဲထွက်နေသောဟင်းပွဲတစ်ခုပင်။


ကနဦးက သူတို့သည် ပုဖန်က သူ၏ဖက်ထုပ်ဖက်ထုပ်အိုးကပ်ကြော်ကိုသာအသုံးပြုပြီး စားဖိုမှူးပြိုင်ပွဲကိုကျော်ဖြတ်မည်ဟုတွေးထင်ခဲ့ကြသည်။ သို့သော် ပုဖန်သည် ဖက်ထုပ်များကိုချက်ပြုတ်နည်းလေးမျိုးဖြင့်ချက်ပြုတ်ရန်ရွေးချယ်လိုက်သည်ကို သတိပြုမိခဲ့သည်။


ဤသို့ပြင်ဆင်ထားသောဖက်ထုပ်များသည် လူများစွာအတွက်ဆန်းသစ်သောအရသာကိုပေးစွမ်းကာ စားသောက်ချင်စိတ်ကိုမြင့်တက်လာစေသည်။


ရန်ယု၏ကြည်လင်သလင်းနှင်းကြာပွင့်ဖက်ထုပ်များသည်လည်း အဆင်သင့်ဖြစ်နေချေပြီ။ အငွေ့များကလေနှင့်အတူမြင့်တက်လာသည်နှင့် လူတိုင်းအေးစိမ့်စိမ့်ခံစားချက်ကိုခံစားလိုက်ရသည်။


ဖက်ထုပ်များကို ရေခဲများသကဲ့သို့ဖန်တီးထားသည်။ ဖက်ထုပ်အရွက်သည်ဖောက်ထွင်းမြင်နေရကာ အထဲရှိအစာများက အလင်းရောင်များတောက်ပနေကာ အလွန်အမင်းဝင်းလက်နေပေသည်။ ခြုံငုံသုံးသပ်ကြည့်လျှင် ၎င်းက မယုံနိုင်လောက်အောင်တောက်ပနေသည်။


နေရောင်ခြည်၏ အလင်းအောက်တွင် အထူးပြုလုပ်ထားသော၎င်း၏ဆော့စ်နှင့်အတူ ဖက်ထုပ်များသည် မျက်စိကျိန်းစေသောအလင်းတန်းများကိုထုတ်လွှတ်နေပြီး ၎င်းတို့ကိုအလွန်အမင်းလှပသွားစေသည်။ 


ထိုဟင်းပွဲနှစ်ခုက လူများစွာကိုထိန်လန့်သွားစေသည်။ သူတို့၏နှလုံးသားထဲတွင် မျော်လင့်ချက်ရောင်ခြည်များသန်းလာသည်။


ထို့အပြင် ဤစားဖိုမှူးပြိုင်ပွဲ၏ ဒိုင်လူကြီးများမှာမည်သူဖြစ်သည်မှန်းမသိကြပေ။


လူတိုင်း၏မျက်လုံးထဲတွင် တုံ့ဆိုင်းမှုများပြည့်နေပြီး အချင်းချင်းကြည့်နေကြသည်။ သူတို့ထဲကဘယ့်သူကမှ ဒိုင်လူကြီးဖြစ်လာမည်မှန်းမသိကြချေ။


သို့သော် ထိုတုံ့ဆိုင်းမှုသည် ကြာကြာပင်မခံလိုက်ချေ။ လူတိုင်းနောက်အခိုက်အတန့်တွင်လန့်သွားကြပေသည်။


ခေါက်ဆွဲဘုရင်ချွီရန်ချန်ဖုန်းသည် ဤစားဖိုမှူးပြိုင်ပွဲ၏ ဒိုင်လူကြီးတစ်ယောက်သေချာပေါက်ဖြစ်လာမည်ဖြစ်သောကြောင့် သူတို့ထဲမှလေးယောက်အတွက်သာနေရာကျန်ရှိပေတော့သည်။


နယ်သာရီသည် စကားတစ်ခွန်းမှမပြောပဲ ဒိုင်လူကြီးများအတွက်ပြင်ဆင်ထားသောခုန်ပေါ်သို့ထိုင်ချလိုက်သည်။


ရှောင်ယနှင့် ပန်းပွင့်လေးသည် အချင်းချင်းလက်တွဲပြီး ဒိုင်လူကြီး ခုံပေါ်သို့ထိုင်လိုက်ကြသည်။ သဘာဝကျစွာဖြင့် ပရိတ်သတ်များက ဘာမှမျှမပြောရဲကြပေ။


ယခုတွင် ရှောင်းယသည် အစားကြူးတောင်ကြား၏ နောက်ထပ်တောင်ကြားသခင်တစ်ယောက်ဖြစ်လာမည်ကိုလူတိုင်းသိကြပေသည်။


သူမက နောက်ထပ်တောင်ကြားသခင်ဖြစ်လာမှာ... လောကကြီးမှာ သူမကိုအနှောင့်အယှက်ပေးရအောင် ဘယ်သူက အားယားနေမှာလဲ...


နောက်ဆုံးခုံအတွက်တော့....


စိတ်ပျက်လက်ပျက်ဖြစ်နေသောအမူအယာနှင့်လူတစ်ယောက်ထွက်ပေါ်လာသည်။ နောက်ဆုံးခုံကို လျှင်မြန်စွာယူလိုက်ပြီးသည့်နောက်တွင် လူတိုင်းထိုသူ့မျက်နှာကိုမြင်လိုက်သည်။


ငရဲဘုရင်အာဟသူ၏မျက်နှာကိုဖုံးလက်ဖြင့်ဖုန်းကွယ်ကာ သူ့လက်ကြားထဲမှ ဆံပင်များကိုမြင်နေရသည်။


သူ့မျက်နှာပေါ်တွစိတ်ဓာတ်ကျနေသောအရိပ်အယောင်များရှိပေသည်။ လူတိုင်းနောက်ဆုံးခုံကိုယူရန် တွန့်ဆုတ်နေကြချိန်တွင်သူသည် ဤစားဖိုမှူးစိန်ခေါ်ပွဲအတွက် နောက်ဆုံးဒိုင်လူကြီးဖြစ်လာရန်ဆုံးဖြတ်လိုက်သည်။ဘာပဲဖြစ်ဖြစ် ဖက်ထုပ်များ၏အသွင်သဏ္ဍာန်က အလွန်အမင်းအရသာရှိလောက်မည်ဖြစ်သည်။ အစပ်ချောင်းများလောက်စားမကောင်းဘူးဆိုရင်တောင်မှ..စားကြည့်လို့ထိခိုက်တာမရှိပါဘူး....


အဆုံးတွင်တော့ ငရဲဘုရင်က ဒိုင်လူကြီးများအတွက်ထိုင်ခုံပေါ့သို့ ဆောင့်ကြီးအောင့်ကြီးနှင့်ဝင်ထိုင်လိုက်သည်။


ထိုသည်ကို ရန်ယုမြင်လိုက်သောအခါ မျက်နှာချက်ချင်းပင်မဲသွားတော့သည်။


ဘာလဲဟ... ဒီဒိုင်လူကြီးတွေက... ငါ့ကိုကျပ်မပြည့်ဘူးများထင်နေကြလား...


နည်းနည်းလောက်ပိုပြီးမျှတလို့မရတာလား... သူတို့ဘာမှမလုပ်ခင်အရင်ဆွေးနွှေးသင့်တာမဟုတ်ဘူးလား... 


ရန်ယု၏မျက်နှာသည်အနည်းငယ်မဲမှောင်နေလျက် နှုတ်ခမ်းများကတဆတ်ဆတ်တုန်ရီနေကြသည်။ သို့သော် အဆင်ပြေပါသည်။ ဒိုင်လူကြီးနေရာတွင် ပုဖန်၏လူများနှင့်ပြည့်နေသော်လည်း သူ့ကိုယ်သူယုံကြည်ချက်ရှိပေသည်။ သူ့ဟင်းပွဲသာလုံလုံလောက်လောက်ကောင်းမည်ဆိုပါက ဒိုင်လူကြီးများ၏ မဲများသည်သူ့ကိုအနှောင့်အယှက်ပေးနိုင်မည်မဟုတ်ချေ။


အချက်အပြုတ်ကျွမ်းကျင်မှုကသာ အရေးအကြီးဆုံးဖြစ်ပေသည်။


ပုဖန်က ကြွေပန်းကန်ပြား၏ထောင့်စွန်းပိုင်းများကို အစွန်းအထင်းမရှိသောအဖြူရောင်လက်ကိုင်ပုဝါဖြင့်သုတ်လိုက်သည်။ ထို့နောက် ပန်းကန်ကိုလက်တစ်ဖက်တည်းဖြင့်သယ်ကာ ဒိုင်လူကြီးများစားပွဲထံသို့ လျှောက်လမ်းသွားလိုက်သည်။


ရန်ယုသည်လည်းသူ၏ ကျောက်စိမ်းပန်းကန်ကိုယူ၍ စိတ်ပျက်နေသောအမူအယာဖြစ်နေပြီး ပုဖန်ကိုအေးစက်စက်ကြည့်လိုက်သည်။


ပျော်ရွှင်ခြင်းလေးမျိုးလခြမ်းကွေးဖက်ထုပ်..

ပုဖန်လို ကောင်စုတ်ကလေးကထိုသို့သောဟင်းပွဲမျိုးကိုစဉ်းစားနိုင်ခဲ့ပေသည်။ မတူညီသောပါဝင်ပစ္စည်းများ မတူညီသောချက်ပြုတ်နည်းများကြောင့် ထိုကောင်စုတ်လေးနိုင်သွားနိုင်သည့်အခွင့်အ‌ရေးရှိသွားပေသည်။


သို့သော် ရန်ယု သူ့စိတ်နှလုံးသားအပေါ်သူယုံကြည်လေသည်။ အဘယ့်ကြောင့်ဆိုသော် သူ့ဟင်းပွဲတွင် ပွင့်ချပ်ရှစ်လွှနှင်းကြာပွင့်ပါဝင်နေခြင်းကြောင့်ပင်။


၎င်းသည် သူ၏ ထိပ်တန်းအဆင့်ပါဝင်ပစ္စည်းအပေါ်တွင်ရသော ယုံကြည်ချက်ပင်။


ရန်ယု သက်ပြင်းဖွဖွရှိုက်လိုက်ပြီးနောက် သူ့မျက်လုံးထဲတွက် ယုံကြည်ချက်များဖြင့်တောက်ပနေသည်။ သူ၏ဖက်ထုပ်ပန်းကန်ကို ဒိုင်လူကြီးများရှေ့သို့ချပေးလိုက်သည်။


သလင်းကျောက်များသဏ္ဍာန် ဖြစ်နေသော ဖက်ထုပ်များသည် အလွန်လက်ရာမြောက်လှသည်။ ၎င်းတို့ထွက်ပေါ်လာချိန်တွင်လူတိုင်း၏အကြည့်များကိုဆွဲဆောင်မိလိုက်ကြသည်။


လူတိုင်းသက်ပြင်းကျယ်ကျယ်ချလိုက်ကြသည်။ သူက အထူးတန်းအဆင့်စားဖိုမှူးဆိုတာ အံ့ဩစရာမရှိတော့ချေ။ ဟင်းပွဲကသူ၏ ချက်ပြုတ်နည်းပုံစံကိုဖော်ပြနေပေသည်။


သူချက်ပြုတ်ထားသည့်ဟင်းပွဲတွင် မြင့်မြတ်သောလေထုဖြင့်လွှမ်းခြုံထားပေသည်။ ထိုအရာက သာမန်စားဖိုမှူးများပြုလုပ်နိုင်သည့်အရာမဟုတ်ပေ။


ပုဖန်၏ပျော်ရွှင်ခြင်းလေးမျိုးလခြမ်းကွေးဖက်ထုပ်နှင့်ယှဉ်လိုက်သော်


အလွန်အထင်ကြီးဖွယ်ဖြစ်နေသော်လည်း ဖက်ထုပ်များက လက်ရာမြောက်မနေပေ။ ၎င်းတို့ကအလွန်သာမန်ဆန်လှပြီး သလင်းကြည်ရောင်ဖက်ထုပ်များနှင့်ယှဉ်ပါက ဖျော့တော့နေပေသည်။


အဆုံးတွင်တော့ ပုဖန်၏ဖက်ထုပ်များသည် ပုံပန်းအသွင်အပြင်အရရှုံးနိမ့်သွားလေပြီ။


"ကြည်လင်သလင်းနှင်းကြာပွင့်ဖက်ထုပ်... ဒိုင်လူကြီးမင်းအားလုံးမြည်စမ်းကြည့်ဖို့ ဖိတ်ခေါ်ပါရစေ... ဒါက ဒီစားဖိုမှူးပြင်ထားတဲ့အထူးဆော့စ်ပါ ပြီးတော့ အဲ့ဒီ့ဆော့စ်က ဖက်ထုပ်တွေရဲ့အရသာကိုပိုမိုကောင်းမွန်လာအောင်ဖြည့်စွက်ပေးပါတယ်"

ရန်ယုထိုသို့ပြောလိုက်ရင်း ဖက်ထုပ်များကို ဒိုင်လူကြီးများရှေ့တွင်ချပေးလိုက်သည်။ အပြုံးကြီးကြီးတစ်ပွင့်ဖြင့် သဘာဝကျစွာနောက်သို့ခြေတစ်လှမ်းဆုတ်သွားသည်။


အပြင်ဘက်မှကြည့်နေသော မူချန်နှင့်အခြားသူများသည် ခေါက်ဆွဲဘုရင်ဆိုင်ထဲသို့ဝင်လာကြသည်။ ထိုဖက်ထုပ်များဘယ်လိုအရသာရှိမလဲဟု အလွန်ပင်သိချင်စိတ်ပြင်းပြနေကြသည်။


ရန်ယုပြင်ဆင်ထားသော ဆော့စ်သည်အပြာဖျော့ရောင်လေးဖြစ်သည်။ ၎င်းကအလွန်လန်းဆန်းစေပြီး ကြည်လင်းသလင်းဖက်ထုပ်များ၏အရသာကိုအပြည့်အဝဆွဲထုတ်ပေးနိုင်မည့်ပုံပေါ်လေသည်။


"ဖက်ထုပ်နှစ်ပန်းကန်လုံးမှာ ကိုယ်ပိုင်ထူးခြားချက်တွေရှိကြတယ်... နှစ်ခုစလုံးက သပ်ရပ်ကျော့ရှင်းတဲ့သွင်ပြင်ရှိပေမယ့် နည်းနည်းနှိမ့်ချဖို့လိုအပ်မယ်... နှစ်ဖက်စလုံးက မျက်စိဝါးစေအောင်တောက်ပနေပေမယ့် လုံးဝကိုခြားနေတယ်..."

အိုးရန်ချန်ဖုန်း အကဲဖြတ်ပေးလိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။ မေးစေ့ကိုပွတ်နေပြီး တူတစ်စုံကိုယူ၍ ကြင်လင်သလင်းဖက်ထုပ်တစ်ခုကိုကောက်ယူလိုက်သည်။


ကြည်လင်သလင်းဖက်ထုပ်ကိုကောက်ယူရာတွင် အိုးရန်ချန်ဖုန်းအားအနည်းငယ်ထည့်သုံးလိုက်ရပြီး ဖက်ထုပ်ကိုတုန်ရီနေစေပေသည်။ ၎င်းက ဖက်ထုပ်မည်မျှနူးညံ့လဲဆိုသည်ကို ပြသနေခြင်းပင်။


ထိုအရာက အိုးရန်ချန်ဖုန်းတွေးထင်ထားသည်များနှင့်ဆန့်ကျင်ဖက်ပင်ဖြစ်သည်။


ဖက်ထုပ်တစ်ခုကိုကောက်ယူပြီးနောက်တွင် ရွှမ်းကနဲမြည်သံကိုကြားလိုက်ရသည်။ ၎င်းကအတွင်းရှိအရည်များက လှိမ့်ထွက်လာသည့်ပုံပင်။


ဒါ တကယ့်ကိုပြိုင်ဘက်ကင်းပဲ....


အိုးရန်ချန်ဖုန်း၏မျက်နှာသည်လေးလေးနက်နက်ဖြစ်လာတော့သည်။ ခဏအကြာတွင် ရန်ယုပြင်ဆင်ထားသော အပြာဖျော့ရောင်ဆော့စ်ထဲကို ဖက်ထုပ်ကိုနှစ်လိုက်သည်။


ဖက်ထုပ်များကအလွန်အမင်းဆွဲမက်ဖွယ်ကောင်းနေပြီး ဆော့စ်ထဲကိုနှစ်လိုက်ပါက လူတိုင်း၏အစာအိမ်ကို တဂွီဂွီမြည်လာစေသည်။


ထို့နောက် အိုးရန်ချန်ဖုန်းတစ်ယောက် မျှော်လင့်ချက်အပြည့်ဖြင့်တစ်ကိုက် ကိုက်ချလိုက်လေသည်။


ဟမ်


ဖက်ထုပ်ကိုကိုက်လိုက်သည့်အချိန်တွင် အိုးရန်ချန်ဖုန်း၏မျက်လုံးများပြူးကျယ်သွားသည်။ မယုံကြည်နိုင်ဖွယ်အလင်းတန်းတစ်ခုက ထိုမျက်လုံးများထဲတွင်တောက်ပလာပြီး သူ့ဦးနှောက်ထဲတွင် မီးရှူးမီးပန်းများဖောက်နေသကဲ့သို့ဖြစ်သွားစေသည်။


ဒီအရသာက.....


သူဖက်ထုပ်ကိုကိုက်လိုက်ချိန်တွင် အပေါ်ယံအလွှာကွဲသွားလေသည်။ သက်သောင့်သက်သာရှိသွားသည်ဟုပြောရပေမည်။ သူအပေါ်ယံအလွှာကိုကိုက်မိသည်နှင့် ဖက်ထုပ်အတွင်းရှိမှအရည်များပေါက်ကွဲထွက်လာသည်။


အေးစိမ့်သောခံစားချက်တစ်ခုက အိုးရန်ချန်ဖုန်း၏လျှာပေါ်တွင်ပျံ့နှံ့သွားပေသည်။ အလွန်အိစက်နေသောဖက်ထုပ်အပေါ်ခွံသည် သူ့ပါးစပ်ထဲတွင်ခုန်ပေါက်နေသည်။ နှိုင်းယှဉ်မရသောခံစားချက်တစ်ခုက သူ့ခန္ဓာကိုယ်တစ်ခုလုံးအပေါ်တွင်ဖြတ်သန်းသွားသည်။


ဖက်ထုပ်အတွင်းရှိ အစာများကိုကိုက်လိုက်သောအခါ အငွေ့များထွက်လာပြီး ဆော့စ်များနှင့်ရောနှောသွားသည်။ ဟင်းပွဲ၏အရသာကိုအချဉ်ဓာတ်ကဖြည့်စွက်ပေးလိုက်သောကြောင့် အရသာကပြီးပြည့်စုံသွားသည်။ အိုးရန်ချန်ဖန်း၏နှုတ်ခမ်းများတဆတ်ဆတ်တုန်ရီလာမိသည်။


ဖက်ထုပ်ထဲရှိအရည်များထွက်ဘာသောအခါ ၎င်းကလျှင်မြန်စွာအေးစိမ့်သွားပြီး အလွန်အမင်းလန်းဆန်းတက်ကြွသွာစေသည်။ ထိုလန်းဆန်းသည့်ခံစားချက်က အိုးရန်ချန်ဖုန်းကို မီးနှင့်ရေခဲတို့ဖြင့်တစ်ချိန်တည်းတွင်ရေချိုးနေသကဲ့သို့ခံစားရစေသည်။ ၎င်းကလုံးဝပင်သက်တောင့်သက်သာမရှိချေ။ ယင်းအစား အလွန်အမင်းသာယာပျော်ရွှင်စေသည်။


အရသာရှိလိုက်တာ ... သံသယဖြစ်စရာကိုမရှိဘူး ဒါကအရသာအရမ်းရှိတယ်....


အိုးရန်ချန်ဖုန်း၏မျက်လုံးများတွင် အံ့အားသင့်မှုများဖြင့်ပြည့်နှက်နေပြီး ဝေခွဲမရဖြစ်နေပေသည်။ သူရန်ယုအပေါ်အထင်သေးသော်လည်း သူပြင်ဆင်ချက်ပြုတ်ထားသောဖက်ထုပ်များကိုစားပြီးသည့်နောက်တွင် ရန်ယု၏အချက်အပြုတ်ကျွမ်းကျင်မှုသည် ဩချလောက်စရာဖြစ်သည်ဟု ဝန်ခံရပေမည်။ ကြည်လင်းသလင်းဖက်ထုပ်များသည် လုံးဝအံ့ဩစရာပင်။


ပွင့်ချပ်ရှစ်လွှာနှင်းကြာပွင့် ဖက်ထုပ်ထဲသို့ရောနှောထည့်ထားခြင်းသည် ဖက်ထုပ်အတွင်းရှိ စိတ်ဝိဉာဉ်စွမ်းအင်များကိုမြင့်တက်စေသည်။ ထိုဖက်ထုပ်ကိုစားပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံးသန့်စင်သွားသည်ဟုခံစားလိုက်ရသည်။


ဖက်ထုပ်များ၏အနံ့အရသာနှင့် နူးညံ့အိစက်မှုသည် နောက်တစ်ဆင့်သိုရောက်ရှိသွားသည်။


၎င်းသည် ထိပ်တန်းပါဝင်ပစ္စည်းတစ်ခုကိုထည့်သုံးရခြင်း၏ရည်ရွယ်ချက်ပင်။ ထိုသို့အသုံးပြုပါက ဟင်းပွဲ၏အရသာကိုအလွန်အမင်းအရသာရှိသွားစေပြီး အခြားသောအရာများဖြင့်မယှဉ်နိုင်အောင်ကောင်းသွားစေသည်။


ဟား....


ဖက်ထုပ် သူ့အစာအိမ်ထဲသို့ရောက်ရှိသွားချိန်တွင် အိုးရန်ချန်ဖုန်း လေးလေးနက်နက်သက်ပြင်းချလိုက်သည်။ သူ့ပါးစပ်မှထုတ်လွှတ်လိုက်သော ထွက်သက်သည်ပင် အေးစက်နေသောစွမ်းအင်များဖြင့်ပြည့်နှက်နေပြီးသူ့မျက်နှာတွင် စိတ်ကျေနပ်သောအမူအယာဖြစ်ပေါ်လာသည်။


ဒီဖက်ထုပ်က အရမ်းအရမ်းကို အရသာရှိတာပဲ....


နယ်သာရီ၏မျက်နှာသည်အေးစက်နေပေသည်။ သူမကတူကိုင်ရမည်ကိုပင်ပျင်းနေသောကြောင့် လက်ဖြင့်သာဖက်ထုပ်များကိုယူစားလေသည်။


ဖက်ထုပ်သည် ရွှန်းစိုတောက်ပကာချောမွတ်နေသည်။ နယ်သာရီ ၎င်းကိုထိလိုက်သောခါ ရေခဲကဲ့သို့အေးစက်သောရေခဲကဲ့သို့အေးစက်သောခံစားချက်ကိုရလိုက်သည်။ သို့သော် ဖက်ထုပ်အတွင်းမှ လေးလံသောခံစားချက်တစ်ခုထွက်ပေါ်နေလေသည်။


နယ်သာရီ ဖက်ထုပ်ကိုဆော့စ်ထဲသို့နှစ်လိုက်ပြီး တစ်ခုလုံးကိုပါးစပ်ထဲသို့ထည့်လိုက်သည်။ သူမကလုံးဝကို မိန်းမဆန်မနေပေ။


သူမ၏မျက်ခုံးများကိုပင့်သွားမိပြီး ရန်ယုကိုအလွန်အံ့အားသင့်နေသောအကြည့်ဖြင့်ကြည့်လိုက်သည်။


နယ်သာရီသူ့ကိုကြည့်နေသည်ကိုခံစားမိသောကြောင့် ရန်ယုက နွေးထွေးသောအပြုံးတစ်ပွင့်ကိုဖော်ပြလိုက်သည်။ သူမကိုခေါင်းငြိမ်းပြလိုက်ပြီး အနည်းငယ်ဦးညွတ်ပြလိုက်သည်။


ဖက်ထုပ်ကိုမျိုချပြီးသည်နှင့် နယ်သာရီစကားတစ်ခွန်းမှမပြောတော့ပေ။ သူမအတွက် ဟင်းပွဲကမျိုချ၍ရနေသောကြောင့် အရမ်းဆိုးဝါးသည်ဟုမထင်ချေ။


သို့သော် နယ်သာရီအတွက် ၎င်းက နဂါးသွေးထမင်းကြော်နှင့်ယှဉ်လျှင်အလွန်ကွာခြားနေသေးသည်။


ရှောင်ယနှင့်ပန်းပွင့်လေးတို့ မျက်လုံးများပြူးကျယ်သွားကြသည်။


ရှောင်ယတူတစ်စုံကိုကိုင်လိုက်ပြီး ထိုင်ခုံပေါ်မှထလိုက့သည်။ ဖက်ထုပ်တစ်ခုကို ကိုးရိုးကားရားနှင့်ကောက်လိုက်ပြီး အပြာဖျော့ဖျော့ဆော့စ်ထဲသို့နှစ်လိုက်သည်။ သူမသည်လည်း ဖက်ထုပ်တစ်ခုလုံးကို ပါးစပ်ထဲသို့ထည့်လိုက်သည်။


ရှောင်ယစားနေပုံကိုကြည့်ပြီး ပရိတ်သတ်များက သူမအတွက်စိုးရိမ်လာသည်။ အဘယ့်ကြောင့်ဆိုသော် ဖက်ထုပ်ကသူမပါးစပ်တစ်ခုလုံးထဲတွင်ပြည့်နေပြီး ဝါး၍မရလုနီးပါးပင်ဖြစ်နေသောကြောင့်ပင်။ ဒါက အနာဂတ်တောင်ကြားသခင်တဲ့လား....


သူမကသာမန် အစားပုတ်လေးတစ်ယောက်ပဲလေ...


သို့သော် ဖက်ထုပ်ကိုပါးစပ်ထဲထည့်လိုက်မိသည်နှင့် ရှောင်ယ၏မျက်လုံးများကတောက်ပလာတော့သည်။ သူမ၏မျက်နှာတွင် အံ့ဩသွားသည့်ပုံစံဖြစ်သွားပြီး ပါးနှစ်ဖက်သည်ဖောင်းကားနေပေသည်။ သူမကအဆက်မပြတ်ခေါင်းငြိမ့်လိုက်သည်။


သူမကတစ်ခုခုပြောလိုက်သော်လည်း ပလုတ်ပလောင်းဖြစ်နေသောကြောင့် သူမပြောသည်ကိုမည်သူမျှနားမလည်ကြချေ။


ပန်းပွင့်လေးကရှောင်ယထံမှအတုယူပြီး ဖက်ထုပ်ကိုတူဖြင့်ကောက်ယူလိုက်သည်။ ဖက်ထုပ်ကိုပါးစပ်ထဲသို့ထည့်လိုက်သည်နှင့် သူမ၏သုံးပန်လှမြွေမျက်လုံးများသည်အလင်းရောင်များဖြင့်တောက်ပလာတော့သည်။


ယခု ငရဲဘုရင်အာဟ၏အလှည့်ပင်။


ငရဲဘုရင်အာဟက စိတ်ဓာတ်ကျနေသောအမူအယာဖြစ်နေသည့် မျက်နှာကိုလက်တစ်ဖက်ဖြင့်အုပ်ထားလေသည်။ တူကိုကောက်ကံလိုက်ပြီး ဖက်ထုပ်များအပေါ်တွင်ဝေ့ယမ်းနေသည်။


နောက်ဆုံး ဖက်ထုပ်တစ်ခုကိုကောက်ယူလိုက်ပြီး ဖက်ထုပ်ကလေထဲသို့ရောက်သွားသည်။ တုန့်ဆိုင်းနေသည့်ပုံခတ္တမျှပေါ်ပေါက်လာပြီး ၎င်းကိုအောက်သို့ပြန်ချလိုက်သည်။ အခြားဖက်ထုက်တစ်ခုကိုသာကောက်ယူလိုက်ပြီး ဆော့စ်ထဲသို့နှစ်ချလိုက်သည်။ နောက်ဆုံးတော့ ဖက်ထုပ်တစ်ခုလုံးကိုပါးစပ်ထဲထည့်လိုက်သည်။


အချဉ်အရသာက သူ့ပါးစပ်တစ်ခုလုံးကိုဖုန်းလွှမ်းသွားကာ မွှေးရနံ့များထွက်ပေါ်လာသည်။ စိတ်ဝိဉာဉ်စွမ်းအင်များစိမ့်ထွက်လာကာ လေအေးများလည်းမြင့်တက်လာသည်။


အာဟ၏နှာခေါင်းသည်ပွလာပြီး မျက်လုံးများတွင် အလင်းရောင်များထွက်ပေါ့လာသည်။


"ဟေ့.. ကလေး.. မင်းကနည်းနည်းတုံးအတဲ့ပုံပေါ်ပေမယ့် အချက်အပြုတ်စွမ်းရည်ကတော့မဆိုးဘူးပဲ... ဖက်ထုပ်တွေကအရသာရှိတယ်... ဒါပေမယ့် အစပ်ချောင်းတွေနဲ့ယှဉ်ရင်တော့လိုနေသေးတယ်.."

ငရဲဘုရင်အာဟပြောလိုက်သည်။


ရန်ယု၏ နှုတ်ခမ်းများတုန်ရီသွားသည်။


အစပ်ချောင်း...ညီမကမှအစပ်ချောင်း... ဘယ်သူကမင်းရဲ့အစပ်ချောင်းဆိုတာကိုသိလို့လဲကွ...


"မင်းမျက်လုံးထဲကိုကြည့်လိုက်တာနဲ့ ငါဘာတွေပြောနေလဲမသိဘူးဆိုတာရိပ်မိပါတယ်... ဒါကငါပြောနေတဲ့အစပ်ချောင်းဆိုတာလေ.."

ငရဲဘုရင်အာဟပြောလိုက်ပြီး မီးသွေးကဲ့သို့မဲနက်နေသည့် အုတ်ခဲနှစ်ခုကိုထုတ်ယူလိုက်သည်။


၎င်းတို့အပေါ်ခပ်ဖွဖွထိလိုက်သည်နှင့် ပေါက်ကွဲသံများကိုထုတ်လွှတ်နေသည်။


ရန်ယုက စိတ်ရှုပ်ထွေးမှုများဖြင့်ပြည့်နေသောမျက်နှာဖြင့် ငရဲဘုရင်အာဟကိုကြည့်လိုက်သည်။


ငါ့ဖက်ထုပ်တွေကအဲ့ဒီ့မီးသွေးခဲတွေလောက်စားမကောင်းဘူးလို့ ပြောတဲ့အချိန်က မင်းအသိစိတ်တွေများချို့ယွင်းသွားတာလား...


အဲ့တာတွေက‌ေ-ာက်ကျိုးနည်း အနက်ရောင်အုတ်ခဲတစ်ခဲလေ... သူကရန်ယုရဲ့ဖက်ထုပ်တွေကအုတ်ခဲတစ်ခဲနဲ့တောင်မယှဉ်နိုင်ဘူးလို့ တကယ်ကြီးပြောရဲတယ်တဲ့လား..


သူသာငရဲဘုရင်အာဟကိုနိုင်အောင်ချနိုင်လျှင် ရန်ယုတစ်ယောက် အာဟ၏ကော်လာကိုဆုပ်ကိုင်ပြီး အကြိမ်ရေသုံးရာလောက်ယှဉ်ချပြစ်လိုက်မည်ဖြစ်သည်။


"တော်လောက်ပြီ... ငါတိုငါတို့ကအခုရန်ယုရဲ့ဟင်းပွဲကိုဝေဖန်အကဲဖြတ်ပြီးပြီဆိုတော့... အခုငါတို့ပုဖန်ရဲ့ဟင်းပွဲကိုအကဲဖြတ်ရတော့မယ်.."

အိုးရန်ချန်ဖုန်း ကမန်းကတန်းပြောလိုက်သည်။


သူသာကြားဝင်ခဲ့ခြင်းမရှိပါက ရန်ယုတစ်ယောက် ငရဲဘုရင်နှင့် သေသည်အထိတကယ်ကြီးတိုက်ခိုက်သွားနိုင်သည်ဟုခံစားလိုက်ရသည်။


အိုးရန်ချန်ဖုန်းစကားပြောပြီးသည်နှင့် ပရိတ်သတ်များ၏မျက်လုံးသ်ာတောက်ပလာတော့သည်။ မျှော်လင့်ချက်များပြည့်နေသည့် အမူအယာများကို သူတို့၏မျက်နှာတွင်တွေ့နိုင်ပေသည်။


နောက်ဆုံးတော့ပုဖန်ရဲ့ ပျော်ရွှင်ခြင်းလေးမျိုးလခြမ်းကွေးဖက်ထုပ်ကို ဒိုင်တွေမြည်းစမ်းတော့မှာလား..


ထို့နောက် သူတို့အားလုံး၏အကြည့်များသည် ပုဖန်ပေါ်သို့ကျရောက်သွားတော့သည်။


ပုဖန်သည် ပုံမှန်အတိုင်းမျက်နှာသေဖြင့်ဖြစ်နေသောကြောင့် လူများစွာကိုအံ့ဩသွားစေခဲ့သည်။ သူ့လက်ကိုမြှောက်လိုက်ပြီး ပြောလိုက်သည်

"ပျော်ရွှင်ခြင်းလေးမျိုးလခြမ်းကွေးဖက်ထုပ်...

ကျေးဇူးပြုပြီးဝေဖန်ပေးပါဦး..."


သူ့ပါးစပ်မှ ထိုစကားလုံးများကိုပြောပြီးသည်နှင့် ဒိုင်လူကြီးများအားလုံး အသင့်ပြင်သည့်ပုံစံလုပ်လိုက်သည်။ လက်နှင့်ကိုင်၍စားသောနယ်သာရီမှလွဲ၍ ကျန်သူများက သူတို့၏တူများကိုမြှောက်လိုက်ကာ ဖက်ထုပ်များကိုယူလိုက်တော့သည်။


သူတို့အကုန်လုံး ပုဖန်၏ဟင်းပွဲအပေါ် မျှော်လင့်ချက်အပြည့်ရှိပေသည်.......